“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, May 31, 2011

အမေရိကန်အထက်လွှတ်တော်အမတ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အချို့နဲ့ တွေ့ ဆုံ

2011-05-31
အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်းဟာ မြန်မာ့အရေး ခရီးစဉ် အစိတ်အပိုင်း တရပ် အဖြစ် ဒီကနေ့ ထိုင်း-မြန်မာ အခြေစိုက် ဒီမိုကရေစီ အင်အားစု ခေါင်းဆောင်တွေနဲ့ တွေ့ ဆုံ ဆွေးနွေးခဲ့တယ်လို့  သတင်း ရရှိပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်းဟာ မြန်မာ့အရေး ခရီးစဉ် အစိတ်အပိုင်း တရပ် အဖြစ် ထိုင်း-မြန်မာ အခြေစိုက် ဒီမီုကရေစီ အင်အားစု ခေါင်းဆောင်တွေနဲ့  ၂၀၁၁ ခုနှစ် မေလ ၃၀ ရက်နေ့က တွေ့ ဆုံ ဆွေးနွေးခဲ့သလို မဲဆောက်မြို့က မယ်တော်ဆေးခန်းကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်။ Photo- senjohnmccainblog

မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု FDB ရဲ့ အတွင်းရေးမှုးချုပ် ဒေါက်တာ နိုင်အောင်နဲ့  နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တွဲဘက်အတွင်းရေးမှုး ကိုဘိုကြည် တို့ ကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ အရေးကို အမြဲတမ်း စိတ်ဝင်စားနေတဲ့ မစ္စတာ ဂျွန်မက်ကိန်း အနေနဲ့  လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကိုယ်တိုင် သိလိုတဲ့အတွက် အခုလိုတွေ့ ဆုံတာလို့  ဒေါက်တာနိုင်အောင်က RFA ကိုပြောပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီရေး အတွက် မြန်မာအစိုးရကို အရေးယူ ပိတ်ဆို့တဲ့နည်းရော ထိတွေ့  ဆက်ဆံတဲ့ နည်းပါ သုံးသင့်တဲ့ အကြောင်း ပြောဆိုလိုက်တယ်လို့ လည်း ဒေါက်တာနိုင်အောင်က ဆိုပါတယ်။

"ကျနော်မြင်တာကတော့ US က ဒီအစိုးရသစ်ရဲ့ သဘောထားတွေ ဘာတွေ ကိုယ်တိုင်သိအောင် ကြိုးစားတဲ့ သဘောဘဲလို့ နားလည်တယ်။ နောက်ပြီးတော့ သူတို့ အမေရိကန်အစိုးရရဲ့ ပေါ်လစီကို သိအောင်ရှင်းတဲ့ သဘောလို့ နားလည်တယ်။ ကျနော်တို့ကတော့ ဒီအစိုးရတွေကို ပြောတဲ့အခါမှာ ဖိအားပေးတာရော ထိတွေ့ဆက်ဆံတာရော နှစ်ခူစလုံး သုံးသင့်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေလို့၊ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေလို့၊ အကုန်လုံး ပါဝင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ မရှိနေလို့ ရင်းနှီးမြုပ်နှံမှုတွေ မလာတာကလည်း မြန်မာနိုင်ငံရဲ့ စီးပွါးရေး အခြေခံတွေ မကောင်းလို့၊ ဆိုတော့ အဲဒါတွေကို သူတို့ကို ထိတွေ့ပြီးမှ ရှင်းပြပြောပြ တိုက်တွန်း စည်းရုံးနေတာမျိုးက ကျနော်တို့က ကြိုဆိုပါတယ်။"

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP တွဲဘက် အတွင်းရေးမှုး ကိုဘိုကြည်ကတော့ အကျဉ်းထောင်ထဲက လက်ရှိ အခြေအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စကို ပြောလိုက်တယ်လို့  ပြောပါတယ်။

"ကျနော်ကတော့ နိုင်ငံရေး အကျဉ်းသားတွေ အကြောင်း။ အင်းစိန်ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြနေတာ၊ ကလေးထောင်တို့ ခန္တီးထောင်တို့မှာ အစာငတ်ခံဆန္ဒပြနေတဲ့ အကြောင်းတွေ၊ နောက်ပြီးတော့ အကျဉ်းထောင်တွေထဲမှာ ဒီလူတွေကို စားရေးသောက်ရေးနဲ့ ကျမ်းမာရေးအတွက် လုံလောက်တဲ့ ထောက်ပန့်မှုတွေ မရှိဘူး။

ICRC လို အပြည်ပြည်ဆိုင်ရာ အဖွဲ့တွေကိုလည်း သူတို့က လုပ်ပိုင်ခွင့် မပေးဘူး ဆိုတာတွေကို ကျနော်တို့ တင်ပြတာတွေ ရှိတယ်။

နောက်တခုက အခုလက်ရှိ ဦးသိန်းစိန် အစိုးရအနေနဲ့ တကယ်တန်း အပြောင်းအလဲအတွက်ကို လုပ်မယ်ဆိုလို့ရှိရင် ပထမဆုံးက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ဖို့လိုတယ် ဆိုတာကို ကျနော်တို့ ထပ်ပြီး ပြောပြတာတွေ ရှိတယ်။

နောက် sanction ရုတ်သိမ်းဖို့ ဦးသိန်းစိန် အစိုးရကရော ပြည်တွင်းက အမတ်တွေရော ကြိုးစားနေကြတာတွေ ရှိတယ်။ အဲဒီလို ကြိုးစားတယ်ဆိုရင်လည်း ပထမဆုံး အဆင့်အနေနဲ့က လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို ဦးသိန်းစိန် အစိုးရဘက်က ရပ်ပေးဖို့ လိုတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့လိုတယ် ဆိုတာကို ကျနော်တို့ ပြောပြတာတွေ ရှိတယ်။"

မစ္စတာဂျွန်မက်ကိန်းဟာ မဲဆောက်မြို့က မယ်တော်ဆေးခန်းကိုလည်း သွားရောက်ပြီး လေ့လာခဲ့ပါတယ်။ မနက်ဖြန်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့  စီစဉ်ထားပါတယ်။

အဲဒီခရီးစဉ်မှာ မြန်မာအစိုးရ အဖွဲ့ ဝင်တချို့ နဲ့ တွေ့ ဆုံမှာ ဖြစ်သလို၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ NLD အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ CRPP ပြည်သူ့  လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေနဲ့ လည်း တွေ့ ဆုံမှာ ဖြစ်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်က လူမှုရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီပံ့ပိုးမှုတွေ အမြောက်အများ လိုအပ်နေဆဲဘဲလို့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြောဆိုလိုက်ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြမှာပါ။ Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

တိုင်းရင်းသား ဒုက္ခသည်အရေး ဂျွန်မက်ကိန်း စိုးရိမ်

By မအေးအေးမာ အင်္ဂါ, 31 မေ 2011
ဇွန်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်မယ့် အရီဇိုးနား (Arizona) ပြည်နယ် ၀ါရင့် ရီပတ်ဘလီကန်အမတ် ဂျွန်မက်ကိန်း (John McCain) ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနဲ့ တိုင်းရင်းသား အခွင့်အရေးတွေကို တင်ပြ ဆွေးနွေးသွားမယ်လို့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဒီနေ့ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ မက်ကိန်းက ပြောသွားပါတယ်။ မစ္စတာ မက်ကိန်းဟာ မဲဆောက်မြို့မှာရှိတဲ့ မယ်တော်ဆေးခန်းနဲ့ မယ်လ ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကိုသွားဖို့ စီစဉ်ထားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မေလ ၃၁ ရက်နေ့မှာ ထိုင်း၊ မြန်မာနယ်စပ်က အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းနဲ့ မဲဆောက်မြို့က ဒေါက်တာ စင်သီယာမောင်ရဲ့ ဆေးခန်းကို သွားရောက်ကြည့်ရှု လေ့လာခဲ့ပြီးနောက် မယ်တော်ဆေးခန်းမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မနက်ဖြန် ဇွန်လ ၁ ရက်နေ့ မြန်မာနိုင်ငံကို ရောက်ရှိတဲ့အချိန် စတင်မယ့် သူ့ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး အခုလို ပြောသွားပါတယ်။

“အချိန်ဇယား အတိအကျတော့ ပြောလို့မရသေးပါဘူး။ ဒါပေမဲ့ အစိုးရ ခေါင်းဆောင်ပိုင်းတွေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဖို့ ရှိနေပါတယ်။ လွှတ်တော်က ခေါင်းဆောင်ပိုင်းတွေကိုလည်း တွေ့ဆုံဖို့ ရှိပါတယ်။ နိုင်ငံတကာရဲ့ ရပ်တည်မှုအတိုင်း ဖြစ်တဲ့ မြန်မာနိုင်ငံထဲ အခြေအနေတွေ တိုးတက် ကောင်းမွန်လာဖို့ အခွင့်အလမ်း ကိစ္စတွေကို ဆွေးနွေးသွားမှာပါ။

“ဆိုလိုတာက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ အတိုက်အခံတွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ စလုပ်ဖို့၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တကယ်ပဲ စိတ်ဝင်စားတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအကြားမှာ ဆွေးနွေးမှုတွေ လုပ်ဖို့ပါ။”

မယ်လ ဒုက္ခသည်စခန်းနဲ့ မယ်တော်ဆေးခန်းကို လေ့လာခဲ့ပြီးတဲ့ နောက်မှာတော့ မြန်မာနိုင်ငံကို သွားရင် ဒုက္ခသည်တွေရဲ့ အရေးကိစ္စတွေကိုလည်း ပြောဆိုသွားမယ်လို့ ပြောသွားပါတယ်။

“မနက်ဖြန်ဆိုရင်တော့ ကျနော် မြန်မာနိုင်ငံကို သွားပါမယ်။ အဲဒီမှာ ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ ဒုက္ခသည်တွေကိစ္စ၊ လူနည်းစု လူမျိုးတွေအပေါ် ဆက်ဆံနေတဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ ရှိပါတယ်။ မငြိမ်သက်မှုတွေနဲ့ လူနည်းစုတွေအပေါ် စစ်ဆင် တိုက်ခိုက်မှုတွေကြောင့် သူတို့တွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာကြရတယ်၊ ဒီလူတွေဟာ သူတို့ရဲ့ အိုးအိမ်နဲ့ မိသားစု နေရာတွေကို ပြန်လိုကြတယ် ဆိုတာကို ထောက်ပြ ပြောဆိုပါမယ်။”

မယ်တော်ဆေးခန်း ရောက်ချိန်မှာတော့ လူထုကျန်းမာရေး စောင့်ရှောက်မှုတွေကို လုပ်နေတဲ့ ဒေါက်တာ စင်သီယာမောင်ကို ချီးကျူး ပြောဆိုသွားပြီးတဲ့နောက် ငွေကြေးအကူအညီတွေ ထပ်ပြီး ရသင့်တယ်လို့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက အခုလို ပြောသွားပါတယ်။

“ဒုက္ခသည်စခန်းနဲ့ ဒေါက်တာ စင်သီယာမောင် ဆေးခန်းတွေကို သွားရောက် ကြည့်ရှုခွင့် ရခဲ့ပါတယ်။ ဒေါက်တာ စင်သီယာမောင် ဆေးခန်းမှာ လူနာ ထောင်နဲ့ချီပြီး ကျန်းမာရေး စောင့်ရှောက်မှု ယူနေကြရတာ တွေ့ရပါတယ်။ ဒီလူတွေဟာ မဟုတ်ရင်တော့ ဘယ်လိုမှ ဆေးဝါးကုသခွင့် ရကြမှာ မဟုတ်ပါဘူး။ ကြုံတွေ့ဖူးသမျှတော့ ဒါဟာ အင်မတန် လေးစား ဂုဏ်ယူစရာကောင်းတဲ့ လုပ်ရပ်ပါ။ ဒါကြောင့် အမေရိကန် ပြည်ထောင်စုက အစိုးရ အနေနဲ့ရော၊ ပရဟိတ အဖွဲ့အစည်းတွေ အနေနဲ့ပါ ဒေါက်တာ စင်သီယာမောင်ရဲ့ လုပ်ငန်းကို ပိုပြီး ငွေကြေး အထောက်အကူတွေ ပေးသင့်တယ်လို့ ထင်ပါတယ်။”

မယ်တော်ဆေးခန်းက ဒေါက်တာ စင်သီယာမောင်ကတော့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက နယ်စပ် အခြေအနေကို လေ့လာခြင်းအားဖြင့် မြန်မာနိုင်ငံက အခြေအနေတွေကို ပိုမို သိရှိသွားတယ်ဆိုပြီး အခုလို ပြောပြပါတယ်။

“သူတို့က ဒီကိုမလာခင်မှာ မယ်လ ဒုက္ခသည်စခန်းကိုလည်း သွားခဲ့တယ်။ သူတို့ နယ်စပ်မှာရှိတဲ့ ရွှေ့ပြောင်းလူထုတွေ၊ ပြည်သူတွေထဲကနေ နယ်စပ်မှာလာပြီး ဆေးကုကြတဲ့လူတွေရဲ့ အခြေအနေတွေကို မြင်တွေ့သွားခြင်းအားဖြင့် လက်ရှိ ဒုက္ခသည်တွေနဲ့ မြန်မာပြည်က နယ်စပ်ဒေသမှာရှိတဲ့ ရွှေ့ပြောင်း လူထုတွေရဲ့ အခြေအနေတွေက ပုံမှန် အခြေအနေ ပြန်ရောက်လာအောင် စီးပွားရေး အရရော၊ နိုင်ငံရေး အရရော ပြန်လည် ပြုပြင်ပြောင်းလဲမှုတွေ၊ တည်ထောင်မှုတွေနဲ့၊ ဒီကြားထဲမှာ လူမှုရေး ပံ့ပိုးမှုတွေ အများကြီး ဆက်လက် ဆောင်ရွက်နေရမယ်။

“အထူးသဖြင့်တော့ သူ့အနေနဲ့ကလည်း သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိုလည်း ဆက်လက် ကြိုးစားသွားဖို့ အတွက်ပေါ့၊ သူ မြန်မာပြည်ထဲရောက်ရင် ဆက်လက် ကြိုးစားသွားဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ကိစ္စတွေကို ဆက်လက် ကြိုးစားသွားမယ်လို့ ပြောသွားတယ်။”

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အလေးထား ပြောဆိုလေ့ ရှိသူလည်း ဖြစ်ပါတယ်။

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းလိုပဲ အမေရိကန် သမ္မတ ဂျော့ခ်ျ ဒဗလျူ ဘုရှ် (George W.Bush) လက်ထက်ကလည်း သမ္မတကတော် လော်ရာဘုရှ် မယ်လ ဒုက္ခသည်စခန်းနဲ့ ဒေါက်တာ စင်သီယာမောင် ဆေးခန်းကို လာရောက် လည်ပတ်ခဲ့ဖူးပါတယ်။ မကြာသေးခင်လကပဲ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ်စ် ကန်နီ (Kristie Kenney) ဟာလည်း ထိုင်း၊ မြန်မာ နယ်စပ်က အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းနဲ့ မယ်တော်ဆေးခန်းကို လာရောက်ခဲ့ပြီး ထိုင်း၊ မြန်မာ နယ်စပ်က အခြေအနေတွေကို လေ့လာသွားခဲ့ပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဆန်ဈေးများ မြင့်တက်လာမူ ဒေသခံများကို စိုးရိမ်မူပို

Date:5/31/2011တာကလူး
ရခိုင်ပြည်နယ် အတွင်း မိုးဦးကာလ လယ်စိုက်ပျိုးမူ မစတင်မှီ ဆန်ဈေးများ မြင့်တက် လာနေခြင်းကြောင့် မိုးတွင်းရာသီတွင် စားဝတ်နေရေး ပိုခက်ခဲမည်ကို ဒေသခံများအကြား စိုးရိမ်နေကြကြောင်း သတင်း ရရှိသည်။

Rice-mill-in-rural-area-of-Burma
လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း ရခိုင်ပြည်နယ် တ၀ှန်း မိုးများ စတင် ရွာသွန်းလာသည်နှင့်အတူ ဆန်များမှာလည်း အမျိုးအစားအလိုက် နေရာဒေသ အတော်များများတွင် မြှင့်တက်သွားခဲ့သည်။

ယခင် ဈေးထက် တအိတ်ကို ကျပ် ၃၀၀၀ မှ ၆၀၀၀ အထိ အသီးသီး မြင့်တက်သွားခဲ့ကြောင်း ဒေသခံများနှင့် ဆန်ကုန်သည်က ပြောသည်။

" စစ်တွေတွင် ဧည့်မထ တအိတ်ကို ယခင် ကျပ် ၁၂၀၀၀ ခန့် ရှိနေခဲ့ရာကနေ ယခု ကျပ် ၁၅၀၀၀ ထိ တက်သွားပြီး ဒေသထွက် ပေါ်ဆန်းမွှေး တအိတ်က အရင် ကျပ် ၂၀၀၀၀ ရှိနေခဲ့ရာကနေ အခု ကျပ် ၂၅၀၀၀ အထိ ဈေးတက် သွားခဲ့ပါတယ်" ဟု ပြောသည်။

ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားတို့တွင် ဒေသအခေါ် ဆန်ချေ အညံ့စား ဆန်တစ်အိတ်လျှင် ယခင် ကျပ် ၁၀၀၀၀ ခန့် ရှိနေခဲ့ရာမှ ယခု ကျပ် ၁၂၀၀၀ နှင့် ၁၃၅၀၀ အကြားထိ တက်သွားပြီး ဆန်ကြီးခေါ် အကောင်းစား ဆန်တစ်အိပ်မှာ ယခင်ကျပ် ၁၃၀၀၀ ခန့်ရှိနေခဲ့ရာမှ ယခု ကျပ် ၁၆၀၀၀နှင့် ၁၈၀၀၀ ခန့်ထိ ဈေးတက်သွားခဲ့သည်။

ဂီရီလေမုန်းတိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ကြရသည့် မြေပုံ၊ ပေါက်တော နှင့် ကျောက်ဖြူတို့တွင် တခြားနယ်များမှ ဆန်များတင်သွင်းနေရသောကြောင့် အညံ့စား ဆန်တစ်အိတ်လျှင် ယခင် ကျပ် ၁၂၀၀၀ ခန့်ရှိနေခဲ့ရာမှ ယခု ၁၈၀၀၀ ထိမြင့်တက်သွားပြီး၊ အလယ်အလတ်အဆင့် ဆန်တစ်အိတ်လျှင် ယခင် ၁၅၀၀၀ခန့်ရှိနေခဲ့ရာမှ ယခု ၂၀၀၀၀ နီးပါး အထိ မြင့်တက် သွားခဲ့ကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဘူးသီးတောင်တွင် ဧည့်မထ တအိတ်လျှင် ယခင် ၁၃၀၀၀ ခန့် ရှိနေခဲ့ရာမှ ယခု ၁၆၀၀၀ ခန့်၊ ပေါ်ဆန်းမွှေးတအိပ်လျှင် ယခင် ၂၂၀၀၀ခန့် ရှိနေခဲ့ရာမှ ယခု ၂၈၀၀၀ ခန့်ထိမြင့်တက်သွားခဲ့ပြီး၊ မောင်တောတွင် ဧည့်မထ တအိပ်လျှင် ကျပ် ၂၀၀၀၀ ထိ ဈေးတက်နေပြီး၊ ပေါ်ဆန်းမွှေး တအိတ်လျှင် ၃၅၀၀၀ ခန့်အထိ ဈေးတက်နေကြောင်း စုံစမ်းသိရှိရသည်။

ရခိုင်ပြည်နယ်တွင် နှစ်စဉ်နှစ်တိုင်း မိုးတွင်းကာလများတွင် ဆန်ဈေးများမြင့်တက်တတ်သော်လည်း ယခုနှစ်တွင် မိုးရာသီ မ၀င်သေးမှီ ကတည်းက ဆန်ဈေးနှုန်းများ မြင့်တက်လာနေခြင်းကြောင့် မိုးတွင်းတွင် ပိုမို ဈေးမြင့် လာမည်ကို ဒေသခံများ အကြား စိုးရိမ်နေကြသည်။

"ကျွန်တော်တို့ ဒေသမှာက အလုပ်ရှားပြီး ၀င်ငွေနည်းတာကြောင့် တရက်လုပ်လို့ တထပ်စာ မဖူလုံ နိုင်ကြပါဘူး။ ခုမိုးနည်းနည်းရွာလာတာနဲ့ ဆန်ဈေးတွေက ထိုးတက်လာနေတာတော့ မိုးတွင်းမှာ ဘယ်လို စားသောက်ကြရမလဲဆိုတာ တွေးပူနေကြရပါတယ်" ဟု စစ်တွေ ဒေသခံ တစ်ဦးကလည်း ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဆန်ဈေးနှုန်းများမြင့်တက်လာနေခြင်းမှာ လွန်ခဲ့သောနှစ် အောက်တိုဘာလတွင် တိုက်ခတ်ခဲ့သည့် ဂီရီမုန်တိုင်းကြောင့် ပြည်နယ်အ၀ှန်းရှိ ရိတ်သိမ်းခါနီးစပါးခင်းများစွာ ပျက်စီး ဆုံးရှုံးခဲ့ရပြီး ဆန်စပါး ပြတ်လပ်နေခြင်းကြောင့် ဖြစ်သည်ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။

"ခုတလော ဆန်ဈေးတွေ တက်လာတာဟာ ဒေသတွင်းမှာ ဆန်စပါးတွေ ပြတ်လပ်မှုနဲ့ ကြုံတွေ့ နေရလို့ ဖြစ်ပါတယ်။ ဂီရီမုန်တိုင်းကြောင့် ရခိုင်ပြည်နေရာအနှံ့မှာ ရိတ်သိမ်းခါနီး စပါးခင်းတွေ ပျက်စီးဆုံးရှုံးခဲ့ကြရပါတယ်။ တချို့ မြေပုံ၊ ပေါက်တော နဲ့ ကျောက်ဖြူဒေသတွေမှာဆိုရင် ဒီရေလှိုင်းတွေ လွှမ်းသွားပြီးတော့ စပါးခင်းတွေအပြင် သိုလှောင်ထားတဲ့ စပါးတွေလဲ လုံးဝ သုံးမရ အောင် ပျက်သွားခဲ့ရပါတယ်။ အဲဒီဒေသတွေကို တခြားနယ်တွေကနေ ဆန်တင်ပို့ပေးနေရတဲ့ အပြင် ဒေသတွင်း ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေကြရတာကြောင့် ခုလို ဈေးတက်လာရတာဖြစ်ပါတယ်" ဟု ၄င်းဆန်ကုန်သည်က ပြောသည်။

ရခိုင်ပြည်နယ်တွင် တစ်နှစ်လျှင် တစ်သီးသာ စိုက်ပျိုးနိုင်ကြပြီး၊ စိုက်ပျိုးရေးရာသီ မစမှီ ဆန်စပါး ပြတ်လပ်မှုနှင့် ရင်ဆိုင်နေကြရသောကြောင့် ယခုမိုးတွင်းကာလတွင် ဆန်ဈေးများ ပိုမိုတက်လာပြီး စားဝတ်နေရေး ပိုမိုခက်ခဲလာမည်ကို ဒေသခံများအကြား စိုးရိမ်နေကြရကြောင်း စုံစမ်းသိရှိရသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒီမိုကရေစီဖော်ဆောင်ရန် ဂျွန်မက်ကိန်း တိုက်တွန်းမည်

ဧရာဝတီ Tuesday, 31 May 2011 19:55
အမေရိကန် အထက်လွတ်တော်အမတ် ဂျွန်မက်ကိန်းက ဗုဒ္ဓဟူးနေ့တွင် အစပြုမည့် သူ၏ မြန်မာပြည် ခရီးစဉ်အတွင်း အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကို တွေ့ဆုံပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာရေး အတွက်။ ဆွေးနွေးမည်ဟု ယနေ့ ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

မဲဆောက်မြို့ မယ်တော်ဆေးခန်း တာဝန်ရှိသူများနှင့် ဂျွန်မက်ကိန်း (ဓာတ်ပုံ - ဧရာဝတီ)
“မနက်ဖြန် ကျနော် မြန်မာနိုင်ငံကို သွားမယ်။ အစိုးရ တာဝန်ရှိသူတွေ အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဖို့ ရှိတယ်။ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ဆွေးနွေးမယ်၊ နိုင်ငံရေး အကျဉ်းသား ကိစ္စ၊ ဒုက္ခသည် ကိစ္စတွေကို သွားရောက် ဆွေးနွေးမှာ ဖြစ်တယ်” ဟု ဂျွန်မက်ကိန်းက ပြောသည်။

ခရီးစဉ်အကြောင်းကို အသေးစိတ် ပြောကြားခြင်း မရှိပေ။

ဂျွန်မက်ကိန်းသည် ၁၉၉၀ ပြည့်နှစ်ကလည်း မြန်မာပြည်သို့ သွားရောက်ခဲ့ဖူးသည်။

ဂျွန်မက်ကိန်းနှင့် ယနေ့ စကားပြောဆိုခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၏ တာဝန်ခံတဦးဖြစ်သူ ကိုဘိုကြည်က မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် နိုင်ငံရေးအကျဉ်းသားများ
လွတ်မြောက်ရေးက အရေးကြီးသည်ဟု ဆိုသည်။

“မြန်မာပြည်မှာ အပေါ်ယံ အပြောင်းအလဲပဲ ဖြစ်လာလို့ကတော့ အလကားပဲ။ တကယ့် အပြောင်းအလဲ၊ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်ဖို့ လိုတယ်” ဟု ကိုဘိုကြည်က ဧရာဝတီကို ပြောသည်။

မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုနှင့် ထဲထဲဝင်ဝင် ရှိသော ဂျွန်မက်ကိန်းသည် မဲဆောက်ဒေသသို့ ရောက်ရှိစဉ် မယ်တော်ဆေးခန်း၊ မယ်လ ခေါ် ဘဲကလော် ဒုက္ခသည်စခန်းတို့ကို သွားရောက် လေ့လာခဲ့သည်။

ယနေ့မွန်းလွဲပိုင်း မယ်တော်ဆေးခန်းသို့ ရောက်ရှိစဉ် ဆေးခန်း၏ ၀န်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး အားပေးစကား ပြောသွားသည်ဟု ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်က ဧရာဝတီကို ပြောသည်။

ထို့ပြင် ထိုင်း မြန်မာနယ်စပ်ဒေသ အတွက် နိုင်ငံတကာမှ လူမှု ကူညီရေး နှင့် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့များ ပိုမို ရရှိရေးအတွက် တောင်းဆို တိုက်တွန်းမည်ဟု လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြောကြားသွားသည်ဟု ဆိုသည်။

ဂျွန်မက်ကိန်းက မြန်မာပြည်သား လေးသောင်းကျော် ခိုလှုံနေသည့် မယ်လဒုက္ခသည်စခန်းတွင် ယနေ့ အချိန်အတန်ကြာ လေ့လာခဲ့သည်။

စခန်းအတွင်း မြန်မာပြည်အရေးနှင့် ပတ်သက်ပြီး မေးမြန်းပြောဆိုမှုများ ပြုလုပ်သွားသည်ဟု ဂျွန်မက်ကိန်း နှင့် နာရီဝက်ကြာ တွေ့ဆုံခဲ့သည့် မယ်လဒုက္ခသည်စခန်း ကော်မတီဝင် နော်ဒေးဒေးဖိုးက ဧရာဝတီကို ရှင်းပြသည်။

“မြန်မာပြည် အပြောင်းအလဲနဲ့ ပတ်သက်တဲ့ ကျမတို့ရဲ့ အမြင်တွေကို သူက မေးတယ်။ ပြီးတော့ ဒုက္ခသည်တွေထဲမှာ ရာခိုင်နှုန်း ဘယ်လောက်က နေရပ်ရင်း ပြန်ချင်သလဲ၊ ဘယ်လောက်က အမေရိကန်မှာ အခြေချချင်လဲ ဆိုတာတွေ သူ သိချင်တယ်” ဟု နော်ဒေးဒေးဖိုးက ပြောသည်။

ရက်ပိုင်းအတွင်း သူနှင့် တွေ့ဆုံမည့် ဦးသိန်းစိန်အစိုးရထံသို့ အမှာစကား ပါးနိုင်ကြောင်း စခန်း ကော်မတီ တာဝန်ရှိသူများကို ပြောကြားခဲ့သည်ဟု ဆိုသည်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ သမ္မတဦးသိန်းစိန်ကို ပြောပေးပါ လို့ ကျနော်တို့ ပြောလိုက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတွေကိုလည်း ကျနော်တို့ ထောက်ခံတဲ့အကြောင်း ပြောပြလိုက်တယ်” ဟု စခန်းကော်မတီ တာဝန်ခံ ကိုထွန်းထွန်းက ဧရာဝတီကို ပြောသည်။

လွှတ်တော်အမတ်က ဒုက္ခသည်များထံ သွားရောက် တွေ့ဆုံပြီး စကားပြောဆိုခဲ့သည်ဟု ဆိုသည်။

ဂျွန်မက်ကိန်းသည် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာအစိုးရအား ဒဏ်ခတ်ပိတ်ဆို့ရေးကို ထောက်ခံရာတွင် ထင်ရှားသည့် အမေရိကန် လွှတ်တော်အမတ် ဖြစ်သည်Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အထက်ပေါင်းလောင်းကြောင့် လူ ၈ ထောင် ရွှေ့ပြောင်းရမည်

ကျော်ခ | အင်္ဂါနေ့၊ မေလ ၃၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၀ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆွစ်ဇာလန်နှင့် ဗြိတိသျှ ဆောက်လုပ်ရေး ကုမ္ပဏီများ ပါဝင်ဆောက်လုပ်ပေးနေသော ရှမ်းပြည်နယ်ရှိ ရေအားလျှပ်စစ် စီမံကိန်းအတွက် ရေကာတာ ဆောက်လုပ်သည့် လုပ်ငန်းကြောင့် လူ ၈ ထောင်ခန့်ကို အဓမ္မ ရွှေ့ပြောင်းခံရမည်ဟု ကယန်းအမျိုးသား လူ့အခွင့်အရေးအဖွဲ့က ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းရှိ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်နေသော အထက်ပေါင်းလောင်း ဆည်စီမံကိန်းအတွင်း ကျရောက်သော ကျေးရွာပေါင်း ၂၃ ရွာမှ လူဦးရေ ၇၉၉၈ ဦးမှာ နေရာသစ်များ ရှာဖွေနေကြရသည်ဟု ထိုင်းနိုင်ငံတွင် ပြုလုပ်သော Kayan New Generation Youth အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။




အထက်ပေါင်းလောင်း ဆည်စီမံကိန်း လုပ်ငန်းခွင် မြင်ကွင်း (Photo:: KNGY)
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရာပြည့်က ကျေးရွာလူကြီးများကို အောက်တိုဘာလ
နောက်ဆုံးထား ပြောင်းရွှေ့ရန် ပြောကြားထားသည်ဟု
KNGY က ဆိုသည်။

“ပြောင်းရမယ့် နေရာတွေကိုလည်း ကိုယ်တိုင်ရှာပြီး
ပြောင်းခိုင်းတယ်” ဟု အဖွဲ့မှ မူမိုးလေးက မဇ္ဈိမကို
ပြောသည်။

“နောက်ထပ် ပြောင်းရွှေ့ရမယ့် နေရာကလည်း
တောင်ကြောတွေပဲ ရှိတယ်။ မြေပြန့်ကို ပြောင်းမယ်
ဆိုရင်လည်း ရေအောက်မှာ ရှိနေတယ်ဆိုတော့
ဒေသခံတွေအနေနဲ့က ဘယ်လိုလုပ်ကြရမှန်း မသိဘူး
ဖြစ်နေကြတယ်” ဟု သူက ဆက်ပြောသည်။

ရေအားလျှပ်စစ် ၁၄ဝ မဂ္ဂါဝပ် ထုတ်လုပ်မည့် ရေကာတာ တည်ဆောက်မှုကို Af Colenco ကုမ္ပဏီက တည်ဆောက်ရေး အင်ဂျင်နီယာ ဒီဇိုင်းနှင့် တည်ဆောက်ရေး လုပ်ငန်းများကို ကြီးကြပ်လျက်ရှိသည်။ ထို့အပြင် အင်္ဂလန်မှ မိသားစုပိုင် မလ်ကွန် ဒွန်စတန်ကုမ္ပဏီ Malcom Dunstan Associates နှင့် တရုတ်နိုင်ငံမှ ယူနန်အကြီးစား စက်ပစ္စည်းများ ပြည်ပတင်ပို့ရေး ကုမ္ပဏီ Yunan Machinery and Export Company တို့ ပါဝင် ခလုပ်ကိုင်နေကြသည်။

မလ်ကွန် ဒွန်စတန်ကို အင်္ဂလန်ရှိ ဘားမားကင်မ်ပိန်း (ယူကေ) အဖွဲ့က လူ့အခွင့်အရေး ချိုးဖောက်နေသော
မြန်မာအစိုးရကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ထောက်ပံ့ကူညီနေသော အဖွဲ့အဖြစ် ၂ဝဝ၈ ခုနှစ်တွင် နာမည်ပျက်စာရင်းထဲ ထည့်သွင်းခဲ့သည်။
အထက်ပေါင်းလောင်း ဆည်စီမံကိန်း လုပ်ငန်းခွင်တည်ရှိရာ မြေပုံ (Photo:: KNGY)
”ဥရောပက လာသည်ဖြစ်စေ၊ အာရှက လာသည်ဖြစ်စေ
မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့အခါ
သင့်လျော်တဲ့ စံသတ်မှတ်နှုန်းများကို ပစ်ပယ်လုပ်ဆောင်
နေကြတာကို ပြသနေပါတယ်” ဟု မမူမိုးလေးက ပြောသည်။

မလ်ကွန်ဒွန်စတန်သည် ရဲရွာဆည်တည်ဆောက်ခဲ့သူပြီး၊
လက်ရှိတွင် အထက်ပေါင်းလောင်းနှင့် တာဆန်း
ရေကာတာ တည်ဆောက်ရေးတို့ လုပ်ကိုင်လျက်ရှိသည်။

ဒေသခံများမှာ မိမိအစီအစဉ်ဖြင့် ရွှေ့ပြောင်းရမှာဖြစ်ပြီး
တအိမ်ထောင်လျှင် ကျပ် ၅ သောင်းသာ ပေးမည်ဟု
အာဏာပိုင်များက ပြောသည်။

သူတို့သည် နနွင်းကို အဓိကစိုက်ပျိုးကြပြီး ငရုပ်သီး၊ နွေစပါး၊ မိုးစပါး၊ မြေပဲ၊ လိမ္မော်၊ ငှက်ပျောနှင့် လက်ဖက် စသည်များလည်း စိုက်ပျိုးကြသည်။

၂ဝဝ၄ ခုနှစ်မှစ၍ တည်ဆောက်နေသော အမြင့် ၁ဝ၃ မီတာရှိ ရေကာတာစီမံကိန်းသည် ၂ဝ၁၂ ခုနှစ်တွင် ပြီးဆုံးရန် လျာထားထားသည်။ ဆည်တည်ဆောက်ပြီးလျှင် အကြမ်းမျဉ်း ဘောလုံးကွင်းပေါင်း ၁၁၄ဝဝ နီးပါး အကျယ်ရှိ စိုက်ပျိုးမြေ ၆၁ စတုရန်း ကီလိုမီတာမှာ ရေမြုပ်ကုန်မည်ဟု ကယန်းလူငယ်အဖွဲ့က ပြောသည်။

ထွက်ရှိသော လျှပ်စစ်ကိုမူ စီမံကိန်း၏ အနောက်မြောက်ဘက် ၅ဝ ကီလိုမီတာအကွာရှိ အစိုးရရုံးစိုက်ရာ
နေပြည်တော်သို့ ပေးပို့မှာဖြစ်သည်။

ယခုအဖြစ်အပျက်များနှင့် ပတ်သက်၍ ရွေးကောက်ပွဲကာလတွင် အဆိုပါကျေးရွာများက မဲပေးခဲ့ကြသော ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီနှင့် ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်ပါတီထံ ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။

အထက်ပေါင်းလောင်း ဆည်စီမံကိန်း လုပ်ငန်းခွင် မြင်ကွင်း (Photo:: KNGY)
စီမံကိန်းက အဓမ္မ ရွှေ့ပြောင်းခိုင်းသလို ၆ဝ၆ ခြေမြန်
တပ်ရင်းအတွက် နေရာထိုင်ခင်းများ ဆောက်လုပ်ခြင်း၊
လမ်းဖောက်ခြင်းတို့တွင် ဒေသခံများကို ပေါ်တာဆွဲ
အသုံးပြုကြသေးသလို တအိမ်ထောင်လျှင် လစဉ်ကြေး
ကျပ် ၁ဝဝဝ ကောက်ခံသေးသည်ဟု KNGY ၏ အစီရင်ခံစာတွင် ပါရှိသည်။

မြန်မာနိုင်ငံ မြစ်ကြောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့
Burma Rivers Network ခေါင်းဆောင်တဦးဖြစ်သူ
စိုင်းစိုင်းက “နိုင်ငံမှာ ထုတ်တဲ့ ရေအားလျှပ်စစ်
အများစုပေါ့နော်။ စစ်တပ်နေရာရယ်၊ စစ်တပ်နဲ့
ပတ်သက်တဲ့ စက်မှုလုပ်ငန်းတွေ နေရာရယ်ပဲ အများစု
အသုံးပြုတယ်။ ရေကာတာ စီမံကိန်း အနီးမှာရှိတဲ့
မြို့ပဲဖြစ်ဖြစ်၊ ရွာပဲဖြစ်ဖြစ် အများစုက လျှပ်စစ်ဓာတ်အား
မရဘူး။ လျှပ်စစ်ရပေမယ့်လည်း မီးရဖို့က တနေ့လာရင်
၃ ရက်ပျက်တယ်ဆိုတဲ့ အခြေအနေ အမြဲတမ်း ရှိနေတယ်” ဟု ပြောသည်။

သမ္မတသစ်၏ ပထမဆုံး မိန့်ခွန်းတွင်လည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အကျယ်တဝင့် ပြောကြားသွားပြီး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်များကို ဟန်ချက်ညီညီ ထိန်းညှိဆောင်ရွက်မည်ဟု ပါရှိသည်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဆေးလိပ် ထိန်းချုပ်မရဟု ဆရာဝန်အသင်း ပြော

ထွန်းထွန်း | အင်္ဂါနေ့၊ မေလ ၃၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၈ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေ ရှိသော်လည်း လိုက်နာမှု မရှိကြသေးကြောင်း မြန်မာနိုင်ငံ ဆရာဝန်များအသင်းက အင်္ဂါနေ့တွင်
ပြောဆိုလိုက်သည်။

ယင်းဥပဒေအရ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ဆေးလိပ်မသောက်သုံးရဇုန် သတ်မှတ်ရန်နှင့်
ဆေးလိပ်ဗူးများကို အလိပ်ချင်းမရောင်းရန် ပါဝင်သော်လည်း လက်တွေ့တွင်မူ မဖြစ်သေးသည့်အပေါ် ပြောဆိုခြင်း
ဖြစ်သည်။

“အခု သူ့ Institution အလိုက် လိုက်ပြီးတော့ ဆေးလိပ်မသောက်ရ၊ ဌာနဆိုင်ရာအတွင်းမှာ ဆေးလိပ်မသောက်ရတို့ ဘာတို့တော့ ထုတ်ပြန်ထားတာ ရှိတယ်။ အစိုးရဌာနမှာတော့ လုပ်ထားတာ မရှိသေးပါဘူး” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာခိုင်စိုးဝင်းက မဇ္ဈိမကို ပြောသည်။

ဥပဒေတွင် အများပြည်သူအနေဖြင့် ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်း အန္တရာယ်မှ
tobacoo

တောင်ကိုရီးယား နိုင်ငံတွင် ဆေးလိပ်ဆန့်ကျင်ရေး လှုပ်ရှားသူ နှစ်ဦးက စီးကရက်ပုံစံ အထူးဝတ်စုံများ ဝတ်ဆင်၍ ၂၀၁၁ ခုနှစ် မေလ ၃၁ ရက်နေ့ ကမ္ဘာ့ဆေးလိပ်မသောက်ရနေ့ အထိမ်းအမှတ် ကမ်ပိန်းတွင် ပါဝင် ဆင်နွှဲနေစဉ်။(AFP PHOTO/JUNG YEON-JE)
ကင်းဝေးစေရန် ဆေးလိပ်မသောက်ရ နေရာနှင့် အကန့်အသတ်ဖြင့်
ဆေးလိပ်သောက်ခွင့်ရှိသော သီးသန့်နေရာများကိုပါ အသေးစိတ်
ဖော်ပြထားသည်။

“ဆေးလိပ်ကို အလိပ်အပြေ မရောင်းရ၊ လက်လီ မရှိရဘူးပေါ့။ ထုတ်တဲ့သူကို ကန့်သတ်တဲ့ အနေနဲ့ ဗူးလိုက်ရောင်းရမယ်။ ဒါပေမဲ့ ကန့်သတ်တဲ့ အသက်အပိုင်းအခြားအရ အသက်ငယ်တယ်ဆိုရင်ကို
ရောင်းခွင့် မရှိဘူး။ စည်းမျဉ်းတွေ ထုတ်ခဲ့တယ်။ ဒါပေမဲ့ ရောင်းတဲ့သူတွေ ကိုယ်တိုင်လည်း မလိုက်နာဘူး၊ ဝယ်တဲ့သူတွေကလည်း အဲဒီလို ရတဲ့နေရာမှာ လိုက်လိုက်ဝယ်ပြီး သောက်နေကြတာပါပဲ” ဟု
ဒေါက်တာခိုင်စိုးဝင်းက ဆိုသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို ၂ဝဝ၆ ခုနှစ် မေလ ၄ ရက်မှ စတင်ပြဋ္ဌာန်းခဲ့ပြီး ၂ဝဝ၇ ခုနှစ် မေလ ၄ ရက်နေ့၌ အာဏာသက်ဝင်သည်။

ယနေ့သည့် ကမ္ဘာ့ဆေးလိပ်မသောက်ရနေ့ ဖြစ်ပြီး ဆောင်ပုဒ်မှာ “ဆေးလိပ် ဆေးရွက်ကြီးအန္တရာယ် ကင်းဝေးဖို့ ဥပဒေစည်းကမ်း အလေးထားလို့ ဝိုင်းဝန်းလိုက်နာ ဆောင်ရွက်ကြစို့” ဖြစ်သည်။

မြန်မာနိုင်ငံတွင် အထက်တန်းကျောင်းသား အရေအတွက်၏ ဆေးလိပ်သောက်နှုန်းမှာ ၂ဝဝ၁ ခုနှစ်က ၁ဝ.၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး၊ ၂ဝဝ၇ ခုနှစ်တွင်မူ ၄.၉ ရာခိုင်နှုန်း ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့ ပူးတွဲပြုလုပ်သည့် Global Youth Tobacco Survey - GYTS စစ်တမ်းအရ သိရသည်။

လူငယ်များအကြား မြင်တွေ့ရသည်က ၁ဝ ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း ဒေါက်တာခိုင်စိုးဝင်းက ဆိုသည်။

“လူငယ်တွေကို သင်တန်းလုပ်တဲ့အခါမှာ ဆိုပါတော့ လူ ၄ဝ လောက် သင်တန်း ပေးတဲ့အထဲမှာ အနည်းဆုံးတော့ ၄ ယောက်လောက်တော့ ပြန်ပါလာတော့ ၁ဝ ရာခိုင်နှုန်းလောက်တောင် ရောက်နေတယ်။ ဒါ လူငယ်အပိုင်းမှာနော်။ ကျနော်က လောလောဆယ် လူငယ်စီမံချက်ကိုပဲ ကိုင်ထားတော့ လူကြီးပိုင်းကို မသိလိုက်ဘူး။ ဒါပေမဲ့ လူကြီးတွေလည်း သောက်နေကြတာပဲ” ဟု သူက ပြောသည်။

ကိန်းဂဏန်းများအရ ဆေးလိပ်သောက်သုံးမှု လျော့နည်းသွားသည်ဟု ဆိုသော်လည်း ကွမ်း အပါအဝင်
ဆေးရွက်ကြီး သောက်သုံးမှုတွင်မူ ၂ဝဝ၁ ခုနှစ်က ၅.၇ ရာခိုင်နှုန်းရှိရာမှ ၂ဝဝ၇ ခုနှစ်တွင် ၁၄.၁ ရာခိုင်နှုန်းအထိ တိုးတက်လာသည်ဟု GYTS စစ်တမ်းတွင် ဖော်ပြထားသည်။

“ကွမ်းစားတဲ့သူတွေ တတ်နိုင်လို့ရှိရင် ဆေးရွက်ကြီးနဲ့ ပတ်သက်ပြီး ပါတဲ့ 92 တို့၊ 100 တို့ ဒါတွေလည်း ထည့်ပြီး မစားစေချင်ဘူး။ ဒါတွေက တကယ်တမ်းကျတော့ ဆေးရွက်ကြီးကို ပြုပြင်ထားတဲ့ ဟာတွေချည်းပဲ။ နောက် ဗမာဆေးဆို နည်းနည်းပိုဆိုးသေးတယ်။ အထူးသဖြင့် ဗမာဆေးကို ကျနော် ကွမ်းယာဆိုင်တွေမှာ တွေ့တာ မှိုတက်နေတဲ့ ဗမာဆေးတွေကို ထည့်သုံးနေတာတွေ ဘာတွေ။ အဲဒါတွေ ပိုဆိုးလိမ့်မယ်” ဟု ရန်ကုန်မြို့ခံ ဆရာဝန်တဦးကလည်း မဇ္ဈိမကို ပြောသည်။

ဆေးလိပ်သောက်သူများထဲတွင် သာမန်အရပ်သားများသာမက ကျန်းမာရေးဝန်ထမ်းများပင် ပါဝင်နေသည်။

“အမျိုးမျိုးတော့ ပညာပေးတာပဲ။ ပညာပေးတာမှ ကျနော်တို့ဆိုရင် ဆေးခန်းစာအုပ်တွေမှာ ဆေးလိပ်သောက်ခြင်းရဲ့ အပြစ်တွေ အကုန်ရေးပေးတာပဲ။ ဒါပေမဲ့ လုပ်နေကြတာပဲ။ နောက် ဆရာဝန်တွေ ကိုယ်တိုင်က
ဆေးလိပ်သောက်နေကြတယ်။ နှလုံးသွေးကြောပိတ်သွားတယ်။ ကုထားရတယ်။ ဒါပေမဲ့ ဆေးလိပ်
သောက်နေကြတုန်းပဲ” ဟု ဒေါက်တာခိုင်စိုးဝင်းက ဆိုသည်။

ဆေးလိပ်တွင် ဓာတ်ပစ္စည်းအမျိုးပေါင်း ၄၃ဝဝ ကျော်ပါဝင်ပြီး လူကို အသက်အန္တရာယ်ပေးနိုင်သည့် ကတ္တရာ၊ နီကိုတင်း ကာဗွန်မိုနောက်ဆိုဒ်၊ ဘင်ဇင်းနှင့် အမိုးနီးယားဓာတ် များစွာပါဝင်သည်။

“ကျနော့်ယောက္ခမဆိုလည်း အဆုတ်ကင်ဆာနဲ့ သေသွားတယ်။ ဆေးလိပ်ကြောင့် ဖြစ်တယ်ဆိုတာ သူကိုယ်တိုင် သိတယ်။ အဲဒီတော့ အောက်က သားသမီး၊ သားတွေမှာလည်း တယောက်ဆိုရင်လည်း အဆုတ်ကင်ဆာနဲ့
လောလောလတ်လတ် သေသွားပြီ။ နောက်တယောက်ဆိုရင် အဲဒီဆေးလိပ်ကြောင့်ပဲ လျှာကင်ဆာဖြစ်တယ်။ ဆေးသွင်းတယ်၊ ဓာတ်ကင်ရတယ်။ နည်းနည်းလေး သက်သာလာတယ်။ ဒါကြောင့်ဖြစ်တယ်ဆိုတာ သိရဲ့သားနဲ့ ဆေးလိပ်ပြန်သောက်နေတယ်။ ဆိုတော့ စွဲနေကြတာကို မဖြတ်ချင်ကြဘူး” ဟု ရန်ကုန်မြို့ခံ ဆရာဝန်က ဆိုသည်။

ဆေးလိပ်ကြောင့် အဆုတ်ကင်ဆာနှင့် ခံတွင်းကင်ဆာများဖြစ်ပေါ်နိုင်ပြီး နှလုံးသွေးကြောပိတ်ရောဂါများ
ဖြစ်ပွားနိုင်ပြီး အဖြစ်အများဆုံးနှင့် လူအသေအပျောက် အများဆုံးရောဂါများ ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်းအဆိုအရ သိရသည်။

“အဓိက အဆိုးဆုံးကတော့ ကင်ဆာပေါ့ဗျာ။ ကင်ဆာဆိုရင်လည်း ပါးစပ်ထဲမှာလည်း ကင်ဆာဖြစ်သလို အဆုတ်ထဲမှာလည်း ကင်ဆာဖြစ်မှာပဲ။ နည်းနည်းလေး ပျော့သွားတဲ့အခါကျတော့မှ အဆုတ်ပွတယ်၊ နာတာရှည် လေပြွန်ယောင်ရောဂါတွေ ရမယ်။ နှလုံးမှာဆိုရင် သွေးကြောတွေ ကျဉ်းလာမယ်။ နှလုံးသွေးကြော ကျဉ်းလာရင် နှလုံးပုပ်တယ်ပေါ့။ နောက် ခပ်ပျော့ပျော့ထဲကဆိုရင်တော့ အစာအိမ် အနာပေါက်မယ်။ ဒီ့ထက်ဆိုးရင် အစာအိမ်ကင်ဆာအထိ ရောက်လာနိုင်တယ်” ဟု ဒေါက်တာခိုင်စိုးဝင်းက ပြောသည်။

အစိုးရအနေဖြင့် ဥပေဒပြဋ္ဌာန်းထားရုံဖြင့် မလုံလောက်ဘဲ တွန်းအားပေးလုပ်ဆောင်မှုများ လိုအပ်နေကြောင်း ဆရာဝန်များ အသင်းက တိုက်တွန်းသည်။

“ဥပဒေတို့ စည်းမျဉ်းတို့ရှိပေမယ့်လည်း Enforcement အတင်းအကျပ် မရှိရင်တော့ အလကားပဲ။ တကယ့်
ဆေးလိပ်ရောင်းတဲ့ နေရာတွေက ဟိုတုန်းကဆိုရင်တော့ အရက်ရောင်းလို့ရှိရင် အရက်က လိုင်စင်ရှိမှ
ရောင်းရတယ်ဆိုတာမျိုးလို အတားအဆီးလေးများ လုပ်လိုက်လို့ရှိရင် ရောင်းတဲ့နေရာမှာ အကန့်အသတ် ရှိလာမယ်ပေါ့။ အဲဒီ့အခါကျရင် သောက်သုံးတဲ့သူလည်း ဘာပဲပြောပြော အခွန်အခ ဈေးတက်လာလို့ရှိရင်
ဆေးလိပ်ဈေး တက်လာမယ်ပေါ့။ ဒါပေမဲ့ နယ်စပ်ကနေ မဝင်ဖို့လည်း အရေးကြီးသေးတယ်။ နယ်စပ်က ဝင်ပြီဆိုရင်တော့ ဈေးပေါပေါထဲကဟာတွေ ဝင်လာလိမ့်မယ်လေ” ဟု အသင်း၏ အထွေထွေအတွင်းရေးမှူး
ဒေါက်တာခိုင်စိုးဝင်းက ပြောသည်။

ကမ္ဘာတဝှန်းတွင် ၂ဝ ရာစုအတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုကြောင့် လူပေါင်း သန်း ၁ဝဝ ကို အသက်ဆုံးရှုံးစေခဲ့ပြီး ၂၁ ရာစုတွင် လူပေါင်း သန်း ၁ဝဝဝ အသက်ဆုံးရှုံးစေမည်ဟု WHO က ခန့်မှန်းထားသည်။

အစိုးရအနေဖြင့် ပညာပေးလုပ်ငန်းများနှင့်ပတ်သက်၍ မီဒီယာကို အသုံးချရန်နှင့် ထိရောက်စွာ လုပ်ဆောင်ရန်လည်း လိုအပ်ကြောင်း ဆရာဝန်အသင်းက ဆိုသည်။

“အဓိကကတော့ Multi Media အကုန်သုံးရမှာပဲ။ အသံလည်း ထုတ်ပြရမယ်။ ရုပ်တွေလည်း ထုတ်ပြနိုင်တယ်ဆိုရင်တော့ အဆင်ပြေလောက်တယ်လို့ ကျနော် ယူဆတာပဲ။ ဘာဖြစ်လို့ဆိုတော့ ရုပ်မြင်သံကြားက ဖြန့်ချိနိုင်လို့ရှိရင် ပိုကောင်းမယ်။ ဒါပေမဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်တဲ့စရိတ်က ကြီးတယ်လေ။ ဈေးကြီးတယ်ဆိုတော့ တော်ရုံတန်ရုံလည်း အစိုးရက မလုပ်ရင်တော့ ကျနော်တို့လည်း မလုပ်နိုင်ဘူး။ ဒါ အစိုးရကတော့ တော်တော်များများ လုပ်နေပါပြီ။ ဒါပေမဲ့ တကယ်လူကြည့်တဲ့ အချိန်မှာတော့ မလာသေးဘူး” ဟု ဒေါက်တာခိုင်စိုးဝင်းက ပြောဆိုသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒီမိုကရေစီရေးဟာ တာဝန်ဆိုသူ

မျိုးသန့် | အင်္ဂါနေ့၊ မေလ ၃၁ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၇ မိနစ်
(ကဗျာဆရာ ငြိမ်းသစ်နှင့် အင်တာဗျူး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကဗျာဆရာများ၊ ဂီတ၊ စာပေ၊ ပန်းချီ၊ ပန်းပု စသည့် အနုပညာရှင်များအနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် တာဝန်တရပ်အနေဖြင့် ကြိုးပမ်းစေလိုကြောင်း ကဗျာဆရာ ကိုငြိမ်းသစ်က တိုက်တွန်းလိုက်သည်။

ဆရာငြိမ်းသစ်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ မန္တလေးတိုင်း အရှေ့တောင်မြို့နယ် ဒုဥက္ကဋ္ဌလည်း ဖြစ်သည်။ သူသည် ၁၉၉၉ ခုနှစ်တွင် ပြည်ပရှိ မတရားသင်းများနှင့် ဆက်သွယ်မှုဖြင့် ထောင် ၈ နှစ်ချမှတ်ခံခဲ့ရပြီး ၂ဝဝ၇ ခုနှစ်တွင် ပြန်လွတ်လာခဲ့သည်။ ယင်းနှစ်တွင်ပင် NLD ပါတီဝင်အဖြစ် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ NLD ရုံးချုပ်တွင် အခါအားလျော်စွာ ကျင်းပသည့် စာပေဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ကူညီနေသည်။ ၎င်းအပြင် “ကဗျာ၊ သီချင်း၊ ပန်းချီ” လူမှုရေးကူညီမှုအဖွဲ့ ဖွဲ့စည်းပြီး၊ နယ်မြို့နယ်များရှိ ဆင်းရဲချို့တဲ့သော စာပေ၊ ပန်းချီ၊ ဂီတ အနုပညာရှင်များကို ဆေးဝါးကုသစရိတ်များ ကူညီပေးနေသည်။

နိုင်ငံရေးတွင် အနုပညာရှင်များ ပါဝင်ပတ်သက်လာမှု၊ ပြုပြင်ပြောင်းလဲရေးအတွက် အနုပညာ၏ အရေးပါမှု၊ လူငယ်အနုပညာရှင်များနှင့် နိုင်ငံရေး၊ NLD ပါတီအပေါ် အမြင်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား စသည်တို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့်က ဆက်သွယ်မေးမြန်းထားပါသည်။

ကဗျာဆရာတယောက်အနေနဲ့ ပါတီနိုင်ငံရေးမှာ ဘာ့ကြောင့် ပါဝင်လာရတာပါလဲ။

“၂ဝဝ၇ ကျနော် ထောင်က ထွက်လာတဲ့အခါ ပါတီက အင်အားချို့တဲ့နေတယ်။ ဒါပေမဲ့ ဒီပါတီကလည်း ဖိအားပေး အခံရဆုံး၊ အဝေဖန် အခံရဆုံး၊ ရန်သူကလည်း အဖိနှိပ်ဆုံး။ ဥပမာ - ဆိုင်းပုဒ်တွေ ဖြုတ်တယ်၊ ဆိုင်းဘုတ်တွေကို ညဥ့်နက်သန်းခေါင် ခိုးတယ်၊ မြို့နယ် CEC တွေကို ဖမ်းတယ်၊ ဖမ်းပြီးတော့ နုတ်ထွက်ခိုင်းတယ်၊ မနုတ်ထွက်တဲ့လူကို အခြားပုဒ်မ တခုခုတပ်ပြီးတော့ ထောင်ချတယ်။ မြင်းမူမြို့နယ်က ဆိုင်းဘုတ်တို့၊ ချောင်းဦးက ဆိုင်းဘုတ်တို့၊ အမရပူရက ဆိုင်းဘုတ်တို့ဆိုရင် ညဉ့်နက်သန်းခေါင် အဖြုတ်ခံရတယ်။ အဖွဲ့ဝင်တဦးဦးရဲ့ သဘောနဲ့ လိုလိုလားလား အဖြုတ်ခံရတာ မဟုတ်ဘူး။ အနိုင်ကျင့်ပြီးတော့ ဖိနှိပ်တဲ့အခါမှာ ပါတီက ပြိုကွဲလျော့ရဲစ ပြုနေတဲ့အချိန်မှာ ကျနော်တို့က ဒီဘက်မှာ ရပ်ရမယ်ဆိုတဲ့ အမြင်နဲ့ ကျနော်တို့ ရပ်တာပါ”

တချို့ယူဆချက်တွေအရ စာပေကဗျာသမားဆိုတာ ပါတီ၊ အဖွဲ့အစည်းတခုနဲ့ ပတ်သက်ဆက်စပ်နေရင် သူတို့ရဲ့ ကဗျာဖန်တီးမှုဟာ မလွတ်လပ်တော့ဘူးလို့ ယူဆချက်တွေရှိပါတယ် အဲဒီအပေါ်မှာကော။

“ကျနော်တို့ တော်တော်များများက ပါတီအလံတော်တခုအောက်မှာ မရပ်ဘူးဆိုတဲ့ အယူအဆ တော်တော်များများ ရှိပါတယ်။ ကျနော်တို့လည်း အဲဒီအယူအဆကို လက်ခံပါတယ်။ ကျနော်တို့တွေ သတင်းသမားတွေ၊ ဂျာနယ်လစ်တွေ၊ ကျန်တဲ့ အနုပညာရှင်တွေအားလုံးက လွတ်လွတ်လပ်လပ် အနုပညာဖန်တီးနိုင်ဖို့အတွက် ကျနော်တို့က ပါတီတခုအောက်၊ အလံတခုအောက်မှာ မရှိသင့်ဘူးပေါ့။ ဒါပေမဲ့ ဒါဟာ အမျိုးသားနိုင်ငံရေးကို လုပ်နေတာလို့ပဲ ကျနော် ယုံကြည်တယ်။ ဒါကြောင့်မလို့ ပြည်သူတရပ်လုံးရဲ့ ဆန္ဒနဲ့ ညီညွှတ်တဲ့ ဒီမိုကရေစီ ရရှိရေးကို ကျနော်တို့က အမျိုးသား နိုင်ငံရေးအဖြစ်နဲ့ ယုံကြည်ပြီးတော့ ဒီတပ်ဦးမှာ ရှိနေတဲ့ ဒီပါတီကို ဝန်းရံတာ၊ ဒီပါတီထဲကို ဝင်ရောက်တာ ဖြစ်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာအပြီး ကဗျာဆရာတွေ၊ ဆရာငြိမ်းသစ်တို့ အပါအဝင် ကိုရဲလွင်တို့၊ နောက် ဇေယျာသော်တို့ ဒီအနုပညာသမားတွေဟာ NLD နဲ့ ပိုပြီးတော့ ပူးပေါင်းမှုရှိလာတယ် ဘာ့ကြောင့်ပါလဲ။

“ကဗျာသမားတွေမှာ အမှန်တရားတွေ ရှိနေပြီးသားပါ။ သူတို့ဟာလည်း သာမန်ပြည်သူနဲ့ မခြားပါဘူး။ အကြောက်တရား ရှိကြတယ်။ အဲဒီအကြောက်တရားတွေက တဖြည်းဖြည်း ဖိနှိပ်မှုများလာတယ်၊ မတရားမှုတွေ များလာတယ်၊ တရားမျှတမှုတွေ နည်းလာတဲ့အခါမှာ ဒါကို ဘယ်နည်းနဲ့ ဆောင်ရွက်ပေးရမလဲ ဘယ်နည်းနဲ့ ကာကွယ်ရမလဲ၊ ဘယ်နည်းနဲ့ တိုက်ဖျက်ရမလဲ၊ သူတို့မှာ ဆန္ဒတွေ ဖြစ်ထွန်းလာတယ်။ အဲဒီလိုဖြစ်ထွန်းလာတဲ့အခါ အခု ကျနော်တို့မှာ ခေါင်းဆောင်ကောင်းလည်း ရှိနေတဲ့အခါ ဒီခေါင်းဆောင်ရဲ့ ဦးဆောင်မှု အောက်ကနေပြီးတော့ သွားလို့ရတယ်ဆိုတဲ့ အယူအဆတွေလည်း ရှိတာကြောင့်ပါ”

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျစဉ် NLD ဟာ မျက်မြင်၊ နားမကြားကျောင်းလို ဖြစ်နေတယ်လို့ ဝေဖန်ကြတဲ့ အပေါ်မှာကော။

“NLD ကို တချို့ လေ့လာသုံးသပ်မှု မရှိဘဲနဲ့ ထိထိရောက်ရောက် လုပ်ဆောင်မှုမရှိဘူးလို့ ဝေဖန်ကြတာရှိတယ်။ အဲဒါတွေကို ကျနော် လက်မခံပါဘူး။ ကနေ့ NLD ပါတီဝင်တွေဟာ အလွန် အင်မတန်ပဲ ဖိအားပေါင်းစုံနဲ့ ရင်ဆိုင်နေရတာ။ စီးပွားရေး၊ ပညာရေး၊ အားလုံး စွန့်လွှတ်စွန့်စားပြီးတော့ ဆောင်ရွက်ကြရတယ်။ ဒါက ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ တလျှောက်လုံးမှာ တွေ့နေရတာပဲလေ။ အဲဒီတော့ NLD ကလည်းပဲ အန်တီစုမှာပဲ ပါဝါအပြည့်အဝ ရှိပြီးတော့ ကျန်တဲ့ CEC တွေ၊ ဥက္ကဋ္ဌတွေမှာ အန်တီစုလောက် ပါဝါသိပ်မကြီးဘူးပေါ့လေ။ အဲဒီလို ဖြစ်တဲ့အခါကျတော့ ပါတီကို မပျက်ရုံ၊ ပြည်သူလူထုနဲ့ အဆက်မပြတ်ရုံ၊ သူတို့ရတဲ့ ဥပဒေဘောင်အတွင်းထဲကနေ ကြိုးစားပြီးတော့ ဆောင်ရွက်ခဲ့ကြတာပါ။ အဲဒါကို ပါတီအပေါ်မှာ အားမရတဲ့ အသံတွေ နှောင့်နှေးတယ်၊ ကြန့်ကြာတဲ့ အချိန်ဆွဲတာကို ခံရတယ်။ တရွတ်တိုက်ကြီး ပါသွားတယ်ပေါ့။ အဲဒီလို ဝေဖန်တာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီလူကြီးတွေကော၊ လူငယ်တွေကောက အင်မတန် ကြိုးကြိုးစားစားနဲ့ ရန်သူနဲ့ မပူးပေါင်းဘဲနဲ့ ဆောင်ရွက်သွားတာ”

ဒေါ်အောင်ဆန်းစုကြည် မလွှတ်ခင်နဲ့ ပြန်လွတ်ပြီး NLD အပေါ်မှာ ပြည်သူလူထုရဲ့ ထောက်ခံမှု ဘယ်လိုရှိပါသလဲ။

“အန်တီကတော့ တောက်လျှောက် နှစ်ရှည် ထိန်းသိမ်းခံရတာဆိုတော့ အန်တီ အထဲမှာ ရှိနေစဉ်က ပြည်သူလူထုက ပိုပြီးတော့ ဖိနှိပ်မှုခံရတယ်လို့ ယူဆလို့ရတယ်။ အန်တီလွတ်လာတော့ ပြည်သူလူထုက ပိုပြီးတော့ စိတ်အားတက်ကြွမှုတွေ ဖြစ်လာတယ်၊ ဒီမိုကရေစီကို ပိုပြီးတော့ နီးနီးကပ်ကပ် မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ဖို့ကိုလည်း ပိုပြီးတော့ မျှော်လင့်ကြတယ်။ လူထုကလည်း ပိုပြီးတော့ သတ္တိရှိလာတယ်။ နောက်ပြီးတော့ ဖိအားတွေကို အန်တီနဲ့ ပူးပေါင်းပြီးတော့ တွန်းလှန်မယ်ဆိုတဲ့ စိတ်ဓာတ်တွေ ရှိလာတယ်”

ကဗျာဆရာတွေပဲဖြစ်ဖြစ်၊ အနုပညာရှင်တွေပဲဖြစ်ဖြစ် သူတို့ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုဟာ ဘယ်အတိုင်းအတာထိ အောင်မြင်နိုင်မယ်လို့ ယူဆလို့ ရနိုင်လဲ။

“ကျနော်တို့တွေက ဘာပဲပြောပြော အသိပညာအရဖြစ်စေ၊ အနုပညာဖန်တီးမှုအရဖြစ်စေ ပြည်သူလူထုကို ဦးဆောင်မှု ပေးနိုင်ပါတယ်။ အဲဒီ ဦးဆောင်မှုပေးနိုင်တဲ့ လူတွေက နိုင်ငံရေးအသိ မှန်မှန်ကန်ကန်နဲ့၊ ရပ်တည်ချက် မှန်မှန်ကန်ကန်နဲ့ ကျနော်တို့ ဒီမိုကရေစီအရေးကို ဦးဆောင်ပေးနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေ နောက်ကနေပြီးတော့ ရပ်တည်ပေးမယ်ဆိုရင် ပြည်သူလူထုကလည်း တခဲနက် ပါဝင်လာမယ်၊ အတိုင်းအတာ တခုအထိလည်း အောင်မြင်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်”

ကဗျာ ဒါမှမဟုတ် သီချင်းတပုဒ်ဟာ ပြုပြင်ပြောင်းလဲရေးအတွက် ဘယ်လောက်အထိ အရေးပါလဲ။

“အနုပညာဖန်တီးတဲ့ အခါမှာတော့ ပုံစံမျိုးစုံ ရှိတာပေါ့။ ကျနော်တို့ဆိုလည်း ကဗျာတွေရေးတဲ့အခါမှာ
မော်ဒန်လိုမျိုး ရေးတာမဟုတ်ဘဲနဲ့ ပြည်သူလူထုအားလုံး နားလည်နိုင်တဲ့၊ ပြည်သူလူထု အားလုံးရဲ့ ရင်ထဲရောက်နိုင်တဲ့ စကားလုံးတွေနဲ့ ပြည်သူလူထု ပါဝင်လာနိုင်တဲ့ အနုပညာကို ကျနော်တို့ ဖန်တီးကြတာပေါ့။ ဒီလို ဖန်တီးတဲ့နေရာမှာ တချို့ အင်အားကောင်းတဲ့ စကားလုံးတွေ၊ အင်အားကောင်းတဲ့ ဖြည့်စွက်မှုတွေဖြစ်တဲ့ သံစဉ်တွေနဲ့ သီချင်းဆိုရင်လည်း ဂီတသံစဉ်တွေနဲ့ ပြည်သူလူထု ရင်ထဲကို ပြောင်ပြောင်မြောက်မြောက် ရောက်အောင် ဖန်တီပေးနိုင်မယ် ဆိုရင်တော့ ကျနော်တို့ရဲ့ အနုပညာပစ္စည်းတွေဟာ ပြည်သူလူထုကို ဆွဲဆောင်လာနိုင်ပါလိမ့်မယ်၊ သူတို့ကို တိုက်ပွဲထဲကို ပါဝင်လာနိုင်ဖို့ ဆွဲခေါ်လာနိုင်ပါလိမ့်မယ်”

လူမှုရေး လုပ်ငန်းတွေမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးလုပ်ငန်းတွေမှာပဲဖြစ်ဖြစ် လုပ်ကိုင်နေကြတဲ့ စာပေသမားတွေ၊ ကဗျာသမားတွေကို ဘာများ ပြောချင်ပါသလဲ။

“စာပေအနုပညာရှင်တွေ၊ ဂီတအနုပညာရှင်တွေ၊ ပန်းချီ ပန်းပု အနုပညာရှင်တွေ အားလုံးပေါ့လေ၊ နယ်ပယ် အသီးသီးမှာ ရှိနေတဲ့ အနုပညာရှင်တွေကို ပြောချင်တာက အရေးကြီးတာကို အရင်လုပ်ဖို့ပေါ့။ ကျနော်တို့က လူထုရဲ့ ဘဝတွေ၊ လူထုရဲ့ ခံစားမှုတွေကို အနုပညာနဲ့ ပေါင်းစပ်ပြီးတော့ ဖန်တီးနေတယ်။ လူထုဆီကို ပြန်ရောက်အောင် ပို့နေတယ်။ အဲဒီတော့ အဲဒီအနုပညာရှင်တွေက အခုအချိန်မှာ အရေးကြီးတာကို အရင် လုပ်စေချင်ပါတယ်။ အရေးကြီးတာက အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်သူလူထု ဒီမိုကရေစီ ရရှိရေးဟာ အင်မတန် အရေးကြီးပါတယ်။ အဲဒါကို ပြည်သူထူထုရဲ့ ခံစားမှုကို ကျနော်တို့က အမြဲတမ်း နားစွင့်နေတယ်။ ကျနော်တို့က တဆင့်ခံ ခံစားမှုအနေနဲ့ ပြည်သူ့ထံ ပြန်လည်တင်ပြနေတဲ့ သူတွေအနေနဲ့ အဲဒီအရေးကြီးတဲ့ ကိစ္စကိုဖြစ်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်သူလူထု ဒီမိုကရေစီ ရရှိရေးဟာ ကျနော်တို့ရဲ့တာဝန်၊ ကျနော်တို့ရဲ့ အနုပညာ တာဝန်အဖြစ်နဲ့ သတ်မှတ်ပြီးတော့ အရေးကြီးတာကို အရင်လုပ်စေချင်တယ်လို့ ကျနော် ပြောဖြစ်ပါတယ်”

အနုပညာရှင်တွေ ကဗျာသမားတွေဟာ မြန်မာ့နိုင်ငံရေးကို တကယ်ကော ဦးဆောင်မှုပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေလား။

“အနုပညာရှင်တွေကတော့ လူကြီးလူငယ်တွေအားလုံး တချို့ အနုပညာရှင်တွေဟာ ကျနော်တို့ထက် ဖန်တီးမှုအားလည်း ကောင်းပါတယ်၊ ကျနော်တို့ထက်လည်း အနုပညာပစ္စည်းတွေကို ဖန်တီးနိုင်ပါတယ်။ တချို့ဆိုရင်လည်း ကျနော်တို့ထက် အတွေ့အကြုံ မြောက်မြားစွာ ရှိကြတယ်။ ကျနော်တို့ အခုအချိန်မှာ အမှန်တရားကို လက်ဆုပ်လက်ကိုင် ထားပြီးတော့ မှန်ကန်တဲ့ နိုင်ငံရေး လမ်းစဉ်အောက်မှာ ယုံကြည်ချက် ပြည့်ပြည့်ဝဝနဲ့
ပြည်သူလူထုကို ဦးဆောင်မှုပေးဖို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဖို့ လိုပါတယ်”

လူငယ်တွေ ကဗျာဆရာတွေ၊ တေးရေးဆရာတွေရဲ့ လူမှုရေးလုပ်ငန်းတွေ အောင်မြင်မှု အတိုင်းအတာ ဘယ်လောက် ရှိပါသလဲ။

“ကျနော်ကတော့ လူငယ်အနုပညာသမားတွေနဲ့လည်း ဆုံဖြစ်တယ်။ ကိုရဲလွင်တို့လို၊ ကိုသားထွေးတို့လို တေးရေး အဆိုတော်တွေနဲ့လည်း ဆုံဖြစ်တယ်။ နောက် အပြင်မှာ တီးခတ်နေတဲ့ လူငယ်တွေနဲ့လည်း ဆုံဖြစ်တယ်။ လူငယ် ကဗျာဆရာတွေနဲ့လည်း ဆုံဖြစ်တယ်။ ကျနော်တို့က အပြင်မှာလည်း လူမှုရေး လုပ်ငန်းတွေ လုပ်ဖြစ်တဲ့အခါကျတော့ ကျနော်တို့က အနိမ့်ဆုံး သဘောတူညီချက်အရ ကျနော်တို့က နိုင်ငံရေးနဲ့ ပေါင်းစပ်သွားတဲ့အခါကျတော့ ပိုပြီးတော့ မြန်ဆန်လာတယ် ပိုပြီးတော့ အားကောင်းလာတယ်။ အဲဒါပါပဲ”

လူငယ်တွေအပေါ်မှာ ကဗျာရေးရာမှာပဲဖြစ်ဖြစ်၊ မြန်မာ့နိုင်ငံရေးမှာပဲဖြစ်ဖြစ် ဘာများမျှော်လင့်လို့ ရနိုင်မလဲ။

“လူငယ်အနုပညာရှင်တွေကို ကျနော် အများကြီး အားရပါတယ်။ အားလုံးက တက်ကြွကြတယ်၊ အားလုံးက နိုးနိုးကြားကြား ရှိကြတယ်၊ နိုင်ငံရေး မျက်ခြေမပြတ်ကြပါဘူး။ နောက် သူတို့ကိုယ်တိုင်ကလည်း နိုင်ငံရေးကို ရှေးရှုတဲ့ လူမှုအဖွဲ့အစည်း အသီးသီးမှာ ကိုယ်တိုင်ကိုယ်ကျ အတော်များများက ပါဝင်ဆောင်ရွက်နေကြတာပါ။ အဲဒါကြောင့် သူတို့ဟာ လူထုနဲ့ အတော်ကို နီးစပ်ပါတယ်။ နောက် သူတို့က ရှာဖွေလေ့လာမှုတွေရှိတယ်၊ သူတို့က သမိုင်းရဲ့ အမွေကောင်းတွေကို လက်ဆင့်ကမ်းယူနိုင်မှုလည်း ရှိတယ်။ သူတို့ဟာ နိုင်ငံရေးစာပေတွေကိုလည်း ခုနောက်ပိုင်း လေ့လာလိုက်စားလာကြတဲ့အခါ သူတို့ရဲ့ နိုင်ငံရေး အယူအတွေလည်း ကောင်းမွန်တယ်။ ဒါကြောင့် သူတို့ဟာ ပြောင်မြောက်တဲ့ အနုပညာတွေကို သူတို့ ဆက်လက်ပြီးတော့ ဖန်တီးသွားနိုင်ကြမှာ ဖြစ်ပါတယ်”

မြန်မာ့နိုင်ငံရေးမှာ လှုပ်ရှားပါဝင်ချင်ကြတဲ့ တခြား အနုပညာရှင်တွေကိုကော ဘာပြောချင်ပါလဲ။

“သူတို့မှာ နဂိုတည်းက ရဲရင့်တက်ကြွပြီးသား ဖြစ်တယ်။ သူတို့က အတွေးအခေါ် အယူအဆတွေ ထက်သန်လာအောင်လည်း စာပေတွေ လေ့လာဖတ်ရှုကြတယ်။ နောက်ပြီးတော့ လက်ရှိနိုင်ငံရေးရဲ့ ရယ်စရာကောင်းတဲ့ အကွက်တွေကိုလည်း သူတို့ မြင်နေတွေ့နေရတယ်၊ ဖိနှိပ်မှုတွေကိုလည်း မြင်တွေ့နေရတယ်၊ မတရားမှုတွေကိုလည်း မြင်တွေ့နေရတယ်။ အဲဒီအခါကျတော့ သူတို့ရင်ထဲမှာ နိုင်ငံရေး အသိစိတ်တွေ အမြဲရှင်သန်နေမှာပါပဲ။ အဲဒီတော့ ဒီလို အခြေခံကောင်းတွေ၊ ဒီလို အယူအဆကောင်းတွေ၊ ဒီလို သတ္တိတွေကို ခိုင်ခိုင်မာမာနဲ့ ယုံကြည်ချက်ရှိရှိ ပေါင်းစပ်ပြီးတော့ ပြည်သူ့ဒီမိုကရေစီအရေးကို ဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်
နောက်ကနေပြီးတော့ ရဲရဲဝံ့ဝံ့ ရပ်ကြပါလို့ ကျနော် ပြောချင်ပါတယ်”Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

သန်းရွှေချန်ခဲ့ တဲ့ အခက်ဆုံး ကစားကွက်

ဆက်ကစားရင်တော့ . . @ဍဍ$$. ပေါင်ရမယ်



SummaryRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကြောတာပေါ့နော် အလင်းရောင်လေးရဖို့ 


နေပြည်တော် မီးရရန် ရွာ ၂၀ ကျော် ရွှေ့ရမည်
သန်းထိုက်ဦး Tuesday, 31 May 2011 17:38
နေပြည်တော်အတွက် လျှပ်စစ်မီး ထုတ်လုပ်မည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းနယ်မြေရှိ ရွာပေါင်း ၂၃ ရွာမှလူဦးရေ ၈၀၀၀ ကျော်သည် နေရပ်ကို စွန့်ခွာရဖွယ် ရှိသည်ဟု သိရသည်။
နေပြည်တော် မီးရရန် ရွာ ၂၀ ကျော် ရွှေ့ရမည်
လာမည့် အောက်တိုဘာလ နောက်ဆုံးထားပြီး ထိုဒေသမှ ထွက်ခွာကြရန် အာဏာပိုင်တို့က ဖိအားပေးနေကြောင်း ကယန်းမျိုး ဆက်သစ် လူငယ်အဖွဲ့ (KNGY) က ယနေ့ ထိုင်းနိုင်ငံ တနေရာတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။

“ဒေသခံတွေက ဘယ်နေရာကို ပြောင်းရွှေ့ရမယ် မသိဘူး၊ ပေါင်းလောင်းဒေသက တောင်ကြီးတွေ ဖြစ်နေတယ်လေ။ အဲဒါကြောင့် သူတို့က ပြောင်းရွှေ့ နေထိုင်ဖို့ အရမ်း ခက်နေတယ်” ဟု KNGY အဖွဲ့ ခေါင်းဆောင် မမူမိုးလေးက ပြောသည်။

နှစ်သက်ရာ နေရာသစ်ကို ရွေးချယ်ခွင့် ပေးထားသော်လည်း ဒေသခံများက ပြောင်းရွှေ့ခြင်း မရှိသေးကြောင်း မမူမိုးလေးက ပြောသည်။

စီမံကိန်းနှင့် ပတ်သက်ပြီး KNGY အဖွဲ့၏ အစီရင်ခံစာတစောင်ကို ယနေ့ ထုတ်ပြန်ရာ ၂၀၀၄ ခုနှစ်တွင် စတင် ခဲ့သော ဤစီမံကိန်းမှ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၁၄၀ ထုတ်ပေးနိုင်မည် ဖြစ်ကြောင်း၊ စီမံကိန်းသည် စစ်တောင်းမြစ်၏ မြစ်လက်တက် ဖြစ်သော ပေါင်းလောင်းမြစ်ညာပိုင်းတွင် တည်ရှိပြီး နေပြည်တော်နှင့် ကီလိုမီတာ ၅၀ ခန့် အကွာအဝေးတွင် ရှိကြောင်း ဖော်ပြထားသည်။

“၂၀၀၄ ခုနှစ်က စပြီး ကျနော့် အိမ်ဆောက်ဖို့ အတွက် ဘိလပ်မြေတွေ ၀ယ်စုလာခဲ့တာပါ၊ ခုတော့ ဒီပစ္စည်းတွေ ရေအောက် ရောက်ပြီး အဆုံးခံမယ့်အစား ဘုန်းကြီးကျောင်းကို ကျနော် လှူလိုက်တော့တယ်၊ ဘယ်သူမှ အိမ် မဆောက်ဝံ့ကြတော့ဘူး၊ ကျနော်တို့မှာ ဘယ်ကို ပြောင်းရမယ်မှန်းလည်း မသိပါဘူးဗျာ” ဟု ဒေသခံ ရွာသားတဦးက ပြောဆိုကြောင်း အစီရင်ခံစာတွင် ရေးထားသည်။

ထိုဒေသတွင် နေထိုင်သော မြန်မာ၊ ကယန်း၊ ပအို့ဝ် တို့မှာ စိုက်ပျိုးရေးဖြင့် အသက်မွေးကြကြောင်း၊ စီမံကိန်း လုံခြုံရေး တာဝန်ယူထားသော စစ်တပ်များရောက်လာပြီးနောက် ဒေသခံတို့ လုပ်အားပေးရပြီး၊ ဒဏ်ကြေး ကင်းကြေး ခေါင်းစဉ်များဖြင့်
ငွေပေးရသည်ဟု ဆိုသည်။ ဒေသခံတို့၏ တောင်ယာ စိုက်ပျိုးရေး လုပ်ငန်းများ တားမြစ်ခံရကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လုပ်ငန်း ပြီးစီးမှု ၆၀ ရာခိုင်နှုန်း ရှိပြီ ဖြစ်သော စီမံကိန်းသည် ၂၀၁၂ တွင် အဆုံးသတ်ဖွယ်ရှိသည်ဟု ဆိုသည်။

ပြောင်းရွှေ့နေထိုင်မည့် နေရာသစ်တွင် မြေထိုးစက်ဖြင့် မြေညှိခြင်း၊ ပြောင်းရွှေ့ရွာသစ်တိုင်းအတွက် ရေလှောင်ကန်တကန်နှုန်း တူးဖော်ခြင်းတို့ကို ပြုလုပ်ပေးမည်ဟု အာဏာပိုင်တို့က ကမ်းလှမ်းထားကြောင်း “ပြောင်းစေအမိန့်ဖြင့် နှင်ထုတ်ခံရခြင်း” ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆွစ်ဇာလန်နိုင်ငံမှ ဆောက်လုပ်ရေး ကုမ္ပဏီ ဖြစ်သော AF-Colenco၊ လန်ဒန်အခြေစိုက် Malcolm Dunstan and Associates နှင့် တရုတ်နိုင်ငံမှ Yunnan Machinery and Export Company တို့ စီမံကိန်းတွင် ပါဝင် ပတ်သက်နေကြောင်း အစီရင်ခံစာတွင် ရေးထားသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

AB သွေးအရေးပေါ် ၅လုံးခန့် လိုအပ်နေ

လှူတန်းလိုသူများ ၀၉ ၇၃၀ ၆၇၉၉၄ မစုလဲ့  ထံဆက်သွယ် နိုင်ပါတယ်။ လူနာဆီတိုက်ရိုက်သွားရောက် လိုပါက မသန်းသန်းမြင့် (စီ)ဆောင် ဗဟို အမျိုးသ္မီးဆေးရုံ အလုံမြို့ နယ် ။

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာပြည် ဒေါ်လာဈေးကွက် အေးစက်

ဧရာဝတီ Monday, 30 May 2011 17:41(ပေးပို့ သူ-ဗမာ့သွေး)
စာကြွင်း ။ ။ သိန်းစိန် အစိုးရမှာ ဘာမှမရှိ သိန်းစိန် ပါးစပ်ပိတ်ပြီးပြုံးတာဘဲ မကြာခဏသတင်းစာမှာ တွေ့ ရမည်။ ပြုံးတာကြည့်ပြီး ပြည်သူ့ ဘ၀က ဒုံရင်း။

သမ္မတဦးသိန်းစိန်အစိုးရ တက်ပြီးနောက် ၂ လခန့် အကြာတွင် မြန်မာနိုင်ငံအတွင်း ဒေါ်လာ အရောင်း အ၀ယ် ကျဆင်းလျက် ရှိသည်ဟု သိရသည်။

ဤသို့ ဖြစ်နေရခြင်းမှာ တရုတ်-မြန်မာ နယ်စပ် ဈေးကွက်တွင် မူးယစ်ဆေး ရောင်းဝယ်ရေး လုပ်ငန်းများမှ ဒေါ်လာ ပမာဏ အမြောက်အမြားစီးဆင်းနေခြင်း၊ ပြည်တွင်းဈေးကွက်တွင် ဒေါ်လာဝယ်နိုင်စွမ်းအား တောက်လျှောက် ကျဆင်းနေခြင်း တို့ကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့မှ ငွေလဲ လုပ်ငန်းရှင်ကြီး တချို့က ပြောသည်။

“အခု နယ်စပ် ဒေါ်လာ ရောင်းချင်တဲ့ ပမာဏက သိသိသာသာကို တက်လာတယ်။ အဲဒီဈေးကွက်မှာ ဒေါ်လာ ရောင်းလိုအား များလာရင် ပြည်တွင်း ဈေးကွက်မှာ ဒေါ်လာတန်ဖိုး လိုက်ကျတယ်” ဟု တရုတ်နယ်စပ်နှင့် ချိတ်ဆက်ပြီး ဒေါ်လာ နှင့် ရွှေ ရောင်းဝယ်သူ ရန်ကုန်မှ စီးပွားရေးသမား တဦးက ရှင်းပြသည်။

ဒေါ်လာအရောင်းအ၀ယ်သည် နယ်စပ်ဒေသ စစ်ရေး တင်းမာမှုများနှင့်လည်း ဆက်စပ်နေကြောင်း ရန်ကုန်မှ ကုန်သည် တချို့က ယူဆသည်။

“တိုက်ပွဲတွေ ဖြစ်လာမလား ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ၊ ဒါတွေက ဈေးကွက်မှာ ရှိတာထုတ်ရောင်း ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်ပေါ်စေတယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ ဒေါ်လာ တန်ဖိုး ထပ်ကျနိုင်တယ်လို့ ခန့်မှန်းထားကြတယ်” ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ ကုန်သည်တဦးက ပြောသည်။

မတ်လကုန်ပိုင်းတွင် ပေါ်ပေါက်လာသည့် ဦးသိန်းစိန်အစိုးရ၏ အစောပိုင်းကာလတွင် ဒေါ်လာဈေးသည် မြန်မာငွေ ၈၆၀ ၀န်းကျင်တွင် ရှိသည်။ ယခုအခါ အမေရိကန် တဒေါ်လာသည် ၈၁၅ ကျပ် နှုန်း ဖြစ်နေသည်။

ဒေါ်လာဝယ်အား အလွန် နည်းပါးနေသည့် အကြောင်းရင်း တခုမှာ စားအုန်းဆီ တင်သွင်းရန် စုပေါင်း ကုမ္ပဏီ ဖွဲ့ပြီး အရင်းအနှီး ရှာကြသောကြောင့် ဖြစ်သည်ဟု သိရှိရသည်။

“စားအုန်းဆီတန် ၃၀၀၀ အထက် အနည်းဆုံးသွင်းနိုင်မှ ဆီတင်သွင်းခွင့်ပေးမယ် ဆိုတော့ စားအုန်းဆီသွင်းချင်တဲ့သူ အချင်းချင်း စုပေါင်းကုမ္ပဏီ ထောင်ကြတယ်။ အဲဒီ လုပ်ငန်း နယ်ပယ်မှာ ကုန်သည်တွေ၊ စီးပွားရေးသမားတွေ စိုက်ထည့် ရင်းနှီး မြှုပ်နှံကြတော့ ဈေးကွက်မှာ ၀ယ်နိုင်စွမ်းအား အတော်ကြီးကို ကျသွားတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ စီးပွားရေးသမားတဦးက သုံးသပ်သည်။

အစိုးရသစ်လက်ထက် အားသာချက်တခုမှာ သွင်းကုန် လိုင်စင်နှင့် ပို့ကုန်လိုင်စင်များ ယခင်ထက် လျှင်မြန်စွာချပေးနေခြင်း ဖြစ်သည်ဟု သိရသည်။ သို့သော်လည်း လက်တွေ့လုပ်ဆောင်ရာတွင် အဟန့်အတား များစွာ ရှိနေသည်ဟု ကုန်သည်တို့က ညည်းညူနေကြသည်။

“လိုင်စင်လျှောက်ရတဲ့ သက်တမ်း ပိုမြန်တာပဲ ရှိတယ်။ ကျန်တာတွေက အရင်လိုပဲ။ ဖြတ်ကျော်ရတဲ့ အဆင့်တွေက အများကြီး။ သွင်းကုန်၊ ပို့ကုန် လိုင်စင် လျှောက်မယ် ဆိုရင် နေပြည်တော်ကို သွားလျှောက်ရတယ်။ ဆန်ပို့မယ် ဆိုရင် ဆန်အသင်း ထောက်ခံချက်၊ လိုအပ်တဲ့ စာရွက်စာတမ်း အကုန်တင် နိုင်မှ ဒီလိုင်စင်က ရတာ။ တခု မှားသွားရင် အကုန် အစက ပြန်လုပ်ရတယ်။ ဖြတ်ကျော်ရတဲ့ အဆင့်က အများကြီး” ဟု ရန်ကုန် စီးပွားရေး လုပ်ငန်းရှင် တဦးက ဆိုသည်။

အဆင့်ဆင့် စောင့်ဆိုင်း လျှောက်ထားရသည့် စနစ်၊ ထောက်ခံစာပေးရသည့် စနစ်တို့ကို ပြုပြင် ပြောင်းလဲသင့်သည်ဟု စီးပွားရေး ပညာရှင်တဦးက ပြောသည်။

ထိုပညာရှင်ကပင် လက်ရှိ မြန်မာ့ စီးပွားရေးအခြေအနေက ဆုတ်ရိပ်ပြနေသည်ဟု သုံးသပ်သည်။

“နိုင်ငံတခုကြီးပွားတယ် ဆိုတာက ထုတ်ကုန်နဲ့ တိုင်းသလိုသွင်းကုန်ကို ကြည့်ပြီးလည်း တိုင်းတာလို့ ရတယ်။ စီးပွားရေး တကယ် တိုးတက်လာပြီ ဆိုရင် Capital goods လို့ခေါ်တဲ့ အရင်းအနှီး ကုန်စည်၊ ကုန်ထုတ် ကုန်စည်တွေ တင်သွင်းတာ မြင့်တက်လာတယ်။ ဒီမှာက Capital goods ထက် ဓာတ်ဆီ၊ ဒီဇယ်၊ စားအုန်းဆီတို့လို Consumption goods သွင်းတာများတယ်။ Capital goods တင်သွင်းတာက အစိုးရပိုင်း (သို့မဟုတ်) အစိုးရ စီမံကိန်း အတွက် တင်သွင်းတာလောက်ပဲ ရှိတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ အနေနဲ့ အရင်းအနှီး ကုန်စည် သွင်းတာ နည်းပါတယ်” ဟု ၎င်းက ပြောသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

NLD လူငယ် ထောင်တွင်း ဆန္ဒပြမည်

ဖနိဒါ | တနင်္လာနေ့၊ မေလ ၃၀ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၈ မိနစ်(ပေးပို့ သူ-ဗမာ့သွေး)
ချင်းမိုင် (မဇ္စျိမ) ။ ။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး အပါအဝင် တောင်းဆိုချက် ၃ ချက်ဖြင့် မေ ၃ဝ ရက်မှစ၍ အစာငတ်ခံ ဆန္ဒပြသွားမည်ဟု စစ်ကိုင်းတိုင်း ခန္တီးထောင်တွင် အကျဉ်းကျနေသည့် ဘိုကလေးမြို့နယ် NLD လူငယ် ကိုနေဝင်းစိုးက ပြောဆိုကြောင်း မကြာသေးခင်က ယင်းထောင်မှ ပြန်လွတ်လာသည့် ပါတီတူလူငယ် ကိုစိုင်းမင်းသိန်းက ပြောသည်။

တောင်းဆိုချက် ၄ ချက်မှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရန်
ဖော်ဆောင်ရေး၊ တိုင်းရင်းသား လက်နက်ကိုင်များအပေါ် တန်းတူညီတူ နွေးဆွေးညှိနှိုင်းရေးတို့ ဖြစ်သည်။

ပြန်ပြောပြသူ ၃ဝ နှစ်အရွယ် ကိုစိုင်းမင်းသိန်းသည် တိုက်ကြီးမြို့နယ် NLD လူငယ်တဦးဖြစ်ကာ လောင်စာဆီ ကျဆင်းရေးအတွက် ၂ဝဝ၇ ခုနှစ်ထဲတွင် ရန်ကုန်၌ လမ်းလျှောက်ဆန္ဒပြသဖြင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) အပါအဝင် အခြားပုဒ်မများဖြင့် ထောင်ဒဏ် ၄ နှစ်ခွဲကျခံရမှ မကြာသေးခင်က သမ္မတဦးသိန်းစိန်၏
လျှော့ပေါ့ပြစ်ဒဏ်ဖြင့် ပြန်လွတ်လာခဲ့သည်။

“ဒီနေ့ ဒီပဲယင်းနေ့မှ စပြီးတော့ အစာငတ်ခံ ဆန္ဒပြမယ်လို့ ကျနော့်ကို ကြိုပြီး ပြောပြလိုက်တာခင်ဗျ။ ပထမတချက်က စစ်မှန်တဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေး၊ ဒုတိယအချက်က အမျိုးသား ပြန်လည်ရင့်ကြားစေမှု
ဖော်ဆောင်ရေး၊ တတိယအချက်က ပြည်တွင်းငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လက်နက်ချခြင်း၊ အလင်းဝင်ခြင်းမျိုး မဟုတ်ဘဲနဲ့ တန်းတူ ညီတူဆက်စပ် ညှိနှိုင်းဖော်ဆောင်ရေး ဆိုတဲ့အချက် ၃ ချက်အတွက် တောင်းဆိုထားတယ်ခင်ဗျ” ဟု ကိုစိုင်းမင်းသိန်းက မဇ္စျိမကို ပြောသည်။

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၊ ကုကသကဂ္ဂနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများကို ခန္တီးထောင်သို့ လာရောက်ရန် အကျဉ်းကျခံ အသက် ၂၇ နှစ်အရွယ် ကိုနေဝင်းစိုးက ဖိတ်ခေါ်ကြောင်းပါ သူက ပြောပြသည်။

ခန္တီးထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၆ ဦး ရှိရာ ၄ ဦးမှာ ကျန်းမာရေးအရ အရေးပေါ် ခွဲစိတ်ကုသမှု လိုအပ်နေပြီး၊
လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဆန္ဒပြမှုတွင် ဦးဆောင်ခဲ့သူ ရန်ကုန်အခြေစိုက် MDC ခေါ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများအဖွဲ့ဝင် ကိုထင်ကျော်ကို လိပ်ခေါင်းရောဂါ ခံစားနေရသည်ဟု ကိုစိုင်းမင်းသိန်းက ဆိုသည်။

ခန္တီးထောင်တွင် ဦးပါကာလ (ခ) ဇော်မျိုးနိုင်၊ ကိုသန့်ဇော်မြင့်၊ ကိုမျိုးမြင့်ဝေ၊ ကိုဝင်းမြင့်မောင် ခေါ် ပဲပြုတ်၊ ဦးမောင်မောင်စိန်၊ ကိုနေဝင်းစိုး၊ ကိုထင်ကျော်၊ ကိုတင်ထူးအောင်၊ ကိုထင်အောင်၊ ကိုကျော်မိုးဦး၊ ကိုခင်မောင်ချို ခေါ် ကိုဖိုးတုတ်၊ ဦးငြိမ်းမောင်၊ ဦးညီပု(မုံရွာ)၊ သားဖြစ်သူ ကိုကျော်ကြီး၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးနှင့် မထားထားသက် စသဖြင့် နိုင်ငံရေးအကျဉ်းသား ၁၆ ဦး ရှိနေသေးသည်။

မစုစုနွေးသည် မကြာခဏ ဆိုသလို နှလုံးရောဂါ ဝေဒနာခံစားနေရသဖြင့် မိသားစုနှင့် နီးစပ်သည့် အကျဉ်းထောင်သို့
ပြောင်းရွှေ့စေလိုကြောင်း ကိုစိုင်းမင်းသိန်းက ပြောသည်။

ခန္တီးထောင်သည် မြို့နှင့် ၃ မိုင်ခန့်အကွာတွင်ရှိပြီး မိုးရာသီတွင် ကုန်းလမ်းခရီးနှင့် သွားလာရ ခက်ခဲသောကြောင့်
ရေလမ်းကြောင်းမှ စက်လှေဖြင့် သွားလာရကာ အရေးပေါ် ဆေးကုသမှု လိုအပ်လာပါက အချိန်မီ မကုသနိုင်သဖြင့် သေဆုံးသွားသည့် သာမန်အကျဉ်းသားများလည်း ရှိသည်ဟု ဆိုသည်။ Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဆင်းရဲသော မိသားစုများသို့ UNDP မှ ထောက်ပံ့ငွေ တစ်ချို့ အာဏာပိုင်များကို ပေးနေရ

News Date:5/30/2011 နိရဉ္ဖရာ သတင်းဌာန(ပေးပို့ သူ-ဗမာ့သွေး)
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂလာဒေခ်ျ့မှ ပြန်ဝင်လာသော ဒုက္ခသည်များကို ပြန်လည် နေရာချထားရေး အစီအစဉ်အရ UNDP မှ ဆင်းရဲသား မိသားစုများကို ထောက်ပံ့နေသော ငွေ တစ်ချို့ကို အာဏာပိုင်များက လိုက်လံ ကောက်ခံမူများ ရှိနေကြောင်း သတင်း ရရှိသည်။

ယခုကဲ့သို့ ငွေကောက်ခံနေမူကို စနေနေ့ ညနေပိုင်းမှ စတင် ပြုလုပ်နေခြင်း ဖြစ်ကြောင်း ကျေးရွာသား တစ်ဦးက ယခုကဲ့သို့ ပြောသည်။

" အခု ကောက်ခံနေတာက တစ်အိမ်ထောင်က ၁၀၀၀ ကျပ်စီ ကောက်ပါ တယ်။ နစကဆီက စာလာတယ်ပြောပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်ခေါင်း တွေက ကောက်နေတာ ဖြစ်ပါတယ်။ မပေးရင် အဖမ်း ခံရနိုင်တဲ့ အတွက် တောင်းတဲ့ငွေကို ပေးနေကြပါတယ်" ဟု သူက ပြောသည်။

UNDP က ဘင်္ဂလာဒေခ်ျ့မှ ပြန်ဝင်လာသော မွတ်ဆလင် ဒုက္ခသည် မိသားစုများကို အဆင့် (၅) ဆင့်ဖြင့် ကူညီနေရာ နောက်ဆုံး အဆင့် ဖြစ်သော မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရေး အစီအစဉ်အရ တနိုင်တပိုင် မွေးမြူရေး လုပ်ငန်း လုပ်ကိုင်ရန်အတွက် ငွေများ ထုတ်ပေးနေကြောင်း သိရသည်။

" သူတို့က အဆင့် တစ်ကနေ ၅ ထိ တဆင့်ပီး တဆင့် ကူညီနေတာ ဖြစ်ပါတယ်။ နံပတ် (၅) အဆင့်မှာ အိမ်တစ်အိမ်ကို ငွေ ၃၀၀၀ ကနေ ၅၀၀၀ ကျပ်ထိ ထုတ်ပေး နေပါတယ်။ မွေးမြူရေး အတွက် ကြက် ဆယ့်လေး ငါးကောင် ၀ယ်ဖို့ အတွက် ထုတ်ပေးတာပါ။ အဲဒီအထဲက ငွေတွေကို သူတို့ကို တစ်ထောင်စီ ပေးရမယ်ဆိုပြီး နစကမှ ကောက်ခံနေတာ ဖြစ်ပါတယ်။"

ယခု ငွေကောက်ခံနေရသော ကျေးရွာများ ပြိုင်းတောင်၊ တောင်ချေ၊ ဒိုးတန်း၊ ဆင်သေပြင်နှင့် ဖရုံချောင်း စသည့် ကျေးရွာများ ဖြစ်ကြသည်။ အဆိုပါ ကျေးရွာများမှာ ဘူးသီးတောင်မြို့နယ် တောင်ဘက်တွင် တည်ရှိပြီး အဆိုပါ ကျေးရွာများ အနီးတည်ရှိသော အမှတ်(၂၈) ညောင်ချောင်း နစက စခန်းမှ ကောက်ခံနေခြင်း ဖြစ်သည်။

" သူတို့ ဘာအတွက် ကောက်တယ်ဆိုတာကိုတော့ မပြောဘူး။ သူတို့ သုံးဖို့အတွက်ဘဲ ဖြစ်ဖို့များပါတယ်။ မပေးရင် ကျေးရွာ အုပ်ချုပ်ရေးမှူးက အချုပ်ခန်းမှာ ဖမ်းချုပ်ပါတယ်။ ဒါကြောင့် လူတွေက ပေးနေရပါတယ်" ဟု သူက ပြောသည်။

ယခု ကောက်ခံနေသော ငွေမှာ သိန်းရာချီရှိပြီး သူတို့ကိုယ်ကျိုး အတွက် ကောက်ခံခြင်း ဖြစ်ကြောင်း အများစု ပြည်သူများက ပြောသည်။

ကျေးရွာသားများ အနေဖြင့် ယခုလို ယူအန်ဒီပီက ပေးသောငွေကို အာဏာပိုင်များက ကောက်ယူသည့် အပေါ် မကျေနပ်သော်လည်း မည်သည့် နေရာကိုမှ မတိုင်တန်းရဲဘဲ ဖြစ်နေကြောင်း သူတို့က ပြောသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စိုးရိမ်ပူပန်နေကြ

2011-05-30 RFA(ပေးပို့ သူ-ဗမာ့သွေး)
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မကြာမီ ကာလတွေအတွင်း နယ်ခရီးစဉ်တွေ ထွက်ဖို့ အစီအစဉ် ရှိတယ်လို့ ပြောကြား လိုက်တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်ကြောင်း ပြောဆိုသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။

နေအိမ်အကျယ်ချုပ်မှ လွတ်လာသည့် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၄ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် ဝိုင်းဝန်းဆီးကြိုသော လူထု ပရိသတ်နှင့် နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်က သူ နေအိမ်အကျယ်ချုပ်က ဒီတခေါက် လွတ်မြောက်ပြီးတဲ့နောက်မှာ အရင် အချိန်တွေကထက် အလွန် များပြားလှတဲ့ အလုပ်တာဝန်တွေနဲ့ ပိနေတဲ့အကြောင်း၊ ရုံးနဲ့ အိမ်နဲ့ အလုပ်နဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေနဲ့သာ ရန်ကုန်မြို့တွင်း အချိန်ပြည့် သွားလာနေရကြောင်း၊ လ အနည်းငယ် ကြာရင်တော့ ခရီးထွက်ဖို့ စပြီး လုပ်နိုင်မယ်လို့ မျှော်လင့်ရကြောင်း RFA က ထုတ်လွှင့်နေတဲ့ “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ကနေ ပြောကြားခဲ့ပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်အောင်ဆန်းစုကြည် ဇွန်လမှာ ခရီးထွက်ဖွယ်ရှိ

2011-05-30 RFA(ပေးပို့ သူ-ဗမာ့သွေး)
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လအတွင်း နယ်ခရီးစဉ်တွေ စတင်တော့မယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။ ဒီကနေ့ ဟောင်ကောင်တက္ကသိုလ်က ဆရာဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ အရပ်သား စုစုပေါင်း တထောင်လောက်နဲ့ အင်တာနက် ဗီဒီယိုကတဆင့် တိုက်ရိုက်ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပရိသတ်က မေးမြန်းရာမှာ အဲဒီလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ခရီးစဉ်နဲ့ ပတ်သက်ပြီး သတ်သတ်မှတ်မှတ် မရှိသေးကြောင်းနဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ နောက်ပိုင်းမှာ ခရီး စတင်မယ်လို့ စဉ်းစားနေကြောင်း ပါတီခေါင်းဆောင်ပိုင်းကို ပြောတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက အာအက်ဖ်အေကို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဇွန် ၁၉ သူ့မွေးနေ့ ကျော်သွားတဲ့အခါမှာ ခရီးထွက်ဖို့ စဉ်းစားမယ်လို့ ကျနော်တို့ကို အဲဒီလိုပဲ ပြောတာ။ ဒေါ်စု နယ်ကို ခရီးသွားမယ်ဆိုတဲ့ အစီအစဉ်ကိုပါ၊ သူက ပြည်သူလူထုနဲ့ နိုင်ငံသားတွေနဲ့ တွေ့ချင်တဲ့ ဆန္ဒပဲ။ ဘယ်လိုပုံစံ ဖြစ်လာမယ်တော့ ကျနော်ကြိုပြီး မပြောချင်ပါဘူး”

ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးစဉ်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့ လွတ်လပ်စွာ စည်းရုံးပြောဆိုခွင့် ရှိမရှိဆိုတဲ့ အချက်ကို စမ်းသပ်လိုက်တာလည်း ဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အဖွဲ့ဝင်တွေ၊ ထောက်ခံသူတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အစိုးရက ဘာမှ တိတိကျကျ အာမ,ခံချက် ပေးထားတာ မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသားတိုင်းရဲ့ လုံခြုံရေးဟာ အစိုးရမှာ တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဟောင်ကောင်တက္ကသိုလ်က ပရိသတ်ကို ပြောကြားခဲ့ပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒီပဲယင်း အကြမ်းဖက်မှု ဖြစ်ရပ်မှန် ဖော်ထုတ်ပေးဖို့ တောင်းဆို

By ဦးမိုးဇော် တနင်္လာ, 30 မေ 2011(ပေးပို့ သူ-ဗမာ့သွေး)
ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု ၈ နှစ်ပြည့်တဲ့နေ့မှာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက နှစ်ပတ်လည် အခမ်းအနား ကျင်းပခဲ့ပြီး ဒီလိုတိုက်ခိုက်မှုမျိုး နောက်နောင် မပေါ်ပေါက်စေဖို့နဲ့ ဒီဖြစ်ရပ်အမှန်ကို ဖော်ထုတ်ပေးဖို့ လိုလားကြောင်းကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဒီနေ့ကျင်းပတဲ့ အခမ်းအနားမှာ ဒီပဲယင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေအတွက် ကောင်းမှုကုသိုလ် ပြုခဲ့သလို ကွယ်လွန်ခဲ့ရသူတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံကြေးငွေ ပေးခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီပဲယင်းတိုက်ခိုက်မှု ၈ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေက ဒီတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေကို ရည်စူးပြီး မန္တလေးမြို့ အနောက်ခင်မကန် ကျောင်းတိုက်မှာ သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ၈ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီအခမ်းအနား ကျင်းပရတာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း စည်းရုံးရေးတာဝန်ခံ ကိုမျိုးနိုင်က အခုလို ပြောပါတယ်။

“ဒီပဲယင်း လုပ်ကြံမှုကြီးဆိုတာ တကယ်ကို စနစ်တကျ စီရင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ်ကြီးကို ပျက်ပြားအောင်၊ နောက် ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေ နောက်ထပ် ထပ်ပြီးတော့ ဒီလိုပုံစံမျိုးတွေ မလုပ်ရဲအောင် လုပ်ခဲ့တဲ့ဟာကြီးဗျာ။

“တကယ်တမ်းဆိုရင် တရားဝင် နှစ်ဘက် အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး သွားရတဲ့ စည်းရုံးရေး ခရီးစဉ်ကြီးမှာ ဒီလို စနစ်တကျ လူအုပ်ကြီးနဲ့ ရိုက်နှက်ခံရတဲ့ဟာကြီးက ကျနော်တို့ ရင်ထဲမှာ ဘယ်လိုမှ မမေ့မပျောက်ကောင်းတဲ့ ဟာဗျာ။ သမိုင်းမှာလည်း မှတ်တမ်းတခု အနေနဲ့ ကျန်ခဲ့တဲ့ဟာ။ ဒါကို ကျနော်တို့က ဒီနေ့မှာ ဒီလိုကိစ္စမျိုးတွေ နောက်နောင်လည်း မပေါ်ပေါက်အောင်၊ ဒီဟာမျိုးကိုလည်း ဖော်ထုတ်ပြီးတော့ သက်ဆိုင်တဲ့ လူတွေကိုလည်း ထိုက်သင့်တဲ့ အရေးယူမှုတွေ ဆောင်ရွက်သင့်တယ်ဆိုတဲ့ သဘောနဲ့ ကျနော်တို့ ဒီနေ့ပွဲကို ကျင်းပတာပါ။”

ဒီအခမ်းအနားမှာ ဒီပဲယင်း တိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့ကြတဲ့ ဦးတင်မောင်ဦး၊ ကိုသိန်းတိုး၊ ကိုစန်းမြင့်အောင်တို့ရဲ့ မိသားစုတွေကို ကျပ်ငွေ ၂၀,၀၀၀ စီလည်း ထောက်ပံ့ခဲ့ပါတယ်။

ဒီတိုက်ခိုက်ခံရမှုမှာ ပါဝင်ခဲ့တဲ့ မြင်းခြံမြို့နယ်က ဦးပေါခင်ကတော့ ဒီပဲယင်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစိုးရက အဖြစ်မှန်ကို ဖော်ထုတ်ပေးစေလိုတယ်လို့ ပြောပါတယ်။

“အဖြစ်အပျက်တွေ အားလုံးကို သေချာ ပြန်ခြုံကြည့်မယ်ဆိုရင် ရည်ရွယ်ချက်ရှိရှိနဲ့ ကျနော်တို့ အားလုံးကို ကျုံးသွင်းပြီး သတ်တဲ့ ကိစ္စကြီးပါပဲ။ ဒါပေမဲ့ ဒီနေ့ ဒီအချိန်ခါမှာတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဦးတည်ပြီးတော့ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပဲ သင်ပုန်းချေရေးနဲ့ အာဃာတ ကင်းစင်ရေး အဲဒီလမ်းကြောင်း အတိုင်းပဲ လက်ခံပါတယ်ခင်ဗျ။

“ဒီကိစ္စဟာ အာဏာပိုင်တွေ မပါဘဲနဲ့ ပြီးတဲ့ကိစ္စ မဟုတ်ပါဘူး။ အဲတော့ အာဏာပိုင်တွေ အနေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်လို့ တာဝန်ယူသင့်ပါတယ်။ ဒီမှာ ထိခိုက်နစ်နာသွားတဲ့ ပုဂ္ဂိုလ်တွေ အတွက်လည်း ဆောင်ရွက်ပေးသင့်ပါတယ်။ ကျနော့်အနေနဲ့ နောက်ဆုံးပြောချင်တာက ဒီဖြစ်ရပ်ကြီး၊ သမိုင်းကြောင်းကြီးကို၊ တကယ့်ဖြစ်စဉ် ဖြစ်ရပ်ကြီး တခုကိုတော့ တတ်နိုင်သမျှ အမှန်တရားဖြစ်အောင် အစိုးရအနေနဲ့ ဖော်ထုတ်ပေးစေချင်ပါတယ်။”

ဦးပေါခင်ဟာ ဒီပဲယင်း တိုက်ခိုက်မှုမှာ ဒဏ်ရာ ၄ ချက် ရခဲ့ပြီး ဦးတင်ဦးနဲ့အတူ ကလေးထောင်မှာ ဖမ်းဆီးချုပ်နှောင် ခံခဲ့ရသူ ဖြစ်ပါတယ်။

အစိုးရဘက်ကတော့ ဒီပဲယင်း တိုက်ခိုက်မှုမှာ လူ ၄ ယောက် သေဆုံးပြီး ၅၀ ဒဏ်ရာရခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီပဲယင်း တိုက်ခိုက်ခံရမှုမှာ ပါဝင်ခဲ့တဲ့ မန္တလေး အနောက်တောင်မြို့နယ် NLD ဒု-ဥက္ကဋ္ဌ ဦးခင်မောင်သောင်းကတော့ အစိုးရထုတ်ပြန်တဲ့ အရေအတွက်ထက် များမယ်လို့ ပြောပါတယ်။

“သူတို့ပြောတဲ့ ၄ ယောက်ပဲ သေတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆို ကျည်ရွာမှာ ရိုက်တာက သူတို့သင်္ကေတနဲ့ သူတို့လူတွေနဲ့ ရှိနေပြီးတော့ ကျနော်တို့ကျတော့ ပင်နီရယ်၊ ကချင်လုံချည်ရယ်၊ ပင်နီအင်္ကျီရယ်၊ အင်္ကျီဖြူရယ်။ သူတို့ချင်းလည်း လူမှားမရိုက်ဘူး၊ ကျနော်တို့ချည်း ရိုက်သွားတာ။ ဖြစ်တဲ့အချိန်မှာ ကျည်ရွာကလည်း ကြိုဆိုရေးတဲ့၊ တရွာလုံး ထွက်ကြိုနေတာ။ အဲလိုဖြစ်တဲ့အခါမှာ အံ့အားသင့်နေကြတာ။ ၀ုန်းဝုန်းနဲ့ မီးတွေလင်းလာတယ်။ သစ်ပင်တွေပေါ်ကနေ ဆလိုက်မီးတွေ ထိုးတယ်။ နောက် ကားကြီးတွေပေါ်ကနေ မီးတွေထွန်းပြီးတော့ ရိုက်တဲ့အခါမှာ လာကြိုတဲ့ ကျည်ရွာကလည်း အံအားသင့်တယ်။ ဟာ ရိုက်ကုန်ပြီ ရိုက်ကုန်ပြီ သေပါပြီ၊ ကယ်ကြပါဦး၊ အဲလိုတွေဖြစ်၊ အဲတော့ ရွာသူ ရွာသားတွေလည်း သေတယ်ဗျ။ ကျနော် ၁၀၀-၁၅၀ ထက်တော့ မနည်းဘူးလို့ ထင်ပါတယ်။”

သေဆုံးသူဦးရေ အတိအကျကိုတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က စာရင်းကောက်ယူ ထုတ်ပြန်တာ မရှိပါဘူး။ ပြည်ပရောက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ အစီရင်ခံစာမှာတော့ ဒီတိုက်ခိုက်မှုကို အဆင့်မြင့် အစိုးရ အရာရှိတွေက ကြီးကြပ်ပြီး ဒေသခံ အာဏာပိုင်တွေ၊ ပြည်ခိုင်ဖြိုး အဖွဲ့ဝင်တွေနဲ့ စွမ်းအားရှင်တွေ ပါဝင်ခဲ့ကြောင်းနဲ့ သေဆုံးသူ ၂၈၂ ဦးရှိကြောင်း စာရင်းပြုစုရာမှာ ပါဝင်သူ ၀န်ထမ်းတယောက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစိုးရဘက်က ရိုက်နှက်သူတွေကို တစုံတရာ စုံစမ်းစစ်ဆေး အရေးယူတာ မရှိခဲ့ဘဲ ရိုက်နှက်ခံရသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေကို ဖမ်းဆီးထောင်ချပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းက နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာခဲ့ပြီး ဒီလပိုင်းတွေ အတွင်းမှာ ရန်ကုန်ပြင်ပကို ခရီးထွက်ဖို့ ပြင်ဆင်နေတယ် ဆိုတာကြောင့် သူ့ကို ထောက်ခံသူတွေဟာ ဒီပဲယင်း တိုက်ခိုက်မှုမျိုး ထပ်မံကြုံတွေ့ရမှာကို စိုးရိမ်နေကြပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ပညာရေးတန်ဖိုး ဒေါ်စု အလေးပေးပြောကြား

By ဒေါ်ခင်မျိုးသက် တနင်္လာ, 30 မေ 2011(ပေးပို့ သူ-ဗမာ့သွေး)
စာကြွင်း။ ပညာဟာ သိပ်ကို အရေးကြီးပါတယ် ဗမာပြည်မှာ ပညာ ငတ်နေတဲ့ သူတွေ ရာခိုင်နုန်းအရ ၈၀ ကျော်ရှိပါတယ် ။ (ပညာရွှေ အိုး လူမခိုး) ကိုယ်ပိုင်ဆိုင်ထားတဲ့ ရွှေငွေတွေ နေ့ ချင်းညချင်း ပျောက်သွား နိုင်ပေမယ့်  ကိုယ်တတ်ထားတဲ့ ပညာကြောင့် ကိုယ်ဟာ အခန့် မသင့်လို့ မြောင်းထဲရောက်သွားဦး ဘ၀ကို မပူမပင် ဘဲ ပြန်လည်ထူထောင်နိုင်မှာပါ။ (အာဇာနည် ၀ိုင်းတော်သားများ)

ဟောင်ကောင်တက္ကသိုလ်ဟာ ဒီနှစ်မှာ နှစ် ၁၀၀ ပြည့်သွားခဲ့ပါပြီ။ ဒီနေ့မှာ ကျင်းပတဲ့ ရာစုနှစ် အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခြင်း အထိမ်းအမှတ် အခမ်းအနားအတွက် ပေးပို့လိုက်တဲ့ ဗွီဒီယို မိန့်ခွန်းထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပညာရေးရဲ့ တန်ဖိုးကို အလေးထားပြီး ပြောဆိုသွားခဲ့ပါတယ်။


ဒါ့အပြင် ဒီအခမ်းအနားကို တက်ရောက်လာခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေ၊ ပညာရှင်တွေနဲ့ သတင်းထောက်တွေ မေးထားတဲ့ မေးခွန်းတွေကိုလည်း ဗွီဒီယိုလင့်ခ်ကတဆင့် ဖြေကြားသွားခဲ့ရာမှာ တရုတ်နိုင်ငံရဲ့ ဒီမိုကရေစီရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ဖြေကြား ပြောဆိုသွားခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အာရှမှာ အစဉ်အလာ ကြီးမားတဲ့ ဟောင်ကောင်တက္ကသိုလ်ရဲ့ နှစ် ၁၀၀ ပြည့် အခမ်းအနားအတွက် ဆေးသိပ္ပံ၊ စီးပွားရေးနဲ့ လူမှုရေး သိပ္ပံဆိုင်ရာ ကမ္ဘာပေါ်မှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်သူတွေရဲ့ ဟောပြော ဆွေးနွေးမှုတွေ ပါဝင်ပြီး ဒီအထဲမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟောင်ကောင်တက္ကသိုလ် ကျောင်းသားတွေရဲ့ Centenary Dialogue လို့ခေါ်တဲ့ ရာစုနှစ် အထိမ်းအမှတ် စကားပြောခြင်း အစီအစဉ်လည်း ပါဝင်ပါတယ်။

ဟောင်ကောင်တက္ကသိုလ် လူမှုရေး သိပ္ပံဌာန အကြီးအကဲ အီယန် ဟောလီးဒေး (Ian Holliday) ကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဖိတ်ကြားခဲ့သလို လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ နှလုံးသား ဖြူစင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရေပေါ် ပေါ်နေတဲ့ ကြာပန်းအသွင် တင်စားထားတဲ့ စာတမ်းကိုပါ ပေးအပ်ခဲ့ပါတယ်။ ဒီစာတမ်းကို နာမည်ကျော် ခေတ်ပေါ် လက်ရေးပန်းချီ ပညာရှင် ပါမောက္ခ ဂျောင်ဆန်း (Jao Tsung-I) က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ဒီဟောပြောပွဲကို တက်ရောက်ဖို့အတွက် စာရင်းပေးသွင်းသူ ၁,၈၀၀ ကျော် ရှိပါတယ်။ ဟောင်ကောင်တက္ကသိုလ်ရဲ့ တိုကျိုခန်းမကြီး အပြင် အနားက အခန်းတွေထဲမှာပါ ဗွီဒီယိုနဲ့ ပြသခဲ့သလို ကွန်ပြူတာ အင်တာနက်ပေါ်ကနေ ၀က်ဘ်ကတ်စ်နဲ့ တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့ပြီး ဟောင်ကောင်ကေဘယ်လ် တီဗွီကလည်း တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့ပါတယ်။

ဗွီဒီယို ရုပ်သံကတဆင့် တိုက်ရိုက်ပြောကြားခဲ့တဲ့ အဖွင့်မိန့်ခွန်းထဲမှာ ပညာရေးဆိုတာ လူ့ဂုဏ်သိက္ခာနဲ့ လူ့ဘ၀ တိုးတက်ရေးအတွက် လမ်းမှန်ရောက်ဖို့ လမ်းညွှန်ပေးတာမျိုး ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီအနှစ်သာရကို ဟောင်ကောင်တက္ကသိုလ်က လက်တွေ့ ကျင့်သုံးနေတာမို့ ၀မ်းမြောက်သလို ဒီလိုပညာရေးမျိုး မြန်မာနိုင်ငံမှာ ရှိခဲ့ဖူးပါတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေး အဆင့်အတန်းနဲ့ အခြေခံ အဆောက်အအုံတွေကို အာရှတိုက် နိုင်ငံတွေသာမက ကမ္ဘာကပါ အားကျ စံတင်ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ဟောင်ကောင်တက္ကသိုလ်ထက် ၁၀ နှစ်လောက်ငယ်တဲ့ ရန်ကုန်တက္ကသိုလ်ကနေ ထက်မြက်တဲ့ ပညာတတ်တွေ မွေးထုတ်ပေးရုံတင်မက မြန်မာနိုင်ငံကို ကိုလိုနီ နယ်ချဲ့လက်အောက်ကနေ လွတ်အောင် လုပ်ဆောင်သူတွေကိုပါ မွေးထုတ်ပေးခဲ့တာပါ။ စစ်အစိုးရလက်အောက် နှစ်ပေါင်း ၂၀ ကြာတဲ့နောက် ဆုတ်ယုတ်မှုတွေ တွေ့လာရပြီး ၁၉၈၈ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်တဲ့ လူထု လှုပ်ရှားမှုတွေနဲ့ တောင်းဆိုခဲ့ပေမဲ့ ကျောင်းသားခေါင်းဆောင် အများအပြား အခုထိ အကျဉ်းထောင်ထဲ ရှိနေခဲ့ပြီး အခု နောက်ထပ် နှစ် ၂၀ နောက်ပိုင်းမှာတော့ ပညာရေးကအစ အစစ သိပ်ကို နောက်ကျနေပြီလို့ ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် ပညာရေးဟာ လူတိုင်း လက်လှမ်းမီခွင့် ရှိသင့်ပြီး လက်တဆုပ်စာ လူနည်းစု အတွက်ပဲ အခွင့်ထူးခံ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

“ပညာရေးဟာ လူ့သိက္ခာနဲ့ တိုးတက်ရေးအတွက် အတွေးအခေါ်ကို မြှင့်တင် သင်ကြားပေးနိုင်တဲ့ ဖြစ်စဉ်တခုပါ။ ဒါကြောင့် တရားမျှတမှုနဲ့ လွတ်လပ်ခွင့်ဟာ လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးတရပ် ဆိုတာကို သဘောမပေါက်နိုင်ဘဲ သူများပြောတာကို အမှားအမှန် မဝေခွဲနိုင်၊ ခိုင်းတာကိုပဲလုပ်ဖို့ မွေးထုတ်ပေးတဲ့ စက်မျိုး မဖြစ်သင့်ပါဘူး။” လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံသားတွေအတွက် အခုလို ပညာရေးမျိုးနဲ့ ထိတွေ့ခွင့် မရသေးပေမဲ့ တချိန်မှာတော့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

ဟောပြောမှုတွေ အပြီးမှာတော့ ကျောင်းသားတွေ၊ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို ရုပ်သံကနေ တိုက်ရိုက် ဖြေကြား ဆွေးနွေးခဲ့ပါတယ်။ ဒီအထဲမှာ ဒီမိုကရေစီနဲ့ ပညာရေးဆိုင်ရာတွေကို အများဆုံး ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဟောင်ကောင်တက္ကသိုလ် ဥပဒေကျောင်းသား ဆမ်ဝေါင်းက ပြောပါတယ်။

“သူက ဒီမိုကရေစီအကြောင်းနဲ့ ဒီမိုကရေစီနဲ့ ပညာရေး ဘယ်လို ဆက်နွယ်နေတယ် ဆိုတာတွေကို ပြောသွားပါတယ်။ ဒီမိုကရေစီကို ရနိုင်အောင် လူထုကို ပညာပေးဖို့၊ လူထုမှာ ပညာတွေ ပြည့်နေဖို့ အရင်ဆုံး လုပ်ရမယ်လို့ ပြောသွားပါတယ်။ ဒါဟာ အများကိုသိအောင် သူ အဓိကပြောချင်တဲ့ အချက်လို့ ကျနော် ထင်ပါတယ်။”

ဆွေးနွေး မေးမြန်းကြတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ နယ်လှည့်ခရီးစဉ်နဲ့ ပတ်သက်ပြီး ဇွန်လမှာစလို့ ပထမဆုံး နယ်လှည့်ခရီး ထွက်မှာဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေဘက်က လုံခြုံရေးပေးမယ်ဆိုတဲ့ ပြောကြားချက်မျိုး အခုထိ မရသေးဘူးလို့ ဆိုပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောင်ကောင်တက္ကသိုလ် ရာစုနှစ် အထိမ်းအမှတ် ပြောကြားတဲ့နေ့ဟာ မေလ ၃၀ ရက်နေ့ ဖြစ်တာမို့ ဒီပဲယင်း အရေးအခင်း ၈ နှစ်ပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်တာ ကာလက စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသူတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့အတွက် ဒီမိုကရေစီရေး လှုပ်ရှားသူ အများအပြား သေဆုံးခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အသက်ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့ရတာ ဖြစ်ပါတယ်။

အယ်လ်ခိုင်းဒါး (Al Qaida) ခေါင်းဆောင် ဘင်လာဒင် (Osama Bin Laden) သေဆုံးမှုနဲ့ ပတ်သက်ပြီး မေးမြန်းချက်ကို ဖြေကြားရာမှာတော့ အကြမ်းဖက်မှုဟာ အကြမ်းဖက်မှုနဲ့ပဲ အဆုံးသတ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

ဆွေးနွေး မေးမြန်းကြတဲ့ အထဲမှာ ပရိသတ် သဘောအကျဆုံး သူ့အဖြေကတော့ တရုတ်နိုင်ငံမှာ နိုင်ငံရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ အမေးပဲ ဖြစ်ပါတယ်။

“တရုတ် ခေါင်းဆောင်တွေကို ကျမ ပါးလိုတဲ့ အမှာစကားက ရှင်းပါတယ်။ တရုတ်နိုင်ငံဟာ အောင်မြင် တိုးတက်နေတဲ့ နိုင်ငံပါ။ ဒါကြောင့် သဘောထား ကြီးနိုင်သလို ခြေလှမ်းသစ်တွေကိုလည်း ယူမယ်ဆိုရင် ယူနိုင်ပါတယ်။ လူတွေဆီက တင်ပြမှု အမျိုးမျိုးကိုလည်း ခွင့်ပြုသင့်ပါတယ်။ တရုတ်နိုင်ငံဟာ တိုးတက်တဲ့နိုင်ငံ ဖြစ်သလို ကိုယ်တိုင် အောင်မြင်မှုကိုလည်း တခြားသူတွေကို မျှဝေပါ။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Supporting target economic sanctions on Burma

ပေးပို့ လာသူ Altsean Burma Interns ၃၁။၀၅။၁၁
စာကြွင်း ။ ဗမာပြည်ကို ကမ္ဘာ့နိုင်ငံတွေက ကူညီထောက်ပံ့ဖို့  စောင့်ကြည့်လျက်ရှိပါတယ်။ လောလောဆယ် မြန်မာအစိုးရရဲ့ သမာသမတ်မကျတဲ့  အစိုးရသစ် ထွက်ပေါ်လာတဲ့အပေါ် ဆက်လက်စောင့်ကြည့်နေဆဲပါ။ ကမ္ဘာ့ နိုင်ငံတွေက အကူညီဖြတ်တောက်မှူ သက်တမ်းတိုး လိုက်တယ်ဆိုတာ ဗမာအစိုးရကို ပြည်သူတွေကို ဘာလုပ်ပေးမလဲ ဆိုတဲ့ မေးခွန်းထုတ်လိုက်တာပါဘဲ။ နောက် တနှစ်မှာ မပြောင်းလဲရင်လဲ နောက်မေးခွန်းထပ်ထုတ်ဖို့ ကမ္ဘာ့နိုင်ငံတွေက အသင့်ရှိနေမှာပါ။ ပြည်သူတွေကို အသိပေးလိုတာက မမှန်တာကို ဒီအတိုင်ကြည့်ပြီ လက်လျူရှု မနေကြစေလိုတာပါဘဲ။ တိုးတက်သော မြန်မာပြည်ပေါ်ထွန်းပါစေ။ (အာဇာနည် ၀ိုင်းတော်သားများ)

SummaryRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

“ကရုဏာလက်” လူမှုအကျိုးပြုလူငယ်များ

၂၀၀၇ ခုနှစ်၊နှစ်ကုန်ခါနီးအချိန်ကသန်လျင်မြို့ နယ်အတွင်းရှိရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ်နှင့်နည်း
ပညာကောလိပ်(သန်လျင်GTC ) မှကျောင်းသားကျောင်းသူတစုတို့ ဘာသာရေးပွဲတော်တခုတွင် တွေ့ ဆုံခင်မင်
ရင်းနှီးခဲ့ကြရာမှ မိမိတို့ ကိုယ်တိုင်ဘာသာရေး၊လူမှုရေးနှင့်အခြားကဏ္ဍများတွင် လူမှုအကျိုးပြုလုပ်ငန်းများလုပ်
ကိုင်ချင်စိတ်ထက်သန်လာခဲ့ကြသဖြင့် စိတ်ဓါတ်တူသူငယ်ချင်းများစု၍မိဘမဲ့ကလေးကျောင်းများတွင်အာဟာရ
ဒါနကျွေးမွေးခြင်း၊ဘုရားစေတီများတွင်သန့် ရှင်းရေးပြုလုပ်ခြင်းစသောလုပ်ငန်းများကို မိမိတို့ တတ်နိုင်သ
လောက်တပိုင်တနိုင်ပြုလုပ်ခဲ့သည်။၂၀၀၈ ခုနှစ်နာဂစ်မုန်တိုင်းကာလတွင်လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်း
များကို လုပ်ဆောင်ခဲ့ကြသည်။
ဤသို့ လုပ်ဆောင်လာခဲ့ကြရင်း ၂၀၀၉ ခုနှစ်အစတွင် ယခုလိုတပိုင်တနိုင်အပျော်တမ်းလုပ်ဆောင်ခြင်း
ထက်အဖွဲ့ အစည်းပုံစံစနစ်တကျပြုလုပ်၍တစ်စုံတစ်ခုသောအတိုင်းအတာထိ တာဝန်ယူဆောင်ရွက်ကြမည်ဟုစု
ပေါင်းတိုင်ပင်ခဲ့ကြပြီးပထမဦးစွာ ဘဏ္ဍာရေးမှူးတဦး၊စာရင်းစစ်တစ်ဦး၊အလှူငွေရှာဖွေကောက်ခံရေးတာဝန်ခံ
နှင့်လုပ်ငန်းဖော်ဆောင်ရေးတာဝန်ခံစသည့်လေးဦးသောခေါင်းဆောင်များကိုရွေးချယ်တင်မြှောက်ပြီးအဖွဲ့ ၏လှူဒါန်းမှုများအားစနစ်တကျဖြစ်အောင်စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါသည်။ဘာသာရေး
ဆိုင်ရာနေ့ ထူးနေ့ မြတ်များနှင့်လူသားမျိုးနွယ်နှင့်ဆိုင်သောအမှတ်တရနေ့ ရက်များတို့ တွင်အလှူဒါနတခုခုပြု
လုပ်ဖြစ်အောင်မိမိတို့ မုန့် ဖိုးများစု၍ပြုလုပ်ပြီး လူသားမျိုးနွယ်အပေါ်ပေးဆပ်လိုစိတ်နှင့်လူမှုအကျိုးပြုလိုစိတ်
များကိုဖော်ထုတ်ပြသနိုင်ခဲ့ကြပါသည်။
၂၀၀၉ ခုနှစ်ကုန်ခါနီးတွင်အဖွဲ့ နာမည်သတ်မှတ်ရန်အဖွဲ့ ဝင်ကျောင်းသားကျောင်းသူများကအဆိုပြုတင်
ပြလာသည့်အတွက်အစည်းအဝေးအကြိမ်ကြိမ်ထိုင်ညှိနှိုင်းခဲ့ကြပြီးအဖွဲ့ ဝင်များဘက်မှတင်ပြလာသောနာမည်
များစွာထဲမှ “ကရုဏာလက်” လူမှုအကျိုးပြုလူငယ်များ ဟူသောအမည်ကိုအများသဘောတူရွေးချယ်သတ်မှတ်
ခဲ့ကြပြီးစည်းကမ်းဥပဒေများသတ်မှတ်ပြဌာန်းခဲ့ကြပါသည်။ထို့ ပြင်ယခုပြုလုပ်ဆဲဖြစ်သောူလူမှုအကျိုးပြုလုပ်ငန်း
များအပြင်အရှေ့ ပိုင်းတက္ကသိုလ်ကျောင်းသားအဖွဲ့ မှတင်ပြလာသောအရေးပေါ်သွေးလှူဒါန်းခြင်းလုပ်ငန်း၊ GTC
(သန်လျင်နည်းပညာကောလိပ်)ကျောင်းသားများမှတင်ပြလာသော INGO,NGO အဖွဲ့ များနှင့်ချိတ်ဆက်၍မိမိ
တို့  ကရုဏာလက် အဖွဲ့ သားများကိုသင်တန်းတက်စေခြင်းကိစ္စနှင့်သမ၀ါယမကောလိပ်ကျောင်းသူများမှအဆို
တင်သွင်းလာသောစာကြည့်တိုက်များကူညီထူထောင်ပေးခြင်းနှင့်ပညာဒါနသင်တန်းများဖွင့်လှစ်သင်ကြားပေး
ခြင်းစသောလုပ်ငန်းများကိုပါ ကရုဏာလက် ၏ လုပ်ငန်းစဉ်များတွင်ထည့်သွင်းအကောင်အထည်ဖော်ရန်ဆုံး
ဖြတ်ခဲ့ကြပြီး အရေးပေါ်သွေးလှူဒါန်းရေးတာဝန်ခံအဖြစ် သန်လျင် GTC မှကိုလင်းလင်း၊လုပ်ငန်းဖော်ဆောင်
ရေးတာဝန်အဖြစ် ကိုနိုင်သန်းဝင်းထွန်း၊အလှူငွေကောက်ခံရေးတာဝန်ခံအဖြစ်သန်လျင် GTC မှကိုသန့် ဇင်၊
ဘဏ္ဍာရေးမှူးအဖြစ်ဒေါ်ခင်ဝင်းရွှေ၊စာရင်းစစ်အဖြစ်သမ၀ါယမဒီဂရီကောလိပ်မှမနှစ်ဦးခင်နှင့်ဆက်သွယ်ရေးနှင့်သင်တန်းတာဝန်ခံအဖြစ်အရှေ့ ပိုင်းတက္ကသိုလ်မှ ကိုသီဟသန်းဝင်း တို့ အားရွေးချယ်ခဲ့ကြပါသည်။ယခုအခါမြန်
မာနိုင်ငံ ရေကြောင်းတက္ကသိုလ်မှ ကိုသီဟထွန်း၊ကိုချစ်ရန်တိုးနှင့်ကိုဝေလင်းထွန်းတို့ ဦးဆောင်သောရေကြောင်း
တက္ကသိုလ်ကျောင်းသားများကပါ ကရုဏာလက် ၏ လူမှုအကျိုးပြုလုပ်ငန်းများတွင်ပါဝင်ကူညီဆောင်ရွက်လာခဲ့
သည့်အတွက်သန်လျင်မြို့ နယ်အတွင်းရှိတက္ကသိုလ်လေးခုမှကျောင်းသားကျောင်းသူများအားလုံး လူမှုအကျိုးပြု
လုပ်ငန်းများစုပေါင်းလုပ်ဆောင်နေပြီဟုဆိုနိုင်ပြီဖြစ်သည်။
“ကရုဏာလက်” လူမှုအကျိုးပြုလူငယ်များ သည်ယခုအခါပြည်သူ့ အကျိုးပြုလုပ်ငန်းများဖြစ်သောမိဘမဲ့
ကလေးများဂေဟာများ၊ဘုန်းတော်ကြီးသင်ပညာရေးများတွင်ကလေးများအားအသိပညာဗဟုသုတပေးသောပုံ
ပြင်ပြောခြင်း၊ဟာသပြဇာတ်ကပြခြင်း၊ကလေးများနှင့်အတူဂိမ်းကစားခြင်း၊သီချင်းဆိုခြင်း၊မိဘမဲ့နှင့်ချို့ တဲ့နွမ်းပါး
ကလေးများအားစာအုပ်စာတမ်း၊စာရေးကိရိယာများလှူဒါန်းခြင်း၊ကျေးရွာများတွင်ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များတည်ထောင်ဖွင့်လှစ်နိုင်အောင်စာအုပ်စာတမ်းများကူညီအလှူခံပေးခြင်း၊အရေးပေါ်သွေးလှူဒါန်းခြင်း၊
ကျောင်းမထားနိုင်သောမိဘမဲ့နှင့်ချို့ တဲ့နွမ်းပါးကလေးများအားပညာသင်စရိတ်ထောက်ပံ့ကူညီခြင်း၊ကရုဏာ
လက် အဖွဲ့ ဝင်လူငယ်များအား NGO များမှဖွင့်လှစ်သင်ကြားသောအခမဲ့လူမှုအကျိုးပြုသင်တန်းများသို့ ပို့ လွှတ်
သင်ကြားပေးခြင်းတို့ အပြင်သန်လျင်မြို့ ညောင်သုံးပင်ရပ်ကွက်ရှိသမ၀ါယမဒီဂရီကောလိပ်အနီးတွင်လည်းအခ
မဲ့အင်္ဂလိပ်စာပညာဒါန သင်တန်းကိုသင်တန်းသား/သင်တန်းသူ(၃၂)ယောက်နှင့်ဖွင့်လှစ်သင်ကြားပေးနေပြီးလာ
မည့် (၂၀၁၁/၂၀၁၂) ပညာသင်နှစ်တွင်တက္ကသိုလ်ဝင်တန်းများအတွက်ပါဖွင့်လှစ်သင်ကြားနိုင်အောင်စီစဉ်
ဆောင်ရွက်နေကြပြီး မိမိတို့ အမျိုး၊ဘာသာ၊သာသနာနှင့်တိုင်းပြည်အတွက် “ကရုဏာလက်” လူမှုအကျိုးပြုလူ
ငယ်များ ဖြစ်သောကျောင်းသားကျောင်းသူများကအားကျိုးမာန်တက် ပေးဆပ်ထမ်းရွက်နေပါကြောင်း…….

သီဟသန်းဝင်း
“ကရုဏာလက်” လူမှုအကျိုးပြုလူငယ်များRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Monday, May 30, 2011

မြန်မာနိုင်ငံ ပညာရေး နိမ့်ကျသွားရခြင်း အကြောင်းနှင့် တရားခံများ

Sunday, 29 May 2011 13:23 လောကပါလ နတ်မင်း(ပေးပို့ သူ-ဗမာ့သွေး)

ကိုလိုနီခေတ် ပညာရေးကို ကျွန်ပညာရေးဟု ခေါ်ခေါ်၊ ဘာပဲခေါ်ခေါ် ပညာရေးမှာ ကမ္ဘာ့အဆင့်ကို ကောင်းကောင်း မှီခဲ့ဖူပါသည်။ ကိုလိုနီခေတ်က ဘွဲ့ရခဲ့သူများသည်

လွတ်လပ်ရေး ရပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဆရာများ ဖြစ်လာခဲ့ကြသည်။ ဆရာများ၏ သင်ကြားပေးခြင်း ခံရသော တပည့်များမှာလည်း ကမ္ဘာ့အဆင့်ကို မီခဲ့ကြသည်။ ဦးနု အစိုးရက အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ စသော နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်သည်။ ပညာတော်သင်များ၏ ၉၉ ရာခိုင်နှုန်းမှာလည်း အမိနိုင်ငံသို့ ပြန်လာပြီး ကျရာ တာဝန်များကို ထမ်းရွက်ကြသည်။



တက္ကသိုလ်များနှင့် ကျောင်းများတွင်လည်း အရည်အချင်းကို ဦးစားပေးပြီး တကယ်တတ်သူကိုသာ အအောင် ပေးတတ်သဖြင့် တက္ကသိုလ် ၀င်တန်း စာမေးပွဲ အောင်ချက်သည် အများဆုံး ၁၂ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ၁၉၅၉ ခုနှစ်တွင်မူ ၃ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့ပါသည်။



ကျောင်းသား ဆန္ဒပြပွဲများ မကြာခဏ ဖြစ်ပေါ်လေ့ ရှိကြပါသော်လည်း မည်သည့် အာဏာပိုင် ပုဂ္ဂိုလ်ကမှ တိုင်းပြည် နောင်ရေး ဒုက္ခပေးမည့် ဘုန်းဘောလအော အအောင်ပေးသည့် စနစ်၊ ကျောင်းသား အချင်းချင်း သွေးကွဲစေမည့် စနစ်၊ ကျောင်းသားများ မဆူပူ ပြီးရော၊ အစိုးရ ဆန့်ကျင်ရေး မလုပ်တာက လွဲပြီး ကျန်ကိစ္စများ ကြိုက်သလို လုပ်ထားခွင့်၊ ဥပမာ၊ ကျောင်းဆောင်များတွင်း အရက်သောက် ဆေးဝါး သုံးစွဲသည်များကို လျစ်လျူပြုထားခြင်း စသည့်ကိစ္စများ ခွင့်မပြုခဲ့ကြပါ။



ပညာရေး စနစ်တွင်လည်း နိုင်ငံပိုင်ကျောင်းများသာမက အလွတ်ပညာသင် ကျောင်းများ၊ ခရစ်ယာန် သာသနာပြု ကျောင်းများပါ ရှိသဖြင့် မိမိတို့ ကြိုက်ရာ ကျောင်းတွင် သင်ကြားနိုင်ခဲ့ကြပါသည်။ တက္ကသိုလ် ၀င်တန်းအောင်လျှင် တက္ကသိုလ်တွင် မိမိစိတ်ကြိုက် ၀ါသနာပါရာ ဘာသာရပ်ကို ရွေးချယ်ခွင့် ရှိပါသည်။ စာမေးပွဲ အောင်မအောင်၊ မိမိ ရည်မှန်းရာ ဘွဲ့ရမရမှာ ကြိုးစားမှုနှင့် ကံအပေါ်မှာ မူတည်ပါသည်။

စာတော်သူ အများစုမှာလည်း မိမိတို့ စိတ်မပါပါက ဆရာဝန် အင်ဂျင်နီယာ စသော ဘာသာရပ်များကို မသင်ကြဘဲ Honours ခေါ် ဂုဏ်ထူးတန်းကို မိမိတို့ စိတ်ကြိုက် ဘာသာရပ်ဖြင့် တက်ရောက် သင်ကြားကြ ပါသည်။



ဤသို့ဖြင့် ၀ိဇာ၊ သိပ္ပံ၊ စီးပွားရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ ဆေးပညာ၊ အင်ဂျင်နီယာ အတတ် စသည်တို့တွင် တကယ် စိတ်ပါသူများသာ တက်ရောက် ဘွဲ့ယူခဲ့ကြပြီး၊ ‘တကယ် တတ်သူက တတ်လိုသူကို ပညာသင်ပေး’ သော ခေတ်နှင့် စနစ် ဖြစ်ခဲ့ပါသည်။

၁၉၆၂ ခုနှစ်တွင် စစ်အာဏာရှင် စနစ် ပေါ်ပေါက်လာပြီး ၁၉၆၃ ခုနှစ် ဇူလိုင်လ ၇ ရက် ကျောင်းသားများ ဆန္ဒပြပွဲကို ဂျီသရီး မောင်းပြန်သေနတ်များ အသုံးပြုကာ ရက်ရက်စက်စက် ဖြိုခွင်းခဲ့ပြီး၊ ကျောင်းသားသမဂ္ဂ အဆောက်အဦကို မိုင်းဗုံးများဖြင့် ဖောက်ခွဲ ဖျက်ဆီးရုံနှင့် အားမရသေးဘဲ အာဏာရှင် ဗိုလ်နေ၀င်းက ‘ဓားကို ဓားချင်း၊ လှံကိုလှံချင်း’ ရင်ဆိုင်ရန် အသင့်ရှိသည် ဟု ‘လူမိုက် ဓားကြိမ်း ကြိမ်း’ ခဲ့ပါသည်။



သို့သော် ကျောင်းသား လှုပ်ရှားမှုမှာ ရပ်တံ့မသွားဘဲ ၁၉၆၃ ခုနှစ် နိုဝင်ဘာလတွင် အပြင်းထန်ဆုံး အဆင့်သို့ ရောက်ရှိလာရာ စစ်အာဏာပိုင်တို့က ရန်ကုန်တက္ကသိုလ် လက်အောက်ခံ ၀ိဇာ မဟာဌာန၊ သိပ္ပံ မဟာဌာနနှင့် လူမှုရေး သိပ္ပံမဟာဌာန (နောင် စီးပွားရေး တက္ကသိုလ်) တို့ကို ရက်အကန့်သတ်မရှိ ပိတ်ပစ်လိုက်ပြီး၊ ဆေးပညာ မဟာဌာန၊ အင်ဂျင်နီယာ မဟာဌာနနှင့် ပညာရေး မဟာဌာနတို့ကိုမူ ဆက်လက် ဖွင့်ထားခဲ့ပါသည်။



ဤကား ကျောင်းသားများကို သွေးခွဲအုပ်ချုပ်လိုက်ခြင်း (divided and rule) ၏ အစ ပထမပေတည်း။

သို့သော် ကျောင်းသား ဆန္ဒပြမှုများမှာ မန္တလေးတက္ကသိုလ်၊ နယ်ကောလိပ်များနှင့် ဂျီတီအိုင်ခေါ် အစိုးရ စက်မှု လက်မှု သိပ္ပံအထိ ကူးစက်သွား၍ မန္တလေးတက္ကသိုလ် လက်အောက်ခံ ဆေးပညာ မဟာဌာနနှင့် စိုက်ပျိုးရေး မဟာဌာနမှ လွဲပြီး ကျန်ဌာန အားလုံးကို တနှစ်နီးပါး ပိတ်ထားခဲ့သည်။

ကျောင်းသားများ ငြိမ်ဝပ်ပိပြားရေး အတွက် ဗိုလ်နေ၀င်းက ပညာရေးဌာန အတွင်းဝန် (နောင် ပညာရေးဝန်ကြီး ဖြစ်လာသူ) ဒေါက်တာညီညီကို တာဝန်ပေးလိုက်သည်။ ဒေါက်တာညီညီနှင့် အပေါင်းအပါများကလည်း ‘ဗောင်းတော်ငြိမ့် စိတ်တော်သိ’ ပြီး၊ တိုင်းပြည်နောင်ရေး ဘာဖြစ်ဖြစ် မိမိတို့ လူစု ‘စစ်အာဏာရှင် လက်ကျန် အရိုးအရင်း စားရနည်းလား’ ဟူသော တကိုယ်ကောင်း စိတ်ဖြင့် ‘စနစ်သစ် ပညာရေးကြီး’ ကို အကောင်အထည် ဖော်လိုက်ကြပါတော့သည်။



၎င်း စနစ်သစ် ပညာရေးကြီးတွင်

(၁) ယခင် မဟာဌာနများကို institute ခေါ် တဘာသာသင် (၀ါ) ပညာရပ် တခုတည်းကို သင်ပေးသော တက္ကသိုလ်ကလေးများ အဖြစ် ပြောင်းလဲ ဖွင့်လှစ်ရန် (ကျောင်းများ ကွဲသွားခြင်းဖြင့် ကျောင်းသားများ သွေးကွဲစေရန် ရည်ရွယ်ချက်)။



(၂) အမှတ် အများဆုံး ရသူများကို ဆေးပညာ မဟာဌာန တဖြစ်လဲ ဆေးတက္ကသိုလ်များသို့ ၀င်ခွင့်ပြုရန်။ ဒုတိယ အဆင့်ရှိသူများကို အင်ဂျင်နီယာ မဟာဌာန တဖြစ်လဲ စက်မှု တက္ကသိုလ်သို့ တက်ခွင့်ပြုရန် (ဤနည်းဖြင့် ကျောင်းသားများ တဦးကို တဦး ငုံ့ကြည့်ကြပြီူး သွေးကွဲသွားစေရန်)။

ဤနည်းမှာ နောင်တွင် ထိရောက်သင့်သလောက် ထိရောက်သွားပါသည်။ ဆေးတက္ကသိုလ် ကျောင်းသားများက ၀ိဇာနှင့် သိပ္ပံတက္ကသိုလ်ကို အမှိုက်ပုံးဟု နောက်ပြောင် ခေါ်ကြပါတော့သည်။ တခါက သမိုင်းရှိ တက္ကသိုလ်များ အားကစားကွင်းတွင် ပညာရေး တက္ကသိုလ် အမျိုးသမီး ဘောလီဘော အသင်းနှင့် ၀ိဇာနှင့် သိပံ္ပ အမျိုးသမီး အသင်းတို့ ယှဉ်ပြိုင်ကြရာတွင် ၀ိဇာနှင့် သိပ္ပံ ကျောင်းသားများက ‘ဆရာမတွေ လင်လိုချင် သမိုင်းကွင်းကိုဝင်’ ဟု စကြရာ ဆရာမလောင်းများက ‘RASU ကျောင်းသား မစဉ်းစား၊ ပျာတာ ခိုင်းဖို့ထား’ ဟု ပြန်နှိမ်ကြပါသည်။



(၃) ကျောင်းသားများ တက္ကသိုလ်တွင် ကြာရှည် မနေနိုင်စေရန် စာမေးပွဲတွင် လူတိုင်းလောက်နီးနီးကို အအောင်ပေးရန်။ ၄င်းနည်းကြောင့် တက္ကသိုလ်များမှာ ဘွဲ့လက်မှတ် ထုတ်ပေးသည့် စက်ရုံကြီးများသဖွယ် ဖြစ်သွားပြီး၊ ၄င်းဘွဲ့ရများမှာ တက္ကသိုလ်ဆရာ ဖြစ်လာသောအခါ ‘မတတ်သူက မသိသူကို သင်ပေး’ သည့်အတွက် ပညာရည် အဆင့်အတန်း အလွန်နိမ့်ကျ သွားပါတော့သည်။



အထက်ပါ ကိစ္စနှင့် ပတ်သက်၍ စာရေးသူသည် ၁၉၇၀ ခုနှစ်က တချိန်က မိမိ၏ ဆရာဖြစ်ခဲ့ဖူးသော ပါမောက္ခကြီး တဦးကို တင်ပြခဲ့ဖူးပါသည်။ “ဆရာရယ် ကျွန်တော်တို့ခေတ်က ဆရာစစ်တာ ကြမ်းလွန်းလို့ ထိသွားရတဲပ ကျွန်တော်တို့ သူငယ်ချင်းတွေဟာ ခုခေတ် ကျောင်းသားတွေထက် အများကြီးသာပါတယ်” ဟု ပြောလိုက်ရာ ပါမောက္ခကြီးက “ဒါတော့ ငါလည်း ဘာတတ်နိုင်မလဲကွ၊ ပေါ်လစီက ဒီလို ဖြစ်နေတာကိုး” ဟု ပြန်ဖြေပါသည်။

စာရေးသူက ထပ်ပြီး “ဆရာတို့ ဒီကိစ္စကို ဆွေးနွေးကြဖို့ တော်ပြီထင်တယ်။ အခုဆို တိုင်းပြည်ရဲ့ ပညာရေးဟာ ပျက်စီးခြင်း လမ်းပေါ်ရောက်နေပြီ။ နောင်ဆိုရင် အဖတ်ဆယ်မရ ဖြစ်တော့မယ်” ဟု ပြောလိုက်ရာ ဆရာကြီးက “ဟေ့ကောင် ငါ့ကို အိုကြီးအိုမရောက်မှ ထောင်ထဲသွားပြီး အနှိပ်စက်ခံရအောင် မင်းက ချောက်တွန်း နေတာလား” ဟုသာ ပြန်ပြောရှာပါတော့သည်။



(၄) ကျောင်းသားများ ဆန္ဒမပြလျှင် ပြီးရော၊ ကျောင်းတက်တက် မတက်တက်၊ ဖဲရိုက်၊ အရက်သောက်။ ဆေးခြောက်ရှု၊ နံပါတ်ဖိုး ထိုးနေကြသော်လည်း မမြင်ဟန် ဆောင်နေရန်။ ၄င်း အချက်ကြောင့် HIV Positive ဖြစ်သူ များလာခြင်း။



(၅) ဒေါက်တာညီညီက အခမ်းအနားတခုတွင် မိန့်ခွန်းချွေလိုက်ပုံမှာ ‘ဆိုရှယ်လစ် နိုင်ငံ တည်ဆောက်နေပြီ ဖြစ်လို့ အမြတ်ကြီးစားစနစ် ဦးစားပေးတဲ့ ဘဲဥတဒါဇင်ကို တကျပ်ဖြင့် ၀ယ်ပြီး တလုံးကို ၁၀ပြားဖြင့် ပြန်ရောင်းသော် မည်မျှ မြတ်မည်နည်း’ဆိုတဲ့ ဂဏန်းသင်္ချာမျိုး၊ လောကသာရပျို့ပါ ‘ကြွက်သေတခု အရင်းပြု၍ ကြွယ်မှုတတ်ဆုံး သူဌေးထုံးကို နှလုံးမူလျက် ကြံစည်လျက်ဖြင့် သူ့ထက်ကဲလွန် ကြွယ်စေမင်း’ ဆိုတဲ့ လင်္ကာမျိုးကို မသင်စေတော့ဖို့ ညွန်ကြားထားပါတယ် ဟူသတည်း။

ရှေးရိုး မြန်မာ့စဉ်လာ ဆိုစကားမှာမူ ‘ဂဏန်းမသင်၊ လာဘ်မမြင်၊ ကူးလျှင် ရှုံးမည်မှတ်’ ဟု အတိအကျ ဆိုထားပါသည်။ ၁၉၈၇ ခုနှစ်တွင် ဒေ၀ါလီခံပြီး LDC (ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံများ စာရင်းဝင်) အဖြစ် လျှောက်ထားခဲ့ရပြီး၊ ၁၉၈၈ ခုနှစ်တွင် လူထု အုံကြွမှုကြီး ဖြစ်ပေါ်လာသည်မှာ မဆန်းတော့ပါ။



(၆) တက္ကသိုလ်များတွင် ယခင်က အင်္ဂလိပ်ဘာသာဖြင့် သင်နေရာမှ မြန်မာဘာသာဖြင့် ပြောင်းလဲ သင်ယူစေရာတွင် ဝေါဟာရများကို မြန်မာလို မည်သို့ ခေါ်သည်ကို ဘာသာပြန်ဆိုသူ ဆရာများကိုယ်တိုင် အသေအချာ မတွေးနိုင်တော့ဘဲ သင့်သလို ဘာသာပြန်လိုက်ရာမှ မြန်မာစကားကို မြန်မာတို့ နားမလည်နိုင်သော ဝေါဟာရသစ်များ ထွက်ပေါ်လာသည်။ ၄င်းကိစ္စနှင့် ပတ်သက်၍ ကွယ်လွန်သူ မြန်မာစာ ပါမောက္ခဟောင်း ဦးဝန် ခေါ် ဆရာကြီး မင်းသုဝဏ် က အကျယ် ရေးခဲ့ပါပြီ။ ယခု ဥပမာ နှစ်ခု တင်ပြပါမည်။



ပထမ တခုမှာ New Born Baby ကို ဆရာဝန်မကြီး တဦးက တိုက်ရိုက် ‘ဖွားသစ်စ ကလေး’ ဟု ဘာသာပြန်လိုက်ပါသည်။ မြန်မာ့ရိုးရာတွင်မူ ‘မွေးကင်းစ ကလေး’ ဟူသော စကား ရှိပြီး ဖြစ်ပါသည်။ ‘မွေးဖွားခြင်းမှ ကင်းလွတ်စ ကလေး’ ဟု အဓိပ္ပါယ် ရပါသည်။ တောအရပ်ရှိ မိရိုးဖလာ လက်သည် အဒေါ်ကြီးများ ကြားလျှင် “တွေ့ဘူးပေါင်တော်၊ ကြုံဖူးပေါင် ကြားဘူးပေါင်တော်။ ဖွားသစ်စက ကလးရယ်လို့၊ မွေးကင်းစ ကလေးပဲ ကြားဖူးပါရဲ့” ဟု ပြောကြမည်မှာ မချွတ်။



ဒုတိယ ဥပမာ။ သိပ္ပံနှင့် အင်ဂျင်နီယာ အတတ်တို့တွင် သုံးသော Adsorption ဆိုသော စကားလုံးကို မြန်မာလို တိုက်ရိုက် ‘ကယ်တင်ခြင်း’ ဟု ဘာသာပြန်လိုက်ကြသည်။ ၄င်း ဘာသာပြန်သူ ဆရာကြီးနှင့် စာရေးသူတို့ ၄င်း၏ ကားဖြင့် သွားရာတွင် မိုးတွင်း မိုးရွာပြီး ကားရှေ့မှန်တွင် ရေနွေးငွေ့များ ရိုက်နေပြီး ရှေ့ကို မမြင်ရတော့ပါ။ ထိုအခါ အဆိုပါ ပါမောက္ခကြီးက “ဟေ့ကောင် ရှေ့မှန် ရေငွေ့ရိုက်နေပြီ၊ ဘာမှ မမြင်ရတော့ဘူး။ အ၀တ်နဲ့ သုတ်ပါဦးကွ။ တော်တော်ကြာ ကားတိုက်ပြီး မင်းရော ငါပါ ကြွသွားလိမ့်မယ်” ဟု ပြောပါသည်။



စာရေးသူက အ၀တ်ဖြင့် ရေငွေ့များကို သုတ်ရင်း “ဆရာ ဒါ အင်္ဂလိပ်လို Adsorption ဖြစ်တာ မဟုတ်လား” ဟု မေးလိုက်ရာ ဆရာကြီးက “ဒါပေါ့ကွ” ဟု ဖြေပါသည်။ စာရေးသူက “ဒါကို ဆရာ ဘာကြောင့် ရေငွေ့တွေ ကပ်တင်နေတာလလို့ မပြောတာလဲ။ စာအုပ်တွေထဲမှာတော့ ကပ်တင်ခြင်းလို့ ဘာသာပြန်ထားတယ် မဟုတ်လား” ဟု မေးလိုက်ရာ ဆရာကြီးက “ဦးစံရှားလိုပေါ့ကွာ၊ မှားတဲ့အခါလည်း မှားပေမပေါ့” ဟုသာ ဆိုရှာပါသည်။

နောက်ဆုံး ၁၉၈၀ ခုနှစ်ကျော် ကာလများတွင် ဗိုလ်နေ၀င်း၏ အချစ်တော် သမီး ခင်စန္ဒာဝင်း စင်္ကာပူတွင် အင်္ဂလိပ်စာ ညံ့ဖျင်းမှုကြောင့် စာမေးပွဲ ကျလေတော့မှ အာဏာရှင်ကြီး၏ တချက်လွှတ် အမိန့်ဖြင့် တက္ကသိုလ်များတွင် အင်္ဂလိပ်ဘာသာဖြင့် သင်ရပြန်တော့သည်။ အမှတ် (၇) တွင် ရှင်းပြပါမည်။



(၇) စစ်အစိုးရနှင့် ‘့မြန်မာ့ ဆင်းရဲမွဲတေမှု လမ်းစဉ်’ တို့ကြောင့် ပညာတတ် အများစုမှာ ၁၉၇၀ ခုလောက်က စပြီး မြန်မာနိုင်ငံကို စွန့်ခွာကာ ‘ရေကြည်ရာ မြက်နုရာ’ ကို ရှာကြပါသည်။ ဗိုလ်နေ၀င်း စေလွှတ်သော ပညာတော်သင် များထဲမှလည်း ၂၅ ရာခိုင်နှုန်းလောက်မှာ မြန်မာပြည်သို့ ပြန်မလာကြတော့ပါ။



ပြန်လာသူ ၇၅ ရာခိုင်နှုန်းလောက်ထဲမှလည်း တ၀က်လောက်မှာ အုပ်ချုပ်သူ စစ်ဗိုလ်များက အရပ်သားများကို ‘ကျွန်နှင့် သခင်ပမာ ဆက်ဆံနေမှုကို မခံနိုင်တော့ဘဲ နိုင်ငံခြားသို့ ပြန်ထွက်ကုန်ကြပါသည်။ ထို့ကြောင့် မြန်မာပြည်တွင် ဆရာကောင်း ရှားပါးကုန်ပြီး ပညာရည် အဆင့်အတန်း တဖြည်းဖြည်း နိမ့်ကျသထက် နိမ့်ကျလာပါတော့သည်။



(၈) ကွယ်လွန်သူ သမိုင်းပါမောက္ခ ဒေါက်တာ သန်းထွန်းက သမိုင်းဘာသာရပ်သည် နိုင်ငံတိုင်းအတွက် အရေးကြီးသော ဘာသာရပ် ဖြစ်၍ ‘မအအောင်၊ မတုံးအောင် သမိုင်းသင်ရတယ်’ ဟု အဆိုအမိန့် ရှိခဲ့ဖူးပါသည်။

သို့သော် ဒေါက်တာညီညီ၏ စနစ်သစ် ပညာရေးအရ အမှတ်အနည်းဆုံး လူများကို သမိုင်း အဓိက သင်ရန် ပို့သဖြင့် အလွန်ဝါသနာပါ၍ စာကြိုးစားသူ တယောက်တလေမျှအပ သမိုင်းသုတေသီ လူချွန်လူကောင်းများ ထွက်လာရန် မလွယ်ပါ။ မြန်မာစာ အဓိက ဘာသာရပ်မှာလည်း ထိုနည်း ဖြစ်သွားပါသည်။



(၉) မြန်မာစာအတွက် ပို၍ ကံဆိုးသည်မှာ အာဏာရှင် ဗိုလ်နေ၀င်း မြန်မာစာ ကော်မရှင်တွင် နာယက တက်လုပ်ပြီး သတ်ပုံ သဒ္ဒါတို့ကို ၄င်း၏ စိတ်တိုင်းကျ ရေးဆွဲ ပြင်ဆင်ခိုင်းလိုက်ခြင်းပင် ဖြစ်သည်း။ အကျယ်ကို ဆရာကြီး ကြေးမုံ ဦးသောင်း ရေးခဲ့ပြီးဖြစ်၍ ထပ်မရေးလိုတော့ပါ။



‘တခါတရံ၊ လောကဓံ၊ ဆက်ဆံကိုလည်း၊ သေးသေးတင်’ ဟူသော က၀ိလက္ခဏာ သတ်ပုံလင်္ကာနှင့် ဗိုလ်နေ၀င်း၏ တနှင့် တစ်ရေးထုံးကို နှိုင်းယှဉ်ကြည့်ကြပါဟုသာ ဆိုချင်ပါသည်။ တပင်ရွှေထီး ဘုရင်ကို တစ်ပင်ရွှေထီး ဟုများ ရေးနေကြပြီလား မသိပါ။



မြန်မာပြည်တွင်းမှ လူများမှာ ဓားဂုတ်ပေါ်ဝဲပြီး သုံးခိုင်းနေ၍ ၄င်း သတ်ပုံကြမ်းကို သုံးနေရသည်ကို နားလည်နိုင်ပါသည်။ သို့သော် ပြည်ပရောက် စစ်အစိုးရကို ဆန့်ကျင်နေသူများထုတ်သည့် သတင်းစာ ဂျာနယ် စသည်တို့တွင် ၄င်း သတ်ပုံကျမ်းအတိုင်း လိုက်နာ ရေးနေကြသည်ကို ၀မ်းနည်းဖွယ် တွေ့နေရပါသည်။ ဆရာကြီး ကြေးမုံ ဦးသောင်းကတော့ ကွယ်လွန်သည်အထိ စစ်အစိုးရ သတ်ပုံကျမ်းကို သပိတ်မှောက်ပြီး က၀ိလက္ခဏာ သတ်ပုံညွှန်းအတိုင်းသာ ရေးသားခဲ့ပါသည်။ ဤနေရာတွင် ပြည်ပရောက် မြန်မာများ Oversea Chinese တို့ကို စံနမူနာ ယူသင့်ပါသည်။



တရုတ်ပြည်ကြီးမှာ နာမည်များကို Latin အက္ခရာဖြင့် ရေးရာတွင် ၁၉၇၈ လောက်မှစ၍ တြိဝဏ (Tri Syllabic) ဖြင့် ရေးနေရာမှ ဒွိဝဏ (Di Syllabic) သို့ ပြောင်းလိုက်ပါသည်။ ဥပမာ Teng Shiao Peng မှ Deng Shiaobeng သို့ ပြောင်းရေးပါသည်။ သို့သော် ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်္ကာပူနှင့် အခြားနေရာများရှိ တရုတ်များက ရှေးရိုးစဉ် တြိဝဏ ဖြင့်သာ ဆက်၍ ရေးနေကြပါသည်။ ဥပမာ စင်္ကာပူ တရုတ်နာမည်များ (Lee Kwan Yew စသဖြင့်) ပြည်ပရောက် မြန်မာများ အားလုံး ဗိုလ်နေ၀င်း ထင်ရာစိုင်းထားသည့် သတ်ပုံကျမ်းကို သပိတ်မှောက်သင့်သည်ဟု ရိုးသားစွာ ထင်ပါသည်။



ကိုလိုနီခေတ်ကရော မြန်မာဘုရင် ခေတ်ကပါ အင်္ဂလိပ်စကား Tactic ကို ပရိယာယ်ေ၀၀ုစ်၊ Strategy ကို သေနင်္ဂဗျူဟာ ဟု စစ်ပရိယာယ် ဟု ဘာသာပြန်ခဲ့ကြပါသည်။ မြန်မာတိုင်း နားလည်သော စကားလုံးများ ဖြစ်ကြပါသည်။



က၀ိလက္ခဏာ သတ်ပုံဆရာက ‘မင်းပရိယာယ်၊ ငတင့်တယ်၊ နားဝယ်မလည်ရှာ’ ဟု သုံးခဲ့ပါသည်။ ရာဇပရိယာယ် ဟုလည်း သုံးတတ်ကြပါသည်။ နာမည်ကျော် အဆိုတော်ကြီး မာမာအေးက ၁၉၆၀ ခုနှစ်လောက်က သီဆိုခဲ့သော ‘မေ့ကွက်ကိုရှာ’ သီချင်းတွင်လည်း ‘ချစ်ပရိယာယ်ကို သိသလိုလိုနဲ့’ ဟူသော စာပိုဒ်ပါပါသည်။



လွတ်လပ်ရေး ခေတ်ဦးပိုင်းလောက်က လက်ဝဲသမားများက Tactic ကို နည်းဗျူဟာဟု၊ Strategy ကို မဟာဗျူဟာ ဟုပြန်လိုက်ကြပြီး နိုင်ငံရေး စာအုပ်များတွင် သုံးစွဲနေကြသည်။ မှားသည်တော့ မဆိုလိုပါ။ သို့သော်လည်း မြန်မာစကား မြန်မာ နားလည်ရန် ခက်သော ဝေါဟာရများ၊ ခက်ဆစ် အဓိပ္ပါယ် ထုတ်ပေးရမည့် ဝေါဟာရများ ဖြစ်နေမည်ကတော့ မလွယ်ပါ။ စစ်ကြိုခေတ်က အဆိုတော်ကြီး ပြည်လှဖေနှင့် ဒေါ်မေရှင် တို့ သီဆိုခဲ့သော ယခုခေတ်တိုင် ရေပန်းစားနေသည့် ‘ချစ်ဗျူဟာ’ ဆိုသော သီချင်းလည်း ရှိပါသည်။



နိဂုံးချုပ်အားဖြင့် မြန်မာ့ပညာရေးနှင့် မြန်မာစာ အဆင့်အတန်း လုံးဝကျဆင်းသွားရခြင်းမှာ ‘၀မရှိဘဲ ၀ိလုပ်ချင်’ ‘မတတ်ဘဲနှင့် ဆရာတက်လုပ်ချင်သော ဗိုလ်နေ၀င်းနှင့် နောက်လိုက်နောက်ပါ ဗာလာနံ စစ်ကဲများ ၀န်ကြီး ဖြစ်ချင်သော ဒေါက်တာညီညီနှင့် နောက်လိုက် နောက်ပါများ၏ ‘မဟာကျေးဇူးတော်ကြီးများကြောင့်သာ ဖြစ်လေတော့ရာ ယင်း ‘ပုဂ္ဂိုလ်ကြီး’ များကိုသာ တရားခံအဖြစ် လက်ညှိုး ထိုးပြရတော့မည် ဖြစ်ပါကြောင်း။



လောကပါလ နတ်မင်း

(ရခိုင်အမျိုးသား သတင်းစာမှ ကူးယူဖော်ပြသည်။)
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စိုးရိမ်ပူပန်နေကြ

2011-05-30
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မကြာမီ ကာလတွေအတွင်း နယ်ခရီးစဉ်တွေ ထွက်ဖို့ အစီအစဉ် ရှိတယ်လို့ ပြောကြား လိုက်တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်ကြောင်း ပြောဆိုသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။

နေအိမ်အကျယ်ချုပ်မှ လွတ်လာသည့် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၄ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် ဝိုင်းဝန်းဆီးကြိုသော လူထု ပရိသတ်နှင့် နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒေါ်အောင်ဆန်းစုကြည်က သူ နေအိမ်အကျယ်ချုပ်က ဒီတခေါက် လွတ်မြောက်ပြီးတဲ့နောက်မှာ အရင် အချိန်တွေကထက် အလွန် များပြားလှတဲ့ အလုပ်တာဝန်တွေနဲ့ ပိနေတဲ့အကြောင်း၊ ရုံးနဲ့ အိမ်နဲ့ အလုပ်နဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေနဲ့သာ ရန်ကုန်မြို့တွင်း အချိန်ပြည့် သွားလာနေရကြောင်း၊ လ အနည်းငယ် ကြာရင်တော့ ခရီးထွက်ဖို့ စပြီး လုပ်နိုင်မယ်လို့ မျှော်လင့်ရကြောင်း RFA က ထုတ်လွှင့်နေတဲ့ “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ကနေ ပြောကြားခဲ့ပါတယ်။

ဒီလို ပြောကြားခဲ့ပြီးနောက်မှာ သူ့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်သံတွေ အခုလို ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ RFA မှ မခင်ခင်အိက စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဆာဘီးယား စစ်ခေါင်းဆောင် ဖမ်းဆီးမှု ကန့်ကွက်ဆန္ဒပြ

By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 29 မေ 2011
ဆာဘီးယားမှာ စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲခံထားရသူ ရတ်ကို မလာဒစ်ရှ် (Ratko Mladic) ကို ဖမ်းဆီးခဲ့မှုအပေါ် ကန့်ကွက်ကြတဲ့ ဘဲလ်ဂရိတ် (Belgrade) မြို့တော်က ဆန္ဒပြပွဲ အဆုံးသတ်ချိန်မှာ ဆန္ဒပြသူတွေက ရဲတွေကို ပုလင်းတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့လို့ အကြမ်းဖက်အသွင် ပြောင်းခဲ့ပါတယ်။

မလာဒစ်ရှ်ကို ဖမ်းတဲ့အတွက် ဆန့်ကျင် ဆန္ဒပြကြဖို့ ဆာဘီးယားက အမျိုးသားရေး အယူစွဲပြင်းထန်တဲ့ ရက်ဒီကယ်လ် (Radical) ပါတီက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြဖို့ ဆော်သြထားတာပါ။ ဒါပေမဲ့ တနင်္ဂနွေနေ့က ဆန္ဒပြပွဲမှာ ကြမ်းကြမ်းရမ်းရမ်းရှိသူ တချို့က အမှိုက်ပုံးတွေကို မှောက်၊ မီးရှူး မီးပန်းတွေ ပစ်ဖောက်၊ ဆိုင်ပြတင်းပေါက်တွေကို ရိုက်ခွဲ ဖျက်ဆီးခဲ့ကြပါတယ်။

အနည်းဆုံး အယောက် ၇၀ အဖမ်းခံရသလို ၁၂ ယောက်လောက် ဒဏ်ရာရသွားကြပြီး တချို့လည်း တော်တော်လေး အခြေအနေ ဆိုးတယ်လို့ ဆာဘီးယား ရုပ်သံသတင်းက ထုတ်လွှင့်သွားပါတယ်။

ရဲ ၁ ယောက်နဲ့ လူ ၃ ယောက်ကို အရေးပေါ်ကို ပို့ခဲ့ရပါတယ်။ လူပေါင်း ၁၀,၀၀၀ လောက်ရှိမယ့် ဆန္ဒပြပွဲမှာ မလာဒစ်ရှ်ရဲ့ ဇနီးနဲ့ သားတို့လည်း ပါဝင် ဆန္ဒပြကြပါတယ်။

၁၉၉၅ ခုနှစ်တုန်းက ဆာဘရန်နီဆာ (Serbrenica) မြို့မှာ မွတ်ဆလင် အမျိုးသားနဲ့ ယောက်ျားလေးပေါင်း ၈,၀၀၀ လောက်အထိကို သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး မလာဒစ်ရှ်ကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ တရားစွဲထားပါတယ်။

ဒုတိယကမ္ဘာစစ်ပွဲ နောက်ပိုင်း ဥရောပမှာ အဆိုးဝါးဆုံး လူတွေ အစုလိုက် အပြုံလိုက် အသတ်ခံရမှုမှာ သူ့အဖေနဲ့ လုံးဝ မပတ်သက်ပါဘူးလို့ မလာဒစ်ရှ်ရဲ့သားက သတင်းထောက်တွေကို တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။

သူ့ဖခင်ဟာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ လက်နက်စွဲကိုင် တိုက်ခိုက်သူတွေ အများကြီးကိုတောင် ကယ်ဆယ်ပေးခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ တခြားဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက သူ့အဖေမသိဘဲ ဖြစ်ခဲ့တာလို့ ဒရေကို မလာဒစ်ရှ် (Drako Mladic) က ပြောပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

တရုတ်အချောင်သမား ဝါဒနှင့် နားလည်ရခက်တဲ့ မြန်မာပြည်

ဂျိုးဇက်ဘောလ် | တနင်္လာနေ့၊ မေလ ၃၀ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၅၀ မိနစ်
မြန်မာပြည်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ အပြုအမူသည် နှစ်ပေါင်းများစွာပင် အငြင်းပွါးဖွယ် ဖြစ်နေခဲ့သည်။
မြန်မာအစိုးရနှင့် ပြုလုပ်သော တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး မှန်သမျှကို မြန်မာအစိုးရ၏ အတိုက်အခံတို့က အမြဲလိုပင် မြန်မာနိုင်ငံ၏ အာဏာရ အဝန်းအဝိုင်းကိုသာ ကြွယ်ဝချမ်းသာစေသည်၊ လူ့အခွင့်ရေး ချိုးဖောက်မှုများ
ကိုသာ ဖြစ်ပေါ်စေသည်၊ တိုင်းပြည်အဝှမ်း အခြေအနေများကို ပို၍သာဆိုးလာစေသည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။ ယခုမြန်မာသမ္မတ ဦးသိန်းစိန် တရုတ်ပြည် ခရီးစဉ် အပြီးတွင်လည်း မြန်မာဘလော့များနှင့် သတင်းများကို ကြည့်လိုက်ပါက လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်နေသာ အစိုးရများကို ထောက်ခံအားပေးနေသည်၊ ပီကင်းသည် မြန်မာနိုင်ငံကို ၂၁ ရာစု ကိုလိုနီသဖွယ် ဆက်ဆံနေသည်ဟု ပြစ်တင်ဝေဖန် ထားကြသည်ကိုသာ တွေ့ရသည်။

မည်သို့ပင်ဖြစ်စေ တရုတ်၏ မူဝါဒသည် သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ တသမတ်တည်းသာ ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနှင့် တရုတ်ကိုယ်စားလှယ် အဖွဲ့များ၏ ဆွေးနွေးပွဲတွင် ပါဝင်သည့် အစည်းအဝေး အစီအစဉ်တရပ်မှာ တရုတ်ရေတပ် သင်္ဘောများ မြန်မာဆိပ်ကမ်းများတွင် အထူးအခွင့်အရေးတရပ် ရရှိရေးပင် ဖြစ်သည်။ ပီကင်းသည် ယခုလည်း အိန္ဒိယသမုဒ္ဒရာဒေသတဝှမ်း အထူးသဖြင့် ပါကစ္စတန်နှင့် သီရိ လင်္ကာတို့တွင် အလားတူ ဆိပ်ကမ်း အခြေခံအဆောက်အအုံများ တိုးတက်ဖွံ့ဖြိုးရေးကို လုပ်ကိုင်ဆောင်ရွက်လျက် ရှိနေသည်ကို တွေ့ရမည် ဖြစ်သည်။ ထို့ပြင် လစ်ဗျားဆူပူအုံကြွမှုများအတွင်း တရုတ်ရေတပ်ဖွဲ့ လှုပ်ရှားလာမှုကလည်း အနောက်နိုင်ငံများ အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ တရုတ်သည် သူတို့နိုင်ငံ၏ အကျိုးစီးပွါးများကို ကာကွယ်ရာ တိုင်းပြည်တွင်းမှကယ်ထုတ်ရာတွင် ၎င်းမြောက်အာဖရိကနိုင်ငံသို့ မိမိရေတပ်ဖွဲ့ကို တခါမျှ
မကြုံ ဖူးသည့် အနေအထားဖြင့် စေလွှတ်ခဲ့သည်။

အိန္ဒိယသမုဒ္ဒရာဒေသတဝှမ်းတွင် ရေနက်ဆိပ်ကမ်း အဆောက်အအုံများ အထူးတလည် လိုက်လံ တည်ဆောက်နေခြင်းမှာ တရုတ်၏ စွမ်းအင်အရင်းအမြစ်များ လိုအပ်နေခြင်းနှင့် ဆက်စပ်နေသည်။ ဒါ့ကြောင့်ပင် ပီကင်းသည် စွမ်းအင်အရင်းအမြစ် ကြွယ်ဝသော်လည်း ဖွံ့ဖြိုးမှုနည်းပါးသော သို့မဟုတ် ဖွံ့ဖြိုးဆဲနိုင်ငံများကို အမြဲတစေ ပစ်မှတ်ထား ဆက်ဆံရေး ထူထောင်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ တရုတ်၏ ဆက်ဆံပုံ သဘောထားကိုလည်း အဆိုပါနိုင်ငံများက အမြဲတစေ ကြိုဆိုခဲ့ကြသည်။

မြန်မာနိုင်ငံသည် လက်တွေ့အရ တရုတ်၏ ကိုလိုနီတခု ဖြစ်သွားလိမ့်မည်ဟု လိုသည် ထက်ပို၍ ခြောက်လှန့် ပြောဆိုနေသည့် အချိန်တွင် ပီကင်းအဘို့ ကွဲပြဲနေသော
မြန်မာနိုင်ငံတွင် နှစ်နိုင်ငံ အကျိုးတူ စာချုပ်များ အစီအစဉ်များ ပြုလုပ်ရာတွင် သူတို့လိုချင်သည့် စည်းကမ်းချက်များ လိုလားချက်များကို တဘက်သတ် အသာစီးလိုသလို ရယူနိုင်စွမ်း ရှိနေစေပါသည်။
သူတို့နှင့်လုပ်သော ကုန်သွယ်ရေးလုပ်ငန်းများနှင့် သူတို့ပေးအပ်သော အကူအညီ အထောက်အပံ့များကို စိုးရိမ်ဖွယ် လူ့အခွင့်အရေး မှတ်တမ်းများနှင့် ဆက်စပ် မထားသောကြောင့် ဖြစ်သည်။ ဤနည်းဖြင့် တရုတ်နိုင်ငံ အတွက်လည်း စီးပွါးရေးနှင့် စွမ်းအင် အကျိုးစီးပွါးများကို အခြေခိုင်အောင် လုပ်နိုင်လေသည်။ တဘက် ကုန်သွယ်ဖက်နိုင်ငံ အစိုးရအဖို့လည်း အင်မတန် လိုအပ်နေသော ဘဏ္ဍာရေးနှင့် နိုင်ငံရေးသြဇာကို ရရှိပြီးဖြစ်စေကာ နိုင်ငံတွင်း အာဏာခိုင်မြဲအောင်လည်း တည်ဆောက်ပြီး ဖြစ်စေသည်။

သို့သော် အိန္ဒိယသမုဒ္ဒရာ ဝန်းကျင်တလျှောက် မငြိမ်မသက် ဖြစ်နေသော နိုင်ငံများအတွင်း မြန်မာနိုင်ငံထက် ပို၍ ပီကင်း၏ တက်ကြွပြင်းထန်သော နိုင်ငံခြားရေးမူဝါဒကြောင့် အန္တရာယ်ရှိသော နိုင်ငံကို ရှာဖွေရန်မှာမူ မလွယ်ကူပါ။ လွန်ခဲ့သောနှစ် နိုဝင်ဘာလက ရွေးကောက်ပွဲများ ကျင်းပခဲ့ပြီး ယခုနှစ် အစောပိုင်းက ပါလီမန်သစ်ကို ခေါ်ယူကျင်းပခဲ့ကာ ပေါ်ထွက်လာသည့် အစိုးရသစ်ကို ပထမဆုံး လက်ခံကြိုဆိုသည့်နိုင်ငံမှာ တရုတ်နိုင်ငံပင် ဖြစ်သည်။

အဆင့်မြင့် နိုင်ငံရေး ကိုယ်စားလှယ်အဖွဲ့ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ
မြန်မာနိုင်ငံ၏ ဆိပ်ကမ်းများ၊ သဘာဝသံယံဇာတများသည် တရုတ်နိုင်ငံအဘို့ မျက်စိကျစရာချည်း ဖြစ်နေသည်။
မြန်မာ့နိုင်ငံရေးလောကအတွင်း နက်နက်ရှိုင်းရှိုင်း ကွဲပြားနေမှုက ပီကင်းအဘို့ သူလိုချင်သော သဘောတူညီချက်များ ရယူရာတွင် တဘက်သတ် အသာစီး ရနေစေသည်။

အသစ်ဖွဲ့စည်းလိုက်သော သမ္မတဦးသိန်းစိန်၏ အစိုးရသစ်အဘို့ တရုတ်နိုင်ငံ၏ အရေးပါ ထင်ရှားသော အခန်းကဏ္ဍကို အသိအမှတ် ပြုလိုက်ပုံရသည်။ ဦးသိန်းစိန်သည် တရုတ် နိုင်ငံသို့ ကြာသပတေးနေ့က
ရောက်ရှိလာခဲ့သည်။ အိမ်နီးချင်း နိုင်ငံကြီးထံ ပထမဆုံး နှစ်နိုင်ငံအကျိုးတူ တရားဝင်ခရီးစဉ်အဖြစ် လာရောက်ခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ အရွယ်အစားနှင့် အထူးသဖြင့် ဒေသတွင်း သြဇာ အရှိန်အဝါကြောင့် နိုင်ငံတွင်း နိုင်ငံရေးစနစ်များနှင့် ခေါင်းဆောင်မှုတို့ မည်မျှပင် ပြောင်းလဲသည်ဖြစ်စေ
မြန်မာ့နိုင်ငံခြားရေးမူဝါဒ ချမှတ်ရာတွင် အမြဲတမ်း အရေးပါသော အခန်းကဏ္ဍက ပါဝင်နေခဲ့သည်။ နေပြည်တော်နှင့် ပီကင်းဆက်ဆံရေးမှာ အမြဲချောမွေ့နေသည်ချည်းလည်း မဟုတ်ပါ။ လက်ရှိနေပြည်တော် ခေါင်းဆောင်များသည် လွန်ခဲ့သော ရာစုနှစ်များတလျှောက် ယခင် မြန်မာအစိုးရများနှင့် ပဒေသရာဇ် အစိုးရများကဲ့သို့ တရုတ် အကျိုးစီးပွါးအပေါ် အမြဲပျပ်ဝပ် ခစားနေရသည်ဟု အထင်ခံလိုစိတ် မရှိတော့ပါ။

ဤသို့ဆိုလျှင်အဘယ်ကြောင့် တရုတ်နှင့် ဆက်ဆံရာတွင် ညီငယ်လေးသဖွယ် အောက်ကျို့ ဆက်ဆံနေပါသလဲဟု မေးခွန်းထုတ်စရာဖြစ်နေသည်။ ရိုးရိုးလေးပြောရလျှင် မလုပ်လျှင်မဖြစ်လို့ဟုဘဲ ပြောရပါမည်။ ၂ဝ၁၂ ခုနှစ်တနှစ်ထဲအတွက် တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၂ ဘီလျံတန်ဘိုးရှိ နိုင်ငံတွင်း တိုက်ရိုက်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စာချုပ်များကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုပမာဏသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံသာ ဝင်ငွေရှိသည့် အစိုးရတရပ်အဘို့ အလွန်များပြားသော ပမာဏဖြစ်သည်။ နိုင်ငံရေးဗဟိုချက်မ၌ လက်ရှိအလုံးစုံ ကွဲလွဲနေမှုသည် မြန်မာခေါင်းဆောင်များ အပေါ်သို့သာ ကျရောက်လာသည်။ နိုင်ငံရေးအရ ကြာမြင့်စွာ ကွဲလွဲနေမှုကြောင့် ပီကင်းအဘို့ နေပြည်တော်နှင့် ဆက်ဆံရာတွင် နိုင်ငံ၏ ထင်ရှားသိသာသော အင်အားကြီးမားမှုကို ပြကာ မိမိ၏ကျယ်ပြန့်သော နိုင်ငံရေးမူဝါဒ ရည်မှန်းချက်များ ရယူရာတွင် မရအရ ရယူနိုင် စွမ်းကိုရရှိစေခဲ့သည်။

တိုင်းပြည်ရှိ စစ်ခေါင်းဆောင်များ၏ ကြီးကြီးမားမား လွှမ်းမိုးချုပ်ကိုင်မှုကို ခံထားရသော မြန်မာအစိုးရသည် ပြည်တွင်း လုံခြုံရေးကို နိုင်ငံတကာ လုံခြုံရေးထက် ပို၍အလေးထား စဉ်းစားမှုကို ဆက်လက် ပြုလုပ်ဆဲပင် ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း အိမ်နီးချင်းနိုင်ငံများနှင့် စစ်ရေးစွမ်းရည် ကွာဟမှုကို ကျဉ်းမြောင်းစေရန်သာ မြန်မာစစ်တပ် သို့မဟုတ် မြန်မာ့တပ်မတော်က ပြုလုပ်ခဲ့ခြင်းကြောင့် အခြားအချက်များဖြစ်သော နိုင်ငံတကာ လုံခြုံရေး ကိစ္စများမှာ လျော့နည်းမှေးမှိန်ခဲ့ရသည်။ အမျိုးသား လုံခြုံရေးဆိုသည်မှာ စစ်တပ်ဖြန့်ချက်ချထားမှု၏ တခုတည်းသော လုပ်ငန်း တာဝန်တရပ် မဟုတ်ပါ။ အမျိုးသားလုံခြုံရေးနှင့်အတူ အခြားအရေးပါသောအချက်များဖြစ်သည့် လူမှုရေး၊ စီးပွါး ရေးနှင့် လူသားလုံခြုံရေးကိစ္စများကို ထည့်သွင်းစဉ်းစားလုပ်ဆောင်ရမည်ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေ တရုတ်မြန်မာဆက်ဆံရေးတွင် မညီမမျှဖြစ်နေသည့်အချက်က မြန်မာ စစ်တပ်နှင့် လက်ရှိအရပ်သားများကို ဗန်းပြထားသော အစိုးရအကြား ဆုံးဖြတ်ချက် ချမှတ်ရေး ဖြစ်စဉ်များကို လွှမ်းမိုးသက်ရောက်စေသည်သာ မဟုတ်ပါ။ မြန်မာ့အတိုက်အခံများ၏ တကိုယ်တော် အထီးကျန် မူဝါဒများကလည်း နိုင်ငံအများအပြား၏ နိုင်ငံခြားရေးမူ ဝါဒများချမှတ်ရာတွင် ရောင်ပြန်ဟပ် ဖော်ပြနေသည်ကိုလည်း ထည့်သွင်းစဉ်းစားရမည် သာဖြစ်ပါသည်။ ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ လက်ဦးမှုရှိရှိ ထိတွေ့ဆက် ဆံရေးမူဝါဒများကို အတိုက်အခံများ၏ အကျီုးစီးပွါးကို ထိခိုက်စေသည်ဟု ပြောဆိုမှုများ ရှိနေသော်လည်း ယင်းတို့ကို မြှင့်တင်လုပ်ဆောင်ဘို့ လိုပါသည်။ ယင်းသို့ လုပ်ဆောင်ရာတွင် သာမန် တွေ့ဆုံဆွေးနွေးရေး
ဖြစ်ပေါ်ဘို့တင် မဟုတ်၊ သဘောတရားရေးအရ ကွဲပြားနေမှုများ ရင်ကြားစေ့ရေး အတွက်ကိုလည်း ရှေ့တန်းတင်၍ ကြိုးပမ်းဘို့ ရည်မှန်းချက် ထားရှိရပါမည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်၏ အသစ် ချမှတ်လိုက်သော သဘောထား ရပ်တည်ချက်ကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
ထောက်ခံလိုက်ခြင်းမှာ အားရှိစရာ ဖြစ်ပါသည်။

သို့သော် နိုဘယ်ဆုရှင် အနေဖြင့် မြန်မာနိုင်ငံ၏ အာဏာရများထံ ဝင်ထွက် ပြောဆိုပေးနိုင်သူများကို အလားတူ စိတ်ဓါတ်အရ ပို၍ပင် ပျော့ပျော့ပျောင်းပျောင်း၏ ပြောဘို့ လိုပါသေးသည်။ သို့သော် ထိုသို့ ပျော့ပျော့ပျောင်းပျောင်း ပြောသည်ဆိုခြင်းမှာ အတိုက်အခံများ၏ ရေရှည် ရည်မှန်းချက်များအတွက် ပို၍ပင် အထောက်အပံ့ ဖြစ်စေပါလိမ့်မည်။

မြန်မာနိုင်ငံသည် လက်တွေ့အရ တရုတ်၏ ကိုလိုနီတခု ဖြစ်သွားလိမ့်မည်ဟု လိုသည်ထက်ပို၍ ခြောက်လှန့်
ပြောဆိုနေသည့် အချိန်တွင် ပီကင်းအဘို့ ကွဲပြဲနေသော မြန်မာနိုင်ငံတွင် နှစ်နိုင်ငံ အကျိုးတူ စာချုပ်များ အစီအစဉ်များ ပြုလုပ်ရာတွင် သူတို့လိုချင်သည့် စည်းကမ်းချက်များ လိုလားချက်များကို တဘက်သတ် အသာစီးလိုသလို ရယူနိုင်စွမ်း ရှိနေစေပါသည်။ ဘာဘဲဖြစ်ဖြစ် နိုင်ငံရေးအရ ပြောရလျှင် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှား ဆောင်ရွက်နိုင်ဘို့ လိုသေးသော မြန်မာနိုင်ငံအဘို့ တရုတ်နှင့် ဆက်ဆံရာတွင် ဘဏ္ဍာရေးနှင့် ဖွံ့ဖြိုးရေး ရည်မှန်းချက်များအပြင် မြန်မာနိုင်ငံသားများ၏ အခွင့်အရေး ကာကွယ် မြှင့်တင်ပေးရေး ကိုလည်း ထည့်သွင်း စဉ်းစားလုပ်ဆောင်နိုင်စွမ်း ရှိစေရပါမည်။

တိုတိုပြောရလျှင် မြန်မာနိုင်ငံအဘို့ ကိုယ့်ပြည်တွင်း အခြေအနေကို နိုင်နင်းအောင် အရင်လုပ်ရပါဦးမည်။ ထိုအချိန် မရောက်မချင်း တရုတ်နိုင်ငံအနေနှင့် မိမိနိုင်ငံ မိမိနိုင်ငံသား အကျိုးစီးပွါးများကိုသာ မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် တဘက်သတ် အမြတ်ထုတ်ခွင့် ရရှိနေစေဦးမည် ဖြစ်သည်။

ထိုအကျိုးစီးပွါးဆိုသည်များမှာလည်း မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွါးအတွက် မဟုတ်သည်မှာ သေချာလှပါသည်။ ထိုအချက်သည် မြန်မာခေါင်းဆောင်များအဘို့ ဖန်တီးမှုရှိစွာ ရှေ့တန်းတင် စုပေါင်းအဖြေရှာရမည့်ကိစ္စ ဖြစ်ပါသည်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကာတာနိုင်ငံသား ဘင်ဟာမန် FIFA ဥက္ကဋ္ဌလောင်း အဆိုပြုချက် ရုပ်သိမ်း

By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 29 မေ 2011(ပေးပို့ သူ-ဗမာ့သွေး)
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ နေရာအတွက် ဝင်ရောက် အရွေးခံမယ့် ကာတာနိုင်ငံက မိုဟာမက် ဘင်ဟာမန် (Mohamed Bin Hammam) ဟာ လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်တွေနဲ့ စည်းကမ်းထိမ်းသိမ်းရေး ကော်မတီ ရှေ့မှောက်မှာ စစ်ဆေးခံဖို့ နာရီပိုင်း အလိုမှာပဲ FIFA ရဲ့ ဥက္ကဋ္ဌ နေရာအတွက် ဝင်မပြိုင်တော့ဘူးလို့ ပြောသွားပါတယ်။

ဒီလို မစ္စတာ ဘင်ဟာမန် ယှဉ်ပြိုင်မှုကနေ နှုတ်ထွက်သွားတာကြောင့် FIFA မှာ သက်တမ်းရှည်လှပြီဖြစ်တဲ့ လက်ရှိဥက္ကဋ္ဌ ဆွစ်ဇာလန်နိုင်ငံက ဆက်ပ် ဘလတ္တာ (Sepp Blatter) အတွက် လမ်းရှင်းသွားသလို ဖြစ်သွားရပါတယ်။

မစ္စတာ ဘင်ဟာမန်ကတော့ သူ့ရဲ့ ပုဂ္ဂိုလ်ရေး ဖြစ်ချင်ဇောတွေကို FIFA ရဲ့ ဂုဏ်သိက္ခာနဲ့ မှန်မှန်ကန်ကန် ရပ်တည်မှုတွေထက် ဦးစားမပေးနိုင်ဘူးလို့ စနေနေ့ ညပိုင်းက ပြောသွားပါတယ်။ သူရယ် မစ္စတာ ဘလတ္တာရယ်နဲ့ FIFA ဒု-ဥက္ကဋ္ဌ ဂျက် ၀ါနာ (Jack Warner) တို့ဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေမှာ အဂတိ လိုက်စားမှုတွေ ရှိခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။ သူတို့ ၃ ဦးလုံးကို FIFA စည်းကမ်းထိန်းသိမ်းရေး ကော်မတီက တနင်္ဂနွေနေ့မှာ မေးမြန်းမှာပါ။

မစ္စတာ ဘင်ဟာမန်နဲ့ ဒု-ဥက္ကဋ္ဌ ၀ါနာတို့က သူတို့ ဘာအမှားအယွင်းမှ မလုပ်ထားဘူးလို့ ပြောနေပြီး မစ္စတာ ဘလတ္တာကတော့ အချက်အလက်တွေက သက်သေပြပါလိမ့်မယ်လို့ ပြောသွားပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆန့်ကျင်ကြောင်း ကရင်နှီးနှောဖလှယ်ပွဲမှ ဆွေးနွေးဆုံးဖြတ်ခဲ့

Submitted by Karen Information Center on Sunday, 29 May 2011(ပေးပို့ သူ-ဗမာ့သွေး)
၈ကြိမ်မြောက် ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲမှ ကရင်ဒုက္ခသည်များကို နေရပ်ပြန်လည် မပို့ဆောင် ရေးနှင့် ကရင်ဒေသများတွင် ပြုလုပ်နေသည့် ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဆန့်ကျင် ရှုတ်ချကြောင်း ယမန်နေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။

ထိုကြေညာချက်တွင် နှီးနှောဖလှယ်ပွဲမှ ကရင်လူမျိုးများအကြား စည်းလုံးညီညွှတ်မှု ပိုမို အားကောင်းလာစေရေး၊ မြန်မာ ပြည်၏ လက်ရှိ နိုင်ငံရေးအခြေအနေများနှင့် ကရင်လူထုတစ်ရပ်လုံး၏ ခံစားနေရမှုများကို ဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံအ တွင်း ရောက်ရှိနေသည့် သိန်းနှင့်ချီသော စစ်ပြေးဒုက္ခသည်များအား ယာယီ လက်ခံထားပေးရန်နှင့် ပြန်လည်ပို့ဆောင်ခြင်း မပြုလုပ်သေးရန် ထိုင်းအစိုးရနှင့် UNHCR တို့အား တောင်းဆိုထားသည်။

နှီးနှောဖလှယ်ပွဲ၏ ပြောရေးဆိုခွင့်ရှိသူ စောကနဲမီက “သူတို့(မြန်မာအစိုးရ)ကိုယ်သူတို့ အစိုးရလို့ ခံယူပြီး ကရင်တွေနယ် မြေမှာ ဖွံ့ဖြိုးရေးကို ဘမ်းပြပြီး Dam(ရေကာတာ)နေရာအဆင့်ဆင့် လာလုပ်တာဟာ နယ်မြေတွေ ဆုံးရှုံးပျက်စီးကုန်တယ်။ ဒီလို နားလှည့်ပါးရိုက်လာလုပ်တာ ဘယ်သူမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ကျနော်တို့တွေ ဖွံ့ဖြိုးမှုကို မလိုလားတာ မဟုတ်ဘူး။ နိုင်ငံတကာကို လိမ်လည်ပြီး တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ သူတွေကို လုံးဝ လက်မခံနိုင်ဘူး။ ဒါကြောင့် ကျနော် တို့ Karen Unity Seminar အနေနဲ့ မတ်မတ်ရပ်ပြီး ဒါကို လုံးဝ ဆန့်ကျင်တာ၊ ရှုတ်ချတာ ဖြစ်တယ်။”ဟု ကေအိုင်စီကို ပြောသည်။

ဆက်လက်၍ သူက “ဒုက္ခသည်နဲ့ ပတ်သက်လို့ အတင်းအဓမ္မ ရွှေ့ခိုင်းပြောင်းခိုင်းတာတွေ မလုပ်ရဘူးဆိုတာ ဥပဒေရှိ တယ်။ ကျနော်တို့က တကမ္ဘာလုံးက ပြဌာန်းထားတဲ့ လူ့အခွင့်အရေး ဥပဒေအရဆိုပြီး ကိုယ့်ကိုယ်ကို သတ္တိပြတာတော့ မဟုတ်ဘူး။ ကျနော်တို့ အမှန်တရားဘက်မှာ ရှိတယ်ဆိုတာရယ်၊ ခိုင်မာတဲ့ အခြေခံ အကြောင်းရင်းတွေ ရှိတယ်ဆိုတာရယ် ပါ။”ဟု ရှင်းပြသည်။

၎င်းအပြင် အခုတက်လာသည့် ကြံ့ဖွံ့အစိုးရအနေဖြင့် အင်အားတောင့်တင်းပြီး အဆင့်မြင့်သည့် စစ်တပ်ကို ထူထောင်ပါက ကရင်ဒေသများအတွင်း ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားလာနိုင်ခြင်း၊ လူထု၏ အိုးအိမ် မြေယာများ ပိုမို ပျက်စီးဆုံးရှုံးလာနိုင်ခြင်းနှင့် လူသားများအပေါ် စစ်ရာဇ၀တ်မှုများ ကျူးလွန်နေသည့်အတွက် ကုလသမဂ္ဂ မှ စုံစမ်းစစ်ဆေးရေး ကော်မရှင် စေလွှတ်၍ ကြံ့ဖွံ့အစိုးရအား အရေးယူမှုများ ချက်ချင်း ဆောင်ရွက်သွားရန်လည်း နှီးနှော ဖလှယ်ပွဲက တောင်းဆိုလိုက်သည်။

ထိုနှီးနှောဖလှယ်ပွဲသို့ ပြည်တွင်းနှင့် ယူကေ၊ အမေရိကန်၊ ကနေဒါ၊ စင်္ကာပူ၊ သြစတြေးလျားနိုင်ငံများမှ ကရင်တိုင်းရင်းသား ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။


UK မှ စောဝင်းစတန်တောက “ကျနော် ဒီစီမီနာကို ပထမဆုံးရောက်လာတာပဲ။ ဆွေးနွေးမှုတွေအတွင်းမှာ အချေအတင် ငြင်းခုန်ဆွေးနွေးအဖြေရှာကြတာဟာ ဆုံမှတ်ကိုတွေ့ရှိသွားသလို စိတ်ဝင်စားမှုကောင်းတဲ့ တော်လှန်ရေးအတွေ့အကြုံ သဘောတရားတွေကိုလည်း ရရှိခဲ့ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ပြည်တွင်းကိုယ်စားလှယ်တဦးကလည်း “အခုလို ကရင်ကိုယ်စားလှယ်ကြီးတွေ ဒုက္ခအခက်အခဲကြားက မတူကွဲပြားတဲ့ အတွေးအခေါ် အယူအဆတွေကို ပြန်လည်ပေါင်းစည်းပေးဖို့ လာရောက်ဆွေးနွေးကြတာ အားရကျေနပ်မှု အတော်ရပါ တယ်။ နိုင်ငံရေး၊ အမျိုးသားရေးပန်းတိုင်ကို ဒီစီမီနာမှာ ရှင်းရှင်းလင်းလင်းကြီး တွေ့ခွင့်ရခဲ့တယ်။ ပြည်တွင်းမှာဆို ဘာဆို ဘာမှ သိခွင့်၊ လုပ်ခွင့်မရှိဘူး။”ဟု ဆိုသည်။

နှီးနှောဖလှယ်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဌ စောလှထွန်းက “နိုင်ငံတကာက ကိုယ်စားလှယ်တွေ၊ ခရိုင်ကိုယ်စားလှယ်တွေ နဲ့ ပြည်တွင်းကိုယ်စားလှယ်တွေ အခုလို လာရောက်တွေ့ဆုံပြီး ကရင်အမျိုးသားတွေရဲ့ စည်းလုံးမှုပြိုကွဲစေမယ့် အကြောင်း အရာတွေကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပြီး ကာကွယ်ပေးကြ၊ နည်းလမ်းအဖြေရှာကြတာဟာ အင်မတန်မှ အားရကျေနပ် မှု ရှိပါတယ်။”ဟု ပြောဆိုသည်။

မေလ ၂၄ရက်မှ ၂၇ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ပြုလုပ်ကျင်းပခဲ့သည့် ထိုနှီးနှောဖလှယ်ပွဲသို့ ပြည်တွင်း ပြည်ပရှိ ကရင်အဖွဲ့အစည်း(၄၂)ဖွဲ့မှ ကိုယ်စားလှယ်များ၊ မျိုးဆက်သစ် နိုင်ငံရေးကျောင်းသားကျောင်းသူများနှင့် လေ့လာ သူများ စုစုပေါင်း ၁၁၇ဦး တက်ရောက်ခဲ့ကြသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */