“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, March 23, 2011

နှုတ်ပိတ်နေခ

စစ်သား တွေ ကို အောက် ထစ် ၊ လစာ နှုန်း ၁ သိန်း ခွဲ ၂ သိန်း
Tuesday, March 22, 2011

ဒီတပါတ် ဓါတ်ဆီဈေး တွေ တက် လိုက်တာ ဗျာ ၊ သင်္ကြန်နား နီးတာလဲ ပါ ပါ တယ်။
အခု ဆို တပုလင်းဈေး ၁၅ဝဝ နဲ့ လက်လီ တဂါလံ ၆ဝဝဝ နား နီး ပြီ ပေါ့ ဗျာ။ ကမ္ဘာ့ဈေး က လဲ တက် ပါတယ် ၊ ရေနံစိမ်း တစည် ကို ၁၁၅ ဒေါ်လာလောက် ပေါက် ပါတယ် ၊ တခြား ကဘာ့ နိုင်ငံ ၊ အိမ်နီးချင်း နိုင်ငံ တွေ မှာ လဲ ဓါတ်ဆီဈေး တက် ပါတယ်။ တဂါလံ လေးဒေါ်လာဝန်းကျင် ဆိုတော့ အခု ငွေမာဈေး နဲ့ ဆို ၃၆ဝဝ မကျော်သင့်ဘူး ပေါ့ဗျာ

မြန်မာပြည် က ဘာဘဲ ဖြစ်ဖြစ် သူ များ ထက် သဲ ပါ တယ် ၊ သူ များ နိုင် ငံ ဈေး တက် တာ ထက် ပို ပါ တယ် ၊ အခု ဓါတ်ဆီ ရောင်းတာ ပုတ်ဂလိက က လုပ် နေ တယ် ဆို လဲ ဓါတ်ဆီ ဈေး ကို တခြား နိုင် ငံ အများ နည်းတူဈေး ၊ နဲ့ ကြိုက် သလောက် ဝယ် လို့ ရ အောင် စီစဉ် ပေး သင့် ပါ တယ်။

ဆိုင် ထုတ်ဈေး က ၂၅ဝဝ ဘဲ ဆိုတော့ တန်းစီ တိုးစား လူတန်းစားတွေ များ လာ ပါ တယ် ၊ ဆိုင်ကယ် ရှိ တဲ့ သူ က လဲ ဆိုင် ကယ် နဲ့ တန်းစီ ၊ ကား ရှိ တဲ့ သူ က လဲ ကား နဲ့ တန်း စီ ၊ မြတ်တယ် ဆို ပီး တန်း စီ တိုးစား တာ လုပ်ငန်း ကြီး တခု လို ဖြစ် လာ ပါ တယ်။ ဒါတွေ က အစိုးရ က လဲ ဝင်ငွေ မရ ၊ အကြံအဖန် လုပ် ရောင်း တဲ့ ဓါတ်ဆီဆိုင် တွေ နဲ့ အဆင့်ဆင့် တန်း စီ တိုး ရောင်း တဲ့ လူ တွေ အကြား ၊ မလို အပ် ဘဲ ဈေး ဆုံး ရှုံး မှု ဖြစ် စေ ပါတယ်။ လူ တွေ လဲ အလကား နေရင်း အကျင့် ပျက် ကုန် စေ ပါ တယ်။

အစိုးရ ကားတွေ က တော့ တန်းစီ ဘို့ မလို ပါဘူး ၊ သူ တို့ ရ တဲ့ တလ ခွဲတမ်း ကို တခါ ထဲ ကား ဖင်ထိုးပြီး ထည့် ယုံ ပါ ဘဲ ၊ ဓါတ်ဆီ ဈေးတက် တာ ကို ဝမ်း အသာဆုံး က အစိုးရ အရာရှိတွေ ပါ။ အခု ဝန်ထမ်း ထဲ မှာ ရာထူး အကြီးဆုံး ညွှန်ချုပ် က ၂ သိန်း နီးပါး လစာ ရ ပါ တယ် ၊ ထုံးစံ ဆိုရင် ညွှန်ချုပ် က ကား ၃ စီး ရ ပါ တယ် ၊ ရုံး ကား ၂ စီး အိမ်ကား တ စီး ပါ ၊ သူ တို့ ရ တဲ့ ဆီ ကို သူတို့ မိန်းမ တွေ က ကိုယ်တိုင်ကြီးကြပ်ပြီး
မလေ မလွင့် ရ အောင် ၊ ကိုယ်တိုင် ရောင်း ကြ ပါ တယ်။

ရုံး ကိတ်စ ကားသုံး ရင် ၊ သူ တို့ ခွဲတမ်း က မသုံး ပါဘူး ၊ ရုံး မှာ ရှိ တဲ့ ဆီ ထဲ က နေ ဂျူတီ စလစ် ထပ် ရေးပြီး သုံး ပါ တယ် ၊ သူ တို့ ရ တဲ့ ဆီ က သပိတ်ဝင် အိတ်ဝင်ပါ။ တစီး ကို တလ ၊ အနဲလေး ဂါလံ ၆ဝ ရ ကြ တော့ ၊ အခု ဆီဈေး နဲ့ တစီး ကို ၃ သိန်းခွဲ ဘယ်ရော့ လိမ့် မလဲ ဗျာ ၊ ၃ စီး ဆို တော့ ၊ ဓါတ်ဆီ ရောင်း စား တာ က တင် တလ ကို ဆယ် သိန်း အထက် ရှိ နေ ပါ ပြီ။ ဒါ က ငါးပါး သီလ လုံခြုံ တဲ့ ညွှန်ချုပ် က ရ နေ တာပါ ၊ ငတက်ပြား မျက်နှာဖုန်း နဲ့ ညွှန်ချုပ် ဆို အတိုင်း အဆ ၊ မမှန်း နိုင် ပါ ဗျာ။ ပြီး ခဲ့ တဲ့ ရက်ပိုင်း တွေ က လစာ တိုး တဲ့ ကောလဟလ ထွက် လာ တာ ၊ လူတွေ အတော် ခံစား ရ ပါ တယ် ၊ ကိုယ့် ရှိ တဲ့ ပိုက်ဆံ လေး ဆုံး မသွားအောင် ၊ ရွှေ ပြေး ဝယ် ရ ၊ ငွေမာပြေး ဝယ် ရ နဲ့ လူ တွေ မှာ အလုပ် ပို လိုက် ရ တာ ၊ အခု တော့ ၊ လွှတ်တော် ထဲ လစာ တိုး မလို ၊ မတိုး ဘူး လို လို နဲ့ ၊ ဗမာ စကား ကို ဗမာတွေ ဘာမှန်း နား မလည်အောင် မေး သံ ဖြေ သံ ၊ မရေ မရာ သံ တွေ ကြား ရ တော့ ၊ ရွှေဈေး ဒေါ်လာဈေး တွေ ပြန် ကျ သွား ပါ တယ် ၊ ဒီ တော့ လဲ ၊ သောက များ မိ တဲ့ လူ လတ် တန်းစား တွေ က မိ အေး နောက် တခါ ၊ နာ ရ ပြန် ပါ တယ်။

ဒီ လစာ တိုး တာ ၊ မတိုးတာ က ၊ တိုင်းပြည် ရဲ့ စီး ပွား ရေး အမှန် ကို လွှတ်တော် ထဲ သေချာ ဆွေးနွေး ၊ ကျိုး ကြောင်း ခိုင် လုံ မှ ၊ ဆုံး ဖြတ် ဆောင် ရွက် သင့် ပါတယ်။ အကြောင်း ရင်း အခြေ ခံ ၊ ဘာ မှ မရှိ ဘဲ ၊ ဘဝ ရှင် မင်းတရားကြီး ရဲ့ တချက် လွှတ် အမိန့် လို မျိုး ၊ ဘဏ္ဍာတော် တိုက် က လို သလောက် သုံးစေဗျား ၊ ပလို့ ဂျိ ၊ ဒူ ဝေ ဝေ ဆိုပြီး ပွဲ ထဲ က လူ ပျက် လို ၊ ပါးစပ်ဆိုင်း လေး တီး ပြီး ၊ ထင် ရာ အမိန့် ထုတ် ရင် တိုင်းပြည် စီးပွား ရေး မှာ အင်မတန် နစ် နာ ပါ တယ်။

အခုတော့ ဈေး တွေ ၊ နင်းကန် တက် ပြီး က မောက် က မ ဖြစ် သွား တာ ၊ လူ တွေ မှာ ကိုယ့် ရှိ တဲ့ ပြည်တွင်း သုံး ငွေ လေး အတွက် ၊ သော က များ ရ တာ ဘဲ အဖတ် တင် ကျန်ရစ် ခဲ ပါတယ် ၊ အဆိုး ဆုံး ထိ တာ တွေ က ၊ ပုတ်ဂလိ က လုပ်ငန်း တွေ မှာ ပါ။
အဲဒီ ရက် တွေ တုံး က ၊ လှိုင်သာယာ တို့ ၊ ရွှေ ပြည် သာ တို့ ၊ ပဲခူး တို့ မှာ ရှိ တဲ့ အထည်ချုပ် စက် ရုံ တွေ ၊ ဘိနပ် စက်ရုံ တွေ မှာ ဒီ လစာ ကိတ် စ နဲ့ ဘဲ ၊ ဆန်ဒပြ တာ တွေ ဖြစ် ခဲ့ ကြ ပါ တယ် ၊ အခုတော့ ဆန်ဒ ပြ တာ တွေ ၊ ပြီး သွား ကြ ပါ ဘီ။

အစိုးရ ဝန်ထမ်းတွေ လစာ ၃ ဆ ၄ ဆ တိုးပေး မယ် ၊ ကောလဟလ ကြား ရ တော့ ၊ အပြင် ဝန်ထမ်းတွေ လဲ လခ တိုးရချင် တာပေါ့ ဗျာ ၊ ၂ဝဝ၆ တုံး က အစိုးရ လစာတွေ တိုးပေး လိုက်တော့ အပြင် ကုပ္မဏီ ဝန်ထမ်းတွေ ချက် ချင်း လခ တိုး မပေး နိုင် ပါဘူး။ လခ တိုး ပေး နိုင် ဘို့ အချိန် အတော် စောင့် ကြ ရ ပါ တယ်။

အခုတော့ အစိုးရ က တိုးပေးမယ် ကောလဟလ ကြား တာ နဲ့ အခု ကတဲက ဆန္ဒ ပြထား မှအတော် လောက် ကျ မယ် စိတ်ကူး တွေ နဲ့ စောစော စီးစီး ကြို ပြီး ဆန္ဒပြ ကြ တာပါ။ စက်ရုံ တခု ချင်းစီ ရဲ့ သူ့ အကြောင်း နဲ့ သူ ဆို တော့ ၊ အစိုး ရ ကလဲ ဝင် မပါ ပါဘူး ဂျာနယ် တွေ သတင်း စာ တွေ ထဲ လဲ မပါ ပါဘူး ။ ဝုန်း က နဲ လစာ ထ တိုး ဘို့ ဆို တာ အပြင် စီးပွား ရေး လုပ် ငန်း တွေ အနေ နဲ့ အတော် ခက် ပါ တယ် ။ သူ့ စီးပွား က
တကယ် အမြတ်အစွန်း ရှိ လာ မှ တိုး ပေး နိုင် တာ ပါ ၊ အမှန် အား ဖြင့် ငွေဖောင်းပွ မှု နှုန်း မြင့် လာ မှာ ၊ အပြင် က လစာ တိုး ပေး နိုင် အား ရှိတာပါ။ အပြင် အထည်ချုပ် အလုပ်ရုံတွေ မှာ ဆန္ဒ တွေ ပြကြ တော့ ၊ ပိုင် ရှင် ဘက် ကအလုပ် တွေ ပျက် ၊ အလုပ် သမားဘက် က အလုပ် တွေ ပြုတ် ကြ ၊ ဆန္ဒ ပြ တဲ့ ရက် ကို လခ ကြ
နဲ့ ၊ အတော် ဒုတ်ခ များခဲ့ ကြ ပါ တယ် ၊ ဒါ က ဘာ မှ မဟုတ်သေး ဘူး ၊ တကယ် လဲ လခ မတိုး ပေး သေး ဘူး ၊ ကောလဟလ အကြား နဲ့ တင် ဒုက္ခများ ကုန် တာပါ။
အခု နောက် ဆုံး ကြား ရ တာ က ၊ စက် ရုံ အသီးသီး က ဆန်ဒတွေ ပြ ပြီး တဲ့ နောက်တနာရီ လုပ်ခ ကို ၂ဝ ကျပ် နှုန်း တိုး လာတယ် ကြား ရ ပါတယ် ၊ တနေ့ လုံး ၁ဝ နာရီ လောက် ကြုံး လုပ် မှ ၂ဝဝ တိုးမယ် ၊ တလ လုံး ရက် ၃ဝ လုံး တရက် မှ မနား မှ ၆ဝဝဝ တိုး မဲ့ သဘော ရှိပါတယ် ၊ အပေါ် မှာ ရေးပြ ထား သလို ၊ ကား စီး ရ တဲ့ အရာ ရှိ က ဓါတ်ဆီ ရောင်းတာတင် တလ၃ သိန်း ခွဲ လောက် အသားတင် ဆိုတော့ စဉ်းစားကြည့် ကြ ပါ ခင် ဗျာ။


အခု ကျွန်တော် ရေး မှာ က သတင်း မဟုတ် ပါဘူး ၊ ကျွန်တော့် အထင် ကို ရေး မှာ ပါ။ အစိုးရ က လစာ တိုး ပေးဘို့ စိတ်ကူး ရှိ တာ က ၊ ဝန်ထမ်း တွေ ကို ပေးဘို့ဆို တာ ထက် စစ်သားတွေ ကို တိုးပေးချင် တာ ဖြစ် မှာ ပါ ။ အခု စစ်သား လုပ် ချင် တဲ့ သူ တွေ မရှိကြ တော့ စစ်သား တွေ ကို အောက် ထစ် ၊ လစာ နှုန်း ၁ သိန်း ခွဲ ၂ သိန်း တိုး ပေး လိုက် ရင် စစ် ထဲ ဝင် ချင် သူ တွေ ၊ အတော် များ လာ မယ် လို့ ထင် နေ ပုံ ရ ပါ တယ်။

ဒါ ကို ကျွန်တော် ဘာ ကြောင့် ရေး ရ သလဲ ဆို ရင် ၊ တနေ့ က ဈေး ထဲ သွား တော့ ဈေးဆိုင် ပိုင် ရှင် နဲ့ သူ့ ဆိုင်က ကုန်ထမ်း အလုပ် သမား စကားများ နေ တာ ကြားရ ပါတယ် ဈေး ဆိုင် ပိုင်ရှင် က သူ့ အလုပ်သမား ကို နင် တို့ လက်ကြော မတင်းဘူး ၊ ကုန် ထမ်း ခ ကျ တိုးပြီး ရ ချင် တယ် ၊ စ သဖြင့် ပူညံ ပူညံ ပြော ပါ တယ်။ အဲဒီ ကုန်ထမ်း သမား က ဘာ ပြန်ပြော လိုက် လဲ ဆို တော့ ၊ အမ ၊ ခဏ နေ ရင် အစိုးရ က စစ်သားတွေကို လစာ အများ ကြီး ပေး မှာ ၊ အဲလိုမျိုး ဆို ရင် တော့ ၊ ဒီ ဈေး ထဲ က ဖိုးနီ တို့ တဖွဲ့လုံး ရော ၊ ကျွန်တော် တို့ ရော အကုန်၊ စစ်သား ခဏ တဖြုတ် အကုန် သွား လုပ် ကြ မှာ ဗျ ၊ အဲဒီ တော့ မှ အမ က
ကုန် ထမ်း မဲ့ သူ ရော ၊ ဆိုက်ကား သမား တွေ ပါ မရှိ တော့ လို့ ဆိုင် မဖွင့် ရ ဘူး ဖြစ် သွား မယ် တဲ့ လို့ ၊ ခပ် တင်း တင်း ပြန် ပြော နေ တာ ကြား ခဲ့ ရ ပါ တယ်။

ခေါင်း တောင် အတော် ကြီး ပြီး ၊ နား ပါ ကား သွား ပါ တယ် ၊ အဲ လို မျိုး စစ် တပ် ဆို ရင် ဘယ်လို တပ် မျိုး ဖြစ်လာပါ မှာ လဲ ၊ သေချာ တာ က တော့ ကြေးစားစစ်တပ် ဖြစ် သွား ဘို့ များ ပါတယ် ၊ အနေ အစား ချောင် မယ် စိတ်ကူး နဲ့ ၊ လက် ကြော မတင်း သူ တွေ ၊ အပြင် မှာ သုံး မ ရ သူ တွေ ၊ ကလေ ကချေ တွေ ၊ စစ် ထဲ အကုန် ဝင် ကြ လို့ ၊ ဒီ လို လူ တွေ လက် ထဲ ကို ၊ သေနတ် တွေ များ ရောက် သွား ခဲ့ ရင် ၊ မ စဉ်း စား ဝံ့ ပါ ခင် ဗျာ ။

အခု ကျွန်တော် ရေးတာ က စစ်တပ် ကို ပုတ် ခတ် ရေးတာ မဟုတ် ပါ ၊ စစ်သား တွေ ပင်ပမ်း တာ ၊ ၂၄ နာရီ တာဝန် ရှိ တာ ၊ အသက် စွန့် လုပ် ရ တာ ကျွန်တော် လက် ခံ ပါ တယ်။ အခု လက်ရှိ လစာ မှာ လဲ စစ်သား နဲ့ အရပ်သား ဝန်ထမ်း လစာ ကွာပြီး သားပါ။ ရိုးရိုး တပ်ရင်းမှူး လစာ က အရပ်သား ညွှန်ချုပ် ထက် များ ပါ တယ်၊ ဗိုလ်ကြီး လစာ က ညွှန်မှူး လစာ ထက် များ ပါ တယ်။ အပွင့် ပါ တဲ့ သူ တွေ က လစာ နဂို က တဲက များပြီးသား ပါ။

အပွင့် မပါသေး တဲ့ တပ်ကြပ် ၊ တပ်သား လစာ တွေ က လစာနဲ နေတာပါ။ ကွာ ပါ တယ်။ အရင့် အရင် အစိုးရ တွေ လက် ထက် တုံး က ၊ ရဲ ဘော် ရ တဲ့ လခ ၊ ရိက္ခာ ၊ ဆန် နို့ဆီ သကြား ၊ နေ့စဉ် အသား ငါး တွေ က ၊ စား လောက် ပါ တယ်။ အခု အဲဒါ တွေ မ ပေးတော့ ဘဲ ၊ ပိုက်ဆံ ဘဲ ပေး ထား တော့ ၊ ဘာ မှ အသုံး မခံ ဘူး ဖြစ် ရ တာပါ။

အဲလို ပစ်စည်း ရိတ်ခါ တွေ ပေးတော့ လဲ ၊ စစ်တပ် ထဲ အဆင့် ဆင့် ၊ မသမာ တာ တွေ က အများကြီး ဖြစ် ပါ တယ် ၊ အပြင် က ဆန် တအိတ် ၂၄ ပြည် ၊ ပေါင် ၈ဝ ဆို ပေ မဲ့ စစ်သား ရ တဲ့ ဆန် တအိတ် က ၁၅ ပြည် ပါ လာ ရင် ကံ ကောင်း ပါ။ ဆန် တို့ ပဲ တို့ ဆိုရင် လဲ ပစ်စည်း ကိုင် တဲ့ ဆပ်ပလိုင်း ဆရာ တွေ က ကောင်းတာတွေ အကုန် ရောင်း မကောင်း တာ တွေ နဲ့ လဲ ထားကြ ဆို တော့ ၊ တကယ် စစ်တိုက် ရ တဲ့ ရှေ့တန်း နေ ရာ တွေ မှာ ဆန် က အညံ့ ၊ ပဲ က ပိုးထိုး တွေ ဘဲ ရောက် လာ ပါ တယ်။ ထမင်း မ ဝ ဘဲ
ဘယ် လို လုပ် ၊ စစ်သား က စစ် တိုက် နိုင် ကြ မှာ လဲ ခင် ဗျာ ။

စစ်တပ် ထဲ အကျင့် ပျက်နေတာတွေ ကို ဘဲ ၊ အရင် တကယ်တမ်း ထိထိ ရောက်ရောက် ထိမ်းသင့် ပါ တယ် ၊ စစ် သားတွေ က စစ်သား မလုပ်ချင် ကြ တော့ တာ ၊ ဘာကြောင့် လဲ အရင်စဉ်းစား သင့် ပါ တယ် ၊ လစာ နဲ့ မက်လုံးပေးပြီး စည်းရုံး လို့ ရ မယ် ၊ ထင် ခဲ့ ရင် တော့ တိုင်းပြည် အတွက် ရော ၊ စစ် တပ် အတွက် ပါ ၊ အတော် မှား ပါ လိမ့်မယ် လို့ ကျွန်တော် က ထင် ပါ တယ် ခင် ဗျာ ။ ဒါ က ကျွန်တော့ ကိုယ်ပိုင် အမြင်ပါ ခင်ဗျာ ။ သတင်း ရေး တာ မဟုတ် ဘဲ ၊ မျက် စိ နဲ့ မြင် ရ တာ ကို ပြော ပြ တာ ပါ ။

အဲ လို မျိုး ၊ စိတ် ကူး နဲ့ စစ် သားတွေ ကို လစာ ၊ ဂဏန်း တိုး ပေး လိုက် ရင် တော့ ၊ ကုန်ထမ်းသမား ကို စစ်သား လစာ ထက် ကျော် အောင် ပေး ရ ပါ တော့ မယ်။ ဆိုက် ကား သမားတွေ သွေး နထင် ရောက် ပြီး ၊ ဆိုက် ကား ခ တွေ တိုး ပြီး တောင်း လာ ပါလိမ့် မယ်။
အပေါ် မှာ ရေး ပြထား တဲ့ ၊ ဘိနပ်ချုပ် ၊ အထည် ချုပ် ၊ အလုပ် သမားတွေ က လည်း ၊ တနေ့ တနေ့ ဆန်ဒ ပြ လို့ ပြီး မယ် ၊ မထင် တော့ ပါ ခင် ဗျာ ၊ အလုပ်ရှင် တွေ မှာ လဲ စီးပွားပျက်ကြ ရ ဘို့ များ ပါ တယ် ၊ ခင် ဗျာ ၊ နောက် ဆုံး တော့ ၊ ဘယ် လောက် လစာ တွေ တိုးပေး တိုးပေး ၊ အကြောင်း ဆက် တွေ ချာ လည် လည် ပြီး ၊ တိုင်း ပြည် လဲ ဇင်ဘာဘွေ နိုင် ငံ ကိန်း ကို ဆိုက် သွား ရ ဘို့ များ ပါ တယ် ခင် ဗျာ။

ကျွန်တော်မြင်တာ က တော့ လစာ တွေ ကို ငွေစက်ကူ ရိုက်ပြီး တိုး ပေး မဲ့ အစား၊ အစိုးရ ဝန်ထမ်း အဖွဲ့အစည်း အတွင်း အလဟသ လေ လွင့် ၊ မသမာ ၊ ကိုယ် ကျိုး ရှာတာတွေ စစ်တပ် အတွင်း ဥပဒေ အရ ရဲဘော် တယောက် စားရ မဲ့ ထမင်း ရိတ်ခါ ပြည့် ပြည့် ဝဝ စား နိုင် ရ အောင် ၊ အဆင့်ဆင့် ဖြတ်စား လပ်စားတွေ မရှိအောင် အရင် ကြိုးပမ်း တာ က မှ ကိုယ့် ပြည် တွင်း ငွေ လေး လဲ တန်ဘိုး ရှိ ၊ စစ် သား က လဲ ကိုယ် စစ်သား ဖြစ် ရ တာ ကိုယ့် ခံ ယူချက် နဲ့ ကိုယ့် အလုပ် ကိုယ် ဂုဏ်ယူ နိုင် သူ တွေ ဖြစ် လာ မယ် ထင် ပါတယ်။

အခု ကြားနေ ရ တဲ့ ၊ ကောလဟလ က တော့ ၊ လာ မဲ့ မတ် လ ၂၇ ရက် နေ့ မှာ ၊ အရင် လို တပ်မတော် နေ့ စစ်ရေးပြပွဲကြီး မလုပ် တော့ ပါ ဘူး တဲ့ ၊ အကျဉ်းရုံး ဘဲ လုပ် တော့ မှာ ပါ တဲ့ ခင် ဗျ ၊ ပြီးတော့ အဲဒီ နေ့ အခေါ်အဝေါ် ( တပ်မတော်နေ့ ) ဆိုတာ ကို လဲ နာမည်ပြောင်း ပါမယ် တဲ့ ခင် ဗျ ၊ ဗမာလိုတော့ အမည်ပေးထားပြီး အင်္ဂလိပ် လို ခေါ် ဘို့ စိတ်ကြိုက် နာမည် စဉ်းစား နေကြတာ၊ စကားလုံး လှ လှ ရဘို့ ၊ အဆင် မပြေ သေး ပါဘူး တဲ့ ခင် ဗျ ။

တိုင်းပြည် အတွက် တပ်မတော် က အင်မတန် အရေးကြီး ပါ တယ်။
သမိုင်း အစ အနော်ရထာ လက်ထက် က စ လို့ တပ်မတော် အဆက်ဆက် ဂုဏ် ရောင်ပြောင်ခဲ့ သလို ၊ အနာဂါတ် တပ်မတော် ဟာ လဲ ၊ အခု လို မျိုး ၊ ပိုက် ဆံ များ များ ပေး ထား မှ စစ်သား လုပ်စား ကြ မဲ့ သူ တွေ ၊ ကလေ ကချေ တွေ နဲ့ ဖွဲ့ စည်းထားတာ မျိုး မဟုတ် ဘဲ ၊ ပြည်သူ တွေ ၊ စိတ် ထဲ က နှစ် နှစ် ကာ ကာ ၊ လေး လေး စား စား ၊ အမှန် တကယ် ကြည်ညို ၊ ချစ် ကြည် နိုင် မဲ့ ၊ တိုင်း ချစ် ပြည်ချစ် တပ် မ တော် ကြီး အဖြစ် မနှေး ၊ အမှန် ၊ အမြန် ၊ မြင် ရ နိုင် ရ ပါ စေ ကြောင်း ၊ ပါ ပ ဗျား ။


azawgyi
http://mmcpcommunity.net/

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */