“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, December 31, 2011

ပညာရေး ရန်ပုံငွေ ဓါတ်ပုံနှင့် ဗီဒီယို



အပြည့်အစုံသတင်းဖတ်ရန်....

Friday, December 30, 2011

သန်းခေါင်ကျော် ငရဲခန်းမှ သူရဲကောင်းများ

လှကျော် | "ဝုန်း" ဆိုတဲ့ အသံနဲ့အတူ အိမ်က သိမ့်ကနဲ လှုပ်သွားတယ်။ အိပ်ကောင်းတဲ့ အချိန် ဖြစ်ပေမယ့် အိမ်ရှေ့ဝရန်တာ ကို ထွက်ပြီး အပြင်ဘက် လှမ်းကြည့်လိုက်တော့ အိမ်တိုင်းကလူတွေ အိမ်ရှေ့မှာ တယောက်ပြီးတယောက် ထွက်လာပြီး ခေါင်း တထောင်ထောင်နဲ့ ကြည့်နေကြတယ်။ အချိန်က မနက် ၂ နာရီ စွန်းစွန်း။

ခဏအကြာ မီးသတ်ကား ဥသြဆွဲသံ၊ လူနာတင်ကားသံတွေနောက်မှာတော့ လူတွေဟာ အိမ်ရှေ့လမ်းမဘက်ကို ပိုပြီး စုရုံးစုရုံး လုပ်လာကြတယ်။

“ဗုံးကွဲတာတဲ့” ဗုံးလန့်ချိန်မို့ ပြောကြသူကတမျိုး။ “ဂက်စ်အိုး ပေါက်တာ ထင်တယ်” တယောက်တမျိုး အမျိုးအမျိုး ထင်ကြေးပေးနေတာကို နားထောင်ရင်း ကျနော်လည်း အိမ်အောက်ကို ဆင်းလာပြီး အမျိုးသမီးကြီးတယောက်ကို စပ်စုကြည့်တော့ “မင်္ဂလာတောင်ညွန့်ဘက်က ကြားတာပဲ မီးသတ်ကားတွေလည်း အဲဒီဘက် မောင်းသွားကြတယ်”

ကျနော်လည်း ကမန်းကတမ်း အိမ်ပေါ်တက်ပြေးပြီး ကင်မရာယူ၊ အနွေးထည် ကောက်ဝတ်ပြီး တာမွေပလာဇာ ဘက်ကို ပြေးလာခဲ့တယ်။ လမ်းပေါ်မှာတော့ ဟိုနားတစု သည်နားတစုနဲ့ လူတွေ မျှော်ကြည့်နေတဲ့ဘက်ကို ဦးတည်ပြေးသွားရင်း တက္ကစီငှားတယ်။ ပထမတစီးက မလိုက်၊ လမ်းတွေ ပိတ်ထားမယ်ထင်တယ်တဲ့။
နောက် ဒုတိယတစီး အဆင်ပြေသွားတယ်။ “အကို ကျနော် ခုန ပေါက်ကွဲတဲ့ဆီ သွားချင်တယ်” တမြို့လုံး သိနေတဲ့ ပေါက်ကွဲမှု အကြောင်းကိုတော့ ကျနော် သေသေချာချာ ပြောပြဖို့မလို။ တက္ကစီသမားက ကျနော့်ကို ပေါက်ကွဲမှု ဖြစ်နေတဲ့ ဆီကို ဦးတည်မောင်းပေးပါတယ်။

“ကျနော်လည်း ခုနကမှ ဟိုဘက်ကနေ ပတ်မောင်းလာတာ။ ကျနော် အလုံဘက်မှာ ရှိနေတာ မြေကို တုန်သွား တာပဲ” ကားသမားပြောပြတာနားထောင်ရင်း ခဏပဲ မောင်းရသေးတယ်။ စက်ဆန်းဘက်ရောက်တော့ မီးညွန့်က
မြင်နေရပြီ။ ရှေ့ဆက်မောင်းဖို့က အဆင်မပြေတော့။ လမ်းပိတ်ထားလို့ ကားတွေတဖြည်းဖြည်း ကျပ်လာတာနဲ့ ကျနော်လည်း ကားကို ရပ်ခိုင်း၊ ပိုက်ဆံရှင်းပေးပြီးတာနဲ့ မီးညွန့်ရှိတဲ့နေရာဆီ ဦးတည် ပြေးသွားတော့တယ်။

တနေရာအရောက် ပလက်ဖောင်းပေါ်မှာ လူတစု ဝိုင်းအုံနေတာနဲ့ ဝင်ကြည့်လိုက်တော့ ဦးခေါင်းပိုင်းကို ပုဆိုးနဲ့ အုပ်ထားတဲ့ အမျိုးသမီး အလောင်းတခုကို ပလက်ဖောင်းပေါ်မှာ တင်ထားတာတွေ့တယ်။ “ခေါင်းပြတ်သွားတာ” ကျနော် လန့်သွားတယ်။ အခြေအနေ တော်တော်ဆိုးနေပြီဆိုတာ စိတ်ထဲက အလိုလိုသိသွားတာနဲ့ မီးလောင်တဲ့ဆီ ဆက်ပြေးလာခဲ့တယ်။

အဝင်ဝမှာလည်း မီးသတ်ကားတော်တော်များများ ပြည့်နေပြီ။ မီးသတ်ကားတွေ ကျော်ပြီး မီးလောင် နေတဲ့ နေရာ ရောက်တော့ မီးသတ်သမား လေးယောက် မီးတွေ တဟုန်းဟုန်း လောင်နေတဲ့ ကြားထဲ ဝင်ပြီး မီးသတ်ပိုက်ကို ဆွဲသွင်း နေကြတယ်။

ခဏနေတော့ သူတို့တွေ မီးစသတ်ပါတယ်။ ကျနော်လည်း အဝေးကနေပြီး ဓါတ်ပုံရိုက်နေတယ်။ တဖြည်းဖြည်း သူတို့တွေ မီးတောက်နဲ့ ပိုနီးတဲ့ နေရာ ဝင်သွားတယ်။ ကျနော်လည်း နောက်ကနေ တဖြည်းဖြည်း ကပ်လိုက်သွားပြီး ဓါတ်ပုံ လိုက်ရိုက်တယ်။ ခဏနေတော့ ဓါတ်ပုံ သတင်းထောက် တော်တော် များများ ရောက်လာပြီး သူတို့ကို ဓါတ်ပုံ ရိုက်တယ်။

ကျနော်လည်း ဓါတ်ပုံရိုက်ရတာ ကျေနပ်လောက်တဲ့အခြေအနေမှာ နောက်ကို ပြန်ဆုတ်ပြီး မီးလောင်နေတဲ့ အဆောက်အဦးရဲ့ တဘက်က လူနေအိမ်တွေ ကြည့်လိုက်တော့ ကျနော် လန့်သွား ရလောက်အောင် မြင်ကွင်းက ဆန်းနေတယ်။ အိမ်တွေအားလုံးရဲ့ အပေါ်ပိုင်းတွေဟာ စုတ်ပြတ် ပျက်စီး နေတယ်။

ကျိုးပဲ့နေတဲ့ အိမ်တွေထဲမှာ သွပ်ပြားအစုတ်အပြတ်တွေကလည်း တမင် ထိုးသိပ်ထည့်ထားသလိုပဲ။ လမ်းမျက်နှာစာ မှာရှိတဲ့ အိမ်တိုင်းလိုလို ပျက်စီးနေတယ်။ နောက်အိမ်တန်းရဲ့ နောက်ဘက်က ဒုတိယ အိမ်တန်းကို ကြည့်လိုက်တော့လည်း ပုံစံတူနီးပါး ပျက်စီးနေတယ်။ ဒီအိမ်တွေက လူတွေနေသလား ကျနော် တွေးနေတုန်းရှိသေးတယ်။ လူတယောက်ပြောသံက လူတွေအားလုံး လန့်ပြီး ထွက်ပြေးကုန်ပြီတဲ့။ မီးလောင်တဲ့ အဆောက်အဦးပတ်လည် အားလုံး ဒီအတိုင်းပဲဆိုတာ ထပ်သိလိုက်ရတယ်။
ခဏနေတော့ မီးသတ်သမားတွေ ဌာနဆိုင်ရာ ဝန်ထန်းတွေ စုရုံးစုရုံး အလုပ်ရှုပ်နေတဲ့ နေရာရောက်တော့ သူတို့ရဲ့ စကားပြောစက်တွေကို နားစွင့်ရင်း သေဆုံး၊ ဒဏ်ရာရ စာရင်းတွေ ကြားရတယ်။ သုံးနာရီ ၅၄ မိနစ်မှာ ကျား ခုနှစ်၊ မ လေးယောက်သေ၊ ဒဏ်ရာရရှိသူ ၅၄ ယောက်။ အဲဒီထဲမှာ အလာတုန်းက တွေ့ခဲ့တဲ့ ပလက်ဖောင်းပေါ်က အမျိုးသမီးတဦးလည်း ပါမယ်ထင်ပါတယ်။

“အမေ၊ အမေရေ”၊ “အမေရှိလား” စက်ဆန်းရပ်ကွက်သားတဦးဟာ တိတ်ဆိတ်ပြီး ကျိုးပဲ့ပျက်စီးနေတဲ့ အိမ်တလုံး ထဲကို ခက်ခက်ခဲခဲဝင်ပြီး သူ့အမေကို အော်ခေါ်နေပါတယ်။ စုတ်ပြတ်နေတဲ့ သွပ်ပြားစတွေကလည်း အိမ်အတွင်း
မှာ အပြည့်။ ဒါပေမယ့် သူ မရမက တိုးဝင်ပြီး သူ့အမေကို အော်ခေါ်နေပါတယ်။

ခဏနေတော့ မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ဓါတ်မီးကိုယ်စီနဲ့ သူ့အမေကို ကူရှာပေးနေပါတယ်။ ဒါပေမယ့် ကြောင်တကောင်ခိုနေဖို့တောင် အန္တရာယ်မကင်းနိုင်တဲ့ အိမ်ထဲက ဘာသံမှ ထွက်မလာ။ စက်ဆန်း ရပ်ကွက်သားကတော့ ပြန်ထွက်လာပါတယ်။ သူ့ခြေထောက်မှာ သွပ်ပြားရှရာတွေနဲ့ သွေးအလိမ်းလိမ်း။

သွေးပျက်လောက်တဲ့ ပေါက်ကွဲသံကြောင့် အိပ်မောကျနေရာကနေ ထွက်ပြေးသွားကြတဲ့ အိမ်ရှင်တွေ၊ အမှောင်
ကြားက ဒီသွပ်ပြားတွေနဲ့ အပျက်အစီးတွေကို ဘယ်လိုများ ကျော်ဖြတ်သွားကြသလဲ။ ကျနော့်စိတ်ထဲမှာတော့ ပဟေဠိတခု ကျန်နေခဲ့တယ်။

ကျနော်လည်း မီးလောင်ဝန်းကျင် မြင်ကွင်းတွေကို ဓါတ်ပုံဆက်ရိုက်နေခဲ့တယ်။ မီးသတ်သမားတွေရော ကယ်ဆယ်ရေးသမားတွေရော တော်တော်လေးကို စွန့်စားလှုပ်ရှားနေရတာတွေ တွေ့နေရတယ်။ ကျနော်
နိုင်ငံခြားရုပ်ရှင်တွေထဲမှာတွေ့ရသလို အဆင့်မြင့် ပစ္စည်းတွေမသုံးဘဲ သူတို့တွေဟာ အန္တရာယ်နဲ့ အနီးဆုံးမှာ ရိုးရှင်းစွာနဲ့ လှုပ်ရှားနေကြတယ်။ သွပ်ပြားနဲ့ သံဆူးတွေ ရှုပ်နေတဲ့ မီးလောင်ပြင်မှာ သူတို့တွေ ဓါတ်မီးတောင် ကိုယ်စီ မပါကြဘူး။

ဘာကြောင့်လောင်တယ်ဆိုတာကို အတိအကျ မသိနိုင်သေးချိန်မှာတော့ မီးသတ် အရာရှိ တဦးရဲ့ ကန့် ပေါက်ကွဲမှု လည်း ဖြစ်နိုင်တယ် ဆိုတဲ့ အသံကို ကြားမိတယ်။ လောင်ကျွမ်းနေတဲ့ မီးရဲ့ အရောင်ကို အကဲခတ်ရင်း သူ အဝေးကနေ သတိပေးပါတယ်။

“အားလုံး နောက်ပြန်ဆုတ်ပါ မီးရောင်က ပြာလာရင် သတိထားရတယ်ဗျ။” ဟု သူက ဆက်ပြောတယ်။

ဓါတ်ပုံကောင်းတပုံရဖို့ဟာလည်း ဓါတ်ပုံသမား တယောက်ရဲ့ ရူးသွပ်မှု ဖြစ်တတ်တဲ့ အတွက် ကျနော်လည်း အန္တရာယ်ကို မကြောက်အား။ အချိန်မရွေး ပေါက်ကွဲမှု ဖြစ်လာနိုင်တဲ့ ဧရိယာ အတွင်းမှာ ကျနော် ဝင်နေမိတယ်။ အဲဒီလိုပဲ မီးသတ်သမားတွေလည်း မီးငြိမ်းသတ်ချင်တဲ့ ရူးသွပ်မှုမျိုး ရှိနေကြမှာပါပဲ။

ဓါတုဗေဓ ပစ္စည်းများပါ ပါဝင် လောင်ကျွမ်း နေတယ်လို့ သံသယ ရှိသည့်တိုင် မီးခိုးငွေ့တွေ ကြားမှာ အောက်စီဂျင်ဗူး အသုံးပြုသူ တယောက်ကို မြင်နိုင်ဖို့ကလည်း အံ့သြစရာ တခု ဖြစ်နေမှာ အမှန်ပဲ ထင်ပါတယ်။ ခဏနေတော့ ဆုတ်ခဲ့တဲ့ နေရာတွေဆီ မီးသတ်နဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေ ဓါတ်မီးရောင် စမ်းတဝါးဝါး အောက်မှာ ရှာဖွေရင်း မြေမြုပ်နေတဲ့ မီးသတ်ပိုက်ကို တွေ့ပါတော့တယ်။

မီးသတ်ပိုက်ကို တစတစ လမ်းကြောင်းလိုက်တူးဖော်ရင်း အပျက်အစီးတွေကြားက သွပ်ပြားတခုအောက်ကနေ တစုံတခုကို ဆွဲထုတ်ပါတယ်။ ဘယ်သူမှန်း မသိနိုင်တော့တဲ့ အနီရောင် ယူနီဖောင်းဝတ် မီးသတ်ရဲဘော်တဦး
ဖြစ်နေပါတယ်။

“မျက်နှာက ပျက်နေပြီ ဘယ်သူမှန်းမသိဘူး”

“အဲဒီတယောက်ပဲလား၊ ရှာဦး သေချာရှာဦး”

“အဖွဲ့ လူတွေ စစ်ကြပါ”

မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေ အချင်းချင်းပြောနေစဉ်မှာပဲ နောက်ထပ် မီးသတ်တဦးရဲ့ ရုပ်အလောင်းတခု ထပ်တွေ့တယ်။ နောက် မီးသတ်စီးတဲ့ ဖိနပ်တဘက်၊ တခြမ်းပဲ့နေတဲ့ မီးသတ် ဦးထုပ်။ နောက်ထပ် ပေါက်ကွဲမှုကြောင့် သေဆုံး သွားတဲ့ မီးသတ်တွေ အပျက်အစီးတွေ ကြားထဲမှာ ရှိနေသေးတယ် ဆိုတာ သေချာသွားပါပြီ။

ရန်ကုန်တိုင်း မီးသတ်ဗဟိုဌာနမှ အရာရှိတဦးရဲ့ အဆိုအရတော့ မီးသတ်တပ်ဖွဲ့ဝင် ငါးယောက် သေဆုံးပြီး ၃၇ ယောက် ဒဏ်ရာရရှိတယ်လို့ ပြောပါတယ်။
သူတို့ရဲ့ မီးသတ်ကား ဏ/၅၈၅၃ ဟာလည်း ကြီးကြီးမားမားအရာဝတ္ထုနဲ့ ထိမှန်ထားတာမတွေ့ရပေမယ့် စုတ်ပြတ် ပျက်စီးနေပါတယ်။ ဘယ်လိုပေါက်ကွဲမှုကြောင့် ဒီလိုပျက်စီးသွားသလဲဆိုတာ ကျနော် မတွေးတတ်အောင်ပါ။

ဒီမြင်ကွင်းတွေဟာ ကျနော့် ကင်မရာ View Finder အပေါက်က နေကြည်ဆဲခဏမှာ Shutter ခလုပ်ကို နှိပ်ဖို့ စိတ်ကူးတွေကလွဲလို့ ဘာမှခံစားလိုက်ရတာ မရှိသေးဘူး။ ဒါပေမယ့် Play ခလုပ်ကိုနှိပ်ပြီး ပုံပြန်စစ်မိတဲ့အချိန်မှာ ကျနော့်စိတ်တွေ ပြာဝေသွားလောက်အောင် ထိတ်လန့်သွားခဲ့တယ်။

အချိန်တွေက တစတစ ကုန်လွန်သွားတယ်။ တငွေ့ငွေ့လောင်နေတဲ့ မီးညွန့်ကြီးကလည်း ရှိနေဆဲ။ ကောင်းကင်မှာ လည်း မီးခိုးလိပ်ကြီးတွေက မကောင်းဆိုးဝါး တကောင်လိုပဲ။ မီးသတ်သမားတွေ၊ ကြက်ခြေနီ တွေလည်း သူတို့ အလုပ် သူတို့လုပ်၊ လူအုပ်ကြီးကလည်း ငေးမောကြရင်း၊ စုတ်သပ်ရင်း သူတို့ အလုပ် သူတို့လုပ်နေကြတယ်။ ရဲဝန်ထမ်းတွေလည်း ဟိုတစ သည်တစ သဲလွန်စ လိုက်ကောက်ကြရင်း အလုပ်လုပ်နေတယ်။ ယာဉ်ထိန်းရဲတွေ လည်း လမ်းသွားလာမှု အဆင်ပြေအောင် သူတို့အလုပ် သူတို့ လုပ်နေကြတယ်။

လေး နာရီနဲ့ ၄၅ မိနစ်ရှိသွားပြီ၊ ကျနော်လည်း ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ ပြန်လှည့်လာခဲ့တယ်။ ကျနော့်စိတ်ထဲမှာ အလုပ်တခု လုပ်နေခဲ့တယ်။ သေဆုံးသွားခဲ့ကြတဲ့ မီးသတ် ရဲဘော်တွေ၊ အာဇာနည် သူရဲကောင်းတွေ အဖြစ် ကျနော့် စိတ်ထဲမှာ သူတို့ကို ခေါ်လာခဲ့တယ်။

(လူပေါင်း ၂၀ ကျော် သေဆုံးခဲ့သည့် စက်ဆန်းကူးတို့ဆိပ်ရပ်ကွက် ပေါက်ကွဲမီးလောင်မှုတွင် ကျဆုံးသွားသော မီးသတ်ရဲဘော်များအား ဂုဏ်ပြုရေးသားသည်။)

လှကျော်

source by : မဇ္ဈိမ

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, December 29, 2011

မင်္ဂလာတောင်ညွန် စက်ဆန်း မေတ္တာမွန် ဂိုဒေါင်များ မီးလောင် ပေါက်ကွဲမှု ဓာတ်ပုံများ

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

မင်္ဂလာတောင်ညွှန့်၊ စက်ဆန်း သင်္ဘောကျင်း အနီး လောင်ကျွမ်းနေသော မီးကြောင့် မီးသတ်သမား (၄) ဦး တိုင်းပြည် အတွက် အသက်ပေး လှူသွားခဲ့ရသည်။အဆိုပါ မီးသတ် ၀န်ထမ်း(၄)ဦး၏ နာမည် များမှာ ဦးမျိုးကျော်ကျော် ၊ ဦးအောင်အောင် ၊ ဦးဇော်ဌေး ၊ ဦးတင်စိုးတို့ ဖြစ်ကြောင်း ဒဏ်ရာရသူ ကျား (၅၅) ဦး၊ မ (၁၆) ဦး၊ ပျောက်ဆုံးဆဲ (၂၃) ဦး ဖြစ်ကြောင်း လျှပ်တစ်ပြက် အထူး သတင်းထောက်က နံနက် (၅) နာရီခွဲ အချိန် တိုက်ရိုက် သတင်း ပေးပို့သည်။

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, December 22, 2011

ကမ္ဘာအေး ဘုရား အန္တရာယ် များနေပြီ ကူညီစေချင်သည် 力を貸してくださいませんか。

ဒီကမ္ဘာအေး ဘုရားဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကတည်းက ကျနော်ရဲ့ မိတ်ဆွေ Mr. Yasuhiro Kurashima ရဲ့ ကျေးဇူးကြောင့် သိခွင့် ရခဲ့တာပါ။ Mr. Yasuhiro Kurashima ရဲ့ မနီးမဝေး နေရာမှာ နေထိုင်ပြီး၊ အဲဒီဘုရားကို တစ်နှစ် ၃ ခေါက်လောက် ရောက်ပါတယ်။ ကျနော်လည်း ကျနော်ထုတ်ထားတဲ့ ဝိပဿနာ တရား အားထုတ်နည်း (မိုးကုတ် ဆရာတော် ဘုရားကြီးနည်း) ဂျပန် ဘာသာပြန်ကို မြန်မာပြည် ကနေ ပို့ပေးခဲ့ဘူးပါတယ်။ သို့သော်လည်း မည်သည့် အကြောင်း ပြန်ကြားစာကိုမျှ မရခဲ့ဘူးပါဘူး။ ဒါပေမဲ့ ဒီကနေ့တော့ မည်သည့် အကြောင်းကြောင့်ရယ် မသိ။ ပြဿနာ တက်နေပြီ ဆိုတာတော့ အမှန်ပါ။ ဒီကိစ္စကို လည်း ဒီဘုရားကို သံယောဇဉ်ရှိနေတဲ့ ကျနော့် မိတ်ဆွေ ကပင် ( “ကမ္ဘာ့ ငြိမ်းချမ်းရေး ဘုရား” ပျောက်ကွယ် သွားတော့မလား မသိဘူး။ တကယ် ဖြစ်လာ ခဲ့ရင်တော့ ဝမ်းနည်းစရာပဲ)လို့ Face book မှာ ဆုံတွေ့ပြီး၊ ၁၅.၁၂.၂၀၁၁ နေ့က ပေးပို့ အကြောင်းကြား ခဲ့တာပါ။

မြန်မာပြည်မှ မြန်မာများ ( သို့ ) ဂျပန်ရောက် မြန်မာများ၊ ဂျပန်နိုင်ငံနှင့် အဆက်သွယ် ရှိသော၊ သက်ဆိုင်ရာ အကြီးအကဲများနှင့် ရင်းနှီး ကျွမ်းဝင်သော၊ တစ်ဖက် တစ်လမ်းက တတ်နိုင်စွမ်း ရှိသော ပုဂ္ဂိုလ်များ ရှိပါက အကူအညီများ ပေးနိုင်ပါရန် ပေးပို့လာသော ဆောင်းပါး မူရင်းနှင့် အတူ အောက်ပါ အတိုင်း(တိုက်ရိုက်) ဘာသာပြန်ပေး လိုက်ပါသည်။ စေတီတော်ရဲ့ ဓါတ်ပုံကိုပါ ပို့ပေး လိုက်ပါတယ်။

တတ်စွမ်း သရွေ့ သာသနာပြု နိုင်ကြပါစေ
သောင်းနိုင်ဦး (ဧည့်လမ်းညွှန်)
မန္တလေး
========================================
門司・世界平和パゴダの存続(そんぞく)を呼びかける声明(せいめい)
2011年12月11日

門司・世界平和パゴダの存続を求(もと)める有志の会

現在、北九州市門司区の「世界平和パゴダ」が閉鎖の危機にあり、現在お住まいのお2人のビルマ僧が年内に建物から退去することを求(もと)められています。私たちはこの問題を深く憂慮するものです。

このパゴダと僧院は1957年、当時のビルマ首相ウー・ヌのもと、ビルマ仏教会と日本側の寄付ならびに門司市の協力により、門司港(もじこう)を望む高台にある和布刈公園内に建立されました。本僧院は日本唯一のビルマ式仏教僧院であり、設立以来一貫して、ビルマ本国から派遣された高僧が滞在されてきました。そして第二次世界大戦の犠牲者の供養と世界平和を祈念する場として、また日本国内のビルマ仏教の布教の拠点として、関係者の皆様や地域の方々に支えられながら、過去50年以上にわたって存続してきました。

私たちは、異なる伝統である上座部仏教の教えを日本に広めてこられた長老の方々はもちろんのこと、建物の維持管理や僧侶方のお世話も含め、これまで尽力されてきたすべての方々に敬意を表します。世界平和パゴダの半世紀を越える歩みそのものが、アジア太平洋戦争後の日緬両国の民間交流の一つの象徴であり、たいへん貴重な財産であると考えます。

しかし現在、この僧院の存続が危ぶまれる状況にあります。RFAビルマ語放送では既に報じられていますが、現在僧院におられる長老や関係者の話によると、宗教法人の役員会内部に、施設の閉鎖を主張する強い意見があります。そして近いうちにパゴダ全体の閉鎖が予定されているだけでなく、お2人の長老については今月25日までの退去を迫られているのです。この件については、RFAでの放送を契機として在日ビルマ人の間にも危惧する声が広がり始めています。他方、東京のミャンマー大使館や本国政府関係者もこの問題は把握しているとのことですが、施設の今後と僧侶の処遇に関してはっきりとした態度を表明するには至っていません。

ウー・ヌ政権の仏教振興政策については、皆様の評価も決して一様ではないと存じます。しかしビルマ本国でも知られる「門司のパゴダ」は、日緬両国の文化交流の歴史にとってかけがえのない場所であることは確かです。建物はビルマ戦線に多くの兵士を送り出した門司港を見下ろす高台に位置し、戦争犠牲者の供養の意味も込(こ)められています。こうした文化的・歴史的にも貴重な場が、十分な議論のないまま一方的に閉鎖・廃止されることがあってはならないと考えます。もし廃止となれば、再建は事実上不可能でしょう。

門司の世界平和パゴダは、日本とビルマの間に仏教文化を中心として親善を深め、人類の幸福と世界平和を願って両国民の善意により出来た、このように言われております。私たちは日緬両国と世界の皆さんに対し、今回の問題への注目を訴えるとともに、世界平和パゴダという、日緬両国の文化と友好のかけがえのない財産を守るために、日緬両政府におかれましては積極的な役割を果たすよう訴えます。また関係(かんけい)する皆様方におかれましては、パゴダの存続にお力をお貸しいただけるよう、何らかの形でご尽力を賜りたいと存じます。
なお、詳細については以下にお問い合わせください。
馬島浄圭(僧侶、電話:090-3958-3743)
守屋友江(阪南大学教授 tmoriya@hannan-u.ac.jp)

Address

U Khe Min Da
Myanmar Buddhist Mission to Japan
World Pesce Pagoda, Mekari Park
Mojiku, kitakyushu city, Japan
(Taung Goo City, Myanmar)
Tel: (093)(321)1024
Po: Box 8010855

========================================

ဂျပန်နိုင်ငံ MOJI အရပ်ရှိ “ကမ္ဘာ့ ငြိမ်းချမ်းရေး ဘုရား”(ကမ္ဘာအေးစေတီ) ၏ ဆက်လက် ရပ်တည်မှု ကျေညာချက်

( ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် )

ဂျပန် နိုင်ငံ MOJI အရပ်ရှိ “ကမ္ဘာ့ငြိမ်းချမ်းရေး ဘုရား”(ကမ္ဘာအေး စေတီ) တည်တံ့ ခိုင်မြဲမှု တောင်းဆိုရေး အဖွဲ့

ယခုအခါ ဂျပန်နိုင်ငံ မြောက်ပိုင်း kyushuမြို့ MOJI အရပ်ရှိ “ကမ္ဘာ့ ငြိမ်းချမ်းရေး ဘုရား”ဟာ ပိတ်သိမ်း မည့် အန္တရာယ်နှင့် ရင်ဆိုင် ကြုံတွေ့နေရပြီး၊ လက်ရှိ သီတင်းသုံး နေသော ဘုန်းတော်ကြီး နှစ်ပါးသည် ယခုနှစ် အတွင်းမှာ ကျောင်း သင်္ခန်းများမှ စွန့်ခွာဖို့ တောင်းဆို နေကြသည်။ ကျွန်တော် တို့သည် ၎င်းပြဿနာ အတွက် အတော်လေးပင် စိုးရိမ် နေကြရပါသည်။

အဆိုပါ ဘုရား စေတီနှင့် ဘုန်းတော်ကြီး ကျောင်းသည် ၁၉၅၇ ခုနှစ်၊ ထိုအချိန်က ဗမာနိုင်ငံ ဝန်ကြီးချုပ် ဦးနု အစ ထား၍ ဗမာ နိုင်ငံ ဗုဒ္ဓဘာသာ အသင်းနှင့် ဂျပန် နိုင်ငံဘက်မှ အလှူရှင် တို့နှင့် အတူ၊ MOJI မြို့ရဲ့ ပူးပေါင်း ပါဝင် ကူညီမှုတို့ဖြင့်၊ MOJI ဆိပ်ကမ်းကို မျက်နှာမူ နေသည့် TAKADAI တွင်ရှိ WAMEKARI ပန်းခြံ အတွင်းမှာ တည်ထား ကိုယ်းကွယ် ခဲ့ပါသည်။ ပင်မ ဘုန်းတော်ကြီး ကျောင်းဟာ ဂျပန် နိုင်ငံမှသာ ကုန်ကျခံခဲ့ကာ ဗမာ နိုင်ငံ ပုံစံ ဘုန်းတော်ကြီးကျောင်း ဖြစ်ပြီး၊ တည်ဆောက်ပြီးသည့် အချိန်မှ စ၍ ဗမာပြည်မှ စေလွှတ်ထားသည့် ဆရာတော်မြတ် သီတင်းသုံး နေထိုင်တော် မူလာခဲ့ပါသည်။ ထို့နောက် ဒုတိယကမ္ဘာ စစ်ကြီးမှာ အနစ်နာ ခံစားခဲ့ရသော သူတို့၏ လှူဒါန်းမှုနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးကို ဆုတောင်း မေတ္တာ ပို့သရာ နေရာတစ်ခု အနေဖြင့် လည်းကောင်း၊ တဖန် ဂျပန် နိုင်ငံတွင်းသို့ ဗမာနိုင်ငံ၏ ဗုဒ္ဓဘာသာ ပြန့်ပွားရေး ခြေကုပ်ဌာန အဖြစ်ဖြင့် လည်းကောင်း သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ ဒေသ ဆိုင်ရာ ပုဂ္ဂိုလ်များ၏ ထောက်ပံ့ ကူညီမှု တို့ကို ရယူကာ အတိတ် ဆိုသော နှစ်ပေါင်း ၅၀ ကျော်ကို ဖြတ်သန်း လာလျှက် ယနေ့ထက်တိုင် ရပ်တည်လျှက် ရှိနေပါသည်။

ကျွန်တော် တို့သည် မတူညီတဲ့ ရိုးရာ ကိုယ်းကွယ်သည့် ဘာသာ ဖြစ်တဲ့ ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ တရားတော် များကို ဂျပန် နိုင်ငံ တစ်ဝန်းလုံးသို့ ပျံ့ပွားအောင် ဆောင်ရွက် ပေးခဲ့သော လူကြီးမင်း အပေါင်း တို့မှာ ဆိုဖွယ်ရာ မရှိအောင် ကျေးဇူးတရားကြီးမားလှပြီး၊ ဘုရား ကျောင်းကန် စသည့် သာသနိက အဆောက်အဦများ ထိန်းသိမ်း စောင့်ရှောက်ရေး၊ ဆရာတော်များ၏ ပစ္စည်း လေးပါးမှ အစ ယနေ့ ထက်တိုင် ကြိုးပမ်း အားထုတ် ပေးခဲ့သော ပုဂ္ဂိုလ် အပေါင်း တို့အား အလေးအမြတ် ပြုပါကြောင်း ပြောကြား လိုပါသည်။ ကမ္ဘာ့ ငြိမ်းချမ်းရေးဘုရားရဲ့ ရာစု နှစ်ဝက်ကျော် ဖြတ်သန်း လျှောက်လှမ်း လာနိုင်ခဲ့ခြင်းဟာ အာရှ ပစိဖိတ် စစ်ပွဲကြီး အပြီး နောက်ပိုင်း ဂျပန် မြန်မာ နှစ်နိုင်ငံ လုပ်သား ပြည်သူများ ပေါင်းကူး ဆက်ဆံရေးတို့၏ တစ်ခုတည်းသော အမှတ် သင်္ကေတ ဖြစ်ပြီး၊ အလွန် တန်ဘိုးကြီးသော အမွေအနှစ်ပင် ဖြစ်ကြောင်း မှတ်ယူမိသည်။

သို့သော်လည်း ယနေ့ အဆိုပါ ဘုန်းတော်ကြီးကျောင်းရဲ့ ဆက်လက်ရပ်တည်မှုအတွက် အန္တရာယ်များနှင့် ရင်ဆိုင်နေရပါသည်။ RFA ဗမာစာအသံလွှင့်ဌာနက ကြိုတင်လွှင့်ထုတ်ထားပြီဖြစ်ပြီး၊ ယခုလက်ရှိ ဘုန်းတော်ကြီးကျောင်းတွင်သတင်းသုံးနေထိုင်နေသော ဆရာတော်များ၊ ဆက်နွယ်ရာ ပုဂ္ဂိုလ်များ၏ ပြောစကား အရ၊ ဘာသာရေး ဆိုင်ရာ စည်းကမ်း ထိန်းသိမ်းရေး အလုပ် အမှုဆောင်အဖွဲ့ အတွင်းမှာ သာသနိက အဆောက်အဦးများ ဖျက်သိမ်းရန် အတွက် အပြင်းအထန် အရေး ဆိုနေသည့် သဘောများ ရှိနေပါသည်။ ၄င်းအပြင် မကြာသေးမီက စေတီ တစ်ခုလုံးကို ပိတ်ဆို့ရုတ်သိမ်းပစ်ရုံသာမက၊ အဆိုပါ ဆရာတော် ၂ ပါး မှာလည်း ယခုလ ၂၅ ရက်နေ့ အထိ ပစ်ခွာ ရှောင်ဖယ် နေပါတော့သည်။ ၄င်း အမှုကိစ္စနှင့် ပတ်သက်ပြီး RFA ၏ ထုတ်လွှင့်ချက်ကို အကြောင်းပြု၍ ဂျပန်နိုင်ငံရောက် ဗမာ လူမျိုးများကြားမှာလည်း စိုးရိမ်ကြောင့်ကြမှု ပြောဆိုသံများ ပျံ့နှံ့နေပါသည်။ အနယ်နယ် အရပ်ရပ်၊ တိုကျိုမြို့ရှိ မြန်မာ သံရုံးနှင့် မြန်မာ နိုင်ငံ အစိုးရ၏ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များပါ ၎င်းပြဿနာကို သေချာ ကိုင်တွယ် ဖြေရှင်း နေကြရပြီး၊ အဆောက်အဦ များရဲ့ အနာဂါတ် အရေးနဲ့ ဆရာတော်များ အတွက် မျှတ ညီညွတ်စေရန် သိသိ သာသာ ဆောင်ရွက် မပေးနိုင်သေး ဖြစ်နေပါသည်။

ဦးနု အစိုးရရဲ့ ဗုဒ္ဓဘာသာ ဆိုင်ရာ မူဝါဒနှင့် ပတ်သက်ပြီး လူကြီးမင်း တို့၏ တန်ဘိုးထားမှုလည်းပဲ မည်သို့မျှ မတူညီပါလို့ ယုံကြည်သည်။ သို့သော်လည်း ဗမာနိုင်ငံ အနေနဲ့လည်း သိရှိပြီးဖြစ်သည့် အဆိုပါ MOJI မှ ဘုရား စေတီဟာ ဂျပန် မြန်မာ နှစ်နိုင်ငံရဲ့ ယဉ်ကျေးမှု ပူးပေါင်း ဖလှယ်ရေး သမိုင်းကြောင်း တစ်လျှောက်မှာ နောက်ထပ် ဘယ်လိုမှ အစားထိုး မရနိုင်တော့တဲ့ နေရာ ဖြစ်တယ် ဆိုတာ အသေအချာ ပြောနိုင်ပါသည်။ အဆောက်အဦများဟာ ဗမာပြည် စစ်လမ်းကြောင်းသို့ များစွာသော တပ်သားများကို ပို့လွှတ်တဲ့ Moji ဆိပ်ကမ်းကို အပေါ်မှ မြင်နိုင်သည့် TAKADAI မှာ တည်ရှိကာ၊ စစ်အတွင်းမှ အနစ်နာခံ ဆုံးရှုံးခဲ့ရသူများ အတွက် အမျှပေးဝေမှုအဓိပ္ပါယ်များလည်း ပါဝင်ကိန်းအောင်းနေပါသည်။ ထိုကဲ့သို့ ယဉ်ကျေးမှုဆိုင်ရာ အားဖြင့် လည်းကောင်း၊ သမိုင်းကြောင်း ဆိုင်ရာ အားဖြင့် လည်းကောင်း တင်ဘိုးကြီးမားလှသော နေရာတစ် ခုသည် ပြီးပြည့်စုံ လုံလောက်သော ဆွေးနွေးမှု အလျဉ်း မရှိစွာဖြင့် တစ်ဖက်သတ် ပိတ်ဆို့ ရုပ်သိမ်းခံ ရခြင်းဟာ မည်သို့မျှ မစဉ်းစားနိုင် ဖြစ်ရသည်။ အကယ်၍ ရုပ်သိမ်းမည်ဟု ဆိုခဲ့ပါလျင် ပြန်လည် တည်ဆောက်ဖို့ ဆိုသည်မှာ လက်တွေ့တွင် မည်သို့မျှ မဖြစ်နိုင်ပါ။

MOJI မှာ တည်ရှိသည့် ကမ္ဘာ့ငြိမ်းချမ်းရေး ဘုရားသည် ဂျပန် နိုင်ငံနှင့် ဗမာ နိုင်ငံကြားမှာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို ဗဟိုပြု၍ ချစ်ကြည်ရေးတို့ကို ပိုမို နက်ရှိုင်းစေပြီး၊ လူသား အားလုံး၏ သာယာ ချမ်းမြေ့မှုနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးကို တောင်းဆုပြုပြီး နှစ်နိုင်ငံ ပြည်သူ အများရဲ့ စိတ်ရင်း စေတနာ ကောင်းမှုတို့ကြောင့် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ဆိုကြပါသည်။ ကျွန်တော် တို့သည် ဂျပန် မြန်မာ နှစ်နိုင်ငံနှင့် ကမ္ဘာ့ လူသား အားလုံးကို ဦးတည်၍ ယခု ပြဿနာရဲ့ ရင်းမြစ်ကို တိုင်ကြားခြင်းနှင့် အတူ ကမ္ဘာ့ ငြိမ်ချမ်းရေး ဘုရားလို့ ခေါ်သော ဂျပန် မြန်မာ နှစ်နိုင်ငံရဲ့ ယဉ်ကျေးမှုနှင့် ချစ်ကြည်ရေး အတွက် အစားထိုးမရနိုင်တဲ့ အမွေအနှစ်ကို ကာကွယ် စောင့်ထိန်းဖို့ အတွက် ဂျပန် မြန်မာ နှစ်နိုင်ငံ အစိုးရများမှ စေတနာ ထက်သန် တာဝန် ကျေပွန်စွာ ဆောင်ရွက် ပေးနိုင်သည် အထိ တင်ပြတိုင်ကြားသွားမည်ဖြစ်ပါသည်။ ၄င်းအပြင် အဓိက သက်ဆိုင်နေပါသော ဆရာ တော်များအားလည်း ကမ္ဘာ့ ငြိမ်းချမ်းရေး ဘုရား ဆက်လက် တည်တဲ့ခိုင်မြဲ နေစေရေး အတွက် အကူအညီ ပေးကြပါရန် အနူးအညွတ် မေတ္တာ ရပ်ခံ တောင်းခံ အပ်ပြီး၊ တဖက် တလမ်းမှ အစွမ်းကုန် ကြိုးစားဆောင်ကြဉ်း ပေးကြလိမ့်မည်လို့လည်း ယုံကြည်ပါသည်။

အသေးစိပ် သိရှိလိုပါက အောက်ပါ အတိုင်း မေးမြန်း နိုင်ပါသည်။
Umashima shokei ( ဆရာတော် Ph: 090 – 3958 – 3743 )
Moriyatomoe ( Hannandaigaku kyoju) ( tmoriya@hannan-u.ac.jp )

သာသနာပြုနိုင်ကြပါစေ
မေတ္တာအနန္တဖြင့်
သောင်းနိုင်ဦး (ဧည့်လမ်းညွှန်)
မန္တလေး
===========================================================
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, December 20, 2011

အာဏာရှင် မဟန ပြောင်းလဲသင့်ပြီလော

ဦးပညာဇောတ | ရဟန်း သံဃာတော်များသည် ဘုရားရှင် လက်ထက်ကထဲကပင် အစုအဖွဲ့နှင့်နေလာခဲ့သည်မှာ ယနေ့ မျက်မှောက်ခေတ် တိုင်အောင်ပင် ဖြစ် ပါတယ်။ နောင်လည်းပဲ အစုအဖွဲ့ အနေနှင့်ပင် ဆက်လက်နေသင့်နေကြရမှာ ဖြစ်ပါတယ်။ တပါးကို ပုဂ္ဂလ၊ နှစ်ပါး သုံးပါးကို ဂဏ၊ လေးပါးနှင့် လေးပါးအထက်ကို သံဃာလို့ဟောထားသဖြင့် သံဃာဟုဆိုလိုက်လျှင်ပင် အဖွဲ့အစည်း တခုဖြစ်နေပါတယ်။ သံဃာဆိုတဲ့ အဓိပ္ပါယ်ကလည်း အစုအဖွဲ့နဲ့နေတဲ့ ပေါင်းစုထားတဲ့ အဖွဲ့အစည်းလို့ ဆိုလိုတာပဲဖြစ်ပါတယ်။ ထပ်မံ၍ ဖွဲ့နေစရာ မလိုတဲ့သဘောပါ။

ဗုဒ္ဓက သူ့သာသနာတော်သို့ ဝင်ရောက်လာသူမှန်သမျှကို ဝိနည်း သိက္ခာပုဒ် အတိုင်း လိုက်နာနေထိုင်ပါက သံဃာ့အဖွဲ့ဝင်အဖြစ် အသိအမှတ် ပြုပါတယ်။ မှတ်ပုံတင်မရှိကြသလို မည်သည့်အစိုးရထံမှလည်း ရဟန်းဖြစ်ကြောင်း ဟုတ်မှန်ကြောင်း တောင်းခံရတာမျိုး မရှိခဲ့ပါဘူး၊ အချင်း ချင်း ကြီးစဉ်ငယ်လိုက် ထေရက္ကမအစဉ်ဖြင့် အရိုအသေပေးပြီး သီတင်းသုံးနေထိုင်ကြရပါတယ်။ ပါရာဇိက ၄ ပါး မကျူးလွန်သေးသမျှ ရဟန်းအဖြစ်ကရပ်စဲတယ်ဆိုတာ မရှိပါဘူး။ ရဟန်းအဖြစ်က ရပ်စဲလို့လည်းမရပါဘူး။ အာဏာအသုံးပြုပြီး သင်္ကန်းဆွဲချွတ်ရင်တောင် သင်္ကန်းမရှိပေမယ့် ရဟန်းအဖြစ်တည်ရှိနေဆဲ ဖြစ်ပါတယ်။ သိက္ခာတင် ပဉ္စင်္ဂသိက္ခာချ ဆလင်္ကာဆိုတဲ့ အင်္ဂါရပ်များနဲ့ညီမှ သင်္ကန်းဝတ်တာ၊ ချွတ်တာဆိုတာကို လုပ်လို့ရပါတယ်။ ချွတ်ချင်တိုင်း ချွတ်လို့ မရပါဘူး။ ဗုဒ္ဓဘာသာဝင်အမည်ခံထားပြီး ဝိနည်းကိုနားမလည်တဲ့ လူ့အန္ဓ များကတော့ သင်္ကန်းမရှိတော့ရင် ရဟန်းမဟုတ်တော့ဘူးလို့ ထင်နေကြပုံရပါတယ်။

မြန်မာနိုင်ငံမှာ မဆလ ခေတ် ၁၉၈၀/၁၉၈၁ ခုနှစ်က သံဃာတော် ၄၇ ပါးနဲ့အတူ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ပေါ်ပေါက်လာခဲ့ပါတယ်။ မဆလ အာဏာရှင်ကြီးစိုးချိန်ဖြစ်လို့ လုပ်ချင်တာလုပ်နိုင်တယ်ဆိုပေမယ့် ဒီမဟနအဖွဲ့ကို လွယ်လွယ်နဲ့ဖွဲ့နိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ သံဃာတော်များ မှတ်ပုံတင်မလုပ်ရေးကို ဆရာတော်ကြီးများစွာက ကန့်ကွက်ခဲ့ကြပါတယ်။ မှတ်ပုံတင်လုပ်ခိုင်းတဲ့နောက်ကွယ်မှာ သံဃာ့ အဖွဲ့အစည်းတခုဖွဲ့ပြီး ယင်းအဖွဲ့ကို အသုံးပြုကာ သံဃာအချင်းချင်း အုပ်ချုပ်ခိုင်းမည့် ဦးနေဝင်းအစိုးရရဲ့ ရည်ရွယ်ချက်ကို ဆရာတော်ကြီး များက ကောင်းစွာသိနေသည့်အတွက် ကန့်ကွက်ခဲ့ခြင်းဖြစ်ပါတယ်။

ဦးစိန်လွင်က ဆရာတော်ကြီးများကို လိုက်လံစည်းရုံးစဉ်အခါမှာ တချို့ဆရာတော်ကြီးများကဆိုရင် သံဃာတွေကို ညှဉ်းဆဲနှိပ်စက်မယ့် အထဲမှာ ငါတို့ကိုဆွဲမထည့်နဲ့ မလုပ်နိုင်ဘူးလို့တောင် ပြောဆိုလွှတ်လိုက်တာမျိုးတွေ ရှိခဲ့ပါတယ်။ ကန့်ကွက်သည့်သံဃာဦးရေများလာ သည့်အခါ သံဃာတော်တချို့ကို ပါရာဇိက ဝိနည်းသိက္ခာပုဒ်နှင့် လိမ်ညာစွပ်စွဲပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သတင်းဌာနနှင့် ရေဒီယိုတို့မှ “သံဃာအတုတွေ သာသနာဖျက်မည့်သူတွေ ပေါ်ပေါက်” လို့ ဟု မဟုတ်မမှန် လုပ်ကြံကြေညာကာ သံဃာ့အဖွဲ့အစည်းကို အဓမ္မဖွဲ့စည်းခဲ့ပါ သည်။ ၁၉၉၀ ခု ပတ္တနိက္ကုဇ္ဇန ကံဆောင်စဉ်ကလည်း ပြည်သူအများက ရဟန်းသံဃာတော်များအပေါ် ထင်ယောင်ထင်မှားဖြစ်အောင် လိမ်ညာ ဝါဒဖြန့်ပြီး သံဃာတော်များကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။၂၀၀၇ ခုနှစ်ကလည်း အလားတူ လုပ်ရပ်မျိုးလုပ်ပြီး သံဃာတော်များကို ဖမ်းဆီးကာ ထောင်ချခဲ့ပါတယ်။

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဖြစ်ပေါ်လာသည့်အခါ မဆလ အစိုးရဟာ သာသနာတော်ကို ကြည်ညိုဟန်ဆောင်ပြီး ရုပ်ရှင် ဂီတ သဘင် အနုပညာရှင်များနှင့်အတူ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွေ အကြီးအကျယ်လုပ်ကာ မဟန ဆရာတော်များကို ရာထူးက မဆင်းနိုင် အောင် ဖြားယောင်းခဲ့ပါတယ်။ ဖုန်း၊ ကား၊ ကျောင်းမြေကွက်များပေးသည့်အပြင် လုပ်ပိုင်ခွင့်အာဏာများလည်း အပြည်အဝ ပေးထားသည့် အတွက် ဆရာတော်တချို့ဟာ သာမန်လူသားများကဲ့သို့ပင် ရာထူးက ဆင်းပေးရမှာကို စိုးရိမ်လျှက်ရှိပါတယ်။ ရာထူးမြဲရေးအတွက် အာ ဏာပိုင်အဆင့်ဆင့်ခိုင်းတာကိုလုပ်နေသည့်အပြင် လာဘ်ထိုးပြီးနေရာရအောင် လူပြန်တော်ပွဲစားတွေကတဆင့် ကြိုးစားလုပ်ဆောင်တာ တွေလည်း ရှိခဲ့ပါတယ်။ ရာထူး လာဘ်လာဘများနဲ့ စည်းလုံးနေတဲ့ သံဃာများကို ခွဲပစ်လိုက်တာပါပဲ။

မဆလ အစိုးရဟာ ရာထူးမက်မောနေသည့် မဟနဆရာတော်အချို့ကိုအသုံးပြုလျှက် ရဟန်းသံဃာများအတွက် ညွှန်ကြားလွှာအမိန့် အသီးသီးထုတ်ပြီး အုပ်ချုပ်ခဲ့ပါတယ်။ အဖွဲ့အစည်း မရှိခင်က ညီညွတ်နေသည့် မြန်မာရဟန်းသံဃာ၏ အချင်းချင်း ညီညွတ်ရေးတွေ ပြိုကွဲလာပါတယ်။ ရဟန်းသံဃာများအနေနဲ့လည်း မဆလအစိုးရကို အပြစ်မမြင်တော့ဘဲ မဟနကိုသာ အမြင်မကြည်မလင် ဖြစ်လာပါတယ်။ ရဟန်းငယ်များ တခုခုလုပ်တိုင်း မဟန အဖွဲ့ကို ညွှန်ကြားလွှာထုတ်စေပြီး ကျောင်းတိုက်အပြင်ထွက်ခွင့်မပေးဘဲ အပြင်လူထုနှင့် အဆက် အသွယ် ပြတ်သွားအောင် ကျောင်းထိုင်ဆရာတော်များကတဆင့် ထိန်းချုပ်စေပြီး သံဃာချင်းတိုက်ပေးတဲ့နည်းကို အသုံးပြုပါတယ်။

အာဏာရှင်အဆက်ဆက်များဟာ မဟန အဖွဲ့ကြီးကိုလည်း မြေမှု၊ ကျောင်းမှု၊ ပါရာဇိက အမှုတွေမှာ ကမ္ဘာအေးရှိ သာသရေးဦးစီဌာနက လူပြန်တော်ပွဲစားများကတဆင့် လာဘ်စားတတ်အောင်သင်ပေးပြီး ငွေများ တရားနိုင်တဲ့အဖွဲ့အဖြစ် ရောက်ရှိစေခဲ့ပါတယ်။ အမှုကိစ္စဖြစ် သည့်အခါ အမှုနိုင်ရေးအတွက် ငွေဘယ်လောက်ပေးရမယ်ဆိုတာမျိုးကို လူပြန်တော်တွေကတဆင့်ပြောဆိုပြီး လူပြန်တော်နဲ့ ဝိနိစ္ဆယ ( တရားရေးအဖွဲ့) တို့ ခွဲဝေယူတာမျိုးတွေအထိ ဖြစ်လာပါတယ်။

မဟန အဖွဲ့ကြီးကို “သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့ခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက်တွေက ကောင်းမွန်သည့်အတွက် ကြိုဆိုထောက်ခံမှုတွေ အများကြီးရရှိခဲ့ပါတယ်။ ရည်ရွယ်ချက်တွေက ကောင်းမွန်ပေမယ့် မဟနအဖွဲ့ရဲ့ အဝိဇ္ဇာ မောဟတရားများဖုံးလွှမ်းတာအားကြီးလာပြီး လာဘ်စားမှု၊ အဂတိလိုက်စားမှု၊ အာဏာရှင်များရဲ့ အသုံးချခံနေရမှု စသည်များကြောင့် သာသနာတော်ဟာ မသန့်ရှင်းဘဲ ပို၍ပင် ညစ်နွမ်းလာရပါတယ်။ တည်တံ့ပြန့်ပွားအောင်လုပ်ရာမှာလည်း နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်တွေပေါ်လာပေမယ့် ရဟန်းငယ်များ လွတ်လပ်စွာ ဆွေးနွေးခွင့် တင်ပြခွင့်တွေ မရှိပါဘူး။ ခေတ်အမြင်ရှိပြီး သာသနာတော် တိုးတက်စေလိုတဲ့ဆန္ဒရှိတဲ့ ရဟန်းငယ်များဟာ တက္ကသိုလ်တွေရဲ့လိုအပ်ချက် အားနည်းချက်တွေ၊ မသမာမှုတွေကို တင်ပြချင်ပေမယ့် ကျောင်းက အထုတ်ခံရမှာစိုးရိမ်နေသည့်အတွက် စိတ်ဆင်းရဲစွာနဲ့ပဲ ပညာသင်ကြားနေကြရပါတယ်။

နိုင်ငံတော်ကနေပြီး ပြည်ပကို သာသနာပြုလွှတ်ရန်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ နိုင်ငံတော် ပရိယတ္တိသာသာနာ့ တက္ကသိုလ်တွေ (နပသ) တွေ ဖွင့်ထားသော်လည်း အရည်အချင်း မပြည့်စုံမှု၊ အာဏာရှင်စနစ်ပမာ အုပ်ချုပ်မှု စာသင်သံဃာတော်များ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်မှု စတဲ့အကြောင်းများကြောင့် နှစ်ပေါင်း ၂၇ နှစ်ကြာသည့်တိုင် ပြည်ပသာသနာပြုတွေ မလွှတ်နိုင်သေးပါဘူး။ ကိုယ့်အစီ အစဉ်နဲ့ ပြည်ပထွက် သာသနာပြုနေကြသည့်သံဃာတော်များရှိလို့သာ မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာအကြောင်းကို ကမ္ဘာက သိနေခြင်း ဖြစ်ပါတယ်။

နပသမှာ သာသနာချစ်တဲ့စိတ်နဲ့ အမှန်တရားကိုတင်ပြသူများကိုတော့ နည်းမျိုးစုံနဲ့ အထဲမှာမနေနိုင်အောင် ဖိအားပေးခံရပါတယ်။ စာမေး ပွဲအချခံရခြင်း အပြစ်သေးသေးလေးကိုအကြောင်းပြကာ နှင်ထုတ်ခံရခြင်းများပြုလုပ်ပြီး ခိုင်းသမျှလုပ်ပေးသူများကိုတော့ နေရာပေးထားကာ ခွဲခြားအုပ်ချုပ်သည့်စနစ်ကို တရားမဝင် ကျင့်သုံးနေပါတယ်။ မဆလနဲ့ နဝတ ခေတ်မှာ ခဏတဖြုတ် ပြည်တွင်းမှာ သာသနာပြန့်ပွားဖို့အတွက်လုပ်ခဲ့ပေမယ့် ၎င်းနောက်ပိုင်း ယနေ့အချိန်အထိ ပြည်သူပြည်သားများ အသိဉာဏ်ပညာတွေနဲ့ ဘာသာတရားပြန့်နှံ့မှုများအတွက် ဘာမှလုပ်ဆောင်တာ မရှိတော့ပါဘူး။

မဟန အဖွဲ့ဟာ သာသနာတော်နဲ့သက်ဆိုင်တဲ့ ကိစ္စအဝဝကို လုပ်ကိုင်ဆောင်ရွက်ပေးရမှာ ဖြစ်ပေမယ့် သာသနာ့အကျိုး သံဃာ့ အကျိုးကို မဆောင်ရွက်နိုင်ဘဲ အာဏာရှင်အဆက်ဆက်ရဲ့ အကျိုးဆောင် လက်ကိုင်တုတ်ဖြစ်လာနေပါတယ်။ မဆလရှိစဉ်က မဆလခိုင်းတာ လုပ်ပေးရပြီး နဝတ နအဖ ခေတ်တွေရောက်တော့လည်း ဒီစစ်အာဏာရှင်တွေရဲ့ ခိုင်းစေတာကို လုပ်ပေးခဲ့ပါတယ်။ အခုလည်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ သာသနာ့မျက်နှာကိုမကြည့်ဘဲ အာဏာရှိသူ အစိုးရမျက်နှာကိုကြည့်နေတဲ့အဖွဲ့အဖြစ်ပဲ တည်ရှိနေပါတယ်။ အာဏာ ရှင်အစိုးရတွေ ပုံစံမျိုးစုံ ပြောင်းသွားသော်လည်း မဟန အာဏာရှင်ကတော့ မပြောင်းလဲသေးပါဘူး။

သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် မဟန အဖွဲ့ကြီးရှိပါလျှက်နဲ့ ၂၀၀၇ မှာကျောင်းတိုက်တွေ ဝင်ရောက်စီးနင်းတာ သံဃာ တော်တွေ ဖမ်းဆီးထောင်ချခံရတာတွေမှာ သံဃာများရှေ့ကနေ ရပ်တည်ပြီး ဘာမှ မလုပ်ပေးနိုင်တဲ့အပြင် ရာထူးအာဏာ တည်မြဲရေး အတွက် အလိုတူအလိုပါ စစ်အာဏာရှင်ဘက်ကတောင် ရပ်တည်ပြီး လိုက်ပါဆောင်ရွက် ဟောပြောပေးတာတွေရှိပါတယ်။ ကြခတ်ဝိုင်း ဆရာတော်လို ဆင်းရဲမျိုးစုံကြုံနေရပြီး မှန်ကန်တဲ့ပြည်သူ့ဘက်ကမရပ်ဘဲ အာဏာရှင်ကျေနပ်အောင် လုပ်ပြချင်တဲ့အဖွဲ့ဖြစ်နေတော့ မဟန အဖွဲ့ကို ယုံကြည်မှုတွေ ကျဆင်းလာနေပါတယ်။

မဟန အဖွဲ့ထဲက အမှန်အတိုင်း လုပ်ကိုင်ချင်တဲ့ဆရာတော်တချို့ဟာ လုပ်ပိုင်ခွင့်နေရာ မရရှိဘဲ အာဏာရှင်ခိုင်းတာ လုပ်ပေးတဲ့ ဆရာ တော်များကိုသာ လျှို့ဝှက်ပြီး ရွေးချယ်တင်မြှောက်ထားပါတယ်။ သာသနာတော်အတွက် မဟန အဖွဲ့ကြီး ရှိပါလျှက်နဲ့ သံဃာတော်များ ဖမ်းဆီးထောင်ချခံရတာတွေ ကျောင်းတိုက်များ ဝင်ရောက်ဖျက်ဆီးခံရတာတွေဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စရပ်တွေပဲဖြစ်ပါတယ်။ ရဟန်း ငယ်များဘက်က မားမားမတ်မတ်ရပ်ပေးရမယ့်အစား အာဏာရှင်ဘက်က ရပ်တည်ပေးတာဟာ သာသနာအတွက် ဝမ်းနည်းစရာအလွန် ကောင်းပါတယ်။

သံဃဝိနိစ္ဆယ (သံဃာ့တရားရုံး) တွေရှိပေမယ့် သံဃာတော်များ သင်္ကန်းချွတ်ခံရတာကို ဘာမှအကာအကွယ်မပေးခဲ့ပါဘူး။ သံဃာ့ တရား ရုံးဥပဒေအရ ဖြေရှင်းခွင့်မရဘဲ နှစ်ကြီးပြစ်ဒဏ်တွေ ကျခံကြရပါတယ်။ ရဟန်းတပါးမှာ အပြစ်ရှိတယ်ဆိုရင်တောင် သံဃာ့တရားရုံး အဆင့်ဆင့်က ပထမဆုံးတရားစီရင်ချက်ချပြီးမှ လူ (အရပ်သား) တရားရုံးက ဒုတိယစီရင်ချက်ချရတာ ဖြစ်ပါတယ်။ ရွှေဝါရောင် သံဃာ တော်များဟာ မဟနအဖွဲ့နဲ့ တရားဥပဒေရဲ့ အကူအညီလုံးဝမရတဲ့အတွက် လူဆိုးသူခိုးများလို နှိပ်စက်ညှင်းဆဲခံရတဲ့အပြင် နှစ်ရှည်ထောင် ဒဏ်တွေလည်း ကျခံနေရပါတယ်။

မဟန အဖွဲ့ရဲ့ အားနည်းချက်တွေကိုသိနေတဲ့ အာဏာရှင်အဆက်ဆက်ကလည်း သူတို့နဲ့ အမြင်မတူတဲ့ သံဃာတော်တွေ လူမှုရေးအဖွဲ့တွေ ပညာဒါန ကျောင်းတိုက်တွေကို လူထုအကျိုးပြု လုပ်ငန်းတခုခုလုပ်လာပြီဆိုရင် ဖိနှိပ်ဖို့အတွက် ဒီမဟနအဖွဲ့ကို အမြဲအသုံးချပြီး သံဃာ အချင်းချင်း မသင့်မြတ်အောင်လုပ်ကာ လူပြန်တော်များကို အမိန့်ညွှန်ကြားလွှာများ ရေးခိုင်းပြီး မဟန အဖွဲ့ကို လက်မှတ်ထိုး စာထုတ် ခိုင်းပါတယ်။ မဟနအဖွဲ့ကလည်း မှားသည် မှန်သည်ဆိုတဲ့အဖြစ်မှန်ကို သေချာစစ်မနေတော့ဘဲ အာဏာတည်မြဲရေးအတွက် စစ်အာဏာရှင် အစိုးရအကြိုက် လုပ်ဆောင်ပေးခဲ့ပါတယ်။

ဗုဒ္ဓဘာသာဟာ သံသရာလွတ်မြောက်ရေး လမ်းကြောင်းတခုထဲကိုသာသွားတဲ့ တလမ်းသွား မဟုတ်ပါဘူး။ လက်ရှိ လူနေမှုဘဝတွေမှာလည်း လူသားကောင်းကျိုး လောကကောင်းကျိုးတွေကိုလည်း ဆောင်ရွက်ပေးတဲ့ နှစ်လမ်းသွား ဖြစ်ပါတယ်။ ကျန်မာရေး ပညာရေး အသိဉာဏ်နဲ့ အထွေထွေ ဗဟုသုတတွေ သင်ပေးဖို့အတွက် ရဟန်းသံဃာတော်များမှာ တာဝန်ရှိသလို ဘာသာတရားနဲ့ မဆန့်ကျင်သည့်အပြင် ဘုရားဟောနဲ့လည်း ညီညွတ်ပါတယ်။ သံဃာတော်များအနေနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေ များများလုပ်နိုင်မယ်ဆိုရင် သာသနာတော်ဟာ သိက္ခာမကျဘဲ သိက္ခာတက်လာမှာ ဖြစ်ပါတယ်။ ရှေးဆရာတော်ကြီးများ အဆက်ဆက်ဟာ ကျေးရွာတွေ မြို့တွေမှာ လူထုကောင်းကျိုးတွေ လုပ်ခဲ့တဲ့အတွက် လူသားတွေ မင်းညီမင်းသားတွေရဲ့ အားကိုးရာ အားထားရာ သာဓကတွေ အများကြီး ရှိခဲ့ပါတယ်။ ရဟန်းတော်များက အများအကျိုးကို မှန်မှန်ကန်ကန်လုပ်ပြီး ဦးဆောင်လာတဲ့အခါ လူထုထောက်ခံမှုရရှိပြီး လူထုအာဏာဟာ သံဃာတော်များဆီမှာ အလိုလိုရှိနေတဲ့အတွက် အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံရသူ နှစ်မျိုးလုံးကို ဆုံးမ သြဝါဒပေးနိုင်ပါတယ်။ သာသနာ့လည်း ဂုဏ်သိက္ခာ ရှိပါတယ်။ သံဃာ့အဖွဲ့အစည်းဆိုတာ ရာထူးအာဏာ တည်မြဲရေးကိုကြည့်ပြီး အာဏာရှင်ခိုင်းတာ လုပ်မယ်ဆိုရင်တော့ သိက္ခာကျမှာ မလွဲပါဘူး။ ခိုင်းတာကို သံဃာများက ပြန်လုပ်ပေးနေတဲ့အတွက် ပို၍ ကျဆင်းစေပါတယ်။

လူထုအကျိုးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ သံဃာတော်တွေ ကျောင်းတိုက်တွေကို သာသနာ့အကျိုး လောကအကျိုး ဆောင်ရွက် နေတဲ့အတွက် မဟန အဖွဲ့အနေနဲ့ ကူညီစောင့်ရှောက်အားပေးရမှာပါ။ တဖက်မှာလည်း သာသနာနဲ့ မအပ်စပ်တဲ့ ဘောလုံးပွဲ စတဲ့ လောင်း ကစားတာ၊ လမ်းဘေးမှာ အချိန်မတော် အလှူခံတာ၊ ရထားဘူတာနဲ့ ကားဂိတ်တွေမှာ လိုက်တောင်းနေတာ၊ အရက်သောက်တာ၊ မွန်းလွဲချိန် ဆိုင်ထိုင်တာတွေလုပ်နေကြတဲ့ သံဃာတွေကို အရေးယူသင့်ပါတယ်။ အဲဒါမျိုးတွေကို သန့်စင်ရှင်းလင်းပေးမှ သာသနာသန့်ရှင်း ရေးဆိုတာ ဖြစ်မှာပါ။ အဲဒီလုပ်ရပ်တွေက သာသနာသိက္ခာကျစေတဲ့ လုပ်ရပ်မျိုးတွေပဲဖြစ်တယ်။ အခုကြတော့ အမှန်တကယ်လုပ်ရမယ့် အလုပ်မျိုးတွေကိုလည်း တာဝန်မဲ့ လုပ်နေကြတယ်။ မြို့တိုင်းနယ်တိုင်းမှာ သံဃာ့အဖွဲ့အစည်းတွေ ရဲစခန်းတွေရှိပါလျက်နဲ့ ဒီလိုမျိုး လုပ်ရပ်တွေကို အရေးမယူဘဲ ခွင့်ပြုထားတာကတော့ သံဃာတော်များ ၂၀၀၇ တုန်းကလို တခုခုလုပ်ခဲ့ရင် ဒီလိုရဟန်း အတုအယောင်တွေ ကြောင့် ဖမ်းပါတယ်ဆိုတာမျိုးအကြောင်းပြချင်လို့ ထောင်ချောက်ဆင်ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလို သာသနာထွန်းကားတဲ့ နိုင်ငံတခုမှာ အမှန်တရားကို လိုလားတဲ့ ဘက်မလိုက်တဲ့ အမှန်တရားဘက်က ရပ်တည်ရဲတဲ့ လွတ် လပ်စွာ ဆုံဖြတ်ပိုင်ခွင့်ရှိတဲ့ သံဃာ့အဖွဲ့အစည်းကြီး တခုရှိသင့်တာ အမှန်ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ အဂတိတရား ၄ ပါးကင်းပြီး မည် သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့အစည်းရဲ့ လက်အောက်ခံမှ မဟုတ်ဘဲ သာသနာတော်အတွက် လွတ်လပ်စွာ လုပ်ကိုင်နိုင်တဲ့ လုပ်နိုင်ခွင့်ရှိတဲ့ အဖွဲ့ဖြစ်ဖို့ လိုပါတယ်။ ဒီလိုအဖွဲ့ဖြစ်ဖို့ဆိုရင် ရဟန်းတော်များကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်တင်မြှောက်ဖို့လိုပါတယ်။ မည်သည့် အစိုးရမှ ပါဝင်ပတ်သက်ခွင့် မရှိစေရပါဘူး၊ အစိုးရနဲ့ ဒကာ ဒကာမတွေဟာ ထောက်ပံ့လှူဒါန်းကူညီသူများအနေနဲ့သာ ရှိသင့်ပါတယ်။ သာသနာတော် ပြန့်ပွားရေး ထိန်းသိမ်းစောင့်ရှောက်ရေးများအတွက် ဒီအဖွဲ့အစည်းက တာဝန်ယူဆောင်ရွက်ရမှာဖြစ်သလို ကောင်းကျိုး ဆိုးပြစ်တွေကိုလည်း တာဝန်ယူရမှာ ဖြစ်ပါတယ်။

လက်ရှိ မဟန အဖွဲ့အနေ့နဲ့ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် သာသနာတော်မတိုးတက်ဘဲ ဆက်လက်ဆုတ်ယုတ်သွားမှာ သေချာ ပါတယ်။ လောလောဆယ်ပင် တရားဟောခွင့် နာခွင့်များ ဆုတ်ယုတ်လာနေတာ တွေ့နေရပါတယ်။ အာဏာရှင် မဆလပါတီ ပျောက်ကွယ် သွားတာကိုသင်္ခန်းစာယူပြီး ပြင်သင့်တာပြင်ဆင်ဖို့ အချိန်ရောက်နေပါပြီ။ စစ်အာဏာရှင်တွေ ခိုင်းတာကို လိုက်လုပ်ပေးနေတဲ့ မဟနအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဘာသာ သာသနာကို လူတွေက အထင်သေးလာနေပါတယ်။ ဒါကြောင့် သာသနာ့အကျိုးကို အမှန်တကယ် ကာကွယ်စောင့်ရှောက် ထိန်းသိမ်းဆောင်ရွက်လိုတဲ့ စစ်မှန်တဲ့မဟနအဖွဲ့ကို ကြိုဆိုထောက်ခံပေမယ့်လည်း အာဏာရှင်မဟနအဖွဲ့ကိုတော့ မရှိသင့်တော့ပြီလို့ ထင်မြင်ယူဆမိပါကြောင်း။

အပြည့်အစုံသတင်းဖတ်ရန်....

Monday, December 19, 2011

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ် ကွယ်လွန်

North Korean leader Kim Jong Il, 69, has died

By JEAN H. LEE | AP – 19 mins ago | SEOUL, South Korea (AP) — Kim Jong Il, North Korea's mercurial and enigmatic leader whose iron rule and nuclear ambitions dominated world security fears for more than a decade, has died. He was 69.

Kim's death 17 years after he inherited power from his father was announced Monday by the state television from the North Korean capital, Pyongyang. The country's "Dear Leader" — reputed to have had a taste for cigars, cognac and gourmet cuisine — was believed to have had diabetes and heart disease.

North Korea has been grooming Kim's third son to take over power from his father in the impoverished nation that celebrates the ruling family with an intense cult of personality.

South Korea put its military on "high alert" and President Lee Myung-bak convened a national security council meeting after the news of Kim's death.

In a "special broadcast" Monday, state media said Kim died of a heart ailment on a train due to a "great mental and physical strain" on Saturday during a "high intensity field inspection."

Kim is believed to have suffered a stroke in 2008 but he had appeared relatively vigorous in photos and video from recent trips to China and Russia and in numerous trips around the country carefully documented by state media.

Kim Jong Il inherited power after his father, revered North Korean founder Kim Il Sung, died in 1994. He had been groomed for 20 years to lead the communist nation founded by his guerrilla fighter-turned-politician father and built according to the principle of "juche," or self-reliance.

In September 2010, Kim Jong Il unveiled his third son, the twenty-something Kim Jong Un, as his successor, putting him in high-ranking posts.

Even with a successor, there had been some fear among North Korean observers of a behind-the-scenes power struggle or nuclear instability upon the elder Kim's death.

Few firm facts are available when it comes to North Korea, one of the most isolated countries in the world, and not much is clear about the man known as the "Dear Leader."

North Korean legend has it that Kim was born on Mount Paekdu, one of Korea's most cherished sites, in 1942, a birth heralded in the heavens by a pair of rainbows and a brilliant new star.

Soviet records, however, indicate he was born in Siberia, in 1941.

Kim Il Sung, who for years fought for independence from Korea's colonial ruler, Japan, from a base in Russia, emerged as a communist leader after returning to Korea in 1945 after Japan was defeated in World War II.

With the peninsula divided between the Soviet-administered north and the U.S.-administered south, Kim rose to power as North Korea's first leader in 1948 while Syngman Rhee became South Korea's first president.

The North invaded the South in 1950, sparking a war that would last three years, kill millions of civilians and leave the peninsula divided by a Demilitarized Zone that today remains one of the world's most heavily fortified.

In the North, Kim Il Sung meshed Stalinist ideology with a cult of personality that encompassed him and his son. Their portraits hang in every building in North Korea and on the lapels of every dutiful North Korean.

Kim Jong Il, a graduate of Pyongyang's Kim Il Sung University, was 33 when his father anointed him his eventual successor.

Even before he took over as leader, there were signs the younger Kim would maintain — and perhaps exceed — his father's hard-line stance.

South Korea has accused Kim of masterminding a 1983 bombing that killed 17 South Korean officials visiting Burma, now known as Myanmar. In 1987, the bombing of a Korean Air Flight killed all 115 people on board; a North Korean agent who confessed to planting the device said Kim ordered the downing of the plane himself.

Kim Jong Il took over after his father died in 1994, eventually taking the posts of chairman of the National Defense Commission, commander of the Korean People's Army and head of the ruling Worker's Party while his father remained as North Korea's "eternal president."

He faithfully carried out his father's policy of "military first," devoting much of the country's scarce resources to its troops — even as his people suffered from a prolonged famine — and built the world's fifth-largest military.

Kim also sought to build up the country's nuclear arms arsenal, which culminated in North Korea's first nuclear test explosion, an underground blast conducted in October 2006. Another test came in 2009.

Alarmed, regional leaders negotiated a disarmament-for-aid pact that the North signed in 2007 and began implementing later that year.

However, the process continues to be stalled, even as diplomats work to restart negotiations.

North Korea, long hampered by sanctions and unable to feed its own people, is desperate for aid. Flooding in the 1990s that destroyed the largely mountainous country's arable land left millions hungry.

Following the famine, the number of North Koreans fleeing the country through China rose dramatically, with many telling tales of hunger, political persecution and rights abuses that officials in Pyongyang emphatically denied.

Kim often blamed the U.S. for his country's troubles and his regime routinely derides Washington-allied South Korea as a "puppet" of the Western superpower.

U.S. President George W. Bush, taking office in 2002, denounced North Korea as a member of an "axis of evil" that also included Iran and Iraq. He later described Kim as a "tyrant" who starved his people so he could build nuclear weapons.

"Look, Kim Jong Il is a dangerous person. He's a man who starves his people. He's got huge concentration camps. And ... there is concern about his capacity to deliver a nuclear weapon," Bush said in 2005.

Kim was an enigmatic leader. But defectors from North Korea describe him as an eloquent and tireless orator, primarily to the military units that form the base of his support.

The world's best glimpse of the man was in 2000, when the liberal South Korean government's conciliatory "sunshine" policy toward the North culminated in the first-ever summit between the two Koreas and followed with unprecedented inter-Korean cooperation.

A second summit was held in 2007 with South Korea's Roh Moo-hyun.

But the thaw in relations drew to a halt in early 2008 when conservative President Lee Myung-bak took office in Seoul pledging to come down hard on communist North Korea.

Disputing accounts that Kim was "peculiar," former U.S. Secretary of State Madeleine Albright characterized Kim as intelligent and well-informed, saying the two had wide-ranging discussions during her visits to Pyongyang when Bill Clinton was U.S. president.

"I found him very much on top of his brief," she said.

Kim cut a distinctive, if oft ridiculed, figure. Short and pudgy at 5-foot-3, he wore platform shoes and sported a permed bouffant. His trademark attire of jumpsuits and sunglasses was mocked in such films as "Team America: World Police," a movie populated by puppets that was released in 2004.

Kim was said to have cultivated wide interests, including professional basketball, cars and foreign films. He reportedly produced several North Korean films as well, mostly historical epics with an ideological tinge.

A South Korean film director claimed Kim even kidnapped him and his movie star wife in the late 1970s, spiriting them back to North Korea to make movies for him for a decade before they managed to escape from their North Korean agents during a trip to Austria.

Kim rarely traveled abroad and then only by train because of an alleged fear of flying, once heading all the way by luxury rail car to Moscow, indulging in his taste for fine food along the way.

One account of Kim's lavish lifestyle came from Konstantin Pulikovsky, a former Russian presidential envoy who wrote the book "The Orient Express" about Kim's train trip through Russia in July and August 2001.

Pulikovsky, who accompanied the North Korean leader, said Kim's 16-car private train was stocked with crates of French wine. Live lobsters were delivered in advance to stations.

A Japanese cook later claimed he was Kim's personal sushi chef for a decade, writing that Kim had a wine cellar stocked with 10,000 bottles, and that, in addition to sushi, Kim ate shark's fin soup — a rare delicacy — weekly.

"His banquets often started at midnight and lasted until morning. The longest lasted for four days," the chef, who goes by the pseudonym Kenji Fujimoto, was quoted as saying.

Kim is believed to have curbed his indulgent ways in recent years and looked slimmer in more recent video footage aired by North Korea's state-run broadcaster.

Kim's marital status wasn't clear but he is believed to have married once and had at least three other companions. He had at least three sons with two women, as well as a daughter by a third.

His eldest son, Kim Jong Nam, 38, is believed to have fallen out of favor with his father after he was caught trying to enter Japan on a fake passport in 2001 saying he wanted to visit Disney's Tokyo resort.

His two other sons by another woman, Kim Jong Chul and Kim Jong Un, are in their 20s. Their mother reportedly died several years ago.

အပြည့်အစုံသတင်းဖတ်ရန်....

ခေတ်သစ် လူငယ် သိကြစေ (၃)

၁၉၈၉ ခုနှစ်၊ မတ်လ၊ ဒုတိယ အပတ် တနေ့လုံး မြို့နယ် အတွင်းရှိ ပါတီ ကိစ္စများနှင့် အလုပ်များနေသည်။ ရှစ်လေးလုံး လူ ထုအရေးတော်ပုံကြီးအတွင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ကြသော လူငယ် အများစုသည် ပါတီများ အတွင်း ရောက်ရှိသွား ကြသည့် လူငယ်များ အပေါ် မကျေနပ်ကြ၊ ဗကသ၊ ရကသ၊ အကသများ အဖြစ် ဖြင့်သာ ရပ်တည် လိုကြသည်။ ကျောင်း သားသည် ကျောင်းသား အရေးသာ လုပ်ရမည်ဟု ဆိုသူကဆို၊ ပါတီ တခု၏ အောက်တွင် လှုပ်ရှား ရသည်ကို ဘောင်ကျဉ်း သည်ဟု ပြောသူက ပြော၊ တနေ့ တနေ့ ဆွေးနွေးရင်း စည်းရုံး၊ စည်းရုံးရင်း နိုင်ငံရေး သင်တန်း ဆန်ဆန် ပို့ချနှင့် မအားလပ် ရပါ။

ထိုစဉ် တောင်ဥက္ကလာပမြို့နယ်မှ မင်းနိုင်သူနှင့် မောင်မောင်တို့ အိမ်သို့ရောက်လာသည်။ အချိန်ကား ညနေ(၅) နာရီ လောက် ရှိပါသည်။ မင်းနိုင်သူ က “ကျနော်တို့ ဆွေးနွေးစရာ ရှိလို့ပါ” ဟု ဆိုလာသည့် အတွက် ကျနော်က ဆွေးနွေးပါလို့ တုံ့ပြန် လိုက်ပါသည်။ ထိုအခါ သူက “ကျနော်တို့ လူ့ဘောင်သစ် ဗဟိုကော်မတီမှာ ကွန်မြူနစ်တွေ၊ ကွန်မြူနစ် ဝါဒ ဘက်ကို ယိမ်းတဲ့ သူတွေ ပါတယ်ဆိုတာ လက်ခံပါသလား’’ ဟု မေးပါသည်။ ကျနော်က “အေးလေ အဲဒါ ဘာဖြစ်လဲ? တို့တတွေ ကြီးပြင်းလာတဲ့ အချိန်မှာ လေ့လာစရာ ဆိုလို့ လက်ဝဲ စာပေတွေပဲ ရှိတာပဲ။ မင်းတို့က ဘယ်သူတွေကို ဦးတည်ပြီး ပြောချင် တာလဲ’’ ဟု ပြန်မေးလိုက်သည့်အခါ သူက “ကိုမိုးသီး၊ ကိုသက်ထွန်းနှင့် နိုင်ငံရေးဦးဆောင်အဖွဲ့က ကိုဋ္ဌေးအောင် တို့လေ” ဟုပြောပါသည်။

ကျနော့် စိတ်ထဲမှာ အတွေးများ တရစပ် ဝင်လာပါသည်။ တို့ကို ဗိုလ်မှုးချုပ်ဟောင်း အောင်ကြီးက NLD ကို ဖြိုခွဲသလို လုပ်ပြန်ပြီလား ဆိုတဲ့အတွေး။ ဇာတ်ကြောင်း နည်းနည်း ပြန်ကောက်ပါရစေ။

၁၉၈၈ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို နဝတ အဖွဲ့မှ ထုတ်ပြန်ပါ သည်။ ထုတ်ပြန်ပြီးတာနဲ့ ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့အပါ တဖက် (၄) ဦးစီ ပေါင်း (၁၂) ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဖွဲ့စည်းပြီး မှတ်ပုံတင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် ဘက်က (၄) ဦး ဆိုတာ ကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဦးဝင်းတင် (ဟံသာဝတီ)၊ ဒေါ်မြင့်မြင့်ခင် (ဘားကောင်စီရှေ့နေကြီး) နှင့် ဦးအောင်လွင် (ရုပ်ရှင်မင်းသား) တို့ဖြစ်ပါသည်။ နောက်ပိုင်းတွင် အလုပ် အမှုဆောင် ကော်မတီဝင် (၁၂) ဦးနှင့် မလုံလောက်တော့သည့်အတွက် ဗဟိုဦးစီအဖွဲ့ဝင် (၃၀) ဦး တိုးချဲ့ဖွဲ့စည်းပါသည်။

ဒေါ်အောင်ဆန်းစုကြည် ဘက်မှ ပါဝင်ခွင့် ရသူတွေ ကတော့ ဦးချမ်းအေး (မောင်စူးစမ်း)၊ ဦးထွန်းတင်၊ ဦးကိုယု၊ ဦးတင်ရွှေ (မုံရွာ)၊ ဦးမိုးသူ၊ ဦးဝင်းခက်၊ ဦဘသော်(မောင်သော်က)၊ ဦးစိုးသိန်း(မောင်ဝံသ)၊ ဒေါက်တာ ငွေစိုး စသည့် ပုဂ္ဂိုလ်များ ဖြစ် ပါသည်။

ထိုအချိန်တွင် ဥက္ကဋ္ဌ ဦးအောင်ကြီးက အဖွဲ့ချုပ် အတွင်းမှာ “ကွန်မြူနစ်တွေ ရောက်နေပါပြီ” “ကွန်မြူနစ် တွေကို ဖယ်ရှား ပစ်ရမယ်” လို့ ပြောရင်း ပြဿနာမီးပွား စတင်လိုက်ပါသည်။ တနည်းအားဖြင့် အရှိန်ရစဖြစ်လာသည့် NLD ပါတီ၏ ထိပ် ပိုင်းကို ဖြိုခွဲလိုက်ခြင်း ဖြစ်ပါသည်။ ဦးအောင်ကြီး ဖယ်ရှား ပစ်လိုသည့် သူများမှာ ဦးဝင်းတင် အပါအဝင် ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်လွင်၊ ဦးချမ်းအေး၊ ဦးထွန်းတင်၊ ဦးကိုယု၊ ဦးတင်ရွှေ၊ ဦးမိုးသူ တို့တတွေ ဖြစ်ပါသည်။

နောက်ဆုံးတွင် အလုပ် အမှုဆောင် ကော်မတီဝင် (၁၂) ဦးနှင့် ဗဟို ဦးစီ အဖွဲ့ဝင် (၃၀) စုစုပေါင်း (၄၂) ဦးရဲ့ ရှေ့မှာ အစွပ်စွဲ ခံ ရသူများဘက်မှ ရှုံးလျှင် နှုတ်ထွက် ပေးရေး၊ စွပ်စွဲသူ ဘက်မှ ရှုံးနိမ့်လျှင်လည်း နှုတ်ထွက် ပေးရေး သဘောတူ ညီချက်နှင့် မဲခွဲ ဆုံးဖြတ်ကြပါသည်။ ဥက္ကဋ္ဌ ဦးအောင်ကြီး အပြတ်အသတ် ရှုံးနိမ့်သွားပါသည်။ ဥက္ကဋ္ဌ ဦးအောင်ကြီး နှုတ်ထွက် ပေးရပြီး “ပြည်ထောင်စု အမျိုးသား ဒီမိုကရေစီ ပါတီ”ဟူ၍ ပါတီတခု ထူထောင် သွားပါသည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ ဦးအောင်ကြီး ၏ ပါတီ ထဲသို့ တက္ကသိုလ် ကောလိပ် ပေါင်းစုံမှ ဆရာ ဆရာမများ၊ ကျောင်းဆရာဟောင်းများ စသည့် ပညာ ရှင်၊ ပညာတတ်ပေါင်းများစွာ ပါဝင်သွားခြင်း ဖြစ်ပါသည်။

ဤဖြစ်စဉ်သည် NLD ပါတီ တည်ထောင်ကာစ၌ ဖြစ်ခဲ့သော ဖြစ်စဉ် အကျဉ်း ဖြစ်ပါသည်။ ယခု ၁၉၈၉ ခုနှစ် မတ်လတွင် လူ့ဘောင်သစ် သည်လည်း အရှိန်အဟုန်ဖြင့် မြို့နယ်ပေါင်း (၂၀၀) ကျော်တွင် ပါတီရုံးများ ဖွင့်လှစ်ပြီး နေပြီး ဖြစ်ပါသည်။ လာချေပြီလား NLD လို ဖြစ်ရပ်ဟု တွေးရင်း အလိုက်သင့် မျှောပေး လိုက်ပါသည်။ “အေးလေ ပါတီ ထိပ်ပိုင်းမှာတော့ ခင်ဗျား သိတဲ့ အတိုင်းပါပဲ” ဟု ပြောလိုက်သော အခါ ၎င်းတို့ ကျေနပ်သွားကြသည်။ သူတို့ဘက်သား ရပြီပေါ့လေ။ ကျနော်က တဆက်တည်း “ခင်ဗျားတို့ ဘာလုပ်ကြမလဲ” ဟု မေးလိုက်သော အခါ သူတို့က “မကြာခင်မှာ သိမယ်” ဟု ပြန်ဖြေပြီး ဒေါ်အောင်ဆန်းစုကြည် ၏ ခြံထဲတွင် ရှင်းလင်းပွဲ လုပ်ရန် စီစဉ်ထားကြောင်း ပြော၍ ပြန်သွားကြသည်။

ကျနော် အလေးအနက် စဉ်းစားရပြီ။ “ဘယ်သူ့ လက်ချက်လဲ၊ ဘယ်သူ နောက်ကွယ်က ကြိုးကိုင် နေတာလဲ၊ သိအောင် စုံ စမ်းမယ်” ဆို၍ မည်သူ့ကိုမျှ ကျနော် မပြောတော့ပေ။ မတ်လ တတိယ အပတ် ညနေပိုင်းတွင် မင်းနိုင်သူ (တောင်ဥက္က လာပမြို့နယ်)၊ ဝင်းမောင်(လှိုင်မြို့နယ်) တို့ အိမ်ရောက်လာ၍ စာအုပ်တအုပ် ပေးပါသည်။ “မိုးသီးဇွန် သို့မဟုတ် ကြိုးမဲ့ လေတံခွန်” ဆိုသည့် စာအုပ်၊ ပါတီ ဥက္ကဋ္ဌ မိုးသီးဇွန်အား အထွေထွေ အတွင်းရေးမှုး မိုးဟိန်းနှင့် တွဲဘက် အတွင်းရေးမှုး ရဲနိုင်အောင် တို့မှ ဝေဖန်ထားခြင်း ဖြစ်နေသည်။

သူတို့က ဆက်ပြီး ပြောသည်မှာ “မနက်ဖန်မနက်(၇) နာရီမှာ ကားနဲ့ လာခေါ်မယ်၊ စောင့်နေပါ”။ သူတို့ ပြန်သွားသည်နှင့် ကျနော်လည်း စာအုပ်ကို ဖတ်ရင်း စိတ်မကောင်း ဖြစ်ရသည်။ ကျနော့် စိတ်အထင် မတ်လ(၁၇) ရက်နှင့် (၁၈) ရက် တ ရက်ရက်ပါပဲ၊ မနက်(၇) နာရီ ထိုးသည်နှင့် မင်းနိုင်သူ ကားဖြင့်လာကြိုသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ ခြံရှေ့တွင် ကားရပ်ပေးသည်။ အိမ်ကြီး၏ ဘေးတွင် ခန်းမလို အခန်းကြီး တခန်း ရှိပါသည်။ အစည်းအဝေးခန်းပေါ့၊ ကျနော့်ကို အခန်း ထဲဝင်ဖို့ပြောတော့ ဒုတိယတန်း ထောင့်ဆုံးတွင် ဝင်ထိုင် လိုက်ပါသည်။

မိုးဟိန်းနှင့် ရဲနိုင်အောင် ရောက်လာပါသည်။ လူ (၅၀) ခန့် ရောက်လာသည့် အချိန်တွင် မိုးဟိန်းနှင့် ရဲနိုင်အောင်မှ ကွန် မြူနစ်အန္တရာယ် ကြောက်စရာ ကောင်းကြောင်း စသည်ဖြင့် ပြောကြသည်။ ကျနော် အရမ်း အံ့သြသွားသည်။ “ဘာတွေ ဖြစ်ကုန်ပြီလဲ” မကြာသေးခင် လအနည်းငယ်၌ NLD တွင် ဦးအောင်ကြီးက ကွန်မြူနစ် ပြဿနာ လုပ်၍ ထွက်သွားရပြီ။ ယခု ကျနော်တို့ ပါတီ ထိပ်ပိုင်းမှာ ကွန်မြူနစ်တွေ ဝန်းရံ နေသည်ဆိုပြီး ဦးအောင်ကြီး ၏ လမ်းကြောင်း အတိုင်း ခင်းလာနေ ပြန်သည်။ သူတို့ခင်းသည့် နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ၏ ခြံဝန်းကြီးထဲမှာ ဖြစ်သည်။

(၁၁) နာရီ ထိုးလျှင် ထမင်းစား နားမည် ဆိုပြီး၊ ထမင်းစားရန် ခေါ်သည်။ ကျနော် မလိုက်ချင်ကြောင်း ငြင်းဆိုပြီး ဆက် ထိုင်နေပါသည်။ မကြာခင်မှာ NLD လူကြီးမင်း (၃) ဦး မင်းနိုင်သူ ဆီသို့ ရောက်လာကြသည်။ တဦးတော့ ကျနော်မသိပါ၊ ကျနော်သိတာ NLD ၏ အထွေထွေ အတွင်းရေးမှုး ဦးချစ်ခိုင်(ဒုတိယ ဗိုလ်မှူးကြီးဟောင်း)နှင့် ဦးရွှေ (ဗိုလ်မှူးကြီးဟောင်း) (မကြာခင်မှာပင် မိခင် ပါတီ အဖွဲ့အစည်းသို့ ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ ရွေးကောက်ခံရသည့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များအဖြစ်မှ နှုတ်ထွက် ခဲ့သည့် အတွက် ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလတွင် နှစ်ဦးစလုံးအား NLD မှ ထုတ်ပယ် ခဲ့ပါသည်။) တို့က ကျနော့်ကို စူးစမ်းသည့် အကြည့်ဖြင့် ကြည့်ကြသည်။ မင်းနိုင်သူမှ “ကိစ္စ မရှိပါဘူး၊ ကျနော် တို့ လူပါ” ဆိုတော့မှ သူတို့က “ပိုက်ဆံ လောက်ရဲ့လား၊ ထပ်ယူလေ” ဆိုပြီး ငွေတော်တော် များများ ထုတ်ပေးပါသည်။ ကျနော် သဘောပေါက်သွားသည်။

နေ့လည် (၁၂)နာရီ ထိုးတွင် ကိုမိုးသီးတို့ အုပ်စုလိုက် ဝင်လာကြသည်။ ကိုယဉ်ထွေး၊ ကိုဂျင်မီ၊ ကိုတင်ထွန်းလှိုင် တို့ လည်း ပါလာကြသည်။ ခန်းမကြီးသည်လည်း ဆူညံ၍သွားသည်။ ဤသို့ဖြင့် လိုရင်းကိုသာ ရေးရလျှင် ဗဟိုနှင့် အောက် ခြေ အပြန်အလှန် ညှိနှိုင်း၍ အောက်ခြေ ပါတီဝင်များ၏ သဘောထားဆန္ဒနှင့် အညီ လူ့ဘောင်သစ်သည် မည်သည့်အ ခါမျှ ပြိုကွဲမည်မဟုတ်ကြောင်း၊ အလုပ် အမှုဆောင် ကော်မတီ အားလုံးသည်လည်း စိတ်ဝမ်း ကွဲပြားကြမည်မဟုတ်ဘဲ ရှေ့ ဆက်၍ တိုက်ပွဲ ဝင်ကြမည် ဆိုသည့်အကြောင်း စာရေးလက်မှတ်ထိုးကာ ဖြန့်ဝေလိုက်ပါသည်။

နိုင်ငံရေး လောကတွင် ရန်သူ မည်သည် မထင်မှတ်သည့် နေရာမှ ပုံစံ အမျိုးမျိုးနဲ့ ဝင်လာတတ်ကြောင်း၊ မိမိတို့ မည်သည့် အဖွဲ့အစည်းပင် ဖြစ်စေ အတွင်းစည်း လုံခြုံ၍ မည်သည့် အမှောင့် ပယောဂကိုမျှ နားမယောင်ဘဲ စည်းလုံး နေခြင်းသည်သာ အဓိက ဖြစ်ကြောင်း ဗဟို ကော်မတီ တရပ် အနေနှင့်လည်း ဗဟို ကော်မတီများ အတွင်းသာ ညှိနှိုင်း၍ အမြင် မတူပါက တစင်ထောင်ခြင်း၊ ဂိုဏ်းခွဲခြင်းများ မပြုကြဘဲ အောက်ခြေ ပါတီဝင်များ၏ ဆန္ဒကိုပါ အရေးတယူ ဆွေးနွေးပြီး ဆုံးဖြတ်ကြ မှသာ ဒီမိုကရေစီ အမြည်းလေး လက်ရှိ ခံစား နေကြရသည့် ပြည်သူ လူထု၏ အမြင် လွဲမှားမှုများကို ရှောင်ရှား နိုင်မည် ဖြစ်ကြောင်း ခေတ်သစ် လူငယ်များကို ပြောလို ပါသည်။

သန့်စင်အောင် (ရန်ကင်း)
၁၇-၁၂-၂၀၁၁

source by : နေ့သစ်

အမှတ် (၁)အမှတ် (၂)

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, December 13, 2011

ခေတ်သစ် လူငယ် သိကြစေ (၂)


၁၉၇၄ ခုနှစ် နိုဝင်္ဘာလ ၂၅ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကွယ်လွန် ကြောင်းသိရပါတယ်။ ရပ်ကွက်ထဲမှာ၊ ကျောင်းမှာ အဲဒီအကြောင်းပဲပြောနေကြတယ်။ နောက်ရက်တွေမှာ ဆက်တိုက်ပဲ ဦးသန့် ရုပ်ကလာပ်ကို မြန်မာပြည်ပြန်သယ်မယ်ဆိုတဲ့အကြောင်း၊ ဦးနေဝင်း အစိုးရက နိုင်ငံတော် ဈာပနအဖြစ် လုပ်ခွင့် မပေးနိုင်ကြောင်း၊ ကြံတော သင်္ချိုင်းမှာပဲ မြှုပ်နှံရမယ် ဆိုတဲ့ အကြောင်း၊ ဦးနေဝင်းကလည်း သူ့မယား ဒေါ်ခင်မေသန်း (ပထမ မယားကြီးက ပြည်မြို့သူဒေါ်တင်တင်) ကိုတောင် ကြံတောမှာ သဂြုင်္ိဟ်တာဖြစ်ကြောင်းတွေ ကြားရတယ်။

ကျနော်က အဲဒီ အချိန်မှာ ရှစ်တန်းကျောင်းသား၊ ပညာသင်နေတဲ့ကျောင်းက အထက(၂) ရန်ကင်း၊ ကျနော်တို့ရင်ထဲမှာ မကောင်းဘူး၊ နိုင်ငံရေးတွေ ဘာတွေလည်း နားမလည်သေးဘူး၊ သေချာပေါက် နားလည်တာက ကမ္ဘာက လေးစားတဲ့ မြန်မာနိုင်ငံ အတွက် ဂုဏ်ယူစရာသမိုင်းတင်ရမယ့် ပုဂ္ဂိုလ် တယောက်ကို လက်လွတ်စပယ်နှင့် သာမန်လူတန်းစားတွေလို မြှုပ်နှံမယ်ပြောတာကို လုံးဝ မကျေနပ်တာဘဲ။ ဒါနဲ့ပဲ သူငယ်ချင်းတသိုက် စုပြီး တိုင်ပင်ကြတယ်။ ‘‘ဒို့တတွေ ဘာလုပ်ကြမလဲ’’ ‘‘တက္ကသိုလ် ကျောင်းသားတွေလည်း တိုင်ပင်နေကြပြီ’’ ‘‘ဘာလုပ်ကြမလဲ သိကြလား’’၊ ‘‘မသိသေးဘူးကွ သူတို့ အစီအစဉ်နဲ့ သူတို့ ရှိမှာပေါ့’’၊ ‘‘တတ်နိုင်တာ တစ်ခုခု လုပ်မယ်ကွာ’’၊ ‘‘ဒါဆို ပန်းခွေတော့ သွားပို့မယ်ကွာ ပြီးမှ အခြေအနေအရပေါ့’’ ။

ဒီလိုနဲ့ သူငယ်ချင်း ခုနှစ်ယောက် မုန့်ဖိုးလေးတွေ စုပြီး ရန်ကုန်မြို့လယ်က ၂၈ လမ်းမှာ ပန်းခွေ သွားဝယ်တယ်။ အဲဒီနေ့ က ဦးသန့်ဈာပနပြုလုပ်မယ့်နေ့ဖြစ်တဲ့ ဒီဇင်္ဘာလ ၅ ရက်နေ့ပေါ့။ ပန်းခွေ ဝယ်ပြီး ကျောင်းပြန် လာခဲ့တယ်။ ကျောင်းလည်း ရောက်ရော ကျောင်းအုပ် ဆရာမကြီး ဒေါ်လှကြည်က ရုံးခန်းထဲက နေမြင်ပြီး ကျောင်းစောင့်ကြီးကို အော်ပါလေရော။ “ကိုခင်မောင် ဒီကောင်တွေ ကျောင်းထဲ မဝင်စေနဲ့ ဝန်းတံခါးလည်း ကျော်မတက်စေနဲ့”။ ကျနော်တို့လည်း လန့်သွားတယ်။ ဒါနဲ့ ကျနော်တို့ ကျောင်းနောက်ဘက် လမ်းက ကျောက်ကုန်းတောရ မေဒိနီ ဘုန်းကြီးကျောင်း ထောင့်မှာရှိတဲ့ သစ်ပင်ကြီး အောက်မှာ ပန်းခွေကြီးချပြီး ကျောင်းဆင်းတဲ့ အချိန်အထိ စောင့်နေ လိုက်တယ်။

အဲဒီအချိန်ဟာ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ မြို့နယ်ကောင်စီနှင့် ပါတီယူနစ်တွေ တန်ခိုးကြီးနေတဲ့အချိန်၊ တ ကယ်ပါ ကြောက်စိတ်လုံးဝမရှိဘူး။ နေ့လည် ၁၂ နာရီထိုး ကျောင်းဆင်းတာနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့် (၆၅ နှစ်) ဆိုတဲ့ စာတမ်းကပ်ထားတဲ့ ပန်းခွေကိုင်ကြပြီး ကျောက်ကုန်းလမ်းမကြီးကနေ ဆင်းလာကြတုန်း ရန်ကင်းမြို့ နယ် ကောင်စီရုံးက တရုံးလုံး ထွက်ကြည့်နေကြတယ်။ ကျနော်တို့လည်း ရင်ကော့ပြီး ကျိုက္ကဆံလမ်းအတိုင်း တပ်မတော် မှတ်တမ်းရုံးကိုဖြတ်၊ ကျိုက္ကဆံ ရဲတန်းလျားကိုကျော်၊ ပြီးတာနဲ့ ကျိုက္ကဆံ ဝန်းကြီးထဲကို ဝင်ခဲ့တယ်။ ဝန်းအပေါက်မှာ အတူ ပါလာတဲ့ စိန်ဝင်းက လှမ်းပြောတယ်။ “ဟေ့ကောင်တွေ ကြောက်ကြောက်နဲ့ စွတ်သွားနေတာလား၊ နောက်လှည့်ကြည့် ပါအုံး” ဆိုတာနဲ့ လှည့်ကြည့်လိုက်တော့ နောက်မှာ လေးယောက်တတန်း၊ ငါးယောက်တတန်း အဖြူအစိမ်းဝတ်ထားကြ တဲ့ ကျောင်းသူကျောင်းသားတွေ ဆရာဆရာမတွေပါ ပါလာတယ်။ ရင်ထဲမှာ ပျော်လိုက်တာလေ။ စည်းရုံး ထားတာ လုံးဝ မဟုတ်ပါဘူး။ သူတို့အသိ စိတ်ဓာတ်နှင့် သူတို့ လိုက်လာကြတာ။ သြော် တို့ကျောင်းသားတွေ မညံ့ဘူးဆိုတဲ့ အသိတရား အဲဒီကတည်းက ရလိုက်တာ။

ကျိုက္ကဆံဝန်းကြီးထဲ ရောက်တော့ ကျနော်တို့လိုပဲ တာမွေမြို့နယ် အ.ထ.က (၃) မင်္ဂလာတောင်ညွန့် မြို့နယ် အ.ထ.က (၁) စတဲ့ ဆိုင်းဘုတ်တွေနဲ့ အတူ ချီတက်လာတဲ့ အထက်တန်းကျောင်းသားတွေ တွေ့ရပါတယ်။ (အထက်တန်းကျောင်း အတော်များများ ဖော်ပြရန်ကျန်ရစ်ခဲ့ပါတယ်။ ခွင့်လွှတ်ပါ။) ဦးနေဝင်း အစိုးရက ဦးသန့်ရဲ့ အစ်ကိုဦးခန့်၊ ညီတဝမ်းကွဲ ဦးသောင်းတို့နှင့် ဈာပနကော်မတီ ဖွဲ့ပေးပြီး ဦးသန့်ရဲ့ရုပ်ကလာပ်ကို ကြံတောသင်္ချိုင်းမှာ ပို့ဆောင်သင်္ဂြိုလ်မှာ ဖြစ်ပါတယ်။ ဦးသန့်ရုပ်ကလာပ်ရှိတဲ့ မဏ္ဍပ်ထဲရောက်တော့ တစ်ဖွဲ့စီ တစ်ဖွဲ့စီ ပန်းခွေချပြီး ဦးညွှတ်အလေးပြုကြတယ်။ ကျနော်တို့လည်း ဦးညွှတ်အလေးပြုပြီးတဲ့နောက် လူစုခွဲလိုက်တဲ့အချိန်မှာပဲ ပုခုံးကို ဆုပ်ကိုင်လိုက်တာခံလိုက်ရတယ်။ “ဟေ့ကောင်၊ မင်း ငါနဲ့လိုက်ခဲ့” တဲ့၊ ကြည့်လိုက်တော့ အလုံမြို့နယ်က ကိုတင်မောင်ဝင်း (မဆလခေတ် အခြေခံပညာ ဦးစီးဌာနက ၁၉၇၃ ခုနှစ်မှာ ရှားရှားပါးပါး တကြိမ်တည်းဖွင့်ခဲ့တဲ့ ကျောင်းစာကြည့်တိုက်သင်တန်း အတူတက်ခဲ့သူ) ဖြစ် နေတယ်။ သူက ကျနော့လက်မောင်းကို တင်းတင်း ကြပ်ကြပ်ဆုပ်ကိုင်ရင်း ကျိုက္ကဆံကွင်း (အရင် မြင်းပွဲတွေလုပ်စဉ်ကာ လက အထူးတန်း) အပေါ်ထပ်ကို ခေါ်သွားတယ်။ ကျနော် အံ့သြသွားတယ်။ များလိုက်တဲ့မှန်ပြောင်းတွေ၊ ကင်မရာတွေ မျိုးစုံပဲ၊ အဝေးကနေ လှမ်းရိုက်နေတာလေ။

၂ နာရီလောက်မှာ တက္ကသိုလ်ကောလိပ်ကျောင်းပေါင်းစုံက ကျောင်းသားတွေ အင်္ကျီအဖြူ၊ ယောလုံချည်အနက်၊ အချို့ ကတော့ ကချင်ပုဆိုးတွေနှင့်၊ ကျောင်းသူတွေကလဲ အင်္ကျီအဖြူ၊ ထမိန်အနက်၊ တူညီဝတ်ဆင်ထားကြတယ်။ လူတိုင်း ရဲ့လက်မောင်းမှာဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ပိတ်စနက်တွေ ပတ်ထားကြတယ်။ သူတို့တွေကို ကြည့်ရတာ အင် မတန် စည်းကမ်းရှိတယ်။ ညီညီညာညာနှင့်၊ ဦးသန့် ရုပ်ကလာပ်ရှိတဲ့ မဏ္ဍပ်ကိုလက်ချင်းချိတ်ပြီး သုံးထပ်ဝန်းရံလိုက်ကြ တယ်။ ပြီးတာနဲ့ မဏ္ဍပ်မှာရှိတဲ့ စပီကာ ကနေ “မိဘပြည်သူအပေါင်းတို့ ခုချိန်ကစပြီး ကျနော်တို့ ကျောင်းသားတွေနှင့် ရဟန်းသံဃာတော် များပါဝင်တဲ့ပြည်သူ့ဈာပနကော်မတီကို ဖွဲ့စည်းလိုက်ပါပြီ။ ပြည်သူ့ကော်မတီအသစ်က ဆက်လက် တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် မဏ္ဍပ်အတွင်းမှ မသက်ဆိုင်သော သူများချက်ချင်း ထွက်ပေး ကြရန်ဖြစ်ပါတယ်” လို့အထပ်ထပ်ကြေငြာလိုက်တယ်။ ပြီးတာနဲ့ ဦးသန့်ရုပ်ကလာပ်ကို ရန်ကုန်တက္ကသိုလ် ကျောင်းဝန်းထဲကိုသယ်ယူလာ ခဲ့ကြတယ်။ ပြည်သူ့ဈာပနကော်မတီဆိုတာ ဘယ်သူတွေလဲဆိုတာ နောက်ပိုင်းစုံစမ်းလိုက်တော့ ပထမဦးဆုံး ဦးစိုတင့် (ရာဇာ) ဖြစ်ပြီး၊ နောက်တော့ ဦးကြည်ဝင်း (မင်္ဂလာဒုံ) (၁၉၉၀ ရွေးကောက်ပွဲမှာ မင်္ဂလာဒုံမဲဆန္ဒနယ်အမှတ် (၁) အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ် တယောက်အနေနဲ့ ရွေးကောက်ခံရပြီး ၁၉၉၉ ခုနှစ် ဇွန်လ (၁၄) ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားမပြုတော့ကြောင်း ပါတီ၏ တရားဝင်ကြေငြာခံရသူ၊ ဒီလိုသမိုင်း ကြောင်းရှိခဲ့ တဲ့ သူလိုလူကိုဘာကြောင့်?) ဖြစ်ပြီး ဦးအောင်သိန်း(ဓါတုဗေဒ) က လုံခြုံရေး၊ ဦးလှကြူ (ဓါတုဗေဒေ)က ဘဏ္ဍရေးနှင့် ဦးသန်းမြင့်၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဘဆွေ၊ ကိုတိတ် တို့ ပါတယ်ဆိုတာ သိလိုက်ရတယ်။

ဒီလိုနဲ့ ညနေ (၅) နာရီမှာ ရန်ကုန်တက္ကသိုလ်ကျောင်းအတွင်း ရောက်တယ်ဆိုပါတော့။ ကျနော့်ကို ယာယီထိန်းသိမ်း တားတဲ့ ကိုတင်မောင်ဝင်းက ကျောင်းသားတွေ ကျိုက္ကဆံဝန်းထဲကထွက်သွားမှ လွှတ်ပေးတယ်။ ပြီးတော့ သူကမှာလိုက် သေးတယ်။ “ငါ့ညီမင်းလျှောက်သွားပြီး စိတ်ထင်ရာတွေ မလုပ်နဲ့နော်၊ မင်းမြင်တဲ့အတိုင်းပဲ၊ သူတို့ကို မမြင်နိုင်တဲ့နေရာက စောင့်ကြည့်နေတာ၊ တို့အကုန်လုံး သိနေတယ်”တဲ့။ သူ့ကြောင့် ကျနော် နောက်ပိုင်းနိုင်ငံရေးလှုပ်ရှားမှုတွေအတွက် သင် ခန်းစာ ကောင်းကောင်းရလိုက်တယ်။ရန်သူကို တယ်တော့မှလျှော့မတွက်ဖို့။

ကျောင်းထဲက ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ ပထမထားကြတယ်။ နောက်တော့ခန်းမထဲသို့ ရွေလိုက်တယ်။ နေ့ရောညပါ တရားပွဲတွေ ကျင်းပကြတယ်။ ကျနော်လဲနေ့တိုင်းရောက်တယ်။ အဲဒီတရားပွဲတွေက ကျနော့်ရဲ့ နိုင်ငံရေးမျိုးစေ့ကနေ အပင်ပေါက်ဖို့ စတင်တော့တာပါပဲ။

“ဦးသန့်အုတ်ဂူဘယ်မှာ လုပ်မလဲ”

“ကန်တော်မင်ပန်းခြံပေးမှာလား”

“ကြံတောမှာတော့ မထားနိုင်ဘူး”

“ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဘေးမှာ ပေးမှာလား”

“အချိန်မီ် အကြောင်းမပြန်ရင် သမဂ္ဂမြက်ခင်းပြင်မှာ ဂူသွင်းမယ်”

အချိန်မီပြန်ကြားတာတွေ ညှိနှိုင်းတာတွေ လုပ်မလာတဲ့အတွက် (၈) ရက်နေ့မှာ ရန်ကုန်စက်မှု တက္ကသိုလ် ဗိသုကာ ကျောင်းသားတွေက ဂူပုံစံဆွဲတယ်။ မြို့ပြအင်ဂျင်နိယာကျောင်းသားတွေက ကျောင်းထဲရောက်လာတဲ့ ကျနော်တို့လို ကျောင်းသားလေးတွေ၊ ပြည်သူတွေ၊ ဘုန်းတော်ကြီးတွေနဲ့ အုတ်ဂူဆောက်တယ်။ ဆေးတက္ကသိုလ်ကျောင်းသားတွေက ဆေးခန်းဖွင့်ပေးထားတယ်။ ပြည်သူတွေ လှူတဲ့ထမင်းထုပ်တွေ ကလဲများမှများ။ ကျနော်လည်း လုပ်အားပေးနေတုံး ကျနော့်ရဲ့ ကျောင်းအုပ် ဆရာမကြီး ဒေါ်လှကြည် ကို ဆရာမ ဒေါ်ခင်စန်းနဲ့ အတူ တွေ့လိုက်ရတော့ အရမ်းအံ့သြသွား တယ်၊ ပန်းခွေနဲ့ကျောင်းထဲဝင်ဖို့ ကြိုးစားနေတုန်း အအော်ခံထားရတော့ မထင်မှတ်ထားဖူးပေါ့၊ ဆရာမကြီးက ကျနော်ကို ခေါ်ပြီး “ဟဲ့ကောင်..နင်တို့ကို ပန်းခွေကြီးနဲ့ ကျောင်းထဲအဝင်ခံလိုက်ရင် ငါဘာဖြစ်သွားမလဲ၊ အခု ငါလာချင်လွန်လို့လာ တာ၊ လုပ်စရာရှိတာလုပ်ဟေ့ ဒါဟာ အမျိုးသားရေး ဒို့နိုင့်ငံရဲ့ ဂုဏ်သိက္ခာအရေး’’ ဆိုပြီးအားပေးသွားတယ်။ နောက်မှ ဆရာမကြီးဟာ ဂျပန်ခေတ် အာရှလူငယ်အစည်းအရုံးမှာ စည်းရုံးရေးတာဝန်ယူခဲ့တာလို့ သိရပါတယ်။

ဒီဇင်ဘာလ (၁၁) ရက်နေ့ (၉) နာရီလောက် ကျနော် ကျောင်းထဲရောက်တော့ ကျောင်းသားကြီးတွေ လှုပ်လှုပ်ရှားရှား ဖြစ်နေကြတယ်။ ကျောင်းကိုစစ်တပ်က မျက်ရည်ယိုဗုံးနဲ့ပစ်ပြီး လူစုခွဲမယ်ဆိုတဲ့ စကားတွေပျံ့နေပြီ။ မျက်ရည်ယိုဗုံးနဲ့ ပစ် ရင် ခံနိုင်ဖို့ လက်ကိုင်ပုဝါတွေ စုထားရန် လိုက်ဆော်သြနေတယ်။ ဒါနဲ့ ကျနော်လည်း အိမ်ပြန်ပြီး ရသလောက် လက်ကိုင် ပုဝါတွေ စုပြီးလာပို့လိုက်တယ်။ ပြီးတာနဲ့ အိမ်ခဏပြန်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ကျနော့်အိမ်ကို အမေနဲ့ ရင်းနှီးတဲ့ ပါတီကောင်စီက ပုဂ္ဂိုလ်တွေရောက်လာပြီး အခုကစပြီး အိမ်ထဲမှာပဲနေဖို့ လာပြောတာကြောင့် အိမ်မှာ ခြေချုပ်မိသွား တယ်။

ဒီဇင်ဘာလ (၁၂) ရက်နေ့ အိပ်ယာကနိုးတာနဲ့ ချက်ချင်းပဲ မျက်နှာသစ်ပြီး အိမ်အပြင် ထွက်လိုက်တာနဲ့ သတင်းဆိုး ကြား ရတော့တာပဲ။ ရန်ကုန်တက္ကသိုလ်ကျောင်းဝန်း ခြင်္သေ့နှစ်ကောင်ရှိတဲ့ တံခါးမကြီးကို ဆောက်လုပ်ရေးက ယန္တယားကြီး တွေနဲ့ဖျက်ပြီး ဦးသန့်အုတ်ဂူကို ဘူဒိုဇာနဲ့ထိုးကလော် သွားတယ်တဲ့။ ကျောင်းသားတွေကိုလည်း သေနတ်နဲ့ပစ် ဒုတ်နဲ့ ရိုက်တယ်တဲ့။ အုတ်ဂူကိုမှောက်ပြီးကာကွယ်ထားတဲ့ ကျောင်းသူ ကျောင်းသားတွေကိုလည်း ရောပြီးနင်းပစ်လိုက်တယ် တဲ့။ နောက်တော့ ဦးကြည်ဝင်းကို နံပါတ်တစ်တရားခံ သတ်မှတ်ပြီး ကျောင်းသားခေါင်းဆောင် (၅၃) ယောက်ကို ထောင် ချပစ်လိုက်တယ်။

ပြောချင်တာက ကျနော်တို့ မြန်မာပြည်က ကျောင်းသားလူငယ်တွေဟာ နိုင့်ငံဂုဏ်သိက္ခာ အရေးနဲ့ပတ်သက်ပြီး ဘယ် တော့မှ နောက်မတွန့်ခဲ့ကြဘူး။ သတ္တိအပြည့်ရှိတယ်။ ရာဇဝင်မှာထွန်းပြောင်တယ်လို့ ရဲရဲကြီး ပြောချင်တာပါ။ ဒါကြောင့် အခုလို မြန်မာနိုင်ငံမှာ မျှော်လင့်ချက်လမ်းစတွေ ပေါ်ထွက်နေတဲ့ အချိန်မှာ လူငယ်တွေကို ညီညွှတ်စေချင်တယ်။ ပါတီစွဲ၊ အဖွဲ့အစည်းစွဲ၊ လူပုဂ္ဂိုလ် အစွဲအလမ်းတွေ မထားဘဲ ကျရာနေရာမှာ တတပ်တအား ပါဝင်စေချင်တယ်။

ယနေ့ခေတ် မြန်မာပြည်မှ လူငယ်များ ကိုယ့်တိုင်းပြည်ကို နိုင်ငံတကာက ရိုသေခန့်ညားအောင် ဝိုင်းဝန်း ကူညီဆောင်ရွက် နိုင်ကြပါစေလို့…

ဦးသန့်အရေးအခင်း (၃၇) နှစ်ပြည့် အထိမ်းအမှတ်
သန့်စင်အောင် (ရန်ကင်း)
၁၁-၁၂-၂၀၁၁
source by : နေ့သစ်

ခေတ်သစ်လူငယ် သိကြစေ (၁)

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, December 11, 2011

နိုင်ငံရေး အကျဉ်းသား လွှတ်မပေး ရင် ဆန္ဒပြမယ်

ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသား တွေ ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့  နောက်ဆုံးထား ပြီး ပြန် မလွှတ် ဘူး ဆိုရင် အဲဒီလ ရဲ့  ဖေဖော်ဝါရီ လ ၁၃ ရက်နေ (ဗိုလ်ချုပ် အောင်ဆန်းမွေး နေ့ ) Just Do It ဖွဲ့  စည်း ခြင်း တစ်နှစ် ပြည့်နေ့ မှာ ဆန္ဒပြ မယ်လို့  Just Do It က ကိုသီဟတေဇ နဲ့  လှုပ်ရှား တက်ကြွ သူ အချို့  ကကျွန်တော့်ကို အီးမေးနှင့်ပြောလာပါတယ်..ဒါ့ကြောင့်

လွတ်တော့မှာလား ကဗျာ နဲ့ တင်ပြလိုက်ပါတယ်...

ဒီငြိမ်းလင်းတို့ သားအဖတွေ ........ အခု လွှတ်ပေး အခုလွှတ်ပေး
ကိုမင်းကိုနိုင် လွတ်မြောက်ရေး ..... ဒို့ အရေး ဒို့ အရေး
၈၈ကျောင်းသားခေါင်းဆောင်များ ... အမြန်လွှတ်ပေး အမြန်လွှတ်ပေး
နိုင်ငံရေး အကျဉ်းသားအားလုံး ........ ချက်ချင်းလွှတ် ချက်ချင်းလွှတ်
လွှတ်လွှတ်အကုန်လွှတ် ..ရှိသမျှ.......... အကုန်လွှတ်
သာသနာ့အာဇာနည်ဦးဂမ္ဘီရ ကို......... အမြန်လွှတ်ပေး..၊၊ ၊၊

မျှဝေသူ လမ်းပြကြယ်(အေးနန္ဒာအောင်)

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, December 10, 2011

ခေတ်သစ် လူငယ် သိကြစေ (၁)

၁၉၈၉ ခုနှစ် ဧပြီလ မဟာသင်္ကြန်တောင် ဘယ်လိုပြီးသွားလဲမသိ၊ ကျနော့် အိမ်မှာတော့ လူပေါင်းများစွာ ဝင်လိုက်ထွက်လိုက်နှင့်။ အများစုကတော့ အထက်တန်းကျောင်းသားများ၊ တက္ကသိုလ် ကျောင်းသားများ၊ အသက်အ ရွယ်များက ၁၅နှစ် မှသည် အကြီးဆုံး ၂၂ နှစ်၊ အသက်ကြီး ပါတယ်ဆိုတဲ့ ကျနော်တောင် ၃၀ မပြည့်သေးပါ။ မေးလိုက်ကြတဲ့ မေးခွန်းများ ကလည်း များမှများ။

“လူ့ဘောင်သစ် ဘာလုပ်နေလဲ”

“မိုးသီးဇွန် ဘယ်ရောက်နေလဲ၊ တောခိုမယ်ကြားတယ်၊ အဲဒါဟုတ်လား”

“လူ့ဘောင်သစ်က လက်နက်ကိုင်ဖို့ လူစုနေတဲ့ ပါတီလား”

“ကျနော်တို့ကို ခိုင်းပါ၊ တိုင်းပြည်အတွက် ဘာပဲလုပ်ရလုပ်ရ၊ အဆင်သင့်ပဲ”

“ဘယ်သူပဲခေါင်းဆောင်လုပ်လုပ်၊ အဲဒါကအရေးမကြီးဘူး၊ တိုင်းပြည် ကောင်းအောင်လုပ်ဖို့ပဲ လိုတယ်”

ကျနော့်မှာလည်း ကျောင်းသားအရွယ်လေးများ၏ ဆုံးဖြတ်ချက်များဟာ မှားယွင်းသွား မှာကိုစိုးရိမ်ပါတယ်။ ပါတီစွဲ၊ ဝါဒ စွဲ၊ လူပုဂ္ဂိုလ်စွဲများဖြင့် တဖက်စွန်းရောက်သွားမှာကိုလဲ ပူပန်နေမိပါ တယ်။

အဲ့ဒီအချိန်က ကျနော်ဟာ ရန်ကင်းမြို့နယ် လူ့ဘောင်သစ်မှာ ဥက္ကဋ္ဌ ဆိုပါတော့၊ အလုပ်က ကျူရှင်ဆရာ၊ ကိုယ်ကိုတိုင် တော့ ရှင်းရှင်းလင်းလင်းမရှိသေး၊ ဆိုလိုတာက ဘယ်လမ်းစဉ် ဘယ်မူဝါဒ ဆိုပြီးပြတ်သားမှု မရှိသေးတာကို ပြောတာပါ။ ရွေးချယ်ပိုင်ခွင့်မရှိတဲ့ တပါတီအာဏာရှင်စနစ်ကို စက်ဆုပ်ရွံရှာပြီး စစ်တပ်က အာဏာသိမ်းတာကို လုံးဝ လက်မခံနှိုင်သူ တယောက် ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေး လုပ်စားမည့်လူတွေရဲ့လက်အောက်မှာ အသုံးချခံ၊ အခိုင်းခံအဖြစ် ကျောင်း သား လူငယ်လေးတွေရဲ့ဘဝ နစ်မွန်းသွားမှာကို လုံးဝ မလိုလားပါဘူး၊ ဒါကြောင့် ကျောင်းသားပါတီဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဟာ ကျနော်ရဲ့ ရွေးချယ်မှု ပါပဲ။

သင်္ကြန်အပြီးမှာ နိုင်ငံလုံးဆိုင်ရာ ပထမအကြိမ် ပါတီညီလာခံလုပ်မယ်တဲ့၊ သိပ်ကောင်းတဲ့ အစီအစဉ်ပဲ၊ တနိုင်ငံလုံးက ကျောင်းသားခေါင်းဆောင်တွေ တွေ့ကြမယ်ဆိုတော့ ဝမ်းသာလိုက်တာ၊ ပါတီတခုရဲ့အသက်ဟာ ညီလာခံပဲ၊ ပါတီဖွဲ့စည်း ပြီး ၆ လသက်တမ်းနှင့် ညီလာခံခေါ်ရဲတဲ့ ဌာနချုပ် ခေါင်းဆောင်တွေကို လေးစားမိတယ်။ဌာနချုပ်ခေါင်းဆောင်တွေဆိုလို့ ဒိခေတ်လူငယ်တွေရဲ့မျက်လုံးထဲမှာ အဖိုးကြီးပုံ တွေ မြင်နေအုန်းမယ်။ ဥက္ကဋ္ဌလုပ်တဲ့ မိုးသီးဇွန်က (၂၇)နှစ်၊ ဒုဥက္ကဋ္ဌ သက်ထွန်းက (၂၇) နှစ်၊ န အ ဖ ခေတ်မှာ ဗိုလ်ချုပ်ခင်ညွန့်ရဲ့အရုပ်ကလေးဖြစ်သွားရှာတဲ့ မိုးဟိန်းက (၂၄) နှစ်၊ ရဲနိုင် အောင် (ကိုဝ) (၂၄)နှစ် (ကိုဝ–မှားနေလျှင်ပြင်ကွာ )၊ အခု နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ ကျော်မင်းယု(ဂျင်မီ) ဆို (၂၂) နှစ် လောက်ရှိတယ်၊ စီမံ/စည်းကမ်းတာဝန်ယူတဲ့ ယဉ်ထွေးက (၂၃) နှစ်၊ ဘဏ္ဍာရေးမှူးလုပ်တဲ့ တင်ထွန်းလှိုင် (န အဖ ရဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့် ဦးနှောက်ကို ထိခိုက်သွားရသူ) ဆို ပီဘိ ကလေးလေး မျက်နှာနှင့် (၂၁) နှစ်ပဲ ရှိသေး တယ်။ ဇေယျ (ခေါ်) ကုလားမကြီး (အခုသူလဲ နှစ်ရှည်ထောင်ဒဏ်ခံနေရတယ်) ကလည်း (၂၅)နှစ် လောက်ပဲ ရှိသေး တယ်။

ဒီလိုပဲ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မဥမ္မာ (ဗဟန်း)၊ ဝင်းမောင်(လှိုင်)၊ အောင်မြတ်စိုး (တာမွေ)၊ ဖော်မျိုးနိုင် (ပန်းဘဲ တန်း)၊ သက်အောင် (အင်းစိန်)၊ ကျော်သန်း(ကွမ်းခြံကုန်း)၊ စတဲ့မြို့နယ်တာဝန်ခံ တွေအားလုံးဟာလည်း အသက် (၂၀) ဝန်းကျင်တွေ၊ ဆိုလိုတာက အဲဒီအချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (N L D) ပြီးတဲ့နောက် ဒုတိယအင်အား အကြီး ဆုံးဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ လူငယ်တွေနဲ့သာ ဖွဲ့စည်းထားတာ ဆိုတာကို ဒီခေတ်လူငယ်တွေ သိ စေချင်တာပါ။

ဧပြီလ (၂၂) ရက်မှာမနက်အစောကြီး ကတည်းက ညီလာခံလုပ်မယ့် ဗဟန်းမြို့နယ်က ရန်ကုန်တိုင်းရုံး (ကျနော်တို့ အ ခေါ် ဝါးရုံပင်စခန်း) ကို ထွက်လာခဲ့တယ်။ ရောက်တော့ မျက်နှာစိမ်း လူငယ်တွေ အများကြီးတွေ့တယ်။ ဒါပေမယ့် ကြောင်တောင်တောင် ဖြစ်မနေကြပါဘူး။ တယောက်နဲ့ တယောက် ပြုံးပြပြီး အပြန်အလှန်မိတ်ဆက်ကြတယ်။ ၈ နာရီ ထိုးတော့ ခန်းမလို ဆောက်ထားတဲ့ တဲကြီးထဲဝင်ပြီး တတိယမြောက် အတန်းမှာ ထိုင်လိုက်တယ်။ ဒါနဲ့ အခမ်းအနားစ ရော ဆိုပါတော့ ၊ နယ်က မြို့နယ်ကိုယ်စားလှယ်တွေ တယောက်စီ မိတ်ဆက်ကြတယ်။ ရင်ထဲမှာစွဲနေတဲ့ စကားလေး တွေထဲမှာတော့ အရင်ဆုံးသတိရတာ မျိုးမောင်မောင် ပြောတဲ့စကား၊ လူပုံစံက တုတ်တုတ်ခိုင်ခိုင်၊ ကွမ်းကြိုက်လွန်းတဲ့ မုံရွာသားပီပီ ပါးစပ်တခုလုံး ကွမ်းသွေးတွေရဲလို့၊ သူက “ကျနော် မိုးသီးဇွန် လဲ မသိဘူး၊ မင်းကိုနိုင်လဲ မသိဘူး၊ ကျနော် သိတာ ကျောင်းသားလူငယ်တွေပဲ၊ ကျနော်တို့ နိုင်ငံရဲ့ အနာဂါတ်အတွက် ကျောင်းသားလူငယ်တွေ ခေတ်အဆက်ဆက် က တိုက်ပွဲဝင်ခဲ့တယ်၊ အခုလဲ တိုက်မှာပဲ၊ ကျနော့်မှာ ဘယ်သူခေါင်းဆောင်တယ်ဆိုတာ အဓိကမဟုတ်ဘူး ဘယ်သူပဲ လုပ်လုပ် မြန်မာပြည်သူတွေ ကောင်းစားမယ်ဆိုရင် ကြိုက်တဲ့တာဝန်ပေး၊ ကျေပြွန်အောင်လုပ်မှာပဲ” တဲ့။

နောက်တယောက်က ရွှေဘိုသား (နာမည်ရင်းမမှတ်မိတော့တာ ခွင့်လွှတ်ပါ)၊ သူကလဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့် နှင့် ထလာတယ်။ အညာသားပီပီ ခပ်ညိုညို အသားအရေနှင့် ကိုယ်လုံးကိုယ်ထည်ကတော့ ခပ်သေးသေး၊ သူက “မိုးသီး ဇွန် ဘယ်မှာလဲ။ မိုးသီးဇွန် ကိုတွေ့ချင်လို့၊ သူနဲ့သူ့အဖွဲ့ ဘာဆက်လုပ်မလဲ သိချင်လို့ ရန်ကုန်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဆင်း လာခဲ့ရတာ၊ အခုသူမရှိတော့ဘူးဆို၊ သူမရှိလဲ ဆက်လုပ်ကြပါ၊ ကျနော့်အနေနဲ့ ဒီညီလာခံက ပေးတဲ့တာဝန်ကိုယူပြီး ဆက်လုပ်မှာပဲ၊ ရဲဘော်တို့ ရှေ့ဆက်ပြီး ညှိနှိုင်းပါ၊ ဆွေးနွေးပါ၊ လုပ်ငန်းစဉ်ချပါ၊ ကျနော် အဆင်သင့်ရှိပါတယ်” တဲ့။

အဲဒီအချိန်မှာ ကျနော့နောက်က ထိုင်နေတဲ့ မဥမ္မာက လှမ်းပြောတယ် “အကိုရေ ၊ အညာသားကြီးလဲ ပြတ်တယ်နော်”။ ဒါနဲ့ ကျနော်က “သူ့ကို ရွှေဘိုသားဆိုတော့ အောင်ဇေယျလို့ နာမည်ပေးရအောင်၊ ဥက္ကဋ္ဌတင်လိုက်ရင် မကောင်းဘူးလား ဟေ့၊ ရန်ကုန်က ဥက္ကဋ္ဌမလုပ်ဘဲ နယ်ကို ဦးစားပေးလိုက်ရင် ညီညွတ်မှုလဲ အားကောင်းသွားမယ်”၊ အဲဒီကနေ့ ‘အောင် ဇေယျ ဟေ့’၊ ‘အောင်ဇေယျ တဲ့နော်’ ဆိုတဲ့စကားတွေ တဆင့်ပြီးတဆင့် ပျံ့သွားတယ်။ တကယ်လည်း မဲပေးပြီးရွေးလိုက် တော့ သူပဲ လူဘောင်သစ်ရဲ့ ဒုတိယမြောက် ဥက္ကဋ္ဌဖြစ်သွားတယ်။ ၁၉၈၉ ဇွန်လနောက်ဆုံးပတ် လူ့ဘောင်သစ် ဒီမိုက ရက်တစ်ပါတီ ဌာနချုပ် (အနော်ရထာလမ်း) မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ အာဏာဖီဆန်ရေး တရားပွဲလုပ်တော့ သူ့ရဲ့ “မောင်းပြန်ကို ဒေါင်းအလံနှင့် တိုက်မယ်” ဆိုတဲ့ စကားတခွန်း “တွင်”ကျန်ခဲ့တယ်။

နောက်တယောက်ကတော့ ဗမာတွေအထဲမှာ ရှည်တယ်ဆိုလောက်တဲ့ အရပ်နဲ့ ခပ်ပိန်ပိန်၊ တည်တည်ငြိမ်ငြိမ် မျက်နှာ ပေါက်ရှိတဲ့ ခရမ်းမြို့နယ်သား ကိုမြင့်ဇော် (၁၉၉၇ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ထိုင်းမြန်မာ နယ်စပ်တနေရာမှာ ကွယ်လွန်) ပြောတယ်၊ သူက “ရန်ကုန်က ဗကသ ကျောင်းသား ခေါင်းဆောင်တွေရဲ့ လုပ်ရပ်ကို ကြိုက်လို့၊ ပါတီရဲ့မူကို ကြိုက်လို့၊ ဝင်လုပ်နေတာပါ၊ မိုးသီးဇွန် ရှိတာ မရှိတာ အဓိက မကျပါဘူး၊ အဓိကကျတာက ကျနော်တို့ အလုပ်ဆက်လုပ်ကြဖို့ပဲ၊ ကျောင်းသားလူငယ်တွေရဲ့ လုပ်နိုင်စွမ်းကို ပြဖို့ပဲ၊ ဒါကြောင့် ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ အားသွန်ခွန်စိုက် လုပ် ကြပါ၊ လုပ်မယ်လို့လည်း ယုံကြည်ပါတယ်” ဆိုပြီး ပြန်ထိုင်သွားတယ်။ နောက်တော့ သူလည်း ၁၉၉၀ ပြည့်နှစ် ဂျူလိုင်လ ၁၇ ရက်နေ့ နိုင်ငံလုံးဆိုင်ရာ အထူးအစည်းအဝေးမှာ ပါတီဥက္ကဋ္ဌ တာဝန်ကိုယူပြီး ကွယ်လွန်ချိန်အထိ မဆုတ်မနစ် လုပ် သွားခဲ့ပါတယ်။

သူပြီး နောက်တယောက် ထလာပြန်ပါတယ်။ မကွေးက ကိုသက်ဇော်။ သူက ပိုပြီးပြတ်တယ် “ကျောင်းသားခေါင်းဆောင် တွေ ဘာလို့ပါတီထောင်တာလဲ သိသိချင်း မကျေနပ်ဘူး၊ ဒါပေမယ့် ပါတီဟာ အာဏာယူဖို့ မဟုတ်ဘူး၊ ရွေးကောက်ပွဲ ဝင်ဖို့မဟုတ်ဘူး တကယ်လုပ်မယ့်လူတွေ အဖွဲ့အစည်းတွေကို ဝန်းရံပေးဖို့ ကူညီဖို့ဆိုလို့ သိပ်ကြိုက်သွားတယ်၊ ကျေနပ် တယ်၊ ဒါကြောင့် ကျနော် လာခဲ့တာပဲ၊ ဘယ်သူပဲဖြစ်ဖြစ် တိုင်းပြည်အတွက် တကယ်လုပ်မလား၊ ကျနော်ထမ်းတင်မယ်”

ကိုတင်ဦး (သင်္ကန်းကျွန်း) က ကျနော့ကို လှမ်းပြောတယ်၊ “အစ်ကိုရေ မြေလတ်သား အာဇာနည် တယောက်တော့ ပေါ် လာပြန်ပြီ” အဲဒီအချိန်မှာ ဘယ်သူလဲတော့ သေသေချာချာ မသိတော့ဘူး။ သူက အသံကျယ်ကျယ်နဲ့ “မကွေးမှာ ဗကသ ခေါင်းဆောင် ကိုဗဟိန်းက မြင်းခွာသံ တချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်သွားမယ်ဆိုတဲ့ သမိုင်းဝင်စကား ပြောသွား တယ်၊ ဒါကြောင့် သူ့ကို ဗဟိန်းအောင်လို့ နာမည်ပြောင်းရင် ကောင်းမယ်” ဆိုလိုက်တော့ ဗဟိန်းအောင်ရယ်လို့ အမည် တွင်သွားပြီး ညီလာခံမှာ အထွေထွေအတွင်းရေးမှူးအဖြစ် အရွေးခံရပါတယ်။ အခုတော့ နှစ်ရှည် ထောင်ဒဏ် ကျခံနေရ ဆဲပါ။

ဒါတွေ ရေးပြနေတာ နောက်ကြောင်းပြန်သွားနေတာ မဟုတ်ပါဘူး။ ဒီကနေ့ ပြည်တွင်းမှာ နိုင်ငံရေး မိုးလေဝသ အခြေ အနေ ကောင်းစပြုနေတာ မြင်ရတဲ့အတွက် လူငယ်နိုင်ငံရေးသမားတွေ အများကြီး ပေါ်ထွက်စေချင်လို့ပါ။ ကျနော်တို့ ခေတ်တုန်းက “နိုင်ငံရေး နာဂစ်မုန်တိုင်း” ကြောင့် အလဲလဲအကွဲကွဲနှင့် စုတ်ပြတ်သတ်အောင် ဖိနှိပ်ခံနေရတာတောင် လူငယ်တွေရဲ့ အားမာန်နဲ့ နိုင်ငံ့သမိုင်းကြောင်း တနေရာမှာ ပါဝင်ခဲ့ကြပါတယ်။ ဒါကြောင့် “ကိုဇေယျာသော်” အကျဉ်း သား ဘဝက ပြန်လွတ်လာပြီးတာနဲ့ နိုင်ငံရေးလုပ်မယ်၊ “ကိုရသ” ကလည်း ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုလို့ ဒီစာကို ရေးဖြစ်တာပါ။

“လေးစားပါတယ် ကိုဇေယျာသော် ” ၊ “ ကြိုဆိုပါတယ် ကိုရသ ”၊ သူတို့လိုပဲ အသစ်အသစ်သော လူငယ် နိုင်ငံရေးသမား များကို လှိုက်လှဲစွာ ကြိုဆိုလျှက်..။

သန့်စင်အောင် (ရန်ကင်း)

၎-၁၂-၂၀၁၁

ပန်းချီ .. စစ်ငြိမ်းအေး

source by :နေ့သစ်

အပြည့်အစုံသတင်းဖတ်ရန်....

သိန်းစိန်ပြောတဲ့ ဒီမိုကရေစီ ဆိုတာ ဒါလား??

သိန်းစိန် သားတွေ ကချင် အမျိုးသမီးကို မဒိန်းကျင့်ပြီး သတ်ပစ်ခဲ့ပါတယ်.... ဒီလို ဖြစ်ပျက်နေတာဟာ ဘယ်သူ့ တာဝန်လဲ... ဘာတွေ ဖြစ်ပျက်နေပြီလဲ... လွန်ခဲ့တဲ့ နိုဝင်ဘလ ၃၀ ရက်ည ကချင် ပြည်နယ် မြစ်ကြီးနားမြို့မှာ Sweet ဒီဇင်ဘာ ကြိုတဲ့ ကချင် လူငယ် အရောက် (၂၀) ဦးကို စစ်အစိုးရ စစ်တပ် (တပ်အမည်မသိ) တို့မှ ပေါ်တာ အဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ထွက်ပြေး လွတ်မြောက် လာတဲ့ မြစ်ကြီးနား မြို့ခံ မောင်ဘရန်အောင် (အသက် ၁၇ နှစ်) ရဲ့ ပြောပြချက် အရ သိရှိရပါတယ်။ ဖမ်းဆီး ခံရတဲ့ ကချင် လူငယ် (၂၀) ဦးတွင် ကချင် မိန်းကလေး (၂) ဦးလည်း ပါဝင်ကြောင်း၊ ယင်း မိန်းကလေး (၂) ဦးကိုတော့ သိန်းစိန်အစိုးရ စစ်သားများမှ နေ့ည မဒိန်းကျင့် နေကြောင်း “အဲ့ဒီ မိန်းကလေး နှစ်ယောက်ဟာ နေ့တိုင်း ညတိုင်း စစ်သားများရဲ့ မဒိန်းကျင့်ခြင်းကို ခံနေရတယ်။

ကျနော် တို့က စိတ်အရမ်း နာကြည်းပေမယ့် ဘာမှ လုပ်လို့ မရဘူး.. ပါးစပ်တောင် ဟလို့ မရဘူး.. ဗမာစစ်သားတွေက ကျနော်တို့ကို ရိုက်တယ်၊ ကန်တယ်၊ သေနတ်နဲ့ ထုတယ်..။ မိန်းကလေး နှစ်ယောက်က သနားစရာ ခံစား နေရပါတယ်.. ဖြစ်နိုင်ရင် သူတို့ (သိန်းစိန် သားတို့) ထံမှ အမြန်ဆုံး ကယ်ထုတ် နိုင်ရင် ကောင်းတယ်..” ဟု ပြောကြား လာပါတယ်။ ဒီလိုမျိုး အဖြစ်အပျက် တွေက မြစ်ကြီးနား၊ မန်မော် (ဗန်းမော်)၊ ဝိုင်းမော် နယ်မြေတွေနှင့် ကျေးရွာ တော်တော် များများမှာ ဖြစ်ပျက်နေကြောင်း ဒေသခံများရဲ့ ပြောကြားချက် အရ သိရှိရပါတယ်။ သန့်ရှင်းသော အစိုးရ ဖြစ်စေရမယ်လို့ ကြွေးကြော် နေတဲ့ သိန်းစိန် အစိုးရဟာ တိုင်းရင်းသား နယ်မြေတိုင်းမှာ လူ့အခွင့်အရေး များကို အချိန်ပြည့် ချိုးဖောက် နေတာကို တွေ့မြင် နေရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ဝိုင်းဝန်း စုံစမ်း ကူညီကြရအောင်... ဝိုင်းဝန်း စုံစမ်းပြီး သတင်းများကိုလည်း ပေးပို့ကြပါ...

အပြည့်အစုံသတင်းဖတ်ရန်....

Friday, December 09, 2011

မြေအောက်အပူရှိန် မြင့်တက်ပါက ရွှံ့မီးတောင် ပေါက်ကွဲမှု ထပ်မံဖြစ်နိုင်

ကျော်ခ | ချင်းမိုင် (မဇ္ဈိမ) ။ ။ မကြာသေးမီက ရွှံ့မီးတောင် ပေါက်ကွဲမှု တခုဖြစ်ခဲ့သော ရခိုင်ပြည်နယ်တွင် မြေအောက် အပူရှိန် မြင့်တက်ခြင်း ဖြစ်ပါက ရွှံ့မီးတောင်များ ထပ်မံ ပေါက်ကွဲမှုဖြစ်နိုင်ကြောင်း ဘူမိဗေဒ ပညာရှင် အငြိမ်းစား ပါမောက္ခ ဦးစိုးသိန်းက ပြောသည်။

ရွှံ့မီးတောင် အဖြစ် ပေါက်ကွဲနိုင်သည့် မြေအောက် ရေပူ ပြတ်ရွေ့ကြောများ ရှိနေသော ကျောက်ဖြူမြို့နယ် အပါအဝင် ရမ်းဗြဲကျွန်း တို့တွင် ငလျင် လှုပ်ခတ်ခြင်း၊ မြေအောက် အပူချိန်များ မြင့်တတ်ခြင်းများ ဖြစ်လျှင် နောက်ထပ် ပေါက် ကွဲမှုများ ဖြစ်နိုင်ပြီး လူများ ပြောင်းရွှေ့ နေထိုင်ရမည့် စိုးရိမ် ဖွယ်ရာများမရှိဟု သိရသည်။

“အဲဒီ ပြတ်ရွေ့ကြောတွေ ရှိတဲ့ နေရာတွေမှာ လှုပ်ရှားမှုတွေ ရှိလာရင် အောက်က အက်ကွဲကြောင်းတွေအတိုင်း ရေတွေ က circulate ဖြစ်လာတယ်။ ဖြစ်တော့ အထက်ကို hot spring အနေနဲ့ ပျံပြီး ထပ်ထွက်လာနိုင်တာပေါ့။ မီးတောင်ကြီးတွေလို ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ လူတွေ ရွှေ့ပြောင်း ရလောက်အောင် အန္တရာယ် မပေးနိုင် ပါဘူး” ဟု ဦးစိုးသိန်း က ပြောသည်။

ကျောက်ဖြူ မြို့နယ်သည် ရွှံ့မီးတောင် အဖြစ် ပေါက်ထွက်နိုင်သော မြေအောက် ရေပူ ပြတ်ရွှေ့ကြောများ အများဆုံး ရှိသည်။ မကွေးတိုင်း မင်းဘူးမြို့နယ်တွင်လည်း ရှိပြီး ထိုနေရာကိုတော့ နဂါးပွက်တောင်ဟု လူသိများကြသည်။
ရေပူလိုင်း ပြတ်ရွှေ့ကြောများသည့် နိုင်ငံတွင်း အခြား နေရာများတွင် ရေပူစမ်းများအဖြစ် တွေ့ရှိနိုင်သည် ဦးစိုးသိန်းက
ပြောသည်။

နိုဝင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းက ကျောက်ဖြူမြို့နှင့် ၃၂ မိုင်ကွာဝေးသည့် ဘောရာဘာရွာ၏ အနောက်ဘက် တမိုင်ခန့်ရှိ တောင်ကုန်းငယ် တခုပေါ်က ရွှံ့မီးတောင်တခု ပေါက်ကွဲခဲ့သည်။ ပေါက်ကွဲမှုကြောင့် ရွှံ့ချော်ရည်ပူများ အထက်ကို ၁၅ ပေခန့် မြင့်တက်ခဲ့ပြီး တွင်း၏ ဘေးဘက် မြေ ငါး ဧကကျော် ချော်ရည်များဖုံးလွမ်းသွားသည်။

ပေါက်ကွဲမှုကြောင့် ချော်ရည်များ ထွက်ရှိရာ တောင်ကုန်းအောက်ရှိ လယ်ကွင်းများအတွင်းသို့ စီးဝင်ပြီး စပါးခင်းများ ပျက်စီးမည်ကို လယ်သမားများက စိုးရိမ်းခဲ့ကြသော်လည်း ပေါက်ကွဲသည့်နေ့ ညနေပိုင်း၌ပင် ငြိမ်ကျသွားခဲ့သည်ဟု ကျောက်ဖြူ ဒေသခံ ရခိုင်သားတို့က ပြောသည်။

“ပေါက်တာက တောင်ကုန်းပေါ်မှာ ဘောရာဘာရွာရဲ့ အနောက်ဘက်မှာပေါ့။ မနက်တခါ။ နေ့လည်တခါ ပျက်စီး တာတော့ မရှိပါဘူး။ ပေါက်တုန်းကတော့ မိုးပေါ်ထောင်ပန်းတာပဲ။ အဲတုန်းကတော့ လယ်တွေပို့မှာတော့ စိုးရိမ် ကြတာပဲ။ နောက်ငြိမ် သွားတာပဲ။” ဟု ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။

ယင်းရွှံ့မီးတောင်ပေါက်ကွဲမှုသည် သုံးကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရပြီး ၂၀၀၀ ခုနှစ်က တကြိမ်နှင့် ၁၉၉၀ တို့တွင် လည်း ပေါက်ခဲ့ဖူးကြောင်း ဒေသခံတို့အပြောအရ သိရသည်။ ပထမအကြိမ် ပေါက်ကွဲမှုတွင် အနီးရှိ စပါးခင်းများ ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

ရွှံ့မီးတောင်များ ပေါက်ကွဲရန်အတွက် ငလျင်လှုပ်ခတ်ခြင်းများကလည်း တွန်းအား ဖြစ်စေကြောင်းနှင့် ယခုအကြိမ်
ပေါက်ကွဲမှုသည် နိုဝင်ဘာ ၂၁ ရက်နေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း ဟုမ္ပလင်းမြို့၏ အရှေ့မြောက်လက် ၃၂ ကီလိုမီတာ အကွာကို ဗဟိုပြု၍ ပြင်းအား ရစ်ချတ်တာ စကေး ၅.၉ လှုတ်ခတ်ခဲ့သော ငလျင်အရှိန်ကြောင့်လည်း ပေါက်ကွဲရန် တွန်းအား ဖြစ်သွားခဲ့သည်ဟု ဦးစိုးသိန်း က ပြောသည်။

“အဲဒီ ငလျင်ရဲ့ လှုပ်အားက မြေထုက လှုပ်ရှားလိုက်တဲ့အခါမှာ ဒီဘက်မှာ နည်းနည်းလာထိတယ်။ ဒါကြောင့် အောက်မှာ ရှိတဲ့ ပြတ်ရွေ့ကြောတွေထဲမှာရှိတဲ့ ရေပူတွေက အထက်ကို တက်ပြီး ပေါက်ထွက်တာပေါ့” ဟု သူကပြောသည်။

ကျောက်ဖြူမြို့၏ အရှေ့ဘက် စိုင်ခြုံရွာတွင်၂၀၀၈ ခုနှစ် ဇန်နဝါရီလပိုင်းက ရွှံ့မီးတောင် ၂ခု ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး အမြင့်ပေ ၂၅၀ နှင့် ၃၀၀ ထိပန်းထွက်ခဲ့သည့် ချော်ရည်ပူများကြောင့် ပေါက်ကွဲမှုအနီး ပေ ၂၀၀ ခန့် ချော်ရည်များ ဖုံးလွှမ်းခဲ့ကြောင်း ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် တွေ့ရသည်။

ယင်းစိုင်ခြုံ ရွာ အနီးတွင်၂ဝဝ၆ ခုနှစ်တွင်လည်း ရွှံ့မီးတောင် ပေါက်ကွဲမှု ရှိခဲ့သလို ၁၉၉၆ ခုနှစ်က ပေါက်ကွဲမှုတွင် လည်း လယ်မြေ ဧက ၄ဝ ကျော် ပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့ရသည်။

source by : မဇ္ဈိမ

အပြည့်အစုံသတင်းဖတ်ရန်....

နောက်ပြန်ကြည့်ရင်း၊ ရှေ့မျှော်ကြည့်ရင်း (အောင်ဆန်းစုကြည်)

နှစ်တနှစ်ရဲ့ အစဆိုတာ တဖန်ပြန်သစ်ဆန်းဖို့၊ အားတွေပြန်ဖြည့်ဖို့၊ သန္နိဋ္ဌာန်သစ်တွေချဖို့၊ အတိတ်ကအဖြစ်တွေကို အ မှတ်ရဖို့ အချိန်ပဲ ဖြစ်ပါတယ်။

၂၀၁၀ ကို ပြန်ကြည့်လိုက်ရင် အချို့အပိုင်းတွေဟာ အမှတ်ရစရာနည်းလွန်းလို့ ဆုံးရှုံးသွားပြီး အချိန်တွေနဲ့အတူ ကွယ် ပျောက်သွားပါပြီ။ ၂၀၁၀ ရဲ့ပထမဆုံးနေ့ကို ကျမ ဘယ်လိုဖြတ်သန်းခဲ့လဲ၊ ကျမ သတိမရတော့ပါ။ သိပ်ပြီးသက်တောင့် သက်သာတော့ရှိခဲ့မှာ မဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။ ကျမရဲ့အိမ်ကို ၂၀၀၉ဒီဇင်ဘာလထဲက စပြင်ခဲ့ပြီး နောက် သီတင်း ပတ် အနည်းငယ်အကြာမှာပဲ စည်ပင်အုပ်ချုပ်ရေးက တားမိန့်ထုတ်လို့ ပြင်ဆင်မှုတွေ ရပ်လိုက်ရပါတယ်။

ကျမရဲ့ ရှေ့နေတွေ တားမိန့်ကိုပြန်ရုပ်သိမ်းဖို့ လုပ်ဆောင်နေကြတုန်းမှာ ကတ်ထူပုံးတွေ၊စောင်ထူကြီးတွေနဲ့ ထုပ်ထားတဲ့ ဘာရယ်မှန်းမသိနိုင်တဲ့ အရာတွေ၊ ခရီးဆောင်သေတ္တာအမျိုးမျိုးနဲ့ စောင်းနေတဲ့မျှော်စင်နဲ့တူတဲ့ စာအုပ်ပုံတွေအလယ်မှာ ကျမ လပေါင်းများစွာ နေထိုင်ခဲ့ရပါတယ်။ စာအုပ်စင်မြင့်ကြီးတခု၊ စားပွဲမျိုးစုံနဲ့ အထုပ်စည်းတွေကြားထဲ ညပ်နေတဲ့ ကျမ ရဲ့အိပ်ရာကနေမော့ကြည့်ရင် ကွာကျနေတဲ့ မျက်နှာကြက်ကို ကောင်းကောင်းမြင်ရပြီး အိုမင်းယိုယွင်းခြင်းနဲ့ ဆွေးမြေ့ ပျက်စီးခြင်းတရားကို အခါများစွာ ဆင်ခြင်နိုင်ခဲ့ပါတယ်။

ရာသီဥတု အေးနေရင်တော့ ပြွတ်သိပ်နေတဲ့ အခန်းထဲနေရတာ နွေးထွေးသလိုလို။ မြို့ထဲပြထဲမှာ တောစခန်းချနေသလို ဟန်နဲ့ နေရတာကလည်း တနည်းတော့ စွန့်စားခန်းတွေ့နေရသလိုလို။ ဒါပေမဲ့ ရာသီဥတုက ပိုပိုပြီး ပူလာတော့ စိတ်ကူး အနုအလှတွေ ပြယ်သွားပါတယ်။ အထူးသဖြင့် ပြတင်းအပြင်ဘက် နံရံမှာ ငြမ်းဆင်ထားတာကြောင့် ပြတင်းတွေ ဖွင့်လို့ မရတဲ့အဖြစ်ရောက်ပြီး တညလုံးနီးပါး ပူပူအိုက်အိုက် ချွေးတွေရွှဲလို့ မအိပ်နိုင်သလောက်ပါပဲ။ ကျမကိုယ်ကျမ ကျန်းမာ ရေးကောင်းလှပါတယ်လို့ မခံစားနိုင်ပါဘူး။

၂၀၁၀ ရဲ့ ပထမသုံးလအတွင်း ကာလတွေကတော့ ကိုယ်ခန္ဓာတင် သက်တောင့်သက်သာ မရှိတာ မဟုတ်ပါဘူး။ စိတ် လည်း အလွန်အမင်း အလုပ်လုပ်ရတဲ့ အချိန်ပါ။ ယခင်နှစ်က အင်းစိန်ထောင်အတွင်းမှာ ကျမအပေါ် ချမှတ်လိုက်တဲ့ စီ ရင်ချက်အပေါ် အယူခံဝင်ထားတာနဲ့ ပတ်သက်လို့ ကျမရဲ့ရှေ့နေတွေ ကျမနဲ့ ဆွေးနွေးဖို့ အခါအားလျော်စွာ လာကြပါ တယ်။ ကျမအတွက် ဒီဥပဒေရေးရာ ကိစ္စတခုလုံးဟာ သိပ်စိတ်ဝင် စားစရာကောင်းပြီး အင်မတန်အတွေ့အကြုံရင့်တဲ့ စွမ်းရည်ရှိတဲ့ ရှေ့နေကြီးတွေဆီကနေ အများကြီးဗဟုသုတ ရခဲ့ပါတယ်။ ကျမရှေ့နေကြီးတွေနဲ့တကွ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေရေးရာကော်မတီအတွက်လည်း ကျမ သိပ်ကို ဂုဏ်ယူမိပါတယ်။ အဲဒီကော်မတီဟာ ၁၉၉၅ က စ လို့ တရားဥပဒေကို ထိန်းသိမ်းဖို့နဲ့ ကျမတို့နိုင်ငံက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေဘက်က ခုခံကာကွယ် ဖို့ အတွက် အလုပ်တွေအများကြီး လုပ်ခဲ့ကြပါတယ်။ ရှေ့နေကြီး ဦးဉာဏ်ဝင်းဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အ လုပ်အမှုဆောင် ကော်မတီဝင်တယောက်လည်း ဖြစ်နေတဲ့အတွက် ကျမအနေနဲ့ ပြင်ပနိုင်ငံရေးလောကထဲ ဘာတွေဖြစ် နေသလဲဆိုတာတွေ သိရှိခွင့်ရခဲ့ပြီး ပါတီရဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ့် လုပ်ငန်းစဉ်ထဲ အတိုင်းအတာတခုထိ ပါဝင်နိုင်ခဲ့ပါ တယ်။

နိုင်ငံရေးရှုကွက်ထဲ အင်မတန်အရေးကြီးတဲ့ ဒီလိုနှစ်တနှစ်မှာ ရင်ဆိုင်ရတဲ့ ဉာဏ်ရည်မြင့် စိန်ခေါ်ချက်တွေဟာ ကျမ အတွက် ကျန်းမာရေးကိစ္စတွေထက် အဆပေါင်းများစွာ ပိုအရေးကြီးပါတယ်။

ဧပြီလလယ် မြန်မာနှစ်သစ်ကူးချိန်လောက်မှာပဲ တရားရုံးက အိမ်ပြင်တာကို ဆက်လုပ်နိုင်ကြောင်း အမိန့်ချမှတ်လိုက်ပါ တယ်။ အလုပ်သမားတွေ ပြုံရောက်လာတာနဲ့ ပြင်ပကမ္ဘာကအသံတွေ လှုပ်ရှားမှုတွေနဲ့ အဆက်ပြတ်နေတဲ့ သီးသန့် ခြံ ၀င်းဟာ နေ့ချင်းညချင်းပဲ အဆက်မပြတ် ဆူဆူညံညံ လှုပ်လှုပ်ရှားရှားရှိတဲ့ နေရာ ဖြစ်သွားပါတော့တယ်။

လုပ်စရာတွေက အများကြီးပါ။ အဓိကလုပ်ငန်းက ခေါင်မိုးပြင်ဖို့ ဖြစ်ပါတယ်။ နှစ်နဲ့ချီပြီး မုတ်သုန်လတွေမှာ ကျမ မွေ့ရာ (အိပ်နေရင် ကျမပါ) ရေမစိုအောင်နဲ့ ယိုလာတဲ့ မိုးရေကို ခံနိုင်အောင်၊ ခုတင်နဲ့ ခွက်တွေ၊ ဇလုံတွေ၊ ပုံးတွေကို ခက်ခဲတဲ့ စစ်တုရင်ပွဲတပွဲ ကစားတော့ အရုပ်တွေရွှေ့ရသလို လိုက်ရွှေ့နေရပါတယ်။ အခုတော့ ခေါင်လုံအောင် လုပ်နိုင်တော့မှာပါ။ နောက်တမိုးကို စိတ်အေးလက်အေးနဲ့ ကျမ စောင့်မျှော်နိုင်ပါပြီ။ မြန်မာစကားမှာ “ခေါင်လုံတယ်” ဆိုတာ လုံခြုံခြင်းကို ဖော်ကျူးတဲ့ အလင်္ကာ ဖြစ်ပါတယ်။ ထိပ်ဆုံးကသာ ကောင်းရင် တဗိမာန်လုံး ကောင်းမယ်ဆိုတဲ့ အမြင်ကို ထင်ဟပ်တဲ့ အဓိပ္ပါယ်ပါ။

ပြုပြင်၊ ထိန်းသိမ်း၊ ပြင်ဆင်တယ်ဆိုတာ နောင်ကာလမှာ ရုပ်ပိုင်းဆိုင်ရာ အဆင်ပြေမှုနဲ့ သက်သောင့်သက်သာ ရှိမှုတွေ အများကြီးရတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ သို့ပေမယ့် ရုပ်ဝတ္ထုဆိုင်ရာ ကိစ္စတွေထက် ကျမအတွက် ပိုအရေးကြီး တာက လူတွေနဲ့ ဆက်သွယ် ဆက်ဆံလာနိုင်ခြင်း ဖြစ်ပါတယ်။

ငါးလလောက် ကြာမြင့်တဲ့ အိမ်ပြင်ချိန်ကာလ (ဧပြီကစပြီး စက်တင်ဘာမှာ ပြီးပါတယ်။ ကြားထဲ သုံးပတ်လောက် ခဏ ရပ်နားပါတယ်) မှာ နေ့စဉ်နေ့တိုင်း ကျမတို့ အလုပ်သမားတွေရဲ့ ဘ၀တွေနဲ့ သူတို့သောကတွေနဲ့ အကျွမ်းဝင်ခွင့်ရခဲ့ပါ တယ်။ ကျမတို့နိုင်ငံက အလုပ်သမားထု ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပိုမိုနားလည်လာပြီး၊ သူတို့ရဲ့ မျှော်လင့်ချက် နဲ့ ဆန္ဒကို ပိုမိုရှင်းရှင်းလင်းလင်း သိမြင်ရပါတယ်။

အိမ်ပြုပြင်တဲ့ စီမံချက်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တခုကတော့ အထူး သတင်း တပ်ဖွဲ့နဲ့တကွ အိမ်ဝင်း လုံခြုံရေး အတွက် တာဝန် ယူထားတဲ့ အခြားတပ်ဖွဲ့တွေနဲ့ မကြာခဏ တွေ့ဆုံဆွေးနွေးရတာပဲ ဖြစ်ပါတယ်။ လူတွေ၊ ဆောက်လုပ်ရေး ပစ္စည်းတွေ ခြံထဲသွင်းဖို့ နေ့စဉ် လိုလို ဆွေးနွေး ညှိနှိုင်း နေရပါတယ်။နှစ်ဦးနှစ်ဖက်စလုံးက အကျိုးအကြောင်း သင့်မြတ်တာ၊ ပျော့ပျောင်း လိုက်လျောတာတွေနဲ့ အတားအဆီးတွေကို ချောမွေ့အောင် လုပ်နိုင်တယ်ဆိုတာလည်း ကျမတို့ တွေ့လာခဲ့ရ ပါတယ်။

၂၀၁၀ ခုနှစ်ဟာ ကျမအိမ်အတွက် ပြောင်းလဲတိုးတက်မှုတွေ အများကြီး သယ်ဆောင် လာခဲ့တဲ့ နှစ်ပါပဲ။ ဒါပေမဲ့ ကျမတို့ ပြည်သူတွေ နေထိုင်နေကြရတဲ့ ကျမတို့ တိုင်းပြည်မှာရော ဘာတွေ ပြုပြင်ပြောင်းလဲခဲ့သလဲ ဆိုတာကတော့ နောင်တချိန် ပြန်ပြောကြရမယ့် ပိုလေးနက်တဲ့ ပုံပြင်တပုဒ် ဖြစ်နေပါလိမ့်မယ်။

ကျမ လွတ်လာပြီး ပထမဆုံးရေးဖြစ်တဲ့ ဒီဆောင်းပါးကို ကျမက အခုလို အဆုံးသတ်ချင်ပါတယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် လုံးလုံး ကျမကို ထောက်ခံမှုနဲ့ ခင်မင်မှုပေးခဲ့တဲ့ မာအိနိချိရှင်ဘွန်းကို ကျမ ကျေးဇူးတင်ကြောင်း ပြောရင်း၊ ကျမ ခင်ပွန်း အထူးနှစ်သက်ခဲ့ပြီး၊ အမြဲရှင်သန်နေမယ့် ပညာအမြင်ကြောင့် ကျမကိုယ်တိုင်လည်း နှစ်သက်ရတဲ့ ကဗျာတပုဒ်က ကောက်နှုတ်ချက်ကလေးကို ကျမရဲ့ စာဖတ်ပရိသတ်တွေနဲ့ မျှဝေချင်ပါတယ်။

မနေ့ကဆိုတာ
အိပ်မက်မျှသာ၊
မနက်ဖြန်ဆိုတာ
စိတ်ထဲကပုံရိပ်အလား၊
ဒါပေမဲ့ ဒီနေ့ကိုသာ
ကောင်းကောင်းနေသွား၊
မနေ့ကတိုင်း
ကြည်နူးစရာ
အိပ်မက်ဖြစ်သလို၊
မနက်ဖြန်တိုင်း
မျှော်လင့်ချက်ပြည့်တဲ့
ပုံရိပ်ဖြစ်မယ်၊
ဒီနေ့ကိုသာ
ကောင်းကောင်း
ကြည့်နေသွား။


(The Salutation to the Dawn based on Vedic Hymn မှထုတ်နှုတ်သည်)

အောင်ဆန်းစုကြည်

(၁-၁-၂၀၁၁ နေ့ထုတ် Mainichi သတင်းစာတွင် ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ဖော်ပြပြီး)

ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၇၁ မှ ကူးယူတင်ဆက်သည်။

source by : နေ့သစ်

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */