အခုတလောမကြာခဏကြားနေရတဲ့သတင်းပါ
ဘယ်ရွာက ဘယ်သူပေါ့ တရုတ်ပြည်မှာအလုပ်သွားလုပ်တာတစ်လငွေဘယ်လောက်ပြန်ပို့တယ်တဲ့
ဘယ်ရွာက ဘယ်သူ့အိမ်ကတော့ တရုတ်ပြည်မှာအလုပ်သွားလုပ်တဲ့သမီးကငွေပြန်ပို့တာဆိုင်ကယ်တောင်ဝယ်ထားပြီးပြီတဲ့
စသည်ဖြင့်ပေါ့လေ ကြားရတာတွေကတော့ခဏခဏပါပဲ
ဒါပေမယ့် ဘယ်သူကတော့ဘယ်လိုဘ၀ပျက်လာတယ်ဆိုတာတော့သိပ်မပြောကြဘူး
သူတို့မပြောတာကတော့အချင်းချင်းစေတနာမရှိလို့မဟုတ်ပါဘူး
ရှက်တာရယ် ၊ မိဘဆွေမျိုးတွေအရှက်မရစေချင်တာရယ်၊ကိုယ်တိုင်ကိုက ကြွားချင်တာရယ်ကြောင့်ပါ
တကယ်တမ်းတော့ဘ၀ပျက်ကြရတာများပါတယ်
အဲဒါတွေကတော့
၁။ တရုတ်ပြည်မှာလူဦးရေထိန်းချုပ်ရေးအတွက်တစ်အိမ်ထောင်ကလေးတစ်ယောက်ပဲယူရမယ်လို့သတ်မှတ်ထားတယ်
မျိုးရိုးနံမည်ကိုအရမ်းထိန်းတဲ့တရုတ်တွေဟာမျိုးရိုးအမည်ဆက်ခံခွင့်ရှိတဲ့သားကိုပဲလိုချင်ကြတယ်
ဒါ့ကြောင့်အမေ့ဗိုက်ထဲမှာကတည်းကသမီးမိန်းကလေးမှန်းကြိုသိကြရင်(Ultrasound)ကိုယ်ဝန်ကိုဖျက်ချကြတယ်
အဲဒီအကျိုးဆက်ကအခုအချိန်မှာတရုတ်နိုင်ငံမှာမိန်းကလေးတွေရှားလာတာပါပဲ၊
အဲဒီတော့တရုတ်တွေဟာဈေးပေါပေါနဲ့ဝယ်လို့ရတဲ့မြန်မာမိန်းကလေးတွေကို မျက်စိကျလာပြီး မြန်မာမိန်းကလေး ဈေးကွက် ဖြစ်လာရ ပါတယ်
အမှန်အကန်သားမှတ်မှတ်မယားမှတ်မှတ်ပေါင်းသင်းလို့တကယ်ကြီးပွားသွားတဲ့မိန်းကလေးတွေလဲရှိတော့ရှိတယ်လို့ကြားဖူးပါတယ်
ဒါပေမယ့်တစ်ရာမှာတစ်ယောက်တောင်မရှိလောက်ပါဘူး၊အများစုကတော့မယားအဖြစ်ဖွတ်ဖွတ်ညက်ညက်ကျေအောင်ပေါင်းမယ်
(အသုံးအနှုံးရိုင်းသွားရင်ခွင့်လွှတ်ပါ၊မြင်သာအောင်ပြောတာပါ)
အိမ်ဖော်တစ်ယောက်လိုခိုင်းမယ်၊မျိုးဆက်ရအောင်ကလေးမွေးခိုင်းမယ်၊
ကလေးရပြီ၊မယားအဖြစ်ပေါင်းသင်းလို့ရိုးအီသွားပြီဆိုရင်အချင်းချင်းလဲမယ်၊
ဖာအဖြစ်ရောင်းစားမယ်။နောက်ဆုံးရောဂါရမြန်မာပြည်ပြန်လာ၊သေ၊ဒါမှမဟုတ်အဲဒီမှာပဲသူတောင်းစားဖြစ်၊သေ။
ဒါကတော့မိန်းကလေးတွေဘ၀။
၂။ နောက်တစ်ခုကတော့ ယောင်္ကျားလေးတွေ
ငါကတော့ယောင်္ကျားပဲ၊မိန်းကလေးတွေလိုတော့မဖြစ်နိုင်ပါဘူး ရပါတယ်ဆိုတဲ့ညီလေးတွေ
တကယ့်ဖြစ်ရပ်မှန်တစ်ခုရှိခဲ့တယ်၊ဘွဲ့ရပြီးပညာတတ်ရုပ်ရည်သန့်သန့်ပြန့်ပြန့်လူငယ်တစ်ယောက်ပါပဲ။
အလုပ်ကောင်းတယ်ဆိုလို့သွားခဲ့တယ်၊တကယ်လဲအလုပ်ကောင်းခဲ့ပါတယ်၊အလုပ်ရှင်ကဘာမှမခိုင်းဘူး။အစားအသောက်လဲကောင်းပေ့ ဆိုတာချည်းပဲကျွေးတယ်၊လစာကလဲကောင်း၊ကျေးဇူးတွေတင်လို့ပေါ့
ဆေးတော့ပုံမှန်စစ်ရတယ်တဲ့၊ ဘာအတွက်လဲမေးတော့လည်းသေသေချာချာမပြောဘူးပေါ့နော်
သူလည်းစားလိုက်အိပ်လိုက်၊ဆေးစစ်လိုက်နဲ့ဇိမ်ကျနေပြီးဖြူဥပြီးဝဖြိုးလာတာပေါ့
တနေ့တော့ဆေးစစ်မယ်ဆိုပြီးခေါ်သွားပြီးမေ့ဆေးထိုးခံလိုက်ရတယ်၊သတိရလာတော့ဗိုက်ခွဲတာခံထားရမှန်းသိလိုက်ရတယ်
ဘာလုပ်ထားတယ် လို့လဲမပြောဘူး အစားအသောက်ဆေးဝါးတွေတော့ပုံမှန်ကျွေးနေတုန်းပေါ့
ပညာတတ်တော့သံသယရှိတယ်၊အချိုသတ်ပြီးအလစ်မှာထွက်ပြေးခဲ့တယ်၊
မူဆယ်ရောက်ပြီးဆေးပြန်စစ်ကြည့်တော့မှကျောက်ကပ်တစ်ခြမ်းမရှိတော့ကြောင်းသိလိုက်ရတယ်
ပြန်တရားစွဲဖို့မူဆယ်မှာအလုပ်လုပ်ပြီးငွေရှာနေတုန်း ကျောက်ကပ်အလုပ်မလုပ်နိုင်တော့ဘဲသေသွားခဲ့ရရှာတယ်
အဲဒါမျိုးတွေလည်းအများကြီးရှိကြောင်းသိရတယ်
ကျွန်တော်တို့မသိလိုက်တဲ့ဒီထက်ပိုဆိုးတဲ့ရင်နာစရာအဖြစ်ဆိုးတွေနဲ့ကြုံခဲ့ရတဲ့သူတွေအများကြီးရှိနိုင်ပါတယ်
နောက်တစ်ခုကလည်းဒီလိုအဖြစ်မျိုးတွေကြုံရနိုင်တဲ့လူအုပ်စုဟာအခုကျွန်တော်တင်ပြတာတွေကိုဖတ်နိုင်ကြမှာမဟုတ်ဘူး
(Internet မသုံးတတ်သူတွေ၊မသုံးတဲ့သူတွေလို့ဆိုလိုတာပါ)
အဲဒီတော့သူတို့တွေသိအောင်ကြုံရင်ပြောပေးကြပါ
တရုတ်ပြည်မှာ အလုပ်ပေါတယ်၊၀င်ငွေကောင်းတယ်.....သို့သော်...

0 comments:
Post a Comment