“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, January 31, 2011

welcome to NLD home page!!


http://www.nldburma.org/ ပါခင်ဗျား..

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, January 30, 2011

ဇေကမ္ဘာ ဦးခင်ရွှေရဲ့  နိုင်ငံရေးအမြင် သုံးသပ်ချက်

SummaryBy ဦးကျော်ဇံသာ ဗုဒ္ဓဟူး, 26 ဇန်နဝါရီ 2011

ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာက လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာတဲ့ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေကို ဆက်သွယ်မေးမြန်း ဆွေးနွေး တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ စီးပွားရေးလုပ်ငန်းရှင် လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ တိုင်းပြည်ရဲ့လူထု လုပ်ငန်း၊ တိုင်းပြည်အကျိုးဆောင်လုပ်ငန်းတွေကို ဘာတွေများလုပ်နိုင်မလဲလို့ ဦးခင်ရွှေအနေနဲ့ မျှော်မှန်းပါသလဲ။

ဦးခင်ရွှေ ။ ။ မီးမရောက်တဲ့နေရာမှာ လိုတာလုပ်ပေးတာ ကျနော့်နိုင်ငံရေးခံယူချက်ပါ။ ကျနော့်ကို တာဝန် ပေးတဲ့ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း သုံးမြို့နယ်ရဲ့လမ်းတွေ နှစ်လမ်းသွားဖြစ်အောင် လုပ် နေပြီ။ နောက် ရွာချင်းဆက်လမ်းတွေအတွက်လဲ ပြင်ဆင်လုပ်နေပြီ။

နောက်တခါ နွေစပါး၊ မိုးစပါး စိုက်နိုင်အောင်လို့လဲ အဲဒီမြို့နယ်တွေက လူပေါင်း (၇၀) လောက်ကို ကျနော် passport လုပ်နေပြီ။ ဗီယက်နမ်မှာ သွားလေ့လာခိုင်းမယ်။ ပြန်လာပြီးရင် နွေစပါး၊ မိုးစပါးတို့ စီးပွားရေးအရ မွေးမြူရေးအစ ထူထောင်ဖို့ လုပ်နေပြီ။ တော်တော်များများကို အဲဒီ ဧရိယာအတွက် ကျနော် စလုပ် ပေးနေ ပါပြီ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပါ။

ဦးကျော်ဇံသာ ။ ။ ကျနော် သိချင်တာက အခု စီးပွားရေးလုပ်ငန်းရှင်တဦးအနေနဲ့ အဲဒီလုပ်ငန်းတွေ လုပ်နိုင် တယ်ဆိုတော့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့ လိုအပ်ပါသလား။ အခုလည်း လုပ်နိုင်တာပဲ။ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ဖို့ လိုပါသလား။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာရင် ဦးခင်ရွှေက အခုလုပ်နေတဲ့ လုပ်ငန်း တွေထဲကနေ အချိန်ပေးကောင်း ပေးရလိမ့်မယ်။ လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ ဘာတွေပိုလုပ်နိုင်မယ် ထင်ပါသလဲ။

ဦးခင်ရွှေ ။ ။ အခုအချိန်အထိက နိုင်ငံတော်က အေးချမ်းသာယာရေး တည်ဆောက်ထားပြီးပြီ။ လမ်းပန်း ဆက်သွယ်ရေးအနေနဲ့ ဧရာဝတီတိုင်းတို့ ဘာတို့ ရှိသမျှ တပြည်လုံးအတိုင်းအတာအနေနဲ့ တံတားကြီးတွေ တည်ဆောက်ပြီးသွားပြီ။ နိုင်ငံတော်က တည်ဆောက်ဖို့က အဓိက စီးပွားရေးပဲ ကျန်တော့တယ်။ စီးပွားရေး ကိုမှ အောက်ခြေလူတန်းစားတွေ တတ်လာဖို့ စီးပွားရေးပဲ grassroots level တွေ အပေါ်တက်လာရေး စီးပွားရေးပဲ ကျန်တယ်။

အဲဒီမှာ ကျနော်တို့ကနေ ဥပဒေရေးရာအရရော၊ စီးပွားရေးအကြံပေးတွေကို ဒီထက်ပိုပြီး အကြံပေး လုပ်နိုင်မယ့် အနေအထားမျိုး ရှိပါတယ်။ တယောက်တည်းလုပ်တာထက် အကြံပေးပြီး ဥပဒေပြုပြီး တော့ ကျနော်တို့အကြံပေးရင်တော့ ဒီထက်ထိ ပိုအောင်မြင်ပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဦးခင်ရွှေ ပြောတာ သိပ်ကောင်းပါတယ်။ အောက်ခြေလူတန်းစားတွေ စီးပွားရေး ဖွံ့ဖြိုး လာအောင် ဘယ်လို ဥပဒေမျိုးများ အကြံပြုဖို့ စဉ်းစားထားပါသလဲ။

ဦးခင်ရွှေ ။ ။ ဥပဒေ အလွယ်ဆုံးပြောလို့ရှိရင် ရန်ကုန်မြို့ကို အခုလို အမြတ်ခွန်နဲ့ ပိုက်ဆံရှာတာတို့၊ အခွန် အကောက်ရှာတို့နဲ့ ရှာတာတို့ထက် လူတွေက လိုလိုချင်ချင်ပေးချင်တဲ့ law တခု စလုပ်လိုက် မယ်။ ဥပမာ condo law ဆိုတာ - ရန်ကုန်မြို့မှာ တိုက်ခန်းနဲ့နေတဲ့ လူတွေက အများကြီး။ တိုက်ခန်း ဈေးတွေကလည်း သိန်းတစ်ထောင်ကနေ တစ်သောင်းအထိ ရှိကြတယ်။ အဲဒါကို ကျနော်တို့က condo law လေး ထုတ်လိုက် တဲ့အတွက် သူတို့က (၅) ကျပ်တန် တံဆိပ်ခေါင်းလေးကပ်ပြီးတော့ မလုံမခြုံနေနေရတာကနေ seven percent register လုပ်လိုက်တာနဲ့ သူရဲ့  property က ခိုင်မာသွား တယ်။ ခိုင်မာသွားတာနဲ့အမျှ နိုင်ငံတော် ကလည်း ပိုက်ဆံ အများကြီးရမယ်။

နောက် သူကလည်း ခိုင်မာတဲ့အတွက်ကြောင့် သူက ဘဏ်ကိုသွားပေါင်မယ်။ ဘဏ်ပေါင်လိုက်တဲ့ အတွက် ဘဏ်တွေလှုပ်ရှားမှု အများကြီးများလာမယ်။ အဲဒီတော့ ဘဏ်ကလည်း ပေါင်ပြီးတော့ ရတဲ့ ပိုက်ဆံနဲ့ ရင်းနှီး မြုပ်နှံမှု လုပ်မယ်ဆိုရင်တော့ သူနဲ့ပတ်သက်တဲ့ အသေးစားတွေ၊ အကြီးစားစက်မှု လုပ်ငန်းတွေ အများကြီး တက်လာတဲ့အတွက်ကြောင့် အခြေခံလူတန်းစားတွေလဲ အလုပ်အများကြီး ရလာခဲ့မယ်။ သဘောက ပိုက်ဆံ တကျပ်ကို တဆယ်ဖြစ်အောင် လှည့်ဖို့ပဲ။ အခုက တဆယ်ကို တကျပ်ဖြစ်အောင် အိပ်ထဲထိုးထည့်တဲ့ အဆင့်ကနေ ပြန်ပြောင်းသွားနိုင်မယ့် သဘောမျိုးရှိတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက မြန်မာနိုင်ငံ စီးပွားရေးကို စီးပွားရေးပညာရှင်တွေ သုံးသပ်ကြတာ cronies လို့ခေါ်တဲ့ အာဏာရှိတဲ့လူနဲ့ အသိုင်းအဝိုင်း၊ ဆွေမျိုးတော်စပ်တဲ့လူတွေ၊ ရင်းနှီးတဲ့လူတွေသာ လုပ်ပိုင်ခွင့် အဓိကရနေတယ်။ ကျန်တဲ့လူတွေလုပ်ကိုင်ဖို့ သိပ်အခက်အခဲရှိနေတယ်လို့ ဝေဖန်ကြပါ တယ်။ အဲဒီကိစ္စကို ဘယ်လိုပြုပြင်စေချင်ပါသလဲ။ ပြုပြင်နိုင်မယ် ထင်ပါသလား။

ဦးခင်ရွှေ ။ ။ အဲဒါကလည်း လုပ်ပေးနိုင်တဲ့လူကို သူတို့လူကြီးပိုင်းက မြင်တာ ဒီလူတွေ လုပ်ပေးနိုင်တယ်။ ဒီလူတယောက်ကို လုပ်ငန်းတခုပေးလိုက်တဲ့အတွက် အနောက်မှာ လူထောင်နဲ့သောင်းနဲ့ အလုပ်ရ မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါကလဲ လူတိုင်းလည်း မလုပ်နိုင်ဘူး။ ထူထောင်တိုင်းလည်း ဖြစ်ချင်မှ ဖြစ်မှာ။ လူတယောက်က ဥပမာ အပွင့်လင်းဆုံးပြောရင် ကျနော့်ကိုပဲကြည့်လိုက်ရင် ပတ်ဝန်းကျင်က အားကျကြ တယ်။ ဒီလူ အလုပ်အများကြီးဆိုပေမဲ့ တကယ်တမ်းကျတော့ ကိုယ့်ဒုက္ခကိုယ် ရှာနေကြတယ်။ ကိုယ့် ဘာသာ ဇိမ်ကျကျနေလို့ကို မရဘူး။

ပြဿနာတွေ problem တွေ အများကြီး ဖြေရှင်းနေရတဲ့အခါကျတော့ သဘောက ဘေးကကြည့်ရင် တော့ ဒီလူက လုပ်ငန်းဆယ်ခုလောက် လုပ်တယ်ဆိုပြီးတော့ အပြစ်ဆိုပေမယ့်- တကယ့် တကယ် တော့ သူတို့ လုပ်နိုင်တာကို ကျနော်တို့က appreciate လုပ်ဖို့ပဲ လိုပါတယ်။

ဦးကျော်ဇံသာ ။ ။ Appreciate တော့ လုပ်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့လုပ်နိုင်တဲ့လူတွေလဲ အများကြီးပါ။ ဦးခင်ရွှေတို့လည်း စမလုပ်ခင်တုန်းက ဘယ်သိမလဲ။ စီးပွားရေးလုပ်ငန်းဆိုတာ လုပ်ရင်းလုပ်ရင်း entrepreneurship နားလည်လာပြီးတော့ entrepreneur ဆိုတဲ့ တီထွင်စွန့်စားလုပ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာအောင် တခြားလူတွေလဲ လုပ်လာနိုင်အောင် ဥပဒေ မပြင်သင့်ဘူးလို့ ထင်ပါသလား။

ဦးခင်ရွှေ ။ ။ ဒါပေါ့။ အဲဒါတွေက ပြင်ကိုပြင်ရမှာပေါ့။ အများနဲ့ public ကို ထည့်ပြီးတော့ စဉ်းစားပြီး တော့ promote လုပ်သွားရမှာပေါ့။ အဲဒါကလည်း ဥပဒေအရ တချို့တဝက်လေး ပြင်ရမယ့် သဘော လေးတွေ ရှိပါတယ်။ ဥပမာ စပါးဆိုရင် ဒီနှစ်စပါး။

ဥပမာ လယ်သမားစိုက်လို့ သုံးသိန်းလောက်ကုန်တယ်ဆိုရင် သုံးသိန်းအောက် ဖြစ်သွားတာနဲ့ ဥပဒေ အရ ကျနော်တို့လယ်သမားကို ကာကွယ်ပေးရမယ့် အနေအထားမျိုးရှိတယ်။ နောက်မို့ဆို လယ်သမား က နောက်နှစ်ဆို ပြန်မစိုက်နိုင်တော့ဘူး။ သဘောက အမျိုးမျိုး ကျနော်တို့က လုပ်ပေးလို့ရတဲ့ ဥပဒေ တွေ ပြန်ထုတ်ပေးဖို့ လိုတာပေါ့။

ဦးကျော်ဇံသာ ။ ။ စပါးဆိုလို့ အခုလောလောဆယ်မှာ လယ်သမားတွေဆီက စပါးကို အမှန်တကယ် ပေါက်ဈေးထက် နှိမ်ပြီးတော့ အာဏာရှိတဲ့လူတွေနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတချို့က အတင်းလိုက် ဝယ်ဖို့ ကြားနေရပါတယ်။ အဲဒါမျိုးတွေကို ဥပဒေအရ မတားနိုင်ဘူးလား။

ဦးခင်ရွှေ ။ ။ အဲဒီလို လုပ်လို့မရအောင် ဥပဒေအရ ကျနော်တို့က ကာကွယ်ရမှာပေါ့။ အဓိကအားဖြင့် လယ်သမားတွေအတွက်ကို သူတို့ရဲ့ living standard အတွက်တွေ၊ spending power တွေကအစ တတ်လာအောင် ကျနော်တို့ ဥပဒေအရ ကာကွယ်တာတို့၊ ဥပဒေအရ သူတို့လုပ်နိုင်အောင်လို့ လုပ်ပေး တာတို့ အဲဒါမျိုးတွေနဲ့ အသေးစိတ်စဉ်းစားပြီးလုပ်သွားမယ် အနေအထားမျိုးရှိပါတယ်။ တိုင်းပြည် ချမ်းသာတယ်ဆိုတာ တဦးတယောက်တည်း ချမ်းသာလို့၊ အစိုးရချမ်းသာလို့ ချမ်းသာတာ မဟုတ်ဘူးလေ။ လူနေမှုအဆင့်အတန်း မြင့်တာမှ ချမ်းသာတာ။
ဦးကျော်ဇံသာ ။ ။ ဦးခင်ရွှေက ကြံ့ခိုင်ဖွံ့ဖြိုးရေးကိုယ်စားလှယ်အနေနဲ့ ပါသလား။ သို့တည်းမဟုတ် တသီး ပုဂ္ဂလိကအနေနဲ့ ပါသလား။

ဦးခင်ရွှေ ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးက တာဝန်ပေးတယ်။ အဲဒီတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးကမှတပါး ဘယ်ပါတီမှ ပါလို့ မရ ပါဘူး။ တဘက်က ကျေးဇူးပြန်ဆပ်သလိုပါပဲ။

ဦးကျော်ဇံသာ ။ ။ ဦးခင်ရွှေအနေနဲ့က အခုလိုဆိုတော့ ကျေးဇူးခံ ကျေးဇူးစားတော့ ဆန်နေတာပေါ့။

ဦးခင်ရွှေ ။ ။ ဆန်ကိုဆန်ရမယ်။ မဆန်လို့လည်း မရဘူးဆိုတာ တံခါးဖွင့်တယ်ဗျာ။ ကျနော့်သမိုင်းကို ပြန် ကြည့်ပါ။ ဒီနေ့အထိ ကျနော် ကားတစီးမှ မသွင်းဖူးဘူး။ နောက်တခါ ခင်ဗျားတို့ ပြောနေတဲ့ ဥပမာ တဦးချင်း ဘာညာအခွင့်အရေးယူတယ် - ကျနော် အပြင်ကနေ မြေတကွက်မှ မယူဘူး။ ကိုယ့်ရဲ့ principle ရှိတယ်။ ကျနော် ဆောက်လုပ်ရေးနဲ့ လာခဲ့တယ်။ ဟို မ.ဆ.လ လက်ထက်ကတည်းက ဆောက်လုပ်ရေးကို အဓိက လုပ်တော့ ဒီနေ့အထိ ဆောက်လုပ်ရေးကလွဲလို့ ဘာမှမလုပ်ဘူး။ စားအုန်းဆီ တပိဿာ မသွင်းဘူး။ အဲဒီလိုမျိုး ကျနော်ကုမ္မဏီအနေနဲ့ ကားတစီးတောင် မသွင်းဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ကျနော်မေးချင်တာက ဦးခင်ရွှေက တိုင်းပြည်မှာ အများ ဆင်းရဲသားတွေ ပါ ဖွံ့ဖြိုးလာအောင်၊ လူနေမှုအဆင့်အတန်း မြင့်မားလာအောင် လူတိုင်းစီးပွားရေး လုပ်လာနိုင်အောင် လုပ်ပေး ချင်တဲ့ ဥပဒေတွေ အဆိုပြုချင်တယ်။ ဆိုတော့ ဦးခင်ရွှေတို့ ပါတီက ဒါကိုလုပ်ခွင့်ပေးမလား။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ ဘောင်ကိုကျော်ပြီး ဦးခင်ရွှေကကျော်ပြီး လုပ်နိုင်မလား။ သူတို့ကော ဒီလိုဆန္ဒ ရှိပါ သလား။

ဦးခင်ရွှေ ။ ။ လူကြီးတွေအနေနဲ့လည်း အဲဒီဆန္ဒအများကြီးရှိတယ်။ ဒါပေမဲ့ အခုနလို ဘယ်လိုလုပ်ရ မယ်ဆိုတဲ့ အသေးစိတ်လေးတွေကတော့ အောက်ကတင်ပြတဲ့ပေါ်မှာ မူတည်ပြီး အားလုံးက ကိုယ့် သမိုင်း ကိုယ်ရေး ကြတာ။ ကိုယ်လက်ထဲမှာ အကောင်းဆုံးရေးကြတာပဲ။ မသိလို့ မရေးမိတာလေး တခုပဲ ရှိတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါတွေကို လက်ခံမယ်လို့ ဦးခင်ရွှေအနေနဲ့ မျှော်လင့်တယ်ပေါ့။

ဦးခင်ရွှေ ။ ။ သေချာပေါက် လက်ခံမှာ။ အများအတွက်၊ အဓိကအားဖြင့် grass root level တွေ အတွက် စားဝတ်နေရေးပြေလည်အောင် နည်းပေါင်းစုံနဲ့ နိုင်ငံတော်က လုပ်နေတယ်။ ဒါပေမဲ့ တချို့တွေ လွတ်သွား တာလည်း ရှိကောင်းရှိမှာပေါ့။ တင်ပြတဲ့ပေါ်မှာ မူတည်ပြီး အဲဒါကို ကျနော်တို့က အနီး ကပ်ဖြစ်သွားလို့ တင်ပြခွင့်ရရင်တော့ ဒါတွေဘယ်လို ဖြေရှင်းမလဲဆိုတာကို လူကြီးတွေ စဉ်းစားပါလိမ့် မယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက နိုင်ငံရေးနဲ့ ပတ်သက်လို့လည်း နည်းနည်းမေးချင်ပါတယ်။ နိုင်ငံရေး အားဖြင့်လည်း တချို့က ထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးရှိနေတယ်။ အဲဒီ ပုဂ္ဂိုလ် တွေကို လွတ်ပေးသင့်တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဘာညာ။ အဲဒီလို ဥပဒေမျိုးကို ဦးခင်ရွှေတို့က ထောက်ခံဖို့ အစီအစဉ်ရှိပါသလား။

ဦးခင်ရွှေ ။ ။ အဲဒါတွေကတော့ တော်တော်ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရလိမ့်မယ်။ တဦးချင်းပေါ် မူတည် ပြီးတော့။ ကောင်းတာဆိုးတာ၊ ကောင်းတာတွေ ရှိသလို ဆိုးတာတွေလည်း ရှိပါတယ်။ လူကြီးတွေ စဉ်းစား ပါလိမ့်မယ်။ သူ့ကဏ္ဍအလိုက်ပေါ့။

လုံခြုံရေးကဏ္ဍ လုံခြုံရေး စဉ်းစားမှာပေါ့။ ကျနော်တို့ကတော့ စီးပွားရေးကဏ္ဍဆိုတော့ စီးပွားရေးကို ဘယ်လို ဖွံ့ဖြိုးတိုးတက်မယ်။ grass root level နဲ့ ဘယ်လိုဆက်ဆံရမယ်။ အားလုံးစားဝတ်နေရေး ဘယ်လိုတက်မယ်၊ living standard ဘယ်လိုတက်အောင် လုပ်မယ်။ ဒါပဲ ကျနော်တို့က စဉ်းစားနိုင် ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးခင်ရွှေ ကို သူတို့က စီးပွားရေး၊ နိုင်ငံရေး တာဝန်ပေးမယ်လို့ ထင်ပါသလား။
ဦးခင်ရွှေ ။ ။ ကျနော့်အနေနဲ့ကတော့ ကျနော်အမြဲတမ်းပြောတယ်။ ကျနော် နိုင်ငံရေးကို စိတ်မဝင်စား ဘူး။ စီးပွားရေးပဲ စိတ်ဝင်စားတယ်။ အဓိက စီးပွားရေးနဲ့ပဲ သွားပါမယ်။ တကယ်လို့ စီးပွားရေး အဖွဲ့အစည်း တခုခုမှာ ကျနော်ကို တာဝန်ပေးရင်တော့ နိုင်ငံတော်အတွက် လုပ်ပေးရမယ့် တာဝန်ဝတ္တရားနဲ့ စိတ် ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့နိုင်ငံတွေမှာ ဒီမိုကရေစီလုပ်လာပြီဆိုရင် အဲဒီလို တာဝန်ယူတဲ့ပုဂ္ဂိုလ်တွေ၊ ပါလီမန်မှာ တာဝန်ထမ်းဆောင်တဲ့အမတ်တွေဟာ စီးပွားရေးလုပ်ငန်းလည်း တဖတ်က လုပ်နေတယ် ဆိုရင် သူတို့ ဘယ်လောက်ချမ်းသာကြွယ်ဝမှုကို စာရင်းကြိုတင်ကောက်ပါတယ်။ တာဝန်မယူခင်၊ အာဏာရှိတဲ့ လုပ်ငန်းကို စမလုပ်ခင် အဲဒီလိုမျိုး လုပ်လာမယ့် အစီအစဉ် ရှိပါသလား။ လုပ်မယ်ဆိုရင် ဦးခင်ရွှေ ဘယ်လို သဘောရပါ သလဲ။

ဦးခင်ရွှေ ။ ။ အဲဒီလို လုပ်သင့်ပါတယ်။ နောက်ပြီးတော့ ကျနော်ကိုယ်နှိုက် လယ်သမားသားသမီးက ထွက်လာ တာ။ Zero ကနေစပြီး ဖောက်ပြီး ဒီအပေါ်ရောက်လာတယ်။ ရောက်လာပြီး ဒီအခြေအနေ ရောက်ပြီးတဲ့ အချိန်မှာ ကိုယ့်ဘဝကို ကျေနပ်နေလို့ရတယ်။ ပိုက်ဆံတွေယူပြီး ကိုယ့်သမိုင်းမှာ အမဲစက်ဖြစ်အောင်လို့တော့ ကျနော်တို့ လုပ်ကြမှာမဟုတ်ဘူး။ လူကြီးတွေလည်း ကိုယ့်သမိုင်းကိုယ်နဲ့ ဖြစ်အောင် အကောင်းဆုံးဖြစ်အောင် လုပ်နေကြတဲ့သဘောမျိုး ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးခင်ရွှေ က လယ်သမားသားသမီးက တက်လာရတဲ့လူဆိုတော့ လယ်သမား လူတန်းစား တွေ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် တခါမှချမ်းသာပြီး အေးအေးချမ်းချမ်း နေရတယ်၊ ဖူဖူလုံလုံ လူတန်းစေ့နေရတယ်ဆိုတာ မရှိခဲ့ပါဘူး။ အဲဒီလိုဖြစ်အောင် ဘယ်လိုလုပ်သင့်တယ် ဆိုတာ လေး အကြံရှိရင် နည်းနည်းပြောပေးပါ။

ဦးခင်ရွှေ ။ ။ ကျနော် seriously ပြောတာရှိတယ်။ လယ်သမားတွေရဲ့  working hour တနှစ်ကို ဘယ် လောက်လုပ်ကြသလဲ။ လယ်ထွန်းတယ်၊ မနက်ပိုင်းထွန်တယ်၊ နေ့လည်ပိုင်းအိပ်တယ်။ ညဘက် တချက်လေး ထွန်တယ်။ ပြီးတော့မှ တချို့က စပါးစိုက်တယ်၊ တချို့က ကျဲတယ်။ ပြီးတော့ အိပ်တယ်။ နှစ်လလောက် အိပ်ပြီးမှ စပါးရိတ်တယ်။ ရိတ်ပြီးတာနဲ့ နောက်ထပ် ရှစ်လ၊ ကိုးလလောက်ကို စောင့်ပြီး ဒီပိုက်ဆံနဲ့ စားတယ်။ အဲဒီတော့ working hour သိပ်နည်းနေတယ်။ တသီးစား။ အဲဒီတော့ တသီးက နေ နှစ်သီးဖြစ်သွားရင် working hour နည်းနည်းလေးတိုးလာပြီးတော့ စားဝတ်နေရေး ပြေလည်လာ မယ်။ သုံးသီးစားရင်တော့ ပြောမနေနဲ့ သူတို့အတွက်က စားဝတ်နေရေးကအစ လူနေမှုအဆင့်အတန်း မြှင့်လာမယ်။ အဲဒီတော့ ကျနော်တို့ ဘာလုပ်ပေးရမလဲ။ အခုန တသီးကနေ နှစ်သီး။ နှစ်သီးကနေ သုံးသီး။ ဗီယက်နမ်မှာဆိုရင် မိသားစုတစုက ဥပမာ ဆယ်ဧကရှိရင် နှစ်ဧကခွဲ နှစ်ဧက လေးဆခွဲပြီး တော့ တချိန်လုံး အလုပ်ရအောင် ဖန်တီးလာတယ်။ ဒီနေရာ စိုက်တယ်၊ ဒီနေရာ ပျိုးတယ်၊ ဒီနေရာ ရိတ်တယ်။ အဲဒါနဲ့ တနှစ်ပတ်လုံး လုပ်တော့ working hour က များလာတာနဲ့အမျှ သူတို့မြေယာ ကျနော်တို့ တဝက်ပဲရှိတယ်။ လူဦးရေက နှစ်ဆများတယ်။

သူတို့က ရှစ်သန်းလောက်ပို့ရင် ကျနော်တို့က ငါးသိန်းတောင် မပို့နိုင်ဘူးဆိုကတည်းက ကျနော်တို့ လယ်သမားတွေ working hour တက်လာတာနဲ့အမျှ သူတို့ရဲ့  စားဝတ်နေရေးနဲ့ living standard သူတို့ အနေအထားတွေ အကုန်မြင့်တက်လာမယ်။ အဲဒီအတွက်ကို ကျနော်တို့က သူတို့လုပ်နိုင်အောင် လုပ်ပေးဖို့ပဲ လိုတယ်။

ဦးကျော်ဇံသာ ။ ။ လုပ်နိုင်အောင် ဘာတွေများ လုပ်ပေးမလဲ။ လယ်သမားတွေ အဲဒီလိုလုပ်နိုင်အောင်။

ဦးခင်ရွှေ ။ ။ လုပ်ပေးရမယ်ဆိုရင် ကျနော်စဉ်းစားထားတယ်။ ကျနော်တို့ နိုင်ငံတော်က တူးထားတဲ့ မြောင်းတွေ ရှိတယ်။ အဲဒါကို transport အတွက် သုံးနေကြတယ်။ သုံးနေသမျှ ကာလပတ်လုံး အဲဒီ လယ်တွေကို ကျနော်တို့ မြှင့်တင်ပေးလို့ မရဘူး။ မရတဲ့အတွက် နွေစပါး မစိုက်ဘူး။ သူတို့ဘာသာ ရေစုပ်စက်နဲ့ ရေတင်ပြီး စိုက်မယ်ဆိုရင် ဘယ်သူမှ မစိုက်ကြဘူး။

အဲဒီတော့ ကျနော်တို့က အဲဒီ level မြင့်တက်အောင် လှေသွားနေတဲ့လမ်းကို ရပ်ပြီးတော့ ရွာဆက် လမ်းတွေ လုပ်ပေးဖို့လိုတယ်။ လိုပြီးတော့ အဲဒီရှိတဲ့ ရေမြောင်းရဲ့ရေ level ကို လယ်ကွင်းလောက် နီးနီး တင်ပေးဖို့ လိုတယ်။ အဲဒါဆိုရင် သူတို့ ရေကို ပေါက်တူးပေါက်ရုံနဲ့ သူ့လယ်ကွင်းရောက်မယ်ဆိုရင် သူစိုက်မယ်။

အခုက စိုက်ခိုင်းရင်တောင် ရေစုပ်စက်နဲ့ စုပ်ပြီးတော့ မြောင်းဘေးက တဧက၊ နှစ်ဧက ပိုပြီး မစိုက်နိုင် ကြဘူး။ အဲဒါကို ကျနော်တို့က အားထုတ်ပြီး အဲဒါလေး plan လေး သူတို့ရဲ့  ဦးတည်ချက်လေး ပြောင်း ပေးလိုက်တာနဲ့ သူတို့ နွေစပါး၊ မိုးစပါးတွေ စိုက်ကြလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ လယ်သမားတွေရဲ့  ငြီးတွားသံတွေက သူတို့ဓါတ်မြေသြဇာ အလုံအလောက်မရဘူး။ အဲဒီမှာလည်း သူတို့ ခေါင်းပုံဖြတ်ခံရတယ်။ တခါ လယ်ယာသုံးစက်ပစ္စည်းတွေလည်း အလုံအလောက် မရတာ တို့။ စိုက်ပျိုးစရိတ်ချေးတဲ့ နေရာမှာလည်း သူတို့ မှန်မှန်ကန်ကန် မရတာတို့။ အရင်းအနှီးပိုင်း လည်း သူတို့ ငြီးတွားကြပါတယ်။ အဲဒီကိစ္စတွေကော။

ဦးခင်ရွှေ ။ ။ အဲဒါတွေကတော့ နှစ်ဦးနှစ်ဘက်ပေါ့။ သူတို့က working hour နည်းတယ်။ ဝင်ငွေနည်း တယ်။ နည်းတဲ့အချိန်မှာ မြေသြဇာလည်း ကောင်းကောင်းမကျွေးဘူး။ မကျွေးတော့ စပါးအထွက်က နည်းတယ်။ နည်းတဲ့အခါကျတော့ ဒီအတိုင်းပဲ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ဒီအတိုင်း သွားနေကြတယ်။ အခုန ကျနော်ပြောတဲ့ အခြေအနေက သူတို့စိုက်လာတာနဲ့အမျှ ပိုက်ဆံပိုလာတာနဲ့အမျှ အခုနပြောတဲ့ အသေးစိတ်လေးတွေ အကုန် ပျောက်ကုန်မယ်။ အရေးကြီးတာက သူတို့ထဲကို ပိုက်ဆံထည့်ပေးနိုင်တဲ့ စီမံချက်တွေ လုပ်ဖို့ပဲ အရေးကြီး ပါတယ်။ နိုင်ငံတော်မှာ အေးချမ်းမှုမရှိရင် ဘာမှလုပ်လို့မရဘူး။ အခု အေးချမ်းမှုရှိပြီ။ ကျနော်တို့ သူတို့ စားဝတ်နေရေးအတွက် ဆက်သွားဖို့ပဲ အရေးကြီးတော့တယ်။

ဦးကျော်ဇံသာ ။ ။ အေးချမ်းမှုဆိုလို့ နယ်စပ်ဒေသတွေမှာတော့ မရှိဘူးထင်ပါတယ်။ တိုင်းရင်းသား တွေကို သူတို့အတင်း လက်နက်စွန့်ခိုင်းတာ။ တချို့က နိုင်ငံရေးအရ ဆွေးနွေးမှုမရှိလို့ မစွန့်နိုင်ဘူး ပြောပြီးတော့ ပဋိပက္ခတွေ ရှိနေပါတယ်။

ဦးခင်ရွှေ ။ ။ အရင်ထက်တော့ ကျနော်တို့ 88 မတိုင်ခင်ထက် အများကြီး အေးချမ်းသွားပြီ။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အခုလောလောဆယ် ဆက်ရှိနေမယ့် သဘောတော့ ဖြစ်နေတာပေါ့။ သူတို့နဲ့ နိုင်ငံရေး ပြေလည်မှုရအောင် ရှာရင် ပိုမလွယ်ဘူးလား။
ဦးခင်ရွှေ ။ ။ ရှာတယ်။ အားလုံးက လူက အတ္တပဲ။ ဒီဘက်ကလည်း အတ္တ၊ ဟိုဘက်ကလည်းအတ္တနဲ့ နှစ်ခု ဒီလိုညှိနေရင်တော့ အတ္တတွေ ရှေ့တန်းတင်ပြီးတော့ ညှိနေရင်တော့ မပြီးနိုင်ဘူးပေါ့။ အဲဒီတော့ ပူးပေါင်း ပြီးတော့ ဘယ်လို စီးပွားရေးလုပ်ကြမယ်။ ဘယ်လို ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို တည်ဆောက်မယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ညှိလို့ရပါတယ်။

မှတ်ချက်
ဗုဒ္ဓဟူး, 26 ဇန်နဝါရီ 2011

အမျှော်မြင်ကြီး လိုက်လေဦးခင်ရွှေရယ်။ ကိုယ့်စကားကို ဘာတွေလဲသိလား။ မရှက်ဘူးလား။ စီးပွားရေး ပညာရှင်ကြီးရယ်။ လူတွေ ဗီယက်နမ် သွားခိုင်းတာ ရီစရာကြီးနှော်။ ရောက်ဘူးကြတာပေါ့။ ဘယ်လို လူတွေကော ရွေးထားလဲ။ ဦးခင်ရွှေကော အမြတ်ဘယ်လောက်ကျန်လဲ။

ကြာသပတေး, 27 ဇန်နဝါရီ 2011

ဒီလောက် အတွေးအခေါ်က လမ်းဘေးမှာဈေးရောင်းတဲ့ သူတောင်ဘာတွေ လိုအပ်တယ်ဆိုတာ တွေခေါ်တတ်ပါတယ် အဲဒါနဲ့များ အမတ်လုပ်ချင်သေးတယ် ဒီလိုလူတွေ အမတ်လုပ်ရင် မြန်မာပြည်ကြီး အများကြီး တိုးတက်ဦးတော့မှာဘဲ

ကြာသပတေး, 27 ဇန်နဝါရီ 2011 Kyaw Zwa (UK)

Please ask him about Mingaladon Industrial City and Mingaladon Garden City Projects by Zay Ga Bar Construction next time. He confiscated the farms from Sin Phone Village near Shwe Pauk Kan and many farmers becomes landless and went into poverty.

ကြာသပတေး, 27 ဇန်နဝါရီ 2011 kyawkyaw (bkk)

တကယ်လိုနေတာ က ခေတ်မီစိုက်ပျိုးရေးပါ အပိုဝင်ငွေမရှိဘူး working hour ကလည်းနည်းတယ် နွားနဲ့ ဖက်ရုန်းရတာဆိုတော့ သိပ်မလုပ်နိုင်တာလည်းပါတယ် စိုက်ပျိုးဖို့ ရေလည်း ဈေးချိုချိုနဲ့၇ဘို့ တကယ်လိုတယ် ဒီသီးနှံက စီမံကိန်းရှိတယ် ဆိုရင် စိုက်ကြရတယ် သွင်းကြရတယ် ကျတော် ကုလားပဲစိုက်တုန်းက ပိုးတွေတအားကြတယ် ဆေးဖြန်းမှ အပင်ပေါက်တယ် ထွက်တော့ ၆ တင်း အစိုးရသွင်းဖို့ ရလို့ ၀ယ်မသွင်းရလို့ ၀မ်းသာကြတယ် တတင်းမှ မစားရဘူး မသုံးခဲ့ရဘူး တစ်နှစ် အကြွေးတင်ရင်တော့ သုံးနှစ်ဆပ်ပေတော့

ကြာသပတေး, 27 ဇန်နဝါရီ 2011 ကိုဇင် (အမေရိက)

ဘာရည်ရွယ်ချက်မှ ကြီးကြီးမားမားရှိပုံမရပါဘူး၊၊တောင်စဉ်ရေမရအဖြေတွေချည်းပဲ။

ကြာသပတေး, 27 ဇန်နဝါရီ 2011

အော် ဦးခင်ရွှေက လယ်သမား သားကိုး။ အသားထဲက လောက်ထွက်ဆိုတာ ဒါမျိုးနေ မှာပေါ့ဗျာ။ ဒါနဲ့တောင် ဟိုတလောက ကရင်ပြည်နယ်ဘက်မှာ လယ်သမားတွေရဲ့ မြေတွေ မတရား သိမ်းယူပြီး ပေါက်ဈေးမပေးပဲ ဈေးနှိမ်ပေးခဲ့ရက်တယ်။ ကျွန်တော် အဲလို မတရား ငွေရှာပြီး ချမ်းသာခဲ့ပါတယ်။ သူများ မိသားစုတွေစီးပွားပျက် ၊မျက်ရည်ပေါက်ကြီးငယ်ကျပြီး စွန့်လွှတ်လိုက်ရတာတွေနဲ့ပတ်သက်ပြီး ငွေချမ်းသာ ခဲ့ပါတယ်လို့ ရဲရဲဝံ့ဝံ့မပြောရဲဘူး မဟုတ်လား။ရိုးသားသားစီးပွားရှာပြီး ချမ်းသာတာမှ မဟုတ်တာ ဦးခင်ရွှေရာ၊ အသက်ကြီးပြီ ဦးလေး ။ ငရဲမကြောက်ဖူးလား။

ကြာသပတေး, 27 ဇန်နဝါရီ 2011

အော် ဦးခင်ရွှေက လယ်သမား သားကိုး။ အသားထဲက လောက်ထွက်ဆိုတာ ဒါမျိုးနေ မှာပေါ့ဗျာ။ ဒါနဲ့တောင် ဟိုတလောက ကရင်ပြည်နယ်ဘက်မှာ လယ်သမားတွေရဲ့ မြေတွေ မတရား သိမ်းယူပြီး ပေါက်ဈေးမပေးပဲ ဈေးနှိမ်ပေးခဲ့ရက်တယ်။ ကျွန်တော် အဲလို မတရား ငွေရှာပြီး ချမ်းသာခဲ့ပါတယ်။ သူများ မိသားစုတွေစီးပွားပျက် ၊မျက်ရည်ပေါက်ကြီးငယ်ကျပြီး စွန့်လွှတ်လိုက်ရတာတွေနဲ့ပတ်သက်ပြီး ငွေချမ်းသာ ခဲ့ပါတယ်လို့ ရဲရဲဝံ့ဝံ့မပြောရဲဘူး မဟုတ်လား။ရိုးသားသားစီးပွားရှာပြီး ချမ်းသာတာမှ မဟုတ်တာ ဦးခင်ရွှေရာ၊ အသက်ကြီးပြီ ဦးလေး ။ ငရဲမကြောက်ဖူးလား။

သောကြာ, 28 ဇန်နဝါရီ 2011 ကိုရျွှေ (ပင်းချောင်း)

ရျွှေမန်းတစ်ယောက် ထပ်တိုးပြန်ပါပကော နအဖ ကိုဖားနေတဲ့ ဖားတစ်ကောင်ရဲ့ အသံကတော့ ဖအေကျော် ပထွေးလမ်းနေတဲ့အသံတွေနဲ့ ပထွေးကြိုက်တွေချည်း ကာဗာလုပ်ပြောသွားလိုက်တာ မအေကိုမှ အားမနာ။ ဒီလိုကောင်တွေ ကလည်း ငွေရမယ်ဆို အမေလည်း ဘယ်လို အတန်းအစားနဲ့ ထည့်ရထည့်ရ ဆိုတဲ့ကောင်တွေ ပါ၊ အပြောကတော့ ရွေမန်းပါပဲ ခင်ရွေရယ်။ မင်း အမေ တော့ အားနာပါအုံး။

သောကြာ, 28 ဇန်နဝါရီ 2011

ဦးခင်ရွှေ အပြင်ဘက်ကနေ တချက်လောက်ကြည့်ကြည့်ပါလား၊ အထဲမှာကနေတော့ ကိုယ်ဘာမှားနေလဲမသိဘူး၊ အောက်ခြေလူတန်းစားတွေအတွက် ဒီလို စိတ်ထားမျိုးရှိတယ်ဆိုတော့ လေးစားစရာပါ။ ဒါပေမယ့် ဦးခင်ရွှေဘ၀ကတော့ ရင်လေးစရာပဲ၊ ရုပ်သေးရုပ်မဖြစ်ပါစေနဲ့ လို့ ဆုတောင်းပေးလိုက်ပါတယ်၊
သောကြာ, 28 ဇန်နဝါရီ 2011 ထွန်းမြတ် (နော်ဝေ)

တိုင်းပြည်က ရသမျှကို ခြစ်ကုတ်ယူနေတဲ့ ဓားပြအစိုးရရဲ့ အောက်ဆွဲ ခင်ရွှေ၊ မင်း ဖားအားကြီးလို့ Zero ကနေ ဒီနေရရောက်လာတာပါ၊ မင်းသာ နဲနဲလေး တိုင်းပြည်အတွက်စဉ်းစားရင် ကမ္ဘာဇ ခင်ရွှေ ဖြစ်မလာပါဘူး။ လယ်သမားတွေဆီက မင်းရဲ့ ဓားပြအစိုးရက ဘယ်လောက်တောင် ယူနေသလဲဆိုတာလဲ မင်းသိပါတယ်။ အသံကောင်းဟစ်လျှေက်ပြောနေလဲ ဘယ်သူမှ အထင်မကြီးဘူး။ အမတ်ဖြစ်လဲ ခဏပါပဲ။ နောက်ဘာဆက်ဖြစ်မလဲ ဆက်ကြည့်ကြသေးတာပေါ့။ ။

သောကြာ, 28 ဇန်နဝါရီ 2011 mama (myanmar)

ဪဒီလိုလူမျိုးက စီးပွါးရေးတိုးတက်အောင် ဦးဆောင်မှာပေါ့နော်

သောကြာ, 28 ဇန်နဝါရီ 2011

စိတ်ပျက်တယ်ကွာ ... ခွေးပါးစပ်က နတ်စကားထွက် ... မဟုတ်တာ အကုန်လုပ်နေတဲ့ကောင်တွေက လူမြင်ကွင်းမှာ နတ်စကားပြောနေတယ် ... လူကြီးတွေ လုပ်ပါလိမ့်မယ်၊ လူကြီးတွေ စဉ်းစားပါလိမ့်မယ် .... မင်းက ဘာလဲ ... မင်းက ဘာမှ မစဉ်းစားဘူးပေါ့ မင်းအပေါ်က ကောင်တွေကိုပဲ ခုကတည်းက ထောက်ခံမဲ ပေးထားတော့ ငါတို့က မင်းကို ဘာယုံရမှာလဲ ... မင်းက လွှတ်တော်မှာ နှပ်ချေးတွဲလောင်း ခလေးလား .... လူကြီးမဖြစ်ဘဲ (၁၈နှစ်မပြည့်ဘဲ) အမတ်လုပ်ပြီး တိုင်းပြည်ကို လိမ်နေတာလား ....

သောကြာ, 28 ဇန်နဝါရီ 2011

No blame culture! U Khin Shwe. နိုင်ငံတော်ဦးဆောင်တဲ့အဖွဲ.မှာ ပါမဲ့သူက အခုထဲက ပြည်သူတွေ၊ လယ်သမားတွေကို ဒီ working hour ဘဲ အပြစ်ပြောနေတယ်။ ချမ်းသာကြွယ်ဝမှုစာရင်းကောက်မဲ့မေးခွန်းကို ဝေ့လည်ကြောင်ပတ်နဲ.ဖြေမသွားဘူး။ ဒါနဲ. သူဆောက်တဲ့ ပြည်လမ်းက ကွန်ဒိုကိစ္စ ဘယ်လိုရှင်းလိုက်လဲ။

သောကြာ, 28 ဇန်နဝါရီ 2011 DR. THAUNG HTIKE.

I really pitty on him because he said that all the project he gets are JUST SUFFERING OF TROUBLE.We wish to help to him. Please let us request to him that we will also share on his TROUBLE , if he can share about 10%( 10 tickles from his 1 viss ).JUST 10%PLEASE.

စနေ, 29 ဇန်နဝါရီ 2011 ကိုကိုကျော်(သင်္ဘောသား) (မြန်မာ)

ပြောတော့ရွှေမန်း နားထောင်လို့တော့ကောင်းသား ငိုချင်းပဲလိုတော့တယ်

စနေ, 29 ဇန်နဝါရီ 2011 မေါင်လော သုံးဆူ
လယ်သိမ်းယာသိမ်းနဲ့လယ်သမားတွေအပေါ်စေတနာတွေပိုနေလိုက်တာ"ဆရာစံ"တောင် လိုက်မမှီတော့ဘူးဦးခင်ရွှေရေ.....

စနေ, 29 ဇန်နဝါရီ 2011 အော်

နှစ်ဘက်စလူံးမှာ အပြစ် ရှိတယ် တဘက်က လက်အောက်ငယ်သား တည်မြဲရေး တဘက်က us နဲ့ အနောက်ဥရောပမှာ ကြာကြာနေရပြီးနိုင်ငံသား အဖြစ်လက်ခံရေး တို့ အရေးတွေ မယုံ တစ်ဘက်မှမယုံ ဘူးဟေ့ လူလိမ်တွေ

စနေ, 29 ဇန်နဝါရီ 2011

ဘက်လိုက်တာ တော်တယ် နော် မျက်ချေး ဆိုတာ လူတကာ မှာတွေ့
http://www.voanews.com/burmese/news/news-analysis/news_analysis_01-26-2011.html

အပြည့်အစုံသတင်းဖတ်ရန်....

ဗိုလ်မများ (ပေးပို့ သူ -ရန်နောင်)

DKBAတပ်သားတွေဟာ အတန်းပညာရေးမှာ သန်းရွှေလက်ပါးစေတပ်မတော်သားတွေထက် နိမ့်ကြပေမဲ့ အမျိုး ဘာသာ၊သာသနာကို ချစ်တဲ့ချိုးချစ်စိတ်ဓာတ်၊ ဆင်ခြင်တုံတရားနဲ့ လူ့ကျင့်ဝတ်သိက္ခာပိုင်းမှာတော့သန်းရွှေလက်ထွပ်တွေဟာ DKBA တပ်သားတွေရဲ့ခြေဖျားကိုတောင်မမှီပါဘူး။ ဒါကြောင့်လည်း ထောင်ဂဏန်းသာရှိတဲ့ DKBA တပ်တွေကို တစ်သိန်းကျော်တဲ့ ဓားမြတပ်တွေက တိုက်လို့ မနိုင်တာပါ။

ဗိုလ်ချုပ်မြက ဗုဒ္ဓဘာသာ ကရင်တပ်သားတွေကို သူတို့ကွယ်တဲ့ ရဟန်းတော်မြိုင်ကြီးငူ ဆရာတော်( တစ်ပါးထဲကို ) သတ်ခိုင်းတာနဲ့ ကရင်တပ်သားတွေဟာ သူတို့ကိုးကွယ်တဲ့ဘာသာ၊ သူတို့ကိုးကွယ်တဲ့ဘာသာရေး ခေါင်းဆောင်အတွက် အသက်ကိုပဓာနမထားဘဲ ကာကွယ် တိုက်ပွဲဝင်ခဲ့တယ်။

DKBA တပ်သားတွေဟာ သံဃာတော်ကို အသက်နှင့်ရင်းပြီးယုံကြည်ကိုးကွယ်တဲ့အတွက် သရဏဂုံတည်တဲ့စစ်သားတွေ လို့ တောင်ဆိုနိုင်ပါတယ်။

မြန်မာတပ်မတော်ကိုကြည့်ပါ ၂၀၀၇ ခုနှစ်မှာ ငြိမ်းချမ်းစွာ မေတ္တာပို့ဆုတောင်းဆန္ဒပြခဲ့ကြတဲ့သောင်းသိန်းရှိတဲ့ရဟန်းတော်တွေကို သန်းရွှေအမိန့်ပေးတာနဲ့ ရန်ကုန်မြို့လိုမြို့လယ်ခေါင်မှာ မောင်းပြန်သေနပ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ဘုန်းကြီးကျောင်းတွေကိုလည်း
ဝင်ရောက်စီးနင်းရုံသာမက ရိုက်နှက် ဖမ်းဆီး နှစ်ရှည်ထောင်တွေချခဲ့တယ်။ ( ဥပမာများစွာထဲက တစ်ခုပါ )။

မြန်မာ့တပ်မတော်အရာရှိအများစုဟာနေရာကောင်း( လာဘ်စားလို့ကောင်းသောဌာန) ရဖို့အထက် အရာရှိအကြိုက်ဘာဘဲလုပ်ရလုပ်ရ ( သို့ ) လက်ရှိနေရာ၊ ရာထူးလည်မြဲဘို့ ကိုလည်းဘာဘဲလုပ်ရလုပ်ရဆိုတဲ့ လူစားတွေပါ။ ဒီလိုပြည်သူလူထုရဲ့ မျက်နှာကိုမငဲ့ဘဲမိ
သားစုကောင်းစားရေး၊ အာဏာ တည်မြဲရေးတွေကိုလဲ တစိုက်မတ်မတ် လုပ်နေတာကြောင့် မြန်မာပြည်ဟာမွဲပြာကြပြီး တရုပ်ပြည်ရဲ့ ပြည်နယ်တစ်ခုဖြစ်လုလု အခြေနေတွေကို ရောက်နေတာ အားလုးံအသိပါ။

မြန်မာဗိုလ်ချုပ်တွေ ကဘာနဲ့တူသလဲဆိုရင် အိမ်မှာမွေးထားတဲ့ခွေးနဲ့ တူပါတယ်။ ခွေးရှင်က ရှုးတိုက်ရင် ပြေးကိုက်တာဘဲ။ သံဃာလား၊ ကလေးလား၊ လူကောင်းလား၊ လူဆိုးလားဆိုတဲ့ ခွဲခြားသိမြင်နိုင်တဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းလဲ မရှိဘူး၊စဉ်းစားနိုင်လောက်တဲ့ အရည်အ ချင်း လည်းမရှိပါဘူး။ မြန်မာဗိုလ်ချုပ်တွေဟာလည်း ခွေးသတ္တဝါတွေလိုပါဘဲ ရာထူးမြဲဖို့၊ မိသားစုကောင်းစားရေး အတွက်ဆိုရင် သန်းရွှေ ခိုင်းသမျှ ဘာမဆိုလုပ်ဖို့ ဝန်မလေးတဲ့ လက်မရွံ့တပ်သားတွေအနေနဲ့ သံဃာတောင်သတ်ဖို့လက်မတွန့်ပါဘူး။

ခုလည်းအောက်က ဓါတ်ပုံလည်းနဲ့ဆောင်းပါးကိုဖတ်ကြည့်ပါအုးံ။ ဗိုလ်ချုပ်ဆိုတဲ့ကောင်တွေဟာ ဘယ်လောက်တောင် အရှက်သိက္ခာ မဲ့သလဲ ဆိုရင်ရာထူးလဲမြဲလို့ဆိုရင် ထမိန်တောင် ဝတ်ပါတယ်။ ရာထူးမြဲဘို့ ထမိန်တောင်ဝတ်ရဲတဲ့ ဗိုလ်ချုပ်တွေအတွက်တော့ ခိုးတာ၊ ဝှက်တာအထက်ဖားအောက်ဖိတာတွေ၊ လာဘ်စားတာတွေ လောက်ကတော့ ပျင်းတောင်ပျင်းသေးတယ် ဆိုတာ ပြေးကြည့်စရာမလိုဘဲ သိနိုင်ပါတယ်။

မိန်းမဆီက ချွတ်ယူထားတဲ့ ချိတ်ထမီများနဲ့  ဗိုလ်ပြုတ်မမတွေ

(ရန်နောင်)
ကျောက်စိမ်းရောင်မင်းသမီးအတွက် မင်းတြားကြီးရဲ့ ယတြာ
မြန်မာပြည်မှာ တဘောင် တခု ထွက်ပေါ်နေသတဲ့။ နောက်တက်မယ့် မင်းက “ကျောက်စိမ်းရောင်မင်းသမီး” ဆိုပဲ။ ဒီ တဘောင်ကတော့ မြို့မေတ္တာခံယူမယ့် ချုပ်ချုပ်တို့ အသိုင်းအဝန်းကပဲ ကြားရတာပါ။ ကလေးစကား၊ သဘင်သည် စကား၊ အရူးစကားတွေက မှန်တတ်တယ်လို့ ဆိုတယ်မဟုတ်လား။

ဒင်းတို့က ကလေးလည်းမဟုတ်၊ သဘင်သည် လည်း မဟုတ်၊ ဟိုဒင်းတွေဆိုတော့ ... အင်း ... ဒီတဘောင်က ဒက်ထိမှန်ဦးမှာ။

ဒီတဘောင်ကို တပ်ချုပ်မင်းတြားကြီး သန်းရွှေရဲ့ကြင်ရာတော် ဒေါ်ကြိုင်ကြိုင်က ယုံပြီး စိုးရိမ်တော်မူတယ်။ ဒီတဘောင် အတည်မဖြစ်အောင်လည်း အစီအမံတွေနဲ့ ကြံစည်တော်မူတယ်တဲ့။ အစီအမံ ဆိုတာက ထုံးစံအတိုင်း ယတြာတွေပေါ့နော်။

အဲဒီ ယတြာကတော့ ဝန်ကြီးတွေကို ချိတ်ထမီတွေ ဝတ်ခိုင်းလိုက်တာပါပဲ။ ဒီတော့ ယောက်ျားကြီး တန်မဲ့ ထမီပြိုးပြိုးပြက်ပြက် တကားကားနဲ့ ... ဒေါ်ကြိုင်ကြိုင့်တန်ခိုးကြောင့် ဘုန်းကညာတပါး လုံးရာက ပြားရမယ့် ဘဝတွေ ဖြစ်ကုန်လေသတည်းပေါ့။ ဒါက တကတ်။

ချိတ်ထမီ ဝတ်ခိုင်းရခြင်းမှာ အကြောင်းရင်း ၂ ချက် ရှိတယ်လို့ ဆိုပါတယ်။

၁။ ချိတ်ဆိုတဲ့အတိုင်း ရာထူးတွေ ဂုဏ်သိမ်တွေ စည်းစိမ်တွေကို ချိတ်မိထားအောင်ပါတဲ့။

၂။ ချိတ်ပုဆိုးမဝတ်ဘဲ ထမီ ဝတ်ခိုင်းတာကတော့ မိန်းမတွေ ရာထူးရပြီးပြီဆိုတဲ့သဘောပေါ့။ ကျိန်းကြေအောင် လုပ်တာ။

နောက်တခု သတင်းသဲ့သဲ့ ထပ်ကြားတာကတော့ ၂၀၀၉ အကယ်ဒမီမှာ မင်းသမီးဆု မပေးတာဟာလည်း ဒေါ်ကြိုင်ကြိုင် ယတြာသဘောပါတယ်တဲ့။ နောက်တက်မယ့် မင်းက ကျောက်စိမ်းရောင်မင်းသမီးလို့ ဆိုတာကိုး။ မင်းသမီးကို ဆု ပေးလို့ ဘယ်ဖြစ်မလဲ။ ဒါက နံနှိမ်တာ။

ကျောက်စိမ်းရောင်မင်းသမီး ဘယ်သူလဲ ဆိုတာကတော့ ... အင်း ....။

ရန်ကုန်သားတာတေ


အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာ့စီးပွားရေးဖိုရမ် ဟောပြောချက်

The Irrawaddy's Blog: ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာ့စီးပွားရေးဖိုရမ် ဟောပြောချက်

အပြည့်အစုံသတင်းဖတ်ရန်....

ကြယ်တာရာ ပေါက်ကွဲမှုတစ်ခုကြောင့် ကမ္ဘာကြီးသည် ရက်သတ္တပတ် အနည်းငယ်ခန့် နေ့ချည်းသက်သက် ဖြစ်ပေါ်နေရန် အချိန်နီးကပ်လာပြီဟု သြစတြေးလျ ပညာရှင်များ ပြောကြား


ကမ္ဘာ့နက္ခတ်တာရာ ပညာရှင်များသည် သမိုင်းတင်ပြီးခေတ် နောက်ပိုင်း ယနေ့ ၂၁ ရာစုအတွင်း အာကာသဆိုင်ရာ အထူးခြား ဆန်းကြယ်ဆုံး သတင်းတစ်ပုဒ် အဖြစ် ကမ္ဘာကြီးအတွက် ဒုတိယမြောက် နေလုံးတစ်ခု ပေါ်လာပြီး နေ့ညကွဲပြားခြင်း ခေတ္တရပ်ဆိုင်းသွားနိုင်သည် ဆိုသော သတင်းကို သြစတြေးလျ သတင်းဌာနမှ တစ်ဆင့် ကမ္ဘာသို့ ဇန်န၀ါရီလ ၂၂ ရက်နေ့က တင်ပြခဲ့သည်။
ထိုသို့ ဆူပါနိုဗာ ပေါက်ကွဲသော အခါ နဂါးငွေ့တန်းတစ်ခုစာ အကျယ်အ၀န်းအထိ တောက်ပသော အလင်းတန်းများ ဖြာထွက်လာမည် ဖြစ်ပြီး ကမ္ဘာမြေသည် ၄င်းဖြစ်စဉ်မှ အလင်းရောင်များ ရရှိနေမည် ဖြစ်သောကြောင့် နေ့နှင့်ည လည်ပတ်မှု ဖြစ်စဉ် ယာယီ ပြောင်းလဲကာ နေ့အဖြစ် ဖြင့်သာ ရက်သတ္တပတ် အနည်းငယ်ခန့် တည်ရှိနေမည်ဟု ပညာရှင်များ ခန့်မှန်းထားကြသည်။ ထိုအချိန်တွင် အဆိုပါ အလင်းတန်းများ ထွက်ပေါ်နေသော ကြယ်စုကြီးသည် ကမ္ဘာမြေပြင်ပေါ်မှ ကြည့်လျှင် ဒုတိယ နေတစ်လုံးကဲ့သို့ မိုးကုတ်စက်ဝိုင်းတွင် မြင်တွေ့ရဖွယ် ရှိသည်ဟု ကြားသိရသည်............

မကြာမီ ကြယ်တာရာ ပေါက်ကွဲမှုကြီး ဖြစ်တော့မည်ဟု ပညာရှင်အချို့က ပြောဆိုနေကြသော Betelgeuse ကြယ်ကြီး

ဤကဲ့သို့ ကမ္ဘာကြီးသည် နေနှစ်လုံးမှ အပြိုင် အလင်းများ ရရှိနေခြင်းသည် နှစ်သန်းပေါင်းများစွာ တွင်မှ တစ်ကြိမ် ကြုံတွေ့နိုင်သည့် အခွင့်အရေး ဖြစ်ပြီး အစက နှစ်ပေါင်းများစွာ လိုသေးသည်ဟု တွက်ဆခဲ့ကြသော်လည်း ယခုဆိုလျှင် ဤသို့ဖြစ်ရန် အချိန် လွန်စွာ နီးကပ်နေပြီဟု နက္ခတ်ပညာရှင်များက ခန့်မှန်းကြသည်။

“အခုဆိုရင် ဒီကြယ်အိုကြီးဟာ သူ့ရဲ့ အလယ်ဗဟိုမှာ မီးစာကုန် ဆီခန်း ဖြစ်နေ ပါပြီ။ သူ့ကို ထောက်ပံ့ပေးထားတဲ့ လောင်စာ စွမ်းအင်တွေ ကုန်သွားရင် အလွန်လျင်မြန်စွာ ပြိုပျက်သွားမှာ ဖြစ်ပါတယ်” ဟု သြစတြေးလျနိုင်ငံရှိ ကွင်းစ်လန်းတောင်ပိုင်း တက္ကသိုလ်မှ ပညာရှင် ဘရက် ကာတာမှ အဆိုပါ သတင်းဝက်ဘ်ဆိုက်တွင် ရေးသားထားခဲ့သည်။

၎င်းက ခန့်မှန်း တွက်ချက်ရာတွင် ထိုဖြစ်ရပ်သည် ၂၀၁၁-၂၀၁၂ ခုနှစ်များအတွင်း ဖြစ်နိုင်ကြောင်း၊ နေ့ညမကွဲပြားဘဲ နေ့အသွင်ဖြင့် တည်ရှိနေခြင်းသည် အနည်းဆုံး ရက်သတ္တပတ် နှစ်ပတ်ခန့် ကြာမြင့်နိုင်ကြောင်း ပြောပြခဲ့သည်။

၎င်း Betelgeuse ကြယ်နီကြီးသည် ကမ္ဘာမြေမှ အလင်းနှစ် ၆၄၀ အကွာအဝေးတွင် တည်ရှိသော Orion ကြယ်စုတွင် ပါဝင်ပြီး ကမ္ဘာမှ သာမန်မျက်စိဖြင့်ပင် တွေ့မြင်နိုင်သလို လာမည့် ကြယ်တာရာ ပေါက်ကွဲမှု ဖြစ်စဉ်ကိုလည်း နေကာမျက်မှန်များ အသုံးပြု၍ ကြည့်ရှုရန် မလိုကြောင်း၊ မကြာမီ အချိန်ကာလ အတွင်း၌ ကမ္ဘာသူကမ္ဘာသား တို့သည် ကမ္ဘာ့နက္ခတ်တာရာ နှင့် အာကာသဆိုင်ရာ သမိုင်းတွင် နှစ်သန်းပေါင်းများစွာမှသာ တစ်ကြိမ် ကြုံတွေ့ရနိုင်သော ဆူပါနိုဗာ တစ်ခုမှ အလင်းကြောင့် ညမရှိတော့ဘဲ ရက်သတ္တပတ် အတန်ကြာ နေ့အဖြစ်သာ တည်ရှိနေခြင်းကို မျက်ဝါးထင်ထင် မြင်တွေ့ရဖွယ် ရှိကြောင်း အဆိုပါ သတင်းများအရ သိရှိရသည်။

ဘရက်ကာတာက အထက်ပါအတိုင်း ပြောဆိုသော်လည်း အမေရိကန် နိုင်ငံမှ ပညာရှင်များက အဆိုပါ ကိစ္စသည် တွေးထင်မှန်းဆချက်သာ ဖြစ်ကြောင်း၊ အဆိုပါ ကြယ်ကြီးသည် စွမ်းအင်ကုန်လုနီးပါး ဖြစ်သည်ဟု တွေ့ရှိရသော်လည်း ကြယ်တာရာ ပေါက်ကွဲမှု ဆူပါနိုဗာ တစ်ခု ဖြစ်မည့် အချိန်ကို လက်ရှိ ကမ္ဘာ့နောက်ဆုံးပေါ် တယ်လီစကုပ်နှင့် ကွန်ပျူတာများကပါ အတိအကျ စစ်ဆေး တွက်ချက် ဖော်ပြနိုင်ခြင်း မရှိသေးသလို ၄င်းစကြ၀ဠာဆိုင်ရာ ဖြစ်စဉ်များသည် တိကျစွာ ကြိုတင်မှန်းဆနိုင်ရန် မည်သည့် ပညာရှင်မျိုးကမျှ မစွမ်းနိုင်သေးကြောင်း၊ ထို့ကြောင့် မကြာခင် ကမ္ဘာကြီးတွင် နေနှစ်စင်း ပေါ်လာတော့မည် ဆိုသော သတင်းများအတွက် ထိုသို့ ဖြစ်ရန် အချိန်နီးကပ်နေပြီး အနီးစပ်ဆုံး ဖြစ်နိုင်သော အချိန်မှာ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်သည် ဆိုသော အချက်မျှ လွဲ၍ မည်သို့မျှ မပြောနိုင်ပါကြောင်း ဇန်န၀ါရီလ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီခန့်က www.thenewamerican.com သတင်းဝက်ဘ်ဆိုက်တွင် တုန့်ပြန်ရေးသား အသိပေးခဲ့သည်။

ထို့အပြင် အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသည် ကမ္ဘာမှ အလွန်အမင်း ကွာဝေးသော နေရာတွင် တည်ရှိသောကြောင့် အလင်းရောင်များ ကမ္ဘာပေါ်သို့ ရောက်ရှိလာမည်မှ လွဲ၍ ဆိုးရွားသော ထိခိုက်မှု မရှိနိုင်ကြောင်း၊ ခရစ်ယာန် သမ္မာကျမ်းစာပါ ကမ္ဘာလောက၏ တရားစီရင်ရာ နောက်ဆုံးနေ့ရက် (Doomsday) ကဲ့သို့ ကမ္ဘာကြီး နိဂုံးချုပ် ပျက်စီးသွားမည့် နေ့ရက် မဖြစ်နိုင်သေးပါကြောင်း၊ အခြားသော ဘာသာအယူဝါဒ အချို့ကဲ့သို့လည်း နဂိုရှိရင်းစွဲထက် နေများ ထွက်ပေါ်လာကာ ကမ္ဘာကြီး ပူပြင်းလောင်ကျွမ်း ပျက်သုဉ်းသွားမည် ဆိုသော အတွေးများဖြင့်လည်း စိုးရိမ်ပူပန်ကြခြင်း မဖြစ်စေလိုကြောင်း ပညာရှင်များက အလေးအနက်ထား ထုတ်ဖော်ပြောကြားခဲ့သည်။

အကယ်၍သာ မကြာမီ နှစ်လရက်များအတွင်း ထိုသို့ ဖြစ်လာခဲ့ပါက သမိုင်းတင်ပြီး ခေတ်နောက်ပိုင်း၌ အထူးခြား အဆန်းပြားဆုံး ဖြစ်သည့် ရက်သတ္တပတ် အနည်းငယ်ခန့် နေ့ချည်းသက်သက်သာ ရှိခြင်းကို ကျွန်တော်တို့ခေတ် လူသားများ တွေ့ကြုံ မှတ်တမ်းတင်ခွင့် ရရှိဖွယ် ရှိသည်ဟု တင်ပြလိုက်ရပါသည်။


အပြည့်အစုံသတင်းဖတ်ရန်....

လွှတ်တော်သစ်နဲ့ ကန့်သတ်ချက်များ-







အပြည့်အစုံသတင်းဖတ်ရန်....

ရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံတကာကျင့်ဝတ်နဲ့ညီရေး ဒေါ်စုတိုက်တွန်း


By ဒေါ်ခင်စိုးဝင်း သောကြာ, 28 ဇန်နဝါရီ 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ခေတ်မီနည်းပညာရပ်တွေနဲ့ အခြေခံ အဆောက်အဦးတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေပါတယ်လို့ ကမ္ဘာ့ဦးဆောင် စီးပွားရေး လုပ်ငန်း ရှင် တွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို မေတ္တာရပ်ခံလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားကြ သူတွေ အနေနဲ့ရော၊ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်တစား စဉ်းစားနေကြသူတွေအနေနဲ့ပါ တရားဥပဒေကို လေးစား လိုက်နာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေးမှာ ကူညီရေး၊ အလုပ်သမားအခွင့်အရေး အပြည့်အ၀ ပေးရေးနဲ့ အလုပ်အကိုင်ဖန်တီးရေး စတာတွေကိုအာမခံချက် ပေးရပါလိမ့်မယ် လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုလိုက်ပါတယ်။

သဘာဝသယံဇာတတွေ အလျှံပယ်အောင် ပေါကြွယ်ဝပေမဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့စာရင် အများကြီး ခေတ် နောက်ကျ ကျန်နေတဲ့ မြန်မာပြည်သူပြည်သား ၅၅ သန်းရဲ့ကိုယ်စား မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံကြပါရန် ဆွစ်ဇာလန်နိုင်ငံ Davos မြို့မှာ ပြုလုပ်နေတဲ့ ကမ္ဘာ့စီးပွားရေးရာ နှစ်ပတ်လည်ညီလာခံ (World Economic Fourm) ကို ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်တာပါ။ ဒါပေမဲ့ ဖွံ့ဖြိုးမှုအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေးမှာ ပေးဆပ်ရမယ့် ပျက်စီးဆုံးရှုံး နစ်နာမှုတွေ မဖြစ်ရအောင် ကြိုတင် အစီအစဉ် ချဖို့လိုတယ်လို့ အခုလိုပြောပါတယ်။

“မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံနေကြသူတွေ အနေနဲ့ရော၊ ရင်းနှီးမြှုပ်နှံဖို့စိတ်ဝင်စားပြီး စဉ်းစားနေကြသူတွေ အနေနဲ့ပါ တရားဥပဒေကို လေးစားလိုက်နာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေးမှာ ကူညီရေး၊ အလုပ်သမား အခွင့်အရေး လေးစားရေး၊ အလုပ်အကိုင်ဖန်တီးရေးနဲ့ နည်းပညာပိုင်းမှာ ကျွမ်းကျင်လိမ္မာရေး စတာတွေအတွက် အရင် အာမခံချက် ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။”

ရင်းနှီးမြှုပ်နှံရေးမှာ ဒီလိုချဉ်းကပ်တာမျိုးဟာ သက်ဆိုင်သူတွေ အားလုံးအတွက် ကျယ်ကျယ်ပြန့်ပြန့် အကျိုး ခံစားမှုတွေကို ရေရှည်ဖြည့်ဆည်းပေးနိုင်ပြီး ဒါဟာ ကမ္ဘာတ၀ှမ်းလုံးက နားလည်ခံယူထားတဲ့ တာဝန်သိမှုနဲ့ အညီ ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်အောင် အားသာစေမယ့် အခွင့်ကောင်းတွေ ပေါ်လာနိုင်တဲ့ နိုင်ငံရေးနဲ့လူမှုရေး ပတ်ဝန်းကျင်တရပ် ပေါ်ထွန်းလာမယ့်နေ့တနေ့ကို ကျမ ရှေ့ရှုနေပါတယ်။ ကျမတို့နဲ့ပြည်သူတွေ ဒီနေ့ခေတ်ကမ္ဘာကြီးကို အမှီလိုက်နိုင်ဖို့ဆိုရင် ပြည်သူတွေ အားကျအတုယူနေရတဲ့ ဆန္ဒတွေ ဖြည့်ဆည်းပေးရေးအတွက် နည်းပညာရပ်တွေ၊ နည်းအမျိုးမျိုးနဲ့ တီထွင်ဖန်တီးမှုနည်းပညာတွေ လိုအပ်နေတာကတော့ သေချာပါတယ်။”

မြန်မာနိုင်ငံမှာ နှစ်စဉ် GDP ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဘိုးရဲ့ ၄၀ ရာခိုင်နှုန်းကို စစ်အသုံး စရိတ် အဖြစ် သုံးစွဲနေပြီး ကျန်းမာရေးနဲ့ပညာရေးကဏ္ဍ နှစ်ခုပေါင်းအတွက် ၂ ရာခိုင်နှုန်းသာ သုံးစွဲနေတာ ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့ကြောင့် ကျန်းမာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေး နယ်ပယ်ရဲ့ လိုအပ်ချက်တွေကို ဦးစားပေးကိုင်တွယ်ဖို့ လိုနေတယ်လို့လည်း ပြောပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ နယ်မြေတွေမှာ ကာကွယ်လို့ရနိုင်တဲ့ ရောဂါတွေကြောင့် ယူကျုံးမရ ဖြစ်ရတဲ့ အကျိုးဆက်တွေ မဖြစ်ရအောင် ကြိုတင်ကာကွယ်ကြဖို့ လိုတယ်လို့လည်း ပြောပါတယ်။ တိုက်ရိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့အတွက်ဆိုရင် ဥပဒေစိုးမိုးမှု အာမခံချက်ပေးဖို့အတွက် မြန်မာနိုင်ငံရဲ့ တရားဥပဒေစနစ်ကိုလည်း ပြုပြင်ပြောင်းလဲပစ်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း နိုင်ငံရေးပဋိပက္ခတွေကြောင့် ဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းတွေ အများကြီး လက်လွတ်ဆုံးရှုံးခဲ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုအတွက် ကမ္ဘာ့စီးပွားရေးရာ နှစ်ပတ်လည် ညီလာခံကြီးကို တက်ရောက်လာကြသူတွေ အနေနဲ့ ကျွမ်းကျင်မှု အကူအညီတွေနဲ့ အားပေးကြပါလို့လည်း ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်ပါတယ်။

“မြန်မာပြည်သူလူထုကိုယ်တိုင် ပါဝင်ဖြည့်ဆည်းနိုင်တဲ့ ပိုပြီးလုံခြုံ၊ ပျော်စရာကောင်းတဲ့ကမ္ဘာကြီးကို ရှေ့ရှုနိုင်ဖို့ အတွက် ဒီကမ္ဘာ့စီးပွားရေးရာ နှစ်ပတ်လည်ညီလာခံကြီးကို တက်ရောက်လာကြသူတွေ အားလုံးအနေနဲ့ အထူး ကျွမ်းကျင်မှုတွေနဲ့အတူ ဒီအချိန်အခါကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည် သင့်မြတ်ရေး အနှစ်သာရပြည့်ဝတဲ့ ဒီမိုကရေစီ ဆောင်ကြဉ်းရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနဲ့ စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အတတ်နိုင်ဆုံး ၀ိုင်းဝန်းအားပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။”

ဇန်န၀ါရီလ ၂၆ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ကျင်းပနေတဲ့ ၂၀၁၁ ခုနှစ် ကမ္ဘာ့စီးပွားရေးရာ နှစ်ပတ်လည် ညီလာခံကြီးကို ကုသလမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဦးဆောင်တဲ့ နိုင်ငံ့ခေါင်းဆောင် ၃၀ ကျော်၊ ကမ္ဘာ့ စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၁,၀၀၀ ကျော်၊ နည်းပညာကျွမ်းကျင်သူပေါင်း ၁,၂၀၀ ကျော်နဲ့အတူ စက်မှု ထွန်းကားတဲ့ နိုင်ငံ ၂၀ ကျော်က တာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်နေကြပြီး ကမ္ဘာတ၀ှမ်း စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ ပညာရေး နယ်ပယ်တွေနဲ့ပတ်သက်ပြီး အကဲခတ်စမ်းစစ်မှုတွေ၊ တီထွင်ဖန်တီးမှုတွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ပတ်သက်ပြီး တိုင်ပင်နှီးနှော ဆွေးနွေးနေကြတာဖြစ်ပါတယ်။
http://www.voanews.com/burmese/news/DASSK-World-Economic-Forum-01-28-11-114836664.html

အပြည့်အစုံသတင်းဖတ်ရန်....

သတ္တိနဲ့ ရပ်တည်နေသူ သို့ မဟုတ် လူရွှင်တော်


Free Zargana
Uploaded by thadarmay. - News videos hot off the press.
ကိုဇာကနာရဲ့ ၅၀ နှစ်မြောက်ရွှေရတု ဂုဏ်ပြုအစီအစဉ်ပါ။
ရေးဖွဲ့ မှတ်တမ်းတင်သူက သက်ဦးနိုင် ဖြစ်ပြီး တေးဂီတ shambala အဖွဲ့ က တီးခတ်ထားပါတယ်။
အသံချိုချို ပိုင်ရှင်ဖြစ်သူ မသူသူနဲ့ စိန်သွားက သီဆိုထားပါတယ်။
ဖန်တီး တည်းဖြတ်သူ မသဒ္ဓါပါ ခင်ဗျာ။

အပြည့်အစုံသတင်းဖတ်ရန်....

Friday, January 28, 2011

ကင်မရာ နှင့် မီဒီယာကြောက်သော နအဖ

လွှတ်တော်တွင်ဤသို့ 

အပြည့်အစုံသတင်းဖတ်ရန်....

မီဒီယာ ထိန်းချုပ်ရန် ခက်ခဲဟု ဘုရင်ကြီးသန်းရွှေ ပြောဆို

စည်သူ Friday, 28 January 2011 12:52
စစ်အစိုးရ ခေါင်းဆောင် သန်းရွှေက မီဒီယာများသည် ခွင့်ပြုရန် လွယ်ကူသော်လည်း ထိန်းချုပ်ရန် ခက်ခဲသည် ဟုပြော ကြားကြောင်း သိရသည်။

နေပြည်တော်၌ မကြာမီ ကျင်းပမည့် လွှတ်တော် အစည်းအဝေးများတွင် မီဒီယာများကို ခွင့်ပြုရန်၊ ခွင့်မပြုရန် နှင့် ပတ်သက်ပြီး ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း ၏ မေးမြန်းမှုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယင်းသို့ ပြန်လည် ဖြေကြားခြင်းဖြစ်သည်ဟု ပြန်ကြား ရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦး ကပြောပြသည်။

“ကျနော်တို့ ၀န်ကြီးဌာနကို ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက လွှတ်တော် တက်ခွင့်ရ၊ မရ မေးကြတယ်။ အဲဒါ နဲ့ ၀န်ကြီးက ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့တုန်း ပြောပြတော့ မီဒီယာ ဆိုတာ ခွင့်ပြုရတာ လွယ်တယ်၊ ထိန်းချုပ်ဖို့ ခက်တယ် လို့ပဲ မှတ်ချက်ပြုတယ်။ ကျန်တာ ဘာမှ ပြန်မပြောဘူးလို့ ၀န်ကြီးက ပြောပါတယ်”ဟု ၎င်းက ဆိုသည်။

ဇန်န၀ါရီ ၂၂ ရက်နေ့က နေပြည်တော်ရှိ လွှတ်တော်၊ သမ္မတအိမ်တော်နှင့် ဒု သမ္မတ အိမ်တော် ၀န်ထမ်းများနှင့် သတင်းရယူကြမည့် မြန် မာ အစိုးရပိုင် သတင်းစာနှင့် ရုပ်မြင်သံကြားမှ ၀န်ထမ်းတချို့ဆေးစစ်ခဲ့ကြရကြောင်း စုံစမ်းသိရသည်။

“၀န်ထမ်းတွေကော ၊ သတင်းစဉ်ကလူတွေကော ဆေးစစ်ကြရတယ်။ ဆေးအောင်တဲ့သူမှ ၀င်ခွင့်ရမယ်ပြောတယ်။ ဒါကိုကြည့်ခြင်း အားဖြင့် ပြည်တွင်းက ဆေးမစစ်ရသေးတဲ့ သတင်းသမားတွေကို ၀င်ခွင့်မပေးသေးဘူးလို့ ယူဆလို့ ရပါတယ်”ဟု သတင်းစဉ် ၀န်ထမ်း တဦးက ပြောသည်။

လွှတ်တော် သတင်း ယူလိုသော ပြည်တွင်း ဂျာနယ် အယ်ဒီတာတဦးက“ကျနော်ကတော့ စာပေစိစစ်ရေးကော ပြန်ကြားရေး ကိုကော ၀င်ခွင့်အတွက် မေးကြည့်တယ်။ ဘာညွှန်ကြားချက်မှ မလာသေးဘူးလို့ ပြန်ပြောကြတယ်”ဟု ပြောဆိုသည်။

ယခုလ ၁၅ ရက်တွင် ဖွဲ့စည်းခဲ့သော ပုဂ္ဂလိက စာနယ်ဇင်းများ ဖွံ့ဖြိုးရေး ကော်မတီ အနေဖြင့် ယင်းကိစ္စကို တာဝန်ယူ ဆောင်ရွက်နိုင်ပါက များစွာအဆင်ပြေမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“အဲဒီအဖွဲ့က တစုံတရာစီစဉ်ပေးနိုင်ရင် ကောင်းမယ်။ အဲဒီလို မဟုတ်ရင် ဒီအဖွဲ့ဖွဲ့တာ အလကားပဲ”ဟု ဂျာနယ် သတင်း ထောက် တဦးက ပြောသည်။

ယင်းသို့သော အခြေအနေများကြောင့် လွှတ်တော် အစည်းအဝေး သတင်းယူရန် အလှမ်းဝေးဖွယ် ရှိနေကြောင်း ပြည်တွင်း မီဒီယာ များက ပြောဆိုကြသည်။

“ကိုယ်စားလှယ်တွေတောင် လွှတ်တော်တွင်းကို အသံဖမ်းစက်၊ ကင်မရာ၊ နောက်ဆုံး ခေါင်းပေါင်းထုပ်တဲ့ ဟာတောင် မယူရတာ။ မီဒီယာကို ခွင့်ပြုဖို့ လိုဦးမယ် ထင်တယ်”ဟု အထက်ပါ ဂျာနယ် အယ်ဒီတာက ဆက်လက်ပြောကြားသည်။

လွှတ်တော်အစည်းအဝေး တက်ရောက်မည့် ကိုယ်စားလှယ်များအနေဖြင့် ၀တ်စား ဆင်ယင်မှု အပါအ၀င် တယ်လီဖုန်း၊ အသံဖမ်း စက်၊ ကွန်ပျူတာ၊ ဘောလ်ပင်၊ စာရွက်စာတမ်း စသည့်အရာများ ယူဆောင်ခွင့်မရှိဟု ကန့်သတ်ထားပြီး လွှတ်တော်ထဲ၌ ဆွေးနွေးကြမည့် အကြောင်းအရာများနှင့်ပတ်သက်၍လည်း ကန့်သတ်ချက် ဥပဒေများကို စာအုပ် ၁၇ အုပ်ဖြင့် ထုတ်ပြန်ထားသည်။

ဝါရင့် သတင်း အယ်ဒီတာတဦးက“ဒီမိုကရေစီ နိုင်ငံအစစ်ကို သွားမယ်ဆိုရင် မီဒီယာ လွတ်လပ်ခွင့်ကို တန်ဖိုးထားရပါတယ်”ဟု ဆို သည်။

လာမည့် ဇန်န၀ါရီ ၃၁ ရက်နေ့တွင် နိုင်ငံတ၀န်း တပြိုင်တည်း လွှတ်တော် အစည်းအဝေး ကျင်းပမည် ဖြစ်ကြောင်း စစ်အစိုးရ က ထုတ်ပြန် ကြေညာထားသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

စိတ်ပျက်စရာကောင်းတဲ့  မြန်မာပြည် (ပေးပို့ သူ -ရန်နောင်)

အောက်ပါဆောင်းပါးကိုဖတ်ပြီး မြန်မာပြည်သူတွေ ပြာပုံတိုးပြီး ပြည်သူအများအပြား နိုင်ငံခြားထွက် ကျွန်ခံနေရတာဟာ စီးပွားရေးပိတ်ဆို့မှုကြောင့်လား၊ ချိန်းဘရီးဗိုလိရှုပ်တွေရဲ့ ယုတ်မာမိုက်ရိုင်း ၊ဘယ်သူသေသေငတေမာရင်ပြီးရော ဆိုတဲ့ယုတ်ညံ့လှတဲ့
စိတ်ဓာတ်နဲ့ ခိုးဆိုးလုရက်သောင်းကျန်းနေလို့လား ဆိုတာစဉ်းစားကြည့်ပါ။
အမေရိကန်နဲ့ ဥရောပကစီးပွားရေးပိတ်ဆို့အရေးယူတာကို NLD ကထောက်ခံရင်ထောက်ခံမယ်၊ဒါပေမဲ့သူတို့ကိုNLD ကဒီမှာတော့ စစ်ဗိုလ်တသိုက်သောင်းကျန်းနေတယ် ဆိုပြီးအရေးယူခိုင်းတာလည်းမဟုတ်ဘူး ၊အရေးယူခိုင်းရလောက်အောင်လည်း NLD မှာအာဏာလည်းမရှိဘူး။ ဘာလို့မြန်မာနိုင်ငံကို အမေရိကန်နဲ့ ဥရောပက စီးပွားရေးဒဏ်ခတ်အရေးယူသလဲဆိုရင် သန်းရွှေနဲ့အပေါင်းပါ တစ်စုဟာမြန်မာ့တပ်မတော်ကို အသုံးချပြီးနိုင်ငံတွင်းမှာ ထင်တိုင်းကြဲပြီးတရားဥပဒေမဲ့ခိုးဆိုး၊သတ်ဖြတ်၊လုယက် နေလို့ လူကို လူလိုအုပ်ချုပ်နေတဲ့ နိုင်ငံတွေကအောက်တန်းစားလူ့တိရိဆ္စန်အသိညဏ်ခေါင်းပါးတဲ့ကောင်တွေနဲ့စီးပွားရေးလုပ်ရတာမသဓီလို့သူတို့အသိစိတ်နဲ့သူတို့မပက်သက်ဘဲနေကြတာပါ။



ဒါကြောင်းမြန်မာနိုင်ငံကိုစီးပွားရေးဒဏ်ခတ်မှုရုပ်သိန်းစေချင်ရင်သန်းရွှေအနေနဲ့လူပီသအောင်လူ့ကျင့်ဝတ်စည်းကမ်းနဲ့အတူတရားဥပဒေဘောင်တွင်းပြည်လည်ဝင်ရောက်နေထိုင်ဖို့ဘဲလိုတာပါ။ဒါကြောင့်စီးပွးရေးရုပ်သိမ်းပေးပါဆိုပြီးအမေရိကန်နဲ့ဥ

ရောပနိုင်ငံတွေကိုတစာစာနဲ့အော်နေတဲ့နိုင်ငံရေးသမားတွေ၊ပါတီတွေကိုမေးချင်ပါတယ်၊ခင်ဗျားတို့ကောထမင်းစားပြီးနိုင်ငံရေးလုပ်နေတာလားလို့။







မြန်မာ့စီးပွားရေး လုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ထားတဲ့ ဦးပိုင်ရဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးတင်အေးရဲ့ ချမ်းသာသမျှ ဆိုပြီး GRW မှ အတွင်းသိ ပေးပို့လာတာကို အားလုံးသိအောင် ဖော်ပြလိုက်ရပါတယ်...



ကိုဒီမို ဘလော့(ဂ်)မှာ ဦးပိုင်အကြောင်းပါလို့ ဦးပိုင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အေး အကြောင်းနဲ့ အောက်ခြေ စစ်သည်တွေရဲ့ ဘဝတွေအကြောင်း ရေးသားပေးပို့လိုက်ရပါတယ်။ ဦးပိုင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အေး လောက်မပြောနဲ ဦးပိုင်က အစွယ်အပွားတွေ တောင်ချမ်းသာတာ။ ဦးတင်အေးအိမ်မှာ သူတို့လက်ထဲမှာ သိန်း ၃ သောင်း အထက်ရှိတယ်။ တစ်နေ့တစ်သိန်း သုံးတယ်ထား တစ်နှစ် သိန်း၃၆၀နဲ့ နှစ်တစ်ရာကျော် ထိုင်စားလို့ရတယ်..။ု သိန်း၃သောင်းကျော်နော် စဉ်းစားသာကြည့် သူတို့ကို နိုင်ငံတော်က ပေးထားတဲ့ ကားတင်ပဲ သိန်း၂ထောင်ကျော်တန်တယ်..။ သူတို့စီးဖို့ပေါ့နော် အဲ့လိုမျိုး လိုင်စင်ဆို သူတို့ပဲရတာ။ လန်ခရုဆာလို အဖြူတွေ. ဦးတင်အေးက သား၂ ယောက် သမီးတစ်ယောက်လေ...။ မိန်းမနာမည်က ဒေါ်ကြည်ကြည်အုန်း ..။ သားအငယ် ဥက္ကာအေးက အရင်တိုင်မှုး PSO ခု တော့ ဗိုလ်မှုးပေါ့..။ နောက်အကိုကြီးက ဇော်မင်းအေး သူလည်း စီးပွားရေးသမားပဲ..။ ဒါပေမယ့် နာမည်မထွက်ဘူး ရွှေမန်းသားတွေလိုတော့...။ အဲ့တော့ တွက်ကြည့်ပေါ့..။ .. ကား၊ စိန်၊ အိမ်.. သိန်း၃သောင်း အထက်ရှိတယ်။ ဦးတင်အေးတို့ အဆင့်ဆိုရင်... နှစ်တရာ စားမကုန်ဘူး.. အခုခေတ် အလုပ်လုပ်တဲ့ သာမန် သူဋ္ဌေးတွေတောင် သိန်းကို ထောင်ဂဏန်းတော့ ရှိတယ်လေ။ နည်းနည်းပိုချမ်းသာရင် သောင်းဂဏန်းရှိမယ်..။ သူတို့က အလကားရတဲ့ငွေတွေက သိန်းကို သိန်းချင်းထပ်နေတာ..။

အိမ်ကနေန စတွက်ကြည့်ရအောင် ဦးတင်အေးတို့နေတဲ့ ရန်ကုန်က မီးမပြတ်တဲ့ ဗိုလ်ချုပ်ရွာ အကျယ် ပေ၁၀၀ပတ်လည်.. အိမ်တွေရဲ့ ဈေးက သိန်း ၅ထောင် လောက်တော့ရှိတယ်။ ကဲကား တွက်ကြည့်ရအောင် နိုင်ငံတော်က ပေးထားတဲ့ လောလောဆယ် ပြန်ရောင်းလို့တော့ မရတဲ့ လန်ခရုဆာလို အဖြူကားက အနည်းဆုံး သိန်း ၂၀၀၀ နီးပါးရှိတယ်..။ သူတို့ အိမ်မှာရှိတဲ့ ကားတွေ ကြည့်ရအောင် ဇူဇူကီးလေ. လက်ရှိ အနည်းဆုံး ၂၀၀နဲ့တွက် အိမ်တိုင်းရှိတယ်။ ဗိုလ်ချုပ်အဆင့်တွေရတဲ့ ပရာဒို သိန်း ၂ ထောင်နဲ့တွက် ဆလွန်းအကောင်းစား သိန်း ၁ထောင်တန်ရှိတယ်။ အနည်းဆုံး ၄စီးနဲ့ တွက်လိုက်တယ်.......။ နေ့စဉ် အန်တီကြီးတွေ ၀တ်သောအရာများ နားကပ် သိန်း ၄၀၀ လက်စွပ်သိန်း ၂၀၀ ဆွဲသီး သိန်း ၇၀ လက်ကောက် သိန်း ၅၀ ဒါနေ့စဉ် ၀တ်တာကို တွက်ပြတာနော်...။ ဒါလက်ရှိမြင်ရတာကို တွက်ပြတာ..။ မမြင်ရတဲ့ အတွင်းပစ္စည်း ဘယ်လောက်ရှိမယ်ဆိုတာ စဉ်းစားကြည့်..။

ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ညွန့်တင်ကို ဖမ်းတုန်းက ရွှေချောင်းတွေ ဒေါ်လာတွေ ဖမ်းမိတာ အားလုံးအသိပဲလေ..။ လက်ရှိ နအဖခေတ်မှာ သာမန် စီးပွားရေးလုပ်နေပါပီဆိုတဲ့ ကားစီးနေတဲ့ သူဌေးတစ်ယောက်မှာ သိန်း ၁ထောင်နဲ့ပဲတွက်ပြီး သူတို့မှာ ရှိတာတွေကို တွက်ကြည့်တာလေ...။ သူရရွှေမန်းတို့ ဆိုရင်တော့ သိန်းကို သိန်းချင်းထပ်နေတာ..။ ဗိုလ်ချုပ်ကြီးတွေ ချမ်းသာတာကို ကြည့်ပြီး ဗိုလ်ချုပ်တွေရော ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်မှူးကြီးတွေပါ ချမ်းသာချင်ပြန်ရော.. အဲ့တော့ ၀န်ထမ်းတွေထဲက ပေးနိုင်သူကို နေရာပေးရော..။ စားရတဲ့ နေရာပေးတော့ မတရားတာလုပ်ရော ..၀န်ကြီးဌာနတွေမှာ ၀န်ကြီးထက် ဒုဝန်ကြီးတွေ ကပိုဆိုးတယ်။ အဲ့ဒီတော့ ဘယ်လိုလုပ် ကောင်းတော့မလည်း ဒီနိုင်ငံ။



ကဲမြင်သလောက် ပြောကြရအောင် ပြီးခဲတဲ့နှစ် တောင်ကြီး သင်္ကြန်မှာ အရှေ့ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်း မဏ္ဍပ်က အစည်ဆုံးပေါ့ ..။ ရန်ကုန်က အဆိုတော်တွေ နဲ့စည်လို့ကားလို့ အဆိုတော်တွေ အလကားတော့ မဆိုကြပါဘူး...။ အာဇာနည် ၃ရက် သိန်း၁၀၀နီးပါး ရှင်းရတယ်..။ ၃ရက်ကို သိန်း (၃၀) နီးပါး အဆိုတော် တွေလည်းပါတယ်..။ တောင်ကြီးလိုနေရာမှာ သကြီန်အတွက်ကို သိန်း ၅၀၀ကနေ ၁၀၀၀အတွင်း သုံးတယ်.။ ဘယ်ကပိုက်ဆံလည်း အဲ့ဒါ ...စပွန်ဆာတွေ ဆီကဆိုရင် လည်း စပွန်ဆာဘယ်သူက အလကားပေးမလည်း။ ခုထိတောင်ကြီးဘက်မှာ သစ်ခိုးထုတ်တဲ့ လမ်းတွေ ဘိန်းလမ်းကြောင်းတွေက ရှိနေတုန်းပဲ။



ကဲ အဲ့လို့ ပိုက်ဆံတွေ အကုန်ခံပြီး ပျော်ပွဲရွှင်ပွဲတွေကို စစ်တပ်ထဲမှာ ဖိနပ် တောင် သားသမီးကို မဆင်နိုင်တဲ့ စစ်သားတွေ မိသားစုတွေ.... ဆေးကုဖို့ မရှိလို့ ကင်ဆာနဲ့ ဆုံးကြတဲံ့မိသားစုတွေ၊ ကျောင်းမတတ်နိုင်လို့ ကျောင်းထွက် ထင်းခွေရတဲ့ သူတွေဟာ သူတို့ အတွက် လိုအပ်ချက်တွေ အများအတွက် .. လိုအပ်တာတွေ မသုံးပဲ တပျော်တပါး မလိုအပ်တဲ့နေရာမှာ သုံးနေကြတာ နားမလည်နိုင်ဘူး။ စစ်သားမိန်းမတွေ မလောက်ငှလို့ ညဘက်ထွက် ညဥ့်ငှက်လုပ်နေကြသူတွေ အများကြီးပဲ။ တစ်ခါက တပ်ထဲကို စာရင်းစစ် လာမယ်ပြောလို့ စာရင်းစစ်တွေအတွက် လိုအပ်ရင် ကျွန်မတို့ကိုပဲ ခေါ်ပါလို့ ပေါ်တင်ပြောတဲ့ စစ်သားမိန်းမလေး တွေကိုမြင်ဘူးလို့ပါ..။



ဒါကလောလောဆယ် သိသမျှ ပါးပါးလေး ရေးသားလိုက်တာပါ..။ ဒီထက်ဆိုးတာတွေ အများကြီး ရှိပါသေးတယ်..။ အခုမကြာခင် တရားမဝင်စားနေတာကနေ နောက်တစ်ပတ်လောက်ကြာရင် တရားဝင် ဥပဒေနဲ့ စားနိုင်တော့မယ်လေ..။ လွှတ်တော်ထဲ ၁၀ရာခိုင်နှုန်းတောင် မပြည့်ချင်တဲ့ အတိုက်အခံတွေလည်း ပြည်သူ့အတွက်ပဲ ဖြစ်လာမလား ကိုဒီမိုရေးသလို အများလို အနည်းစားခြေပဲ ဖြစ်ပြီး အလိုတူ အလိုပါ ကြံရာပါတွေပဲ ဖြစ်မလား ဆိုတာ အားလုံး စောင့်ကြည့်ကြတာပေါ့ ကိုဒီမိုရေ...နောက်အချိန်ရရင် ထပ်ပြီးပို့ပေး လိုက်ပါဦးမယ်..။



လေးစားစွာဖြင့်



GRW အတွင်းသိ...။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, January 27, 2011

ကိုသူရ( ဇာဂနာ) သို့ ဂုဏ်ပြုတေး သီချင်း “ဖူးစုံလက်နဲ့ ”



မှန်တာကို ကိုယ်ကျိုးစွန့်လွှတ်ပြီးမှ လူအများအကျိုးရှိအောင် ပြောဆိုရဲတာ သူရဲကောင်းကွယ် ယုံကြည်ရာ မရွံ့သောစိတ်ဓါတ်နဲ့ စိတ်ကောင်းနှလုံးသားနဲ့ ဖိနှိပ်လည်းမခံ ပျက်လုံးတွေ ပျက်ခဲ့သူရှိတယ်

အာဏာရှင် ယိုယွင်းကာ တိုင်းပြည်ပျက်တဲ့စနစ်ဆိုးကြောင့်ကွယ် ....
တို့ပြည်တွင် ကောင်းမှုကင်းလို့ ပြည်ပျက်မယ့်အရေးမို့ကွယ် .....
အမှားတွေကိုကွယ် အမှန်ဖြစ်အောင် ပြုပြင်ရန်ကွယ် .....
ဟာသဂန္တ၀င် သုခုမနဲ့ ပေါင်းလို့ရယ် .....
ပြည်သူ့ရင်ခွင် စင်တင်ဖျော်ဖြေဖွင့်လှစ်တယ် .....

ပြည်နိုင်ငံအရေးကြောင့်ကွယ် ဖမ်းမိန့်ကို မမှုနိုင်ရှာတယ် ရက်စက်လေသောခေတ်ဝယ်
မဲဇာအရပ်ကို ပို့ခဲ့လေတယ်။

အခါခါနှိပ်ကွပ်ခဲ့ပါစေ (အကြိမ်တရာနှိပ်ကွပ်ခဲ့ပါစေ) သူမမှုပါ သူရဲကောင်းလေ ....
ရင်ထဲမှာ ခွန်အားသစ်တွေ ပန်းပေါင်းတထောင် ဝေတယ်ပွင့်တယ် ....
ယုံကြည်ရာ ဇွဲစိတ်နဲ့ ခံယူချက်တွေ မှန်ကန်ရာ ရဲရင့်ပြတ်သားတော်လှန်ခဲ့တယ် ...
တနေ့မှာ မျှော်လင့်ထားတယ် အမျိုးသားဂုဏ် ပြုထိုက်သူမို့ ...
ဆရာသမားရယ်.. ဂါရ၀ထားလို့ ဖူးစုံလက်နဲ့ ဦးညွှတ်အလေးပြုတယ်။

ဒီသီချင်းကို သူရိန်ထက် က ရေးသားပြီး သီးလေးသီးက ကိုစိန်သီးနဲ့ ခေါင်းဆောင်မင်းသမီးချောစုမျိုးတို့က သီဆိုပြီး ကိုသူရ ရွှေရတုမွေးနေ့ ဂုဏ်ပြုအစီအစဉ်အဖြစ် ရွှေမော်ကွန်း က ထုတ်လွှင့်တာ ဖြစ်ပါတယ်။

သီချင်းကို ရယူချင်တယ်ဆိုရင်တော့ http://www.mediafire.com/?ypgm5551bn0xtup မှာ ရယူနိုင်ပါတယ်၊ မည်သူမဆို အခမဲ့ ကူးယူ ဖြန့်ဝေနိုင်ပါကြောင်းပါတယ်လို့ ရွှေမော်ကွန်းဝိုင်းတော်သားတွေက ကြော်ငြာထားတာမို့ အလိုရှိသူများ လွတ်လပ်စွာ ကူးယူ ဖော်ပြ ဖြန့်ဝေနိုင်တယ်လို့ သိရှိ၇ပါသည်။

 http://www.shwemawkunn.com/ ကူးယူဖော်ပြသည်။


အပြည့်အစုံသတင်းဖတ်ရန်....

စစ်အာဏာရှင် ဥနှောက်ဆေးသင်တန်း ၁ မှ ၃ သို့ 

ပေးပို့ လာသူ အာဇာနည် သတင်းထောက်အား ကျေးဇူးတင်ပါသည်။

2

3

အပြည့်အစုံသတင်းဖတ်ရန်....

"ယောက်ျားတွေနဲ့ ဝေးတဲ့နေရာမှာ စစ်တပ်" ဟု ရုပ်ရှင်သရုပ်ဆောင် ရန်အောင် ပြောဆို


Actor Yan Aung Said That The Place Away from Men is Military


(နယူးမော်ဒယ် ရုပ်ရှင်ဇာတ်ကား)

ဗမာပြည်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသလျက်ရှိသော နယူးမော်ဒယ်ရုပ်ရှင်ဇာတ်ကားမှာ မီမီကို(ဆေး-၁)၏ ၀တ္ထု၊ နေစိုးသော်၏ ဇာတ်ညွှန်းကို၊ ဒါရိုက်တာ- ညွန့်မြန်မာ ညီညီအောင် ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်များ အဖြစ် ရန်အောင်၊ နေတိုး၊ အောင်ဇေ၊ ဇော်ဝမ်း၊ အရိုင်း၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ သင်ဇာ ၀င့်ကျော်၊ သဇင် စသဖြင့်တို့ သရုပ်ဆောင်ထားခြင်းဖြစ်သည်။

ဇာတ်လမ်းအကျဉ်းမှာ ညီမ (သဉ္ဖာဝင့်ကျော်)က တရားသမား အပျိုကြီး (စိုးမြတ်သူဇာ)အိမ်ထောင်ကျမှ သူမလည်း ယောက်ျားယူ၍ ရမည်ဖြစ်သည့်အတွက် အစ်မဖြစ်သူ တရားသမားကို အစွံထုတ်ရန် သူငယ် ချင်းဖြစ်သူ နေတိုး (မြာပွေသူ)အား အကူအညီတောင်း၍ တရားသမားအစ်မကြီးအား တဏှာကျော့ကွင်း သက်ဆင်းစေရန် ဆောင်ရွက်စေရာ စိုးမြတ်သူဇာ ခမျာလည်း နေတိုးအား ချစ်မိသွားသည်ဆို၏။ နောက်မှ စိုးမြတ် သူဇာတစ်ယောက် မိန်းမပွေသော နေတိုးအကြောင်းနှင့် နေတိုးက သူမကို အလောင်းအစား သဘော နှင့် ချစ်ဟန် ဆောင်နေကြောင်း ကြားသိသွားရာ စာတစ်စောင်ထားကာ အိမ်ပေါ်က ဆင်းသွားသည်ဆို၏။

စာပါအကြောင်းအရာမှာ "...... ယောက်ျားတွေနဲ့ ဝေးတဲ့နေရာကို ထွက်သွားကြောင်း..." ပါရှိသည်ဆို၏။ ယင်းကို စိုးမြတ်သူဇာ၏ အဖေနေရာက သရုပ်ဆောင်သူ ရန်အောင်က ".... ယောက်ျားတွေနဲ့ ဝေးတဲ့နေရာ ဆိုတော့- တပ်ထဲများ ၀င်သွားသလားမသိဘူး..." ဟု ပြောဆိုသော စကားပြောခန်းတစ်ခုပါဝင်ပေသည်။

ယင်းစကားကို အဖြည်သဘောနှင့် ရုပ်ရှင်တွင် ဆက်လက်ပြသသည်မှာ ယောက်ျားတွေနဲ့ ဝေးတဲ့နေရာမှာ သီလရှင်ကျောင်းဖြစ်ကြောင်း ရိုက်ပြထားပေသည်။

နေတိုးက သီလရှင်ကျောင်းကိုလိုက်သွားရာမှ ဆံချနေသော စိုးမြတ်သူဇာလည်း နေတိုးတောင်းပန်မှုကြောင့် နေတိုးနှင့်ပြန်လိုက်လာကာ နေတိုးနှင့် ကတုံးမ စိုးမြတ်သူဇာတို့ လက်ထပ်လိုက်ကြသည်ဆိုကာ ဇာတ်ကို သိမ်းထားပါသည်။

စစ်အာဏာရှင်များသည် ဇာဂနာတို့ကဲ့သို့ တိုင်းပြည်ချစ် လူရွှင်တော်များ၏ ၄င်းတို့အပေါ် ဟာသလုပ် ပြောဆိုမှုများကိုပင် စိုးစဉ်းမျှ သည်းခံခွင့်လွှတ်လေ့မရှိဘဲ အငြိုးထားထောင်ချအရေးယူပစ်လေ့ရှိရာ ယခုကဲ့သို့ "ယောက်ျားတွေနဲ့ ဝေးတဲ့နေရာမှာ စစ်တပ်" (သဘောကတော့ စစ်တပ်ထဲမှာ ယောက်ျားတွေမရှိဘူး။ စစ်တပ်ဆိုတာ ယောက်ျားတွေနဲ့ မနီးစပ်ဘူး။ ဆက်စဉ်းစားလျှင် စစ်တပ်ထဲမှာ မိန်းမ (သို့မဟုတ်) ယောက်ျားမ ဟုတ်သူများသာ ကျက်စားနေကြကြောင်း သွယ်ဝိုက်ပြောဆိုလိုက်သည်နှင့် တူပေတော့သည်) ဟု ရန်အောင်က ပွင့်ပွင့်လင်းလင်း၊ သာသာနှင့်နာနာ နှက်လိုက်သည်ကို မြင်ရရာ အံ့လည်း အံ့သြမိ၊ ရုပ်ရှင်ကားဖန်တီးသူများနှင့် သရုပ်ဆောင် ရန်အောင်၏ ပြောရဲဆိုရဲသော သတ္တိကိုလည်း သိမြင်လိုက်ရပေသတည်း။ ။

မှတ်ချက်။ ။
(နယူးမော်ဒယ် ရုပ်ရှင်ဇာတ်ကားဖန်တီးသူများနှင့် ရန်အောင်ကို ထိခိုက်နစ်နာစေလိုသော သဘောမရှိပါ။ နယူးမော်ဒယ် ရုပ်ရှင်ကို ကြည့်မိရာမှ (စစ်မှုမထမ်းမနေရ ဥပဒေကိစ္စနှင့် ပွက်လောရိုက်နေသော ယနေ့ကာလနှင့်တိုက်ဆိုင်စွာပင်) အမှတ်မထင် ကြားမြင်လိုက်ရသော စကားပြောခန်းတစ်ကွက်ကို ပြန်လည် တင်ပြခြင်းမျှသာ ဖြစ်ပါကြောင်း)

ချောင်းဖြူ
http://bigbbrown.blogspot.com/2011/01/place-away-from-men-is-military.html

အပြည့်အစုံသတင်းဖတ်ရန်....

ကိုသူရ ခေါ် ကိုဇာဂနာ သို့  ရွှေရတု မွေးနေ့ 

အပြည့်အစုံသတင်းဖတ်ရန်....

ဗိုလ်ချုပ်ဈေး မီးလန့်

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

ရုက္ခစိုး | ရန်ကုန်မြို့ရဲ့ အထင်ကရ ဈေးကြီး တခုဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းဈေး (ခေါ်) စကော့ ဈေးမှာ ဒီနေ့ ဇန်န၀ါရီလ ၂၆ ရက်နေ့ ညနေပိုင်းက မီးလန့်ခဲ့ပါတယ်။ ဒါပေမယ့် အချိန်မီ မီးငြိမ်းသက်နိုင်ခဲ့ပြီး အပျက်အစီး နည်းပါး ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

သန်လျင် မှာ ပြုလုပ်ခဲ့တဲ့ ဦးသန့် မွေးနေ့ အလှူပွဲ

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

သန်လျင် မှာ ပြုလုပ်ခဲ့တဲ့ ဦးသန့် မွေးနေ့ အလှူ

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, January 26, 2011

ဇာဂနာမွေးနေ့ သီးလေးသီး ဖျော်ဖြေမည်

ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၃၅ မိနစ

ချင်းမိုင် (မဇ္ဈိမ) ။ ။ အကျဉ်းကျခံ နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာ၏ မနက်ဖြန် ကျရောက်မည့် ၅၀ နှစ်မြောက် မွေးနေ့တွင် သီးလေးသီး သီးညီနောင် မောင်နှမများက ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အငြိမ့်ပွဲ ပြုလုပ်ကာ ဖျော်ဖြေဂုဏ်ပြုမည်ဖြစ်သည်။

ချင်းမိုင်တက္ကသိုလ် အနုပညာပြတိုက်တွင် သီးလေးသီး အငြိမ့်အဖွဲ့သားများက ၎င်းတို့၏ ဆရာဖြစ်သူ ကိုဇာဂနာ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အငြိမ့်သဘင် တင်ဆက်ပြသရန် စီစဉ်ထားခြင်း ဖြစ်သည်။

“ကျမတို့ရဲ့ ဆရာ ဦးဇာဂနာရဲ့ ရွှေရတုမွေးနေ့ Zaganars-50th-Birthdayအထိမ်းအမှတ်မှာ တပည့်တွေဖြစ်တဲ့ ကျမတို့အဖွဲ့ကနေပြီးတော့ ဆရာကို ဂုဏ်ပြုတဲ့အနေနဲ့ သူကြိုက်တဲ့ အနုပညာနဲ့ ရည်ရွယ်ပြုလုပ်တာ ဖြစ်ပါတယ်” ဟု သီးလေးသီး အငြိမ့်မင်းသမီး မြစပါယ်ငုံက မဇ္ဈိမကို ပြောသည်။

လူရွှင်တော်များဖြစ်သည့် ပန်းသီး၊ ကြယ်သီး၊ ဇီးသီးနှင့် မင်းသမီး မြစပါယ်ငုံက ဦးဆောင်ကပြကြမည်။

ဝင်ကြေးကို ထိုင်းဘတ် ၅ဝ နှင့် ၁ဝဝ သတ်မှတ်ထားပြီး ထိုင်းစံတော်ချိန် ညနေ ၆ နာရီခွဲမှ ၉ နာရီခွဲထိ ပြုလုပ်မည်ဖြစ်ပြီး၊ မနက်ဖြန်ပွဲအတွက် ၂ လခန့် အချိန်ယူ ပြင်ဆင်ခဲ့ကြောင်း လူရွှင်တော် ဇီးသီးက မဇ္ဈိမကို ပြောသည်။

၁၉၈၇ ခုနှစ်တွင် မြပုဏ္ဏမာအငြိမ့်ကို ကိုဇာဂနာနှင့် အရိုင်းတို့က စတင်တည်ထောင်ခဲ့ပြီးနောက် ကင်းကောင်၊ ဖိုးဖြူ၊ ငှက်ပျောကြော်၊ ဂေါ်ဇီလာတို့ ပါဝင်လာခဲ့ကာ အစိုးရကို ထောက်ပြသရော်သည့် ပြက်လုံးများ ရဲဝံ့စွာ ထုတ်ဖော် တင်ဆက်ခဲ့ကြသည်။

zgns-50th-birthday2

မဲဆောက်မြို့ တောရဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်မည့် လူရွှင်တော် ဇာဂနာ၏ ရွှေရတု မွေးနေ့ မင်္ဂလာဆွမ်းကျွေး တရားနာယူပွဲ ဖိတ်ကြားလွှာ
၂ဝဝ၅ ခုနှစ်တွင် မြပုဏ္ဏမာ မျိုးဆက်သစ်အဖြစ် သီးလေးသီး ဆေးရောင်စုံ အငြိမ့်သဘင်ကို စတင်၍ လက်ဆင့်ကမ်း ပွဲထုတ်ပေးခဲ့ပြီး၊ “ဆေးရောင်စုံ အငြိမ့်သဘင်” သည် အာဏာပိုင်များနှင့် အတိုက်အခံများကို သရော်သည့် ပြက်လုံးများကြောင့် ပရိသတ်အားပေးမှုကို ရရှိခဲ့သည်။

“သီးလေးသီး” ကို ဂေါ်ဇီလာ၊ စိန်သီး၊ ကြယ်သီး၊ ပန်းသီး၊ ဇီးသီးနှင့် မင်းသမီး ချောစုမျိုး၊ မြစံပယ်ငုံတို့ဖြင့် ဖွဲ့စည်းခဲ့ပြီး ၂ဝဝ၈ ခုနှစ်မှစ၍ ထိုင်း အပါအဝင် နိုင်ငံတကာ၌ လှည့်လည်ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည်။

ကိုဇာဂနာ၏ မွေးနေ့တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ Social Action for Women (SAW) ကျောင်းမှ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ ဦးဆောင်၍ တောရဘုန်းကြီးကျောင်းတွင် သံဃာတော်များကို ဆွမ်းကပ်၊ ဆုတောင်းပွဲ ပြုလုပ်မည် ဖြစ်သည်။

နာမည်ကျော် စွယ်စုံအနုပညာရှင် ဇာဂနာ (ကိုသူရ) သည် ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များကို ကူညီနေစဉ် ၂ဝဝ၈ ခုနှစ် ဇွန်လတွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

နိုဝင်ဘာလ၌ အင်းစိန်ထောင်တွင်း ခရိုင်တရားရုံးက
Zaganars-50th-Birthday1

ချင်းမိုင်မြို့တွင် ဝပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်မည့် လူရွှင်တော် ဇာဂနာ၏ ရွှေရတု မွေးနေ့ ဖိတ်ကြားလွှာ
အီလက်ထရောနစ် အက်ဥပဒေ အပါအဝင် အမှု ၈ မှုဖြင့် စွဲဆိုကာ ထောင်ဒဏ် ၅၉ နှစ် ချခဲ့သည်။ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် တိုင်းတရားရုံးက အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃ ခုမှ တမှုလျှင် ၈ နှစ်စီဖြင့် ၂၄ နှစ် လျှော့ပေးခဲ့သဖြင့် ထောင်ဒဏ် ၃၅ နှစ် ကျန်ရှိနေသည်။

မြစ်ကြီးနားထောင်တွင် အကျဉ်းကျနေရာ သူ့ကို ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ထားသည်မှာ ၈ လခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် မိသားစုအနေဖြင့် သူ၏ ကျန်းမာရေး အခြေအနေကို မသိရှိဘဲ ဖြစ်နေကြသည်။

ခယ်မဖြစ်သူ မငြိမ်းက “သူ့မွေးနေ့ကိုတော့ ငွေရေးကြေးရေး အခက်အခဲအရ၊ လူအင်အားအရကြောင့် ကျမတို့အိမ်မှာ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ သူရှိတုန်းကလည်း သံဃာတွေကို ဆွမ်းကပ်နေကျဆိုတော့ မနက်ဖြန် ဘုန်းကြီးကျောင်းမှာပဲ ဆွမ်းချိုင့်သွားပို့တာလောက်ပဲ လုပ်ဖြစ်ပါမယ်” ဟု မဇ္ဈိမကို ပြောသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

သန်းရွှေ လို အုပ်ချုပ်တဲ့နိုင်ငံတွေမှာ ဤသို့ ကြားရ၏

အီဂျစ်မှာ အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်ပွား By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 25 ဇန်နဝါရီ 2011
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့လယ်တွင် သမ္မတ ဟို့စ်နီ မူဘာရက်ကို ဆန့်ကျင် ဆန္ဒပြနေကြစဉ်။


အီဂျစ်နိုင်ငံ ကိုင်ရိုမြို့လယ်တွင် သမ္မတ ဟို့စ်နီ မူဘာရက်ကို ဆန့်ကျင် ဆန္ဒပြနေကြစဉ်။ ဇန်န၀ါရီ ၂၅၊ ၂၀၁၁။
အီဂျစ်နိုင်ငံမှာ ရာစုနှစ် တော်တော်များများ ကြာခဲ့တဲ့ သမ္မတ ဟို့စ်နီ မူဘာရက် (Hosni Mubarak) ရဲ့ အုပ်ချုပ်မှု အဆုံးသတ်ပေးဖို့ ထောင်ချီတဲ့ ဆန္ဒပြသူတွေဟာ လမ်းမတွေပေါ်မှာ စုဝေး တောင်းဆိုခဲ့ကြတဲ့အတွက် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ အစိုးရ ရဲတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီ ပဋိပက္ခတွေမှာ လူ ၃ ယောက် သေဆုံးခဲ့ရတယ်လို့ အစိုးရ အရာရှိတွေဘက်က ပြောပါတယ်။ ကိုင်ရိုက ဆန္ဒပြပွဲတွေမှာ အရာရှိတဦး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရာက သေဆုံးခဲ့ရပြီး ဆူအက်ဇ်က ဆန္ဒပြပွဲတွေမှာတော့ ဆန္ဒပြသူ ၂ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့က ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ရေပိုက်တွေ အသုံးပြုပြီး ခဲလုံးတွေနဲ့ ပစ်ပေါက်တဲ့ ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံခြား သတင်းမီဒီယာတွေအရ အဲဒီ ဆန္ဒပြမှုတွေဟာ နှစ်ပေါင်း တော်တော်ကြာခဲ့တဲ့ အချိန်ကာလအတွင်း အီဂျစ်နိုင်ငံရဲ့ အကြီးမားဆုံး ဆန္ဒပြမှုတွေဖြစ်ပြီး စတင် ဆန္ဒပြတုန်းကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စခဲ့ကြတယ်လို့ ဆိုပါတယ်။

တူနီးရှားနိုင်ငံမှာ သမ္မတကို နိုင်ငံက ထွက်ပြေးစေခဲ့တဲ့ ဆန္ဒပြပွဲတွေ အပြီးမှာ အီဂျစ်ပြည်သူတွေက နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အခုလို ဆန္ဒပြပွဲတွေ ကျင်းပ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ပြည်သူအပေါင်း ဤစစ်အုပ်စုဘေးဒဏ်မှ ကင်းဝေးပါစေသား

စစ်တပ်ရိက္ခာသယ်ဆောင်ရန် စစ်အာဏာပိုင်များမှကားချောဆွဲ မိစန္ဒာဦး၊ ကောင်းဝါသတင်းဌာန
ပြာသိုလဆုတ် ၆ရက်။ဇန်နဝါရီ ၂၅၊၂၀၁၁။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် စစ်တပ်ရိက္ခာသယ်ဆောင်ရန်အတွက် ယမနေ့မှစ၍ယခုအချိန်ထိ စစ်တပ်မှ ဒေသခံများပိုင်ဆိုင်သော မော်တော်ကားများကို အတင်းအဓမ္မချောဆွဲနေ သည်ဟု ဒေသခံများမှပြောပါသည်။ ကားပိုင်ရှင်များအနေနှင့် မိမိတို့၏ကားများကို လုံခြုံရာ၌၀ှက်ထားရသည်ဟု မော်တော်ကားပိုင်ရှင်တစ်ဦးမှပြောပါသည်။

“စစ်တပ်ကနေပြီးတော့ ကားတွေကိုရိက္ခာတင်ဖို့ဆိုပြီးတော့ အဲတာကားတွေလိုက်ဖမ်းတယ်။ ပထမ ကြားတာကတော့ ၀စ်သောက်ကားတွေလိုက်ဖမ်းသလိုလိုဘာနဲ့ နောက်တော့မဟုတ်ဘူး။ ချောကား ဆွဲတာပေါ့ နော်။ ကားတွေလဲဖွက်ထားကြတယ်။ ကားသမားတွေလဲ တချို့ကားတွေ လိုက်ဝှက်ထား တယ်ကြတယ်ပေါ့နော်။

ချောဆွဲသွားသည့် ကားအရေအတွက်မှာ (၁၅)စီးရှိနေပြီး ဘုရားသုံးဆူမြို့ ဒေသခံတပ်ရင်းမှူးမှ ကားအစီး(၃၀)ကျော်မှန်းထားသည့်အတွက် မပြည့်မီသေးဟု ကားသမားများမှပြောပါသည်။ ရိက္ခာတင်ရန် ချောဆွဲ သွားသည့်ကားများသည် မိမိစရိတ်နှင့်သွားရပြီး ဆီထည့်ပေးခြင်းမရှိဟုကားသမားများမှပြောပါသည်။ ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းကျေးရွာတပ်စခန်းတွင်ရာက်နေသည့် တပ်စားနပ်ရိက္ခာများကို ဘုရား သုံးဆူမြို့သို့တင်ပို့ရန်အတွက် ယခုလိုကားများကိုချောဆွဲနေရသည်ဟု ကားသမားများမှပြောပါသည်။ ဘုရား သုံးဆူနှင့် သံဖြူဇရပ်မော်တော်ကားလမ်းကို ကေအာန်ယူခေါ် ကရင်အမျိုးသားအစည်းအရုံးကနေ (၂၀၁၀) ဒီဇင်ဘာ လဆန်းကတည်းက အဖွဲ့အစည်း၏လုံခြုံရေးအရ ပိတ်ပင်ထားခဲ့သောကြောင့် ကားသမားများ သွားလာရ မည်မှာစိုးရွံ့နေသည်ဟုဆိုသည်။

ဘုရားသုံးဆူမြို့ခံစစ်တပ်မှ လိုအပ်သောကားအရေအတွက်ပြည့်အောင် မြို့ပြင်ထွက်ခွင့်ကို ပိတ်ပင် ထား သည် ဟု ကားသမားတစ်ဦးမှ ယခုလိုပြောပါသည်။

“ကားတစ်စီးမှမပေးထွက်ဘူးမြို့ပြင်ကို။ မြို့ထဲမှာလဲ ရဲဘော်တွေမနဲဘူး ပြည့်နေရောဘဲ။ ကားတစ်စီးမှ သူမပေးသွားဘူးဆိုတော့ ဒုက္ခရောက်တာပေါ့။ တချို့လဲခြံထဲသွားတာကားသားလေးနဲ့ မရဘူး။ မပေးသွားဘူး။ နဂါးတောင်ကတပ်က လုံးဝမပေးသွားဘူး။ မနက်ကပစ္စည်းတင်ထားတဲ့ကားတစ်စီး ဖိုးဝှီးကားတစ်စီးက ခရီးသည် ပစ္စည်းတွေကို အဲဒီနဂါးတောင်ကဘဲဆွဲချလိုက်တယ်။ ကားကတော့ တပ်ကုန်းကို သူတို့မောင်းတက် သွားခိုင်း လိုက်တယ်။”

မိုးတွင်းကာလတွင် မော်တော်ကားလမ်းပျက်စီးနေသည့်အတွက် မြန်မာစစ်တပ်ဘက်မှရိက္ခာ ပြတ်လပ် မှုများဖြစ်ပွါးခဲ့ပြီး ဘုရားသုံးဆူဖွံ့ဖြိုးရေးကော်မီတီများမှ ဆန်ရိက္ခာများထောက်ပံ့ပေးနေရသည်ဟု စစ်တပ်နှင့် နီးစပ် သည့်သူတစ်ဦးမှပြောပါသည်။ ယခုလိုပွင့်လင်းရာသီတွင် ရိက္ခာများစုဆောင်းပြီးပါက ကေအာန်ယူခေါ် ကရင် အမျိုးသားအစည်းအရုံးနဲ့ ဒီကေဘီအေခေါ် တိုးတက်သောဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော် တို့အပေါ် စစ်ဆင်ရေးများတိုးပြီးလုပ်ဆောင်သွားမည့်အနေအထားတွင်ရှိနေသည်ဟု နယ်စပ်စစ်ရေးအကဲခတ် သူများမှ သုံးသပ်ပြောဆိုမှုရှိနေသည်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ရွေးကောက်ပွဲပြီးပေမယ့်လည်း ပြည်သူတွေ အိုးပစ် အိမ်ပစ်ထွက်ပြေးနေဆဲ

တိုးချဲ့မည့် အရှေ့အလယ်ပိုင်း စစ်တိုင်းအတွင်း ခံတပ်ကြီးများ တည်ဆောက် - ဒေသခံလူထု နေရပ်မှ ထွက်ပြေး
Tuesday, 25 January 2011 18:46 သျှမ်းသံတော်ဆင့်
သျှမ်းပြည်အလယ်ပိုင်းမြို့နယ်ခွဲသစ်များတိုးမြင့်ထား သည့် ဒေသ/ တိုးချဲ့ အရှေ့အလယ်ပိုင်း စစ်တိုင်းသစ် ဒေသ အတွင်း နအဖခံတပ်ကြီးများအခိုင်အမာ တည်ဆောက် မှုအတွက်ကျေးလက်လူထုပိုင်လယ်ယာ ခြံမြေများ ဧကရာနှင့် ချီအဓမ္မ အသိမ်းခံရခြင်း/စစ်ဘေး စစ်ဒဏ်စိုးရိမ် ကြခြင်း တို့ကြောင့်ဒေသခံများထိုင်းနယ် စပ်သို့ထွက်ပြေးတိမ်းရှောင် နေကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

“မိုင်းရှူးတောင်ဘက် မြို့နဲ့ကပ်ရက် လွယ်ဇင်းတောင်မှာလုပ်တာလေ။ ဒီဇင်ဘာလလယ်ကတည်းကဘဲ။ ရပခ တိုင်းမှူးနဲ့ ဗိုလ်ချုပ်မောင်အေးတို့ လာကြည့် ပြီးပြန်သွားကတည်းကလုပ်နေတာ။ ခံတပ်တွေကတုတ်ကျင်းတွေ အခိုင်အမာ ကွန်ကရစ်နဲ့လုပ်တာလေ။ လက်နက်ကြီးထားမယ်လို့ လဲ သတင်းထွက်တယ်။ ၃ လ အပြီးလုပ်ရမယ်ဆို တော့ တောင်ကြီးဖက်က ဆောက်လုပ်ရေးအလုပ်သမား အယောက် ၄၀- ၅၀ ထပ်ခေါ်ရတယ်။

အဓမ္မလုပ်အားခိုင်းတာ တွေလဲ ရှိသလိုလိုကြားရတယ်။ အဲဒါကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ကြတာ ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသည့် တောင်ကြီး- ကျိုင်းတုံ ကားသမား တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

တာချီလိတ်-မယ့်ဆိုင်လမ်းမှ ထိုင်းနိုင်ငံသို့ ခိုးဝင်သူများရှိသကဲ့သို့ ဟိုမိန်း-မယ့်ဟောင့်ဆောင်လမ်းမှဝင်သူများ လည်းရှိပြီး ယခင်လများထက် ယခုလအတွင်း ပိုမိုများပြား ကြောင်း တာချီလိတ်မှကားသမားတဦးက - “မိမိအဆက် အသွယ်နဲ့ထိုင်းကို ဝင်နေကြတာ၊ မိုင်းရှူး၊ တန့်ယန်း၊ မိုင်း ရယ် ကျေးသီးမြို့နယ်က ရွာသားတွေခပ်များများ။

တာချီလိတ်-မယ်ဆိုင် လမ်း၊ မိုင်းတုံ - ပုံပါကျင် - နောင်အုပ် - ချင်းဒေါဝ်လမ်း ဘက်လဲ တနေ့ တနေ့ ဆယ်ဂဏန်း ထိုင်းထဲကိုဝင်နေကြတယ်။ လုပ်အားပေး၊ ချောဆွဲ၊ လမ်းပြအဖြစ်ခေါ်တာတွေ၊ သျှမ်းသူပုန်ကိုဆက်သွယ်ကူညီ တယ်ဆိုပြီး ဖမ်းဆီးရိုက်နက်တာတွေလဲ ရှိတော့ ဘဝ လုံခြုံရေး၊ ဝမ်းရေးအတွက် ထွက်ပြေးနေကြတာ” - ဟု ဆို၏။

အဆိုပါ မိုင်းရှူးလွယ်ဇင်းတောင်သည် မဆလခေတ်ဦးက ခလရ ၉၉ တပ်စိုက်ပြီး ဗကပ ခေတ် ၁၉၇၀ ကျော်ခန့်က ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တပ်မ ၇၇ တပ်မမှူး ဖြစ်စဉ် အခြေချခဲ့ဖူး၏။ ၁၉၇၀ နောက်ပိုင်းမည်သည့်တပ်မျှ မထိုင်တော့ဘဲ ၁၉၉၀ မိုင်းရှူးရတနာ ခေတ်မှသာ ရပခလက်အောက်ခံ တပ်ရင်းများ အလှည့်ကျ စခန်းချ အခွန်ကောက်ခဲ့ရာမှ ယခုတိုင်ဖြစ်သည်။

မိုင်းရှူးမြို့ လွယ်ဇင်းတောင်အပြင် မိုင်းဇန်ရွာကြီးအနီး၌လည်း နအဖ တပ်စခန်းကြီး တိုးချဲ့တည်ဆောက်နေသည်ဟု မိုင်းရှူးအာဏာပိုင်များနှင့် နီးစပ်သူတဦးကပြောပြသည်။

“မိုင်းဇန်မှာ အရင်တုန်းက ကားလမ်းဘေးက လွယ်ကောင်းမူးတောင်မှာ တပ်ဆောက်မယ်ပြင်ကြသေးတယ်။ ဒါပေမယ့်အဲ့မှာ စခန်းချတဲ့စစ်သား တွေက မကြာခဏ နာမကျန်း / သေကြေကြတော့ အဲ့မှာတပ်မဆောက်ရဲဘဲ လွယ်ဆုံတောင်ဘက်ကိုပြောင်းတာ” ဟု ၎င်းက ပြောသည်။

မြို့နယ်ခွဲတိုးချဲ့စီမံကိန်း၌ ပါဝင်သည့်အရှေ့အလယ်ပိုင်းတိုင်းဌာနချုပ်အဖြစ်လျာထားသော ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲ၏ အရှေ့မြောက် ဘက် ၁ မိုင်ကျော်အကွာ တွင်လည်း နအဖတပ်အသစ် တည်ဆောက်လျက်ရှိကြောင်း ကာလိမှလာသော သတင်းအရသိရသည်။

“ကာလိ အရှေ့မြောက်ဘက် ၁ မိုင်ကျော်အကွာ ကာလိ-လွယ်ဖာအသွားလမ်း မှာဆောက်မှာ။ နောက်ပြီး ပြည်သူ့စစ်အသွင်ပြောင်းလိုက်တဲ့ သျှမ်းတပ်ထိန်းချုပ်နယ်မြေထဲဖြစ်နေပြန်တော့ လူတွေက မနေချင်ကြဘူး။ စစ်မှု မထမ်းမနေရ ဥပဒေကြောင့်လဲ ပါတယ်” ဟု ဆိုပါသည်။

သျှမ်းပြည်မြောက်ပိုင်းတွင်လည်း ယခင်က PSLA ပလောင်တပ်၊ ကချင် KIA / KDA တပ်နှင့် သျှမ်း SSNA တပ်တို့ထိန်းချုပ်လှုပ်ရှားခဲ့ဖူးသော နမ့်တူ၊ မိုင်းမော်၊ မိုင်းယင်၊ မိုင်းဝီး၊ နမ့်ခမ်းအသွားလမ်းဟောင်းကိုလည်း ဆင်းရွှေလီလမ်းဟု အမည်တွင်ကာ စစ်ရေးမဟာဗျူဟာ လမ်းအဖြစ် ချဲ့ထွင်မွမ်းမံ ကျောက်ခင်းနေကြောင်း သိရပါသည်။ Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

စစ်အစိုးရ လူ့အခွင့်အရေး ဆက်လက်ချိုးဖောက်ဟု HRW ထုတ်ပြန်

ဧရာဝတီ Tuesday, 25 January 2011 18:38 သတင်းတိုများ
စစ်အစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် ကျူးလွန်နေကြောင်း အမေရိကန် လူ့အခွင့်အရေး စောင့်ကြည့် လေ့ လာရေး အဖွဲ့(HRW)က ပြောဆိုလိုက်သည်။ အဓမ္မ လုပ်ပေးခိုင်းစေခြင်း၊ ဥပဒေမဲ့ ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခြင်း၊ အဓမ္မ ရွှေ့ပြောင်းခိုင်းခြင်း၊ အမျိုးသမီးများအပေါ် အဓမ္မ ပြုကျင့်ခြင်းများကို ကျူးလွန်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံအရှေ့ပိုင်း စစ်မက်ဖြစ်ပွားရာ ဒေသများရှိ ဒေသခံ ၅၀၀၀၀၀ ခန့်သည် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်များအဖြစ် တိမ်းရှောင်နေရကြောင်း၊ ထိုင်းနိုင် ငံ ဒုက္ခသည် စခန်းများတွင် မြန်မာ ဒုက္ခသည် ၁၄၀၀၀၀ ခန့် ရောက်ရှိနေကြောင်း ယမန်နေ့က ထုတ်ပြန် သည့် HRW ၏ အစီရင် ခံစာ ၌ ဖော်ပြထားသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ပြည်သူတွေ တောင်းစားစရာခွက် မရှိ ၊ဒီပုပ်ထဲက ဒီပဲက သမ္မတ ရှေ့ ပြေးတဲ့  ကဲ..

ဗုဒ္ဓဟူး, ၂၆ ဇန်နဝါရီ ၂၀၁၁ Mizzima Burmese သမ္မတနေရာ ဦးရွှေမန်း တစ်ပြေး
မျိုးသိဏ်း | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၅၄ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ နေပြည်တော်မှလာသော အထူးသတင်းတရပ်အရ လာမည့်လွှတ်တော်တွင် စစ်ဘက်မှတင်သွင်းမည့် ဒုသမ္မတနေရာအတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း အလားအလာ အကောင်းဆုံး ဖြစ်နေကြောင်း သိရသည်။

အရပ်သားဝေစုတွင် အမတ်နေရာ အများဆုံးရထားသော စစ်တပ် ကျောထောက်နောက်ခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဝန်ကြီးချုပ် ဦးသိန်းစိန်ကို ပြည်သူ့လွှတ်တော်မှ တင်သွင်းသော ဒုသမ္မတ အဖြစ် ရွေးလိမ့်မည်ဟု သီးခြားသတင်းရပ်ကွက်တခုက ပြောသည်။

shwemannတိုင်းရင်းသားပါတီများက ဒုသမ္မတ တနေရာ တောင်းဆိုနေသော်လည်း အမျိုးသားလွှတ်တော်က စီးပွားရေး လုပ်ငန်းရှင် တဦးကို ဒုသမ္မတ တင်မြောက်ရန် ကြံ့ဖွံ့ဘက်က လျာထားသည်ဟုလည်း ပြောသည်။

သို့သော် ပြည်နယ်နှင့် တိုင်းအချို့တွင် တိုင်းရင်းသား အမတ်များကို ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ဝန်ကြီးချုပ် သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရွေးချယ်နိုင်လိမ့်မည်ဟု ပါရှိသည်။

ကြံ့ဖွံ့မှာ ပြည်သူ့လွှတ်တော်တွင် ၅၉ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်တွင် ၅၇ ရာခိုင်နှုန်း လွှမ်းမိုးထားသဖြင့် ကြံ့ဖွံ့ ထောက်ခံသူမှာ ဒုသမ္မတနှင့် သမ္မတ ဖြစ်လိမ့်မည်။

ဒုသမ္မတ ၃ ယောက်အနက် သမ္မတဖြစ်ရန် အလားအလာ အကောင်းဆုံးမှာ သူရဦးရွှေမန်းဖြစ်ပြီး တပ်မတော်တွင်း သူ့ကို ထောက်ခံမှု အားကောင်းနေသည်ဟုလည်း စစ်တပ်သတင်းရပ်ကွက်တခုက ပြောသည်။

နံပါတ် ၂ စစ်ခေါင်းဆောင် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး အနားယူမည်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှလွဲ၍ ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် စစ်တပ်ခေါင်းဆောင်များ အငြိမ်းစားယူရမည့် အသက်ကို ပြန်လည် ပြဋ္ဌာန်းလိမ့်မည်ဟု ဆိုသည်။

ဒုဗိုလ်ချုပ်ကြီး မြင့်အောင်နှင့် ဒုဗိုလ်ချုပ်ကြီး ကိုကိုတို့ကို ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုကာကွယ်ရေး ဦးစီးချုပ်ရာထူးများ လျာထားပြီးဖြစ်သော်လည်း မည်သည့်အချိန် တရားဝင်လွှဲပြောင်းမည် မသိနိုင်ဘဲ ဖြစ်နေသည်။

အလားတူပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မည်သည့်နေရာ ဆက်ကိုင်ထားမည်ဆိုသည်ကို စစ်ဘက် အကဲခတ်များ အပါအဝင် တပ်တွင်း အရာရှိကြီးများပင် မပြောနိုင် ဖြစ်နေသည်။

အများစုထင်ကြေးတွင် ဗိုလ်ချုပ်မှူးကြီးရာထူးကို ဆက်ကိုင်ထားပြီး ကာကွယ်ရေး ဦးစီးချုပ်သစ်ထက် ရာထူးအမြင့်ယူ၍လည်းကောင်း၊ ကြံ့ဖွံ့ နာယကအဖြစ်လည်းကောင်း ဆက်ကိုင်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

ကြိုတင် ရေးဆွဲထားသည့် စစ်မှုမထမ်းမနေရ စနစ်ကိုလည်း လွှတ်တော်က အတည်ပြုရန် တပ်ကိုယ်စားလှယ်များ တင်ပြသွားလိမ့်မည်ဟု စစ်တပ်အရာရှိတဦးက ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း လာမည့်လွှတ်တော်အတွင်း အာဏာခွဲဝေမှုနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်များ ချသွားမည်ဟု သတင်းရင်းမြစ်ကဆိုသည်။

စီးပွားရေးမြို့တော် ရန်ကုန်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ပွဲတွင် ဆိပ်ကြီးခနောင်တိုမှ ကြံဖွံ့ကိုယ်စားပြု အနိုင်ရထားသည့် ဦးမြင့်ဆွေ (ယခင် ကစထမှူးဟောင်း ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ) ကို ယာယီ အတည်ပြုထားကြောင်းလည်း သတင်းရင်းမြစ်က ဆိုသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, January 25, 2011

ရန်ကုန်မြိှု့ဗဟန်းမြို့နယ်မှာရှိတဲ့

ရန်ကုန်မြိှု့ဗဟန်းမြို့နယ်မှာရှိတဲ့ နာမည်ကြီးအထူးကုဆေးရုံကြီးတစ်ခုရဲ့ တာဝန်ရှိသူများနဲ့
ဒီဆေးရုံမှာလူနာတွေကိုရောဂါကုသပေးနေတဲ့ သမားတော်ကြီးများကို ကိုယ်တိုင်ကိုယ်ကျလိုက်တွေ့ပြီမေးရမှာ
အဆင်မပြေတဲ့အတွက်ကျွန်မ သိချင်လွန်းတဲ့ အချက်တွေကိုဒီကနေဘဲမေးလိုက်ရတာပါ။
ဒီဆေးရုံရဲ့တာဝန်ရှိသူများနဲ့ အထူးကုသမားတော်ကြီးများ မိမိတို့ အသက်သခင်ကျေးဇူးရှင်ဆိုပြီး ယုံကြည်အားကိုစွာနဲ့ ကိုယ့်အသက်ကိုနဲ့ ခန္ဓာကိုယ်ကိုအပ်ထားတဲ့လူနာနဲ့ လူနာရှင်တွေအပေါ်
ဘယ်လိုများသတ်မှတ်ပြီး ဘယ်လိုများသဘောထားပါသလဲ?
ကျွန်မဘာလို့ ဒီမေးခွန်းကိုမေးရသလဲဆိုရင် ကျွန်မအမျိုးသားဟာ သူယုံကြည်အားကိုးစွာနဲ့ သူ့အသက်ကို အပ်နှံထားတဲ့ အဆစ်အမြစ်သမားတော်၊ ရင်ခေါင်းပိုင်းဆိုင်ရာ သူ့အဆုတ်ကို ကုသပေးနေတဲ့ အမျိုးသမီးသမားတော် ၊ သွေးရောဂါကုသမားတော်ကြီးနဲ့ နောက်ဆုံးအပ်လိုက်ရတဲ့ နှလုံးအထူးကု သမားတော်ကြီးလေးယောက်စလုံးရဲ့ ဥပက္ခာပြု လစ်လျူရှုခြင်းကိုခံရပြီး (၂၉.၁၁.၂၀၁၀) တနလာင်္နေ့ နေ(၄:၃၀) မှာ အဲ့ဒီဆေးရုံရဲ့ (ICU) ဆိုတဲ့အထူးကြပ်မတ်ဆောင်မှာဘဲ အသက်ပျောက်ခဲ့ရပါတယ် ။

ကျွန်မအမျိုးသားဆုံးတာ ဒီနေ့ဆိုရင် တစ်လကျော် ရှိသွားပေမဲ့ သူဆုံးခါနီး နိုဝင်ဘာလ (၂၈) ရက်နဲ့ ၂၉)ရက်နေ့တွေမှာ ဒီဆေးရုံပေါ်မှာ ကျွန်မတို့ခါးသီးစွာတွေ့ကြုံခံစားခဲ့ရတဲ့ အခြေအနေနဲ့ အဖြစ်အပျက်တွေကိုဘယ်လိုမှဖြေဖြောက်မရနိုင်သေးဘူးဆိုတာ သက်ဆိုင်သူအားလုံးကိုသိစေချင်ပါတယ်။
ကျွန်မရူးမတတ် သိချင်နေတဲ့အချက်က ကျွန်မအမျိုးသားဟာ ဘာကြောင့်ဒီလောက်အချိန်တိုတို အတွင်းမှာ



လူ့လောကကြီးကနေထွက်ခွာသွားခဲ့တာလဲဆိုတာ သူမဆုံးခင်အချိန်ကလေးအတွင်းမှာ



သူ့ကို ကုသပေးနေကြတဲ့ သမားတော်ကြီးတွေထဲက



တစ်ယောက်လောက်လဲဖြစ်ဖြစ်ရောက်လာခဲ့ပြီး သူဟာဘာကြောင့်



ကုလို့မရနိုင်တော့ဘူးဆိုတာကို ပြောပေးနိုင်ခဲ့မယ်ဆိုရင် ကျွန်မတို့



အနေနဲ့



နည်းနည်းလေးတော့ ဖြေသိမ့်နိုင်လိမ့်မယ်လို့ထင်ပါတယ်။



အခုကျွန်မအမျိုးသားဆုံးခါနီးမှာ ဆေးရုံပြန်တတ်ရတာ ဒုတိယအကြိမ်ပါ ၊



ပထမအကြိမ်က အောက်တိုဘာလ (၂၃) ရက်ကနေ နိုဝင်ဘာလ



(၁၁) ရက်နေ့ထ ရက်နှစ်ဆယ်တိတိကြာခဲ့ပါတယ် ၊ ဒီအတွင်းမှာ



သူ့တို့ကုသပေးနေတဲ့သမားတော်ကြီးသုံးယောက်ပါ ၊အဆစ်အမြစ်သမားတော်



ရင်ခေါင်းပိုင်းဆိုင်ရာ အမျိုးသမီးသမားတော်နဲ့



သွေးအထူးကုသမားတော်ကြီးတွေပါ ၊ ကျွန်မ



အမျိုးသားမှာသွေးလေးဘက်နာရောဂါရှိတဲ့အတွက်



အဆစ်အမြစ်သမားတော်နဲ့ ကုသနေတာတစ်နှစ်လောက်ရှိခဲ့ပါပြီ။ အခုဆေးရုံတတ်ရမဲ့



အခြေအနေကြောင့် သူနဲ့သွားပြတဲ့အချိန်ကစပြီး ကျွန်မတို့



လူနာရှင်တွေဘက်ကကိုယ်တင်ချင်တဲ့ ဆေးရုံကအစ ကိုယ်ကုချင်တဲ့သမားတော်အထိ



ဘာတစ်ခုမှရွေးချယ်ပိုင်ခွင့်မရခဲ့ပါဘူး။ဒီဆေးရုံမှာ



မတင်ချင်လို့တခြားဆေးရုံမှာ တင်ဖို့ပြောပေမဲ့ အဆစ်အမြစ်သမားတော်က



လက်မခံလို့ သူတို့တင်ခိုင်းတဲ့ဆေးရုံမှာဘဲတင်ခဲ့ရပြီး



သူတို့ဆေးရုံမှာရှိတဲ့ သူတို့အချင်းချင်း ချိတ်ပေးတဲ့သမားတော်တွေနဲ့သာ



ကုခဲ့ရတာပါ ၊ ကျွန်မတို့မှာ ကိုယ့်လူနာဘာဖြစ်မှန်း မသိရဘဲ



အဆုတ်သမားတောနဲ့ သွေးသမားတော်တို့ရောက်လာမှ အဆုတ်နဲ့သွေးထဲမှာ



ပြဿနာရှိမှန်းသိရပါတယ်။ ဒါပေမဲ့ လူနာနဲ့ ကျွန်မတို့



လူနာရှင်တွေဆိုပြီ အရမ်းကိုယုံကြည်အားကိုးခဲ့ပါတယ် ၊ ဒီလိုနဲ့ဆေးရုံမှာ



ရက်နှစ်ဆယ်ကြာပြီ နိုဝင်ဘာလ (၁၁) ရက်နေ့မှာ



ဆရာဝန်သုံးယောက်စလုံးက လူနာသက်အန္တာရယ် မရှိတော့လို့ ဆေးရုံက



ဆင်းခွင့်ပြုလိုက်တာကို ယုံကြည်မိပြီးလူနာကို အိမ်ပြန်ခေါ်ခဲ့မိတာ



ကျွန်မတို့ရဲ့ အမှားလားလို့ဖြေမရနိုင်အောင် နောင်တရနေခဲ့ပါတယ် ။



ဒီအဖြစ်မျိုးကြုံရမှာစိုးလို့ လူနာကိုဆေးရုံက မဆင်းစေချင်သေးလို့



လူနာရဲ့ အဆုတ်ထဲမှာ တီဘီဖြစ်နေလို့တီဘီဆေးကိုခြောက်လသောက်ရမယ်ဆိုပြီ



ကုသပေးနေတဲ့ ရင်ခေါင်းသမားတော်ထံကို



ကျွန်မကိုယ်တိုင်ဖုန်းဆက်ပြီ လူနာကိုဆေးရုံမှာ



ပိုစိတ်ချရတဲ့အချိန်ထိထားချင်လို့ လူနာဆေးရုံက



မဆင်းနိုင်အောင်ပြောပေးဖို့



တောင်းတောင်းပန်ပန်ပြောခဲ့တဲ့ လူနာရှင်ကျွန်မရဲ့ စကားကို



လုံးဝလစ်လျူရှုပြီး လူနာကိုဆေးရုံက ဆင်းစေခဲ့ပါတယ်။



ရှေ့ရက်က ပြောခဲ့တဲ့ သမားတော်သုံးယောက်စလုံးရဲ့



အသက်အန္တာရယ်မစိုးရိမ်းရတော့ဘူးဆိုတဲ့ စကားတာမှန်ခဲ့ရင်



လူနာဟာဆေးရု့ပေါ်မှာ



ဒီထက်ပိုပြီးစိတ်ချရတဲ့ အခြေအနေထိနေခဲ့ရမယ်ဆိုရင် အခုလောက်ထိမြန်မြန်



ကျွန်မတို့ကို စွန့်ခွာသွားရမှာ မဟုတ်ဘူးလို့တွေးမိပြီး



ကျွန်မတမြေ့မြေ့နဲ့ခံစားနေရတာဟာ ဘယ်သူကြောင့်ပါလဲ ?



ဆေးရုံကဆင်းပြီဆယ့်ခုနှစ်ရက်ကြာတဲ့အထိ ကြားထဲမှာ အဆုတ်ရဲ့ အခြေအနေကို



တခါမှပြန်မစစ်ဆေးတာဟာ လူနာရဲ့ရောဂါအခြေအနေက သိပ်ကိုစိတ်ချရတဲ့



အနေအထားမှာရှိနေပြီလို့သတ်မှတ်ထားလို့လား ?



ဒါမှမဟုတ်ကိုယ့်ရဲ့ ကုသချက်ဟာအရမ်းမှန်ကန်နေလို့ ကိုယ့်ကိုယ်ကို



ယုံကြည်မှုလွန်ကဲထားတာလား ? လူနာဟာတီဘီရောဂါအမှန်တကယ်



မဟုတ်ဘဲ တီဘီဆေးကိုသောက်နေရလို့



အခုလောက်မြန်မြန်အခြေအနေဆိုးရွားသွားတာလား? တီဘီပိုးမတွေ့ပေမဲ့



ရွေးစရာလမ်းမရှိလို့



တီဘီဆေးကိုဘဲသောက်ရမယ်လို့ပြောသွားတဲ့ ဒီသမားတော်ရဲ့



စကားကိုကျွန်မအခုထိကြားယောင်နေတုန်းပါဘဲ။



ဒါကြောင့်မို့လူနာကို ဒုတိယအကြိမ်



သူမကိုယ်တိုင်ဆေးရုံပြန်တတ်ခိုင်းခဲ့ပေးမဲ့ လူနာအသက်



ထွက်သွားတဲ့အချိန်ထိတချက်မှ လှည့်မကြည့်ဘဲ



ပစ်ထားခဲ့တာဟာ ဘာကြောင့်ပါလဲ? ဘယ်သူမှာတာဝန် အရှိဆုံးလဲဆိုတာ



သူမကိုယ်တိုင်လဲသိနေမှာပါ ။ကျွန်မရဲ့ မေးခွန်းကိုဖြေဖို့သက်ဆိုင်ရာ



သမားတော်မှာ အဖြေတစ်ခုခုတော့ရှိနေလိမ့်မယ်လို့ထင်ပါတယ် ။



ဆေးရုံကဆင်းပြီ တစ်ပတ်အကြာ (၁၈.၁၁.၂၀၁၀)နေ့မှာ



အဆစ်အမြစ်သမားတော်နဲ့ သွေးသမားတော်တို့ချိန်းထားတဲ့



အတွက်သွားပြန်ပြခဲ့ပါတယ် ၊အဲ့ဒီအချိန်ထိ သမားတော် နှစ်ယောက်စလုံးက



လူနာမှာစိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့လုံးဝမပြောခဲ့ပါဘူး။



လူနာကလဲအိမ်မှာစိုးရိမ်းရလောက်အောင် ထူးခြားတဲ့ လက္ခဏာမပြတော့



ကျွန်မတို့လဲ သိပ်မစိုးရိမ်ခဲ့ပါဘူး ၊ ဒီလိုဆရာဝန်တွေကိုဘဲ



ယုံကြည်ထားမိတာဟာလဲ ကျွန်မတို့ရဲ့အမှားလားလို့



တွေးပြီးဖြေမရနိုင်အောင်ခံစားနေရပါတယ်။



ကျွန်မအခုနောက်ဆုံးပြောပြချင်တာကတော့ လူနာဆေးရုံကဆင်းပြီး (၁၇)



ရက်အကြာမှ အဆုတ်သမားတော်ကပြန်ပြဖို့ချိန်းတဲ့



နိုဝင်ဘာလ (၂၈) ရက် နေ့လည် (၁:၃၀) ကနေ လူနာဆုံးတဲ့ နိုဝင်ဘာ (၂၉) ရက်ညနေ့



(၄:၃၀) အချိန်ထိခါးသီးစွာကြုံတွေ့ခဲ့ရတဲ့



အဖြစ်အပျက်တွေပါဘဲ ၊ (၂၈) ရက် နေ့လည် (၁:၃၀) ဆေးရုံရောက်မှ လူနာရဲ့



အဆုတ်ကို ဓာတ်မှန်ပြန်ရိုက်ပြီး အဆုတ်သမားတော်ကို



ပြတော့မှ အဆုတ်ရဲ့အခြေအနေကအရမ်းစိုးရိမ်ရလို့ ဆေးရုံပြန်တင်ခိုင်ပါတယ်။



နှလုံးအခြေအနေလဲမကောင်းလို့ဆိုပြီး နှလုံးအထူးကုသမားတော်ကို



လာကြည့်ခိုင်းခဲ့ပါတယ် ၊ အဲ့ဒီအချိန်ဟာ ကျွန်မတို့



အရေးပေါ်ခန်းမှာဘဲရှိနေသေးတာပါ ၊ ညနေ (၅:၀၀) လောက်မှ



လေးထပ်မှာအထူးခန်းရလို့



လူနာကို အခန်းထဲ ရွှေ့ပေးခဲ့ပါတယ် ၊ဒီအခန်းမှာ လူနာဟာ (၁၈:၀၀)



နာရီလောက်နေခဲ့ရပေမဲ့ နှလုံးသမားတော် အပါအ၀င်ကျွန်မတို့ လူနာကို



ကုပေးဖို့ယုံကြည် အားကိုးစွာ အပ်နှံထားတဲ့ သမားတော်လေးယောက်စလုံး



အရိပ်တောင်မတွေ့ခဲ့ရပါဘူး။ On Call ခေါ်ပေးခိုင်းလဲ တစ်ယောက်မှ



ရောက်မလာကြပါဘူး၊ လူနာဟာ တညလုံးမျက်လုံးကြောင်တောင်နဲ့ မလှုပ်မယှက်



ငြိမ်နေတာကို ဘာဖြစ်လို့ဒီလို ဖြစ်နေတာလဲလို့ လာကြည့်တဲ့



(MO)တွေကိုမေးကြည့်တော့ အဆုတ်ဝေဒနာ



ရှင်တွေဟာဒီလိုဘဲဖြစ်တတ်တယ်လို့ပြောပါတယ်၊



ကျွန်မတို့ကလဲဒီလိုမျိုးတစ်ခါမှမကြုံဘူးတော့



သူတို့ပြောတာကိုဘဲယုံကြည်နေခဲ့မိပါတယ် ၊ နောက်ဒီဆေးရုံကတော်တယ်လို့



သတ်မှတ်ထားပြီးခေါ်ပေးတဲ့ အသက်ခြောက်ဆယ်ရှိ မှော်ဘီမှာ



နေတဲ့အမျိုးသားသူနာပြုက မနက် (၅:၀၀) မှာထပြီး လူနာကို အတင်းထထိုင်ခိုင်း



ရေပတ်အတင်းတိုက်ပေး လူနာကိုအတင်လှုပ်ခိုင်းပါတယ်။



ကျွန်မတို့လူနာရှင်က တားတာလဲမရပါဘူး ၊ ဒီအချိန်မှာ



လူနာကစကားတောင်ကောင်းကောင်းမပြောနိုင်တော့တဲ့အခြေအနေပါ ၊



ဒီအခြေအနေကို တစ်ညလုံးတွေ့မြင်နေရက်နဲ့ သူနာပြုတစ်ယောက်လုပ်နေပြီး



ပြင်းထန်စွာ ဝေဒနာခံစားနေရတဲ့ လူနာတစ်ယောက်ကို



ဒီလိုပုံမျိုးလုပ်သင့်ပါရဲ့လား ? ဒီဆေးရုံရဲ့



တာဝန်ရှိသူတွေဆုံးဖြတ်ပေးကြပါ ၊ လူနာဟာ ဆေးရုံရောက်ပြီနောက်နေ့ နိုဝင်ဘာလ



(၂၉) ရက်



မနက် (၁၁:၀၀) နာရီ အရောက်မှာ လူနာရဲ့အရမ်းစိုးရိမ်ရတဲ့အခြေအနေကြောင့်



ဘယ်သမားတော်ကိုမှ အားကိုးမျှော်လင့်လို့မရနိုင်တော့ဘူး



ဆိုတာသိလိုက်ရတဲ့အတွက် ဒီဆေးရုံရဲ့ (ICU)လို့ခေါ်တဲ့ အထူးကြပ်မတ်ဆောင်ကို



ပို့ပြီအဲ့ဒီမှာရှိတဲ့ တာဝန်ကျဆရာဝန်ရဲ့ လက်ထဲကိုဘဲ



ကိုယ့်လူနာကိုအပ်လိုက်ရပါတယ် ၊ (ICU) ရောက်မှ အဲဒီက ဆရာဝန်တွေပြောလို့



ကိုယ့်လူနာဟာတစ်ညလုံးမျက်လုံးကြောင်တောင်ဖြစ်နေတာဟာ



သတိလစ်နေမှန်းသိလိုက်ရတာပါ ၊ လူနာဟာတစ်ညလုံးသတိလစ်လိုက် ပြန်လည်လာလိုက်



ဖြစ်နေတာပါ ၊ ဒီလိုအခြေအနေမျိုးကို



ခြောက်နှစ်လုံးလုံးဆေးပညာတွေသင်ယူခဲ့တဲ့ဆရာဝန်တွေ တကယ်ဘဲမသိတာလား ?



ကျွန်မတို့ လူနာရှင်ကိုဘာဖြစ်လို့ အမှန်တိုင်းမပြောပေးနိုင်တာလဲ?



(ICU) ရောက်တော့ လူနာကိုတပ်ပေးထားတဲ့စက်တစ်လုံးကမမှန်ဘူးတဲ့ ပျက်နေတာတဲ့၊



ဒါသူတို့ဆရာဝန်အချင်းချင်းပြောလို့ ကျွန်မတို့ ကြားပြီ



တော်တော်ကိုတုန်လှုပ်သွားမိပါတယ် ။(ICU)ဆိုတာ လူနာတွေအရမ်းစိုးရိမ်ရတဲ့



အခြေအနေမျိုးမှာ ပိုက်ဆံအများကြီးပေးမှထားရတဲ့နေရာပါ ။



ဒီလိုနေရာမှာ ဒီလိုအဖြစ်မျိုးဖြစ်သင့်ပါရဲ့လား ? လူနာဟာ (ICU) ရောက်ပြီး



ငါးနာရီကျော်ကြားမှ အသက်ထွက်သွားတာပါ။



အဲဒီ အချိန်ထိဘယ်သမားတော်တစ်ယောက်မှ ရောက်မလာခဲ့ပါဘူး ၊



ဘာဖြစ်လို့မလာကြတာလဲ ? လူနာဟာကလို့မရနိုင်တော့ဘူးဆိုတာကို



ကြိုသိနေခဲ့ရင်တောင် လူနာရှင်တွေကို တစ်ချက်လောက်တော့ မျက်နှာပြပြီး



နှစ်သိမ့်ပေးသင့်တယ်လို့ထင်ပါတယ် ။ ရိုင်းရိုင်းပြောရရင်



ကျွန်မတို့က သမားတော်တွေကိုအခမဲ့ ကုခိုင်တာတောင်မဟုတ်ပါဘူး ၊ သက်ဆိုင်ရာ



ဆေးရုံနဲ့သမားတော်တွေ တောင်းသလောက်ပေးပြီး



အားကိုးတကြီးနဲ့ကိုယ့်လူနာကို အပ်ခဲ့တာပါ။



ဘာဖြစ်လို့များလူနာနဲ့လူနာရှင်တွေကို ဒီလောက်ထိမထေမဲ့မြင်ပြုပြီ



လစ်လျူရှုထားခဲ့ကြတာလဲ?



လူနာဟာ ကုမရနိုင်တော့တဲ့အခြေအနေဖြစ်နေရင်တောင် ကျွန်မတို့ လူနာရှင်ကို



ပွင့်ပွင့်လင်းလင်း ပြောပြသင့်တာပေါ့ ။ အခု သမားတော်တွေရဲ့



လုပ်ရပ်ဟာ ကိုယ်ကုသပေးနေတဲ့ လူနာတစ်ယောက်ကို ပစ်ထားခဲ့တာ



သိပ်ရက်စက်ရာကျနေတယ်လို့များ မတွေးမိဘူးလား? ကျွန်မအခု



ဒီကနေမေးနေတာကို သက်ဆိုင်ရာ ဆေးရုံက တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ



သမားတော်တွေသိကြမှာပါ ၊ ကျွန်မဒီကနေတင်ပြတာတွေက



ပုဂ္ဂိုလ်ရေးအရ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ



ထိခိုက်နစ်နာစေလိုတဲ့ဆန္ဒမရှိပါဘူး ၊ လူနာရှင်တွေရဲ့ခံစားချက်ကို



သက်ဆိုင်သူတွေ သိစေချင်ရုံပါ။



ကျွန်မနောက်ဆုံးပြောချင်တာက သမားတော်ကြီးများအားလုံး မိမိတို့ကို



အားကိုးယုံကြည်ပြီး ကိုယ့်အသက်ကို အပ်ထားတဲ့လူနာတွေကို



အချိန်နည်းနည်းပေးပြီ ဂရုစိုက်အလေးထားပေးမယ်ဆိုရင် လူနာတွေကိုယ်စား



ကျွန်မသမားတော်ကြီးအားလုံးကို အမြဲကျေးဇူးတင်နေမိမှာပါ ။



ဒီနိုင်ငံမှာရှိတဲ့ အထူးကုဆေးရုံမှ တာဝန်ရှိသူများနဲ့



သမားတော်များလုံးလူနာ နဲ့ လူနာရှင်တွေအပေါ် ကိုယ်ချင်းစာစိတ်



ထားပေးနိုင်ကြပါစေ ။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

စစ်တပ်မှားယွင်းပစ်ခတ်သဖြင့် တပ်သား ၆ ဦး ဒဏ်ရာရ

စိုင်းဇွမ်ဆိုင်း Monday, 24 January 2011 19:49
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ကို စစ်အစိုးရက ယနေ့နံနက်၌ လက်နက်ကြီးများဖြင့် တိုက်ခိုက်စဉ် လက်နက်ကြီးများ နေရာမှားယွင်း ကျရောက် ပေါက်ကွဲသဖြင့် စစ်အစိုးရ တပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် DKBA တပ်မဟာ ၅ ၏ စစ်ဆင်ရေးမှူးဖြစ်သူ ဗိုလ်မှူးစောဆန်းအောင်က စစ်အစိုးရ တပ်များသည် ၁၂၀ မမ အမြောက်များကို ၂၀၁၀ နိုဝင်ဘာ ၇ ရက် နောက်ပိုင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားစဉ် ကတည်းကပင် စတင်အသုံးပြုခဲ့သည်ဟု ပြောသည်။

“ဒီနေ့မနက် ကိုးနာရီလောက်မှာပဲ နအဖ စခန်းထဲကို လက်နက်ကြီးကျတာ မှန်ဘီလူးနဲ့ ကျနော်တို့မြင်ရတယ်။ ကျည် ကျတဲ့ နေရာမှာ စစ်သားတွေ ၅ ယောက်၊ ၆ ယောက်လောက် လဲကျသွားတယ်။ နောက်ပိုင်း ဆက်သွယ်ရေး စက်ကနေလာတဲ့ သတင်းတွေအရ စစ်သားတယောက်သေတယ်။ ဗိုလ်အဆင့် အရာရှိတယောက်နဲ့ စစ်သား ၄ ယောက်လောက် ဒဏ်ရာရတယ်လို့ သိရတယ်” ဟု ဗိုလ်မှူးစောဆန်းအောင်က ဆိုသည်။

စစ်အစိုးရတပ်များအနေဖြင့် DKBA တပ်များကို တိုက်ခိုက်ရာတွင် ၁၂၀ မမ ကဲ့သို့ အမြောက်ကြီးများ သုံးရန်မလိုကြောင်း၊ ယင်းလက်နက်ကြီးများသည် ပြည်တွင်းစစ်ပွဲများအတွက်မဟုတ်ဘဲ ပြည်ပစစ်ပွဲများအတွက်သာ ဖြစ်ကြောင်း၊ DKBA တပ်များသည်လည်း မြန်မာနိုင်ငံတွင်းမှ တိုင်းရင်းသားများသာ ဖြစ်သောကြောင့် တိုင်းရင်းသားများအပေါ် လက်နက် ကြီးများသုံး၍ တိုက်ခိုက်နေခြင်းကိုလည်း ဝမ်းနည်းမိကြောင်း သူက ဆိုသည်။

စစ်ရေး လေ့လာသူများက လက်ရှိ စစ်အစိုးရတပ်များတွင် အသုံးပြုနေသည့် ၁၂၀ မမ အမြောက်များသည် ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ စက်ရုံများမှ ထုတ်လုပ်ခြင်းဖြစ်ပြီး ယင်း လက်နက်များကို ပစ်ခတ်ရန် အလွန်တိကျသည့် တိုင်းထွာမှုများ လိုအပ်ကြောင်း၊ သို့မဟုတ်ပါက ပစ်မှတ်သို့ မထိဘဲ အခြားနေရာများ၌သာ ပေါက်ကွဲမည် ဖြစ်ကြောင်း ပြောဆိုသည်။

ရုရှားနိုင်ငံ၌ ပညာသင်ကြားနေသည့် အမည်မဖော်လိုသူ အရာရှိတဦးက “စစ်တက္ကသိုလ် အပတ်စဉ် ၄၅ က ဗိုလ်လောင်း တွေလည်း အခုလိုမျိုးအဖြစ်အပျက်ကြုံဖူးတယ်။ ကျောင်းဆင်းခါနီး အောင်စစ်သည် တိုက်စစ်မှာ လက်နက်ကြီး နေရာမှား ကျလို့ နည်းပြ အရာရှိတယောက် ဆုံးပြီး ဗိုလ်လောင်းတွေ ဒဏ်ရာရခဲ့တယ်” ဟု ဆိုသည်။

DKBA တပ်မဟာ ၅ ၏ စစ်ဆင်ရေးမှူးဖြစ်သူက စစ်အစိုးရ တပ်များအနေဖြင့် အကျဉ်းသားများကို လူသားမိုင်းရှင်းကိရိယာ အဖြစ်အသုံးပြုနေခြင်းကိုလည်း အပြင်းအထန်ကန့်ကွက်သည်ဟု ပြောဆိုသည်။

စစ်အစိုးရနှင့် DKBA တပ်များ၏ တိုက်ပွဲများ အတွက် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ လကုန်ပိုင်းမှစတင်ကာ မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားများကို ရှေ့တန်းသို့ ပို့ဆောင်ပြီး လက်နက်ခဲယမ်းများနှင့် တခြား ပစ္စည်းများ ထမ်းပိုး ရာတွင်လည်းကောင်း၊ မိုင်းကွင်းများရှိလျှင် လူသားမိုင်းရှင်းကိရိယာများအဖြစ် လည်းကောင်း အသုံးပြုကြသည်ဟု သိရသည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သူတဦးကမူ စစ်အစိုးရတပ်များသာမက DKBA တပ်များကလည်း ၈၀ မမ စိန်ပြောင်းကဲ့သို့သော လက်နက်များဖြင့် ပြန်လည်ပစ်ခတ်သည်ဟု ပြောဆိုသည်။

ဗိုလ်မှူးစောဆန်းအောင်က “ကျနော်တို့ မော်တာတွေ အသုံးပြုပြီး ပြန်လည်တိုက်ခိုက်ခဲ့တယ် ဆိုတာကိုတော့ ငြင်းစရာ မရှိပါဘူး၊ ဒါပေမယ့် နအဖ စစ်သားတွေလို ကျနော်တို့က ပေါ်တာမသုံးဘူး၊ အဲဒါကြောင့် လက်နက်ကြီး ကျည်တွေကို အများကြီး မသယ်နိုင်ဘူး။ နအဖ တပ်တွေလို လက်နက်ကြီးနဲ့ ခဏ ခဏ မပစ်နိုင်ဘူး” ဟု ဆိုသည်။

ယမန်နေ့ကလည်း စစ်အစိုးရတပ်များနှင့် DKBA တပ်များအကြား နှစ်ဘက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး DKBA မှ အထိအခိုက် မရှိကြောင်း၊ စစ်အစိုးရဘက်မှ ထိခိုက်မှုများကို အတည်မပြုနိုင်သေးကြောင်း DKBA အရာရှိတဦးက ပြောသည်။

စစ်အစိုးရဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံဘက်သို့ ယခုလ ၉ ရက်နေ့က ကျရောက် ပေါက်ကွဲခဲ့ရာ ၁၁ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ထိုင်းမြန်မာ နယ်စပ်ကော်မတီမှတဆင့် စစ်အစိုးရထံသို့ ကန့်ကွက် စာတစောင် ရေးသားပေးပို့ခဲ့သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */