“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, January 12, 2011

ထိအောင် မပစ်နိုင်ဘဲ မကောင်းသူထိပ် ကောင်းသူထိပ် ပစ်နေတော့။

ထိုင်းက မြန်မာကို ကန့်ကွက်စာပို့ ဧရာဝတီ Tuesday, 11 January 2011 19:39
ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် နအဖတပ်က ပစ်ခတ်မှုကြောင့် ထိုင်းနယ်မြေပေါ်သို့ လက်နက်ကြီး ကျည်များ ကျရောက်မှုနှင့် ပတ်သက်ပြီး ထိုင်းအာဏာ ပိုင်များက ယနေ့ ကန့်ကွက်စာ ပေးပို့ကြောင်း သိရသည်။

DKBA-dec-20-2010

၂၀၁၀ ဒီဇင်ဘာလ အတွင်းက နအဖ တပ်မှ သိမ်းဆည်းရမိသော လက်နက်ကြီး ကျည်များနှင့်အတူ တွေ့ရသည့် ဖလူးစခန်းရှိ DKBA တပ်မဟာ (၅) မှ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)
ယင်းစာကို ထိုင်း-မြန်မာ နယ်ခြား ကော်မတီမှ တဆင့် မြန်မာ စစ်အစိုးရထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းသတင်းဌာန တခုဖြစ်သည့် Manager သတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာအစိုးရ တပ်များသည် DKBA တပ် များနှင့် တိုက်ခိုက်ခဲ့ရာ ယမန်နေ့က ထိုင်းနိုင်ငံ မဲဆောက် မြို့နယ် မယ့်ကိုကင်း ကျေးရွာအနီးသို့ လက်နက်ကြီး ကျည်များ ကျရောက် ပေါက်ကွဲခဲ့ သကဲ့သို့ ပြီးခဲ့သည့် တနင်္ဂနွေ နေ့ကလည်း ထိုင်းနိုင်ငံ နယ် နိမိတ် အတွင်း လက်နက်ကြီး ကျည်များ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် အမှတ် ၄ စစ် ဒေသမှူး၏ တင်ပြချက်များကို ကိုးကား၍ Manager က ရေးသားထားသည်။

ထို့ကြောင့် မြန်မာအစိုးရ တပ်များအနေနှင့် DKBA ကို တိုက်ခိုက်ရာတွင် လည်းကောင်း၊ လက်နက်ကြီးများ ပစ်ခတ်ရာတွင် လည်းကောင်း ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ထိခိုက်မှု မရှိစေရေး အတွက် ဆင်ခြင်ပေးရန် တောင်းဆိုသည့်စာ ပေးပို့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့နှင့် တနင်္ဂနွေနေ့က ဖြစ်ပွားသည့် နှစ်ဘက်တိုက်ပွဲတွင် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ)၁၂ လက်အောက် ခံ နအဖ တပ်ဖွဲ့ဝင်များက DKBA တပ်ဖွဲ့များရှိသည်ဟု ယူဆရသည့် နေရာများသို့ လက်နက်ကြီး ကျည်များ ရာနှင့်ချီ၍ ပစ် ခတ်ရာ ထိုင်း နယ်နိမိတ်အတွင်း အလုံး ၂၀ ခန့် ကျရောက် ပေါက်ကွဲခဲ့ကြောင်း ထိုင်းစစ်တပ်ဘက်က ပြောဆိုထားသည်။

နောက်ဆုံးရရှိသည့်သတင်းများအရ ယနေ့နံနက်ပိုင်းကလည်း ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးဒေသအတွင်း DKBA တပ်များစစ်ရေးလှုပ်ရှားသည့်နေရာများသို့ နအဖ တပ်များက လက်နက်ကြီး ကျည် ၁၂ လုံးခန့် ပစ်ခတ်မှုရှိကြောင်း၊ ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားခြင်းမရှိကြောင်း သိရသည်။

ယခု ဖြစ်ပွားနေသည့် စစ်ပွဲတွင် နအဖ ဘက်မှ စကခ ၁၂ လက်အောက်ခံတပ်ရင်း ၅ ရင်းပါရှိသည်ဟု DKBA က ပြော သည်။

ဖလူးတပ်စခန်းထိုင် DKBA စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင်က"ဒီလ ၉-၁၀ ရက်တိုက်ပွဲမှာ နအဖ ဘက်က တနေ့ကို လက်နက်ကြီးအလုံး ၁၀၀ ကျော်သုံးပြီးတိုက်တယ်၊ ကျနော်တို့ဘက်က ခံစစ်ရှင်ပြောက်ကျားနည်းနဲ့ပဲ ပြန်တိုက်တယ်"ဟု ပြောသည်။

တနင်္ဂနွေနေ့က စတင်သည့် ၂ ရက်တာတိုက်ပွဲသည် DKBA နှင့် နအဖ တပ်များအကြား နှစ်လကျော်ကြာဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲကာလအတွင်း အပြင်းထန်ဆုံး တိုက်ပွဲဖြစ်သည် ဟုလည်း ဆိုသည်။

အဆိုပါတိုက်ပွဲတွင် DKBA အဖွဲ့မှ ၁ ဦးဒဏ်ရာရရှိပြီး ၂ ဦးကျဆုံးကာ နအဖ ဘက်မှ ဗိုလ်မှူးတဦး အပါအ၀င် ၈ ဦးဒဏ်ရာ အပြင်းအထန်ရရှိခဲ့သဖြင့် ၎င်းတို့ကို ထိုင်းဘက်ခြမ်းမှတဆင့် မဲဆောက်မြို့ကိုဖြတ်ကာမြ၀တီမြို့သို့ သယ်ဆောင်သွားသည် ဟု ထိုင်း နယ်ခြားစောင့် တပ်မှူးတဦးက ပြောသည်။

နယ်စပ်တိုက်ပွဲများတွင် ဒဏ်ရာရရှိသည့် နအဖ တပ်ဖွဲ့ဝင်များကို ထိုင်းဘက်ခြမ်းမှတဆင့် မြ၀တီသို့သယ်ဆောင်ခြင်းကို မြန်မာဘက်မှ အကူအညီတောင်းသည့်အတွက် မဲဆောက်-မြ၀တီ မြို့နယ်အဆင့် နယ်ခြားကော်မတီက စီစဉ်ပေးရခြင်း ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် နှစ်ဘက်တိုက်ပွဲများအတွင်း ထိခိုက် ဒဏ်ရာရ သေဆုံးမှုများနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

မြ၀တီမြို့ခံ အစိုးရ၀န်ထမ်း တဦးက"တနင်္ဂနွေ တနင်္လာ နှစ်ရက်ဖြစ်တဲ့ ဖလူးတိုက်ပွဲမှာ အစိုးရ ဘက်ကလည်း ထိတာရှိတယ်၊ အဲဒီလို တိုက်ပွဲကြီးတွေဖြစ်တော့ မြ၀တီတမြို့လုံး ထိတ်လန့်နေကြတယ်"ဟု ပြောသည်။

ရွေးကောက်ပွဲ ကျင်းပနေစဉ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့်ကြာအင်း ဆိပ်ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */