“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, January 26, 2011

ဇာဂနာမွေးနေ့ သီးလေးသီး ဖျော်ဖြေမည်

ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၃၅ မိနစ

ချင်းမိုင် (မဇ္ဈိမ) ။ ။ အကျဉ်းကျခံ နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာ၏ မနက်ဖြန် ကျရောက်မည့် ၅၀ နှစ်မြောက် မွေးနေ့တွင် သီးလေးသီး သီးညီနောင် မောင်နှမများက ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အငြိမ့်ပွဲ ပြုလုပ်ကာ ဖျော်ဖြေဂုဏ်ပြုမည်ဖြစ်သည်။

ချင်းမိုင်တက္ကသိုလ် အနုပညာပြတိုက်တွင် သီးလေးသီး အငြိမ့်အဖွဲ့သားများက ၎င်းတို့၏ ဆရာဖြစ်သူ ကိုဇာဂနာ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အငြိမ့်သဘင် တင်ဆက်ပြသရန် စီစဉ်ထားခြင်း ဖြစ်သည်။

“ကျမတို့ရဲ့ ဆရာ ဦးဇာဂနာရဲ့ ရွှေရတုမွေးနေ့ Zaganars-50th-Birthdayအထိမ်းအမှတ်မှာ တပည့်တွေဖြစ်တဲ့ ကျမတို့အဖွဲ့ကနေပြီးတော့ ဆရာကို ဂုဏ်ပြုတဲ့အနေနဲ့ သူကြိုက်တဲ့ အနုပညာနဲ့ ရည်ရွယ်ပြုလုပ်တာ ဖြစ်ပါတယ်” ဟု သီးလေးသီး အငြိမ့်မင်းသမီး မြစပါယ်ငုံက မဇ္ဈိမကို ပြောသည်။

လူရွှင်တော်များဖြစ်သည့် ပန်းသီး၊ ကြယ်သီး၊ ဇီးသီးနှင့် မင်းသမီး မြစပါယ်ငုံက ဦးဆောင်ကပြကြမည်။

ဝင်ကြေးကို ထိုင်းဘတ် ၅ဝ နှင့် ၁ဝဝ သတ်မှတ်ထားပြီး ထိုင်းစံတော်ချိန် ညနေ ၆ နာရီခွဲမှ ၉ နာရီခွဲထိ ပြုလုပ်မည်ဖြစ်ပြီး၊ မနက်ဖြန်ပွဲအတွက် ၂ လခန့် အချိန်ယူ ပြင်ဆင်ခဲ့ကြောင်း လူရွှင်တော် ဇီးသီးက မဇ္ဈိမကို ပြောသည်။

၁၉၈၇ ခုနှစ်တွင် မြပုဏ္ဏမာအငြိမ့်ကို ကိုဇာဂနာနှင့် အရိုင်းတို့က စတင်တည်ထောင်ခဲ့ပြီးနောက် ကင်းကောင်၊ ဖိုးဖြူ၊ ငှက်ပျောကြော်၊ ဂေါ်ဇီလာတို့ ပါဝင်လာခဲ့ကာ အစိုးရကို ထောက်ပြသရော်သည့် ပြက်လုံးများ ရဲဝံ့စွာ ထုတ်ဖော် တင်ဆက်ခဲ့ကြသည်။

zgns-50th-birthday2

မဲဆောက်မြို့ တောရဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်မည့် လူရွှင်တော် ဇာဂနာ၏ ရွှေရတု မွေးနေ့ မင်္ဂလာဆွမ်းကျွေး တရားနာယူပွဲ ဖိတ်ကြားလွှာ
၂ဝဝ၅ ခုနှစ်တွင် မြပုဏ္ဏမာ မျိုးဆက်သစ်အဖြစ် သီးလေးသီး ဆေးရောင်စုံ အငြိမ့်သဘင်ကို စတင်၍ လက်ဆင့်ကမ်း ပွဲထုတ်ပေးခဲ့ပြီး၊ “ဆေးရောင်စုံ အငြိမ့်သဘင်” သည် အာဏာပိုင်များနှင့် အတိုက်အခံများကို သရော်သည့် ပြက်လုံးများကြောင့် ပရိသတ်အားပေးမှုကို ရရှိခဲ့သည်။

“သီးလေးသီး” ကို ဂေါ်ဇီလာ၊ စိန်သီး၊ ကြယ်သီး၊ ပန်းသီး၊ ဇီးသီးနှင့် မင်းသမီး ချောစုမျိုး၊ မြစံပယ်ငုံတို့ဖြင့် ဖွဲ့စည်းခဲ့ပြီး ၂ဝဝ၈ ခုနှစ်မှစ၍ ထိုင်း အပါအဝင် နိုင်ငံတကာ၌ လှည့်လည်ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည်။

ကိုဇာဂနာ၏ မွေးနေ့တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ Social Action for Women (SAW) ကျောင်းမှ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ ဦးဆောင်၍ တောရဘုန်းကြီးကျောင်းတွင် သံဃာတော်များကို ဆွမ်းကပ်၊ ဆုတောင်းပွဲ ပြုလုပ်မည် ဖြစ်သည်။

နာမည်ကျော် စွယ်စုံအနုပညာရှင် ဇာဂနာ (ကိုသူရ) သည် ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များကို ကူညီနေစဉ် ၂ဝဝ၈ ခုနှစ် ဇွန်လတွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

နိုဝင်ဘာလ၌ အင်းစိန်ထောင်တွင်း ခရိုင်တရားရုံးက
Zaganars-50th-Birthday1

ချင်းမိုင်မြို့တွင် ဝပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်မည့် လူရွှင်တော် ဇာဂနာ၏ ရွှေရတု မွေးနေ့ ဖိတ်ကြားလွှာ
အီလက်ထရောနစ် အက်ဥပဒေ အပါအဝင် အမှု ၈ မှုဖြင့် စွဲဆိုကာ ထောင်ဒဏ် ၅၉ နှစ် ချခဲ့သည်။ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် တိုင်းတရားရုံးက အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃ ခုမှ တမှုလျှင် ၈ နှစ်စီဖြင့် ၂၄ နှစ် လျှော့ပေးခဲ့သဖြင့် ထောင်ဒဏ် ၃၅ နှစ် ကျန်ရှိနေသည်။

မြစ်ကြီးနားထောင်တွင် အကျဉ်းကျနေရာ သူ့ကို ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ထားသည်မှာ ၈ လခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် မိသားစုအနေဖြင့် သူ၏ ကျန်းမာရေး အခြေအနေကို မသိရှိဘဲ ဖြစ်နေကြသည်။

ခယ်မဖြစ်သူ မငြိမ်းက “သူ့မွေးနေ့ကိုတော့ ငွေရေးကြေးရေး အခက်အခဲအရ၊ လူအင်အားအရကြောင့် ကျမတို့အိမ်မှာ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ သူရှိတုန်းကလည်း သံဃာတွေကို ဆွမ်းကပ်နေကျဆိုတော့ မနက်ဖြန် ဘုန်းကြီးကျောင်းမှာပဲ ဆွမ်းချိုင့်သွားပို့တာလောက်ပဲ လုပ်ဖြစ်ပါမယ်” ဟု မဇ္ဈိမကို ပြောသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */