“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, March 30, 2011

*စင်ကာပူသံရုံးအကြောင်းလေးပါ*

ဟဲလို မင်္ဂလာပါ ... ကျနော်လည်း ကိုယ်တွေ့ကြုံခဲ့တဲ့ စင်ကာပူသံရုံးအကြောင်း နည်းနည်းလောက်တော့ ပြောချင်တယ်။ ကျနော် က စင်ကာပူမှာ အချိန်ပြည့် ကျောင်းတက်နေတဲ့ ကျောင်းသားတယောက်ပါ။ ကျောင်းခဏပိတ်လို့ ရန်ကုန်ကို ခဏပြန်လိုတာနဲ့ ထုံးစံအတိုင်း သံရုံးမှာ ထောက်ခံစာသွားတောင်းတာမှာ ဇာတ်လမ်းစတာပါပဲ။ ကျောင်းသား ဖြစ်ကြောင်း ထောက်ခံစာတောင်းရင် ... ၁။ ကျောင်းမှ ထောက်ခံစာ ၂။ ကျောင်းသားကတ် မိတ္တူ/မူရင်း ၃။ pass port copy နဲ့ သံရုံးက ထုတ်ပေးတဲ့ ဖောင်ရယ် တွဲတင်ရင် အခမဲ့ (အခမဲ့) ဆိုပြီး notice ကပ်ထားတယ်။ ဒါပေမယ့် အ ထက်မှာပါတဲ့ နံပါတ် (၁) အချက် ကျောင်းထောက်ခံစာမှာ ကျောင်းက ကျနော်တို့ကို ပေးနေကျ ပုံစံအတိုင်းပဲ (ကျောင်းသား မောင်တင်ဝင်းသည် ကျောင်းစတက်တဲ့အချိန်မှ ယခုအချိန်အထိ အချိန်ပြည့် ကျောင်းသားဖြစ် ကြောင်း မှန်ကန်ပါသည်) ဆိုပြီး အရင်လူတွေကို ပေးနေကျအတိုင်းပဲ ပေးလိုက်တယ်။ အဲဒီအချက်ကို အခွင့်ကောင်းယူပြီးတော့ (မင်းတို့က ဥပမာ - ၃၀ ရက်အထိပဲ ကျောင်းသား၊ ၁ ရက်နေ့ကျရင် ကျောင်းသားမဟုတ်တော့ဘူး၊ အဲဒီတော့ ကျောင်းသားထောက်ခံစာ မပေးနိုင်ဘူး၊ အလုပ်မလုပ်ကြောင်း ထောက်ခံစာပဲ ရမယ်ဆိုပြီး ညစ်ပါလေရော (အလုပ်မလုပ်ကြောင်း ထောက်ခံစာဆိုရင် ၈ ဒေါ်လာ ပေးရ တယ်။ ဒါက နောက်မှ သိတာ)။ အဲဒါနဲ့ စကားတွေ ပြောရတော့တာပေါ့ဗျာ။ ကျောင်းသားကတ်၊ ICA - အင်မီ ဂရေးရှင်းကတ်တွေ ပြလည်း မရနဲ့ပေါ့ဗျာ။ နောက်ဆုံးတော့ ဒီကိစ္စ သူနဲ့ မပြီးတော့ဘူးတဲ့။ သံအမတ်ကြီးဆီ တင်မှ ရမယ်ဆိုပြီး ဖြစ်ရောဗျာ။ ကျနော်တို့လည်း “ကဲ တင်ဆိုလည်း တင်” ဆိုပြီးတော့ ပေးခဲ့တယ်။ ရရင် ဖုန်းဆက်မယ်ဆိုလို့ ဖုန်းနံပါတ်ပါ ပေးခဲ့ရသေးတယ်။ (၂) ရက်လောက်ကြာတော့ ဖုန်းမဆက်တာနဲ့ ကျနော်တို့ သူငယ်ချင်းတွေ တိုင်ပင်တယ်။ ကျောင်းထောက်ခံစာကို အသစ် သွားတောင်းမယ်။ အဲဒီထဲမှာ ကျောင်းရဲ့ duration ကိုလည်း ဖြည့်ခိုင်းမယ် ဆိုပြီး ကျောင်းမှာ သွားတောင်းကြတာပေါ့ဗျာ (ပထမ ထောက်ခံစာမှာ ကျောင်းချိန် duration မပါသွားဘူး။ ဒါကလည်း ရှေ့က နောင်တော်တွေက မလိုဘူး ပြောလို့ မဖြည့်ကြတာ)။ ဒီတခါတော့ ပြည့်စုံစွာ ရခဲ့တယ်။ အဲဒါနဲ့ပဲ သံရုံးကို ချီတက်ပြီး အသစ် ထပ်တင်တာပေါ့ဗျာ။ အဲဒီလို တင်လည်းတင်ရော လျှောက်လွှာလက်ခံတဲ့ အမျိုးကောင်းသမီးလေးက မှတ်မိနေတယ်ဗျာ (အော် တဲ့ duration ထပ်ဖြည့်လာတာပဲ တဲ့)။ တင်ပြီးတော့ ညနေကို ချိန်းလိုက်တယ်။ ညနေ ချိန်းထားတဲ့ အချိန်က ၄း၃၀။ အဲဒါ ၅း၃၀ အထိ မရသေးဘူး။ တအောင့်နေ တော့ ကျနော်တို့ နာမည်ခေါ်တော့ ၀မ်းသာအားရာ သွားယူတာပေါ့။ ယူလည်းယူရော စလုံး (၈) ဒေါ်လာ တောင်းတော့တာပဲဗျာ။ မနက်က တင်လိုက်တဲ့ ဖောင်ကို ဖျောက်ပြီးတော့ ဟို ပထမနေ့က တင်တဲ့ ဖောင်ကို အလုပ်မလုပ်ကြောင်းအနေနဲ့ charge လုပ်လိုက်တာ။ ဒါ ကျနော်တို့ကို သက်သက်ဆော်ထည့်လိုက်တာ။ မနက်က တင်တဲ့ ဖောင်နဲ့ဆိုရင် သူတို့ ပိုက်ဆံမရဘူးလေ။ စာရွက်ကလည်းစုံတယ်၊ ကျောင်းသားလည်း ကျောင်းသားဆိုတော့ ပိုက်ဆံမရဘူးလေ။ ဒါတောင် ပြောလိုက် သေးတယ် (မင်းတို့ကလည်း ၈ ဒေါ်လာကို ကြည့်မနေပါနဲ့ တဲ့လေ)။ သူတောင်းစားကို ပေးရင်တောင် စေတ နာရှိမှ ပေးချင်တာပဲ။ ကိုယ်က မှန်မှန်ကန်ကန် လုပ်ပေမယ့် မလိမ့်တပတ်နဲ့ ယူတာကို ဘယ်သူက ပေးချင်မလဲ၊ စဉ်းစားကြည့်လေ။ နောက်တခုကလည်း အဲဒီသံရုံးမှာ လာပြီးလုပ်တဲ့ လူ (၁၀) ဦး ရှိရင် (၇) ဦးက ပွဲစားတွေ။ နောက်တခုက ပွဲ စားတွေကို ဆက်ဆံတာကျတော့ တမျိုး၊ အမှန်တကယ် လူကိုယ်တိုင်သွားလုပ်တဲ့ သူတွေကိုကျတော့ နည်း မျိုးစုံနဲ့ ညစ်နေတာတော့ ဟို အဆိုတော် ဆိုထားတဲ့ သီချင်းလိုပဲ ... “လွန် လွန်လွန်းတယ် ... ဘယ်လိုလူတွေလဲဟေ့ ... ဖုန်းဆက်လိုက်ရမလား ... ဖုန်းဆက်လိုက်ရမလား ...” ဘယ်ကို ဆက်ရမလဲဟင် ... ။ ။ ပေးပို့သူ - ကိုကို

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */