“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, March 08, 2011

ကြာကြာလေ ပေါက်ကွဲ

ပြည်ထဲရေးဌာနက ပေါက်ကွဲသံများ

ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်က တပ်ဖွဲ့တွေ ဌာနတွေရဲ့ ရာထူး တိုးမြှင့်ရေး၊ ပြောင်းရွှေ့ရေး ကိစ္စတွေမှာ လူကြီးတွေရဲ့ ထင်ရာလုပ်မှု၊ လာဘ်စားမှု၊ မသမာမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ နေပြည်တော် ပြည်ထဲရေး ၀န်ထမ်းတွေက ပြောဆိုနေကြပါတယ်။

အထူးသဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ ပိုပြီးဆိုးရွားတာ တွေ့ရှိရပါတယ်။ ထွေ/အုပ် မှာဆိုရင် အရင်ညွှန်ချုပ် ဦးမြတ်ကို ရှိစဉ်ကတည်းက ပြယုဂ် သက်သက်ပါဘဲ၊ ဘာလုပ်ပိုင်ခွင့်မှ မပေးတော့ပါဘူး။ ၀န်ကြီးရုံးကပဲ တိုက်ရိုက်လုပ်ပါတယ်။ ရာထူးတိုး၊ ပြောင်းရွှေ့အားလုံး ရုံးအဖွဲ့မှူး ဦးနေမျိုးက ထင်တိုင်းစီမံနေပြီး မယက ဥက္ကဋ္ဌတယောက် နေရာကောင်း ပြောင်းပေးရင်ပဲ ကျပ် သိန်း ၅၀ လောက် ပေးရပါတယ်။

အရင် ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းရဲ့ တပည့်ရင်းဖြစ်နေတာကြောင့်လည်း ၀န်ကြီးက အစ မပြောသာဘဲ ဒီအတိုင်း ကြည့်နေရတဲ့သဘောရှိတယ်။

အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှာ ရာထူးတိုးမြှင့်ရေးကို အသက် အပိုင်းအခြားနဲ့ ကန့်သတ်ထားတဲ့အတွက် လုပ်သက် ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒု ဦးစီးတွေ ရာထူးတိုးမြှင့်ဖို့ မလွယ်ကူတော့ပါဘူး။ အသက် ၃၀ ကျော်သူတွေကို ဦးစီးအရာရှိ မပေးတော့ဘူး ဆိုတော့ ယခု လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ ဒု ဦးစီး အားလုံးကို ရာထူးတိုးမပေး တော့ဘူးဆိုတဲ့ သဘောသက်ရောက် ပါတယ်။ လက်ရှိ ၂၅ နှစ်အောက် သင်တန်း ဆင်းပြီးစ ဒုဦးစီးတွေတောင် မျှော်လင့်ချက် မရှိတော့သလို ဖြစ်ပါတယ်။ လုပ်သက် ၅ နှစ်ကျော်မှ ရာထူး တိုးမြှင့်ရေးကို စဉ်းစားမယ်ဆိုတော့ လုပ်သက် ၅ နှစ်ပြည့်ရင် အသက် ၃၀ ကျော် သွားပါပြီ။ ဒီတော့ အသက် ၂၅ နှစ်မှာ သင်တန်းဆင်းပြီး ဒုဦးစီး ဖြစ်နေတဲ့သူတွေ ဦးစီးအရာရှိ မဖြစ်နိုင်ဘူးလို့ ပြောရတာပါ။

ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးက စိတ်ကူးရမှ ခေါ်လေ့ရှိတဲ့ (ကာလ သတ်မှတ်ချက်မရှိတဲ့) စာမေးပွဲမှာ ကြုံကြိုက်တုန်း အပုံလိုက် ပေးတော့မှ ရာထူးတိုးနိုင်တော့မှာ ဖြစ်ပါတယ်။၊ တနည်းအားဖြင့် အရပ်ဘက်မှ ၀င်ရောက်တဲ့ ၀န်ထမ်းတွေကို မပေးဘဲ၊ စစ်တပ်က အသွင်ပြောင်း လာတဲ့ ဆေးကျလူမမာ စစ်ဗိုလ်တွေကိုပဲ ဦးစီးအရာရှိ ရာထူးပေးနေတာပါ။ ပြည်ထဲရေး ဝန်ကြီးဌာနကိုလည်း တပ်မတော်က အသွင်ပြောင်းအရာရှိ တွေက အထက်ပိုင်း အဆင့်ဆင့်ကနေ အုပ်ချုပ်သွားမှာပါ။

အဲဒါမှပဲ နယ်ဘက် အုပ်ချုပ်ရေးကို လွှဲသယောင်ယောင်နဲ့ စစ်တပ်က လိုသလိုချုပ်ကိုင် သွားနိုင်တော့မှာပါ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ကြည့်နိုင်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ယူသူတွေ ဖြစ်တဲ့ ထွေအုပ်၊ ရဲ၊ ဌာနဆိုင်ရာ၊ ရပ်မိရပ်ဖ အားလုံးဟာ တပ်မတော်က အသွင်ပြောင်းနဲ့ အငြိမ်းစားတွေပဲ ဖြစ်ပါတယ်။ နယ်ဘက်က ဌာနတွင်း လုပ်သက်ရင့် အတွေ့အကြုံရှိတဲ့ ၀န်ထမ်းတွေကို ရာထူးတိုးပေးရေး အတွက် အသက်၊ ပညာအရည်အချင်း၊ အရပ်အမြင့်ပေ၊ ရုပ်ရည်၊ စွမ်းဆောင်မှု ဆိုပြီး အကြောင်းအမျိုးမျိုးပြ ကန့်သတ်ထား ပေမယ့်လည်း စစ်တပ်က အို၊ နာ၊ ကျိုး၊ ကန်း တွေကိုတော့ ဘာလာလာ ရာထူးအလိုက် နေရာပေးထား တာပါ။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာလည်း တာဝန်ရှိပုဂ္ဂိုလ်တွေက မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရာထူး တိုးမြှင့်ရေး ကိစ္စတွေကို ထင်ရာ လုပ်နေကြပါတယ်။ ဒုရဲအုပ်အပါတ်စဉ် ၁၅ ဆင်းတဦးရဲ့အဆိုအရ၊ သူ ဒုရဲအုပ်ဖြစ်စဉ်အခါက ၅ တန်း၊ ၆ တန်း ကျောင်းတက်နေတဲ့ ကလေးတွေက အခုရဲအုပ် အဆင့်တွေဖြစ်နေကြတဲ့အတွက် ကိုယ့်သားလောက်ကို ဆရာခေါ်၊ အဘခေါ် နေရပြီး အလေးပြုနေရတယ်လို့ သိရပါတယ်။

သူတို့ အပါတ်စဉ်တွေက ဒုရဲအုပ် လုပ်သက်တမ်းတင် ၁၅ နှစ်ကျော်နေပါပြီ။ ဘယ်လိုနည်းနဲ့မဆို အနည်းဆုံး ရဲအုပ်တော့ ဖြစ်သင့်နေပါပြီ။ ဒုရဲအုပ်လောင်း အပါတ်စဉ် ၄၀ ကနေ ၅၅၊ ၅၆ တွေမှာတောင် ရဲအုပ်တွေ ဖြစ်နေကြပါပြီ။ အမှတ်စဉ် ၁၅ ကနေ ၃၀/၉၇ အထိ ဒုရဲအုပ်တွေကို ဘာကြောင့် ရာထူးတိုးမပေးဘဲ ချန်ထားတာလဲ၊ ဘယ်လိုမှ စဉ်းစားလို့ မရပါဘူး။ အသက်အရွယ်အရ နောက်ထပ်လည်း ဖြေလိုစိတ်မရှိတော့ပါဘူး။ အရင်က ၅၅၊ ၅၆ တွေကို ငွေပေးတဲ့ အပေါ်ကြည့်ပြီး ရဲအုပ်ရားထူးပေးဖို့ တင်ထားတာ သတင်း ပေါက်ကြားလို့ ပျက်ပြယ် သွားပြီးသားပါ။ အခုပြန်ပြီး ပေးဖို့လုပ်နေကြပြန်ပါပြီ။ ရဲချုပ်၊ ၀န်ကြီးအပြောင်းအလဲမှာ အခွင့်ကောင်း ယူပြီး လုပ်ကြဦးမယ် ထင်ပါ တယ်။ တပ်ဖွဲ့တွင်းမှာတော့ တကယ့်ကို တပည့်မွေး၊ ဆရာကျွေး စနစ်ကို ကျင့်သုံးနေကြတာပါ။

ပြည်ထဲရေး ဝန်ထမ်းတွေရဲ့ ပြောကြားချက်ကို ပြန်လည်ရေးသားပေးပို့ပါတယ်

ဝဿန်

၅-၃-၂၀၁၁
http://www.irrawaddyblog.com/2011/03/blog-post_8801.html?spref=fb

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */