“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, January 30, 2011

ဗိုလ်မများ (ပေးပို့ သူ -ရန်နောင်)

DKBAတပ်သားတွေဟာ အတန်းပညာရေးမှာ သန်းရွှေလက်ပါးစေတပ်မတော်သားတွေထက် နိမ့်ကြပေမဲ့ အမျိုး ဘာသာ၊သာသနာကို ချစ်တဲ့ချိုးချစ်စိတ်ဓာတ်၊ ဆင်ခြင်တုံတရားနဲ့ လူ့ကျင့်ဝတ်သိက္ခာပိုင်းမှာတော့သန်းရွှေလက်ထွပ်တွေဟာ DKBA တပ်သားတွေရဲ့ခြေဖျားကိုတောင်မမှီပါဘူး။ ဒါကြောင့်လည်း ထောင်ဂဏန်းသာရှိတဲ့ DKBA တပ်တွေကို တစ်သိန်းကျော်တဲ့ ဓားမြတပ်တွေက တိုက်လို့ မနိုင်တာပါ။

ဗိုလ်ချုပ်မြက ဗုဒ္ဓဘာသာ ကရင်တပ်သားတွေကို သူတို့ကွယ်တဲ့ ရဟန်းတော်မြိုင်ကြီးငူ ဆရာတော်( တစ်ပါးထဲကို ) သတ်ခိုင်းတာနဲ့ ကရင်တပ်သားတွေဟာ သူတို့ကိုးကွယ်တဲ့ဘာသာ၊ သူတို့ကိုးကွယ်တဲ့ဘာသာရေး ခေါင်းဆောင်အတွက် အသက်ကိုပဓာနမထားဘဲ ကာကွယ် တိုက်ပွဲဝင်ခဲ့တယ်။

DKBA တပ်သားတွေဟာ သံဃာတော်ကို အသက်နှင့်ရင်းပြီးယုံကြည်ကိုးကွယ်တဲ့အတွက် သရဏဂုံတည်တဲ့စစ်သားတွေ လို့ တောင်ဆိုနိုင်ပါတယ်။

မြန်မာတပ်မတော်ကိုကြည့်ပါ ၂၀၀၇ ခုနှစ်မှာ ငြိမ်းချမ်းစွာ မေတ္တာပို့ဆုတောင်းဆန္ဒပြခဲ့ကြတဲ့သောင်းသိန်းရှိတဲ့ရဟန်းတော်တွေကို သန်းရွှေအမိန့်ပေးတာနဲ့ ရန်ကုန်မြို့လိုမြို့လယ်ခေါင်မှာ မောင်းပြန်သေနပ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ဘုန်းကြီးကျောင်းတွေကိုလည်း
ဝင်ရောက်စီးနင်းရုံသာမက ရိုက်နှက် ဖမ်းဆီး နှစ်ရှည်ထောင်တွေချခဲ့တယ်။ ( ဥပမာများစွာထဲက တစ်ခုပါ )။

မြန်မာ့တပ်မတော်အရာရှိအများစုဟာနေရာကောင်း( လာဘ်စားလို့ကောင်းသောဌာန) ရဖို့အထက် အရာရှိအကြိုက်ဘာဘဲလုပ်ရလုပ်ရ ( သို့ ) လက်ရှိနေရာ၊ ရာထူးလည်မြဲဘို့ ကိုလည်းဘာဘဲလုပ်ရလုပ်ရဆိုတဲ့ လူစားတွေပါ။ ဒီလိုပြည်သူလူထုရဲ့ မျက်နှာကိုမငဲ့ဘဲမိ
သားစုကောင်းစားရေး၊ အာဏာ တည်မြဲရေးတွေကိုလဲ တစိုက်မတ်မတ် လုပ်နေတာကြောင့် မြန်မာပြည်ဟာမွဲပြာကြပြီး တရုပ်ပြည်ရဲ့ ပြည်နယ်တစ်ခုဖြစ်လုလု အခြေနေတွေကို ရောက်နေတာ အားလုးံအသိပါ။

မြန်မာဗိုလ်ချုပ်တွေ ကဘာနဲ့တူသလဲဆိုရင် အိမ်မှာမွေးထားတဲ့ခွေးနဲ့ တူပါတယ်။ ခွေးရှင်က ရှုးတိုက်ရင် ပြေးကိုက်တာဘဲ။ သံဃာလား၊ ကလေးလား၊ လူကောင်းလား၊ လူဆိုးလားဆိုတဲ့ ခွဲခြားသိမြင်နိုင်တဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းလဲ မရှိဘူး၊စဉ်းစားနိုင်လောက်တဲ့ အရည်အ ချင်း လည်းမရှိပါဘူး။ မြန်မာဗိုလ်ချုပ်တွေဟာလည်း ခွေးသတ္တဝါတွေလိုပါဘဲ ရာထူးမြဲဖို့၊ မိသားစုကောင်းစားရေး အတွက်ဆိုရင် သန်းရွှေ ခိုင်းသမျှ ဘာမဆိုလုပ်ဖို့ ဝန်မလေးတဲ့ လက်မရွံ့တပ်သားတွေအနေနဲ့ သံဃာတောင်သတ်ဖို့လက်မတွန့်ပါဘူး။

ခုလည်းအောက်က ဓါတ်ပုံလည်းနဲ့ဆောင်းပါးကိုဖတ်ကြည့်ပါအုးံ။ ဗိုလ်ချုပ်ဆိုတဲ့ကောင်တွေဟာ ဘယ်လောက်တောင် အရှက်သိက္ခာ မဲ့သလဲ ဆိုရင်ရာထူးလဲမြဲလို့ဆိုရင် ထမိန်တောင် ဝတ်ပါတယ်။ ရာထူးမြဲဘို့ ထမိန်တောင်ဝတ်ရဲတဲ့ ဗိုလ်ချုပ်တွေအတွက်တော့ ခိုးတာ၊ ဝှက်တာအထက်ဖားအောက်ဖိတာတွေ၊ လာဘ်စားတာတွေ လောက်ကတော့ ပျင်းတောင်ပျင်းသေးတယ် ဆိုတာ ပြေးကြည့်စရာမလိုဘဲ သိနိုင်ပါတယ်။

မိန်းမဆီက ချွတ်ယူထားတဲ့ ချိတ်ထမီများနဲ့  ဗိုလ်ပြုတ်မမတွေ

(ရန်နောင်)
ကျောက်စိမ်းရောင်မင်းသမီးအတွက် မင်းတြားကြီးရဲ့ ယတြာ
မြန်မာပြည်မှာ တဘောင် တခု ထွက်ပေါ်နေသတဲ့။ နောက်တက်မယ့် မင်းက “ကျောက်စိမ်းရောင်မင်းသမီး” ဆိုပဲ။ ဒီ တဘောင်ကတော့ မြို့မေတ္တာခံယူမယ့် ချုပ်ချုပ်တို့ အသိုင်းအဝန်းကပဲ ကြားရတာပါ။ ကလေးစကား၊ သဘင်သည် စကား၊ အရူးစကားတွေက မှန်တတ်တယ်လို့ ဆိုတယ်မဟုတ်လား။

ဒင်းတို့က ကလေးလည်းမဟုတ်၊ သဘင်သည် လည်း မဟုတ်၊ ဟိုဒင်းတွေဆိုတော့ ... အင်း ... ဒီတဘောင်က ဒက်ထိမှန်ဦးမှာ။

ဒီတဘောင်ကို တပ်ချုပ်မင်းတြားကြီး သန်းရွှေရဲ့ကြင်ရာတော် ဒေါ်ကြိုင်ကြိုင်က ယုံပြီး စိုးရိမ်တော်မူတယ်။ ဒီတဘောင် အတည်မဖြစ်အောင်လည်း အစီအမံတွေနဲ့ ကြံစည်တော်မူတယ်တဲ့။ အစီအမံ ဆိုတာက ထုံးစံအတိုင်း ယတြာတွေပေါ့နော်။

အဲဒီ ယတြာကတော့ ဝန်ကြီးတွေကို ချိတ်ထမီတွေ ဝတ်ခိုင်းလိုက်တာပါပဲ။ ဒီတော့ ယောက်ျားကြီး တန်မဲ့ ထမီပြိုးပြိုးပြက်ပြက် တကားကားနဲ့ ... ဒေါ်ကြိုင်ကြိုင့်တန်ခိုးကြောင့် ဘုန်းကညာတပါး လုံးရာက ပြားရမယ့် ဘဝတွေ ဖြစ်ကုန်လေသတည်းပေါ့။ ဒါက တကတ်။

ချိတ်ထမီ ဝတ်ခိုင်းရခြင်းမှာ အကြောင်းရင်း ၂ ချက် ရှိတယ်လို့ ဆိုပါတယ်။

၁။ ချိတ်ဆိုတဲ့အတိုင်း ရာထူးတွေ ဂုဏ်သိမ်တွေ စည်းစိမ်တွေကို ချိတ်မိထားအောင်ပါတဲ့။

၂။ ချိတ်ပုဆိုးမဝတ်ဘဲ ထမီ ဝတ်ခိုင်းတာကတော့ မိန်းမတွေ ရာထူးရပြီးပြီဆိုတဲ့သဘောပေါ့။ ကျိန်းကြေအောင် လုပ်တာ။

နောက်တခု သတင်းသဲ့သဲ့ ထပ်ကြားတာကတော့ ၂၀၀၉ အကယ်ဒမီမှာ မင်းသမီးဆု မပေးတာဟာလည်း ဒေါ်ကြိုင်ကြိုင် ယတြာသဘောပါတယ်တဲ့။ နောက်တက်မယ့် မင်းက ကျောက်စိမ်းရောင်မင်းသမီးလို့ ဆိုတာကိုး။ မင်းသမီးကို ဆု ပေးလို့ ဘယ်ဖြစ်မလဲ။ ဒါက နံနှိမ်တာ။

ကျောက်စိမ်းရောင်မင်းသမီး ဘယ်သူလဲ ဆိုတာကတော့ ... အင်း ....။

ရန်ကုန်သားတာတေ


0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */