“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, May 10, 2012

မုံရွာ - မန္တလေး လမ်းက သစ်ပင် ကြီး

မုံရွာ - မန္တလေး လမ်းက သစ်ပင်ကြီး တစ်ခုပေါ် နေသည့် " စု " ဆိုသည့် စကားလုံး Photo - Myomin Oo

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, May 08, 2012

ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဝန်ထမ်းများရဲ့ ခံစားချက်

လုပ်ကြပါအုံးဗျို့ ကထိန်ထဲကတောင် ဝေစုစားနေလို့


ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)၌ ၅.၁၁.၂၀၁၁-စနေနေ့က ကျင်းပပြုလုပ်ခဲ့သော ကထိန်ပွဲတွင် ကထိန်ကျ ရာကျောင်းသို့ ပဒေသာပင်များ အကုန်မပို့ဘဲ လ.ပ.ခ ကထိန်ပို့ရန်ဟုပြောပြီး ပဒေသာပင်များကို ပုံပါအတိုင်း ပတ္တမြား ခန်းမတွင်သိမ်းဆည်းထားကာ ၁၄.၁၂.၂၀၁၁ နေ့မှ ဘယ်မှမပို့ဘဲ ပါမောက္ခချုပ် ဦးညီညီစံ နှင့် အခြားလူကြီးများအား ခွဲဝေလှူဒါန်းလိုက်ရပါသည်။ အလှူထဲကတောင် ဝေစုတောင်းစားနေသော ပါမောက္ခချုပ်နှင့်လူကြီးများအကြောင်း နိုင်ငံ တော်သမ္မတကြီး သိရှိရန် တိုင်ကြားအပ်ပါသည်။ (ပြိတ္တာ မဖြစ်စေချင်သူ)

အတင်းအဓမ္မ လုပ်အားပေး စေခိုင်းနေလို့

ကျနော်တို့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၏ ပါမောက္ခချုပ် ဦးညီညီစံ သည် အထက်ပုံပါ ဗဟိုကင်းပတ် လမ်းကို ၂၀၁၂ ခုနှစ် ဧပြီလဆန်းမှစ၍ (မေလ) ယနေ့အထိ ကျနော်တို့ရဲများအား အတင်းအဓမ္မ လုပ်အားပေးစေခိုင်းနေ ပါသည်။ ကျနော်တို့ ရဲများနှင့် အခြားဝန်ထမ်းများကို အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်းမပြုရန် ညွှန်ကြားချက်ရှိ သော်လည်း ယခုအခါ ဝန်ကြီးနှင့်ပိုင်တယ် တိုင်ချင်ရာတိုင်ဆိုပြီး အတင်းအဓမ္မလုပ်အားပေး စေခိုင်းနေပါသဖြင့် အရေးယူ ပေးပါရန် နိုင်ငံတော်သမ္မတကြီးအား အသိပေးတိုင်ကြားအပ်ပါသည်။ (ရဲဝန်ထမ်းတဦး)

မသိလို့မေးပါရစေ

ကျနော်ဟာ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) မှာ လာရောက်အလုပ်လုပ်နေသော တိုင်းဆောက် (တိုင်း ဆောက်လုပ်ရေး ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း) မှ အလုပ်သမားတဦး ဖြစ်ပါတယ်။ ၁.၅.၂၀၁၂ နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံပါတီရှပ် ဝတ်၍လာရာ တပ်ရဲများရောက်လာပြီး အင်္ကျီချက်ချင်းချွတ်ခိုင်းပါသည်။ ပြန်လည်မေးမြန်းရာ ပါချုပ်(ဦးညီညီစံ)က ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တီရှပ် ဝတ်ခွင့်မပြုဟုပြောပါသည်။

၁။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတီရှပ်ကို နိုင်ငံတော်က ဝတ်ခွင့်မပြုတာပါလား?

၂။ ပါချုပ် (ဦးညီညီစံ) က မဝတ်ရဟု အမိန့်ပေးနိုင်ပါသလား?

၃။ မိမိကျောင်းဝန်း (ဗ.ဝ.တ) ထဲမို့ အမိန့်ပေးနိုင်တယ်ဆိုရင် ဘာ့ကြောင့်ပေးတာပါလဲ?

၎။ ကျနော့မှာ နိုင်ငံရေးလည်းနားမလည်ပါ ဗိုလ်ချုပ်ကိုချစ်လို့ ဝတ်မိပါတယ် မိမိနိုင်ငံခေါင်းဆောင်ကို ချစ်လို့ဝတ်မိတာ အပြစ်ရှိပါသလား? (တိုင်းဆောက်လုပ်ရေးမှ အလုပ်သမားတဦး)
ဘယ်လို ဒီမိုကရေစီလဲ?

ကျနော်တို့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) လိုင်းခန်းများတွင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံ လုံးဝမချိတ်ရ ဟု ပါချုပ် (ဦးညီညီစံ) က အမိန့်ပေးပြီး တပ်ရဲများ အိမ်တိုင်ယာရောက် လိုက်လံဖြုတ်သိမ်းခိုင်းနေပါသည်။ မဖြုတ်လျှင် အလုပ်ဖြုတ်ပစ်မည် အလုပ်ပြုတ်ချင်သလားဟု ခြိမ်းခြောက်ပြောဆိုပြီး ခိုးချိတ်ထားတာတွေ့ပါက အလုပ်ဖြုတ်ပစ်မည် ပြောပါသည်။

နိုင်ငံတော် သမတကြီးနှင့် လွတ်တော်ဥက္ကဋ္ဌက ဒီမိုကရေစီစနစ်သို့ချီတက်ရာဝယ် လွှတ်လပ်စွာ ပြောဆို၊ ရေးသား၊ လုပ် ကိုင်နိုင်ခွင့် ရှိသည်ဟု ပြောဆိုပါလျှက် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံလုံးဝမချိတ်ရဟု ပြောဆိုနေခြင်းသည် “ဘယ်လို ဒီမိုကရေစီလဲ ?” ဤသို့ပြောဆိုနေသော ပါချုပ် (ဦးညီညီစံ) ကိုရော ဒီမိုကရေစီစနစ်သစ် ချီတက်ရာဝယ် ထားသင့်ပါ သလား?

အချို့ စစ်တပ်လိုင်းခန်းများနှင့် အစိုးရဧည့်ဂေဟာများတွင်ပါ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံ ချိတ်ကြပါသည်။ ကျနော်တို့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) လိုင်းခန်းများတွင် မချိတ်ခိုင်းခြင်းမှာ အတော်မတရားပါသဖြင့် နိုင်ငံတော် အကြီးအကဲများ သိစေရန်တိုင်ကြားအပ်ပါသည်။ (ဝန်ထမ်းတဦး)

source by :နေ့သစ်

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, April 26, 2012

မင်းတပ်မြို့မှ ပရဟိတစိတ် ခေါင်းပါးသော ဆရာဝန်ကြီး

DVB ခင်ဗျား

ကျနော်တို့ ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တောင်ပုလု တောင်တန်း သာသနာပြု ဆရာတော် ဘုရားကြီး ဦးပညာသီရိ ဦးဆောင်၍ ဖွဲ့စည်း ထားသော ဘာသာ ပေါင်းစုံ ကရုဏာ နာရေးကူညီမူ အသင်း အတွက် လူနာတင်ယာဉ် တစ်စီးနှင့် နာရေးတင်ယာဉ် တစ်စီးတို့ကို ဆရာတော်ဘုရာကြီးမှ အသင်းသို့ ပြီးခဲ့တဲ့ အပတ်က ပေးအပ် လှူဒါန်းခဲ့ပါသည်။ မင်းတပ်မြို့နယ် အတွင်း ဗုဒ္စဘာသာဝင်များရော၊ ခရစ်ယာန် ဘာသာဝင်များပါ ၀မ်းသာနေကြပါတယ်။

သို့သော်လည်း ၎င်း ယာဉ်နှစ်စီးကို လူမျိုး ဘာသာ မရွေး ကူညီနိုင်ရန် အတွက် ဆရာတော် ဘုရားကြီးမှ မင်းတပ်မြို့ ခရိုင် ပြည်သူ့ ဆေးရုံကြီး ၀င်းအတွင်း ထားရှိရန် ပြည်နယ် ၀န်ကြီးချုပ်၏ သဘောတူ ခွင့်ပြုချက် ရထားပြီး ဖြစ်သော်လည်း ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးမျိုးမင်းမှ လက်မခံသည့်အတွက် ဆရာတော်နှင့် တကွ ဒါယိကာ ဒါယိကာမများ အားလုံး စိတ်မကောင်း ဖြစ်နေကြရပါသည်။ ဆေးရုံမှ အခြား ဆရာဝန်၊ ဆရာမများနှင့် ၀န်ထမ်းများ အားလုံးလည်း အံ့သြ စိတ်မကောင်း ဖြစ်နေကြပါတယ်။

ဗုဒ္စဘာသာဝင် ခေတ်ပညာတတ် ဆရာဝန်ကြီး တစ်ဦးရဲ့ အယူသီးမူ၊ ပရဟိတစိတ် ခေါင်းပါးမူ များကို သက်ဆိုင်ရာမှ ၀ိုင်းဝန်း ကူညီ ဖြေရှင်း ပေးပါရန် တင်ပြ အပ်ပါသည်။

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

မင်းတပ်မြို့သား တစ်ဦး

အပြည့်အစုံသတင်းဖတ်ရန်....

မလေးရှား ၀န်ကြီး၏ မုဒိန်းကျင့် ခံရသော အင်ဒိုနီးရှား အိမ်ဖော်နှင့် မလေးရှား ဥပဒေ

မလေးရှား ကဘိနက်ဝန်ကြီးတစ်ဦးက သူ့အိမ်ဖော်ကိုမုဒိန်းကျင့်သည့်လူမဆန်သည့်လုပ်ရပ်အတွက် မည့်သို့သောတရားစီရင် မှုမှပေါ်ထွက်မလာဘဲ ၀န်ကြီးအဖွဲ့မှ ဖုံးဖိကာကွယ်ပေးခြင်း၊ သတင်းမထွက်ပေါ်စေခြင်း၊ သတင်းထွက်ပေါ်အောင် ဘလော့များမှ တစ်ဆင့်တင်ပြသူများကိုဖမ်းဆီးခဲ့ခြင်း စသောလုပ်ရပ်များကြောင့် မလေးရှားသည် ကမ္ဘာပေါ်တွင် လူ့အခွင့်အရေးနှင့်တရားမျှတမှု အဆင့်နိမ့်ကျသော နိုင်ငံတစ်ခုအဖြစ် ရောက်ခဲ့သည်။

Robengah (MeRobekNgah)
လွန်ခဲ့သောရက်သတ္တတစ်ပတ်က မလေးရှားဘလော့ဂါများသည် သူတို့ဘလော့များတွင်၊ မလေးရှား၏ လက်ရှိတာဝန် ထမ်းဆောင်နေသောဝန်ကြီး တစ်ဦးက သူ၏အိမ်ဖော်ကိုမုဒိန်းကျင့်ခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။ (ယခင်ဝန်ကြီးချုပ် Tun Abdulla Ahmad Badawi လက်ထက် -၂၀၀၇- ခုနှစ်)။ (ထိုအချိန်က Najib Abdul Razak သည် ဒုတိယ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်နေ ခဲ့သည်)။

ဝန်ကြီးချုပ် Badawi သည် ဤမတရားမှုကိုဖုံးဖိပေးခဲ့ပြီး၊ ထိုဝန်ကြီးအား တာဝန်ရာထူးကို ဆက်လက်ထမ်းဆောင်စေခဲ့သည်။ ကဘိနက်အဖွဲ့ တွင်လည်းမည်သို့သော ဝေဖန်မှုမှမရှိဘဲ၊ သတင်းမထွက်ပေါ်အောင်၊ အားလုံးသေချာစွာ ဆောင်ရွက်ခဲ့ကြသည်။ မတရားမှုခံခဲ့ရသော မိန်းခလေးကို အင်ဒိုနီးရှားသို့ ချက်ချင်းပြန်လည်ပို့ဆောင်ခဲ့သောကြောင့်၊ သူမအမှုမှာ မလေးရှားတရားဥပဒေ ၀န်းကျင်တွင်လုံးဝဖော်ပြခွင့် မရခဲ့ရှာပါ။

သူမ အင်ဒိုနီးရှားနိုင်ငံသို့ပြန်ရောက်ပြီး၊ ရွှေ့ပြောင်းအလုပ်သမားစောင့်ရှောက်ရေး (အင်ဒိုနီးရှား ရွှေ့ပြောင်းအလုပ်သမားများအဖွဲ့) မှကြိုးပမ်းဖော်ထုတ်သသောအခါတွင်မှ၊ ထိုအဖွဲ့သို့တင်ပြ၍ အစီအရင်ခံစာထွက်ပေါ်ခဲ့သည်။

ထိုဖြစ်ရပ် မှန်၊မမှန်ကို မည်သူမှ ဝေဖန်ခြင်းမပြုမီ မလေးရှားဘလော့ဂါတစ်ချို့မှ ၀န်ကြီးနာမည်ကိုဖော်ထုတ်ခဲ့ကြသည်။ ၀န်ကြီးအဖွဲ့မှမည်သို့သော ပြောဆိုမှု၊ ထုတ်ပြန်မှုတို့နှင့်မှ မတုံ့ပြန်ခဲ့ပါ။

အင်ဒိုနီးရှားရွှေ့ပြောင်းအလုပ်သမားစောင့်ရှောက်ရေးသည် အစီအရင်ခံစာကို အင်တာနက်စာမျက်နှာများပေါ်တင်ခဲ့ရာ၊ ၀န်ကြီးအမည်နှင့် အိမ်ဖော် အမည်ပါသော စာမျက်နှာဟူသမျှအားလုံး၊ အဟက် (Heck) ခံရခြင်း၊ ဖျက်ဆီးခံရခြင်းများ ရှိခဲ့သည်။ သို့သော် အချို့ဘလော့ဂါများမှာ အချိန်မီ သတင်းအတိအကျ ရခဲ့ကြသည်။ အချို့စာမျက်နှာများမှာ တိုက်ခိုက်ရန်ခက်ခဲ၍၊ ၀န်ကြီးနာမည်နေရာကို အနက်ရောင်ဟိုက်လိုက် (High-light) ဖြင့် ပိတ်ထားနိုင်အောင်ထိ မလေးရှားဘက်မှ ဆောင်ရွက်ခဲ့သည်။ သို့သော် Wikileaks စာမျက်နှာပေါ်ရောက်သွားသည့် အချိန်တွင် ဖုံးဖိ၍မရနိုင်တော့ပါ။

အစိုးရလက်ကိုင် မလေးရှားရဲများကလည်း ဤအမှုသတင်းပေါ်ထွက်ခဲ့သောကြောင့် များစွာခုခံပြောဆိုခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့များက ဖြေရှင်းချက်များရှင်းလင်းချက်များ ထုတ်ပေးရန်တောင်းဆိုခဲ့သော်လည်း၊ ဒုတိယ၀န်ကြီးချုပ် နာဂျစ် (ယခုဝန်ကြီးချုပ် နာဂျစ်) သည်အဖက်ဖက်မှ ခုခံ ကာကွယ် ဖုံးဖိခဲ့သဖြင့်၊ တရားမျှတမှုနှင့် တရားစီရင်မှုများ မရှိခဲ့ပါ။

မလေးရှားအစိုးရသည် အံ့သြစရာကောင်းလောက်အောင် ဥပဒေကိုမထီမဲ့မြင်၊ ပြုခဲ့သည်။ Wikileaks မှဤအမှုကိုဖွင့်ချခဲ့သည့်အချိန်၌ မလေးရှားအစိုးရအဖွဲ့သည် သူတို့အတိုက်ခံပါတီခေါင်းဆောင် Anwar Ibrahim ကိုမဟုတ် မတရားစွပ်စွဲပြီး၊ အများပြည်သူများ သို့လောသို့လောထင်မြင်အောင် အာရုံလွှဲခဲ့ကြသည်။ Wikileaks ၏ဖော်ထုတ်မှုကြောင့် အင်တာနက်စာမျက်နှာများ သို့ပြန့်နှံ့ခဲ့သည်။
Wikileaks ဖွင့်ချမှုအရ၊ ယခင်မလေးရှားဝန်ကြီးချုပ် Abdullah Ahmad Badawi တာဝန်ထမ်းဆောင်နေစဉ်၊ ဤအမှုဖြစ်ပွားခဲ့သည်။

ဝန်ကြီးချုပ်က အင်ဒိုနီးရှားနိုင်ငံနှင့် နိုင်ငံရေးရာပြဿနာများရှိလာနိုင်သည့်အတွက် မျက်ကွယ်ပြုကာကွယ်ပေးခြင်း၊ ဖုံးဖိပေးခြင်းများ ပြုလုပ်ခဲ့သည် ဆိုပါသည်။ ထိုစဉ်က ယခုလက်ရှိဝန်ကြီးချုပ်နာဂျစ်သည် ကဘိနက်တာဝန်ရှိသူ ဖြစ်ခဲ့သည်။ နာဂျစ်ဝန်ကြီးချုပ်ဖြစ်လာသည့် ယခုအချိန်ထိလည်း အမှုကို ဖုံးဖိထားဆဲ ဖြစ်ပါသည်။

အင်ဒိုအိမ်ဖော်ကို သူမုဒိန်းမကျင့်ပါဟု ပြောသော …. Rais Yatim



ရိုက်(စ)ယာတင်

အင်တာနက်အွန်လိုင်း စာမျက်နှာများပေါ်တွင်ဖော်ပြခဲ့သည့် အင်ဒိုနီးရှားအိမ်ဖော်ကိုဒိန်းမှုကျူးလွန်သောဝန်ကြီးဆိုသူမှာ သတင်းဆက်သွယ်ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၀န်ကြီး ဖြစ်သူ၊ Rais Yatim ဖြစ်ပါသည်။ သူသည် သူအပေါ်စွပ်စွဲသောမုဒိန်းမှုကို သူလုံးဝမလုပ်ခဲ့ကြောင်း၊ ငြင်းဆိုခဲ့သည်။ ယင်းမှာ အတိုက်ခံပါတီနှင့် နိုင်ငံရေး သမားဘလော့ဂါများက သူ့အားနာမည်ဖျက်သိက္ခာ ကျအောင် ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု ကြေငြာခဲ့သည်။



ရိုက်(စ)ယာတင်နှင့် ဘာဒါဝီ

သူက သူကိုဤအမှုနှင့် ပတ်သက်၍ ရေးသားစိန်ခေါ်မှုမှန်သမျှကို နိုင်ငံတရားရုံးတွင်ဖြေရှင်းလိုက အချိန်မရွေး ဖြေရှင်းမည်ဟု ပြောခဲ့သည်။ (Wikileaks ကဖွင့်ချပြီး။)

သူသည် သူ့အကြောင်းရေးသားသောဘလော့ဂါကို ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။ သို့သော် ရဲများက စစ်ဆေးမှုများပြုလုပ် သည့်အခါ၊ ရေးသားထားသော အချက်အလက်များမှာ NGO အစီအရင်ခံစာများနှင့် Wikileak တို့မှကိုးကားထားသည်ကိုတွေ့ရ၍ ဘလော့ဂါကို တိုးတိုး တိတ်တိတ် ပြန်လွှတ်ပေး ခဲ့သည်။ ထို့နောက် Rais သည်သူ့အားကာကွယ်ပေးသော ၀န်ကြီးအဖွဲ့ကိုသာ၊ အားကိုးရတော့ သည်။



ဝန်ကြီးချုပ်ဟောင်း ဘာဒါဝီ

ဘလော့ဂါက ဖြေရှင်းချက်ထုတ်သည်မှာ သူသည် စွပ်စွဲသူမဟုတ်၊ သူကြားသည်ကို စမ်းစစ်၍ရေးသည်။ အထောက်အထားခိုင် လုံသည်ကို သူကိုးကားသည်။ Rais Yatim သည်လည်း ယခင်က သတင်းလွတ်လပ်မှုကိုအားပေးသူအဖြစ် နာမည် ရ၍ ရွေးကောက်ခံခဲ့ရသူဖြစ်သည်။ သူပြောခဲ့ သောမိန့်ခွန်းတစ်ခုမှ အဆိုအရ၊ သတင်းသမားဟူသည် နိုင်ငံရေးနှင့် နယ်ပယ်အသီးသီး မှ ပြည်သူအတွက်ကိုယ်စားပြုဆောင်ရွက်နေသူများကို တစိုက်မတ်မတ်စောင့်ကြည့်ထိန်းကျပ်ပေးသူများ ဖြစ်သည့်အတွက် နိုင်ငံတွင် မရှိမဖြစ်လိုအပ်သည် ဟုပြောခဲ့သည်။ သူပြောခဲ့သည် ကိုကိုးကား၍ အများက လွပ်လပ်စွာစုံစမ်းရေးသားခွင့်၊ မေးမြန်း ခွင့်နှင့် ဖြစ်ရပ်မှန်ကို ကြေငြာချက်ထုတ်ပေးရေးတို့အတွက် တောင်းဆိုခဲ့ကြသည်။ (Malaysiakini News)

ဘလော့ဂါများစွာတို့သည် ဤကိစ္စကိုရေးသားခဲ့ကြပြီး၊ အများပြည်သူကို သိအောင်သတင်းပေးခဲ့သည်။ ယင်းတို့အနက်မှ ဘလော့ဂါ Bunny Bru (Rocky Bru) ၏ရေးသားချက်ကိုဖော်ပြလိုက်ပါ သည်။ သူ၏ရေးသားချက်ကို က၀ီကီလိ(ခ) ဖွင့်ချစာမျက်နှာတွင် ကိုးကားခဲ့သည်။



တရားခံ ရိုက်(စ)ယာတင် ဒီလို ပြစ်ဒဏ်ခံရသင့်တယ် (၀ီကီလိ(ခ)မှပုံတစ်ပုံ)

ဘလော့ဂါ Bunny Bru ရေးသားဖော်ထုတ်ခဲ့သော သတင်း….

ဝီကီလိ(ခ): မလေးရှားထိပ်တန်းနိုင်ငံရေးသမားနှင့် သူအိမ်ဖော်အတွင်းရေး? ၂၃- ဒီဇင်ဘာ ၂၀၁၀ (၀ီကီလိ(ခ) ကရေးသော ခေါင်းစဉ်)

အိမ်ဖော်လေးကို မုဒိန်းကျင့်သတဲ့လား။ ။ (၂၀၀၇)။ ကျနော်အနေနှင့် မည်သို့ပင်ဖြစ်စေဤအကြောင်းအရာကို စိတ်ထိန်းစေကာမူ၊ မရနိုင်သဖြင့် ရေးသားလိုက်ရပါသည်။ ၀ီကီလိ(ခ)က ဖွင့်ချခဲ့သောစာများတွင် မလေးရှားကဘိနက်အဖွဲ့ဝင်ဝန်ကြီးတစ်ဦးက သူ့၏အိမ်ဖော်အင်ဒိုနီးရှားနိုင်ငံသူကို မုဒိန်းကျင့် သည်ဟုတွေ့လိုက်ရသည်။

သေချာမသေချာသည်ကို ကျနော်မည်သို့မှမပြောနိုင်ပါ။ မပြောလိုပါ။ သို့သော် တစ်ချို့အသိုင်းအ၀ိုင်းတွင် တိုးတိုးတိတ်တိတ်ပြောဆိုနေကြပါသည်။ အပြည်ပြည်ဆိုင်ရာ ထိပ်တန်းအစိုးရအဖွဲ့များနှင့် အစိုးရမဟုတ်သောအဖွဲ့များ (NGOs) ကလည်းဤအမှုသည် ဖြစ်ခဲ့သည်ဟု ရေးသားအစီအရင်ခံမှု များရှိနေသည်ကို ကြားသိရသည်။



ရိုက်(စ)ယာတင်အမှုနှင့်ပတ်သက်၍ ၀ီကီလိ(ခ)မှ ပုံတစ်ပုံ

မုဒိန်းမှုမှာ လွန်ခဲ့သော ၃-နှစ်က ဖြစ်ခဲ့သည်။ အစီအရင်ခံစာအရ အင်ဒိုနီးရှားနိုင်ငံ၊ ဂျားဗားကျွန်းအလယ်ပိုင်း၊ ရွာလေးတစ်ရွာတွင် နေထိုင်သော အိမ်ဖော်ထံသို့သွားရောက်၍ မေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း၊ ထိုမှရလဒ်ကို အစီရင်ခံစာပြုလုပ်၍အမေရိကန်သံရုံး၊ အင်ဒိုနီးရှားသံရုံးတို့ မှ ထိပ်တန်းအရာရှိများသို့တင်ပြခဲ့ကြောင်းသိရသည်။ ထိုသတင်းရင်းမြစ်အဆိုအရ အစီရင်ခံစာကော်ပီတစ်စုံကို ၀န်ကြီးချုပ်ရုံး သို့ပေးပို့ခဲ့ကြောင်းသိရပါသည်။ (ထိုအချိန်က ၀န်ကြီးချုပ်အဖြစ် Abdullah Ahmad Badawi)

အိမ်ဖော်လေးသည် ထိုနိုင်ငံရေးသမားအိမ်တွင် အမှုမဖြစ်ပေါ်ခင် ၈-နှစ်မှစ၍အိမ်ဖော်အလုပ်လုပ်ခဲ့သည်။ သူမသည် အင်ဒိုနီးရှားနိုင်ငံ ဂျားဗားကျွန်း အလယ်ပိုင်းမှ ဖြစ်ပြီး၊ အိမ်ထောင်သည်တစ်ဦးဖြစ်ကာ၊ ကလေးနှစ်ယောက် မိခင်လည်းဖြစ်ပါသည်။ အစီအရင်ခံစာတွင် ဖော်ပြချက်တစ်ခုမှာ မုဒိန်းမှု ကိုလင်ယောက်ျားဖြစ်သူ သိရှိသော်လည်း ကလေးများကို မသိစေကြကြောင်း ဖြစ်သည်။

သူတို့သည် အန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်သောကြောင့်နှင့် ရှက်သောကြောင့် သတင်းစာများနှင့် ဂျာနယ်များတွင် မဖော်ပြခဲ့ပါ။
ဘန်နီဘရူး (ရော့ကီးဘရူး)
…………………….
ဘန်နီဘရူးသည် ထိုအတောအတွင်း မလေးရှားလုပ်ကြီးများကုမ္ပဏီများနှင့် Rais Yatim ပတ်သက်မှုပို့(စ)တစ်ပုဒ် ရေးသားခဲ့သည်။ ထို့ကြောင့် Rais Yatim ကသူ့ကို ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။
………………………………………
သူ၏ဘလော့ကို Rais Yatim အမှုဖွင့်ထားသည့်အကြောင်းကို ဘလော့စာမျက်နှာတွင် အောက်ပါအတိုင်းသတ္တိရှိရှိ ရေးသားဖော်ပြသည်။

ကျနော် ဘလော့ကို Rais Yatim ကတရားစွဲလိုက်ပါပြီး…..

ဘာဖြစ်နေတာလဲ ၀န်ကြီး..? ကျနော်ရေးသားခဲ့သော ပို့(စ)နှစ်ခုသည် သူ့ကိုမတရားစွပ်စွဲသည်ဆိုကာ Rais Yatim ကကျနော်ကို ရဲစခန်းတွင် အမှုဖွင့်လိုက်ပါပြီး။ Rais ဘာကြောင့်ရဲစခန်းတွင် အမှုဖွင့်ရကြောင်းကို ကျနော် နားမလည်ပါ။ မည်သည့်ကဘိနက် ၀န်ကြီးမှ၊ ဘလော့ဂါကို အမှုမဖွင့် ဖူးပါ။ မလေးရှား ဆက်သွယ်ရေးနှင့် မီဒီယာဌာနမှ ကျနော်ကို ဆင့်ခေါ်ထားပါသည်။

ကျနော်၏ ဘလော့နှင့်ပတ်သက်၍ တရားစွဲဆိုထားခြင်းကြောင့်၊ ရဲအဖွဲ့ကသူတို့ကိုကျနော်ဘလော့အား စစ်ဆေးပါရန်ပန်ကြားလာ၍ ဆင့်ခေါ်ခြင်း ဖြစ်ကြောင်း ပြောပါသည်။ ကျနော်သွားပါမည်။ ဘလော့ဂါတစ်ဦး၏ သိက္ခာနှင့် သတင်းလွတ်လပ်မှုအတွက်ကျွန်ုပ်ရှောင် တိမ်းမည် မဟုတ်ပါ။ ရဲအဖွဲ့မှာ ကျနော်အားယခုထိလာရောက်စုံစမ်းခြင်း မပြုသေးပါ။ မကြာမီ လာရောက်နိုင်သည်ဟုသာ ယူဆရသည်။ သတင်းသမားများကို အားပေး သော Rais ၏ဖြစ်ရပ်မှန်သတင်းအမှန်ကို ကျနော်သည် သက်ဆိုင်သူများအား အထောက်အထားခိုင်ခိုင်လုံလုံနှင့် တင်ပြနိုင်တော့မည်ဟု ကျနော် ကျေနပ်နေမိပါသည်…။
………………………………..



ဘလော့ဂါ ဘန်နီဘရူး

ဘန်နီဘရူးသည် ဂျာနယ်လစ်သတင်းစာဆရာတစ်ဦးဖြစ်ပြီး၊ အွန်လိုင်းစာမျက်နှာများစွာ၏ အတိုင်ပင်ခံဖြစ်သည်။ သူသည်ဤအမှုကြောင့် ကန့်သတ် ချုပ်ချယ်ခြင်းများ ခံနေရသည်။ မလေးရှား Blog House ၏အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
……………………………….
လူများစွာတို့သည် အင်ဒိုနီးရှားအိမ်ဖော်လေးကို မလေးရှားသို့ပြန်ခေါ်ပြီး၊ စုံညီသတင်းစာရှင်းလင်းပွဲလုပ်ပေးရန်တောင်းဆိုခဲ့သည်။ အကယ်၍ Rais သည်မှန်ကန်ပါက သူ့ဘက်မှ ဥပဒေကရပ်တည်ပေးမည်ဖြစ်သည်။ ထို့သို့မဟုတ်လျှင်လည်း နှစ်နိုင်ငံ ရဲများမှ ထိုမိန်းခလေးကို စစ်ဆေးချက်ယူ၍ အမှန်ကိုရှာဖွေသင့်သည်။ ဤသို့သောသတင်းကို ပြည်တွင်းသတင်းစာများတွင် ဖော်ပြသင့်သည်။
Pure Malaysian က ပြောသည်မှာ မလေးရှားသည် အိမ်ဖော်ကိစ္စနှင့်ပတ်သက်လျှင် Nirmala Bonat အမှုကြောင့် မလေးရှားသည် အပြည်ပြည်ဆိုင် ရာတွင် နာမည်ပျက်နေရပြီး ဖြစ်သည်။ ထိရောက်မှုမရှိသော်လည်း လူသိရှင်ကြားတရားရေးများဆာင်ရွက်နေသည်။

ယခုအမှုကို အဘယ်ကြောင့် တရားရေးရာစီစဉ်မှု နှင့် ဖြစ်ရပ်မှန်ကို လူအများသိအောင် မလုပ်ရသနည်း။ ဟုဆိုပါသည်။ မည်သူမဆို သက်သေသက္ကာယနှင့် အခိုင်အလုံစွဲချက် အတင်မခံရသရွေ့အပြစ်ရှိသည်ဟု ပြောမရပါ။ အပြစ်ရှိလျှင်လည်း ၀န်ကြီးရာထူး ပင်ဖြစ်စေ နှုတ်ထွက်ပြီး၊ တရားဥပဒေ၏ အဆုံးအဖြတ်ကို ခံယူ ရမည်ဖြစ်သည်။

ယခုဝန်ကြီးချုပ် Najib Razak ကလည်း ဤအမှုကို ရေငုံနှုတ်ပိတ်ဆက်နေမည်ဆိုရင် လာမည့်အထွေထွေရွေးကောက်ပွဲတွင် ဆိုးကျိုးရလာဒ်များ ရှိလာနိုင်သည်။

PKR ပါတီမှလူငယ်ရေးရာ ခေါင်းဆောင် Shamsul Iskandar Mohd Akin ကပြောသည်မှာ NGO Migrant Care ၏အစီအရင်ခံစာကို အင်ဒိုနီးရှား အလုပ်သမားများ အကျိုးအတွက်စဉ်းစားဖြေရှင်းပေးသင့်သည်ဟုဆိုလိုက်သည်။ လူငယ်ရေးရာ၏ လေ့လာချက်အရ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ ၁၉၊ ရက်နေ့တွင် အင်ဒိုနီးရှားအိမ်ဖော်မှာ မုဒိန်းကျင့်ခံခဲ့ရပြီး၊ သူမကိုနေရပ်ကို ချက်ချင်းပြန်ပို့ခဲ့ကြောင်း၊ သူမနှင့် သူမအမေတို့သည် ဤကိစ္စကို မည်သူကို မှမပြောရန်အတွက် ဖိအားပေးခြိမ်းခြောက်ခံထားရကြောင်း တွေ့သိခဲ့ရသည်။

ဝန်ကြီးချုပ် ဘာဒါဝီသည် နိုင်ငံရေးအရှုပ်တော်ပုံကို အရေးမယူခြင်း၊ ထုတ်ပယ်ခြင်း မပြုသည့်အပြင် ကာကွယ်ပေးမှုများလုပ်ခဲ့သည်။
ထို့ကြောင့် လူငယ်ရေးရာက ယခုလက်ရှိ ၀န်ကြီးချုပ်နာဂျစ်လက်အောက်တွင် ကဘိနက်ဝန်ကြီးတစ်ဦးအဖြစ် ဆက်လက်တာဝန် ထမ်းဆောင် နေသော ထိုဝန်ကြီးအား၊ ဤကိစ္စအမှန်ကို လူအများသိအောင်ရှင်းလင်းပေးပါရန် တောင်းဆိုခဲ့သည်။

ယခုမလေးရှားဝန်ကြီးချုပ်နာဂျစ်သည် ထိုသို့ လိင်မှုကျူးလွန်သူကို ၀န်ကြီးအဖွဲ့တွင် သိလျက်နှင့် ဆက်လက်ခန့်ထားခဲ့သည်။ အဆိုးဆုံးမှာ ဤကိစ္စသည် မလေးရှားနှင့် အင်ဒိုနီးရှားနှစ်နိုင်ငံ အရေးဖြစ်သဖြင့် ဆက်လက်ပြီး ၀န်ကြီးချုပ်အသစ် အနေနှင့် ရေငုံနှုတ်ပိတ်မနေသင့်ကြောင်း ပြောဆိုသည်။ Shamsul Iskandar က ၀န်ကြီးချုပ် နာဂျစ်အား၊ ဤအမှုနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးမှုများ၊ ပြုလုပ်ပေးရန်တောင်းဆိုလိုက်သည်။ သို့မှသာ မလေးရှားနိုင်ငံ၏ နိုင်ငံရေးနှင့် အမည်သည် နိုင်ငံတကာသံသယများကြားမှ ပြန်လည်ရှင်သန်ခွင့်ရမည် ဖြစ်ကြောင်းသတိပေးသည်။

လူငယ်ရေးရာက အမှုဖွင့်ခဲ့….

PKR ပါတီမှ လူငယ်အဖွဲ့ဖြစ်သော Solidariti Anak Muda Malaysia (SAMM - လူငယ်များအဖွဲ့) မှ Nor Azizi Abd Aziz သည် ဤကိစ္စကို တရားလိုပြု၍ ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။ SAMM အဖွဲ့ခေါင်းဆောင် Badrul Hisham Shaharin သည် Nor Azizi နှင့်ရဲစခန်းသို့လိုက်ပါခဲ့သည်။

Badrul Hisham က Malaysiakini သတင်းစာသို့ပြောသည်မှာ သူတို့သည် Migrant Care အစီအရင်ခံစာအပါအ၀င် အခြားစာတမ်းများကို ရဲစခန်းသို့ပေးအပ်ခဲ့ကြောင်း၊ Nor Azizi ၏တရားစွဲဆိုမှုကို လက်ခံကြောင်း၊ နှင့် ရဲအဖွဲ့က သူတို့ထံမှ နောက်ထပ်မည်သည့် သတိပေးချက်မှ မရသေးဘဲ ဤသတင်းနှင့် ပတ်သက် ၍ထုတ်ပြန်ခြင်း မပြုရန်သူတို့အား တောင်းဆိုလိုက်ကြောင်း ပြောဆိုသည်။ “ရဲဘက်ကတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နိုင်မယ်လို့ထင်ပါတယ်” ဟုသူကပြောသည်။

ထို့ပြင် PKR လူငယ်မှ အဖွဲ့များကိုအင်ဒိုနီးရှား သို့စေလွှတ်ပြီး သတင်းအတိအကျ ရရှိရန် တွေ့ဆုံမေးမြန်းခြင်းများပြုလုပ်မည်ဖြစ်ကြောင်း ပြောပါသည်။ အစီခံစာအရ အိမ်ဖော်မလေးမှာ အင်ဒိုနီးရှားသို့ချက်ချင်းပြန်ပို့ခံခဲ့ရသည်။

သူမ၏ ညီမငယ်မှာ မလေးရှားသို့လာရောက်၍ သူမ အစ်မကြုံတွေ့ခဲ့ရမှု ကို ဥပဒေအရဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာများနှင့် ဆက်သွယ်ကြိုးစားလျက်ရှိပါသည်။ သူမက သူမအစ်မအားကျူးလွန်စော်ကားခဲ့သော၊ ၀န်ကြီးမှာ ငွေကြေးများစွာချမ်းသာသည့်အပြင်၊ အင်ဒိုနီးရှား သူ၏သြဇာခံများစွာရှိကြောင်း စသည်ဖြင့် ခြိမ်းခြောက်ခံခဲ့ရကြောင်း မလေးရှားရှိ အမေရိကန်သံရုံးနှင့် အင်ဒိုနီးရှားသံရုံး များသို့တင်ပြခဲ့သည်။ PKR မှသူမ၏အမည်ကို မထုတ်ပြန်ခဲ့။ သူမအသက်လုံခြုံရေးကို စိုးရိမ်သော ကြောင့်ဖြစ်သည် ဟုဆိုသည်။

ဤကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် ဆင်တူအမှုတွင် Altantuya Shaariibuu (မွန်ဂိုးလီယား နိုင်ငံသူ၊ မိုဒယ်) သည်မလေးရှားတွင် အသတ်ခံခဲ့ရ၍ ဖြစ်သည်။ မုဒိန်းမှုသည် မလေးရှားဥပဒေအရ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ်အများဆုံး အနှစ် -၂၀- နှစ် နှင့် ကြိမ်ဒဏ် ခံရမည်ဖြစ်သည်။ ဥပဒေက တရားခံကို ကာကွယ်ပေးထားသော်လည်း၊ အင်တာနက်နှင့် မီဒီယာများက သူမအတွက် များစွာကြိုးပမ်းခဲ့ကြ သည်။ မီဒီယာဘက်မှလည်း သူတို့သည် ၀န်ကြီးကို ဖြစ်ရပ်မှန်မဖော်ပြမချင်း၊ ဥပဒေအရ မဖြေရှင်းမချင်း ရေးသားဖော်ပြမှုများကို ရပ်မည်မဟုတ်ဟု ပြောလိုက်သည်။ (အစီအရင်ခံစာ - S Pathmawathy, Malaysiakini)

သတင်းစာဆရာ...Steve Oh ရေးသားသော ဤအမှုအတွက် သတင်း (ဇန်န၀ါရီ -၁- ရက်နေ့၊ ၂၀၁၁)

မုဒိန်းမှုသည် နိုင်ငံတကာတွင် ရာဇ၀တ်အမှုအဖြစ်သတ်မှတ်သည်။ အစိုးရပိုင်းဖြစ်စေ၊ သာမန်လူဖြစ်စေ၊ မည်သူကျူးလွန် သည်ဖြစ်စေ၊ နေရာ၊ ရာထူး ကြောင့်ရှောင်တိမ်းခွင့် မရသင့်။ မလေးရှားကဘိနက် ၀န်ကြီးသည် အင်ဒိုနီးရှားအိမ်ဖော်လေးကို မုဒိန်းကျင့်သည့် ရာဇ၀တ်မှုကို ကျူးလွန်ခဲ့သည်။

ယခင် အစ္စရေးသမ္မတ Mostsave Katsav (အသက် ၆၅- နှစ်) သည် ၁၉၉၈- နှစ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး အဖြစ်တာဝန်ယူနေစဉ်၊ မုဒိန်းမှုနှစ်ခုကို ကျူးလွန်ခဲ့သည်။ နိုင်ငံရေးတွင် ထိုအမှုပေါ်ထွက်လာသည့်အခါ သူအား တရားစွဲဆိုခဲ့ကြသည်။ တရားရုံးမှ သူ့အား ၂၀၀၀- ခုနှစ်မှ ၂၀၀၇ အတွင်းသူအတွက်တာဝန်ထမ်းဆောင်ခဲ့ကြသော အမျိုးသမီးကို မုဒိန်းကျင့်မှုနှင့် ဥပဒေကို ရှောင်လွှဲမှုတို့အတွက် အပြစ်ရှိကြောင်း သတ်မှတ် ခဲ့သည်။

ယင်းသည် အစ္စရေးဒီမိုကရေစီ နှင့်ဥပဒေ တို့၏ အောင်ပွဲဖြစ်ခဲ့သည်။ မည်သူမှ တရားအရ အခွင့်ထူးခံခြင်းမရှိရပါ။ အာဏာကြီးသော နိုင်ငံရေးသမားတို့သည်လည်း မုဒိန်းမှုကိုလွယ်လွယ်ကျူးလွန်ပြီး ဥပဒေကို ရှောင်ဖယ်၍ မရသင့်ပါ။ အစ္စရေး လူမှုရေးအဖွဲ့များနှင့် အမျိုးသမီးအဖွဲ့ များက တရားမျှတစွာဖြစ်ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။

မုဒိန်းမှုများစွာတို့သည် သက်သေ သက္ကာယ၊ အထောက်အထားပြနိုင်ရန်ခဲယဉ်း သည်။ စော်ကားခံရသူရာခိုင်နှုန်းများစွာတို့မှာရှက်ကြောက်၍ အမှု မလုပ်ကြပါ။ ယခု အင်ဒိုနီးရှားအိမ်ဖော်လေးဆိုလျှင် ရှက်ကြောက်ခြင်း၊ ကျူးလွန်သူ၏ ရာထူးဂုဏ်ရှိန်တို့ကြောင့် နိုင်ငံသို့ပြန်ပို့ခံရသည့်အပြင်၊ နိုင်ငံ၌ လည်း ထုတ်ဖော်ခြင်းမပြုရန် ခြိမ်းခြောက်ခံရသည်။

မုဒိန်းမှုကို အာမခံမပေးသင့်ပါ။ အိန္ဒိယနိုင်ငံ ဂိုအာ (Goa) မြို့မှ နိုင်ငံရေးသမား John Fernandes သည် ၂၀၀၉ ခုနှစ်တွင် ရုရှားနိုင်ငံသူတစ်ဦးကို မုဒိန်းမှုကျူးလွန်ခဲ့ရာ အာမခံရခဲ့သည်။ သူသည် နောက်တရားရုံးတွင် ရောက်မလာတော့ဘဲ ထွက်ပြေးခဲ့သည်။ မုဒိန်းမှုကျူးလွန်သူများသည် ချမ်းသာခြင်း၊ ရာထူးကြီးခြင်းဖြစ်ခဲ့လျှင် အာဏာ၊ ငွေတို့ဖြင့် အမှုကို အစဖျောက်ကြသည်။ Rais သည်လည်း ဤလမ်းစဉ်အတိုင်း လုပ်ခဲ့သည်။ သူ့ကို ဆန့်ကျင်၍ အိမ်ဖော်သည် အမှုမဖွင့်ရဲ၊ မပြောရဲဆိုသည်မှာ လွန်စွာဆိုးဝါးပြီး၊ ဒီမိုကရေစီနှင့် ဆန့်ကျင်နေပါသည်။

အကယ်၍ နိုင်ငံခြားအိမ်ဖော်လေးတစ်ဦးသည် အိမ်ရှင်ယောက်ျားမုဒိန်းကျင့်ခံနေစဉ်၊ အိမ်ရှင်မိန်းမကလည်း အားပေးအားမြှောက်ပြုနေသည်ဆိုလျှင် ထိုမိန်းခလေးသည် မည်သူ့ကို အားကိုးရမည်နည်း။ ထိုသို့သောဖြစ်ရပ်များစွာ မလေးရှားနိုင်ငံတွင် ဖြစ်နေခဲ့သည်။

ထို့ကြောင့် မလေးရှားသည် ဥပဒေကို လေးစားလိုက်နာသောအားဖြင့် ကျူးလွန်သူသည် သမ္မတဖြစ်စေ၊ ခံရသူသည် အိမ်ဖော်ပင်ဖြစ်စေ အစ္စရေး၏ ဥပမာကို ယူ၍ ဆောင်ရွက်သင့်သည်။

အင်ဒိုနီးရှား NGO အစီရင်ခံစာအရ ၀န်ကြီးချုပ် Abduallah Ahmad Badawi နှင့်သူ၏ ကဘိနက် (နာဂျစ်အပါအ၀င်)၊ တို့သည် အင်ဒိုနီးရှားရှိ အိမ်ဖော်နှင့် သူမမိသားစုကို ဤကိစ္စမည်သူမှ မပြောရန်နှင့် လျှို့ဝှက်ထားရန် တောင်းပန်ခဲ့သည်ဆိုသည်။
ညီမဖြစ်သူသည် မလေးရှားတွင် တရားဥပဒေစီရင် မှုများအတွက် အကူညီရှာနေသော်လည်း အသက်အန္တရာယ်အတွက် စိုးရိမ်ရကြောင်းပြောသည်။ မွန်ဂိုလီးယားနိုင်ငံသူ Altantuya Shaariibuu ကဲ့သို အသတ်ခံရမည်ကို စိုးရိမ်၍ ဖြစ်သည်။


မွန်ဂိုလီးယားသူ၊ မိုဒယ် Altantuya Shaariibuu

ထိုအမှုမှာလည်း နိုင်ငံရေးသြဇာမကင်းခဲ့ပါ။ Shariibuu ၏အလောင်းကို အောက်တိုဘာ ၂၀၀၆ တွင်၊ Shah Alam မြို့ပြင်တွင် တွေ့ခဲ့ရသည်။

ဒီသတ်မှုမှာလည်း မတရားမှု အတွက် သူပါခဲ့တယ်

လူသတ်တရားခံအဖြစ် ၃ - ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီး၊ ဖမ်းဆီး ခဲ့သည်။ သို့သော် ၂- ဦးကိုသာ အပြစ်ရှိကြောင်း အမိန့်ချ၍ သေဒဏ်ချမှတ်ခဲ့သည်။ တစ်ဦးကို တရားသေလွှတ်ခဲ့သည်။ လွတ်မြောက်ခဲ့သူမှာ ယခု ၀န်ကြီးချုပ် နာဂျစ်၏ မိတ်ဆွေ၊ ၀န်ကြီးအဖွဲ့မှ Abdul Razak Baginda ဖြစ်သည်။ သူသည် Shariibuu ကိုသတ်ရာတွင် ပါဝင်ခဲ့သူဖြစ်ပြီး၊ Shariibuu ၏ ချစ်သူရည်းစားလည်းဖြစ်သည်။ ယခုလက်ရှိ ၀န်ကြီးချုပ် နာဂျစ်ကို မြန်မာမိန်းခလေးများ အိမ်ဖော်အရေးနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရနိုင်မည် လားဆိုသည်ကို စဉ်းစားကြပါကုန်။

Abdul Razak Baginda

Tenaganita လူ့အခွင့်အရေးအဖွဲ့မှ Robengah အိမ်ဖော်အမှုကို Rais ကျူးလွန်ခြင်းဆိုသည်မှာ မှန်သည်၊ မှားသည်ကို အမြန်ဆုံးထုတ်ပြန်ကြေငြာ ပါရန် ပန်ကြားခဲ့သည်။ ယခု နာဂျစ်တာဝန်ယူသည့်ကာလထိ မည်သို့သော ထုတ်ပြန်ကြေငြာချက်၊ စစ်ဆေးချက်မှ ထွက်ပေါ်မလာခဲ့။

Harakahdaily မှသတင်းတစ်ပုဒ်… (အင်္ဂါနေ့ ၂၈ - ဒီဇင်ဘာ၊ ၂၀၁၀)

ဘန်နီးဘရူးနှင့် ၀ီကီလိ(ခ)ကြောင့်လူအများ Yatim Rais အမှုကို စိတ်ဝင်စားလာကြပါပြီ။ လွန်ခဲ့သော ၃-နှစ်ကအမှုယခုထိတရားစီရင်မှု မရှိသည်မှာ မလေးရှား၏ ဥပဒေဖြစ်သလော။ ဤသတင်းကို ပထမဆုံးထုတ်ဖော်ခဲ့သူ ဘန်နီးဘရူး ခေါ် ရော့ကီဘရူး (နာမည်ရင်း - Ahirudin Attan) သည် မလေးမေးလ် သတင်းစာအယ်ဒီတာချုပ်ဖြစ်သည့်အပြင်၊ ဘလော့ဂါတစ်ဦးလည်း ဖြစ်ပါသည်။
Migrant Care (Indonesia) မှ ဤအမှုနှင့် ပတ်သက်၍ အစီအရင်ခံစာ တစ်စောင်ထွက်ပေါ်လာခဲ့သည်။ ထို

အစီရင်ခံစာကိုပြုစုသူများမှာ -
1. Wahayu Sushlo (Policy Analyst; Ph: 08129307964)
2. Anis Hidayah (Executive Director; Ph: 081578722874)
3. Alex Ong (Country Director; Ph: +60163121201)

တို့ကသြဂုတ်လ ၁-ရက်နေ့၊၂၀၀၇(ဂျကာတာ၊ အင်ဒိုနီးရှားနိုင်ငံ) တွင် ထုတ်ပြန်ခဲ့သည်။ အိမ်ဖော်အမည်ကိုလည်း Robengah ဟုအတိအကျတင်ပြ ခဲ့သည်။

Migrant CARE
Perhimpunan Indonesia untuk Buruh Migran Berdaulat
(Member of Migrant Forum in Asia and International NGO Platform on Migrant Workers' Convention)
Jl. Pulo Asem I C No 15 RT 015 RW 001 Jati, Jakarta Timur 13220 Indonesia. Telp/Fax: +62 21 4752803
E-mail: alexmigrantcare@gmail.com
Website: www.buruhmigranberdaulat.blogspot.com
(အစီရင်ခံစာမှ ရရှိသောဒေတာများဖြစ်ပါသည်။) နှစ်နိုင်ငံလုံးမှ လူများသည် ဤအမှုကိုစိတ်ဝင်းစားခဲ့သည်။

ထိုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုမရှိသော မလေးရှားနိုင်ငံသို့ ကျွန်ုပ်တို့ မြန်မာနိုင်ငံသူများအား မည်သည့်နည်းနှင့်မျှ အိမ်ကျွန်အဖြစ် မလာစေလိုပါ။ ထို့ပြင် နိုင်ငံခြားသားအလုပ်သမားများ၊ ဒုက္ခသည်များ နှင့် လူ့အခွင့်အရေးအဖွဲ့များကို အမြဲဒုက္ခပေးနှိပ်စက်နေသော မလေးရှားဝန်ကြီးချုပ် Najib နှင့် မြန်မာပြည်သားများကို ကမ္ဘာ့အနိမ့်ကျဆုံးဖြစ်အောင်၊ ကျွန်ဖြစ်အောင် အိုင်တီခေတ်သစ် ဟစ်တလာ ဇာတ်ခင်းနေသော သိန်းစိန်နှင့် အပေါင်းပါတစ်စုတို့အား ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ အားလုံးအင်အားဖြင့် တတ်နိုင်သည့်ဘက်မှနေ၍ သမိုင်းတွင် မြန်မာမိန်းခလေးများ၏ အိမ်ကျွန်ဇာတ်ကွက် မဖြစ်စေရန် ကာကွယ်ကြပါစို့.. ဟု လေးစားစွာ တိုက်တွန်းရင်း……

ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ မလေးရှားအလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မရောက်လာရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေး ဖြစ်သည်။ ဤအကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများတွင် သဲတစ်ပွင့်အဖြစ်လိုအပ်ပါက ကြိုက်သလို သုံးနိုင်သည်။


ဆက်လက်ဖော်ပြပါမည်။

Friend Ever (နွားကျောင်းသား)

Ref:
http://www.malaysia-today.net/mtcolumns/newscommentaries/
http://malaysianindian1.blogspot.com/2011/01/
http://thexbusiness.blogspot.com/2011/01/
http://www.rockybru.com.my/2011/01/
http://www.rockybru.com.my/2010/12/
http://www.malaysiakini.com/news/152572
http://www.malaysiakini.com/news/152498
http://www.mmail.com.my/content/59915
http://www.malaysiakini.com/news/152452
http://www.malaysiakini.com/news/152161
http://www.malaysiakini.com/news/151885
http://www.malaysia-today.net/mtcolumns/newscommentaries/37111
Wikileaks
Migrant Care Reports

အပြည့်အစုံသတင်းဖတ်ရန်....

Monday, April 23, 2012

ဦးသန်းရွှေက ဦးနေ၀င်းကို ဘာကြောင့် အညိုးကြီးခဲ့တာလဲ

နေ၀င်းသန်းရွှေ
သွားလေသူ စစ်အာဏာရှင် ဦးနေ၀င်းအား စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေက အညိုးကြီးခဲ့ပုံအား ပြည်တွင်းရှိ အငြိမ်းစား ယူသွားတဲ့ တပ်မတော် အရာရှိဟောင်း တစ်ဦးက စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ သတင်း ပေးပို့လာပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဟာ ယခင် စစ်အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ ချီးမြှင့်မှုကြောင့် ထိပ်ပိုင်းသို့ တက်လာရသူ ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးသန်းရွှေ တပ်မ (၈၈) တပ်မမှူး ဘ၀တုန်းက ရှေ့တန်း တပ်မ ဌာနချုပ် ရှိရာ ကျိုင်းတုံမြို့တွင် အခြေပြုခဲ့စဉ်က ဦးနေ၀င်း သွားရောက်စစ်ဆေးခဲ့ပါတယ်။ အဲဒီတုန်းက ဗကပ အင်အား ကြီးမားစွာနဲ့ တိုက်နေရတာကြောင့် တပ်မ (၈၈) တပ်များ အလူးအလဲ ခံနေရပါတယ်။ ချင်းသေနတ်ကိုင် တပ်ရင်း (၃) မိုင်းယောင်းမြို့မှာ ဗကပ ၀င်စီးခံရတဲ့တိုက်ပွဲများ အပါအ၀င် ကကကြည်းမှ တပ်မ (၈၈) ကို ထုထောင်းနေတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။ ကျိုင်းတုံမှာ ဦးနေ၀င်းကို ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေက အဖားတော်ပြီး လိုလေသေးမရှိ ပြုစုခဲ့တာမို့ မှတ်ဥာဏ်ကောင်းတဲ့ ဦးနေ၀င်းက နောင်တခေတ်ရဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လျာထားခဲ့ဟန်တူပါတယ်။ အဲဒီနောက် ဦးသန်းရွှေဟာ နတခတိုင်းမှူး ဧရာဝတီတိုင်း ပုသိမ်သို့ ရာထူး တိုးသွားခဲ့ပါတယ်။ အဲဒီနောက် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) လစ်လပ်နေချိန်မှာ နတခ တိုင်းမှူး ဖြစ်နေတဲ့ ဗိုလ်မှူးချုပ် သန်းရွှေအား ဦးနေ၀င်းက ရာထူးနှစ်ဆင့် ခုန်ပြီး ပေးခဲ့ပါတယ်။ ကျိုင်းတုံမှာကတည်းက သတိကို မတ်နေအောင် ဆွဲပြီး ကြောက်ဒူးတုန်ပြနေတဲ့ ဦးသန်းရွှေအား ဦးနေ၀င်းက "ဒီကောင်လေးတော့ ခေါက်ရိုးကျိုးတဲ့ တုံးတုံး အအ တပည့်လေး" လို့ မှတ်ချက်ချ သွားဟန် တူပါတယ်။ အမှန် တကယ်တော့ ဒုချုပ် ဖြစ်ဖို့ဟာ စစ်ရေးချုပ်၊ ကစထမှူး၊ ရန်ကုန်တိုင်း တိုင်းမှူး ရာထူး ရှိသူများကသာ အစဉ်အလာ ဖြစ်ခဲ့ပေမဲ့ ဦးသန်းရွှေ အလှည့်ကျတော့ အသက်ငယ်ရွယ်သူမို့ (ထိုစဉ်က တိုင်းမှူး ဖြစ်စဉ် ၅၄ နှစ်သာ ရှိ) ဦးနေ၀င်းက သူ့အား ဦးစီးချုပ် အဖြစ် တာဝန်ကြာကြာ တာဝန်ပေးလို့ ရနိုင်ကြောင်း အကြောင်းပြပြီး ဆိုပြန်တယ်။ ဒုချုပ်ရာထူးဟာ ဦးစီးချုပ် ရာထူး အတွက် ရှေ့ပြေး နေရာကောင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်း စောမောင် အာဏာ သိမ်းစဉ်က ဦးနေ၀င်းဟာ ဗိုလ်ချုပ် ခင်ညွှန့်နဲ့ တွဲထည့်ပြီး တာဝန် ပေးခဲ့ပေမဲ့ ဦးသန်းရွှေကိုတော့ ဒုတိယ ဥက္ကဋ္ဌ မပေးဘဲ န၀တ အဖွဲ့ဝင် တစ်ဦး အနေဖြင့်သာ တာဝန်ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒါကို ဦးသန်းရွှေ စိတ်ထဲမှာ အညိုးတေး ဦးနေ၀င်း အပေါ် စတင် မှတ်ထားခဲ့တယ်လို့ သိရပါတယ်။

ဦးသန်းရွှေ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာတဲ့ အချိန်မှာတော့ ဦးနေ၀င်း မိသားစု မျက်စိ ဆံပင်မွှေး စူးတဲ့ ဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။ ရှေးဦးစွာ ဒေါ်ခင်စန္ဒာဝင်း စီးနင်း လိုက်ပါတဲ့ ကားနဲ့ ရဲချုပ် စံသိန်း သမီး စီးနင်းတဲ့ကား တိုက်မိလို့ ဦးနေ၀င်းက ဗိုလ်ချုပ် ခင်ညွှန့်အား ဖုံးဆက်ပြီး ခင်ညွှန့် ငါ မသေသေးဘူးကွ လို့ ဖိအားပေး ခြိမ်းခြောက်ခဲ့တဲ့ ဖြစ်စဉ် ရှိပါတယ်။ ရဲချုပ် စံသိန်းလည်း စပိန်သံအမတ်ကြီးအဖြစ် လွှင့်သွားခဲ့ပါတယ်။ နောက်ဖြစ်စဉ်တခုက ဒေါ်ခင်စန္ဒာဝင်းနဲ့ ကြေးနန်းနဲ့ ဆက်သွယ်ရေး ၀န်ကြီးဌာန ပူးတွဲ ဆောင်ရွက်တဲ့ ဆယ်လူလာဖုံး ကျပ် (၅) သိန်းတန် ကိစ္စတွေမှာ ပြဿနာ တက်ခဲ့ပါတယ်။ ဒါကြောင့် ထိုးကျွေး ခံရသူကတော့ ထိုစဉ်က ပြုတ်သွားတဲ့ အဲဒီဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း ၀င်းတင် ဖြစ်ပါတယ်။ ဦးနေ၀င်းရဲ့ မြေးများ ဖြစ်တဲ့ ဇွဲနေ၀င်း၊ ကျော်နေ၀င်းတို့ဟာ နိုက်ကလပ်တွေမှာ ဖြစ်ဖြစ်၊ ကားမောင်းနေရင်းဘဲ ဖြစ်ဖြစ် ဗိုလ်ကျနေတာကြောင့် လေးလပတ် အစည်းအဝေးတွေမှာ ဦးသန်းရွှေ တစ်ယောက် မကျေမနပ် ပြောခဲ့တယ်လို့ သိရပါတယ်။ ဦးမောင်အေးရဲ့ သမီးကို ဦးနေ၀င်းမြေးများက မထင်မဲ့မြင် လုပ်ခဲ့ဖူးပါတယ်။ အဲဒါကို ဦးသန်းရွှေရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်နဲ့ ဦးမောင်အေးရဲ့ ဇနီး ဒေါ်မြမြစန်းတို့က မကျေမနပ် ပြောဆိုမှုကြောင့် လင်တော်မောင်တွေထံ ရောက်သွားခဲ့ပါတယ်။

အဆိုးဆုံး ကတော့ ဦးနေ၀င်းရဲ့ ကိုယ်ရံတော် တပ်ရင်းဖြစ်တဲ့ သနက (၄) တပ်ရင်း (ယခု ခမရ ၃၀၄ ဖျက်သိမ်းပြီး) ကို ခါးပိုက်ဆောင်တပ် အနေနဲ့ ထားကာ ယူနီဖောင်းများ ချုပ်ပေးခြင်း၊ ငပလီမှာ အပန်းဖြေခိုင်းခြင်း၊ လေ့ကျင့် ဆောင်ရွက်နေခြင်း၊ တပ်ရင်းမှူးအား ရန်ကုန်တိုင်း တိုင်းမှူး လေးလပတ် အစည်းအဝေးတွေမှာ တက်ရောက်ခွင့် မပေးဘဲ နေခိုင်းခြင်း စတာတွေ ဆက်တိုက် လုပ်လာပါတယ်။ ဦးနေ၀င်း မြေးတွေဟာ ဆီဒိုးနာဟိုတယ်မှာ ဦးနေ၀င်း မွေးနေ့ ကျင်းပပြီး တခမ်းတနား လုပ်ခဲ့ပါတယ်။ ဦးနေ၀င်း မွေးနေ့ပွဲကို တက်ရောက် မိခဲ့တဲ့ ရန်ကုန်တိုင်း တိုင်းမှူးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးညွှန့် အပေါ် ဦးသန်းရွှေ အမျက်တော် ရှခဲ့ပါတယ်။ ဦးနေ၀င်း မြေးတွေဟာ ဘိုးတော် တစ်ယောက်အား ကိုးကွယ်ပြီး ရုပ်ထုများ (ဦးသန်းရွှေ/ ဦးမောင်အေး) ကို အောက်လမ်းနည်းသုံး ဂျင်းတို့ စီရင်မှုကြောင့် ဦးသန်းရွှေ လေဖြတ်ကာ ဦးမောင်အေး ၀မ်းဗိုက်နာကာ စင်ကာပူ ဆေးရုံသို့ အရေးပေါ် သွားရောက် ကုသ လိုက်ရပါတယ်။ ထို့ထက် ပိုလွန်ကဲလာတာက တပ်မ (၇၇) တပ်မမှူး ဗိုလ်မှူးချုပ် သန်းဌေး (ယခု စွမ်းအင် ၀န်ကြီး) အား တော်လှန်ရေးနေ့ လုံခြုံရေး ရယူနေတာမို့ ဦးနေ၀င်း မြေးများက စည်းရုံးသိမ်းသွင်းခဲ့ပါတယ်။

အာဏာ ပြန်သိမ်းတဲ့ အစီအစဉ်ကို ရိပ်မိသွားတဲ့ ဦးသန်းရွှေဟာ ကျူပင်ခုတ် ကျူငုတ်မကျန် ဦးနေ၀င်း မိသားစု တစ်ခုလုံးအား ပြင်းပြင်း ထန်ထန် နှိပ်ကွပ်ခဲ့ပါတယ်။ ဦးသန်းရွှေဟာ အညိုးတရား ကြီးမားစွာနဲ့ ဦးနေ၀င်း အသုဘ အခမ်းအနားကို အောက်ပါ အတိုင်း အမိန့် ချခဲ့တယ်လို့ တပ်မတော် အရာရှိကြီး တစ်ဦးက စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ ပြောခဲ့ပါတယ်။

"ဦးသန်းရွှေက ဦးနေ၀င်း အသုဘ အခမ်းအနားကို ရုံးစားပွဲကို လက်သီးနဲ့ ထုပြီး ပြောတယ်ဗျ၊ ဒီပုဂ္ဂိုလ်ကို အလောင်းကို မြေချခွင့်မပေးဘဲ မီးသဂြိုလ်ပြီး ရတဲ့ ပြာမှုန့်ကို ရေမျောလိုက်" လို့ ပြောတယ်ဗျာ။ ဆက်လက်ပြီး တပ်မတော် အရာရှိကြီးက အဲဒီ အစီအမံကတော့ အဘိုးကြီး တစ်ယောက်ရဲ့ တစ်ယောက်တည်း စိတ်ကူးမဟုတ်ဘဲ ဘိုးတော်ရူး ရူးနေတဲ့ ဦးသန်းရွှေသား အစီအမံလည်း ဖြစ်နိုင်တယ်။ အဲဒီ သတင်းလည်း ကြားရော အရင် မဆလ ၀န်ကြီးဟောင်းများက ကန့်ကွက်ခဲ့ပေမဲ့ ဗိုလ်ချုပ် ခင်ညွှန့်ခမျာ ဘယ်လိုမှ မပြောရဲဘဲ လက်ရှောင် နေရတယ်လို့ သိရပါတယ်။ အဲဒီသတင်းကို ပြည်သူ လူထုက တအံ့တသြ ဖြစ်ခဲ့ရပြီး လူထုများရဲ့ တီးတိုးဝေဖန်သံများ ပေါ်ထွက်ခဲ့ပါတယ်။ တချို့က ကိုယ့်ရဲ့ ကျေးဇူးရှင်ကို လုပ်ရက်လေခြင်း ပြောကြသလို တချို့ကတော့ ၀ဋ်ဆိုတာ ဒီဘ၀မှာဘဲ တန်ပြန် သက်ရောက်မှု ရှိတတ်တယ် ဆိုတာ ဖြစ်ပါတယ်။

ယခုဆိုရင် ဒေါ်ခင်စန္ဒာဝင်းနဲ့ ဇွဲနေ၀င်းတို့ လွတ်လပ်ပြီမို့ ဦးသန်းရွှေ အပေါ် ဘယ်လို သဘောထားနဲ့ တုန့်ပြန်သွားမည် ဆိုတာကိုတော့ စောင့်ကြည့်ရမည် ဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

Monday, April 16, 2012

မလေးရှားနိုင်ငံသား အလုပ်ရှင်တို့၏ အိမ်ဖော်၊ အိမ် အကူအလုပ် သမများ အပေါ် မတရားပြုခြင်း နှင့် နှိပ်စက် ညှဉ်းပန်းမှုများ

(မလေးရှားနိုင်ငံအခြေစိုက် Women Aid's Organisation (WAO) မှ စုဆောင်းပြုစုထားသော အိမ်ဖော်တို့၏ ညှင်းပန်းနှိပ်စက်ခံ ဘ၀များနှင့် အလုပ်ရှင် မလေးရှားလူမျိုးတို့၏ သဘောထားများကို Friend Ever မှ မှီငြမ်း ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ မိမိတို့ မြန်မာလူမျိုးတို့၏ဘ၀များ ထပ်မံ မနိမ့်ကျနိုင်စေရန် အတွက် မိမိတို့ တတ်နိုင်သမျှ ၀ိုင်းဝန်း ဆောင်ရွက်ကြပါရန်လည်း အလေးအနက် တိုက်တွန်း အပ်ပါသည်။)

မလေးရှားသည် ပြည်ပအလုပ်သမားများအပေါ် လူသားမဆန်စွာ မတရားပြုမှုများသည် နေ့စဉ်နှင့်အမျှ ပိုမိုဆိုးဝါးလျက်ရှိပါသည်။ အဆိုးဝါးဆုံးမှာ အိမ်ဖော်အလုပ်သမများအပေါ် ယင်းတို့၏ ရက်စက်စွာ ဆက်ဆံမှုများသည် အလွန်ဆိုးဝါးလျက်ရှိသည်ဟု၊ WAO (Women’s Aid Organization) မှ လေ့လာတွေ့ရှိရသည်။ မလေးရှားသည် ပြည်ပမှလာရောက်သော အိမ်ဖော်အလုပ်သမများအပေါ် မတရားညှဉ်းပန်းနှိပ်စက်မှုသည် အခြားနိုင်ငံများထက် ပိုမိုဆိုးဝါးလျက်ရှိပါသည်။ အိမ်ဖော်အလုပ်သမတို့၏ အလုပ်လုပ်ကိုင်ရသော လုပ်ငန်းခွင်သည် အလုပ်ရှင်နှင့် အိမ်တစ်အိမ်တည်းတွင် နေထိုင်ရခြင်း၊ ယင်းတို့အတွက် ကာကွယ်ပေးထားသော ထိရောက်သောဥပဒေကို မလေးရှားအစိုးရမှမထုတ်ပြန်ထားခြင်း၊ ဥပဒေမှာ အလုပ်သမကို ကာကွယ်ခြင်းထက် မလေးရှားနိုင်ငံသားအလုပ်ရှင်များကို ကာကွယ်ပေးထားခြင်း၊ အိမ်ဖော်အလုပ်သမများသည် အခြားအလုပ်သမများနှင့်မတူပဲ အလုပ်လုပ်ရသောနေရာတွင် လုပ်ဖော်ကိုင်ဖက်မရှိခြင်း စသည်တို့ကြောင့် ပိုမို၍ ညှဉ်းပန်းနှိပ်စက်မှုကို ခံစားရပါသည်။

ထို့အပြင် မလေးရှားအစိုးရပိုင်းဆိုင်ရာ ပြည်တွင်းအစိုးရဆိုင်ရာ အလုပ်သမားဌာနတို့၏ ပေါ်လစီများက အိမ်ဖော်အလုပ်သမများအရေးနှင့် အလုပ်ရှင်တို့၏ ညှဉ်းပန်းနှိပ်စက်မှုတို့ကို ကာကွယ်ပေးနေသကဲ့သို့ရှိပါသည်။ WAO မှလေ့လာတွေ့ရှိချက်အရ အလုပ်ရှင်များ၏ အိမ်ဖော်အလုပ်သမတို့အပေါ် မတရားပြုမှုများကို များစွာတွေ့ရှိရသည်။

မလေးရှားရှိ ၂-သန်းကျော်ပမာဏရှိသော ရွှေ့ပြောင်းအလုပ်သမားများအနက် ၁၆၀,၀၀၀ ကျော်မှာ အိမ်ဖော်နှင့် အိမ်အကူလုပ်ငန်းကို လုပ်ကိုင်နေကြသည်။ WAO သည် မလေးရှားနိုင်ငံရှိ ပြည်ပမှလာရောက်လုပ်ကိုင်ရသော အိမ်ဖော်နှင့် အိမ်အကူအလုပ်သမတို့အပေါ် အလုပ်ရှင်များမှ ဆက်ဆံမှုကို အသေးစိတ်လေ့လာခဲ့ရာ အလုပ်ရှင်တို့၏ မတရားညှဉ်းပန်းနှိပ်စက်မှုများကို ပုံစံမျိုးစုံ လေ့လာတွေ့ရှိရပါသည်။ မလေးရှားနိုင်ငံသားအလုပ်ရှင်တို့၏ အိမ်ဖော်နှင့် အိမ်အကူအလုပ်သမများအပေါ် လူမဆန်သော နှိပ်စက်မှုများမှာ စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှု၊ ရုပ်ပိုင်းဆိုင်ရာနှိပ်စက်မှု၊ ပါးရိုက်ခြင်း၊ နားရင်းအုပ်ခြင်း၊ ရိုက်နက်ခြင်း၊ ဆွဲလိမ်ခြင်း စသည်လူမဆန်သော နှိပ်စက်မှုများကို ခံစားကြရပါသည်။ သူတို့သည် တစ်နေ့တစ်နေ့ အလွန်အချိန်ကြာကြာ အလုပ်လုပ်ကြရသည်။ နေ့စဉ် မနက် ၅ နာရီ အိပ်ရာမှထကြရပီး၊ ညဉ့်နက်သန်းခေါင်အထိ အလုပ်လုပ်ကြရပါသည်။ မလေးရှားတွင်လုပ်ကိုင်ကြရသော အိမ်ဖော်နှင့် အိမ်အကူတို့၏ ဘ၀မှာ အလွန်သနားစရာ ကောင်းလှပါသည်။ အစားအစာကောင်းမွန်စွာ မစားရ၍ အဟာရချို့တဲ့ခြင်း၊ အိမ်ရှင်များအတွက် ကောင်းမွန်စွာချက်ပြုတ်ပေးရသော်လည်း၊ သူ့တို့အတွက်မှာ ဆိုးဝါးသော ဈေးပေါသော၊ သူတို့စား၍ မကုန်သော၊ မကောင်းသော အစာများကို ကျွေးမွေးခြင်း စသည်ထိ လူမဆန်စွာ ပြုခံကြရသည်။ အစာကို ၀လင်စွာ မစားရ။ ထို့အပြင် အိမ်ဖော်နှင့် အိမ်အကူ အလုပ်သမတို့သည် ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံခွင့်မရခြင်း၊ သူငယ်ချင်းအပေါင်းအသင်းများနှင့်တွေ့ချိန် စကားပြောချိန်မရခြင်း၊ အလွန်ဆိုးဝါးသော ခြိမ်းခြောက်မှုများအဖြစ် ဥပမာ.. ညအချိန် တောထဲသို့ကားဖြင့် ပို့ဆောင်၍ တစ်ယောက်တည်း ထားပစ်ခဲ့ခြင်း (တစ်ညလုံးပစ်ထားခြင်း)၊ ကြမ်းတမ်းစွာဆိုးဝါးစွာ ခြိမ်းခြောက်ခြင်း၊ စသည်တို့ဖြင့် များစွာသော လူမဆန်မှုများကို ခံစားရပါသည်။ အနည်းဆုံး ၂ နှစ် အိမ်တစ်အိမ်တည်းနေကာ မနက်မိုးမလင်းခင်မှစ၍ ညဉ့်နက်သန်းခေါင်ထိ အလုပ်လုပ်ကိုင်ရသော အိမ်ဖော်နှင့် အိမ်အကူအလုပ်သမ များအပေါ် မလေးရှားအလုပ်ရှင်များမှ ထပ်ဆင့်၍ လူသားမဆန်ရိုင်းစိုင်းစွာ ညှဉ်းပန်းနှိပ်စက်ကြသည်။

အိမ်ဖော်နှင့် အိမ်အကူ အလုပ်သမတို့အပေါ် နှိပ်စက်သည့် အမှုများစွာရှိသော်လည်း မလေးရှားအစိုးရနှင့် သူ့နိုင်ငံသားတို့ကို မည်သည့်မတရားမှု လုပ်သည်ဖြစ်စေ၊ အကာအကွယ်ပေးသော ပြည်တွင်းသတင်းစာများမှလည်း ဇူလိုင်လ ၁၉၉၇ မှ သြဂုတ်လ ၁၉၉၈ ထိ၊ အိမ်ဖော်တို့အပေါ် အလုပ်ရှင်မှ ကျူးလွန်သော အမှု ၁၉-မှုသာရှိကြောင်း ဖော်ပြခဲ့သည်။ ထို့သို့ဆိုလျှင်လည်း အနည်းဆုံး ၃-လတွင် တစ်မှုနှုန်းဖြစ်ပါသည်။ ထိုအမှုများတွင် ပြင်းစွာဒဏ်ရာရအောင် ရိုက်နှက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှု၊ မုဒိန်းမှု၊ မုဒိန်းကျင့်ရန် ကြိုးပမ်းအနိုင်ကျင့်မှု၊ အခန်းကျဉ်းအတွင်း ရက်များစွာ လှောင်ပိတ်ထားမှု (နှစ်မှု)၊ လုပ်ခလစာ မပေးခြင်း (၇-မှု) စသည့်အလုပ်ရှင်တို့၏ အလွန်ဆိုးဝါးစွာ လူမဆန်စွာ နှိပ်စက်မှုမျိုးစုံပါဝင်သည်။ ယင်းမှာ အစိုးရသတင်းစာမှ ထုတ်ပြန်ခြင်းဖြစ်ပီး၊ လူအခွင့်အရေးအဖွဲ့များ၏ လေ့လာတွေ့ရှိချက်မှာ ဤထက်အဆပေါင်းများစွာ ပိုပါသည်။ တစ်ချို့သည် လစာကာလ ကြာရှည်စွာမရ၍ တောင်းခြင်းကြောင့် ရိုက်နှက်ခံရပါသည်။ အချို့အိမ်ဖော်နှင့် အိမ်အကူတို့မှာ အလုပ်ရှင်သာမက အလုပ်အေးဂျင့်များ၏ မတရားညှဉ်းပန်း လူမဆန်မှုများကိုပါ ခံကြရသည်။

အိမ်ဖော်နှင့် အိမ်အကူအလုပ်သမားတို့သည် အောက်ဖော်ပြပါအချက်များကြောင့် မလေးရှားနိုင်ငံသားအလုပ်ရှင်တို့၏ မတရားမှုများကို ခံကြရသည်။

- ဝေးကွာသောပြည်ပနိုင်ငံများမှ မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းများနှင့်ခွဲခွာ၍ လာရောက်လုပ်ကိုင်ရပီး၊ လုပ်ငန်းခွင်တွင်လည်း လုပ်ဖော်ကိုင်ဖက်မရှိ၊ အထီးကျန်ခြင်း။ သူတို့သည် အလုပ်ရှင်၏ အိမ်ထဲတွင်သာနေကြရပီး၊ ပြင်ပပတ်ဝန်းကျင်နှင့် ဆက်သွယ်ခွင့်မရကြ။ ဆက်သွယ်ချိန်မရကြ။ သူတို့ထံ ရောက်ရှိသောစာများ ထိန်းချုပ်ခံရခြင်း၊ ဖုန်းပြောဆိုခြင်းများကို ပိတ်ပင်တားဆီးခြင်း။ ဘာသာစကားအခက်များကြောင့် နားလည်မှုလွဲခြင်းနှင့် လူမျိုးဘာသာမတူ၍ အတွေးအခေါ်ခံစားချက်ကွာဟခြင်း စသည်တို့က ပိုမို၍ အထီးကျန်ဆန်စေခြင်း။

- တိကျသေချာသော အလုပ်သမားဥပဒေဆိုင်ရာခေါ်စာနှင့် ကန်ထရိုက်စာချုပ်များမရှိခြင်း၊ ရှိသော်လည်းထိရောက်စွာ ကာကွယ်မှုမရခြင်း၊ အိမ်ဖော်နှင့် အိမ်အကူအလုပ်သမများကို အလုပ်ရှင်နှင့်အများက အဆင့်နိမ့်သောသူများအဖြစ်သတ်မှတ်၍ ခွဲခြားဆက်ဆံခံရခြင်း၊ အခြားအလုပ်သမားများကဲ့သို့ သတ်သတ်မှတ်မှတ် အလုပ်အကိုင်တစ်မျိုးကိုသာ လုပ်ကိုင်ရခြင်းမဟုတ်ဘဲ အလုပ်ရှင် (အိမ်ရှင်)၏ ခိုင်းစေမှုမှန်သမျှကိုလုပ်ကိုင်ပေးရခြင်း၊ ငြင်းဆန်ခွင့်မရှိခြင်း၊ မလေးရှားအလုပ်အကိုင်ဥပဒေကလည်း အလုပ်ရှင်ကို အကာအကွယ်များစွာပေးထားခြင်း။

- မလေးရှားတို့သည် ပြည်ပမှ လာရောက်လုပ်ကိုင်သူများကို ယင်းတို့ထက် အဆင့်အတန်းနိမ့်ကျသည်ဟု သတ်မှတ်သည့်အပြင် ခွဲခြားဆက်ဆံခြင်း၊ စော်ကားမိုက်ရိုင်းမှုများပြုလုပ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း စသည်တို့ကို ပြုကြခြင်း၊ အလုပ်သမားတို့မှာ လူတစ်ဦးကဲ့သို့ပင် ဆက်ဆံမှုမရခြင်း၊ လူသားတစ်ဦးအဖြစ် စာနာလေးစားမှုမရခြင်း။

မလေးသတင်းစာများမှ မလေးရှားနိုင်ငံသားတို့၏ အိမ်ဖော်နှင့် အိမ်အကူတို့နှင့်ပတ်သက်သည့် ယင်းတို့၏ အခက်ခဲများကို တင်ပြရန်ဖိတ်ခေါ်ခဲ့ရာ အောက်ပါအတိုင်း ပြန်ကြားခဲ့ကြသည်။ (နံပါတ်စဉ်အလိုက် တပ်ထားသည့်အချက်များသည် မလေးရှားအလုပ်ရှင်များမှ ယင်းတို့၏ အိမ်ဖော်၊ အိမ်အကူများနှင့် ပတ်သက်၍ သတင်းစာသို့တင်ပြချက်များဖြစ်ပါသည်။)

၁။ အိမ်ဖော်နှင့် အိမ်အကူတို့သည် အလုပ်စပြီး မကြာမီတွင် ထွက်ပြေးကြသည်။

မလေးသတင်းစာများက ယင်းအချက်နှင့်ပတ်သက်၍ အလုပ်သမတို့၏ အလုပ်ရှင်အပေါ် အခွင့်အရေးယူမှုများ၊ မယုံကြည်ရမှုများကို ယင်းတို့နိုင်ငံသား အလုပ်ရှင်များ တင်ပြသည့်အတိုင်း လေ့လာစမ်းစစ်မှုမရှိဘဲ ပြစ်တင်ဖော်ပြခဲ့သည်။ တစ်ချို့က အလုပ်သမတို့သည် ပျင်းရိကြောင်း၊ အလုပ်မလုပ်လိုကြောင်း ပြောခဲ့သည်။ သို့အတွက်ကြောင့် ထွက်ပြေးကြကြောင်း ပြောခဲ့ပြီး၊ ယင်းတို့၏ အပြုအမူလုပ်ဆောင်ဆက်ဆံမှုများကိုမူ မဖော်ပြဘဲ ယင်းတို့သဘောထားကောင်းလျက်နှင့် ထွက်ပြေးကြသည်ဟု စွပ်စွဲခဲ့သည်။

၂။ အိမ်ဖော်များသည် ယောက်ျားလေးမိတ်ဆွေများစွာ ရှိသည်သာမက အခြားနေရာများတွင် သွားအိပ်ကြ၍ ရောဂါဖြစ်ပွားကြသည်။

စက်တင်ဘာ ၁၂ ရက်နေ့၊ ၁၉၉၇ ထုတ် New Straits Times သတင်းစာသို့ပေးပို့သော အိမ်ဖော်အလုပ်ရှင်တစ်ဦး၏စာတွင် ယင်း၏အိမ်ဖော်သည် ညအခါ အခြားယောက်ျားလေးများနှင့် ပြင်ပတွင်သွားအိပ်နေ၍ ရောဂါရလာပါက ယင်း၏အိမ်သားများ ကူးစက်ခံရမည်ကို စိုးရိမ်ကြောင်း ရေးပို့ခဲ့သည်။ အလုပ်ရှင်များသည် ယင်းတို့၏အိမ်ဖော်များ အိမ်တွင်သာနေ၍ တစ်နေကုန်တစ်ညလုံး၊ အလုပ်ကို မရပ်မနားလုပ်စေလိုပီး၊ အကယ်၍ အကြောင်းကိစ္စ တစ်ခုခု၊ အရေးကြီးကိစ္စ တစ်ခုခုကြောင့် အလုပ်သမက ပြင်ပသို့သွားရောက်ရသည်ကိုပင် ဤကဲ့သို့စွပ်စွဲမှုများတွေ့ရှိရသည်။ သို့သော် အိမ်ဖော် အလုပ်အကိုင်အေးဂျင့် တစ်ဦးက ပြောဆိုသည်မှာ ယောက်ျားလေးမိတ်ဆွေထား၍ အိမ်ရှင်တို့မှ ရိုက်နှက်သည်ဆိုသည်မှာ လိမ်လည်ခြင်းဖြစ်ကြောင်း၊ အမှန်မှာ အိမ်ရှင်တို့၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ထွက်ပေါက်အနေနှင့် တစ်ချို့တစ်လေသာ ယောက်ျားလေးမိတ်ဆွေ ထားလာရကြောင်း ပြောဆိုသည်။

၃။ အိမ်ဖော်များသည် မိမိတို့၏ လင်ယောက်ျားကိုခိုးယူကြသည်။

ဤအချက်မှာ အိမ်ဖော်များကို လိင်ပိုင်းဆိုင်ရာ ကျင့်ဝတ်မရှိဟု အခြေအမြစ်မရှိစွာ စွပ်စွဲပြောဆိုခြင်းဖြစ်ပါသည်။ စက်တင်ဘာ ၁၂ ရက်နေ့၊ ၁၉၉၇ ထုတ် New Straits Times သတင်းစာတွင် ဖော်ပြခဲ့သော စာတစ်စောင်အရ အိမ်ဖော်သည် ယင်း၏ လင်ယောက်ျားနှင့် ဖောက်ပြန်ကြောင်း ပြောဆိုခဲ့သည်။ မေလ ၁၇ ရက်နေ့၊ ၁၉၉၈ The Sun သတင်းစာက အိမ်ရှင်လင်ယောက်ျားသည် ယခင်သူ၏အိမ်ဖော်နှင့် လက်ထပ်သွားသည့် အမှု ၈- မှုရှိကြောင်း ဖော်ပြခဲ့သည်။ သို့သော် သတင်းစာတို့တွင် ဖော်ပြသည်နှင့်ဆန့်ကျင်စွာ၊ အိမ်ရှင်ယောက်ျားသည် အိမ်ဖော်ကို လိင်ပိုင်းဆိုင်ရာ မတရားအကြမ်းဖက်ခြင်း၊ ကြိုးပမ်းခြင်း၊ မုဒိန်းကျင့်ခြင်း၊ အချို့အမှုများတွင် ဆိုးဝါးစွာ ကျင့်ကြံခြင်းများ ပါဝင်သည်။ ထိုကဲ့သို့ သတင်းစာတွင် ဖော်ပြသည့်အမှုများမှာ မှန်ခဲ့သည် ဆိုစေကာမှု၊ အမှန်တကယ် အိမ်ရှင်ယောက်ျားနှင့် ယင်းတို့နှင့်ပတ်သက်သော ယောက်ျားတို့၏ မတရားစော်ကားမှုကြောင့် ဒုက္ခရောက်၊ အသက်ဆုံးရှုံးရသော အိမ်ဖော်အလုပ်သမတို့အမှုအရေအတွက်မှာ အဆပေါင်းထောင်နှင့်ချီ၍ ရှိပါသည်။ (WAO)

၎။ သူမသည် မိမိတို့နိုင်ငံအောက် ယဉ်ကျေးမှုအဆင့်အတန်း များစွာနိမ့်ကျသောနိုင်ငံမှ လာသည်ဖြစ်၍ သူမ၏အကျင့်စရိုက်တို့ကြောင့် မိမိတို့အိမ်ထောင်ရေးဘ၀ ပျက်စီးနိုင်သည်။

မလေးရှားတွင် လုပ်ကိုင်နေသော အိမ်ဖော်နှင့် အိမ်အကူအလုပ်သမတို့မှာ အများအားဖြင့် အင်ဒိုနီးရှား (ယခုအင်ဒိုးနီးရှားအစိုးရမှ မလေးရှားသို့ အိမ်ဖော်အလုပ်သမ ပို့ခြင်းကို လုံးဝပိတ်ပင် ရပ်ဆိုင်းလိုက်ပါပြီ။) နှင့် ဖိလစ်ပိုင်တို့မှ ဖြစ်ကြသည်။ အိမ်ရှင်တို့မှာ ယင်းတို့၏ ကလေးများ မိမိတို့ဘာသာစကားကို အင်ဒိုအသံ၊ ဖိလစ်ပိုင်အသံနှင့် ပြောကျင့်ရသွားမည်ကို စိုးရိမ်ကြောင်း တင်ပြခဲ့သည်။ ထို့ပြင် အိမ်ဖော်တို့၏ မူရင်းနိုင်ငံသည် မိမိတို့ထက် ယဉ်ကျေးမှုနိမ့်သဖြင့် မိမိတို့၏ကလေးများ နိမ့်ကျသောယဉ်ကျေးမှုများ လွှမ်းမိုးခံရမည်ကို စိုးရိမ်ကြောင်း၊ ကလေးနှင့်မိဘအကြား ကွာဟမှုများဖြစ်လာနိုင်ကြောင်း ပြောခဲ့သည်။ ယင်းတို့၏ အစိုးရပိုင်းများကလည်း ဤအချက်ကို ထောက်ခံ၍ အိမ်ဖော်များကို ပညာပေးမှု၊ လေ့ကျင့်ပေးမှုများပြုသင့်ကြောင်း အော်ခဲ့ကြသည်။ ------------
--

(သို့အတွက်ကြောင့် ယခုလက်ရှိ မလေးရှားတို့သည် အင်ဒိုနီးရှားနှင့် ကမ္ဖောဒီးယား နိုင်ငံတို့မှ အိမ်ဖော်နှင့်အိမ်အကူအလုပ်သမားများ ပို့ဆောင်ခြင်းကို ရပ်တန့်ခံလိုက်ရသည့်အတွက် မလေးရှားဝန်ကြီးချုပ်နာဂျစ်သည် မြန်မာနိုင်ငံမှ အိမ်ဖော်အလုပ်သမများရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံလက်ရှိကြံ့ဖွံ့အစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်း အားလုံးတို့သည် တာဝန်သိသိဖြင့် ဤလုပ်ဆောင်မှုကို အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ကြစေလိုကြောင်း လေးစားစွာတိုက်တွန်းရင်း…. ဧပြီလ ၁၄ ရက်နေ့၊ ၂၀၁၂ ခုနှစ်ထုတ် The Star သတင်းစာမှ “မလေးအိမ်ရှင်တို့၏ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့သော ကမ္ဖောဒီးယားနိုင်ငံသူ၊ အသက် ၂၄ နှစ်အရွယ်၊ Mey Sichan ၏ အမှုအသေးစိတ်ကို ထပ်မံစုံစမ်း၍ တင်ပြပေးသွားပါမည်။-----ဘာသာပြန်သူ)

နွားကျောင်းသား (Friend Ever)


မှီငြမ်း......

http://www.wao.org.my/Migrant+Domestic+Workers_54_5_1.htm

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, April 10, 2012

မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ(ဂျပန်)


အကြိမ် ၂၀ မြောက် အစဉ်လာမပျက် ဂျပန်ရောက် မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ စတင်ဖြန့်ချိလိုက်ပါပြီ။

2012 မင်္ဂလာဒိုးအနုပညာ အင်အားစု (ဂျပန်) အဖွဲ့ ၏ရဲရဲတောက်တေးသံချပ်များ 2012ခုရဲ့ မြန်မာပြည် သင်္ကြန်အမှီ တင်ဆက်ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစုမှ နှစ်စဉ် ကျင်းပနေကြ ဂျပန်နိုင်ငံရှိ မြန်မာ့ ရိုးရာ သင်္ကြန် ပွဲ များတွင် တင်ဆက်နေကျ ဒိုးပတ်သံ များဖြင့် နိုင်ငံတကာရောက် မြန်မာမိသားစု များနှင့် မြန်မာပြည်တွင်းမှ အောင်ပွဲရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ထောက်ခံအားပေးနေသော မိဘပြည်သူများအတွက် စိတ်သောကကင်းဝေးနိုင်စေရန် နှင့် ဒုက္ခအပေါင်းမှ ကင်းငြိမ်းစေရန် ရည်ရွယ်ချက်ဖြင့် အစဉ်လာမပျက် တနှစ်တခေါက် အတို့ အထိ ရိ စရာ လေးများနှင့် မှန်မှန်ရောက်ရှိလာတဲ့ မင်္ဂလာဒိုး ရဲ့ သံချပ်များ အများပြည်သူများ ရှေ့မှောက်သို့ ရောက်ရှိလို့  လာခဲ့ပြန်ပါပြီ၊၊

ယခု နှစ်သံချပ်များကို ကိုမျိုး သန့် ၊ကိုသောင်းတို့ မှစီစဉ်ပြီး၊ကိုမျိုးသန့် ၊ကိုသောင်း၊ ခင်ငြိမ်းဆွေ နှင့် ကိုထွန်းဝေတို့ မှရေးသားခဲ့ကြခြင်း ဖြစ်ပါတယ်၊၊ 2012 ယခုနှစ်တွင်လည်း
၁။ အဖွင့်တေးသံ
၂။ပြန်ကြားရေး
၃။ အထွေထွေ
၎။ NLD ကို ဂုဏ်ပြုခြင်း
၅။ အခန်းပြောင်းတေးသံ
၆။ညီညွတ်ရေး
၇။ရန်ပွဲတွေ၇ပ်
၈။ ကုန်ဈေးနှုန်း
၉။သံချပ်ဆင်ဆ
၁၀။ ဂျပန်မှ အပြန်ခရီး
၁၁။ မဟော်သဓာ သားတရားစီရင်ခန်း
၁၂။ကမ္ဘာမကြေ စသည့်

တေးသံချပ်များ ဖြင့် မြန်မာပြည်တွင်းမှ မိဘရဟန်းရှင် ပြည်သူများ ကြည့်ရှု့ နိုင်စေရန်နှစ်စဉ်နှစ်တိုင်း အတာသင်္ကြန် မရောက်ခင်မှာ သံချပ် သီချင်းခွေ ဗွီဒီယိုတွေ ထုတ်လုပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖြန့်ချိခဲ့တာ နှစ်စဉ်နှစ်တိုင်းပင် ဖြစ်ပါတယ်။

မြန်မာပြည်သင်္ကြန်နှင့်အတူ နှစ်စဉ်ဧပြီလတွင်ကျင်းပနေကြ တိုကျိုသင်္ကြန်ပွဲတော်သည် ဧပြီ 15 ရက်(15.4.2012)တွင် ကျင်းပမည်ဟု မြန်မာ့ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဥက္ကဌ ဦးလှိုင်အေး က ပြောကြားခဲ့ပါသည်။

မြန်မာပြည်အလွမ်းပြေ ယိမ်းအကနှင့် ဒိုးပတ်သံများဖြင့်ေ ၀ဝေဆာဆာ မြူးမြူးကြွကြွ တင်ဆက်ထားသည်ကို တွေ့ ရမှာဖြစ်ပြီး မကြာမီအင်တာနက် စာမျက်နှာ များတွင် ဗွီဒီယို ဖြင့်တစ်ဝကြီး
ကြည့် ရှု့နိုင်ရန်စီစဉ်လျက် ရှိပါသည်။ယခုနှစ် တိုကျို သင်္ကြန်ပွဲတော်တွင် လည်း မင်္ဂလာဒိုးမှအဖွဲ့ ဝင် များဖြင့် ခြိမ့် ခြိမ့် သဲ ဖျော်ဖြေမည်ဖြစ်ပြီး

ဦးမျိုး သန့်  080 5063 2509
ကိုထွန်းဝေ 080 3099 1503
kotunwai@gmail.com , tunwai.jp@gmail.com
တို့ ကို ထံ မေးမြန်း ဆက်သွယ်နိုင်ကြောင်းသိရှိရပါတယ်။


သီချင်းများ အကုန်လုံးယူချင်ရင်
မင်္ဂလာဒိုး.rar


တေးသီချင်း သံချပ်များကို ကိုဇေယျာအောင်မှ ရိုက်ကူးတည်းဖြတ်ထားပါသည်။ အောက်ပါလင့်မှနေ၍ သံချပ်များကို တစုတဝေးတည်း ကြည့်ရှုနားဆင်နိုင်ပါတယ်။

http://www.youtube.com/user/kotunwai?feature=watch

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, April 08, 2012

လူထုခြေဖ၀ါးအောက်က လူထုခေါင်းဆောင်တဲ့လား………

လူထုခြေဖ၀ါးအောက်က လူထုခေါင်းဆောင်တဲ့လား………

မလေးရှားမှာရှိတဲ့ မြောက်များလှစွာသော မြန်မာဂျာနယ်တွေထဲက တစောင်ဖြစ်တဲ့ ဟယ်လိုမြန်မာ ရဲ့ မျက်နှာဖုံးခေါင်းစဉ်ပါဆောင်းပါးတပုဒ်ပါ။ စာ၊ နယ်၊ ဇင်း စကားနဲ့ပြောရမယ်ဆိုရင်တော့ အယ်ဒီတာ့အာဘော်ပေါ့။ ခေါင်းစဉ်အပြည့်အစုံကတော့ “လူထုခြေဖ၀ါးအောက်က လူထုခေါင်းဆောင်ကို လူထုကဦးထိပ်တင်ပြီ”တဲ့။ ဆောင်းပါးရဲ့ဆိုလိုရင်းအနေနဲ့ ဘာဖြစ်နိုင်မလဲ ဆိုတာထက် ခေါင်းစဉ်ရဲ့ဆိုလိုရင်းကတော့ ခပ်ရှင်းရှင်းဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က မြန်မာလူထုရဲ့ ခြေဖ၀ါးအောက်မှာ ရှိခဲ့တယ်။ ခုဆိုရင်တော့ အကုန်လုံးက ဦးထိပ်တင်လိုက်ပါပြီပေါ့။

ပထမဆုံးပြောချင်တာကတော့ (ဒါက မောင်ပါလအမြင်ပါ) ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်တုန်းကမှ လူထုခြေဖ၀ါးအောက်မှာ မရှိသလို ဘယ်တော့မှလည်း လူထုဦးထိပ်မှာ ရှိနေမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူထုခေါင်းဆောင်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုရဲ့ခြေဖ၀ါးအောက်မှာလည်းရှိမနေ၊ လူထုရဲ့ဦးထိပ်မှာလည်းရှိမနေဘဲ အမြဲတမ်း လူထုနဲ့တထပ်တည်း၊ တသွေးတည်း၊ တသားတည်း ရှိနေလို့ပါပဲ။

ဒုတိယပြောချင်တာကတော့ “လူထုခြေဖ၀ါးအောက်က လူထုခေါင်းဆောင်ကို လူထုကဦးထိပ်တင်ပြီ” ဆိုတဲ့ခေါင်းစဉ်နဲ့ ပတ်သတ်ပြီး ဟယ်လိုမြန်မာရဲ့ တာဝန်ရှိသူကိုသက်ပြင်းကို ကျနော်ဖုန်းဆက်ဖြစ်ပါတယ်။ ကျနော်တို့ရဲ့အာဘော်ကို ရေးထားတာပါတဲ့။ အဲတော့ ကျနော်ကပြန်မေးပါတယ်။“ကိုသက်ပြင်းတို့အာဘော်ဆိုတော့ ခေါင်းစဉ်အရပြောရရင် ကိုသက်ပြင်းခေါင်းဆောင်တဲ့ ဟယ်လိုမြန်မာက အရင်တုန်းက လူထုခေါင်းဆောင်ကို ခြေဖ၀ါးအောက်မှာထားထားပြီး ခုမှ ဦးထိပ်ပြန်တင်တာလား” လို့။ သူပြန်ဖြေပါတယ် “ကျနော်တို့က ချီးမြှောက်တာပါ” တဲ့ဗျာ။ ဗုဒ္ဓေါရေ………။ သူတို့ချီးမြှောက်ပုံကြီးကလည်း……….။ ပြန်တော့ပြောဖြစ်ခဲ့ပါတယ်။ “ကိုသက်ပြင်းတို့ ဟယ်လိုမြန်မာရဲ့ လူထုခေါင်းဆောင်ကို ချီးမြှောက်ပုံက လူတယောက်ကို ခုံဖိနပ်နဲ့ပါးရိုက်ပြီး ကျနော်က ချီးမြှောက်တာပါဗျာလို့ ပြောသလိုဖြစ်နေပြီ” လို့…………..။ ပြောရရင် ဒီထက်မကပါဘူး။ မျက်နှာဖုံးပါခေါင်းစဉ်က လူထုခေါင်းဆောင်ကို ယခင်စစ်အစိုးရအာဘော်အတိုင်း ပက်ပက်စက်စက်နှိမ်ချထားတာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့အချိန်မှာ အားပေးဝန်းရံနေကြတဲ့ ပြည်သူလူထုအားလုံးကိုလည်း သိသိသာသာ စော်ကားလိုက်တာပါ။

စာပေပိုင်း၊ ဂျာနယ်ပိုင်းအရ အဓိကထားပြီးပြောရရင် ဆောင်းပါး၊ ကဗျာ၊ အက်ဆေး၊ ၀တ္ထုတို၊ ၀တ္ထုရှည် ဘယ်လိုစာပေမျိုးမဆို ရေးတဲ့စာရဲ့ ပဓာနထင်ဟပ်မှုက ခေါင်းစဉ်မှာအရိပ်ထင်ပါတယ်။ လူတွေစိတ်ဝင်စားအောင်၊ ကိုယ်ရေးထားတာတွေအားလုံးကို ခြုံငုံမိအောင် ခေါင်းစဉ်တပ်လေ့ ရှိကြပါတယ်။ အထက်ကပြောခဲ့သလိုပဲ ဆောင်းပါးက လူထုခေါင်းဆောင်ကို ချီးမြှောက်ထားတာပါဆိုရင်တော့ ဒီခေါင်းစဉ်တပ်ခြင်းဟာ ဂျာနယ်တစောင်ရဲ့မိုက်မဲမှု၊ အယ်ဒီတာတယောက်ရဲ့ အသိအမြင်နုံနဲ့မှုပါပဲ။ စာရေးသူတယောက်၊ အယ်ဒီတာတယောက်ဟာ ကိုယ်ရေးထားတဲ့စာနဲ့ ကိုယ်တပ်ထားတဲ့ခေါင်းစဉ် အရှေ့နဲ့အနောက် အဓိပ္ပါယ်ဖြောင့်ဖြောင့်ကြီးကွဲလွဲနေတာကိုမှ မသိဘူးဆိုရင်တော့ အတွေးအခေါ်၊ အသိအမြင် ညံ့ဖျင်းတဲ့အယ်ဒီတာ တာဝန်ခံထားတဲ့ ဂျာနယ်တစောင်ရဲ့အန္တရာယ်ရှိမှုဟာ ဖတ်မိတဲ့လူတွေအတွက် မတွေးဝံ့စရာကောင်းလောက်အောင် အန္တရာယ်ကြီးမားလှပါတယ်။

လူတိုင်းဟာ သူ့အမြင်ကိုယ့်အမြင် ရှိတတ်ကြပါတယ်။ အရင်စစ်အစိုးရကိုကြိုက်လို့၊ စစ်အစိုးရလက်ထက်မှာ စီးပွားရှာရတာကောင်းလို့၊ အချောင်သူဌေးဖြစ်နိုင်လို့ စစ်အစိုးရကိုပဲ လက်ခံမယ်ဆိုတဲ့အမြင်နဲ့ ရေးနေပြောနေတာကြလည်း အလွန်အကျွံမဟုတ်ရင် အတိုင်းအတာတခုအထိ လက်ခံလို့ရပါတယ်။ ဒီလိုအတွေးနဲ့ ဆောင်းပါးထဲမှာ ဘာပဲရေးရေး၊ မျက်နှာဖုံးမှာခေါင်းစဉ်ကို ဆောင်းပါးနဲ့တော်၏မတော်၏ အဓိကမထားဘဲ ကိုယ်လိုရာတပ်ထားတာပါ ဆိုရင်တော့ ဘာမှပြောစရာအကြောင်းမရှိပါဘူး။ မလေးရှားမှာထုတ်နေတဲ့ ဟယ်လိုမြန်မာရဲ့ အာဘော်ဟာ စစ်အစိုးရအကြိုက်လိုက်ရေးတာပါ၊ ကိုယ်ကြိုက်တာကိုယ်ရေးတာပါ လို့ ပြောလိုက်ရုံပါပဲ။ ဂျာနယ်ဖတ်ကြသူတွေအနေနဲ့လည်း သြော်….. ဒီလိုလူမျိုးတွေလည်း ရှိတတ်တာပါလားလို့ လျစ်လျူရှုလိုက်ကြရုံပါပဲ။

မလေးရှားမှာလည်း မြန်မာပြည်သား ခရိုနီအသေးစားလေးတွေ၊ ဗဟုတွေ၊ ရေလိုက်ငါးလိုက်ကောင်တွေ အများကြီးတွေ့တယ်။ အရင်တုန်းကဆို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ သူတို့ဆိုင်သွားထိုင်ရင် ဆိုင်ကိုပဲ သံရုံးက ချက်ချင်းလာပိတ်တော့မလိုလိုနဲ့ ခုဆိုရင် တဆိုင်လုံးကြည့်လိုက် ဒေါ်စုပုံတီရှပ်၊ ဗိုလ်ချုပ်ပုံတီရှပ်တွေ ဝေေ၀ဆာဆာရဲ့ ဘိုးဘေးဘီဘင်အစဉ်အဆက် သူတို့ပဲ အစဉ်တစိုက် စစ်အစိုးရကှိ တော်လှန်လာကြသလိုလို။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အစစ်အမှန်တွေ ဘယ်တော့မှ ချောင်ထဲကကို မထွက်တော့ဘူး။ ဟယ်လိုမြန်မာဂျာနယ်လို ဘယ်ပြပြီး ညာထိုးချင်ကောင်တွေလည်း မနည်းမနောရှိသေးတယ်။ ဒါက မလေးရှားမှာပဲရှိသေးတယ်။ မောင်ပါလဖဘဆို အဲလိုကောင်တွေများလွန်းလို့ သောက်မြင်ကပ်လို့ပိတ်ထားတာ။ ဒါပေမယ့် ဒေါ်စုဟာ ငါတို့မြန်မာပြည်သူတွေအတွက် တကယ်အားကိုးထိုက်သူပါလားဆိုတာ ခုမှ အသိမှန်၊ အမြင်မှန်ရလာတဲ့လူတွေပါလားလို့တွေးပြီး ခပ်ပြုံးပြုံးလေးပဲ ချောင်ကပ်နေခဲ့တာပါ။ ခုပြောချင်လွန်းလို့  ဖဘကို ပြန်ဖွင့်လိုက်တာ။ တော်ပြီ။ နောက်မှဆက်ပြောမယ်။

မောင်ပါလ
၇.၄.၂၀၁၂

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, February 16, 2012

ဖေဖေါ်ဝါရီလ ၁၄ ရက် နေ့က ကျင်းပခဲ့တဲ့ "ကျည်ဆံတွေ အစား ပန်းများပွင့်စေ ငါတို့ချစ်တဲ့ မြန်မာပြေ"

Rock singer Aung La and his band Reason support our Peace Campaign by wearing T- Shirts which was written "Let The Flowers Bloom, But Not Bullets." in their Live Concert on Valentine's Day.
Please see the photos in attached files. And we also would like to share
a poem of one of Generation Wave member.

Moethway
External Affairs Committee
Generation Wave
ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
" ကျည်ဆံတွေအစား ပန်းများပွင့်စေ "

ကြွေခဲ့တဲ့ ကြယ်တွေဟာ
တစ်ကယ်တော့ ကျနော်တို့ရဲ့
လမ်းတွေပါ မေမေ...
ကျခဲ့တဲ့ မျက်ရည်
အပြာရောင် ရနံ့တွေဝေ့လို့
ဘယ်လမ်း လျှောက်လျှောက်
ငြိမ်းချမ်းရေးပဲ မော့သောက်ချင်ခဲ့တာ

ရှင်သူအလောင်းတွေအကြောင်း
သေသူတွေက ရွက်ဆိုပြတဲ့ အခါ
စတေးခဲ့သမျှ ပြန်တွေး
ဖိနပ်ပေါက်နေတဲ့ ခြေထောက်တွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

ရိုးရိုးဖြောင်းဖြောင်း
ကျောအောင့်နေတဲ့ ပြည်သူတွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

မိမဲ့ဖမဲ့ လူမမယ်လေးတွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

ယမ်းငွေ့တွေကြား
နာဖျားခဲ့ရ ဘ၀တွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

အိမ်မက်တွေခြောက်
သားသမီး ပျောက်သွားတဲ့ မိဘတွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

ရင်ခွင်တွေပြို
အနာဂတ်ရေစိုးသွားတဲ့ သားသမီးတွေ အတွက်
စတေးခဲ့သမျှ ပြန်တွေး

ကြွေခဲ့တဲ့ ကြယ်တွေ
ကျခဲ့တဲ့ မျက်ရည်
စတေးခဲ့သမျှ ပြန်တွေး

ကျနော် ငိုနေပြီ မေမေ
စတေးခဲ့သမျှ ပြန်တွေး
စတေးခဲ့သမျှ ပြန်တွေး
ကျည်ဆံတွေအစား ပန်းများပွင့်ပါစေ မေမေ....။

ဘုန်းလူ

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, February 14, 2012

ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အပေါ် အီးယူတုံ့ပြန်မည်

VOA|ဧပြီလ ၁ ရက်နေ့မှာ လုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲရဲ့ လွတ်လပ်မျှတမှုနဲ့ ရလဒ်ကို ကြည့်ကာ မြန်မာပြည်အတွက် ပြုပြင်ပြောင်းလဲမှုတွေ ပိုပြီး တိုးမြင့် လုပ်ဆောင်ပေးသွားမယ်လို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ကော်မရှင်နာမင်းကြီး Andris Piebalgs က ပြောသလို အစိုးရအနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲတွေကို တရားမျှတစွာ ကျင်းပနိုင်ဖို့ကိုလည်း စီစဉ်ထားတဲ့အကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွေမန်းက ပြောပါတယ်။ ဒီကနေ့ နေပြည်တော်မှာ သူတို့ နှစ်ဦးတွေ့ဆုံအပြီး သတင်းထောက်တွေကို အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။ ဒီအကြောင်းကို မသင်းသီရိက တင်ပြထားပါတယ်။


ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မြန်မာနိုင်ငံကို ရောက်လာတဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Andris Piebalgs ဟာ နေပြည်တော်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ဒီကနေ့ မနက်က တွေ့ဆုံပါတယ်။ အဲဒီနောက် သတင်းထောက်တွေကို သူတို့နှစ်ဦး တွေ့ဆုံပြီး သူတို့ ဆွေးနွေးကြတဲ့ မြန်မာ့အရေး အခြေအနေတွေကို ရှင်းပြရာမှာတော့ ဧပြီလ ၁ ရက်နေ့မှာလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတဖို့အတွက် အီးယူက တိုက်တွန်းတယ်ဆိုတာ အပါအ၀င် တိုင်းရင်းသား ဒေသတွင်းက ငြိမ်းချမ်းရေးတွေနဲ့ ပြောင်းလဲမှုတွေနဲ့အတူ တိုးတက်မှုရှိလာတဲ့ မြန်မာ့အရေး အခြေအနေတွေကြောင့် အီးယူက ပိတ်ဆို့မှုတွေကို လျှော့ချပေးထားတယ် ဆိုတဲ့အကြောင်းတွေကို မစ္စတာ Andris Piedalgs က ရှင်းပြခဲ့တယ်လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ပြည်တွင်း သတင်းထောက်တစ်ဦးက ပြောပါတယ်။

“ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ကို စောင့်ကြည့်ချင်တယ်ပေါ့နော်။ အဲဒီလို စောင့်ကြည့်ပြီးတော့ ကောင်းတာနဲ့အမျှ မြန်မာပြည်အတွက် ကောင်းတဲ့ အပြောင်းအလဲကြီးတွေ ဖြစ်လာမယ်လို့ သူက ပြောတယ်။ နောက်ပြီးတော့ လောလောဆယ်မှာလည်း အီးယူ အဖွဲ့ဝင်နိုင်ငံတွေက ပိတ်ဆို့မှုတချို့ကို လျှော့ချဖို့အတွက် သူတို့ စီစဉ်နေပြီလို့ ပြောပါတယ်။ နောက်ပြီးတော့ ယူရိုသန်း ၁၅၀ မြန်မာနိုင်ငံအတွက် ကူညီမယ်ဆိုတာလည်း ပြောပါတယ်။ ငြိမ်းချမ်းရေးအတွက် တော်တော်များများ ရထားတာကို သူတို့ အီးယူအနေနဲ့ ၀မ်းမြောက်ဝမ်းသာ ရှိတဲ့အကြောင်း ကျန်နေတဲ့ ကချင်တို့လို ပဋိပက္ခမှုတွေကိုလည်း အကုန်လုံး ငြိမ်းချမ်းအောင် ဆက်လုပ်သွားဖို့ တိုက်တွန်းကြောင်း ပြောပါတယ်။”

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ကြားဖြတ်ရွေးကောက်ပွဲတွေမှာ တရားမျှတမှု ရှိစေဖို့အတွက် အစိုးရက စီစဉ်ထားတဲ့အကြောင်းတွေကိုလည်း ပြန်ပြီးတော့ ရှင်းပြခဲ့တယ်လို့ သတင်းထောက်က ပြောပါတယ်။

“ကျနော်တို့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ သူ ကတိပေးတာပါ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် သူ ဖြစ်အောင် လုပ်ပါ့မယ်လို့ ကတိပေးတာရယ်၊ နောက်ပြီးတော့ ဒီမိုကရေစီ နိုင်ငံတော်ကို မဖြစ်ဖြစ်အောင် သူ လုပ်သွားမယ်ဆိုတာရယ်၊ အဲဒီလိုလုပ်ဖို့အတွက် လိုအပ်တဲ့ အကူအညီတွေကို အီးယူဘက်ကလည်း ကူညီဖို့ဆိုတာရယ်၊ နောက် ဥရောပပါလီမန် အနေနဲ့ အပြန်အလှန် ကိုယ်စားလှယ်တွေ လေ့လာခွင့်၊ အပြန်အလှန် အကြံဉာဏ်တောင်းခွင့်၊ လိုအပ်တာတွေကို ကူညီခွင့် ကမ်းလှမ်းတာရယ်။ အီးယူဘက်ကလည်း အဲဒီလို ကမ်းလှမ်းပါတယ်။”

ဒါ့အပြင် ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ပတ်သက်လို့ သူတို့နှစ်ဦး ရှင်းပြတာကတော့ -

“သူတို့ပြောတာက အတိုက်အခံ ပါတီတွေက တောင်းဆိုထားတဲ့ အကျဉ်းသားတချို့ ကျန်သေးတယ် ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဦးရွှေမန်းကို မေးတယ်။ ဦးရွှေမန်းကတော့ ပြောတယ်လေ။ သူတို့ NLD ပါတီက တင်ထားတဲ့ စာရင်းအတိုင်းပဲ အားလုံးကို လွှတ်ပေးထားပါပြီတဲ့။ တကယ်လို့ ကျန်နေသေးတယ်ဆိုရင် ထပ် တင်ပေါ့နော်။ ထပ်တင်ရင် သူတို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့ လွှတ်ပေးဖွယ်ရာ၊ “လွှတ်ပေးဖွယ်ရာ” လို့ သူ သုံးတယ်။ လွှတ်ပေးဖွယ်ရာ ရှိတယ်လို့ ပြောပါတယ်။”

ပြည်တွင်း သတင်းထောက်တစ်ဦး ပြောပြခဲ့တာပါ။ ဒီပွဲမှာ သူတို့ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာ တွေကိုသာ ရှင်းပြတာ ဖြစ်ပြီးတော့ သတင်းထောက်တွေဘက်က မေးခွန်းတော့ မေးခွင့်မရဘူးလို့ ပြောပါတယ်။ အဲဒီနောက်ပိုင်း အီးယူအဖွဲ့ဟာ နေပြည်တော်က MICC မှာ ဆင်းရဲမွဲတေမှု လျှော့ချရေး ဆွေးနွေးပွဲတစ်ခုကို မြန်မာနိုင်ငံက စီးပွားရေးပညာရှင်တွေ ဆွေးနွေးနေပါတယ်။ မနေ့ကဆိုရင် မစ္စတာ Piedalgs ဟာ သတင်းထောက်တွေကို အီးယူ ဥရောပ သမဂ္ဂက မြန်မာနိုင်ငံအတွက် ကူညီပေးနေတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စတွေကို တိုးမြှင့်မယ့်အကြောင်းကိုလည်း အခုလို ရှင်းပြခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေး အစီအစဉ်တွေက အောင်မြင်နိုင်တယ်လို့ လူတိုင်းက ယုံကြည်ထားပါတယ်။ အကြောင်းက မြန်မာနိုင်ငံသားတွေ အနေနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို လိုလားကြလို့ပဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂ အဖွဲ့အစည်း အနေနဲ့လည်း ဒီ ဖွံ့ဖြိုးရေး အစီအစဉ်တွေကို လက်ရှိစွမ်းအားနဲ့ စတင် လုပ်ဆောင်ဖို့ အဆင်သင့် ရှိကြပါတယ်။”

ဒါ့အပြင် ပညာရေး၊ ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကဏ္ဍသုံးရပ်နဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့အပိုင်းကိုလည်း ရှင်းပြသွားပါတယ်။

“အခုထိ ကျနော်တို့ ဆွေးနွေးခဲ့တာ ကဏ္ဍ သုံးရပ်ရှိပါတယ်။ တစ်ခုက အသက်မွေးဝမ်းကြောင်းနဲ့ လယ်ယာ စိုက်ပျိုးရေးပါ။ အထူးသဖြင့် သိပ်ကို ဆင်းရဲကြတဲ့ ကျေးလက်ဒေသတွေ အတွက်ပါ။ ဒါ့အပြင် ပညာသင်ကြားခွင့် လက်လှမ်းမှီဖို့နဲ့ ကျန်းမာရေး ဖြစ်ပါတယ်။ အထူးသဖြင့် ငှက်ဖျား၊ အဆုပ်နာရောဂါ၊ အိပ်ခ်ျအိုင်ဗီ ရောဂါတွေ တိုက်ဖျက်ဖို့ ဖြစ်ပါတယ်။ ဒီအစီအစဉ်တွေကို တိုးချဲ့ပေးခြင်းအားဖြင့် လူ သန်းပေါင်းများစွာ အတွက် အထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံကို ရောက်နေတဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ကော်မရှင်နာမင်းကြီး Andris Piebalgs ဟာ မနေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေးနမ်ဘီယား နဲ့အတူ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ တာဝန်ရှိသူတွေအပြင် နိုင်ငံတကာ NGO တွေနဲ့လည်း တွေ့ဆုံပါတယ်။ မနက်ဖြန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ ရန်ကုန်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

စုံတွဲတွေကို အခန်းမဲဖောက်ပေးမယ့် ဖျော်ဖြေပွဲ

တစ်နေ့က လူငယ်လေးယောက် ရောက်လာကြတယ်။ သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ပုံကိုကြည့်ပြီး ကျောင်းသားတွေဖြစ်လိမ့်မယ်လို့ ခန့်မှန်းမိလိုက်တယ်။ ရုပ်ရှည်လေးတွေလည်း သန့်ပြန့်မွန်ရည်ကြတယ်။ သူတို့ကိုယ်သူတို့ မိတ်ဆက်တော့ ရေကြောင်းတက္ကသိုလ်က ကျောင်းသားတွေမှန်း သိရတယ်။

ကြက်သီးထစရာ

'ဗလင်တိုင်းဒေး'လို့ ခေါ်ကြတဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြုလုပ်မယ့်ဖျော်ဖြေပွဲ ကြော်ငြာဆိုင်းဘုတ်ကြီးတွေနဲ့ပတ်သက်ပြီး ပြောချင်ကြလို့ ရောက်လာကြတာပါ။ ပွဲက ကန်တော်ကြီးမျှော်စင်ကျွန်းမှာ လုပ်မှာဖြစ်ပြီး လူငယ်တွေကြား ရေပန်းစားနေတဲ့ လူငယ်အဆိုတော်တွေပါ ၀င်ပါတယ်။ မြို့တွင်း
လူစည်ကားရာနေရာတွေမှာ ကြော်ငြာဆိုင်းဘုတ်ကြီးတွေ ထောင်ထားပါတယ်။ လူငယ်တစ်ယောက်က အသင့်ပါလာတဲ့ အိတ်ဆောင် ကွန်ပျူတာကိုထုတ်ပြီး ကြည့်ပါဦးဆိုပြီး စားပွဲပေါ်တင်လိုက်တယ်။



ပထမပုံတစ်ပုံကိုကြည့်လိုက်တော့ ရေးထားတဲ့စာသားတွေက ကြက်သီးထစရာကောင်းလွန်းလို့ ကိုယ့်မျက်စိကိုယ် မယုံနိုင်လောက်အောင် ဖြစ်ရတယ်။

အရေးယူလိုရတယ်

ပထမဆုံးစုံတွဲ ၅၀၀ အား ဗေ ဒင်တစ်ခါပေးမေးခြင်း၊ နှင်းဆီပန်း၊ ချော့ကလက်များပေးပြီးအလိုက်ဖက် ဆုံးစုံတွဲများအား ပန်းချီပုံဆွဲပေး၍ Dinner စားခွင့်နှင့် အခန်းများကို ကံစမ်းမဲဖောက်၍ ပေးသွားပါမည် 'အဲဒီကြော်ငြာ စာသားတွေဖတ် ပြီး စာဖတ်သူများရော ကြက်သီးမထဘဲ နေနိုင်ပါ့မလားခင်ဗျာ။ ဒီစာသားဟာ ဘယ်အထိ အဓိပ္ပာယ်သက်ရောက်သွားတယ်ဆိုတာ မစဉ်းစားမဆင်ခြင်နိုင်ဘဲ လက်မှတ်များများရောင်းရပြီး အမြတ်များများ ရဖို့သာ လောဘဇောတိုက်နေတာ မဟုတ်ဘူးလား။ ပြောရရင်တော့(ကန်တော့ပါရဲ့)ဆောင်ကြာမြိုင်လုပ်ငန်းကို ပေါ်တင်ကြီးလုပ်မှုနဲ့ အရေးယူလို့တောင် ရနိုင်ပါတယ်။

ပြောင်းလိုက်မှပိုဆိုး

ဒီကြော်ငြာဆိုင်းဘုတ်ကြီး အင်တာနက်ပေါ်တက်လာတော့ ကန့်ကွက်သံတွေညံနေအောင် ထွက်ပေါ်လာတယ်။ ပြည်တွင်းက လူတွေသာမက ပြည်ပရောက်နေသူတွေကလည်း ၀ိုင်းရေးကြတယ်။ အဲဒီကန့်ကွက်သံတွေ ညံလာတော့ ဆိုင်းဘုတ်တချို့က စာသားတွေကိုပြင်ပြီး ရေးလိုက်တယ်။ တချို့မပြင်ဘဲ ကျန်နေတာတွလည်း ရှိတယ်။ ပြင်ရေးလိုက်တာက -'ပထမဆုံးစုံတွဲ ၅၀၀ အား ဗေဒင် တစ်ခါပေးမေးခြင်း၊ နှင်းဆီပန်း၊ ချော့ကလက်များပေး၍ Dinner စား ခွင့်နှင့် ချောင်းသာခရီးစရိတ်ငြိမ်း (အခန်းခ၊ စားစရိတ်၊ ကားခ) ငါးဦးကို ကံစမ်းမဲများဖောက်ပေးသွားပါမည်။ ကံစမ်းမဲတစ်စောင်ပေါက်လျင် နှစ်ဦးသွားခွင့်ရှိသည်' လို့ဖြစ်တယ်။

ပိုက်ဆံတွေအလကားရသလို

ပြင်လိုက်မှပိုဆိုးသွားသေးတယ်။ တစ်ခါတည်း 'ဟန်းနီးမွန်း' ထွက်ခိုင်းလိုက်သလို ဖြစ်သွားတော့တယ်။ သားသမီးရှိတဲ့မိဘတိုင်း ရင်လေးမိကြမှာ အမှန်ပဲ။ ပိုက်ဆံတွေအလကား ရသလိုရချင်တိုင်းရနေတဲ့ လူ့အသိုင်းအ၀ိုင်း ကလေးတစ်ခုအတွင်းမှာ ဖြစ် ချင်သလိုဖြစ်နေကြတဲ့ သတင်းတွေ ကြားနေရတာကြာပြီ။ သူတို့အသိုင်းအ၀ိုင်းအတွင်းမှာ ဖြစ်နေတာပဲဆိုပြီး သိပ်မစိုးရိမ်ခဲ့ဘူး။ အခုတော့ ဗြောင်ကျကျ မြို့လယ်ကောင်မှာ ဆိုင်းဘုတ်ကြီးတွေထောင်ပြီးတောင် ကြော်ငြာတာကတော့ အတင့်ရဲလွန်းရာ ကျတယ်။ ဒီစရိုက်မျိုးတွေ တစ်စထက် တစ်စ ကျယ်ပြန့်သွားမှာ စိုးရိမ်မိတယ်။
လွတ်လပ်မှုဆိုတိုင်း စည်းကမ်းမရှိဘူးလို့တော့ မယူဆနဲ့။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး ကျင့်သုံးတယ်ဆိုတဲ့ နိုင်ငံတိုင်းမှာ 'ကိုယ်ကျိုးစီးပွားကာကွယ်ရေး' မူဝါဒတွေ၊ ဥပဒေတွေ ရှိကြတယ်။ ၀င်ချင်တိုင်း ၀င်လာတာတွေကို ခွင့်မပြုဘူး။ သူတို့နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ မထိခိုက်အောင် တားသင့်တာတား၊ ပိတ်သင့်တာ ပိတ်လုပ်ပေးကြရတယ် ...

ကန်ပေါင်ပေါ်ကစုံတွဲ

ကျယ်ပြန့်သွားမှာစိုးရိမ်ကြောင်းပြောတော့ လူငယ်တစ်ယောက်က အင်တာနက်မှာတွေ့ရတဲ့ ပုံတစ်ပုံအကြောင်းပြောပြတယ်။ အင်းယားကန်ပေါင်ပေါ်မှာ စုံတွဲတစ်တွဲ မျက်နှာချင်းအပ်ပြီး နှုတ်ခမ်းချင်း ဂဟေဆက်နေပုံကို တင်ထားတယ်တဲ့။ ပုံ အောက်မှာ ဝေဖန်ရှုတ်ချတဲ့စာတွေရေးကြတော့ ဒါလောက် အမြင်ကျဉ်းရသလား၊ ဘယ်သူ့ကိုမှ ထိခိုက်အောင် လုပ်တာမဟုတ်လို့ ကိုယ်မကြိုက်လည်း သည်းခံရမှာပေါ့။ ဒါသူတို့ရဲ့ လွတ်လပ်ခွင့်ပဲလို့ ပြန်ရေးသူက ရေးသတဲ့။ ကဲ စာဖတ်သူများရော ဘယ်လိုသဘောထားပါသလဲ။ ကိုယ့်သားသမီးဆိုရင် ဒါမျိုးမလုပ်ဖို့ တားမြစ်မှာလား၊ ခွင့်ပြုထားမှာလား။

ကူးလူးယှက်နွှယ်နေကြတယ်

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ကူးသန်းရောင်ဝယ်မှုတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်ကြသလို၊ ယဉ်ကျေးမှုတွေလည်း နိုင်ငံတစ်ခုနဲ့တစ်ခု အပြန်အလှန် လွတ်လွတ်လပ်လပ် ကူးလူးယှက်နွှယ်နေကြမှာဖြစ်တယ်။ ဒါကို ဘယ်လိုမှပိတ်ပင်တား ဆီးလို့မရဘူး။ ပြုလည်း မပြုအပ်ဘူး။ ဒါပေမဲ့ လွတ်လပ်မှုဆိုတိုင်း စည်းကမ်းမရှိဘူးလို့တော့ မယူဆနဲ့။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး ကျင့်သုံးတယ်ဆိုတဲ့ နိုင်ငံတိုင်းမှာ 'ကိုယ်ကျိုးစီးပွား ကာကွယ်ရေး' မူဝါဒတွေ ဥပဒေတွေရှိကြတယ်။ ၀င်ချင်တိုင်း ၀င်လာတာတွေကို ခွင့်မပြုဘူး။ သူတို့နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေမထိခိုက်အောင် တားသင့်တာ တား၊ ပိတ်သင့်တာ ပိတ် လုပ်ပေးကြရတယ်။

သဘာဝချစ်သူများ

အိမ်ထောင်သားမွေး၊ လူရေးလူမှုကိစ္စတွေမှာ အင်မတန်လွတ်လပ်တဲ့ အနောက်နိုင်ငံကြီးတွေမှာ 'သဘာဝချစ်သူများ' အဖွဲ့ (Nature Society) ဆိုတာမျိုးတွေရှိကြတယ်။ အဲဒီအဖွဲ့တွေက သီးသန့်သတ်မှတ်ထားတဲ့ တောအုပ်ကနေရာမျိုး၊ ဒါမှမဟုတ် ပန်းခြံမျိုးမှာ အ၀တ်အစားမ၀တ်ကြဘဲ သဘာဝအတိုင်းနေထိ၊ လေထိခံကြတယ်။ ကျန်းမာရေး လေ့ကျင့်ခန်းတွေ လုပ်ကြတယ်။ သူတို့ရဲ့ သီးသန့်နေရာတွေမှာ သူတို့ကြိုက်သလို နေကြ ထိုင်ကြတာကို ဘယ်သူကမှ ပိတ်ပင်တားဆီးမလုပ်ဘူး။ ဒါပေမဲ့ သီးသန့်နေရာက အပြင်ထွက်လာပြီး လမ်းတွေပေါ်မှာ အ၀တ်မပါ၊ ဗလာ ကိုယ်ချည်းလျောက်သွားရင်တော့ Decency Act ဆိုတဲ့ ယဉ်ကျေးမှု အက်ဥပဒေတစ်မျိုးမျိုးနဲ့ အရေးယူ တရားစွဲခံရပါတယ်။

မတင့်တယ်တဲ့ကိစ္စ

ဒီယဉ်ကျေးမှု အက်ဥပဒေဆိုတာက နိုင်ငံတစ်ခုနဲ့တစ်ခု၊ ကွဲပြားခြား နားမှုရှိကြတယ်။ Decent ဖြစ်တယ်။ ယဉ်ကျေးတယ်ဆိုတဲ့ စကားကို အဓိပ္ပာယ်ဖွင့်တဲ့အခါမှာ နိုင်ငံတစ်ခုနဲ့တစ်ခု လူမျိုး တစ်မျိုးနဲ့တစ်မျိုး၊ နောက်ခံယဉ်ကျေးမှု ဓလေ့စရိုက်ကွာ ခြားရင် ကွာခြားသလောက် မတူ မတူကွဲပြားသွားကြတယ်။ အနောက်တိုင်းယဉ်ကျေးမှုအရ လူမြင်ကွင်းမှာ ယောက်ျားနဲ့မိန်းမ ဖက်ယမ်းနမ်းရှုံ့လုပ်တာကို မတင့်တယ်တဲ့ကိစ္စလို့ သဘောမထားကြဘူး။ မြန်မာအပါအ၀င် အရှေ့တိုင်းဓလေ့စရိုက်အရ တော့ ဒီလိုလုပ်တာဟာအများအမြင်မှာ မတင့်တယ်တဲ့ မဖွယ်မရာကိစ္စလို့ သဘောထားကြတယ်။

တင်းတင်းကြပ်ကြပ်ကာကွယ်ထား

အိမ်နီးချင်းနိုင်ငံအတော်များများမှာ အနောက်ယဉ်ကျေးမှုတွေကို လက်ခံကျင့်သုံးသူတွေ တစ်နေ့တခြား များသထက်များလာပေမယ့် မြန်မာတွေကတော့ အတော်လေး တင်းတင်းကြပ်ကြပ် ကာကွယ်စောင့်ရှောက် ထားကြတယ်။ ဒီလို ကာကွယ်စောင့် ရှောက်ထားတဲ့ကြားက ဒီလောက် ပြောင်ပြောင်တင်းတင်းနဲ့ လက်ရဲ ဇက်ရဲ လုပ်ရဲလာကြတာတွေ့ရတော့ အတော်ကြီးကို အလန့်တကြား ဖြစ်သွားရတယ်။ လူငယ်တွေအတွက် စိုးရိမ်သလို တိုင်းပြည်ရဲ့အနာဂတ်ကိုလည်း တွေးပြီးရင်လေးမိတယ်။

အားသစ်တွေတိုးလာတယ်

ဒါပေမဲ့ဒီစိုးရိမ်စိတ်က ချက်ချင်းပျောက်သွားတယ်။ ဟေးလားဝါးလားနဲ့ ပေါက်လွှတ်ပဲစားနေကြတဲ့ လူငယ်မျိုးက များများစားစားရှိတာ မဟုတ်ပါဘူး။ အထက်မှာရေးခဲ့သလို ပိုက်ဆံကို အလကားရသလို၊ ရ ချင်တိုင်းရနေတဲ့ လက်တစ်ဆုပ်စာ ရေပေါ်ဆီ အသိုင်းအ၀ိုင်းထဲမှာပဲ ရှိနေတာဖြစ်တယ်။ အခုဒီကိစ္စလာပြောပြတဲ့ သန့်သန့်ပြန့်ပြန့် လူငယ်လေးတွေလို၊ လူငယ်တွေက တစ်နိုင်ငံလုံးအနှံ့ သန်းပေါင်းများစွာ ရှိနေကြတယ်။ ဒီလူငယ်လေးတွေ က အမြင်မတော်တာကို လက်ပိုက်ပြီးငုတ် တုတ်ထိုင် ကြည့်နေကြမှာမဟုတ်ဘူး။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို သူတို့အကောင်းဆုံး ကာကွယ်စောင့်ရှောက်ကြမှာ သေချာတယ်။ ရေကြောင်း တက္ကသိုလ်က လူငယ်လေးယောက်ကိုကြည့်ပြီး အားသစ်တွေ တိုးလာတယ်။ တိုင်းပြည်ကို သူတို့လူငယ်တွေလက်ထဲ အမြန်ဆုံးထည့်ပေးလိုက်ချင်စိတ်တွေ တဖွားဖွား ပေါ်လာပါတော့တယ်။
http://news-eleven.com/

အပြည့်အစုံသတင်းဖတ်ရန်....

လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း

VOA|စစ်မှန်တဲ့ပြည်ထောင်စုကို လက်တွေ့ တည်ဆောက် အကောင်အထည် ဖော်နိုင်မယ့် အခြေအနေတွေ တွေ့နေရပြီ ဆိုပြီး ဒီကနေ့ (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန် ကတော့ ပြည်ထောင်စုအတွက် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ မြန်မာပြည် တ၀ှမ်းက ပြည်ထောင်စုနေ့ အခမ်းအနားတွေ အပြင် လက်တလော တိုက်ပွဲတွေ ဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကေအိုင်အိုက ဘယ်လို တုံ့ပြန် ပြောကြားလိုက်သလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ဟာ ၁၉၉၈ ခုနှစ် နောက်ပိုင်းမှာ လက်တွဲမဖြုတ်ဘဲ မြန်မာ့ နိုင်ငံရေးလောကမှာ အတူလက်တွဲ လုပ်ဆောင်နိုင်ခဲ့တာကို ကြည့်ရင် တကယ် စစ်မှန်တဲ့ ပြည်ထောင်စုကြီးကို တည်ထောင်နိုင်တယ်ဆိုတာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ယုံကြည်မှု ရှိတယ် ဆိုပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာ ပြုလုပ်တဲ့ (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ပြောသွားပါတယ်။ ဒီတိုင်းရင်းသား အဖွဲ့အစည်းတွေဟာ ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ပါတီဖျက်သိမ်းခံရတာတွေ ဖမ်းဆီးခံရတာတွေ ရှိနေပေမဲ့ အန်အယ်လ်ဒီနဲ့ တသားတည်း ရပ်တည်ခဲ့ကြတယ်လို့လည်း ပြောသွားပါတယ်။ ဒါ့အပြင် စစ်မှန်တဲ့ ပြည်ထောင်စုကို ဘယ်လို သွားကြမလဲ ဆိုတာကိုလည်း အခုလို ပြောဆိုလိုက်ပါတယ်။

“ပင်လုံစာချုပ်ကို အခြေခံဟာ ပြည်ထောင်စု တိုင်းရင်းသား အားလုံးကြားထဲမှာ ယုံကြည် စိတ်ချမှု၊ တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှု၊ တစ်ဦးပေါ်တစ်ဦး သစ္စာရှိမှုအပေါ်မှာ အခြေခံတာပါ။ ဒါကြောင့် အခုထိ တိုင်းရင်းသားများက နောင် ပြည်ထောင်စုတစ်ခုကို၊ နောင် စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုတစ်ခုကို တည်ထောင်ဖို့ ဆိုတာဟာ ပင်လုံစာချုပ်ရဲ့ စိတ်ဓါတ်၊ ပင်လုံစာချုပ် အပေါ်မှာ အခြေခံရမယ်လို့ ထပ်တလဲလဲ ပြောနေတာ ဒီဟာတွေကြောင့် ဖြစ်တယ်လို့ ကျမတို့ ထင်ပါတယ်။”

တိုင်းရင်းသား ပါတီတွေလည်း ဒီကနေ့ ရန်ကုန်မြို့တော်မှာ ပြည်ထောင်စုနေ့ အထိမ်အမှတ်ပွဲ ကျင်းပခဲ့ကြပါသေးတယ်။ ညနေပိုင်းမှာ ကျင်းပတဲ့ ဒီပွဲကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ပါတီတွေနဲ့ ဆွေးနွေးခဲ့ကြတယ်လို့လည်း ရခိုင်တိုင်းရင်းသား ပါတီက ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ပင်လုံညီလာခံက မျှော်မှန်းခဲ့တဲ့အတိုင်း ဒီကနေ့ ရောက်နေသလား၊ မရောက်ဘူးလား ဆိုတာကို ပြန် သုံးသပ်ဖို့လိုတယ် ဆိုတာကို ကိုယ့်အမြင် သူ့အမြင်နဲ့ သုံးသပ် ဝေဖန်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောတဲ့အခါမှာလည်း စစ်မှန်တဲ့ ပြည်ထောင်စုကို ကျမတို့ တည်ဆောက်ဖို့ လိုပြီဆိုတာကို သူ ညွှန်း ဖော်ပြသွားတာ တော်တော်လည်း တိုင်းရင်းသားတွေ လက်ခုပ်သြဘာ တီးကြပါတယ်။”

နိုင်ငံတော် စစ်တပ် အင်အားကို ခိုင်မာတောင့်တင်းအောင် သားစဉ်မြေးဆက် တည်ဆောက်ထားဖို့ စစ်တပ် အင်အား မကောင်းရင် တိုင်းရင်းသား ပြည်သူတွေ အနေနဲ့ အင်အားကြီး နိုင်ငံတွေရဲ့ အနိုင်အထက် ပြုကျင့်တာကို ခံရမှာ ဖြစ်တယ်၊ ဒါကြောင့် မြန်မာ့ တပ်မတော်ကို ခေတ်မီတပ်မတော် ဖြစ်အောင် ဖွဲ့စည်းတာမှာ တိုင်းရင်းသား အားလုံး ပါဝင် လုပ်ဆောင်ရမယ်လို့ ဒီကနေ့ ပြည်ထောင်စုနေ့ သ၀ဏ်လွှာ အဖြစ်နဲ့ သမ္မတ ဦးသိန်းစိန်က ပြောကြားပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ကြဖို့လည်း သူက တိုက်တွန်းထားတာပါ။

ကချင် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင်းကတော့ မြန်မာ အစိုးရက ပြောဆိုနေတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်လိုတယ် ဆိုတာကို သံသယ ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

“မနှစ်တုန်းက မတ်လ ၃၀ ရက်နေ့ကနေ ဒီအစိုးရ တက်လာတယ်။ အဲဒီနေ့ကနေ စပြီးတော့မှ ငြိမ်းချမ်းရေးက သူ ပြောနေတာပဲ။ နောက် တပြည်လုံးက လူတွေကိုလည်း ခေါ်တယ်။ နောက် သူ့ရဲ့စစ်ဗိုလ်ချုပ်တွေကိုလည်း အမိန့်ပေးတယ်။ အပစ်အခတ် ရပ်စဲဖို့ရာ ပြန်ပြီးတော့ ခေါ်ယူဖို့ ဆိုပြီးတော့ အဲဒီ အမိန့်ပေးတဲ့ စစ်တပ်တွေကတော့ ပိုပြီးတော့ ပို့တယ်၊ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ကျနော်တို့ဘက်မှာ ဘယ်လောက် အချင်းချင်း သတ်ဖြတ်ကြသလဲ။ အဲဒီတော့ သူကတော့ နေပြည်တော်မှာ အော်နေတယ်။ ပြည်ထောင်စု စိတ်ဓါတ် မွေးမြူပြီးတော့မှ ကျနော်တို့ တိုင်းပြည်ဟာ ငြိမ်းချမ်းလာတာကို ကျနော်တို့ မြင်ချင်ပါတယ်။ ငြိမ်းချမ်းလာတာကို ကျနော်ကတော့ ခံစားရတာ မျက်စိအားဖြင့်သော်လည်းကောင်း ခံစားချက်ကို လိုချင်ပါတယ်။ ဒါကြောင့် ကျနော်တို့က လွန်ခဲ့တဲအချိန်ကို ထားလိုက်ပါ။ အခု ပြည်ထောင်စုနေ့ကစပြီး ရှေ့ရှုပြီးတော့မှ အပြောနဲ့အလုပ် လက်တွေ့ ညီပါစေ။”

ဒီအစိုးရ တက်လာပြီးတဲ့ နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီမှုတွေ ရရှိထားပေမဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကေအိုင်အိုနဲ့တော့ အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက် ပျက်ပျယ်ခဲ့ပြီး စစ်ရေး တင်းမာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, February 04, 2012

ဗိုလ်ကြီးဟောင်းနေမျိုးဇင် အပြစ်မရှိကြောင်း တရားရုံးဆုံးဖြတ်

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ အကျဉ်းဦးစီးဌာနကနေ အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ အရ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တရားစွဲဆိုထားတဲ့ တရားမဝင်ပစ္စည်း ခိုးသွင်းမှုကို ဒီကနေ့မှာ အင်းစိန်မြို့နယ်တရားရုံးကနေ အပြစ်မရှိကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။


ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပြီးခဲ့တဲ့လက နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့နေ့မှာပဲ ပုဒ်မ ၄၂ နဲ့ ပြန်ပြီးတော့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့ကို အပြစ်မရှိကြောင်း တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်း အခြေစိုက်၊ ဗွီအိုအေ သတင်းထောက် မအေးမာက တင်ပြပေးထားပါတယ်။





ပြည်တဲရေးဝန်ကြီးဌာနလက်အောက်၊ အကျဉ်းစီးဦးဌာနကနေ တရားလိုလုပ် တိုင်ကြားပြီး အမှုဖွင့် ခဲ့တာကတော့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ဟာ ဗိုလ်ချုပ်အောင်ဆန်းပုံပါ အင်္ကျီနဲ့ ဒေါ်အေင်ဆန်းစုကြည်ပုံပါ သော့ချိတ်ကို အင်းစိန်ထောင်ထဲ ယူဆောင်လာတယ်ဆိုပြီး အမှုဖွင့် တရားစွဲခဲ့တာပါ။


ဒီနေ့တရားရုံးထုတ်ချိန်မှာ အင်းစိန်မြို့နယ်တရားရုံးကနေ အပြစ်မရှိဘူးဆိုတဲ့အမိန့်ကိုချမှတ်ခဲ့တယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။


“အင်းစိန်မြို့နယ်တရားရုံးမှာပါ။ တရားသူကြီးရဲ့ တရားခွင်မှာ NLD ပါတီဝင်လူငယ်တွေရော၊ စိတ်ပါဝင်စားတဲ့ သူတွေရော တော်တော်များများလာရောက် နားထောင်ပါတယ်။ နောက် တရားသူကြီးက စတင်ဖတ်ကြားပါတယ်။ လျှောက်လဲချက်တွေနဲ့ စွဲဆိုချက်တွေကိုတော့ မပြောတော့ပါဘူးတဲ့- မပြောတော့ဘဲနဲ့ သုံးသပ်ချက်နဲ့ အမိန့်ကိုပဲ ဖတ်ပြပါတယ်။ သုံးသပ်ချက်ကို ဖတ်ပြရာမှာလည်း တရားလို အရာရှိတွေ တင်သွင်းလာတဲ့ ဗိုလ်ချုပ်ပုံပါတဲ့ အင်္ကျီတွေ၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ သော့ချိတ်တွေဟာ တရားမဝင်ဘူးဆိုတဲ့အကြောင်း လုံလောက်တဲ့ အထောက်အထားမရှိပါဘူး၊ နောက်ပြီး ဥပဒေပုဒ်မတွေလည်း မရှိပါဘူးတဲ့။ အကျဉ်းထောင်တွေထဲမှာ ပြဌာန်းထားတဲ့အထဲမှာလည်း မပါပါဘူးတဲ့။


ပြီးတော့ ကျနော်က သူတို့စွပ်စွဲသလို ခိုးသွင်းဖို့ ကြိုးစားတာ မဟုတ်တဲ့အပြင် ဒီပစ္စည်းတွေကလည်း တရားမဝင်ပစ္စည်း မဟုတ်ဘူးဆိုပြီးတော့ ပေါ်လွင်ထင်ရှား တွေ့ရှိရတဲ့အတွက်ကြောင့် ကွင်းလုံးကျွတ် လွှတ်လိုက်ပါတယ်တဲ့။ ကျနော်အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပါတယ်တဲ့”


ဒါဟာ ပြည်တဲရေးဝန်ကြီးဌာနလက်အောက်မှာ တရားရုံးကနေ အပြစ်မရှိဘူးလို့ ဆုံးဖြတ်တာဟာ ဖြစ်တောင့်ဖြစ်ခဲ အမှုကိစ္စ ဖြစ်ပြီး သူရဲ့အမှုဟာ ပထမဦးဆုံးတောင် ဖြစ်နိုင်တယ်လို့ ကိုနေမျိုးဇင်က ပြောပါတယ်။


“ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းယန္တရားကနေ တရားလိုပြုပြီးတော့ စွဲတင်တဲ့အမှုမှာ တရားခံအဖြစ် စွပ်စွဲခံရသူ လွတ်တယ်ဆိုတာ မရှိသလောက် ရှားခဲ့ပါတယ်- ကျနော်တို့ သမိုင်းမှာ။ ကျနော်သိ သလောက်ပေါ့နော် - ကျနော် ထမဆုံးပဲ ဖြစ်မလားတော့ မသိပါဘူး။ ပြည်ထဲရေးဝန်ကြီးဌာနက စွဲဆိုတဲ့ အမှုတခုကို တရားရုံးက အပြစ်မရှိကြောင်းဆိုပြီးတော့ ကွင်းလုံးကျွတ် လွှတ်လိုက်တဲ့အမှုဟာ။ ကျနော်တို့ ဝမ်းမြောက်ပါတယ်။ ဂုဏ်ယူပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရင်ထဲမှာ ကျနော်တို့ေ လးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီးတော့ တရားမဝင်ဘူးလို့ သုံးနှုံးစွပ်စွဲလာတာကိုခံရတဲ့ အမှုကြီးပေါ့နော်”


တရားမဝင် ပစ္စည်းလို့ အကျဉ်းထောင်က သတ်မှတ်ခဲ့တာက ဗိုလ်ချုပ်အောင်ဆန်းပုံ ပါတီရှပ်နဲ့ ဒေါ် အောင်ဆန်းစုကြည်ပုံပါ သော့ချိတ်ဖြစ်နေတဲ့အတွက် ဒါဟာ မဖြစ်သင့်တဲ့အမှုဖြစ်တဲ့အတွက် ပြစ်ဒဏ်ကနေ လွှတ်ပေးလိုက်တယ်လို့ ယူဆတယ်လို့လည်း ပြောပါတယ်။


“အားလုံး အထွေထွေ ပါပါလိမ့်မယ် ခင်ဗျ၊ အားလုံးက ဝိုင်းဝန်း စိတ်ဝင်တစား စောင့်ကြည့် နေတာလည်း ပါပါတယ်။ ပြီးတော့ ဒီအမှုဖြစ်စဉ်ကိုကလည်း မဖြစ်သင့် မဖြစ်ထိုက်တဲ့အကြောင်း တရားသူကြီးတွေ ကိုယ်တိုင်ကလည်း လေးလေးနက်နက် ယုံကြည်တာလည်း ပါပါမယ်။ တရားသူကြီးတွေမှာ ချုပ်ခြယ်လွှမ်းမိုးခံရခြင်း မရှိဘဲ လွတ်လပ်စွာ၊ တည့်မတ်စွာစီရင်ပိုင်ခွင့် သူတို့မှာ ရရှိသွားလို့လည်း ပါပါမယ်ခင်ဗျ”


မြန်မာနိုင်ငံရဲ့တရားစီရင်ရေး မဏ္ဍိုင်တည့်မတ်စေဖို့အတွက် မတရားပြစ်ဒဏ်ချထာတဲ့အမှုတွေကို လည်း ဆက်လက်စိစစ်ပေးဖို့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က တောင်းဆိုပါတယ်။


“အစိုးရသစ်ရဲ့လက်ထက်မှာ ကျနော်ဟာ ပထမဆုံး အဖမ်းခံရတဲ့ နိုင်ငံရေး အကျဉ်းသားလည်း ဖြစ်ခဲ့ ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်တဲ့နေ့မှာပဲ နောက်တမှုနဲ့ အစွဲခံရပြီးတော့ ထပ်ပြီးအစွဲခံရ သူလည်း ဖြစ်ပါတယ်။


ဒါပေမယ့် အခု ၂ ပတ်ကျော် အကြာမှာပေါ့- နောက်ဆုံးစီရင်ချက် ချတဲ့ အချိန်မှာ ကျနော့်ကို ကွင်းလုံးကျွတ် လွှတ်လိုက်တယ် ဆိုတဲ့ အတွက်ကြောင့် ဒီ လပိုင်း အတောအတွင်းမှာ တရားစီရင်ရေး မဏ္ဍိုင်အနေနဲ့တော့ တည့်မတ်မှန်ကန်လာတယ်၊ ဆုံးဖြတ်ချက်တွေ မှန်ကန်လာတယ်လို့တော့ ပြောချင်ပါတယ်။


ဒါပေမယ့် ဆုံးဖြတ်ခဲ့ပြီးသော အမိန့်များ- အဲဒါက လက်ရှိ ထောင်ထဲမှာ လက်ရှိ အကျဉ်းကျခံနေရတဲ့ အမှုများကို၊ တရားစီရင်ရေးစနစ်ဟောင်းမှာ ဖမ်းဆီးထားခံရတဲ့သူများကို ပြန်လည်စစ်ဆေး ဖော်ထုတ်ပြီးတော့ မတရား ဖမ်းဆီးထားခံရသူများအရေးကိုလည်း အစိုးရသစ်အနေနဲ့ ဆောင်ရွက်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိဖြစ်နေတဲ့ အမှုတခုခုကို မှန်ကန်စွာ ဆုံးဖြတ်လိုက်ရုံနဲ့ တရားစီရင်ရေး မဏ္ဍိုင် တည့်မတ်သွားမှာ မဟုတ်ပါဘူး”


ဗိုလ်ကြိးဟောင်းနေမျိုးဇင်ဟာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေနဲ့ ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခံရပြီး မကြာခင်ကမှ ပြန်လွတ်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်ပါတယ်။


သူဟာ သွေးအကူအညီပေးရေးနဲ့ တခြား လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်ရင်း အဖမ်းဆီးခံခဲ့ရပြီး နောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ပြန်လွတ်လာခဲ့ပြီး ဒီအမှုကတော့ ပြန်လွတ်တဲ့နေ့မှာပဲ တရားစွဲဆို ခံခဲ့ရတဲ့အမှုလည်း ဖြစ်ပါတယ်။


နားဆင်ရန်


source by :
http://www.voanews.com

အပြည့်အစုံသတင်းဖတ်ရန်....

Friday, January 27, 2012

တိုကျိုတွင် လာမည့် ၄ နှစ်အတွင်း ငလျင်ကြီးများ လှုပ်ခတ်နိုင်ဟုဆို

Planet |ဂျပန်နိုင်ငံ၏ မြို့တော် တိုကျိုသည် လာမည့် (၄)နှစ်အတွင်း အလွန်အင်အားကြီးမားသော ငလျင်ပြင်းကြီးများ လှုပ်ခတ်မှုနှင့် ကြုံရနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။ မြို့တော် အနေဖြင့် လာမည့် (၄)နှစ်အတွင်း ရစ်ခ်ျတာစကေး (၇)ထိရှိသည့် ငလျင်ကြီးများနှင့် ကြုံကြိုက်ရမည့် အနေအထားသည် (၇၀)ရာခိုင်နှုန်းထိ ရှိနေကြောင်း သိရသည်။ လာမည့် နှစ်ပေါင်း(၃၀)အတွင်း အဆိုပါ ငလျင်ကြီးမျိုးနှင့် တိုက်ရိုက်ထိတွေ့ရမည့် အခြေအနေမှာမူ (၉၈)ရာခိုင်နှုန်းထိ သေချာနေကြောင်း တိုကျိုတက္ကသိုလ်မှ သုတေသီများက ပြောကြားခဲ့သည်။ ဂျပန်မှ ငလျင်တိုင်းတာရေး ကျွမ်းကျင်သူများက (၄)နှစ်အတွင်း ဂျပန်သည် သေချာပေါက်နီးပါး ငလျင်ကြီးတစ်ခုခုနှင့် ကြုံရနိုင်ကြောင်း သတိပေးထားသည်။

တိုကျိုတက္ကသိုလ်၏ ငလျင်သုတေသန ဌာနက ငလျင်၏ ပြင်းအားသည် ရစ်ခ်ျတာစကေး (၉)ထိ မြင့်တက်လာနိုင်ကြောင်းလည်း ဆိုသည်။ ပြီးခဲ့သည့်နှစ် အစောပိုင်းက ဂျပန်တွင် ငလျင်ကြီးတစ်ခု လှုပ်ရှားခဲ့ရာ နိုင်ငံ၏ အရှေ့မြောက် ကမ်းခြေ ဒေသတွင် ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း (၂၃၀၀၀)ကျော် သေကြေ ပျက်စီးခဲ့သည်။ တိုကျိုတွင် ဆောက်လုပ်ထားသော အဆောက်အအုံသစ် အများအပြားသည် ငလျင်ဒဏ် ခံနိုင်အောင် နည်းပညာ မြှင့်တင်ထားသော်လည်း အစိုးရက ပြင်းအားအဆင့် (၇.၃)ရှိသော ငလျင်တစ်ခု ရိုက်ခတ်ပါက လူပေါင်း (၅၆၀၀)မျှ သေကြေကာ အိမ်ခြေ (၈၅၀၀၀၀)မျှ ပျက်စီးနိုင်ကြောင်း ခန့်မှန်းထားသည်။

သုတေသီများ၏ ခန့်မှန်းချက်နှင့်မူ အစိုးရဘက်က အတည်ပြုရန် ငြင်းဆိုခဲ့ပြီး မတူညီသော ကွန်ပျူတာ အမျိုးအစားများအပေါ် အခြေခံ တွက်ချက်မှုအလိုက် ရလဒ် ကွာခြားနိုင်ကြောင်း ထောက်ပြခဲ့သည်။ ဂျပန်တွင် ကိုဘေးငလျင်ကြီးကြောင့် လူ(၆၄၀၀)ကျော် သေဆုံးပြီးနောက် (၁၉၉၅)မှစ၍ အဆောက်အအုံများ တည်ဆောက်မှုကို ငလျင်ဒဏ်ခံနိုင်မှု အဆင့်အတန်း သတ်မှတ်လာခဲ့သည်။

Source: Guardian

အပြည့်အစုံသတင်းဖတ်ရန်....

Friday, January 20, 2012

ဒေါ်အောင်ဆန်းစုကြည် နဲ့ အနုပညာလောက ကို စော်ကားလိုက်တဲ့ နတ်ကတော် သားစိုး


သားစိုး
..ခုတလော ပြောင်းလဲနေတဲ့ မြန်မာ့ နိုင်ငံရေး နဲ့ ပါတ်သက်လို့ ဝေဖန်သံ ကဲ့ရဲ့သံ ထောက်ခံသံ ရှုံ့ချသံတွေ အမျိုးမျိုး အဖုံဖုံ ပုံစံများစွာ နဲ့ ကြားနေခဲ့ရပါတယ်။

ဒါပေမယ့် ဒီမိုကရေစီစနစ်နဲ့အညီ လူသားတိုင်း လွတ်လပ်စွာ ကိုးကွယ် ယုံကြည် ဝေဖန် သုံးသပ် ခံစား ဖွင့်အန် ပိုင်ခွင့်ကို လေးစားတဲ့ အနေနဲ့ ကျွန်တော် နဲ့ သဘောတူတူ မတူတူ အတွေးအခေါ်များစွာ ကို တတ်နိုင်သမျှ အကောင်းဖက်က ကြည့်ရှုခံစားပေးခဲ့ပါတယ် ... ။

ကျွန်တော် ဟာ ၈၈ မျိုးဆက်ပေမယ့် တော်လှန်ရေးသမား လဲ မဟုတ်ပါ ... ကိုသူရ တို့ ကိုမင်းကိုနိုင် တို့လို ကိုယ်ကျိုးစွန့် အနစ်နာ ခံရဲတဲ့ နိုင်ငံရေး သမားလဲ မဟုတ်ပါ ... ကိုကျော်သူတို့ မရွှေဇီးကွက် တို့လို လူမှုရေးသမားလဲ မဟုတ်ပါ ... ရုပ်ရှင် ဂီတ စာပေ နဲ့ စစ်မှန်တဲ့ အနုပညာ မှန်သမျှကို မြတ်နိုးတန်ဖိုးထားတဲ့ အနုပညာ သမားတစ်ယောက်ပါ ...

၂၀၀၀ ခုနှစ် နောက်ပိုင်း အင်တာနက် နဲ့ လူမှုကွန်ယက် ကြောင့် ခေတ်မှီ တိုးတက်လာတဲ့ ဂီတ လောက မှာ HipHop ဟာ လျှင်မြန်စွာ ရေပန်းစားလာခဲ့ပြီး ဆယ်ကျော်သက် လူငယ်အများစု ကို အတိုင်းအတာကြီးမားစွာ လွှမ်းမိုးခဲ့ပါတယ်

ဒီကနေပြီး Hip Hop ဂီတ ပညာရှင် လူငယ်များစွာ လဲ ပေါ်ထွန်းလာခဲ့ပါတယ်

မျိုးကျော့မြိုင် ရဲ့ " Rap သီချင်းဆိုရင် လုံးဝမကြိုက် " ကနေ စလိုက်တဲ့ Hip Hop ရဲ့ သက်တမ်းဟာ Acid, Theory, Sinergy စတဲ့အဖွဲ့တွေ ကနေ ခု ရေပန်းစား နေတဲ့ မြောက်များ လှစွာသော မရေတွက်နိုင်တော့တဲ့ လူငယ် တေးသံရှင် သစ်တွေ ပေါ်ထွန်းလာတဲ့ ထိပါဘဲ ..

ဒီမှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင် သုံးသပ်ခံစားမှု တစ်ခုပေါ်လာပါတယ်

ကျွန်တော် မှားချင်လဲ မှားမယ် မှန်ချင်လဲ မှန်မယ် ပေါ့လေ

ကျွန်တော် မြင်တာကတော့ Hip Hop ဆိုတာ Computer Program တစ်ခု နဲ့ ပိုတူပါတယ် အားလုံးက Acid, Pro Tools, Cu-base ဆိုတဲ့ Software တွေ နဲ့ ဖန်တီးထားတဲ့ Drum Beats တွေ ရဲ့နောက်မှာ Rhymes ဆိုတဲ့ ကာရန်တွေ နဲ့ အညီ ဖွဲ့စည်းထားတဲ့ ကဗျာ တွေကို Pre-Programmed Music တွေ နဲ့ စည်းချက်ညီအောင် ရွတ်ဆိုခြင်းပါဘဲ

ဒါကလဲ လွယ်ကူသလား ဆိုရင်တော့ မခက်ခဲပေမယ့် မလွယ်ကူပါဘူး

Hip Hop သမား သို့မဟုတ် Rapper တစ်ယောက်မှာ တခင်္ဏုပတ္တိ ဥာဏ် ဆိုတဲ့ ဖြတ်ထိုးဥာဏ် အရမ်းထက်မြက်ရပါတယ်

ဒီတော့ Hip Hop ကို ကျွန်တော် ရိုးသားစွာ ဝန်ခံရမယ်ဆိုရင် သေချာ မနှစ်သက်ပေမယ့်

သင့်တင့်တဲ့ လေးစားမှုတစ်ခု တော့ ပေးနိုင်ပါသေးတယ်

ဒါပေမယ့် မြန်မာ့ဂီတလောက မှာ ကျွန်တော် ဘယ်လို မှ မမျှော်လင့်ထားတဲ့ အကွေ့တစ်ခု ရုပ်တစ်ရက်ရောက်လာပါတယ် ...

အဲ့ဒါကတော့ မြန်မာသံစဉ် သီချင်းတွေကို နတ်ကတော် ဒိုး တွေလို Drum Machine တွေ နဲ့ တီးထားပြီး မြန်မာ သံစဉ်တွေကို Hip Hop ပုံစံဝင်အောင် ဇွတ်ဆွဲယူ ဖန်တီးထားတဲ့ ဘာမှန်းအမည်မတတ်နိုင်တဲ့ မျိုးမစစ်ဂီတ တစ်ခုပါဘဲ ...

အဲ့ဒိဖန်တီး မှု ရဲ့ အကျိုးဆက်အနေနဲ့ ..
ကျေးလက်နေ လူတန်းစားတွေ ...
ဂီတ ကို ဖျော်ဖြေရေး အနေ ထက် ပိုပြီးတန်ဖိုးမထားတတ်တဲ့ ...
ထားရကောင်းမှန်းလည်း မသိတဲ့ ...
လူတန်းစားတစ်ရပ်အတွက်
(မြန်မာသံ Hip Hop ) ဆိုတဲ့ အမျိုးမစစ်တဲ့ အပေါစား ရောယှက် ဂီတ ကုန်ပစ္စည်းတစ်ခု ကိုအမှီပြုပြီး သားစိုး ဆိုတဲ့ (တောကြိုက် Rapper) တစ်ယောက် ထင်ပေါ်လာခဲ့ပါတယ်

ဒါ သားစိုး ရဲ့ သမိုင်းပါ ...

သူဟာ ယနေ့စာရေးနေချိန် မတိုင်ခင်အထိ မြန်မာ ဂီတသမား စစ်စစ် များရဲ့ ခေါင်းထဲမှာ ဟာသပျက်လုံးတစ်ခု ထက် ပိုပြီး နေရာမယူနိုင်ခဲ့ပါဘူး

ဒါပေမယ့် ယနေ့ ထွက်လာတဲ့ ပေါ်ပြူလာသတင်းဂျာနယ် ရဲ့ အင်တာဗျူးတစ်ခုမှာဖြင့် ....

"ကြားဖြတ် ရွေးကောက်ပွဲမှာ တိုင်းပြည် ကောင်းစားဖို့ကိုပဲ စဉ်းစားပြီး လုပ်တဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုပဲ ထောက်ခံသွားမယ့် သားစိုး"
" ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂီတအနုပညာရှင် တို့တွေ့ဆုံခဲ့ကြတာ အခုဆိုရင် ၃ကြိမ် တွေ့ဆုံမှုမှာ ၁ကြိမ်ထက် တစ်ကြိမ် ဂီတဘက် က အနုပညာရှင်တွေ စုံသလောက် နီးပါးတွေ့ခဲ့ ရပေမယ့် ဟစ်ဟော့ပ် အဆိုတော် သားစိုးကိုတော့ တွေ့ဆုံမှုတွေ အထဲမှာ မတွေ့ခဲ့ရပါဘူး။ တွေ့ဆုံမှုထဲမှာ ဘာကြောင့် မပါဝင်ဖြစ် တာလဲ " ဆိုတဲ့ အမေး ကို တော့ သားစိုးက

”ကျွန်တော်က သာကူး မဟုတ်ပါဘူး။ အရင်တုန်းက အဘ အဘ နဲ့အခုမှ အစ်မ အစ်မ ဖြစ်သွားတဲ့ လူတွေထဲမှာလည်း ကျွန်တော်မပါဘူး။

ကျွန်တော် နဂိုကတည်းက BBC, VOA, RFA စသဖြင့် နိုင်ငံရေး အကျပ်အတည်း ရှိတဲ့ အချိန်ကတည်းက ကမ္ဘာ့ သတင်းစာတွေ နဲ့ကအစ မြန်မာ နိုင်ငံရေး အခြေအနေကို ပွင့်လင်း စွာပြောခဲ့တယ်။ ကျွန်တော်က ဖြစ်သင့်တာ၊ ကောင်းတာကို ပြောတဲ့အတွက် ဘယ်သူမှ အနှောင့် အယှက်မပေးဘူး။ အခုမှ ဒီလိုမျိုးသွားတဲ့ အထဲမှာ အရင်တုန်း ကတော့ အခွင့်အရေး ရတဲ့ဘက်မှာ နေပြီး၊ အခုမှ ပြောင်းလာကြတဲ့ လူတွေလည်းပါတယ်။ ဘယ်သူတွေ ဘာလဲဆိုတာ ပရိသတ် က သိပါတယ်။

ဒါကြောင့် ကျွန်တော့်လိပ်ပြာ ၊ကျွန်တော် လုံတဲ့ အတွက်ကြောင့် ဘာမှလုပ်စရာ မလိုပါဘူး။ ကျွန်တော် ဘာလုပ်သလဲ ဆိုတာ ပရိသတ်က သိပါလိမ့်မယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး လည်း ကျွန်တော့် ရဲ့ရပ်တည်ချက် က ဒေါ်အောင်ဆန်းစုကြည်က ကော ကျွန်တော်တို့ကို ဘာတွေလုပ်ပေးမှာလဲ။ အခုလက်ရှိ အစိုးရ ကကော ဘာတွေ လုပ်ပေးမှာလဲ။ ကျွန်တော်တို့ တိုင်းပြည်ကို ဦးဆောင်မယ့်သူက ဘယ်သူပဲ ဖြစ်ပါစေ။ တိုင်းပြည် တိုးတက်အောင်၊ အခြေအနေ တိုးတက်အောင် ဦးဆောင်ပေးနိုင်တဲ့ သူတွေ ဘက်ကို ကျွန်တော် လိုက်မှာပါပဲ။ကျွန်တော့်မှာ ပုဂ္ဂိုလ်စွဲ မရှိပါဘူး။ သာရင် ကူးတတ်ကြတဲ့ လူတွေ အတွက်လည်း ကျွန်တော် သီချင်းစပ်ထားပါတယ်။ သာကူး နဲ့ နှာဘူး ၊ နှာဘူး နဲ့ ဂန်ဒူး ၊ ဂန်ဒူး နဲ့ အာလူး ဆိုပြီး စပ်ထားတယ်။ ထွက်လာပါလိမ့်မယ်”

လို့ပြောပါတယ်။ ဆက်လက်ပြီး သားစိုးက ဧပြီ ၁ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက် ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီတွေနဲ့ ပတ်သက်ပြီးလည်း ”အရင် ကျော်ဖြတ်ခဲ့ရတဲ့ သင်ခန်းစာ အဟောင်းတွေကို ယူပြီးတော့ အခု လက်ရှိမှာ ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ကြည့်ရမယ်။ ကြည့်ပြီးတော့မှ ကျွန်တော်တို့က ဘယ်ဟာက အကောင်းဆုံး ဖြစ်နိုင်မလဲပေါ့။ ကိုယ့်တိုင်းပြည် အတွက် တကယ်ကောင်းတဲ့ သူကို ကျွန်တော် တို့က တကယ် ထောက်ခံမှာပါ။ လောလောဆယ် မှာတော့ ဘယ်သူ့ဘယ်သူကိုမှ ကျွန်တော် မပြောနိုင်သေးပါဘူး။ ကျွန်တော့် အနေနဲ့ နိုင်ငံရေးအစွဲ လည်းမရှိပါဘူး။ တိုင်းပြည် ကောင်းစားဖို့ အတွက် ဘာကိုမှ မစဉ်းစားဘဲနဲ့ တိုင်းပြည် အကျိုးကိုပဲ စဉ်းစားပြီး လုပ်တဲ့ အဖွဲ့အစည်း ၊လူပုဂ္ဂိုလ်ကိုပဲ ကျွန်တော် ထောက်ခံ သွားမှာပါ”
လို့ ပြောပါတယ်။

(လင်းအက္ခရာ)

ဆိုပြီးပါလာပါတယ် ...

သူ့ဘာသာ ဘာပြောပြော ဘယ်လို နေနေ ကျွန်တော် ဘယ်လို မှ အလေးမထားသလို ခံစားနေဖို့တောင် စိတ်ကူးမရှိပါဘူး ဒါပေမယ့် သူငယ်ချင်းတစ်ယောက် က တို့ထိ လာလို့ ဖတ်လိုက်မိတဲ့ ... သူပြောခဲ့တဲ့ ... စကားတစ်ခွန်းက ကျွန်တော့် ရင်ဝ ကို ဆောင့်ကန် ခံလိုက်ရသလို ခံစားလိုက်ရပါတယ် ..

" ဒေါ်အောင်ဆန်းစုကြည်က ကော ကျွန်တော်တို့ကို ဘာတွေလုပ်ပေးမှာလဲ ".. တဲ့
အမေစု ဘာတွေ လုပ်ပေးခဲ့ပြီးပြီလဲ

ခုထိလဲ အမေစု ဘာတွေ လုပ်ပေးနေသလဲ ဆိုတာ သားစိုး အိမ်ရှေ့ ဆိုက်ကားဂိတ် က ဆိုက်ကားသမားတွေ နဲ့ သူတို့ ထိုင်တဲ့ လဖ္ဘက်ရေဆိုင်က စားပွဲထိုးတွေ ကို မေးရင်တောင် သိနိုင်တဲ့ အဖြေပါ

အမေစု ကိုတောင် ဒီလိုမေးခွန်းထုတ်ရအောင် သူဟာ မြန်မာ့အကျိုးကို ဘယ်တုန်းက ဘယ်လောက် သယ်ပိုးခဲ့ပါသလဲ
မြန်မာတွေ အတွက် သူဘယ်လောက် အနစ်နာခံခဲ့ဖူးပါသလဲ

သားစိုးဆိုတာ မနေ့တနေ့ကမှ နတ်ဆိုင်းသံတွေကို Drum Machine နဲ့တွဲပြီး မြန်မာသံစဉ်ကို ရုပ်ပျက်ဆင်းပျက် ဖျက်ဆီး အမြတ်ထုတ် ခဲ့တဲ့ ပေါ်ပင်လိုက် တောကြိုက် အညတြ ကောင်ပါ

ဒီလိုကောင်က ခုမှ နားထင်သွေးရောက်ပြီး အမေစု ကိုရော
အမေစု ကို ထာဝရ လေးစာချစ်ခင်ခဲ့ ပေသော်လည်း လက်ရှိ အစိုးရရန်ကိုကြောက်နေရလို့ မခေါ်ပြောရဲပေမယ့် ကိုသူရ ဦးဆောင်ဖိတ်ခေါ်မှုကြောင့် ပူးပေါင်းပါဝင် ကျိုးစားနေစဖြစ်တဲ့ အနုပညာ သမားတွေ အားလုံးကို ...

" သာရင် ကူးတတ်ကြတဲ့ လူတွေ အတွက်လည်း ကျွန်တော် သီချင်းစပ်ထားပါတယ်။
သာကူး နဲ့ နှာဘူး၊ ၊ နှာဘူး နဲ့ ဂန်ဒူး ၊ ဂန်ဒူး နဲ့ အာလူး ဆိုပြီး စပ်ထားတယ်။ ထွက်လာပါလိမ့်မယ် ”
လို့ တိုက်ရိုက်စော်ကားလိုက်ပါတယ် ၊

ဒီတော့ ကျွန်တော့်မှာလဲ ကျွန်တော့် အသိုင်းအဝိုင်းထဲမှာ မသန့်တဲ့သွေးကိုဖေါက်ထုတ်ဖို့ တာဝန်တစ်ခုရှိလာပါတယ်

တစ်ကယ်တန်း သားစိုး ဆိုတဲ့ ချာတိတ် ပြောတဲ့ စကားကမှ သူကတော့ တကယ် မသေချာမခြင်း ဘယ်သူနဲ့မှ မပေါင်းစည်းဘူး ဆိုတဲ့ သာကူးအစစ်ရဲ့ အတ္တကို ကွတ်တိထင်ဟပ်နေတာ လုံးဝ သိသာထင်ရှားပါတယ် ..

ဒါကြောင့် ကျွန်တော်ချစ်တဲ့ မိတ်ဆွေ ပရိသတ်ကြီးကို ကနေ့ကစပြီး ဘာမဟုတ်တဲ့ ပါမွှား နတ်ကတော် သားစိုး ရဲ့ နတ်ဆိုင်းသီချင်းတွေ ကို ဒေါ်အောင်ဆန်းစုကြည် ကိုသူရ ကိုမင်းကိုနိုင် ကိုကိုကြီး ကိုဌေးကြွယ် အစရှိတဲ့ သူရဲကောင်းတို့ရဲ့ မျက်နှာကို ထောက်ထားခြင်းအားဖြင့် လုံးဝ ဆန့်ကျင် ဖို့ အားမပေးဖို့ တိုက်တွန်းလိုက်ပါတယ် ...

သားစိုး ဒီစာကိုဖတ်မိမယ်လို့ မျှော်လင့်သလို ဖတ်မိတဲ့အခါမှာ အရာအားလုံးက နောက်ကျသွားလေပြီဆိုတာ သူသဘောပေါက်သွားမယ်လို့ မျှော်လင့်ပါတယ် ..

ကျွန်တော် ဘယ်တော့မှ သည်းမခံမယ့် အထိခိုက် အပုတ်ခတ် မခံမယ့် ကျွန်တော်ချစ်တဲ့သူတွေ စာရင်းမှာပါတဲ့ " အမေစု " ကိုစော်ကားလာရင် ကျွန်တော် ဘယ်တော့မှ ဘာကောင်ကို မှ ဘာအကြောင်းပြချက် နဲ့ မှ သည်းခံ နားလည် ပေးမှာ မဟုတ်ဘူးဆိုတာ ပြင်းထန်စွာသတိပေးလိုက်ပါတယ် ...

ထာဝရ မေတ္တာဖြင့်

မျိုးချစ်မြန်မာ (Facebook)

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */