“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, May 25, 2011

စင်္ကာပူနှင့် လီကွမ်ယူ

http://www.maukkha.org/index.php?option=com_content&view=article&id=1635:2011-05-25-02-39-09&catid=120:2010-10-11-07-37-22&Itemid=374(ပေးပို့ သူ eimmet mahotpar )
လီကွမ်ယူက စင်္ကာပူ ကျွန်းနိုင်ငံလေးရဲ့ ပထမဆုံး ၀န်ကြီးချုပ် အဖြစ် ၁၉၉၀
ခုနှစ်အထိ ၃၁ နှစ် ရာထူး ရယူခဲ့သည်။ နောက်ပိုင်း ၀န်ကြီးချုပ် ရာထူး
မဟုတ်တော့ပေမယ့်လည်း ပုံစံအမျိုးမျိုးနဲ့ ဩဇာအာဏာဆက်ယူထားခဲ့သည်။

၁၉၉၀ ပြီးနောက် သူ့ကို ဆက်ခံတဲ့ ၀န်ကြီးချုပ် ဂိုချောက်တောင် လက်ထက်မှာ
ဝါရင့် ၀န်ကြီး (senior minister) အဖြစ်နဲ့ ကက်ဘိနက်ထဲ ဆက်ပါခဲ့သည်။ ၂၀၀၄
ခုနှစ် သူ့သား ၀န်ကြီးချုပ် လီရှိန်လွန်း ဦးဆောင်တဲ့ အစိုးရအဖွဲ့ထဲ ဂုရု
ဝန်ကြီး (minister mentor) ရာထူး ဖန်တီးပြီး နေခဲ့သည်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အသက် ၈၇ ရှိ လီကွမ်ယူ က ၀န်ကြီးအဖွဲ့ကနေ
လုံးဝ နှုတ်ထွက်ကြောင်း ကြေငြာခဲ့သည်။ အသက် ၆၉ နှစ်ရှိ ဂိုချောက်တောင်
ကလည်း ၀ါရင့် ၀န်ကြီး ရာထူးကနေ နှုတ်ထွက်ကြောင်း ကြေငြာခဲ့သည်။

သို့သော် လီကွမ်ယူ တကယ် နိုင်ငံရေး မြင်ကွင်းကနေ အပြီးအပိုင် အနားယူမယူ
ဆိုတာ အားလုံး အာရုံစိုက်စရာ ဖြစ်လာသည်။ မေ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ
ပါလီမန် အမတ်တစ်နေရာကို ဆက်ရယူထားခဲ့သည်။ ပါလီမန် နောက်ဘက်တန်းကနေ
မိန့်ခွန်းတွေ သူ ဆက်ပြောဖို့ ဖြစ်မည်။ တစ်ဘက်မှာလည်း ဆေးရုံတွေ
ဆက်ဖွင့်ရင်း စာအုပ်တွေ ရေးနေမည်။ လူငယ်တွေရဲ့ ဒီဘိတ်ပွဲတွေမှာ
ထုံးစံအတိုင်း ဩ၀ါဒ ၀င်ချွေမည်။

၁၉၈၈ တုန်းက လီ ပြောခဲ့တဲ့ စကားကလည်း စဉ်းစားစရာ ဖြစ်သည်။ “အိပ်ယာထဲ
လဲနေရင်တောင်၊ သင်္ချိုင်း အုပ်ဂူမှာ လဲလျောင်းနေရင်တောင်၊ စင်္ကာပူမှာ
တစ်ခုခု မှားယွင်းတယ်လို့ ကျုပ်ထင်ရင် ပြန်ထလာမှာပဲ။ ၀န်ကြီးချုပ် အဖြစ်
အစိုးရရာထူးက ထွက်ပြီးတော့ ကျုပ် ထာဝရ အနားယူပြီလို့ တွေးတဲ့ သူတွေဟာ
သူတို့ ဦးခေါင်းကို သူတို့ ပြန်စစ်ဆေးသင့်ပါတယ်” ဟု ဆိုခဲ့သည်။

၁၉၆၅ ခုနှစ် မလေးရှားမှ ခွဲထွက်ပြီးကတည်းက စင်္ကာပူကို စိုးမိုးထားတဲ့
သူ့ပါတီ People’s Action Party (PAP) မှာ အခု အခက်အခဲတွေ ကြုံလာရသည်။
စင်္ကာပူ ရွေးကောက်ပွဲစနစ်က ထိပ်ဆုံးက နိုင်သူ အဏာအကုန်ယူ စနစ်
(the-past-the-post system) ဖြစ်သည်။ ပြီးခဲ့တဲ့ ပါလီမန် ရွေးကောက်ပွဲရဲ့
မဲဆန္ဒနယ် ၈၇ ခုမှာ အတိုက်အခံက ၆ နေရာသာ ရသည်။ သို့သော် PAP ပါတီရဲ့
မဲရာခိုင်နှုန်းက သိသိသာ ပြုတ်ကျသွားခဲ့သည်။ လွန်ခဲ့တဲ့ ဆယ်နှစ်မှာ
ထောက်ခံမှု ၇၅.၃ ရာခိုင်နှုန်း ရာရှိရာကနေ ယခု ၆၀.၁ ရာခိုင်နှုန်းအထိ
ကျဆင်းလာခဲ့သည်။

ရေရှည်အတွက် ပါတီမှာ ပြုပြင်ပြောင်းလဲမှုတွေ လိုလာသည်။ ပြဿနာက လီကွမ်ယူ
ကိုယ်တိုင် ဖြစ်နေသည်။ ‘နိုင်ငံသမိုင်းမှာ ဒါတွေ ဒီလိုဖြစ်ခဲ့တယ်၊ ဒီလို
ထူထောင်ခဲ့ရတယ်၊ ဒါကြောင့် ဒါပဲ လုပ်ရမယ်’ ဆိုတဲ့ လီရဲ့ ဆုံးမဩ၀ါဒချ
လမ်းကြောင်းချတဲ့ ပုံစံတွေက အသက် ၄၀ အောက် လူငယ်တွေအတွက် ဖက်ရှင်
သိပ်မဖြစ်တော့။

ပါတီတွင်းနဲ့ စင်္ကာပူနိုင်ငံသား အများစုအတွက်တော့ မစ္စတာလီ ဟာ
လေးစားကြည်ညိုစရာ ပုဂ္ဂိုလ် အဖြစ် ဆက်ရှိနေမည်။ သို့သော် စင်္ကာပူ
မျိုးဆက်သစ်တို့က ခေတ်သစ်ကို ရွေ့လျားနေသည်။ ပညာတတ် လူငယ်တွေက
မြို့ပြနိုင်ငံ တည်ထောင်သူ ဖခင်ကြီးရဲ့ လောင်းရိပ်အောက်ကနေ
ဖောက်ထွက်နိုင်ကြမလား၊ လီကိုယ်တိုင် တကယ် အနားယူဖို့ ဆုံးဖြတ်ခဲ့ပြီလား
ဆိုတာ မသဲမကွဲ ဖြစ်နေသေးသည်။

သို့သော် အာဏာရ PAP ပါတီမှာတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုနေတာ
ပြီးခဲ့တဲ့ ပါလီမန် ရွေးကောက်ပွဲ ရလဒ်က ဖော်ပြနေသည်။

မောက္ခ နိုင်ငံတကာသတင်းRest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */