“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, May 29, 2011

**ဟောက်သံ**

(ပေးပို့ သူ eimmet mahotpar )၂၉-၀၅-၁၁
စာဖတ်သူတို့ထဲမှာ ကိုယ်တိုင်ဟောက်တက်တဲ့သူရော ၊ တစ်ခန်းထဲနေ
အဖော်ရဲ့ဟောက်သံကြောင့် အိပ်မရတဲ့သူ ၊ အနှောက်အယှက်ဖြစ်ရတဲ့သူတွေ
ရှိမှာပါ ။
ဟောက်သံကို မိမိကိုယ်တိုင်သတိမထားမိပေမယ့် ဘေးကသူအတွက်ကတော့ အတော့်ကို
ဒုက္ခရောက်ပါတယ် ။
တစ်ခန်းတည်းမှာ အိပ်နေတဲ့သူက အအိပ်ဆတ်တက်တဲ့သူဆို ပိုအားနာဖို့ကောင်းပါတယ် ။
အိပ်ပျော်ရင် ဟောက်တက်တာဟာ မိမိကိုယ်တိုင်ဟောက်တက်တဲ့သူ
အတွက်လည်း မကောင်းပါဘူး ။

**ဘာလို့ဟောက်တာလဲ**
သာမန်ပိုက်လုံးတစ်လုံးကို လေမှုတ်သွင်းရင် အသံမထွက်ပါဘူး ။
အဲ .. ပိုက်လုံးမှာ အချိုးအကွေး အကျဉ်းအမြောင်းလေးတွေရှိလာရင်
လေကတိုးဝင်တိုးထွက်ရပါတယ် ။

ဒီလိုပါပဲ သာမန်အချိန်မှာ အသက်ရှုလမ်းကြောင်းက ပုံမှန်ပွင့်ပြီး
လေ၀င်လေထွက်အဆင်ပြေနေပေမယ့် ၊ အိပ်ပျော်သွားတဲ့အခါမှာ
ဒီလိုမဟုတ်တော့ပါဘူး ။
အိပ်စက်ခြင်းဟာအနားယူခြင်းဖြစ်တာကြောင့် အသက်ရှူလမ်းကြောင်း ၊
အာခံတွင်းထဲက က ကြွက်သာတွေအပါအ၀င် ကိုယ်န္ဓာက ကြွက်သားတွေ
ဖြေလျော့ပျော့ပြောင်းလာပါတယ် ။
ကြွက်သားတွေ ပြေလျော့လာတာနဲ့အတူ အသက်ရှူလမ်းကြောင်းကလဲ
ပုံမှန်မဟုတ်တော့ပဲ ကျဉ်းမြောင်းလာပါတယ် ။ ကျဉ်းမြောင်းလာတဲ့
လမ်းကြောင်းထဲကို အသက်ရှူတဲ့အခါလေတွေ တိုးဝင်တိုးထွက်ရတဲ့အခါ
နံရံတွေကိုတိုက်မိပြီး ကြွက်သားတွေတုန်ခါလာရာကနေတစ်ဆင့်
ဟောက်သံဆိုတာဖြစ်ပေါ်လာရတာပါ ။

ပုံမှာဖော်ပြထားတဲ့အတိုင်း ပက်လက်လှန်အိပ်တဲ့အခါ ပါးစပ်ကနေ၀င်လာမယ့်
လေလမ်းကြောင်းဟာ အာခေါင်နဲ့ လျှာအရင်းကြားမှာ ကျဉ်းမြောင်းသွားသလို
နှာခေါင်းကနေ၀င်လာမယ့် လေလမ်းကြောင်းဟာလဲ ကျဉ်းမြောင်းသွားတာကို တွေ့ရမှာပါ ။

**ဘယ်သူတွေ ပိုဟောက်တက်ကြလဲ**

* အရက်သောက်တဲ့သူတွေ
* အိပ်ဆေး သောက်သူတွေ
* ၀တဲ့သူတွေ
* အသက်ကြီးတဲ့သူတွေ
* ပက်လက်အိပ်တက်တဲ့သူတွေ
* ရောဂါကြောင့် နှာစေး ၊ နှာခေါင်းပိတ် ၊ နှာခေါင်းအတွင်းက
အမြှေးပါးရောင်နေတဲ့သူတွေ ၊
* အသက်ရှူလမ်းကြောင်း ပုံမှန်မဟုတ်သူများ ။
*

**ဟောက်ခြင်းရဲ့ ဆိုးကျိုးများ**

မိမိရဲ့ဟောက်သံကြောင့် လူမှုရေးထိခိုက်မှုတွေရှိနိုင်ပါတယ် ။
ဟောက်တယ်ဆိုတာ အသက်ရှုလမ်းကြောင်းမှာ ပိတ်ဆိုမှု့တွေဖြစ်လာပြီး
လေတိုးဝင်တာကနေ တုန်ခါမှုရှိပြီး အသံထွက်ပေၞလာတာပါ ။
လမ်းကြောင်းကျဉ်းလေ အသံပိုကျယ်လေပါပဲ ။
အသက်ရှူလမ်းကြောင်းကျဉ်းလာတာနဲ့အမျှ ခန္ဓာကိုယ်က လိုအပ်တဲ့
အောက်ဆီဂျင်ဓာတ်ကို အပြည့် အ၀မရရှိတော့ပါဘူး ။
ဟောက်နေတဲ့သူကိုစောင့်ကြည့်ရင် အသံကတဖြည်းဖြည်းကျယ်လာပြီးနောက်ဆုံးအသံ
ပျောက်သွားပါတယ် ။ လေ၀င်တာရပ်သွားတာပါ ။
ဒီတော့ နိုးသွားပြီး အိပ်နေတဲ့ပုံစံကို ပြင်လိုက်ပါတယ် ( ဥပမာ
စောင်းလိုက်တာ ၊ ခေါင်းလှည့်လိုက်တာ ) ။
ဒီလိုနိုးသွားတာကို ကိုယ်တိုင်သိတဲ့သူရှိသလို ၊ မသိလိုက်တဲ့သူလည်းရှိပါတယ် ။
ဒါကိုဆေးပညာအရ Sleep Apnea လို့ခေၞပါတယ် ။
ဟောက်တက်တဲ့သူတွေဟာ ညဘက်အိပ်ပေမယ့် နေ့အခါ သမ်းဝေတာ ၊ အိပ်ရေမ၀တာ ၊
အလုပ်မှာ အာရုံစူးစိုက်မှုလျော့နည်းတာတွေ ဖြစ်တက်ပါတယ် ။
ဟောက်တက်တဲ့သူတွေမှာ နှလုံးရောဂါ ၊ သွေးတိုးရောဂါ ၊
လေဖြတ်တာတွေဖြစ်ပွားဖို့ အခွင့်အလမ်းပိုများတက်ပါတယ် ။

**ဘယ်လိုကာကွယ်မလဲ**
အိပ်ရင်မဟောက်အောင်လုပ်ဖို့ နည်းလမ်းတွေ ၊ ဆေးမြီးတိုတွေအများကြီး ရှိပါတယ် ။
ဒါပေမယ့် အဆင်ပြေတဲ့သူတွေရှိသလို ၊ အဆင်မပြေတဲ့သူတွေလည်းရှိပါတယ် ။
အဓိကလိုက်နာရမယ့်အချက်တွေကတော့

* ၀နေရင် ၀ိတ်ချပါ ။
* အရက် ၊ အိပ်ဆေးမသောက်ပါနဲ့ ။
* ဆေးလိပ်ဖြတ်ပါ ။
* ဘေးတစောင်းအိပ်ပါ ။

**အခြားနည်းလမ်းတွေကတော့**

* အာခံတွင်းထဲက ကြွက်သားတွေ အားရှိအောင် သီချင်းဆိုပေးတာ ၊
လေမှုတ်တူရိယာတစ်မျိုးမျိုးနဲ့ လေ့ကျင့်တာ
* အိပ်တဲ့အခါ ခံတွင်းထဲမှာ အထောက်အကူ ပစ္စည်းထည့်အိပ်တာ
* ခွဲစိတ်ကုသခံတာ ( uvulopalatopharyngoplasty )
* အသက်ရှုစက်နဲ့ အိပ်တာ ( Continuous positive airway pressure )
တွေပြုလုပ်နိုင်ပါတယ် ။

ပါးစပ်အတွင်းမှာ အထောက်ကူပြုပစ္စည်း တပ်ပြီးအိပ်တဲ့အခါ
အသက်ရှုလမ်းကြောင်းပွင့်နေအောင် အထောက်အကူပြုပေးနိုင်ပါတယ် ။

အိပ်ရင်ဟောက်တက်တာဟာရောဂါတစ်မျိုးတော့မဟုတ်ပါဘူး ။
ဒါပေမယ့်ဟောက်တာကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲပြသနာတွေကဆိုးဝါးပါတယ် ။
အနည်းဆုံး မိမိအခန်းဖော်ရဲ့ ငြိုငြင်တာ ၊ အိမ်ထောင်ဘက်ရဲ့
ကြာရှည်စွာသီးမခံနိုင်မှုတွေ အပြင် မိမိရဲ့ကျန်းမာရေး ၊ လူမှုရေး ၊
လုပ်ငန်းခွင်တွေကိုပါထိခိုက်နိုင်ပါတယ် ။
ဒါကြောင့် အထက်က နည်းလမ်းတွေနဲ့ ကြိုးစားကြည့်လို့အဆင်မပြေဘူးဆိုရင်
သက်ဆိုင်ရာဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်လို့
အကြံပြုတိုက်တွန်းလိုက်ရပါတယ် ။

နှစ်ခြိုက်စွာ အိပ်စက်ခြင်းနဲ့ အားသစ်ပြည့်ဖြိုးနိုင်ကြပါစေRest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */