“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, January 28, 2011

စိတ်ပျက်စရာကောင်းတဲ့  မြန်မာပြည် (ပေးပို့ သူ -ရန်နောင်)

အောက်ပါဆောင်းပါးကိုဖတ်ပြီး မြန်မာပြည်သူတွေ ပြာပုံတိုးပြီး ပြည်သူအများအပြား နိုင်ငံခြားထွက် ကျွန်ခံနေရတာဟာ စီးပွားရေးပိတ်ဆို့မှုကြောင့်လား၊ ချိန်းဘရီးဗိုလိရှုပ်တွေရဲ့ ယုတ်မာမိုက်ရိုင်း ၊ဘယ်သူသေသေငတေမာရင်ပြီးရော ဆိုတဲ့ယုတ်ညံ့လှတဲ့
စိတ်ဓာတ်နဲ့ ခိုးဆိုးလုရက်သောင်းကျန်းနေလို့လား ဆိုတာစဉ်းစားကြည့်ပါ။
အမေရိကန်နဲ့ ဥရောပကစီးပွားရေးပိတ်ဆို့အရေးယူတာကို NLD ကထောက်ခံရင်ထောက်ခံမယ်၊ဒါပေမဲ့သူတို့ကိုNLD ကဒီမှာတော့ စစ်ဗိုလ်တသိုက်သောင်းကျန်းနေတယ် ဆိုပြီးအရေးယူခိုင်းတာလည်းမဟုတ်ဘူး ၊အရေးယူခိုင်းရလောက်အောင်လည်း NLD မှာအာဏာလည်းမရှိဘူး။ ဘာလို့မြန်မာနိုင်ငံကို အမေရိကန်နဲ့ ဥရောပက စီးပွားရေးဒဏ်ခတ်အရေးယူသလဲဆိုရင် သန်းရွှေနဲ့အပေါင်းပါ တစ်စုဟာမြန်မာ့တပ်မတော်ကို အသုံးချပြီးနိုင်ငံတွင်းမှာ ထင်တိုင်းကြဲပြီးတရားဥပဒေမဲ့ခိုးဆိုး၊သတ်ဖြတ်၊လုယက် နေလို့ လူကို လူလိုအုပ်ချုပ်နေတဲ့ နိုင်ငံတွေကအောက်တန်းစားလူ့တိရိဆ္စန်အသိညဏ်ခေါင်းပါးတဲ့ကောင်တွေနဲ့စီးပွားရေးလုပ်ရတာမသဓီလို့သူတို့အသိစိတ်နဲ့သူတို့မပက်သက်ဘဲနေကြတာပါ။



ဒါကြောင်းမြန်မာနိုင်ငံကိုစီးပွားရေးဒဏ်ခတ်မှုရုပ်သိန်းစေချင်ရင်သန်းရွှေအနေနဲ့လူပီသအောင်လူ့ကျင့်ဝတ်စည်းကမ်းနဲ့အတူတရားဥပဒေဘောင်တွင်းပြည်လည်ဝင်ရောက်နေထိုင်ဖို့ဘဲလိုတာပါ။ဒါကြောင့်စီးပွးရေးရုပ်သိမ်းပေးပါဆိုပြီးအမေရိကန်နဲ့ဥ

ရောပနိုင်ငံတွေကိုတစာစာနဲ့အော်နေတဲ့နိုင်ငံရေးသမားတွေ၊ပါတီတွေကိုမေးချင်ပါတယ်၊ခင်ဗျားတို့ကောထမင်းစားပြီးနိုင်ငံရေးလုပ်နေတာလားလို့။







မြန်မာ့စီးပွားရေး လုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ထားတဲ့ ဦးပိုင်ရဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးတင်အေးရဲ့ ချမ်းသာသမျှ ဆိုပြီး GRW မှ အတွင်းသိ ပေးပို့လာတာကို အားလုံးသိအောင် ဖော်ပြလိုက်ရပါတယ်...



ကိုဒီမို ဘလော့(ဂ်)မှာ ဦးပိုင်အကြောင်းပါလို့ ဦးပိုင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အေး အကြောင်းနဲ့ အောက်ခြေ စစ်သည်တွေရဲ့ ဘဝတွေအကြောင်း ရေးသားပေးပို့လိုက်ရပါတယ်။ ဦးပိုင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အေး လောက်မပြောနဲ ဦးပိုင်က အစွယ်အပွားတွေ တောင်ချမ်းသာတာ။ ဦးတင်အေးအိမ်မှာ သူတို့လက်ထဲမှာ သိန်း ၃ သောင်း အထက်ရှိတယ်။ တစ်နေ့တစ်သိန်း သုံးတယ်ထား တစ်နှစ် သိန်း၃၆၀နဲ့ နှစ်တစ်ရာကျော် ထိုင်စားလို့ရတယ်..။ု သိန်း၃သောင်းကျော်နော် စဉ်းစားသာကြည့် သူတို့ကို နိုင်ငံတော်က ပေးထားတဲ့ ကားတင်ပဲ သိန်း၂ထောင်ကျော်တန်တယ်..။ သူတို့စီးဖို့ပေါ့နော် အဲ့လိုမျိုး လိုင်စင်ဆို သူတို့ပဲရတာ။ လန်ခရုဆာလို အဖြူတွေ. ဦးတင်အေးက သား၂ ယောက် သမီးတစ်ယောက်လေ...။ မိန်းမနာမည်က ဒေါ်ကြည်ကြည်အုန်း ..။ သားအငယ် ဥက္ကာအေးက အရင်တိုင်မှုး PSO ခု တော့ ဗိုလ်မှုးပေါ့..။ နောက်အကိုကြီးက ဇော်မင်းအေး သူလည်း စီးပွားရေးသမားပဲ..။ ဒါပေမယ့် နာမည်မထွက်ဘူး ရွှေမန်းသားတွေလိုတော့...။ အဲ့တော့ တွက်ကြည့်ပေါ့..။ .. ကား၊ စိန်၊ အိမ်.. သိန်း၃သောင်း အထက်ရှိတယ်။ ဦးတင်အေးတို့ အဆင့်ဆိုရင်... နှစ်တရာ စားမကုန်ဘူး.. အခုခေတ် အလုပ်လုပ်တဲ့ သာမန် သူဋ္ဌေးတွေတောင် သိန်းကို ထောင်ဂဏန်းတော့ ရှိတယ်လေ။ နည်းနည်းပိုချမ်းသာရင် သောင်းဂဏန်းရှိမယ်..။ သူတို့က အလကားရတဲ့ငွေတွေက သိန်းကို သိန်းချင်းထပ်နေတာ..။

အိမ်ကနေန စတွက်ကြည့်ရအောင် ဦးတင်အေးတို့နေတဲ့ ရန်ကုန်က မီးမပြတ်တဲ့ ဗိုလ်ချုပ်ရွာ အကျယ် ပေ၁၀၀ပတ်လည်.. အိမ်တွေရဲ့ ဈေးက သိန်း ၅ထောင် လောက်တော့ရှိတယ်။ ကဲကား တွက်ကြည့်ရအောင် နိုင်ငံတော်က ပေးထားတဲ့ လောလောဆယ် ပြန်ရောင်းလို့တော့ မရတဲ့ လန်ခရုဆာလို အဖြူကားက အနည်းဆုံး သိန်း ၂၀၀၀ နီးပါးရှိတယ်..။ သူတို့ အိမ်မှာရှိတဲ့ ကားတွေ ကြည့်ရအောင် ဇူဇူကီးလေ. လက်ရှိ အနည်းဆုံး ၂၀၀နဲ့တွက် အိမ်တိုင်းရှိတယ်။ ဗိုလ်ချုပ်အဆင့်တွေရတဲ့ ပရာဒို သိန်း ၂ ထောင်နဲ့တွက် ဆလွန်းအကောင်းစား သိန်း ၁ထောင်တန်ရှိတယ်။ အနည်းဆုံး ၄စီးနဲ့ တွက်လိုက်တယ်.......။ နေ့စဉ် အန်တီကြီးတွေ ၀တ်သောအရာများ နားကပ် သိန်း ၄၀၀ လက်စွပ်သိန်း ၂၀၀ ဆွဲသီး သိန်း ၇၀ လက်ကောက် သိန်း ၅၀ ဒါနေ့စဉ် ၀တ်တာကို တွက်ပြတာနော်...။ ဒါလက်ရှိမြင်ရတာကို တွက်ပြတာ..။ မမြင်ရတဲ့ အတွင်းပစ္စည်း ဘယ်လောက်ရှိမယ်ဆိုတာ စဉ်းစားကြည့်..။

ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ညွန့်တင်ကို ဖမ်းတုန်းက ရွှေချောင်းတွေ ဒေါ်လာတွေ ဖမ်းမိတာ အားလုံးအသိပဲလေ..။ လက်ရှိ နအဖခေတ်မှာ သာမန် စီးပွားရေးလုပ်နေပါပီဆိုတဲ့ ကားစီးနေတဲ့ သူဌေးတစ်ယောက်မှာ သိန်း ၁ထောင်နဲ့ပဲတွက်ပြီး သူတို့မှာ ရှိတာတွေကို တွက်ကြည့်တာလေ...။ သူရရွှေမန်းတို့ ဆိုရင်တော့ သိန်းကို သိန်းချင်းထပ်နေတာ..။ ဗိုလ်ချုပ်ကြီးတွေ ချမ်းသာတာကို ကြည့်ပြီး ဗိုလ်ချုပ်တွေရော ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်မှူးကြီးတွေပါ ချမ်းသာချင်ပြန်ရော.. အဲ့တော့ ၀န်ထမ်းတွေထဲက ပေးနိုင်သူကို နေရာပေးရော..။ စားရတဲ့ နေရာပေးတော့ မတရားတာလုပ်ရော ..၀န်ကြီးဌာနတွေမှာ ၀န်ကြီးထက် ဒုဝန်ကြီးတွေ ကပိုဆိုးတယ်။ အဲ့ဒီတော့ ဘယ်လိုလုပ် ကောင်းတော့မလည်း ဒီနိုင်ငံ။



ကဲမြင်သလောက် ပြောကြရအောင် ပြီးခဲတဲ့နှစ် တောင်ကြီး သင်္ကြန်မှာ အရှေ့ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်း မဏ္ဍပ်က အစည်ဆုံးပေါ့ ..။ ရန်ကုန်က အဆိုတော်တွေ နဲ့စည်လို့ကားလို့ အဆိုတော်တွေ အလကားတော့ မဆိုကြပါဘူး...။ အာဇာနည် ၃ရက် သိန်း၁၀၀နီးပါး ရှင်းရတယ်..။ ၃ရက်ကို သိန်း (၃၀) နီးပါး အဆိုတော် တွေလည်းပါတယ်..။ တောင်ကြီးလိုနေရာမှာ သကြီန်အတွက်ကို သိန်း ၅၀၀ကနေ ၁၀၀၀အတွင်း သုံးတယ်.။ ဘယ်ကပိုက်ဆံလည်း အဲ့ဒါ ...စပွန်ဆာတွေ ဆီကဆိုရင် လည်း စပွန်ဆာဘယ်သူက အလကားပေးမလည်း။ ခုထိတောင်ကြီးဘက်မှာ သစ်ခိုးထုတ်တဲ့ လမ်းတွေ ဘိန်းလမ်းကြောင်းတွေက ရှိနေတုန်းပဲ။



ကဲ အဲ့လို့ ပိုက်ဆံတွေ အကုန်ခံပြီး ပျော်ပွဲရွှင်ပွဲတွေကို စစ်တပ်ထဲမှာ ဖိနပ် တောင် သားသမီးကို မဆင်နိုင်တဲ့ စစ်သားတွေ မိသားစုတွေ.... ဆေးကုဖို့ မရှိလို့ ကင်ဆာနဲ့ ဆုံးကြတဲံ့မိသားစုတွေ၊ ကျောင်းမတတ်နိုင်လို့ ကျောင်းထွက် ထင်းခွေရတဲ့ သူတွေဟာ သူတို့ အတွက် လိုအပ်ချက်တွေ အများအတွက် .. လိုအပ်တာတွေ မသုံးပဲ တပျော်တပါး မလိုအပ်တဲ့နေရာမှာ သုံးနေကြတာ နားမလည်နိုင်ဘူး။ စစ်သားမိန်းမတွေ မလောက်ငှလို့ ညဘက်ထွက် ညဥ့်ငှက်လုပ်နေကြသူတွေ အများကြီးပဲ။ တစ်ခါက တပ်ထဲကို စာရင်းစစ် လာမယ်ပြောလို့ စာရင်းစစ်တွေအတွက် လိုအပ်ရင် ကျွန်မတို့ကိုပဲ ခေါ်ပါလို့ ပေါ်တင်ပြောတဲ့ စစ်သားမိန်းမလေး တွေကိုမြင်ဘူးလို့ပါ..။



ဒါကလောလောဆယ် သိသမျှ ပါးပါးလေး ရေးသားလိုက်တာပါ..။ ဒီထက်ဆိုးတာတွေ အများကြီး ရှိပါသေးတယ်..။ အခုမကြာခင် တရားမဝင်စားနေတာကနေ နောက်တစ်ပတ်လောက်ကြာရင် တရားဝင် ဥပဒေနဲ့ စားနိုင်တော့မယ်လေ..။ လွှတ်တော်ထဲ ၁၀ရာခိုင်နှုန်းတောင် မပြည့်ချင်တဲ့ အတိုက်အခံတွေလည်း ပြည်သူ့အတွက်ပဲ ဖြစ်လာမလား ကိုဒီမိုရေးသလို အများလို အနည်းစားခြေပဲ ဖြစ်ပြီး အလိုတူ အလိုပါ ကြံရာပါတွေပဲ ဖြစ်မလား ဆိုတာ အားလုံး စောင့်ကြည့်ကြတာပေါ့ ကိုဒီမိုရေ...နောက်အချိန်ရရင် ထပ်ပြီးပို့ပေး လိုက်ပါဦးမယ်..။



လေးစားစွာဖြင့်



GRW အတွင်းသိ...။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */