“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, January 08, 2011

သိမ်းမယ်တော့ ပြောတာဘဲ ဖျကိဆီးပစ်မပစ်တော့ မသေချာ


ရှော့ပင်းစင်တာကြီး အချို့ရှိ အစားအသောက်အချို့မှာ FDA ၏ စစ်ဆေးချက်အရ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သိမ်းဆည်းသွားမည်ဟု သိရ

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ ရှော့ပင်းစင်တာကြီး အချို့၌ ရောင်းချလျက်ရှိသော အစားအသောက်အချို့မှာ FDA ၏ စစ်ဆေးချက်အရ စားသုံးသူ၏ ကျန်းမာရေးကို ထိခိုက်နိုင်သည်ဟု စစ်ဆေးတွေ့ရှိသဖြင့် အဆိုပါအစားအသောက်များကို သိမ်းဆည်းသွားရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အစားအစာနှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရှော့ပင်းစင်တာအချို့ရှိ အစားအသောက်အမျိုးအမည်ပေါင်း ၁၀၀ နီးပါးကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ဒုတိယအပတ်အတွင်း၌ ၀ယ်ယူစစ်ဆေးခဲ့ပြီး ရာခိုင်နှုန်းအနည်းခန့်မှာ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ခွင့်ပြုချက်မရဘဲ ရောင်းချလျက်ရှိနေသော ပစ္စည်းများနှင့် ခဲဓာတ် အနည်းငယ်ပါဝင်နေသော ပစ္စည်းများကို စစ်ဆေးတွေ့ရှိရသည်။
“အဲဒါကြောင့် အဲဒီအစားအသောက်တွေကို ကျန်းမာရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အခြားတာဝန်ရှိတွေနဲ့ ပူးပေါင်းပြီးတော့ လိုက်လံသိမ်းဆည်းသွားဖို့ စီစဉ်နေပါတယ်။”

ကျန်းမာရေးဝန်ကြီးဌာန အစားအစာနှင့် ဆေးဝါးကွပ်ကဲရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဦးကျော်လင်းက "ကျွန်တော်တို့ ဌာနရဲ့ စစ်ဆေးရေးအဖွဲ့တွေက ရှော့ပင်းစင်တာအတွင်းမှာ ရောင်းချနေတဲ့ အစားအသောက် တချို့တွေကို ဈေးလာဝယ်သူဟန်မျိုးနဲ့ ၀ယ်ယူပြီးတော့ စစ်ဆေးခဲ့ပါတယ်။ ၀ယ်ယူ တဲ့ ပစ္စည်းတွေအများစုက မျက်စိအမြင်နဲ့တင် မသင်္ကာတဲ့အစားအစာတွေ၊ အရောင် အများဆုံးပါတဲ့ အစားအစာတွေ၊ ခဲဓာတ်ပါဝင်နိုင်တဲ့ အစားအစာတွေ၊ သတ္တုဓာတ်ပါဝင်နိုင်တဲ့ အစားအစာတွေ၊ မှတ်ပုံတင်မရှိဘဲ နဲ့ရောင်းချနေတဲ့ အစားအစာတွေ၊ စားသုံးသူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အစားအသောက်မျိုးတွေ ကို ၀ယ်ယူပြီးတော့ စစ်ဆေးခဲ့တာပါ။ ဥပမာအားဖြင့် ပစ္စည်းအမျိုး အမည် ၁၀၀မှာ အမျိုးအမည်အနည်းငယ်ကတော့ စားသုံးသူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ စစ်ဆေးတွေ့ရှိရတယ်။ အဲဒါကြောင့် အဲဒီ အစားအသောက်တွေကို ကျန်းမာရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အခြားတာဝန်ရှိတွေနဲ့ ပူးပေါင်းပြီးတော့ လိုက်လံသိမ်းဆည်းသွားဖို့ စီစဉ်နေပါတယ်"ဟု ယခုလက်ရှိ ရှော့ပင်းစင်တာများ အတွင်း၌ ရောင်းချနေလျက်ရှိသော အစားအသောက် အချို့အား စစ်ဆေးတွေ့ရှိချက်အပေါ် သုံးသပ်ပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန အစားအစာနှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန မှ တာဝန်ရှိသူများမှာ ပြည်တွင်းဈေးကွက်အတွင်းရှိ အစားအသောက်များ၊ ဆေးဝါးများ၊ အလှကုန်ပစ္စည်းများကို ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်လျက် ရှိပြီး သုံးစွဲသူအပေါ် တစ်စုံတစ်ရာ ထိခိုက်မှုရှိလာပါက အဆိုပါပစ္စည်းများကို စစ်ဆေးခြင်း၊ ပြန်လည်သိမ်းဆည်းခြင်းနှင့် အရေးယူမှုများကို ဆောင်ရွက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
http://www.news-eleven.com/index.php?option=com_content&view=article&id=6574:-fda-&catid=42:2009-11-10-07-36-59&Itemid=112

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */