“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, May 29, 2011

အိန္ဒိယ၏ ပျောက်ဆုံးနေသော သမီးများ

http://phopa-dwm.blogspot.com/2011/05/blog-post_28.html#more(ပေးပို့ သူ eimmet mahotpar )
အိန္ဒိယ၏ ၂၀၁၁ သန်းခေါင်းစာရင်းအရ အသက် ၆ နှစ်အောက် ကလေးသူငယ်များတွင်
ကျားမ အချိုးအစား ကွာခြားမှုသည် စိုးရိမ်စရာ အကောင်းဆုံး အခြေအနေသို့
ရောက်ရှိနေသည်ကို တွေ့ရသည်။ ၎င်းမှာ သန္ဓေသားလောင်းများ မမွေးဖွားမီ
ကြိုတင်စစ်ဆေးသည့် နည်းပညာများ ယန္တယားများ တိုးတက်လာခြင်းနှင့် မိဘများက
မိန်းကလေး သန္ဓေသားလောင်းများကို ရွေးချယ် ဖျက်ဆီးသည့်
အကျိုးဆက်ဖြစ်သည်မှာ ငြင်းပယ်မရသည့် အချက်ဖြစ်သည်။ သုတေသန စာတမ်းတခု အရ
အိန္ဒိယသည် မမွေးဖွားမီ ပျောက်ဆုံးနေသော အမျိုးသမီးများ တနေ့တခြား
များပြားလာသည့် အခြေအနေဖြစ်သည်။ အိန္ဒိယ လူ့အဖွဲ့အစည်း၏ မိသားစု
ပုံစံများလည်း ပြောင်းလဲသွားခဲ့ရသည်။

အစစ အရာရာ အမျိုးသားများ ကြီးစိုးသည့် ယဉ်ကျေးမှု အခြေခံ အိန္ဒိယတွင်
အမျိုးသမီးများ၏ အခန်းကဏ္ဍမှာ နယ်ပယ်အသီးသီး၌ ဆိုးဆိုးဝါးဝါး နိမ့်ကျနေဆဲ
ဖြစ်သည်။ ဘာသာရေးအရလည်း သားယောက်ျားအား တန်ဘိုးထားလိမ့်ရှိသည်။
ထို့ကြောင့် မိဘများက တိုးတက်လာသည့် ခေတ်မီ နည်းပညာများကို အသုံးချ၍
သမီးမိန်းကလေး သန္ဓေသားလောင်းများကို ဖျက်ဆီးကြသည်။ ထို့ကြောင့် ၂၀၁၁
သန်းခေါင်းစာရင်းအရ ကျားမ အခြိုးအစားမှာ ယောက်ျား တထောင် (၁၀၀၀) တွင်
အမျိုးသမီး ကိုးရာလေးဆယ် (၉၄၀) ခန့်သာရှိသည်။ မိဘအများစုက ပထမ
သမီးမိန်းကလေး ရှိပြီးပါက ဒုတိယ သန္ဓေသားလောင်းသည် မိန်းကလေး ဖြစ်နေပါက
ဖျက်ဆီးသည့်နှုန်းမှာ အလွန်မြင့်မားသည်။ မိသားစုများတွင် ဒုတိယ သားသမီး
နေရာ၌ ကျားမ အချိုးအစားမှာ ယောက်ျား ၁၀၀၀ တွင် မိန်းမ ၈၃၆ ဦးသာ ရှိသည်။
သို့သော် ဆက်နွယ် အကျိုးရလာဘ်ကောင်း တခုမှာ အမျိုးသမီးများ၏ ပညာရေး
အဆင့်အတန်း မြင့်မားလာခြင်းဖြစ်သည်။ ထုံးစံအရ မိဘအများစု သားယောက်ျား
များ၏ အရေးကိုသာ ဦးစားပေးလေ့ရှိပြီး သမီးမိန်းကလေးများ၏ အရေးကို
ဒုတိယတန်းအဖြစ်သာ ထားလေ့ ရှိခြင်းကြောင့် အမျိုးသမီးများ၏ ပညာရေး
အဆင့်အတန်းမှာလည်း နိမ့်ကျခဲ့သည်။

ယခုကဲ့သို့ သားသမီး ကန့်သတ် ထိန်းချုပ်နိုင်မှုကြောင့် မွေးဖွားလာသည့်
သမီးမိန်းကလေးများကိုပါ ပညာရေး သင်ကြားပေးနိုင်သည့် အခြေအနေသို့
ရောက်ရှိလာခဲ့ရသည်။ အနည်းဆုံး ၁၀ နှစ် ပညာသင်ကြားမှုရှိသည့်
မိန်းကလေးနှင့် မိခင်ဦးရေ သိသိသာသာ တိုးတက်လာခဲ့သည်။ အိန္ဒိယ အမျိုးသား
ကျန်းမာရေးနှင့် မိသားစုအရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က
ပြည်နယ်အစိုးရများနှင့် ခရိုင်အုပ်ချုပ်ရေးများသည် ၎င်းတို့ သက်ဆိုင်ရာ
နယ်ပယ်အတွင်းမှ မိသားစုနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကို အနီးကပ်
စောင့်ကြည့်ပြီး သန္ဓေသားလောင်းများ ရွေးချယ် ဖျက်ဆီးမှု ကာကွယ်ရေး ဥပဒေကို
တိကျလိုက်နာ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း တိုက်တွန်းထားသည်။

ကိုးကား= The HinduRest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */