“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်
Showing posts with label ဖတ်ရန်. Show all posts
Showing posts with label ဖတ်ရန်. Show all posts

Friday, September 03, 2010

စတင်ဘာလထုတ် ပြည်သူ့သတင်းစဉ် အတွဲ(၆)-အမှတ်(၄)

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, September 01, 2010

ရန်ကုန် စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) ပါ-ချုပ်၏ ယုတ်မာမှု

(ဟိန်းနိုင်-မန်း) | ရန်ကုန် စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) YECO တွင် ၂၉.၇.၂၀၁၀ နေ့ က မိုးရာသီ သစ်ပင်စိုက်ပွဲ ကျင်းပပါသည်။ မိုးသည်းထန်စွာ ရွာသဖြင့် အနည်းငယ်သာ စိုက်ပျိုးဖြစ်ပါသည်။ ၃၀.၇.၂၀၁၀ နေ့ တွင် ပါမောက္ခချုပ်နှင့်ဝန်ထမ်းထုတွေ့ ဆုံပွဲတွင် ယခုတက္ကသိုလ်၏အကြီးဆုံးသော ပါမောက္ခချုပ်သည် ၃၁.၇.၂၀၁၀(စနေနေ့)နှင့် ၁.၈.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် YCEO ရွာသာကြီးနယ်မြေ ဝန်ထမ်းအိမ်ရာတွင်နေထိုင်သော ဝန်ထမ်းအယောက်သုံးဆယ်အား ကျန်ရှိသောသစ်ပင် ၂၀၀၀ အား တစ်အိမ်ထောင်လျှင် အပင်ရှစ်ဆယ်နှုန်းဖြင့် စိုက်ပျိုးရန် မှာကြားခဲ့ပါသည်။

ဝန်ထမ်းအိမ်ရာနေ မိသားစုများထဲတွင် နယ်မြေဌာနမှ အလုပ်သမားမှူး၏ မိသားစုလည်းပါဝင်ခဲ့သည်။၁.၈.၂၀၁၀ (တနင်္ဂနွေ) နေ့  နံနက် ကိုးနာရီ-မိနစ်နှစ်ဆယ်တွင် အလုပ်သမားမှူး၏သားဖြစ်သူ မောင်မောင်(အမည်ရင်းမဟုတ်)........
လယ်ကွင်းထဲတွင်သစ်ပင်စိုက်ပျိုးနေစဉ်မြွေကိုက်ခံခဲ့ရပါသည်။ဦးအောင်(အမည်ရင်းမဟုတ်)၏သား ထိုမြွေကိုက်ခံရသူမောင်မောင်အား ကျန်သောအပင်စိုက်နေသောဝန်ထမ်းများက ထမ်းပိုးကာဆေးရုံသို့ ပို့ ရန် ကျောင်းရှေ့တွင် ကားကြုံရရန် ၁နာရီခန့် စောင့်ရပါသည်။
ပထမကားတစ်စီးသည် လူမဆန်စွာဖြင့် မတင်ခေါ်ဘဲ ထားခဲ့ပါသည်။ဒုတိယကားမှ စေတနာကောင်းစွာဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံကြီးအထိ လိုက်ပို့ ခဲ့ပါသည်။

မောင်မောင်၏မိသားစုတွင်ဆေးကုသရန် ငွေကြေးမပြည့်စုံခြင်း။စီးပွားရေးတက္ကသိုလ်မှ မထောက်ပံ့ခြင်း တို့ ကြောင့် ဆေးရုံတက်ရောက်ခဲ့ပြီး နောက်တစ်ရက်အကြာ- ၂.၈.၂၀၁၀ နံနက် ရှစ်နာရီခွဲတွင် မြွေကိုက်ခံရသူ ကွယ်လွန်ခဲ့ပါသည်။

 ၄.၈.၂၀၁၀ တွင် ရေဝေးသုသာန်တွင် သဂြိုလ်ခဲ့ရာ အခန်းငှားခ+ရေခဲတိုက် ထားခ+အလောင်းသယ်ယူခ+မီးသဂြိုလ်ခ =ကျပ်ငွေခြောက်သောင်းကုန်ကျပါသည်။ ထိုကလေး၏အသုဘတွင် ရေဝေးသွားရန် YECO မှ ကားတစ်စီးသာ ပေးပါသည်။မလုံလောက်သဖြင့်ပြင်ပမှ ကားတစ်စီးလျှင် တစ်သောင်းခွဲကျပ်ဖြင့် ကားသုံးစီးထပ်မံငှားရမ်းရသဖြင့် လေးသောင်းခွဲ ကုန်ကျပါသည်။

၅.၈.၂၀၁၀ တွင် YECO ပါမောက္ခချုပ် ဒေါက်တာ............က မောင်.........အတွက် အသုဘကူငွေများကို သင်ကြားရေးနှင့်စီမံဌာန အရာရှိများကို ကောက်ခံခိုင်းကာ ရငွေများကို သူ့ ထံ လာအပ်ရန်ပြောကြားခဲ့ပါသည်။ ထိုကလေးအတွက် ကူငွေသည် နှစ်သိန်းခွဲတိတိရရှိပါသည်။ ထိုငွေထဲမှ တက္ကသိုလ်မှ စိုက်ထားငွေ တစ်သိန်းငါးထောင်ကျပ်ကို နှုတ်ယူခဲ့ပါသည်။ ကျန်ငွေတစ်သိန်းလေးသောင်းငါးထောင်ကျပ်ထဲမှ ရက်လည်ပြုလုပ်ရန်အတွက် အလုပ်သမားမှူးဦး........၏မိသားစုထံသို့  ငါးသောင်းကျပ်တိတိသာ ပေးပါသည်။ ကျန်ငွေကို ထိုပါမောက္ခချုပ်မှ ယူထားပါသည်။(ဘာလုပ်ဖို့ လဲမသိပါ။)

YECO ရွာသာကြီးတွင် မိုးရာသီသစ်ပင်စိုက်ပွဲပြုလုပ်ရာတွင် သားတစ်ယောက်ဆုံးရှုံးခဲ့သော ထိုငွေကြေးမပြည့်စုံသည့် အလုပ်သမားမှူးဦး........မိသားစုသည် အသုဘ ကူငွေမှလည်း ဖြတ်တောက်ခံရသည့်အတွက် ဒုက္ခပင်လယ်ဝေနေကြပါသည်။ ငိုကြွေးရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ပါ။ နစ်နာကြေး-ထောက်ပံ့ကြေး မရရှိသည့်အပြင်... အသုဘကူငွေမှ ဖြတ်တောက်ခံရပါသည်။ထို YECO ၏ ပါမောက္ခချုပ်က အသုဘရှင် ဦး...အား-- ကျောင်းကနေ ဘာမှမျှော်လင့်မနေနဲ့ ။အရာရှိတွေ ကျောင်းမှာ ဝါဆိုသင်္ကန်းကပ်မယ်။အသုဘလိုက်ပို့ စရာ မလိုဘူး..ဟု ပင် အမိန့် ထုတ်ပြန်ခဲ့ပါသေးသည်။ ထို YECO ၏ ပါမောက္ခချုပ် ယုတ်မာမှုကို လူထုသိရှိရန်အတွက် Forward မေးလ်ဖြင့် ပေးပို့ပါသည်။

(ဟိန်းနိုင်-မန္တလေး)

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, August 25, 2010

ကြံ့/ဖွံ့ပါတီ အနိုင်ရမယ်ပဲ ပြောလိုက်ပါတော့ (ကြံ့/ဖွံ့ပါတီ လာချေပြီ)

kyantphutparty

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, August 14, 2010

တပ်မတော်သာ အမိ ၊ တပ်မတော်သာ အဖ = NO ပြည်သူသာ အမိ ပြည်သူသာ အဖ = YES



ပြည်သူသာ အမိ ပြည်သူသာ အဖ = YES

ကျနော်များ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့မှ တပ်မတော်သာ အမိ ၊ တပ်မတော်သာ အဖ = NO ၊ပြည်သူသာ အမိ ပြည်သူသာ အဖ = YES ဆိုတဲ့ ခေါင်းစဉ်ပါ စာရွက်ရေ ၉ ရွက် အား စာအိတ်များတွင်ထည့်ကာ ကမာရွတ်မြို့နယ် လှည်းတန်း စာတိုက်နှင့် ကြည့်မြင့်တိုင် ဗားကရာလမ်း စာတိုက်၊ လမ်းမတော် မြို့နယ် လမ်းမတော်လမ်း စာတိုက် တို့မှ တဆင့် ရေတပ်ဌာနချုပ်(သန်လျှင်) အပါအဝင် တပ်ရင်း/တပ်ဖွဲ့များသို့ လိပ်စာ(၃၅) ခု သို့ ပေးပို့ခဲ့ပြီး လှည်းတန်း လမ်း ၊ လှည်းတန်းဈေးနှင့် ကြည့်မြင့်တိုင် ညဈေးတို့တွင် လက်ကမ်းစာစောင်များ လိုက်လံဝေငှခဲ့ပြီး တက္ကသိုလ်၇ိပ်သာ လမ်း အတွင်း လမ်းဘေး သစ်ပင်များတွင် လိုက်လံ ကပ်ခဲ့ကြပါတယ်။စာအိတ်ရေ ( ၃၅ ) အိတ် နှင့် စာရွက်ရေ ၁၀၀ ခန့်အား လိုက်လံ ကပ်ခဲ့ကြပါတယ်။

မိမိတို့ အဖွဲ့မှ လုပ်သင့်လုပ်ထိုက်သည်များကို ပြုလုပ်ခြင်းသာ ဖြစ်ပြီး မည်သည့်အဖွဲ့အစည်း ၊ မည်သူတဦး တယောက်ရဲ့ လွှမ်းမိုးမှု့မှ မပါပဲ လွတ်လပ်စွာ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်သောကြောင့် စစ်အာဏာရှင် တစု ဘားတိုက်သို့ မလွှဲမသွေ ပြန်ရမည်မှာ အသေချာဟု ယုံကြည်စွာဖြင့်

မည်သည့် စစ်အာဏာရှင်မှာ လူထုကို မအုပ်ချုပ်စေရ။
လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံးမြေသြဇာ အဖွဲ့

www.thebestmanure.org
tbmwaipl@gmail.com
tbmstk1@gmail.com
myayallzar@gmail.com

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, June 05, 2010

ဗိုလ်ချုပ်အောင်ဆန်း၏ စီးပွါးရေးအမြင် စာအုပ်သစ် အညွန်း

ဗိုလ်ချုပ်
စာအုပ်အညွှန်း ပို့ပေးသူများအား ကျေးဇူးတင်ရှိပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, May 04, 2010

မလေးရှားရှိ UNHCR မြန်မာလူမျိုး အချင်းအချင်းကို သွေးခွဲနေ


“ Everyone that needs to be protected, should be protected. ” “ ကာကွယ်စောင့်ရှောက်မှုခံ ယူဖို့ လိုအပ်တဲ့ လူသားတိုင်းကို ကာကွယ်စောင့်ရှောက်မှုပေးရလိမ့်မယ် ” လို့ လက်ရှိ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာမင်းကြီး ( UNHCR ) ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အန်တိုနီယိုဂူတား ( Antonio Guterres ) က ပြောခဲ့ပါတယ်။

အင်မတန်ကောင်းမွန်တဲ့၊ မွန်မြတ်တဲ့ UNHCR အဖွဲ့ကြီး၏ ခေါင်းဆောင်ကြီးတစ်ဦး၏ လူသားဆန်သော အတွေးအခေါ်နှင့်ခံယူချက်ဖြစ်ပါတယ်။ UNHCR မဟာမင်းကြီးကဲ့သို့ ကျန်သော အရာရှိ၊ အရာထမ်း၊ ၀န်ထမ်း အားလုံးလည်း တွေးခေါ်ခံစားပြီး လက်တွေ့ကျင့်ကြံပြီး လူသားအကျိုးကို ဆောင်ရွက်ကြလျှင် အလွန်ပင် ကောင်းမွန်မည်ဖြစ်ပါသည်။

မလေးရှားနိုင်ငံရှိ UNHCR ၏ အချို့သော တာဝန်ရှိသူများ၊ အရာရှိများနှင့်ဝန်ထမ်းများတွင် မတရား သော လုပ်ရပ်များ၊ ယုတ္တိမတန်သော အတွေးအခေါ်နှင့်အမြင်များကို တွေ့နေရပါသည်။ မလေးရှားနိုင်ငံရှိ UNHCR ရုံးမှ အရာရှိတစ်ချို့တို့သည် မြန်မာနိုင်ငံရေးသမိုင်းနှင့်ပဋိပက္ခသဘောတရားများ၊ နိုင်ငံရေးပထ၀ီသ မိုင်းကြောင်းနှင့်လူမှုဘ၀များကို ကောင်းကောင်းသဘောပေါက်နားလည်ခြင်းမရှိကြောင်း တွေ့ရပါသည်။ သူတို့ သည် ဗမာနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဗမာလူမျိုး၊ ဗမာစစ်တပ်တို့ကြားရှိ ကွဲပြားမှုနှင့် အသုံးအနှုန်းတို့တွင် ရှုပ်ထွေးပြီး ကောင်းစွာသဘောပေါက်ခြင်းမရှိကြောင်း တွေ့ရပါသည်။
ထို့ကြောင့်သာ တစ်ချို့သော UNHCR အရာရှိများက ဗမာများအနေနဲ့ အချိန်မရွေးပြန်လို့ရနိုင်ကြောင်း အဘယ်ကြောင့်ဆိုသော် အစိုးရက ဗမာဖြစ်သည့်အတွက် ဗမာများကို မနှိပ်စက်ဘူးဟု အင်တာဗျူးများတွင် ပြောဆိုကြောင်းကို ကိုယ်တွေ့ကြုံခဲ့သူများက လာရောက်ပြောကြားကြသည်။

ထို့ပြင် တိုင်းရင်းသားလူနည်းစုများကို ဗမာများက နှိပ်စက်သောကြောင့် တိုင်းရင်းသားလူနည်းစုများကို ပိုမိုစောင့်ရှောက်ပေးသင့်သည်ဟု ယူဆနေကြပါတယ်။ ယင်းသို့ တွေးမြင်နေခြင်းသည် UNHCR အရှာရှိတစ်ချို့ ၏ ခွဲခြားဆက်ဆံမှု ( Discrimination ) ပြစ်မှုနှင့်မတရားသောဆုံဖြတ်ချက်ဖြစ်ပါသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းအပိုဒ် ၁၄(က)ပါ
“ မတရားအပြစ်ပေးခံရ တော့မည်ဆိုပါက လူသားတိုင်းသည် တခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံနိုင်သည် ”
ဟူသော အချက်ကို လည်း ချိုးဖောက်ရာကြပါသည်။

ယခုမြန်မာနိုင်ငံတွင် အာဏာသိမ်းထားသူများမှာ စစ်အာဏာရှင်များဖြစ်တယ်ဆိုတာ UN အပါအ၀င် တကမ္ဘာလုံးအသိဖြစ်ပါတယ်။ စစ်အာဏာရှင်များ၏ စရိုက်လက္ခဏာအရ သူတို့ဟာ ဘာသာလဲမရှိပါ၊ လူမျိုးလဲ မရှိပါ၊ သူတို့အတွက် အာဏာတည်မြဲရေးသာလျှင် အဓိကပါ။ စစ်အာဏာရှင်တို့၏ လူ့အခွင့်အရေးချိုးဖောက်မှု များကိုလည်း UN အပါအ၀င် ကမ္ဘာ့အသိုင်းအ၀ိုင်းက ရှုံ့ချပြစ်တင်ထောက်ပြနေသည်မှာလည်း နှစ်ပေါင်းအ တော်ကြာပြီဖြစ်ပါသည်။

မလေးရှား UNHCR မှ အရာရှိအချို့ထင်သလို မြန်မာနိုင်ငံတွင် ဗမာများက အများစုဖြစ်ပြီး အာဏာရှင် များက ဗမာများကို မနှိပ်စက်ဘူးဆိုသော ထင်မြင်ချက်သည် အလွန်ပင် လက်တွေ့နှင့်ကင်းကွာနေပါသည်။ အနီးစပ်ဆုံးပြရလျှင် စစ်အာဏာရှင်တို့သည် ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှုကြီးကို ကျူးလွန်ခဲ့သည်။ ၂၀၀၇ တွင် လည်း ငြိမ်းချမ်းစွာမေတ္တာပို့ဆုတောင်းနေသော ရဟန်းသံဃာများအပါအ၀င် ကျောင်းသားနှင့်လူထုကို ရက်ရက် စက်စက်ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထို့ပြင် ၂၀၀၇ စက်တင်ဘာလတွင်ပင် မြန်မာနိုင်ငံရှိ ဒေသအသီးသီးမှ ဗုဒ္ဓ ဘာသာဘုန်းတော်ကြီးကျောင်းများကို စီးနင်းဝင်ရောက်ပြီး အကြမ်းဖက်ရိုက်နှက်၊ ဖမ်းဆီး၊ ထောင်ချခဲ့သည်။ ဗုဒ္ဓရုပ်ပွားဆင်းတုတောင်များကိုလည်း ခေါင်းဖြတ်ပြီး ဖျက်ဆီးခဲ့ပါသည်။

အခြားထင်ရှားတဲ့ စစ်အာဏာရှင်များရဲ့ စရိုက်ကတော့ ၂၀၀၈ မေလမှာ ဖြစ်ခဲ့တဲ့ နာဂစ် ( Nargis ) ဆိုင်ကလုန်းကာလတုန်းကပါဘဲ။ လူသိန်းနဲ့ချီသေကြေပြီး အိုးအိမ်ပေါင်းထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါသည်။ ဒါပေမယ့် ပြည်သူအကျိုးကိုမကြည့်၊ ပြည်သူကို စာနာသနားမှုမရှိသော စစ်အာဏာရှင်များဟာ နိုင်ငံတကာ အကူအညီတွေကို နည်းအမျိုးမျိုးဖြင့် တားမြစ်ပိတ်ပင်ကန့်သတ်ခဲ့ကြပါသည်။ ယခုလို လူ့အခွင့်အရေးအပါအ၀င် စစ်ရာဇ၀တ်မှုအမျိုးမျိုးကို ကျူးလွန်နေကြသည်ကို ကုလသမဂ္ဂအပါအ၀င် ကမ္ဘာ့အသိုင်းအ၀ိုင်းက အမြဲကြားသိ နေကြပါသည်။

မြန်မာ့နိုင်ငံရေး ဘယ်လောက်အရေးပါတယ်၊ မြန်မာ့ပြည်တွင်းရေးဘယ်လောက်ရှုပ်ထွေးတယ်၊ မြန်မာ စစ်အာဏာရှင်းတွေ ဘယ်လောက် ရက်စက်ယုတ်မာတယ်ဆိုတာ UN အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အပါအ၀င် လုံခြုံးရေးဝန်ထမ်းအထိ အားလုံးအသိပင်ဖြစ်ပါသည်။ ယခုလို စစ်အာဏာရှင်များ၏ စစ်ဖိနပ်အောက်၊ ယမ်းငွေ့မပြယ်တဲ့ သေနတ်ပြောင်းအောက် ခက်ခက်ခဲခဲနေထိုင်ရသော မြန်မာနိုင်ငံသားအား လုံးကို စာနာနားလည်မှုမပေးနိုင်သော မလေးရှား UNHCR အရာရှိတစ်ချို့အတွက် ၀မ်းနည်းမိပါသည်။ သူတို့၏ လုပ်ရပ်သည် UNHCR ၏ ဂုဏ်သိက္ခာနှင့်ကမ္ဘာ့ပြည်သူတို့၏ ယုံကြည်အားကိုးမှုကိုပါ ထိခိုက်စေသည်ကို သတိ မူသင့်ပါသည်။

UNHCR က ဒုက္ခသည်ဆိုသည်မှာ လူမျိုးရေး ( Race )၊ ဘာသာရေး ( Religion )၊ နိုင်ငံသားပြစ်မှု ( Nationality )၊ နိုင်ငံရေးယုံကြည်ချက် ( Political Opinion ) နှင့် လူမှုရေးအဖွဲ့တစ်ဖွဲ့ဖွဲ့သို့ ၀င်ရောက်ခြင်းတို့ ကြောင့် မတရားညှင်းပန်းနှိပ်စက်အပြစ်ပေးခံရမည်ကို ကြောက်ရွံ့ရန် ခိုင်လုံသော အကြောင်းအချက်အလက်ရှိ သူ၊ ထိုသို့ကြောက်ရွံ့မှုကို အကြောင်းပြု၍ မိမိတို့နိုင်ငံအစိုးရ၏ ကာကွယ်စောင့်ရှောက်မှုကို မခံယူနိုင်သောသူ များဟု အဓိပ္ပါယ်ဖွင့်ထားသည်။

UNHCR အပါအ၀င် ကမ္ဘာ့အဖွဲ့အစည်းကြီးများ၊ NGO များအပါအ၀င်လူမှုရေးအဖွဲ့များ၏ လုပ်ဆောင် ချက်များ၊ ရည်ရွယ်ချက်များသည် အလွန်ဘဲ လေးစားအားကျဖွယ်ဖြစ်ပါသည်။ ဒါပေမယ့် အမြင်ကျဉ်းမြောင်းပြီး စာနာနားလည်မှုခေါင်းပါးသော UNHCR အရာရှိတစ်ချို့တို့ကြောင့် စစ်အာဏာရှင်များ၏ သားကောင်များဖြစ်ကြ ရသော မြန်မာနိုင်ငံသားအများစုမှာ အားကိုးရာမဲ့ဖြစ်နေကြရပါသည်။

မလေးရှား UNHCR အရာရှိတစ်ချို့နှင့်မသမာသောလူတစ်ချို့ကြောင့် ယခုအခါ မလေးရှားနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံကြသူများ၊ ဒုက္ခသည်များကြားတွင် မြန်မာနိုင်ငံသားအချင်းချင်းခွဲခြားဆက်ဆံမှုများ၊ အမြင်မ ရှင်းမှုများဖြစ်နေကြရပါသည်။ တစ်ချို့ဆိုလျှင် စစ်အာဏာရှင်များ၏ သားကောင်ဖြစ်ကြရရုံမက ကြင်နာနား လည်မှုကင်းသော UNHCR အရာရှိတို့၏ သားကောင်းဘ၀ဖြစ်ကြရပြီး ဘ၀ပျက်ရသူများလည်း ရှိကြပါသည်။

UNHCR အရာရှိတစ်ချို့၏ မတရားသော လုပ်ရပ်များနှင့်ယုတ္တိမတန်သော တုန့်ပြန်ချက်များနှင့်ပတ် သက်၍ တင်ပြတိုင်ကြားသောအခါ၌လည်း “ ပြီးခဲ့တဲ့တစ်နှစ်ကအကြောင်းတွေပြန်မပြောပါနဲ့၊ ပြီးခဲ့တဲ့ ၂ ပတ်က အကြောင်းလဲပြန်မပြောပါနဲ့ ငါတို့အနေနဲ့ ဒီနှစ်မှာ အစီအစဉ်တစ်မျိုးနဲ့ အဖွဲ့အားလုံးကို မျှမျှတတဖြစ်အောင် လုပ် ပေးမယ် ” လို့ပြောပြီး နှစ်သိမ့်ပါသည်။ ဒါပေမယ့် အပြောနဲ့အလုပ်တခြားစီဖြစ်နေတာကို ကြုံနေရပါသည်။ အထူးသဖြင့် မြန်မာအဖွဲ့တွေ ကြုံနေရတာ နှစ်အတော်ကြပြီဖြစ်ပါသည်။

UNHCR မလေးရှားဝက်ဆိုက်ဒ်အရ ၂၀၀၉ အထိ မလေးရှားနိုင်ငံတွင် ဒုက္ခသည် ( Refugee ) နှင့် ခို လှုံခွင့်လျှောက်ထားသူ ( Asylum-seekers ) ပေါင်း ၉၀၀၀၀ ကျော်ကို စာရင်းလက်ခံပြီး ဖြစ်သည်။ ထိုထဲမှ ၉၀ ရာခိုင်နှုန်းကျော်သည် မြန်မာပြည်မှဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

မလေးရှားနိုင်ငံသည် ၁၉၅၁ ကုလသမဂ္ဂ၏ဒုက္ခသည်များဆိုင်ရာသဘောတူစာချက်ကိုလက်ခံထားခြင်း မရှိသော နိုင်ငံ ၄၄ နိုင်ငံတွင်ပါဝင်သည်။ ထို့ပြင် မလေးရှားနိုင်ငံတွင် UNHCR ၏ ဒုက္ခသည်လက်မှတ်ရထားသူ များ၊ ခိုလှုံခွင့်လျှောက်ထားသူများနှင့်နိုင်ငံမဲ့များအားလုံးကို တရားမ၀င်ကူးပြောင်းလာသူများ ( Irregular Migrants ) များအဖြစ် သတ်မှတ်ကာ ဖမ်းဆီးထောင်ချလေ့ရှိသည်။ မလေးရှားနိုင်ငံသည် တရားမ၀င်အလုပ်သ မားများကို အပြစ်ပေးရာတွင် ငွေဒဏ်၊ ထောင်ဒဏ် နှင့် ကြိမ်ဒဏ် ( Whipping ) များလည်းရှိသည်။

ယခုကဲ့သို့ အခြေအနေဆိုးကြီးထဲတွင် ပုံစံအမျိုးမျိုးဖြင့် တိုင်းပြည်မှာ မနေရဲဘဲ ထွက်ပြေးတိမ်းရှောင် လာကြရတဲ့ ဒုက္ခသည်ဖြစ်ထိုက်သူများမှာ ခိုလှုံခွင့်ရဖို့၊ ဒုက္ခသည်များခံစားထိုက်သော အခွင့်အရေးများရဖို့ နေ နေသာသာ စာရင်းပေးသွင်းခြင်း ( Registration ) တောင်လုပ်ခွင့်မရကြပါဘူး။ အထူးသဖြင့် ဗမာလူမျိုးများဖြစ် ကြပါသည်။ UNHCR မှ အသိအမှတ်ပြုပြီးထားသော ဒုက္ခသည်စာရင်းကိုကြည့်လျှင် ပိုပိုပြီး သိသာပါသည်။

၂၀၁၀ ဧပြီလ ၇ ရက်ထွက် မလေးရှားနိုင်ငံထုတ် The Star သတင်းစာကြီးအရ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှလာရောက်သူခိုလှုံသူပေါင်း ၇၆၂၀၀ ရှိသည်။ ချင်းလူမျိုး ၃၇၆၀၀၊ ရိုဟင်ဂျာ ၁၈၂၀၀၊ မြန်မာမွတ်စ လင် ၅၁၀၀၊ မွန်လူမျိုး ၃၅၀၀၊ ကချင် ၃၂၀၀ နှင့် ဗမာအပါအ၀င်အခြားလူမျိုးများနေထိုင်ကြသည်ဟု ဆိုထားပါ သည်။

ချင်းဒုက္ခသည်များမဟာမိတ်အဖွဲ့ ( The Alliance of Chin Refugees ( ACR ) ၏ ဖော်ပြချက်အရ မလေးရှားနိုင်ငံတွင် ချင်းလူမျိုး ၂၀၀၀၀ နီးပါးလောက်ဟာ UNHCR မှဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီးဖြစ် သည်။ မွန်ဒုက္ခသည်အစည်းအရုံး ( Mon Refugee Organization ( MRO ) ကလည်း မွန်လူမျိုး ၃၀၀၀ နီးပါး ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းခံရပြီးဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အဲ့ဒီအချက်အလက်များကို လေ့လာသုံးသပ်ခြင်းအားဖြင့် မလေးရှားနိုင်ငံရှိ UNHCR ၏ ခွဲခြားဆက်ဆံ ခြင်းနှင့်တရားမျှတမှုမရှိသောလုပ်ငန်းစဉ်များကို သိနိုင်ပါသည်။ UNHCR ၏ ဦးစားပေးလုပ်ဆောင်ချက်များတွင် အချိန်သင့်စာရင်းသွင်းခြင်း ( Timely Registration ) နှင့် တရားမျှတသောလုပ်ငန်းစဉ်ဖြစ်ရမည်ဟု အများမြင် သာအောင်ဖော်ပြကြေငြာထားသော်လည်း အပြောနှင့်အလုပ်မှာ များစွာခြားနားနေပါသည်။ UNHCR ၏ ကြီးမား သော ဂုဏ်သိက္ခာကိုလေးစားသော ဒုက္ခသည်များမှာ UNHCR ၏ ဂုဏ်သိက္ခာကို ခုတုံးလုပ်ပြီး အခွင့်အာဏာ နှင့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုနေသော UNHCR အရာရှိတစ်ချို့နှင့်မသမာသောလူတစ်ချို့တို့၏ အနိုင်ကျင့်မှု နှင့်ခွဲခြားဆက်ဆံမှုကို ကြိတ်မှိတ်ခံစားနေရသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။

သူတို့၏ မတရားသောလုပ်ရပ်များကြောင့် အဖမ်းမဆီးခံရပြီး ထောင်ကျရသူများ၊ ကြိမ်ဒဏ်အပေးခံရ သူများ၊ ဘ၀ပျက်သူများ အများအပြားရှိနေကြသည်။ တစ်ချို့ဆိုလျှင် ရိုးသားသောဘ၀ပျက်ကာ မကောင်း သော အသက်မမွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်နေကြရသည်။ ထို့ကြောင့် UNHCR မဟာမင်းကြီး အန်တိုနီယို ဂူတား ပြောတဲ့ “ အစားအစာတွေရှားပါးလာတဲ့အခါ ဒုက္ခသည်တွေဟာ ဒေသတွင်းအကြမ်းဖက် ခြင်း၊ တရားမ၀င်အလုပ်လုပ်ခြင်း ( သို့ ) ပြည့်တန်ဆာအဖြစ်လုပ်ကိုင်ခြင်းတို့အတွက် အထူးစိုးရိမ်ရပါတယ်။ ဒါ ကြောင့် သူတို့ရဲ့စားပွဲပေါ်ကို အစားအစာအလုံအလောက်တင်ပေးထားရမယ် ” ဆိုတဲ့ မိန့်ခွန်းကို မလေးရှား UNHCR မှ အရာရှိတစ်ချို့ သဘောပေါက်ဖို့ကောင်းပါသည်။ ယခုဆိုရင် ဗမာလူမျိုးအများစုမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရဖို့ဝေးစွ UNHCR မှာ တရားဝင် စာရင်းသွင်းခွင့်တောင်မရကြပါဘူး။

ကမ္ဘာ့ UNHCR မှ လျှို့ဝှက်စွာ ခက်ခက်ခဲခဲနေထိုင်နေရသော ဒုက္ခသည်များအတွက် အဆင်ပြေလုံခြုံ စေရန် စီမံပေးသော Mobile Registration စနစ်ကို မလေးရှားနိုင်ငံတွင် ကျင့်သုံးချိန်မှာလည်း မြန်မာအဖွဲ့အ စည်းများကို ချန်ထားသည့်အပြင် လာရောက်လျှောက်ထားသော ဗမာလူမျိုးများကိုလည်း သင်တို့နဲ့ မဆိုင်ဘူး၊ ဗမာလူမျိုးဆို လက်မခံဘူးပြောပြီး နှင်လွှတ်ခဲ့ပါသည်။ အင်မတန်အောက်တန်းကျသော စိတ်သဘောထား ဖြစ် ပါသည်။ UNHCR လို အဖွဲ့ကြီးမှာ ယခုကဲ့သို့ အမြင်ကျဉ်းမြောင်းပြီး စိတ်သဘောထားသေးသိမ်သော အရာရှိ များရှိနေသည်မှာ အလွန်ဝမ်းနည်းဖွယ်ဖြစ်ပြီး UNHCR ၏ ဂုဏ်သိက္ခာကိုလည်း အလွန်ထိခိုက်ပါသည်။

တစ်ခြား UNHCR ၏ ဂုဏ်သိက္ခာကိုထိခိုက်ကျဆင်းစေသောအကြောင်းများလည်းရှိပါသည်။ ကမ္ဘာ့ UNHCR ၏ စည်းမျဉ်းစည်းကမ်းများအရ ဒုက္ခသည်အဖြစ် လျှောက်ထားလိုသူသည် UNHCR အသိအမှတ်ပြု ထားသော NGO အဖွဲ့အစည်းများမှတစ်ဆင့် လျှောက်ထားခွင့်ပြုထားသည်။ ထို့ကြောင့် မလေးရှားနိုင်ငံတွင် ချင်းအဖွဲ့အစည်းများ၊ မွန်၊ ရှမ်း၊ ရခိုင်၊ ဗမာ စသောဒုက္ခသည်များအရေးကို ကူညီဆောင်ရွက်ပေးနေသော တိုင်း ရင်းသားအဖွဲ့အစည်းများရှိလာကြသည်။ သို့သော် UNHCR ၏ အရာရှိတစ်ချို့ကြောင့် မြန်မာနိုင်ငံသားတိုင်းရင်း သားများကြား၊ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများနှင့်ဗမာလူမျိုးများကြား အမြင်မကြည်လင်မှုနှင့်ပြဿနာဖြစ် လာနိုင်ပါသည်။ စစ်ဖိနပ်အောက်နှိပ်ကွပ်ခံရတာချင်းအတူတူ ကမ္ဘာကပေးသော အခွင့်အရေးနှင့်ကူညီစောင့် ရှောက်မှုခံရမှုတွင် ကွဲပြားခြားနားသောကြောင့်ဖြစ်သည်။ ထို့ပြင် UNHCR နှင့် ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေး နေသော NGO များမှတစ်ဆင့် ဒုက္ခသည်အဖြစ်လျှောက်ထားရမည်ဟု မလေးရှားနိုင်ငံရှိ UNHCR မှ သတ်မှတ် ပေးထားသောကြောင့် မိမိတို့နှင့်သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများတွင် စာရင်း ပေးပြီး UNHCR ၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြရသည်။

သို့သော် UNHCR အရာရှိတစ်ချို့၏ စနစ်မကျသော၊ တရားမျှတမှုမရှိသောကြောင့် UNHCR အသိအ မှတ်ပြုထားသော အဖွဲ့အစည်းများအတွင်း မညီမျှမှုများ ဖြစ်ပေါ်နေပါသည်။ ဗမာဒုက္ခသည်များအစည်းအရုံး ( ဘီအာအို ) အပါအ၀င် အခြားမြန်မာဒုက္ခသည်အဖွဲ့အစည်းများမှာ UNHCR နှစ်စဉ်ပေးသောခွဲတမ်းတွင် မပါဝင် သည်မှာ နှစ်အတော်ကြာပြီဖြစ်ပါသည်။ တစ်ခြားသော တိုင်းရင်းသားအဖွဲ့တစ်ချို့မှာ ထပ်တလဲလဲ လျှောက် ထားခွင့်ရနေပါသည်။ ဤသို့သော လုပ်ရပ်နှင့်စနစ်မှာ အလွန်မတရားတဲ့အပြင် ကမ္ဘာပြည်သူများကပေးအပ် ထားသော အခွင့်အာဏာကို အလွဲသုံးစားပြုရာရောက်နေပါသည်။ ထို့ပြင် UNHCR ကို ယုံကြည်ကိုးစားပြီး ပူး ပေါင်းကူညီဆောင်ရွက်ပေးနေသော ဗမာအဖွဲ့အစည်းများအပေါ်၌လည်း UNHCR ယင်းသို့သော အရာရှိတစ်ချို့ ၏လုပ်ရပ်များကြောင့် အဖွဲ့ဝင်များမှ အထင်လွဲခြင်း၊ အထင်သေးခြင်းများဖြစ်စေပါသည်။ ဒါကြောင့် UNHCR အပါအ၀င် ဗမာအဖွဲ့အစည်းဦးဆောင်သူအပါအ၀င် စေတနာသန့်သန့်ဖြင့် ကိုယ်ကျိုးစွန့်လုပ်ကိုင်ကူညီဆောင် ရွက်ပေးနေသောသူများ၏ ဂုဏ်သိက္ခာထိခိုက်ကျဆင်းနေရပါသည်။

UNHCR အရာရှိများအနေနဲ့သိသင့်တာကတော့ မလေးရှားနိုင်ငံရှိ တိုင်းရင်းသားဒုက္ခသည်အဖွဲ့အစည်း တစ်ချို့သည် သူတို့ တိုင်းရင်းသားလူမျိုးဖြစ်ပေမယ့် သူတို့ဒေသစကားမပြောတတ်လျှင်သော်လည်းကောင်း၊ တခြားလူမျိုးတစ်ဦးဦးနှင့် အိမ်ထောင်ကျသွားသော အမျိုးသား၊ အမျိုးသမီးများကို သူတို့အဖွဲ့ဝင်အဖြစ် ၀င်ခွင့် မပြုပေ။ ယင်းအချက်ကို သူတို့အဖွဲ့၏စည်းမျဉ်း၊ စည်းကမ်းများကို ကြည့်ရှုလေ့လာခြင်းဖြင့် သိနိုင်ပါသည်။

မြန်မာနိုင်ငံသားအားလုံးကို ကူညီဆောင်ရွက်ပေးနေသော ဗမာဒုက္ခသည်များအစည်းအရုံး(ဘီအာအို) တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသားများမှာ ချင်း၊ ကရင်၊ မွန်၊ ရခိုင်၊ ထားဝယ်၊ ရှမ်း လူမျိုး အများစုဖြစ်ပါသည်။ ယခုလို တမြေတည်းနေ၊ တရေတည်းသောက်နေနိုင်ခဲ့ကြသော ဗမာလူမျိုးအပါအ၀င် မြန်မာနိုင်ငံသားတိုင်းရင်းသားအပေါင်းတို့မှာ မလေး UNHCR အရာရှိတစ်ချို့၏ ညံ့ဖျင်းသော၊ စနစ်မကျသော၊ မတရားသော လုပ်ထုံးလုပ်နည်း၊ အခွင့်အာဏာအလွဲသုံးစားမှု နှင့် အနိုင်ကျင့်မှုများကြောင့် အချင်းချင်း စိတ် ၀မ်းကွဲကြမလိုဖြစ်ကြရသည်။

စစ်ဖိနပ်အောက် ဖိနှိပ်သတ်ဖြတ်ခြင်းအတူတူခံနေရသော ဘ၀တူလူမျိုးအချင်းချင်း ယခုလိုခွဲခြားဆက် ဆံနေခြင်းကို အမြန်ဆုံးဖြေရှင်းသင့်ပါပြီ။ ယခုအခါ ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဘာသာ၊ ကာ လာမခွဲခြားရေး နှင့် လူသားအားလုံး အတူတူညီတူညီမျှ လူဂုဏ်သိက္ခာကို ခံစား၊ စံစားခွင့်ရှိအောင် ကြိုးပမ်းနေ ချိန်တွင် အကြင်နာတရားမဲ့သော UNHCR အရာရှိတစ်ချို့ကြောင့် မထိခိုက်စေလိုပါ၊ မနစ်နာစေလိုတော့ပါ။

ကျွန်တော့်အနေနဲ့ ယခုလို မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားဒုက္ခသည်များနှင့်ပတ်သတ်ပြီး မလေးရှား UNHCR အရာရှိတစ်ချို့၏ မတရားသော၊ မူမမှန်သော အကြောင်းအချက်များကို ဖော်ပြရခြင်းမှာ မြန်မာလူမျိုး များအပါအ၀င် ကမ္ဘာကပါ အဖြစ်မှန်၊ ပြဿနာအမှန်ကို သိစေလို၍ ဖြစ်ပါသည်။

ပြည်တွင်းတွင်လည်း စစ်အာဏာရှင်များ၏ ဖိနှိပ်ညှင်းပန်းမှုကိုခံရသည့်အပြင်၊ ယခုပြည်ပမှာပါ ခွဲခြား ဆက်ဆံမှုကို ခံနေရသောဒုက္ခသည်များ၏ ဘ၀သည် အသက်ရှင်လျှက် ဘ၀သေနေသလိုပင်ဖြစ်သည်။ လူ သားစစ်စစ်ဖြစ်သောကြောင့် လူသားတိုင်းခံစားထိုက်သော လူ့အခွင့်အရေးကို ခံစားခွင့်ပြုရမည်၊ ခံစားခွင့်ရှိရ မည်။

ကျွန်တော့်တင်ပြချက်များအတွက် အပြည့်အ၀တာဝန်ယူပါသည်။ ကျွန်တော်ဟာ လူစွမ်းကောင်းမ ဟုတ်သလို၊ သူရဲကောင်းလည်းမဟုတ်ပါ။ သို့သော် မတရားမှုကိုတော့ လက်မခံနိုင်သူဖြစ်ပါသည်။ ယခုကဲ့သို့ မလေး UNHCR အရာရှိတစ်ချို့၏ တရားမျှတမှုမရှိသောလုပ်ရပ်များကို သိရှိနားလည်သဘောပေါက်သူများစွာ ရှိကြောင်း ယုံကြည်ပါသည်။ မိမိတို့၏ ပြည်တွင်းမှာ အမှန်တရားအတွက် တိုက်ပွဲဝင်လို့ ပြည်ပသို့ထွက်ပြေး တိမ်းရှောင်လာခဲ့ရသူများအနေနဲ့ ယခုကြုံတွေ့နေရသော UNHCR အရာရှိတစ်ချို့၏ မတရားသော၊ အနိုင်ကျင့် ခွဲခြားဆက်ဆံနေမှုကို ပြတ်ပြတ်သားသားထုတ်ဖော်ဆန့်ကျင်ဖို့ အချိန်တန်ပြီလို့ယူဆပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားအချင်းချင်းလည်း စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နှင့်ဝိုင်းဝန်းတိုင်ပင်အဖြေရှာသင့်ပြီလို့ တိုက်တွန်းချင်ပါသည်။ ယခုအခါမှာ အပြစ်မဲ့မြန်မာနိုင်ငံသားကလေးငယ်များနှင့်အမျိုးသမီးများမှာ အနာဂါတ် ပျောက်နေပါပြီ။ နောင်မျိုးဆက်တွေအတွက် ကျွန်တော်တို့အားလုံးအမှန်တရားနှင့် လူ့အခွင့်အရေးအတွက် ယခု ချိန်ကစပြီး အားလုံးညီညွတ်စွာ ပေးဆပ်ကြပါစို့။

မြန်မာဒုက္ခသည်များ

၁၇ ဧပြီ ၂၀၁၀
ပေးပို့သူ - ခမိခဆဲ

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, April 17, 2010

ဗုံးဖောက်ခွဲမှုအပေါ် စပ်မိစပ်ရာ အတွေးများ၊ ဆွေးနွေးချက်များ

Saffron Mail Letter Group | ကျွန်တော်တို့ အခုရေးတဲ့ အကြောင်းလေးကို Subject မှာ ရေးထားတဲ့ အတိုင်း စပ်မိစပ်ရာ ဆွေးနွေးချက် လို့ပဲ နားလည်ပေးပါ။ အားလုံးရင်ထဲမှာ ခံစားချက်ကိုယ်စီနဲ့ ရေးနေကြတာကို နားလည်ပါတယ်။ အချို့အချက်အလက်တွေ ကျွန်တော်တို့ တင်ပြချင်ပါတယ်။

၁။ အင်းယားလမ်းထဲမှာ မဏ္ဍပ်မဆောက်ရ သင်္ကြန်မှာ ဘယ်လိုမဝတ်ရ ဆိုပြီးထုတ်ပြန်ချက်တွေနဲ့ အခု သင်္ကြန်ဟာ မစခင်ကတည်းက လူစိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

၂။ တကယ်တော့ အဲ့ဒီ ဗုံးကွဲတဲ့ မဏ္ဍပ်ဟာ အင်းယားလမ်းမှာ ရှိရမှာ ဖြစ်ပေမယ့် အခု ကန်တော်ကြီး ပါတ်လမ်းမှာ ရှိနေပါရပါတယ်။ မိတ်ဆွေများသိတဲ့အတိုင်း အင်းယားလမ်းမှာဆို ဒီထက်မက အုတ်သြော် သောင်းနင်း ဖြစ်ပြီး အသေအပျောက် ပိုများပါလိမ့်မယ်။ လမ်းကျဉ်းလေးထဲမှာ လူတွေပိတ်နေတာနဲ့ပဲ တယောက်ကို တယောက် တက်နင်းပြီး ထပ်ထိခိုက်မှာတွေ တွေးလို့ တောင်မရပါဘူး။

၃။ သင်္ကြန်မှာ ဗုံးကွဲပါတယ်။ ဖြစ်စဉ်ဟာ ဟိုတုန်းက ဂျန်းရှင်း 8 နဲ့ နောက်နှစ်နေရာမှာ ကွဲတဲ့ပုံနဲ့ တော်တော်ပဲ တူညီပါတယ်။ အဲဒီ အမှုကို ဟိုလူဒီလူကို အပြစ်အင်မတန်ရှာတတ် ဆိုင်းဘုတ်ကပ်တတ်တဲ့ နအဖများ နှာစေးနေပါတယ်။ အခုထိ တရားခံ မပေါ်ပါဘူး။ နောက် အတိုက်အခံတွေဘက်ကလဲ ဝန်ခံခဲ့တာ တခုမှ မရှိပါဘူး။

၎။ တုန့်ပြန်မှုဟာ သိပ်မြန်ပါတယ်။ ရဲတွေအချိန်နဲ့ တပြေးညီရောက်လာတော့ လူတွေ လက်ခုပ် တီးကြတာကို ညီလင်းဆက်ဘလော့မှာ ဖေါ်ပြထားပါတယ်။ ကျွန်တော်တို့တွေ အဲဒီအကြောင်း ဆွေးနွေးကြတော့ အနားက ကလေးတယောက်က ဝင်ပြီးပြောတာလေး တခုဖေါက်သည် ချချင်ပါတယ်။ ”ဦးတို့ကလဲ ခလုတ်နှိပ်ပြီးတာနဲ့ ကားတွေကိုလွှတ်လိုက်ရင် အဲလိုရောက်တာပဲ”တဲ့။ ကလေးစကားပါ။ ကျွန်တော် အကိုးအကားမလုပ်ချင်ပေမယ့် သိစေချင်လို့ ရှယ်ယာလုပ်တာပါ။

၅။ ဖြစ်စဉ်အားလုံးကို အချိန်နဲ့ တပြေးညီမှတ်တမ်း တင်ထားပါတယ်။ ဒါကြောင့်ချက်ခြင်းပဲ သတင်း ထုတ်ပြန်မှုတွေ လုပ်ပါတယ်။ ညခုနှစ်နာရီခွဲ သတင်းတင်ဆက်ချက်မှာ လူ ၇၅ယောက်ဒဏ်ရာရရာ ကနေ နောက်တနေ့ သတင်းမှာ ၁၇၀ဘယ်လိုဖြစ်ရတာပါလဲ။ ပေါက်တာက နေ့ခင်းကတည်းကပါ။ သင်္ကြန်မှာ ထိခိုက်လို့ ဆေးရုံရောက်သမျှကို စာရင်းထည့်ပေါင်းရင်တော့ မသိပါ။ ပိုဇာတ်နာအောင်လုပ်တယ် ဆိုရင်တော့ သတင်းတန်ဘိုးက သုံးမရအောင် ကျသွားပါတယ်။

၆။ သူတို့က အခုတခါ ထူးထူးခြားခြား ဘယ်သူလုပ်တယ်လို့ မစွတ်စွဲပဲ အဖျက်အမှောင့် သမားများလို့ပဲ နာမည်တပ်ပါတယ်။ ဒါပေမယ့် ဧရာဝတီ ကိုအောင်ဇော်လို့ ထင်မြင်ရအောင် အကောင့် လုပ်ထားတဲ့ လူတယောက်က NCUM ဆိုပြီး တိတိကျကျစွပ်စွဲပါတယ်။ အဲဒီကယက်ကိုလဲ ဒီမေးဂရုပ်ထဲကလူတွေ အားလုံး ဖတ်သိပြီးဖြစ်လို့ အကျယ်မပြောလိုပါ။(ဒါပေမယ့် ဧရာဝတီ ကိုအောင်ဇော်မဟုတ်ရင် တိတိကျကျ သတင်းထုတ်ပြန်သင့်တယ်လို့ ထင်ပါတယ်။) ကျွန်တော်လဲ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။

၇။ နောက်တခါ နှစ်ရက်ပဲကွာတဲ့ ဒီနေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနားက မြစ်ဆုံရေကာတာမှာ ဗုံးတွေ ဆက်တိုက်ကွဲပါတယ်။ ဒီတခါကျ သူတို့က ရေငုံနှုတ်ပိတ်နေပါတယ်။ နည်းပညာ တူပါတယ်။ ပိုတောင် အဆင့်နဲနဲ မြင့်ပါသေးတယ်။ တခုပဲ စဉ်းစားစရာက ဒီဖေါက်ခွဲရေး မာစတာကြိးက ရန်ကုန်မှာဖေါက်၊ နောက် မြစ်ကြီးနားကို နှစ်ရက်အတွင်း ချက်ချင်းသွား ဗုံးတွေအများကြီးကို ပဒေသာပင်လိုထောင် တလုံးပြီးတလုံး အားရပါးရခွဲ ၊ ဂျီမ်းစဘွန်းကား ကြည့်နေရသလိုပါပဲ။

၈။ ရေရာသေချာတာ တခုကို ကျွန်တော် ပြောနိုင်တာက အံသြစရာကြီးပဲလို့ပါပဲ။ နောက်ထပ်ပြောနိုင်တာ တခုက သူတို့ အနေနဲ့ ပြည်တွင်းနိုင်ငံရေး အတိုက်အခံတွေကို ကြိုက်သလို တံဆိပ်တပ်ပြီး ဖမ်းခွင့်လိုင်စင်ကို ယူသွားပါပြီ။

၉။ မိတ်ဆွေများ ခင်ဗျား ဒီလိုဖြစ်ရတဲ့ အပေါ်ကျွန်တော်တို့လဲ စိတ်ထိခိုက်ရပါတယ်။ ဒါပေမယ့် စိတ်ခံစားမှုကို ခဏထိမ်းပြီး ဖြစ်လာနိုင်တဲ့ အကျိုးအပြစ်တွေကို သေချာစွာလေ့လာစေချင်ပါတယ်။

၁၀။ ၁၉၈၈ ခုနှစ်ကတည်းက ကျွန်တော်တို့ ကြုံခဲ့ဘူးတဲ့ အတွေ့အကြုံတွေအရ မကြာခင်မှာ သတင်းစာရှင်းလင်းပွဲတွေလုပ်ပြီး လူဖမ်းပွဲကြီး စပါတော့မယ်ခင်ဗျား။( အခုရေးလိုက်လို့ သူတို့ မလုပ်ဖြစ်ရင်လဲ ဝမ်းနည်းမှာ မဟုတ်ပဲ အပြစ်မရှိတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အဖမ်းမခံရတဲ့ အတွက် ဝမ်းသာကြေနပ်နေမှာပါ။)

၁၁။နောက်ဆုံးတချက်ပြောချင်တာက ဘယ်သူတွေက လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဂရုမစိုက်တဲ့လူတွေလဲဆိုတာ အလေးအနက် စဉ်းစားကြပါ ခင်ဗျား။

လေးစားလျှက်
Saffron Mail Letter Group

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, March 21, 2010

(၄)ကြိမ်မြောက် ABMA ဂျာနယ်ဖြန့်ဝေ

21310ABMA Journal

အပြည့်အစုံသတင်းဖတ်ရန်....

Monday, March 15, 2010

The Voice Weekly ဂျာနယ် 6-19 ထွက်ရှိ

Voice (6 19) e Book

အပြည့်အစုံသတင်းဖတ်ရန်....

Friday, March 05, 2010

The Voice Weekly ဂျာနယ် 6-18 ထွက်ရှိ


The Voice 6-18

အပြည့်အစုံသတင်းဖတ်ရန်....

Monday, March 01, 2010

ဒုက္ခသည်ဆိုတာ

Refugee ဒုက္ခသည်ဆိုတာ

အပြည့်အစုံသတင်းဖတ်ရန်....

Friday, February 05, 2010

သေနတ်နဲ့ချိန်ထားတဲ့ ဒီမိုကရေစီ လာတော့မည်

Photobucket

အပြည့်အစုံသတင်းဖတ်ရန်....

Monday, February 01, 2010

ရွှေခမောက် စာစောင် အမှတ်စဉ် (၁၀၉)

Shwekhamauk Bulletin 109

အပြည့်အစုံသတင်းဖတ်ရန်....

Monday, December 29, 2008

လှို့ ဝှက်အစီရင်ခံစာ

It is the part of the burmese mission from UN report about Gambari & Burmese Ambassador from New york by Burmese Embassy.



အပြည့်အစုံသတင်းဖတ်ရန်....

Sunday, December 28, 2008

ခွေး ရွေးကောက်ပွဲ

အပြည့်အစုံသတင်းဖတ်ရန်....

ကြည့်လှည့်သင့်တဲ့ ခြင်္သေ့ လည်ပြန်

လုပ်ဖေါ်ကိုင်ဘက် ရဲဘော်များ၊ ခေါင်းဆောင်များခင်ဗျား

ဗိုလ်မှူးချစ်ကောင်းရဲ့ အနှစ်နှစ်ဆယ်ဆိုတဲ့စာအုပ်လေးထဲမှာ စစချင်း စာကြောင်းတစ်ကြောင်းက ‘‘တိုင်းပြည်အတွက် အနှစ်နှစ်ဆယ်လုပ်ခဲ့ပြီးနောက် ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်တဲ့အခါ ကြိုးတိုက်ထဲမှာ ရောက်နေတယ် ဆိုတာဖြစ်ပါတယ်။

အကျအဆုံးများစွာနဲ့ ယနေ့တိုင် ပန်းတိုင်ကို မရောက်နိုင်သေးဘဲ ဖြတ်သန်းနေရဆဲဖြစ်တဲ့ အနှစ်နှစ်ဆယ် ကာ လဟာ ကျနော်တို့အားလုံး ကိုယ့်လက်ရှိအခြေအနေကို အစကနေ အဆုံးတိုင် ပြန်လည်သုံးသပ်ကြဖို့ အင်မ တန် လုံလောက်တဲ့ ကာလမှတ်တိုင်တစ်ခုဖြစ်တယ်ဆိုတာကို ငှက်ကုလားအုပ်လို သဲပုံထဲ မိမိဦးခေါင်းကို နှစ်မြှုပ်ပြီး ငြင်းချင်သူတွေရှိလျင် အာဂလူသားပေဘဲ။

အနှစ်နှစ်ဆယ်ဆင်နွှဲပြီးလို့ မအောင်မြင်သေးတဲ့ အလုပ်ကို ပြန်လည် မသုံးသပ်ဘူး၊ ချို့ယွင်းအားနဲချက်ကို မရှာ ဘူး၊ လုပ်နည်းလုပ်ဟန် မပြင်ဘူး၊ မူပိုင်းဆိုင်ရာမှာ အားနဲချက်တွေ၊ ချွတ်ချော်ချက်တွေ ရှိနေသလား၊ လူပိုင်း ဆိုင်ရာမှာ အားနဲချက်တွေ၊ ချွတ်ချော်ချက်တွေ ရှိနေသလားဆိုတာကို မသုံးသပ် မပြင်ဆင်ဘဲ အရင်အ နှစ်နှစ်ဆယ်ကလို ပိုနေမြဲ ကျားနေမြဲနေကြ လုပ်ကြဖို့သာ အာရုံရှိနေကြမယ်ဆိုရင် ယိုသူမရှက် မြင်သူ ရှက်စရာပါ။

ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။ ကျနော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ခေါင်းဆောင်မှု မြင့်လေလေ တာ ၀န်ပိုခံရလေလေ တာဝန်ပိုကြီးလေလေဖြစ်ပါတယ်။ ပြည်တွင်းက အချုပ်အနှောင်ခံနေရဆဲဖြစ်တဲ့ ခေါင်း ဆောင်ကြီးငယ်တွေကလွဲရင် ပြည်တွင်းလဲ ပြည်တွင်းအလျောက် ပြည်ပလဲ ပြည်ပအလျောက် အဖွဲ့အ စည်း အသီးသီးက ခေါင်းဆောင်တွေမှာ ပိုတာဝန်ရှိပါတယ်။

ဗိုလ်ချုပ်သိန်းစိန်က ကမ္ဘာ့စီးပွါးပျက်ကပ်ကို တရုပ်၊ အိန္ဒိယအားကိုးနဲ့ လျော့တွက်နေတယ်။ တရုပ်နဲ့ အိန္ဒိယ တို့မှာ နေ့စဉ်နဲ့အမျှ ပြသနာတွေက ဒီရေလိုတက်လာနေလေတော့ အဲဒီက ရိုက်ခတ်မှုကြောင့် နဂိုကမ၀ရေစာစားနေရတဲ့ ကျုပ်တို့ပြည်သူတွေသာ အငတ်ဘေးဆိုက်ကြမှာ ဗိုလ်ချုပ်မင်းတွေကတော့ တယော ထိုးပျက်မဲ့ ပုံမပေါ်ပါဘူး။ နာ၈စ်တုန်းက မြစ်ဝကျွန်းပေါ်က ရေမြောနေတဲ့ အလောင်းကောင်တွေပေါ်မှာ ဖွဲ့စည်း ပုံအခြေခံဥပဒေကို အသဲမာမာနဲ့ အတည်ပြုခဲ့တဲ့ သာသနာပြုမင်းများက ကမ္ဘာ့စီးပွါးပျက်ကပ်ကြောင့် တစ်နိုင်ငံလုံး အငတ်ဘေးဆိုက်နေရင်လဲ မျက်နှာပြောင်ပြောင်နဲ့ ထီးဖြူအုပ် မင်းလုပ်ဖို့ ဘိသိက်ခံကြအုံးမှာပါ။

နေမြင့်လေ အရူးရင့်လေဖြစ်နေတာမို့ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်ကြီးများကို တင်ပြလိုတာက အဖွဲ့အစည်းစွဲ နေရာစွဲ အယူဝါဒစွဲ ပုဂ္ဂိုလ်စွဲတွေ ဘေးချိတ်ပြီး ညီညွတ်ဖို့ လိုပြီ။ ပြင်စရာရှိလျင် ပြင်ရဲဖို့ လိုပြီ။ လုပ်နည်းလုပ်ဟန်သစ်တွေ ရှာကြဖို့ လိုပြီ။ လိုအပ်လျင် ခေါင်းဆောင်ပိုင်းမှာ သွေးသစ်လောင်းဖို့ လိုပြီ။

လေးစားစွာဖြင့်

အောင်တင် ဒီဇင်္ဘာလ ၂၆၊ ၂၀၀၈
အားလုံးဖတ်စေချင်လို့ တင်ပြပါတယ်။. ကျေးဇုးပါ ကိုအောင်တင်။

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, December 25, 2008

နှုတ်ဆက်ခဲ့ပြီ ၂၀၀၈

Farewell

အပြည့်အစုံသတင်းဖတ်ရန်....

မေ့မရသော ဆရာ့ အမှာစကား

လူဆိုတာမွေးဖွားလာပြီးသည်မှ သေဆုံးသည်အထိ မျှော်လင့်ချက်ရှိတက်ပါသည်။ လူတို့ ၏မျှော်လင့်ချက်တို့ ပြည့်စုံမူ ရှိရန်ကား မလွယ်ပါ။ အများအားဖြင့်မပြည့်စုံသော ဘဝကိုပိုင်ဆိုင်သူတစ်ယောက်အတွက်ပေါ့။ မပြည့်စုံသော ပြည့်စုံသော ဆိုသည်မှာမြန်မာတို့အပြောနဲ့ဆိုရင် ငွေကြေးဥစ္စာကြွယ်ဝသူများကိုပြည့်စုံတယ် ဟုသုံးပြီး မပေါမရှားသူများကို ကြတော့မပြည့်စုံဟု သုံးနုံးကြတာပါ။ ကျနော်လိုမြို့ မကျ တောမဟုတ်တဲ့နေရာဒေသမှာ မွေးဖွားရှင်သန်လာသူတစ်ယောက်မှာတော့ ပြည့်စုံမူ့ ဆိုတာ ဝေလာမှာ ဝေးရောပေါ့။ ဒါတောင် အဖေ့ရဲ့ရိုးသားကြိုးစားမူ့ တွေကြောင့် လူတစ်လုံးသူတစ်လုံးအဖြစ်နဲ့ မျက်နှာပန်း လှရှင်သန်နိုင်ခဲ့တာပါ။ လူချင်းသာတူတယ် ဘဝချင်းတော့ကွာမှာပေါ့ ဆိုတာက ဒါကြောင့်မို့ နဲ့ တူပါရဲ့ ။ မြန်မာတို့ ပါးစပ်ဖျားမှာ ရေပန်းစားနေတာ။

အဖေကတော့ ပြောဖူးတယ် "သား လူဆိုတာ ယုံကြည်ချက်ရှိရတယ်၊ ခိုင်မာတဲ့ စိတ်ဓါတ်ကို မွေးရမယ်" တဲ့။ တကယ်ဆို အဖေက ပြောနေတာဘဲရှိတယ် ဘာရယ်ဆိုတာ ကျနော် တကယ်မသိခဲ့။ ဘယ်သိမလဲ အဖေ ဒီစကားကိုပြောတာက ကျနော်သိတက်စ ကတည်းကလေ။ နောက်ပြီး အိပ်ရာဝင်ချိန်ဆို အဖေက မကြာမကြာ ပုံပြောပြတယ်။ အဖေပြောတဲ့ပုံတွေက တစ်ထောင့်တစ်ည စာရင်းမဝင်တောင်မှ အနော်ရထာ၊ မင်းကျန်စစ်၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ၊ သီပေါဘုရင်ကျဆုံးခန်းမှစ ရွှေတိဂုံ၊ မဟာမြတ်မုနိဘုရား သမိုင်းတွေနဲ့ ဗုဒ္ဓဝင်၊ မဟော်သဓါ၊သရဲအလယ်ငပျင်းဝတ္တုအဆုံး ပါဘဲ၊။ တကယ်ပါ ရေးနေရင်ဆုံးမှာမဟုတ်ဘူး။ အဖေ အပြောကောင်းလို့  လားတော့မသိ။ ကျနော်တော့ ခုတောင် နားထောင်ချင်ပါသေးတယ်။

အမှန်တော့အဖေကျနော်တို့ ကို အမြဲပုံပြောခဲ့ခြင်းဟာ ကျနော်တို့ ကို ဆုံးမမူတစ်မျိုးပါလား ဆိုတာ ခုမှ သိတာပါ။ ဒါကြောင့်နဲ့ တူပါတယ်။
ပညာရှိများက "လက်ဦးဆရာမည်ထိုက်စွာ၊ပုဗ္ပာစရိယမိနှင့်ဘ" ဟု ဆိုခဲ့ကြတာကိုး။ အဖေက ကျနော့်တို့ ကို ဆဲဆို ရိုတ်နှက်ခြင်း မရှိဘဲ ပြောဆိုခြင်းဖြင့် သာသွင်သင်ဆုံးမပါသည်။ အဖေပြောသည်မှာ စာကိုတတ်အောင် သင်ကြပါ။ ငါ့သားများ လိမ္မာရင် ငါ ကျွေးရခြင်းနပ်ပြီ။ ငါပင်ပန်းခံရခြင်းနပ်ပြီတဲ့။ အဖေပြောသည်မှာ ရိုးရှင်း၏ သို့ သော် လေးနက်သော အဓိပ္ပါယ်များကား ပြည့်နပ်နေပါလိမ့်မည်။ တကယ်လို့  အဖေပြောသော လိမ်မာခြင်းဆိုသည်မှာ နေရာတိုင်းတွင်လိမ်မာစေခြင်းကို စကားတစ်လုံးတည်းနဲ့ ညွန်းဆိုထား သောကြောင့်ဖြစ်ပါသည်။ အဖေ့ဆိုလိုချက်ကိုဘာကြောင့်သိလာရသလဲဆို ရင်အဖေသား စာမေးပွဲဖြေတာ အမှတ်ပြည့်မရခဲ့ဘူးဆိုရင်အဖေကသားမှမလိမ်မာတာ။ အဖေဟိုနားကဘယ်သူကဖြင့်သားကို စစနေတယ် ဆိုလည်း သားမှမလိမ်မာတာ။ အဖေ အမေက အမြဲအိမ်မှာဆို ဆူနေတာဘဲဆိုလည်း သားမှ လိမ်မာတာတဲ့။ အဖေရဲ့လိမ်မာမူ့ က ဆရာတော်ဦးဝိစာရ ရဲ့ အမှာစကား "လိမ်မာရဲ့ကြပါ" ကိုများ ညွန်းဆို သွားလေသလား ဆိုတာကိုတော့ ကျနော် အလယ်တန်းကျောင်းသားဘဝ ရောက်ပြီးချိန်တွင်စဉ်းစားကြည့်မိပါသည်။

အဖေဆုံးမခဲ့သောစကားနဲ့ ကျနော်တို့ သမိုင်းဆရာပြောသောစကား မတူခဲ့သောအချက်လည်း တစ်ခုရှိခဲ့သည်။ အဖေက သားစာတတ်အောင် သင်ပါ ဟုဆိုသော်လည်း ဆရာ ကမူ "စာတတ်တာ မကောင်းဘူးကွ။ အထူး သဖြင့် တပည့်တို့ သမိုင်းကို မတက်စေချင်နဲ့ ။ သမိုင်း ကို တတ်လာရင်၊ သိလာရင် အစမှာ ဒေါပွတယ် နောက်တော့ အကျဉ်း ရောက်လိမ့်မယ်" တဲ့။ ဆရာက ဒီလောက်သာ ပြောသည်။ ကျနော်တို့ ကလည်း ဆက်ပြီး မမေးခဲ့။ ဆရာပြောသောစကားများဟာ ဆယ်တန်းအောင်သည်အထိ ရူပ်ထွေးစေခဲ့သည်။

လူ့ လောကကြီးသည်ရူပ်ထွေးသည်။ လူတွေကလောကကို "ရူပ်ထွေးပွေလီ" ဟုလည်း ဆိုကြပြန်သည်။ မြတ်ဘုရား ကတော့ ရဟန်းများနဲ့  လောကလူသားများကို "ချစ်သားတို့  လောကအကြောင်းကိုကား မစဉ်းစားသင့်ရာ" ဤလောကသည် အလွန်ပင် ရူပ်ထွေး၏။ စဉ်းစားသူကိုလည်း အများကကဲ့ရဲ့ကြကုန့် အံ့တဲ့။ ဟုတ်ပါမည်။ ကျနော် အလယ်တန်းပြီးဆုံးခါနီးမှာ ဒီမိုကရေစီ တောင်းဆိုသည့်ဆန္ဒပြပွဲများ ဖြစ်လာသည်။ တောရော မြို့ ပါလူတွေ အများကြီး ချီတက်ဆန္ဒပြကြသည်။ ဒီမိုကရေစီကို ဘာကြောင့်ဒီလူတွေ ဒီလိုတောင်းကြသည်ကိုကား မစဉ်းစားနိုင်ခဲ့။ သမိုင်းဆရာကလည်း ဒီမိုကရေစီဆိုတာ လူသား အားလုံး ရဲ့ ဆန္ဒကို ပူးပေါင်းအုပ်ချုပ်ထားသည့် အုပ်ချုပ်ရေး ကိုခေါ်သည် လို့ ပြောခဲ့သည်။ သို့ သော်လည်း ကျနော်ရဲ့ စိတ်ထဲမှာ စွဲမြဲစေသော စကား အဖြစ်မှ အပ ကျန်သောခံစားချက် တစ်စိုးတစ်စိမှ မရှိခဲ့။

အဖေ ပြောခဲ့သောယုံကြည်ချက် ကျနော့်မှာ အားနည်းလို့ များလားတော့မသိပါ။ ကျနော် ယုံကြည်တာကတော့ တစ်နှစ် တစ်တန်း စာမေးပွဲ အောင်မြင်ရေးသာဖြစ်သည်။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ကို ခြေချလာ သော်အခါ တိတ်တခိုးဖွဲ့ စည်းထားသည် ဆိုသည့်ကျောင်းသားသမဂ္ဂကို တွေ့ ရသည်။ တက္ကသိုလ်သည် ကျနော်တို့ ၏ စိတ်ဓါတ်များကို မြင့်တင်ပေးရာ ကျောင်းတော်ဖြစ်သလို ကျနော်တို့ အားလုံး၏ အမြင်များကို ပေါင်းစပ်ပေးနိုင်သော နတ်မျက်စိတစ်ခု လည်းဖြစ်ခဲ့သည်။

ကိုလိုနီပညာရေးစနစ်ကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သပိတ်မှောက်ခဲ့သည်မှာ လူတန်းစားပေါင်းစုံ ပညာမသင်ကြားနိုင်ဘဲပညာ သင်ယူရေး စရိတ်ကြီးမြင့်မူ့ ကြောင့်ဖြစ်သည်။ နယ်ချဲ့ တို့ သည် မြန်မာမြေမှ ရရှိသော ဘဏ္ဍာများကို မြန်မာပြည်သူတို့ ၏ အကျိုးကိုကား အသုံးမပြုခဲ့မိမိတို့ ၏ ကိုယ်ကျိုးရှာမူ့ တို့ ကိုသာ ပြုသဖြင့် ပြည်သူလူထုများမှာ မွဲပြာကျ ဆင်းရဲခဲ့ကြရသည်။ ယနေ့ မြန်မာနိုင်ငံကို အုပ်ချုပ်နေသူများသည် ကား နယ်ချဲ့ များမဟုတ်ခဲ့။ သို့ သော် ဆယ်တန်းအောင်ပြီးသောသူတိုင်း တက္ကသိုလ်မတက်နိုင်ခဲ့။ မြန်မာပြည်မှ ရရှိနေသော သယံဇာတများမှာလည်း ရတာကိုတာ သိပြီးသုံးတာမရှိဘဲ ပျောက်ဆုံးနေပါပြီကော။
လယ်သမား လယ်လုပ်ရင်းထမင်းငတ်လာသည်။ အလုပ်သမားများအတွက်ကားအလုပ်မရှိ။ ရှိသော အလုပ် သည် ကား မစားလောက်သာ။ ကျနော်တို့ အတွက် လိုအပ်ချက်များကို ပြောဆိုရေးသားဆွေးနွေးခွင့်မရှိ။ ဇာဂနာအပြောနဲ့ ပြောရင် မှန်ကန်သူကွဲနေသည်။ ကျနော်တို့ ၏ရှေ့ တွင် မြင်နေရသော အရာအားလုံးမှာ ကျနော်တို့ အတွက် မကျေနပ်မူများနဲ့ သာ ပြည့်နှက်လာသည်။ ကျနော်တို့ အား ကူပါ ကယ်ပါ အော်နေသည့် ဒုက္ခသည်များသို့ နှယ်တောင်းပန်နေသည့်အလား ခံစားလာရသည်။ ကျနော်တို့ ၏စိတ်ဓါတ်များသည်ကား အားငယ်မူ့ နဲ့ အတူနိုးထလာကြသည်။

ကျနော်တို့ လိုချင်သည်မှာ လူသားအားလုံး တန်းတူအခွင့်အရေး ဖြစ်လာသည်။ ဆုံးရူံးနေသော အခွင့်အရေးကို လိုချင်သည်။ တက္ကသိုလ်မှာ သင်သောဘာသာရပ်တစ်ခု မဟုတ်သော်လည်း အာဏာရှင်တို့ ၏လုပ်ရပ်က ကျနော်တို့ ကို ဘာသာရပ်တစ်ခုအား သင်နေရသည့်အလား တက်မြောက်လာကြသည်။ ပြည်သူတို့ ၏ ဘဝ ဖူလုံရေး သည်ပင်လျှင် ကျနော်တို့ ၏ အရေးဖြစ်လာသည်။ ကျနော်တို့ သည်ကား ပြည်သူမှမွေးသော ပြည်သူ့ သားများ ဖြစ်ကြ၍သာ ဖြစ်သည်။ ကျနော်တို့  တက္ကသိုလ်သို့ လာကြသည်မှာ ပညာ သင်ကြားရေး အတွက် သာဖြစ်ပါသည်။ နိုင်ငံရေး လုပ် သပိတ်မှောက်ရန်မဟုတ်ပါ။

ကျနော်တို့ လိုချင်သောပညာရေးကို ကျနော်တို့ မသင်ကြားနိုင်ဘဲ မြန်မာ့နိုင်ငံရေးနယ်ပယ်မှ အာဏာရှင်တို့  အား ဆန့် ကျင်လာရသည်မှာ သင်တို့ ၏ လုပ်ရပ်များက ဆန့် ကျင်ခိုင်းနေသောကြောင့်သာဖြစ်ပါသည်။ ကျနော့် တို့ တွင်ကား အပြစ်မရှိ။ သင်တို့ တွင်သာ အပြစ်ရှိသည် ဟုဆိုရမည်သာဖြစ်ပါသည်။ တက္ကသိုလ် ဆိုတာ တကယ်တော့ စာပေကိုဘဲ သင်ပေးသော ကျောင်းတော်တစ်ခု မဟုတ်ပါ။ လူတစ်ယောက် ၏ ဘဝတစ်ခု ကို ပြောင်းလဲပေးနိုင်သည့် အတွေးအခေါ်များကိုပါ ဆရာ မသင်သော်လည်း မိမိ အလိုအလျောက် တတ်မြောက်စေနိုင်သော ကျောင်းတော်ကြီး လည်း ဖြစ်ပါသည်။ ခေတ်အဆက်ဆက် တွင် မြန်မာပြည်သူ လူထုများ၏ အကျိုးအတွက်ရှေ့ တန်းမှ ရပ်တည်ကာ မြန်မာနိုင်ငံရေးကို ဦးဆောင်သူများမှာလည်း တက္ကသိုလ် ကျောင်းသားများ ဖြစ်ကြပါသည်။ ကျနော်တို့ အားလုံးသည် တက္ကသိုလ်ရောက်လာပြီဆိုတာနဲ့ မြန်မာ့ နိုင်ငံရေးနှင့် ရင်းနှီးလာကြသည်မှာ မြန်မာ့သမိုင်း ကြောင့်သာဖြစ်မည် ဟု ကျနော် ထင်မြင်မိပါသည်။ သမိုင်းသည် ကျနော်တို့ အတွက် အဖြေရှာရမည့် ပုံသေနည်းတစ်ခု မဟုတ်သော်မှ အမှန်ကို လွှဲမှားစေမည့် ပုစ္ဆာတစ်ပုဒ် မဖြစ်စေခဲ့ပါ။
ရှေးကမရနိုင်ခဲ့သော် ငြိမ်းချမ်းရေးသည် ဒို့ တထွေ ရှာဖွေရမည့် တာဝန်သာဖြစ်သည်။ နောင်တော်များ ဖောက် ခဲ့ သောလမ်းအား ဒို့ များ လျှောက်ရမည်သာ ဖြစ်သည်။ အကိုကြီးများ ပြုခဲ့သော ကတိသစ္စာတရား များမှာ ကျနော်တို့  အတွက် အားဆေး တစ်ခွက် ဖြစ်စေခဲ့ပါသည်။
ဤသည်ကိုပင် တက္ကသိုလ်တွင် ဆရာ မသင်ပေးသော်လည်း ကျောင်းသားများအတွက် အလိုအလျောက် တက်မြောက်လာသောပညာရပ်များသာ ဖြစ်ပါသည်။ ကျနော် ယနေ့ ထက်တိုင်မေ့မရသည်မှာ သမိုင်းဆရာ ပြောခဲ့သော "စာတတ်တာ မကောင်းဘူးကွ၊ အထူးသဖြင့် သမိုင်းကို မတတ်စေနဲ့ " ဟူသည်သာ ဖြစ်ပါ သည်။

ဆရာကိုရှိခိုးဦးညွတ်လျှက်
(ပညာကျော်)

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, December 24, 2008

၆၁ နှစ်မြောက်လွတ်လပ်ရေးနေ့ ဖိတ်ကြားခြင်း

Independence

အပြည့်အစုံသတင်းဖတ်ရန်....

Monday, December 22, 2008

Voice of Burma, Dec 21 2008

VOB689

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */