“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, January 03, 2011

တပ်ပြောင်းရွှေ့ မှု များ ဆက်လက်ပြုလုပ်


မွန်ပြည်နယ် အတွင်းရှိ ခြေလျှင် တပ်ရင်း အချို့ ကို ကရင်ပြည်နယ်တွင်း သို့ ဒီဇင်ဘာလနောက်ဆုံးပတ် က စတင်ကာ ပြောင်းရွှေ့ မှု ပြုလုပ် ထားပြီး၊ ရန်ကုန်တိုင်း အတွင်း သို့ ပဲခူး တိုင်းမှ တပ်များ ပိုမိုချထားကာ ၊ ဧရာဝတီ တိုင်း နှင့် မကွေး တိုင်း မှ ခြေလျှင် တပ်ရင်း နှင့် ခြေမြန်တပ်မ များ မှာ ထပ်မံ တိုးချဲ့ သည့် စစ်ဌာနချုပ် လက်အောက်ခံ တပ်များအဖြစ်ပြောင်းရွှေ့ ရမည် ဟု သိရသည်။

မြန်မာ နိုင်ငံတွင်း ရှိ စစ်တပ် ပြောင်းရွှေ့ မှု များနှင့် ပတ် သက်၍ ရန်ကုန် မြို့ မှ အငြိမ်းစားဗိုလ်မှုးကြီး တစ်ဦးက “အရင်က ရှေ့ တန်း ထွက်တာလေ၊အော်ပရေးရှင်း ပြီးရင် ကိုယ့်တပ်ကိုယ်ပြန်လာပေါ့ ခု ဒီလို မဟုတ် ဘူး အခု တပ်ပါပြောင်းရတာ တပ်သားလေးတွေ ရောသူတို့ မိသားစု တွေ နဲ့ ကလေးတွေ ပါ ဒုက္ခရောက်ကြတယ်” ဟု Freedom News Groupသို့ ပြောသည်။

ခြေလျှင် တပ် များ ပြောင်းရွှေ့ ခဲ့သည့် ဖျာပုံ၊မြောင်းမြ၊ဘိုကလေး၊အိမ်မဲ နှင့် လပွတ္တာတို့ တွင်ရေတပ် က ၀င်ရောက် နေရာယူထားပြီး ရခိုင်ပြည်နယ် တွင်းမှ တပ်အင်အား အချို့ ကို ချင်းပြည်နယ် နှင့် ကချင်ပြည်နယ် သို့ ပြောင်းရွှေ့ ချထား လိုက်သည် ဟု သိရသည်။

နအဖ စစ်အစိုးရသည် တပ်များ အပြောင်းအရွှေ့ ပြုလုပ်ရုံသာမက စစ်တပ် ၏ ဖွဲ့ စည်းပုံ နှင့်အမိန့် ပေး စနစ် များ ကို ပါပြန်လည် ပြင်ဆင် သည် ဟု အတည်မပြု နိုင်သည့် သတင်းများအရသိရသည်။

၂၀၁၀ ခုနှစ် ဒီဇင်ဘာလ အတွင်း ရှမ်းပြည်နယ် ဉ် စစ်ဌာနချုပ် တစ်ခု ထပ်မံ တိုးချဲ့ရာ တပ်သားအင်အား ငါးထောင် ခန့် ကို မြန်မာပြည်နေ ရာ အနှံအပြား မှ နေ၍ ထိုစစ်တိုင်းသစ် ရှိရာ သို့ ပြောင်းရွှေ့ စေခဲ့သည် ဟု သိရသည်။
http://freedomnewsgroup.com/

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */