“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, December 31, 2010

သမိုင်းတွေလည်း အဖျက်ခံနေရပြီ

မန္တလေး သမိုင်းဝင် စက်ရှင်တံတားကို ဖြိုဖျက် -ရန်ပိုင် Thursday, 30 December 2010 19:11

မန္တလေးမြို့၏ သမိုင်းဝင် ရှေးဟောင်း အမွေအနှစ် တခုဖြစ်သည့် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ ခန့်က တည်ရှိခဲ့သော “စက်ရှင်တံတား” ခေါ် “စည်ရှည်တံတား” ကို ဒီဇင် ဘာ ၂၈ ရက်နေ့မှ စတင်ပြီး ဒေသဆိုင်ရာ အာဏာပိုင်တို့၏ အမိန့်အရ စတင်ဖြိုဖျက်နေပြီ ဖြစ်သည်။

အဆိုပါ စက်ရှင်တံတားသည် မန္တလေး နန်းတော်မြို့ရိုး၏ အနောက်ဘက်တည့်တည့်တွင် တည်ရှိပြီး စည်ရှည်တံခါးမကြီးနှင့် ကျုံးတဖက်ကို ဆက်သွယ်ပေးထားသည့် မန္တလေးနန်းမြို့၏ နောက်ဆုံးလက်ကျန် ယဉ်ကျေးမှု အမွေအနှစ်တခုဟု ဆိုနိုင်ကြောင်း မန္တလေးမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

“တိုင်းမှူးအမိန့်နဲ့ ဖျက်ခိုင်းတာ။ ဒုတိယ ကမ္ဘာစစ်အတွင်းကတောင် မပျက်ခဲ့ဘူး၊ အခုမှပဲ ပျက်တော့တယ်။ သမိုင်းအမွေအနှစ်တွေလည်း ကုန်ပြီ၊ ပြစရာမရှိတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ရှေးဟောင်းတံတားကို ယခု စစ်အစိုးရလက်ထက်တွင် ပြုပြင်ထိန်းသိမ်းမှု မလုပ်ကြောင်း၊ အင်္ဂလိပ်အစိုးရ လက်ထက်က တံတားကြီး အကောင်းပကတိရှိခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်းက တံတားကြမ်းခင်းများ ပျက်စီးခဲ့သော်လည်း တံတားထိပ်တွင် အုတ်ခုံကြီးများနှင့် လက်ရန်းကြီးများ၊ တိုင်ကြီးများ အကောင်းပကတိ ကျန်ရှိနေသေးကြောင်း အဆိုပါ မန္တလေးမြို့ခံက ဆိုသည်။

၁၈၅၉ ခုနှစ် ရတနာပုံခေတ် မင်းတုန်းမင်းကြီး မန္တလေးနန်းတော် မြို့တည်စဉ်ကတည်းက မြို့ရိုးများနှင့် အရပ်လေးမျက်နှာကို ဆက်သွယ်ထားသည့် တံတားပေါင်း ၆ စင်းရှိရာ အနောက်ဘက်တွင် စက်ရှင်တံတားဟု အများခေါ်တွင်နေသည့် စည်ရှည်တံတားနှင့် အာဠ၀ီတံတား ခေါ် ကြေးမုံတံတား ၂ စင်း ရှိသည်။

စည်ရှည်တံတားနှင့် တံခါးကို ဗေဒင်ကိန်းခန်းအရ ပါပဓာတ်တံခါး “စရေ” ဟူသော ဓာတ်သင့်နံသင့်အရ မြို့တော် အရှည်တည်တံ့စေသော နိမိတ်ဖြင့် ၁၈၅၉ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ပြအိုးနှင့် ပြသာဒ်တိုင်ကူ၍ တံခါးအမည် မော်ကွန်းတိုင် စိုက်ထူခဲ့ကြောင်း မန္တလေးအဘိဓာန်တွင် ဖော်ပြထားသည်။

အာဠ၀ီတံတားကိုလည်း သုတ်သင်ရမည့် ရာဇ၀တ်သားများနှင့် အသုဘများကို မြှုပ်နှံရန် မြို့အတွင်းမှ ထုတ်ယူသည့် တံတား၊ မင်္ဂလာမရှိသည့် တံတားဟု သတ်မှတ်ခဲ့သည်။

မင်္ဂလာအခမ်းအနားများနှင့် မင်းညီမင်းသား၊ ဘုရင်နှင့် မိဖုရားများထွက်သည့် တံခါးကိုမူ ကျော်မိုးတံခါးဟု သမုတ်ခေါ်ဝေါ်သည်။

၁၈၈၅ ခုနှစ် အထက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းယူပြီး ကိုလိုနီပြုခဲ့ချိန်မှ စတင်၍ နန်းတွင်းတခုလုံးကို သိမ်းပိုက်ကာ စစ်တန်းလျားများအဖြစ် အသုံးပြုခဲ့သည်။

လွတ်လပ်ရေးရပြီး ၁၉၅၀ ခုနှစ်ခန့်က ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ကျောက်စာဌာနမှ ရတနာပုံခေတ် မန္တလေးနေပြည်တော် အဟောင်းကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုတချို့ ပြုလုပ်နိုင်ခဲ့သည်။

သို့သော် စစ်အစိုးရ စတင် အုပ်ချုပ်ခဲ့သည့် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မန္တလေးနန်းတော်ကို ယခင် ဘုရင်များ လက်ထက် အတိုင်း ရှိစေရန်ဟုဆိုကာ နန်းတော်ရာ နေရာဟောင်းများတွင် အဆောက်အဦးအသစ်များ ဆောက်လုပ်စေခဲ့သည်။

မန္တလေးမြို့နေ သမိုင်းပညာရှင်တဦးဖြစ်သည့် စာရေးဆရာကြီး နတ်မောက်ထွန်းရှိန်က “ဘာကြောင့်လုပ်တယ်လို့တော့ မှတ်ချက်မပေးချင်ဘူး။ ဒါပေမယ့် ရှေးဟောင်းဆိုတော့ ကျနော်တို့ မြတ်နိုးတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဆရာကြီး နတ်မောက်ထွန်းရှိန်သည် ပြီးခဲ့သည့်လအတွင်းကပင် မော်နီတာဂျာနယ်နှင့် မန္တလေးနေ့စဉ် သတင်းစာတွင် အဆိုပါ တံတားကြီးကို ပြုပြင်ထိန်းသိမ်းရန်အတွက် တံတားကြီး၏ သမိုင်းမှတ်တမ်းကို ဓာတ်ပုံများနှင့် တကွ ဖော်ပြရေးသားခဲ့သေးသည်။

ဆရာကြီး နတ်မောက်ထွန်းရှိန်သည် ၂၀၀၁ ခုနှစ်က မန္တလေးမြို့နှင့် ပတ်သက်၍ ရေးသားထားသည့် “၀င်းတွေနှင့် တည်သည့် မင်းနေပြည်” ဆိုသည့် စာအုပ်ဖြင့် အမျိုးသားစာပေဆု ဖြစ်သည့် သုတပဒေသာ ၀ိဇ္ဖာဆုကို ရရှိခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် “မန္တလေး နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်” စာအုပ်ကို အင်္ဂလိပ် - မြန်မာနှစ်ဘာသာဖြင့် ထပ်မံရေးသားခဲ့သည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဖတ်ကြည့်ပါ။

လမ်းခင်းငွေကို မယက ဥက္ကဋ္ဌ အလွဲသုံးစားလုပ်ဟု ရွာသားများ စွပ်စွဲ
မျိုးသိဏ်း | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၀၇ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်အရှေ့ပိုင်း ကျေးရွာ ၁၅ ရွာ အသုံးပြုနေသည့် လမ်းမကြီး ပြုပြင်မည့်ငွေ ကျပ် ၈၂ သိန်းကို မယက ဥက္ကဋ္ဌနှင့် ကျေးရွာတာဝန်ရှိသူတို့က အလွဲသုံးစားလုပ်နေကြောင်း ရွာသားများက စွပ်စွဲပြောဆိုလိုက်သည်။

ပဲခူးရိုးမတောင်ခြေနှင့် ဇီးကုန်းမြို့သို့ ဆက်သွယ်ထားသော ဇီးကုန်း-ဘော်ဘင် လမ်းပိုင်းပြုပြင်ရန် သစ်ထုတ်လုပ်ရေး ကုမ္ပဏီများက ငွေကျပ် ၈၂ သိန်းပေးခဲ့ရာ လမ်းပြုပြင်ခြင်း မရှိဘဲ ယင်းငွေများကို အာဏာပိုင်များက အလွဲသုံးစား လုပ်ထားကြောင်း ဒေသခံများက ပြောဆိုခြင်း ဖြစ်သည်။

ယင်းငွေများကို ဇီးကုန်းမြို့နယ် မယက ဥက္ကဋ္ဌ ဦးညွှန့်စိုးနှင့် ဆိတ်ဖူးကျင်းရွာ ဥက္ကဋ္ဌ ဦးတင်ဦးက အလွဲသုံးစား လုပ်ထားကြောင်းနှင့် လက်ရှိ လမ်းအသုံးပြုရသည့် အနေအထားမှာ လွန်စွာဆိုးရွားနေကြောင်း ဆိတ်ဖူးကျင်းရွာနေ အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

’’ဇီးကုန်းကနေ ၁၂ မိုင်လောက် ဝေးတဲ့နေရာမှာ ကန်ကြီး အထက်တန်းကျောင်းရှိတယ်။ ဆရာမဆရာမတွေ ကျောင်းသားတွေကော၊ နောက် ဈေးဝယ် ဘာဝယ်သွားတဲ့ သူတွေကော အရမ်းအခက်အခဲ ဖြစ်နေကြတယ်။ ဗွက်တွေ အရမ်းထူပြီး ဆိုင်ကယ်လည်း စီးရခက်၊ စက်ဘီးဆိုရင်လည်း တထွာသာသာလောက် လမ်းလေးကို ခဲခဲယဉ်းယဉ်း စီးရတယ်။ လမ်းပြင်ဖို့ ငွေကတော့ ရတယ်။ အဲ့ငွေတွေက ဘယ်ပျောက်ပျောက်သွားမှန်း မသိဘူး ဖြစ်နေတယ်’’ ဟု သူက ပြောသည်။

ရှေးယခင် နှစ်ပေါင်းများစွာကတည်းက ဒေသခံများ အသုံးပြုလာခဲ့ကြသည့် ယင်းလမ်းမှာ ၂ဝဝ၇ ခုနှစ်တွင် ဘော်ဘင် သစ်တောကြိုးဝိုင်းသို့ သစ်ကုမ္ပဏီများ လာရောက် လုပ်ကိုင်ချိန်မှစ၍ စတင်ပျက်စီးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ပိုမိုဆိုးရွာလာခဲ့သည်ဟု ဒေသခံများက ဆိုသည်။

အေးရှားဝေါလ်နှင့် ကောင်းမြတ် သစ်ထုတ်လုပ်ရေး ကုမ္ပဏီနှစ်ခုက လမ်းပြင်ရန် ငွေ ၈၂ သိန်းကို လူသိရှင်ကြား ပေးခဲ့ပြီး၊ ဇီးကုန်းမြို့နယ် စည်ပင်ကလည်း ယာဉ်အသွားအလာ အားလုံးကို နေ့စဉ် လမ်းကြေး ကောက်ခံနေသော်လည်း လမ်းပြုပြင်မှု မရှိကြောင်း ဘော်ဘင်ရွာသားတဦးက မဇ္ဈိမကို ပြောသည်။

သူက “ ၁၄ မိုင်ရှိတဲ့လမ်း တမိုင်တောင် မခင်းရသေးဘူး ရပ်သွားတယ်။ မြေနီခင်းတာ ငွေက သိန်း ၅ဝ ကျော်ကုန်သွားပြီလို့ ပြောတယ်။ ဒီလမ်းကို နေ့စဉ်သုံးတဲ့ ဆယ်ဘီး ဆယ့်နှစ်ဘီး သစ်ကားတွေ၊ ထော်လာဂျီ၊ မြင်းလှည်းနဲ့ ပစ္စည်းတင်လာတဲ့ စက်ဘီးတွေကအစ လမ်းကြေးပေးရတယ်။ ဒါပေမဲ့ လမ်းက ကောင်းမလာဘူး’’ ဟု သူက မဇ္ဈိမကို ပြောသည်။

အဆိုပါ စွပ်စွဲချက်အပေါ် ဖြေရှင်းရန် ဇီးကုန်းမြို့နယ် မယက ဥက္ကဋ္ဌထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

မယကအဖွဲ့နှင့် နီးစပ်သူတဦးက လက်ရှိအချိန်တွင် လမ်းကို အသုံးမပြုသင့်တော့သော်လည်း သစ်ကုမ္ပဏီများမှ ကားများကို ပိတ်ပင်ရန် မဖြစ်သောကြောင့် ပိုမို၍ လမ်းပျက်စီးလာကြောင်းနှင့် လမ်းပိုင်းကို အလုံးစုံပြုပြင်ရန် မြို့နယ်အဆင့်အနေဖြင့် မဖြစ်နိုင်ကြောင်း ပြောဆို သည်။

ရွေးကောက်ပွဲမတိုင်မီက နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ယင်းလမ်းကို ပြုပြင်ပေးမည်ဟု ပြောဆို၍ မဲဆွယ်ခဲ့သေးကြောင်း ဒေသခံ များက ဆိုသည်။

“ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ဇီးကုန်းသားပေါ့။ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်တုန်းက ဒီလမ်းကိုခင်းပေးမယ် ဘာညာပြော သေး တယ်။ လောလောဆယ် သူ့အပြောကို ထားပါဦး။ အခု စည်ပင်က ကောက်တဲ့ငွေက တနေ့ ၂ သိန်း လောက်ရတယ်။ အဲ့ဒီငွေ တွေ လည်း မပြဘူး၊ ကုမ္ပဏီက ပေးတဲ့ငွေလည်း မပြဘူး။ လမ်းကလည်း ဒီအတိုင်းပဲ’’ ဟု ဘော်ဘင်ရွာသားက ပြောဆိုသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ကျမတို့က လက်တွေ့လုပ်သူတွေဖြစ်ပါတယ်ဟု ဒေါ်စုက ဂျင်ဝက်ဘ်ကိုပြော

အကြောင်းအရာ။ ။ မြန်မာနိုင်ငံ- ဗိုလ်ချုပ်မှူးကြီးက စကားစတင် ပြောဆိုလာခြင်း။ မိမိတို့ မည်သို့ တုံ့ပြန်မည်နည်း။

လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ ။ နိုင်ငံရေး-စီးပွားရေးဌာန အကြီးအကဲ ဂျင်နီဖာ ဟာဟိုက် (Jennifer Harhigh) အကြောင်းပြချက် 1.4 (b) & (d)

အကျဉ်းချုပ်
၁။ (S) မြန်မာ ထိပ်တန်းဗိုလ်ချုပ်များက ဆီးနိတ်အမတ် ဝက်ဘ် လာရောက်ခြင်းကို အသုံးချပြီး ၎င်းတို့ ရှင်းရှင်း လင်းလင်း ဖေါ်ပြလိုသော အချက်များမှာ မြန်မာအစိုးရနှင့် အမေရိကန်အစိုးရ ဆက်ဆံရေး ပိုမိုကောင်းမွန်လိုခြင်း၊ ဝါရှင်တန် နှင့် တိုက်ရိုက်ဆက်ဆံလိုပြီး အထူးသံတမန်တဦး (စစ်အစိုးရ၏ အတွင်းလူဖြစ်ပြီး အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဖြစ်ခဲ့ဖူးသူ ဦးသောင်း) ကို ရွေးချယ်သတ်မှတ်ပြီး ဖြစ်ကြောင်းတို့ပင် ဖြစ်သည်။ သန်းရွှေ သူ့လက်သီးဆုပ်ကို ဖြေချလိုက်သည်မှာ (အမေရိကန် အစိုးရပိုင်း ပုဂ္ဂိုလ်တဦးကို ပထမဆုံးအကြိမ် ၎င်းနှင့်တွေ့ဆုံခွင့်ပေးခြင်း၊ "ချစ် ကြည်ရေး"ကို ပြသသောအားဖြင့် အမေရိကန် အကျဉ်းသားတဦးကို ပြန်ပို့ ခြင်း) ကို ထောက်ထား၍ သေချာနေပါသည်။ ဗိုလ်ချုပ်များသည် အကြောင်းပြန်ကြားချက်ကို မျှော်နေပါလိမ့်မည်။ (UNGA) (ကုလသမဂ္ဂအထွထွေ ညီလာခံ) အပြီးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဉာဏ်ဝင်းကို ဝါရှင်တန်ရှိ သံရုံးသို့ သွားရောက်ခွင့် ပေးသင့်ပါသည်။ မျှော်လင့်ချက်များ အပြန် အလှန် ဖော်ပြနိုင်ရေးအတွက် ကျွန်ုပ်တို့ ဦးသောင်းနှင့် မကြာမတင် မှာ ဆွေးနွေးသင့်ပြီး ထိုမှတဆင့် ဝါရှင်တန် အဆင့် ဆွေးနွေးပွဲဆီသို့ တက်လှမ်းသင့်ပါသည်။ တချိန်တည်းမှာပင် စစ်အစိုးရနှင့် "ပြတ်သားသော" အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ဆွေးနွေးပွဲဖြစ်မြောက်အောင် အတိအလင်းရော တိတ်တဆိတ်ပါ အားပေးသင့်ပါသည်။ ဆွေးနွေးပွဲ ကာလအတွင်းမှာလည်း ကျွန်ုပ်တို့နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးဖြစ်အောင် ကြိုးပမ်းသင့်ပါသည်။ အကျဉ်းချုပ်- ပြီးဆုံး။

လက်သီးဆုပ် ဖြေလိုက်ပြီလား။
---------------
၂။ (S) ပထမဦးဆုံး အမေရိကန် အစိုးရပိုင်း ပုဂ္ဂိုလ်၏ သန်းရွှေနှင့် တွေ့ဆုံမှုသည် မျှော်လင့်မထားဘဲ ဖြစ်ပေါ်လာခဲ့သည်။ သူ နားစွင့်ရုံ နားစွင့်နေသည်မှာ ပေါ်လွင်လှပါသည်။ ဒေါ်အောင်ဆန်းစုကြည်အကြောင်း သူ့ကို ပြောနေစဉ်မှာပင် စိတ်ဆိုးဟန်သော်လည်းကောင်း၊ မုန်းတီးဟန်သော်လည်းကောင်း မပြခဲ့ချေ။ သူက ဆီးနိတ် အမတ် ဝက်ဘ်ကို ပြုံးပြ နှုတ်ခွန်းဆက်ပြီး နွေးနွေးထွေးထွေး လက်ဆွဲနှုတ်ဆက်ခဲ့ပါသည်။ ဆွေးနွေးပွဲတလျှောက်လုံး သူက "မိတ်ဆွေများ"၊ "ချစ်ကြည်ရေး"ဟူသော စကားများကို လှိုင်ဘောလယ်အောင် ပြောခဲ့သည်။

၃။ (S) သန်းရွှေနှင့် ဝန်ကြီးချုပ် သိန်းစိန်တို့ ဆီးနိတ်အမတ် ဝက်ဘ်နှင့် တဦးချင်းစီ တွေ့ဆုံဆွေးနွေးရာ၌ စာရွက် တမျိုးတည်းကို ကိုင်၍ ဆွေးနွေးကြသည် (ရည်ညွှန်းချက် က နှင့် ခ)။ သူတို့နှစ်ဦးစလုံးပင် ယခင်က သည့်ထက် အဆင်ပြေခဲ့သော အမေရိကန်-မြန်မာဆက်ဆံရေး အကြောင်းကို ဖေါ်ပြကြပြီး လက်ရှိဆက်ဆံရေးလည်း ပို၍ ကောင်းလာလိမ့်မည်ဟု အလေးတင်း ဖေါ်ပြခဲ့ကြသည်။ "တိုက်ရိုက်" နှင့် အပြန်အလှန် ဆက်ဆံရေး၊ နေပြည်တော်နှင့် တိုက်ရိုက် ဆက်သွယ်သော ဦးသောင်းကို အထူးသံတမန်အဖြစ်ခန့်အပ်ရေးကို တောင်းဆိုခြင်း၊ နှစ်ဖက်စလုံး သံအမတ်အဆင့်များကို တိုးမြှင့်ရန် အကြံပြုခြင်း တို့ဖြင့် ဗိုလ်ချုပ်များဘက်က လက်ကမ်းလာနေခြင်းသည် ရှင်းနေပါ သည်။

၎။ (S) ဒေါ်အောင်ဆန်းစုကြည်၏ ကံကြမ္မာသည် အမေရိကန်အစိုးရအဖို့ လွန်စွာအရေးပါနေကြောင်း၊ ဤပြဿနာသည် အမှန်တကယ်ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးအတွက် ဖြေရှင်းပေးရမည့်ပြဿနာဖြစ်ကြောင်း ဆီးနိတ်အမတ် ဝက်ဘ်၏ ပြောစကားကို သန်းရွှေနှင့် သူ၏ ထိပ်တန်း ဗိုလ်ချုပ်များ ကောင်းကောင်းကြီး သဘောပေါက်ပါသည်။ ဒေါ် အောင်ဆန်းစုကြည် လွှတ်ပေးရေးကိစ္စကို သန်းရွှေနှင့်ပြောသောအခါ၌ သန်းရွှေက တိုတိုတုတ်တုတ်ပင် တုံ့ပြန်ပါသည်။ ကတိကဝတ်မပေးခဲ့ချေ။ ဆီးနိတ်အမတ်က စကားကို ဖြတ်လိုက်ပြီး အခြားအကြောင်းအရာဘက်သို့ လှည့်သွားခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ (ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ငြင်းပယ်သော အဖြေကို စောင့် သည်ထက် တိုးလို့တန်းလန်း ထားလိုက်ခြင်းက ပိုကောင်းသည်ဟု သူက နောက်ပိုင်းမှာ ကျွန်ုပ်တို့ကို ပြောပြခဲ့သည်)။ သို့ရာတွင် သန်းရွှေအဖို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ မကောင်းကြောင်း စကားစရန် အခွင့်အရေးယူခဲ့ပုံရပါ သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များက သန်းရွှေ သဘော ထားပြောင်းသွားပုံရသည်ဟု သူတို့ထင်ကြောင်း၊ ဆွေးနွေးပွဲလုပ်ရန် အသင့်ရှိသည်ဟု မျှော်လင့်ရကြောင်း ကျွန်ုပ်တို့ကို လည်းပြော၊ ထို့နောက် ဆီးနိတ်အမတ် ဝက်ဘ်ကိုလည်း ပြောခဲ့သည်။

မျှော်လင့်ချက်များ မြင့်မားနေသည်။
-------------------
၅။ (S) စစ်အစိုးရ၏ ကြံရွယ်ချက်များကို နောက်ထပ် ညွှန်ပြနေသည်မှာ အင်္ဂလိပ်သာသာနှင့်ရော မြန်မာဘာသာနှင့်ပါ ထုတ် ဝေသော အစိုးရ အာဘော်သတင်းစာ မြန်မာ့အလင်းပင် ဖြစ်သည်။ ထိုသတင်းစာ၏ ခေါင်းကြီးပိုင်းက ဆီးနိတ်အမတ် ဝက်ဘ်၏ အလည်အပတ် လာရောက်ခြင်းကို အောင်မြင်မှုအဖြစ် "ခရီးရှည်ကြီး၏ ပထမခြေလှမ်း" ဟူသော ခေါင်းစဉ် ဖြင့် သြဘာပေး ရေးသားခဲ့သည်။ မြန်မာနိုင်ငံ၏ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းရေးနှင့် နှစ်နိုင်ငံအကြား ကွဲလွဲမှုများ လျှော့ပါးရေး သဘောထားကြောင့် ဆီးနိတ်အမတ် ဝက်ဘ်နှင့် ထက်ထက်သန်သန် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ဆောင်းပါးက ဖေါ်ပြခဲ့သည်။ ဆီးနိတ်အမတ်၏ အလည်အပတ်ခရီးသည် "နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးအတွက် ပထမဆုံးခြေလှမ်း မိုင်ပေါင်း (၁,ဝဝဝ) ခရီး၏ ပထမဆုံး ခြေလှမ်း" ဖြစ်သည်ဟု နိဂုံးချုပ် ရေးသား ထားသည်။

၆။ (S) လောလောဆယ် မြန်မာအစိုးရပိုင်း ပုဂ္ဂိုလ်များထဲမှာရော၊ သာမန်ပြည်သူများထဲမှာပါ အားလုံးနီးပါးက ဆီးနိတ်အမတ်၏ တွေ့ဆုံ ဆွေးနွေးမှုများကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပို၍ အကောင်းဘက်သို့ ရှေ့ရှု လာမည်ဟု မျှော်လင့်နေကြသည်။ အလည်အပတ်ခရီး နောက်ပိုင်း အမျိုးသားနေ့ ဧည့်ခံပွဲ၌ သံတမန်အရာရှိများကို ဆုတောင်း ပေးသူများ ဝိုင်းဝိုင်းလည်နေခဲ့ကာ ဆက်ဆံရေးကောင်းမွန်လာရေးဆီ ရှေ့ရှုသော တိုးတက်မှုများအတွက် ကျေနပ်မိကြောင်း ဖေါ်ပြခဲ့ကြသည်။ ဤခရီးအကြောင်းသည် ရန်ကုန်တမြို့လုံး လက်ဖက်ရည်ဆိုင် စကား ဖြစ်လျက်ရှိကာ လူအတော်များများက နောင်ရေရှည်မှာ ဖြစ်လာနိုင်မည့် အလားအလာများကို တွက်ဆကြည့်နေကြ သည်။

၇။ XXXXXXXXXXXX

ကျွန်ုပ်တို့က ရှေ့တိုး၍ လက်ကမ်းခြင်း
------------
၈။ (S) ဗိုလ်ချုပ်များက သူတို့အဖို့ အရေးလည်းကြီး၊ ကျေအေးမှုလည်းရနိုင်သော ခြေလှမ်းကြီးတလှမ်းကို လှမ်းခဲ့ပြီ ဟု ယုံ ကြည်နေသည်မှာ သေချာပါသည်။ သန်းရွှေက အမေရိကန် အစိုးရပိုင်း ပုဂ္ဂိုလ်တဦးကို ပထမဦးဆုံး အကြိမ် တွေ့ဆုံ ခဲ့သည်။ (စစ်အစိုးရသည် နိုင်ငံအချင်းချင်း ဝါစဉ်အလိုက် ဆက်ဆံနေသော လောကမှာ ပြစရာ တခုရလာခြင်းကို အသုံး ချနေသည်ဖြစ်ရာ ဤကိစ္စသည် အထူးကြီးကျယ်သော ကိစ္စကြီးတခုဖြစ်သည်။ တရုတ်ပြည်က (နအဖ) အဖွဲ့ဝင်များကို ၎င်းတို့ အမျိုးသားနေ့ အခမ်းအနား တက်စေခြင်း၊ ကျွန်ုပ်တို့က နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများကို လက်ခံ တွေ့ဆုံခြင်းတို့ကို ကြည့်ပါ)။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ဒဏ်ခတ်ပိတ်ပင်မှုကို ရုပ်သိမ်းပေးပြီး နောက်ပိုင်း စစ် အစိုးရက ဆီးနိတ်အမတ် ဝက်ဘ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးခဲ့သည်။ (မှတ်ချက်- ကျွန်ုပ်တို့သိရ သလောက် ဆီးနိတ်အမတ် ဝက်ဘ်က ခရီးမသွားမီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန် တောင်းဆိုခဲ့ခြင်း မရှိ ချေ။ သို့ရာတွင် ဤသို့တောင်းဆိုလိမ့်မည်ဟု စစ်အစိုးရက ကြိုတွက်မိကာ ဝက်ဘ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ လိုခြင်း ရှိ- မရှိ မေးခဲ့သည်။ မှတ်ချက်-ဆုံး)။ ကျွန်ုပ်တို့က သိပ်အရေးမကြီးပါဟု အကြောင်းပြန်ခဲ့သည်။ သို့ရာတွင်အရေး ကြီးသည်ကတော့ အမှန်ပင်ဖြစ်သည်။ ချစ်ကြည်ရေး စိတ်ဓာတ်ကို ပြသောအားဖြင့် စစ်အစိုးရက အမေရိကန် အကျဉ်း သားတဦးကို ပြန်ပို့ပေးခဲ့သည်။

၉။ (S) ဗိုလ်ချုပ်ကြီးများက အမေရိကန်၏ တုံ့ပြန်မှုကို မျှော်လင့်နေပါလိမ့်မည်။ မကြာမီမှာ ပြန်ကြားပေးလိမ့်မည် ဟုလည်း မျှော်လင့်နေပုံရပါသည်။ လောလောဆယ် ကျွန်ုပ်တို့အနေနှင့် အမေရိကန်အစိုးရသည် CODEL ၏ ရလဒ်ပေါ်မှာ အခြေခံကာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒမှာ အကြီးအကျယ်ပြောင်းလဲမှုများ လုပ်သင့်သည်ဟု မယုံကြည်ကြပါ။ သို့ရာတွင် တိုက်ရိုက် ဆက်သွယ်မှု လုပ်ရန် မြန်မာနိုင်ငံ၏ ကမ်းလှမ်းချက်ကို လက်ခံပေးရေးအတွက် စဉ်းစားသင့်ကြောင်းနှင့် အချိန် ကြာလာသည်နှင့်အမျှ မည်သို့ဖြစ်လာနိုင်ဖွယ်ရှိသည်ကို စဉ်းစားသင့်ကြောင်း ကျွန်ုပ်တို့ ယုံကြည်မိသည်ကား အမှန်ပင် ဖြစ်ပါသည်။ ဤအခြေအနေ၌ ဝါရှင်တန်အနေနှင့် ထည့်သွင်းစဉ်းစားရန် အောက်ပါ အကြံပြုချက်များကို ကျွန်ုပ်တို့ ဖေါ်ပြ အပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးကို ၀ါရှင်တန်သို့ သွားခွင့်ပြုသင့်သည်။
-------------
၁ဝ။ (S) နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများက နိုင်ငံခြားရေး ဝန်ကြီး ဉာဏ်ဝင်းသည် (UNGA) အပြီး ဝါရှင်တန်ရှိ မြန်မာသံရုံး မွမ်းမံ ပြင်ဆင်နေသည်ကို သွားကြည့်လိုကြောင်း ဖေါ်ပြပြောဆိုခဲ့ကြသည်။ ဤကိစ္စ သည် အမေရိကန်အစိုးရဖေါ်ပြသော အတုံ့အပြန် ချစ်ကြည်ရေး အရိပ်လက္ခဏာတရပ်အဖြစ် မြင်နေပုံရပါသည်။ နိုင်ငံခြား ရေး ဝန်ကြီးက အစိုးရပိုင်း ပုဂ္ဂိုလ်များ အချင်းချင်း တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုလိုကြောင်း အရိပ်လက္ခဏာများကို ကျွန်ုပ်တို့ မတွေ့ရပါ။ မကြာမီက ဒေါ်အောင်ဆန်းစုကြည် အမှုစီရင်ချက်၏ ဂယက်ရိုက်ခတ်မှုများနှင့် (၂ဝဝ၇) စက်တင်ဘာ နှစ်ပတ်လည် ဖြစ်ရပ်များ၏ အဓိပ္ပာယ်လေးနက်မှုကို ကျွန်ုပ်တို့ သိရှိပါသည်။ သို့ရာတွင် Post နေထိုင်မည့် ကာလ၊ သို့မဟုတ် ဆက်ဆံမှုတို့နှင့်ဆိုင်သော ကြိုတင်စည်းကမ်း ကန့်သတ်ချက်များ ချမှတ်သည့်တိုင် ဝါရှင်တန်သို့ သွား ရောက်လည်ပတ်ခွင့်ကို အကြီးအကျယ် ထောက်ခံခဲ့သည်။

ဦးသောင်းနှင့် တွေ့ဆုံဆွေးနွေးမည့် နည်းလမ်းများကို ရှာသင့်သည်။
---------
၁၁။ (S) ဦးသောင်းနှင့် ပွဲဦးထွက် တွေ့ဆုံရေးအစီအစဉ်ချမှတ်ရေး၊ သူ၏ အခန်းကဏ္ဍ၊ သူ၏ အခွင့်အာဏာတို့ကို စုံစမ်း လေ့လာရေး၊ ထိပ်တန်းဗိုလ်ချုပ်များနှင့် သူ တွေ့ဆုံနိုင်မည့်အဆင့်တို့ကို သိရှိရေးအတွက် မကြာမီမှာ သူနှင့်တွေ့ဆုံ ဆွေးနွေး မည့် နည်းလမ်းများ ရှာသင့်ပါသည်။ သူ့ကို ယာယီတာဝန်ခံ (Charge) အဆင့်မှာ ထားလျက် ဝါရှင်တန်အခြေစိုက် အစိုးရပိုင်းပုဂ္ဂိုလ်တဦး နှင့် (DAS အဆင့်မှာ ဖြစ်ကောင်းဖြစ်မည်) တတိယနိုင်ငံ တနိုင်ငံမှာ ပွဲဦးထွက် တွေ့ဆုံပြီးနောက် သင့်တော်သော အဆင့်တဆင့်သို့ တက်လှမ်းသင့်သည်။ ဦးသောင်းကို ပြောကြားရာ၌ ဝန်ကြီးချုပ်တင်ပြသော မြောက်ကိုရီးယားပြဿနာ၊ စစ်သုံ့ပန်းနှင့် စစ်အတွင်း ပျောက်ဆုံးသူများ (POW/ MIA) ရုပ်ကြွင်းများ ရှာဖွေရေး ကဲ့သို့ ကိစ္စများ၌ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက်စလုံး အနိုင်-အနိုင်ဟု ယူဆရသော ကိစ္စများ ရှာဖွေဖော်ထုတ်ရေး အပါအဝင် ပြဿနာများကို ဖူးခက် (Phuket) ဆွေးနွေးပွဲများမှာ ဆွေးနွေးပြီး နောက် ဒေါ်အောင်ဆန်းစုကြည်၏ အဆင့်နေရာ သတ်မှတ်ရေးတွင် အမေရိကန်၏ ထောက်ခံမှုကို ထပ်လောင်း ပြော ကြားသင့်သည်။

စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်စေရေး တိုက်တွန်းသင့်သည်။
-----------------
၁၂။ (S) ဒေါ်အောင်ဆန်းစုကြည်မှာ ယခင်ထက်ပို၍ ရှင်းရှင်းလင်းလင်း မြင်ထားပုံမရချေ။ သူ၏ ထိပ်တန်းဦးစားပေး လုပ်ငန်း သည် ကြိုတင် စည်းကမ်း သတ်မှတ်ချက် မပါဘဲ စစ်အစိုးရနှင့် တိုက်ရိုက်ဆွေးနွေးမှုများ စတင်ရန်ဖြစ်သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ပါတီ၏ ခိုင်မာပြတ်သားမှုလည်းရှိ ပျော့ပြောင်းမှုလည်းရှိသော ရပ်တည်ချက်ကိုလည်း ကောင်း၊ ဒဏ်ခတ်မှုများ (ရည်ညွှန်းချက် ဃ) အပါအဝင် ကိစ္စရပ်များတွင် စစ်အစိုးရနှင့် ဘုံရပ်တည်ချက် ပူးပေါင်းရှာလို သော ဆန္ဒကိုလည်းကောင်း အလေးထား ဖော်ပြခဲ့သည်။ -------။ ကျွန်ုပ်တို့က ဤအချက်များနှင့်ပတ်သက်၍ အကြံပြုစာ တစောင်ကို အောင်ကြည်ထံ ယာယီတာဝန်ခံမှနေ၍ ပေးပို့ခဲ့သည်။ ဆီးနိတ် အမတ် ဝက်ဘ်နှင့် ညှိနှိုင်းကာ သူ၏ ရပ် တည်ချက်ကို ကမ္ဘာက ရှင်းရှင်းလင်းလင်း သိစေရန်နှင့် သူသည် တင်းမာပြီး အလျှော့ပေးခြင်း မရှိဟူသော စစ်အစိုးရ၏ အာဘော်ကိုလည်း ချေဖျက်ရန် သူ့ပြောစကား အချို့ကို အများသိအောင် ထုတ်ဖော်ပေးသင့်သည်။ အပြင်မှ မြန်မာနိုင်ငံ လာရောက်သူများ တိုင်းပြည်အခြေအနေကို မျှမျှတတ မြင်တတ်အောင် ကြိုးစားနေသရွေ့ ထိုသူတို့ အလည်အပတ်လာသည်ကို သူက ထောက်ခံအားပေးကြောင်း၊ စစ်အစိုးရနှင့် တွေ့ဆုံသည်ကိုပင် ထောက်ခံအားပေးကြောင်းကိုလည်း အများသိအောင် ဆောင်ရွက်ပေးသင့်ပါသည်။

အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းခြင်း
---------------
၁၃။ (S) ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ချုပ်ကာလသည် ဥပဒေအရဆိုလျှင် သိပ်မကျန်တော့ချေ။ သို့ရာတွင် လက်တွေ့မှာ မည်သို့ ဖြစ်လာမည် မသေချာချေ။ ကျွန်ုပ်တို့သည် ဒေါ်အောင်ဆန်းစုကြည်ကို (အခြားသော နိုင်ငံရေးအကျဉ်းသား များနှင့်အတူ) လွှတ်ပေးရန် တလျှောက်လုံး တောင်းဆိုလာခဲ့ရာ လောလောဆယ်မှာ သူ့ကို သူ့ပါတီဝင်များ၊ အပြင်မှ အလည်အပတ်လာရောက်သူများနှင့် တွေ့ဆုံခွင့်ပေးရန်လည်း စစ်အစိုးရကို တိုက်တွန်းသင့်ပါသည်။ ဆီးနိတ် အမတ် ဝက်ဘ်နှင့်တွေ့ဆုံသော အခါများ၌ သူသည် သူ့ လွတ်မြောက်ရေးကိစ္စကို ပြောဆိုခဲ့ဖူးခြင်း မရှိချေ။ သို့ရာတွင် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပါတီ ရပ်တည်ချက်အကြောင်း ဆွေးနွေးမှုများ အပါအဝင် NLD နှင့် ဆွေးနွေးမှုများ လုပ်ရန်လိုအပ်ကြောင်း အလေးထားပြောခဲ့သည်။ သူ့အရိပ်အကဲကို ကြည့်ကာ သူ့ကို ဧည်သည့်များ နှင့် ပုံမှန်ဆိုသလို အနှောင့်အယှက်ကင်းစွာ တွေ့ခွင့်ပေးရန် စစ်အစိုးရကို တိုက်တွန်းသင့်ပါသည်။ တကယ်တမ်း စစ်အစိုးရဘက်က သူ့ကို အိမ်ချုပ်ချထားရာ၌ သတ်မှတ်ထားသော ချုပ်ချယ်မှုများကို လျှော့ပေးပြီး သူနှင့် အဓိပ္ပာယ်ရှိ သော ဆွေးနွေးပွဲလုပ်မည်ဆိုလျှင် ကျွန်ုပ်တို့ဘက်က မည်သို့ တုံ့ပြန်သင့်သည်ကိုလည်း စဉ်းစားသင့်ပါသည်။ အလုပ် အမှုဆောင် အဖွဲ့ဝင်များကပင်လျှင် ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ် ကျနေစဉ်မှာ စစ်အစိုးရနှင့် ဆွေးနွေးပွဲဖြစ်မြောက်ပြီး တိုးတက်မှုများ ရလာနိုင်ဖွယ်ရှိသည် ဆိုနေကြသည်။

၁၄။ (S) ဆီးနိတ်အမတ်ဝက်ဘ်၏ အလည်အပတ်ခရီးအပြီး နောက်ဆက်တွဲအနေနှင့် သံရုံးအဆင့်က ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံခွင့်ရရန် ကြိုးစားကာ NLD နှင့် စစ်အစိုးရတို့ ကြိတ်ဝိုင်း ဆွေးနွေးပွဲကို တိုးတက်လာအောင် အမေရိကန် ဘက်က အကောင်းဆုံး ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းကို စုံစမ်းမေးမြန်းသင့်ပါသည်။ အကယ်၍ ကျွန်ုပ်တို့ ကြိုးပမ်း မှု အောင်မြင်ပါက ဝါရှင်တန်အခြေစိုက် အစိုးရပိုင်း ပုဂ္ဂိုလ်တဦးကို သွားရောက်တွေ့ဆုံရန် ဖြစ်နိုင်ပါလိမ့်မည်။ Post ဆီသို့ ပုံမှန်သွား ရောက်နေကျအတိုင်း သွားရင်းလည်း တွေ့ဆုံနိုင်မည် ဖြစ်ပါသည်။ အခြားသံတမန်အဖွဲ့များကလည်း ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ခွင့်တောင်းရန် စဉ်းစားကာ ကျွန်ုပ်တို့နှင့် ညှိနှိုင်းလျက် ရှိပါသည်။

ကျွန်ုပ်တို့ လက်တွေ့ ကျရမည်၊ ဆွေးနွေးပွဲ ဆက်လုပ်နေရမည်။
--------------------
၁၅။ (S) ဆီးနိတ်အမတ် ဝက်ဘ်နှင့် တွေ့ဆုံဆွေးနွေးမှု တလျှောက်လုံးမှာ အောင်ဆန်းစုကြည်က "ကျမတို့မှာ ရည်မှန်းချက်တွေ အတိအကျ ရှိပါတယ်။ လိုအင်ဆန္ဒတွေလဲ အတိအကျရှိပါတယ်။ ဒါပေမဲ့ ကျမတို့က လက်တွေ့လုပ်သူတွေ ဖြစ်ပါတယ်။ ကျမတို့ ဖြေရှင်းနည်းတခုကို လိုချင်ပါတယ်" ဟု သူ၏ လက်တွေ့လုပ်လိုသော စိတ်ဓာတ်ကို အလေးထား ပြောကြားခဲ့သည်။ စစ်အစိုးရနှင့် ကြိုတင် စည်းကမ်းသတ်မှတ်ချက် မပါဘဲ ဆွေးနွေးလိုသည် ဟုလည်း သူက အလေးထား ပြောကြားခဲ့ပါသည်။ ၂ဝဝ၇ အတွင်းက အောင်ကြည်ကို "ဆွေးနွေးပွဲကို ရပ်မပစ်ပါဘူးလို့ သဘောတူထားကြရအောင်၊ ဆွေးနွေးရာမှာတော့ တဆင့်ပြီး တဆင့် ဆွေးနွေးသွားကြပါစို့" ဟု ပြောခဲ့ကြောင်း ဆီးနိတ် အမတ်ဝက်ဘ်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောခဲ့သည်။ ကျွန်ုပ်တို့၏ အမြင်အရဆိုလျှင် အမေရိကန် အစိုးရအနေ နှင့် ပြဿနာများကို တဆင့်ပြီးတဆင့် ရှင်းသွားရင်း ဆွေးနွေးပွဲများဆက်လုပ်သွားကာ ဤရည်မှန်းချက် ပေါက်မြောက် အောင် ကြိုးပမ်းသွားသင့်ပါသည်။ စစ်အစိုးရ၏ ယခုကမ်းလှမ်းချက်များကို တုံ့ပြန်ခြင်းဖြင့် ဤလုပ်ငန်းကို စနိုင်မည်ဟု ကျွန်ုပ်တို့ မြင်ပါသည်။


VAJDARest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, December 30, 2010

Culture Unplugged Video

ဗမာတွေမိရင် ကရင်ဘဲ ဖြစ်ဖြစ် တိုင်းရင်းသားတွေ လည်ပင်း ၀ါးကြောနဲ့ လှီးတာလည်း မပြောနဲ့  စစ်ခွေးတွေက ဒီလောက်ရက်စက်ထားလို့ ။

အပြည့်အစုံသတင်းဖတ်ရန်....

နိုင်ငံရေးအကျဉ်းသား မိသားစုတွေ ကူညီထောက်ပံ့ဖို့ ဈေးရောင်းပွဲ NLD လုပ်မည် By Yeyint Nge

by Yeyint Nge on Wednesday, December 29, 2010 at 3:11pm 2010-12-29
ဇန္န၀ါရီလ ၄ ရက်နေ့ မှာ ကျင်းပမဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  လွတ်လပ်ရေးနေ့ အခမ်းအနားမှာ နိုင်ငံရေး အကျဉ်းသားတွေ အတွက် ရံပုံငွေ ရှာဖွေပွဲ ကျင်းပပြုလုပ်ဖို့  စီစဉ် ဆောင်ရွက်နေကြောင်း သတင်းရရှိပါတယ်။

လွတ်လပ်ရေးနေ့ အခမ်းအနားကို ယခင်နှစ်တွေနဲ့ မတူဘဲ ထူးခြားစွာ ကျင်းပရာမှာ ဈေးရောင်းပွဲတော် ပါဝင်မှာ ဖြစ်ကြောင်း၊ ဇန္န၀ါရီလ ၂ ရက် နဲ့  ၃ ရက်နေ့  အဖွဲ့ ချုပ်ရုံးရှေ့ မှာ NLD အဖွဲ့ ဝင်တွေက ဈေးရောင်းပွဲ ကျင်းပပြီး နိုင်ငံရေး အကျဉ်းသားတွေကို ကူညီထောက်ပံ့ဖို့  ဆောင်ရွက်မဲ့အကြောင်း၊ နိုင်ငံရေး အကျဉ်းသားများရဲ့ မိသားစုဝင်တွေကို ပေးအပ်မှာ ဖြစ်ကြောင်း NLD ဗဟိုအလုပ် အမှုဆောင် အဖွဲ့ ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။ NLD အဖွဲ့ ဝင်တွေရဲ့  ရံပုံငွေဈေးရောင်းပွဲမှာ NLD တံဆိပ်ပါ အ၀တ်အထည်တွေနဲ့  အမှတ်တရ လက်ဆောင် ပစ္စည်းတွေ၊ အစားအစာ နဲ့  အခြား လူသုံးကုန်တွေကို ရောင်းချပြီး ရရှိတဲ့ ရံပုံငွေကို လူမှု အထောက်အကူပြု အဖွဲ့ကို ပေးအပ်မယ်လို့ ဆိုပါတယ်။ အဲဒီ ဈေးရောင်းပွဲကို မနက် ၈ နာရီမှာ စတင်မယ်လို့ သိရပါတယ်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ရက်စက်လိုက်ကြတာ

ကလေးစစ်သားဘ၀ကနေ တပ်ပြေးအဖြစ်နဲ့ အဖမ်းခံရသူ ဖမ်းဆီးခံရစဉ် သေဆုံး 2010-12-29
ဧရာဝတီတိုင်း ကျုံပျော်မြို့ နယ်က ကလေးစစ်သား ဖြစ်ခဲ့တဲ့ မောင်ချစ်စမ်းမောင် (ခေါ်) ဆနေဝင်းထွန်း ကို စစ်တပ် အရာရှိတွေက စစ်ပြေးမှုနဲ့ ဖမ်းသွားပြီးတဲ့နောက် သေဆုံးသွားတဲ့ အတွက် ILO ကမ္ဘာ့  အလုပ်သမား အဖွဲ့ ချုပ်ကို တိုင်ကြား ထားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့  အစ်မတော်ဖြစ်တဲ့ သီလရှင် ဆရာလေး ဒေါ်ကုမ္မာစာရီက RFA ကို အခုလို ပြောပါတယ်။

"ပြန်ပြေးလာတော့ ခြေထောက်တွေမှာ ညိုမဲနေတာဘဲ။ ခြေထောက်တွေရော၊ ပေါင်တွေရောပေါ့နော်။ တအား ညှင်းပန်းနှိပ်စက်လို့ ဆိုပြီးတော့ ပြန်ပြေးလာခဲ့တယ်။

၂ ရက် ၉ လ ၂၀၁၀ မှာ ဆုံးသွားတယ်လို့ ရွာက ရရက က မြို့ကို သွားရင်းနဲ့ ကြားလာခဲ့တာပေါ့နော်။"

မောင်ချစ်စမ်းမောင်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်- သူအသက် (၁၅) နှစ်အရွယ်မှာ နေအိမ်ကနေ ပျောက်သွားပြီး၊ ၅ လလောက်အကြာမှာ စစ်ဝတ်စစ်စားနဲ့  ပြန်ရောက်လာတယ်လို့  ဒေါ်ကုမ္မာစာရီက ပြောပါတယ်။

အဲဒီနောက် မိဘတွေနဲ့ လယ်ယာ လုပ်ကိုင်စားသောက် နေထိုင်ရင်း ဒီနှစ်ထဲမှာမှ စစ်ပြေးမှုနဲ့ အဖမ်းခံလိုက်ရတာပါ။

အဖမ်းခံရပြီး ရက်ပိုင်းမှာပဲ ညှင်းပမ်း နှိပ်စက်ခံရတဲ့အတွက် သေဆုံးသွားတာ ဖြစ်သလို၊ အလောင်းကိုလဲ မိသားစုဝင်တွေ ပြန်မရဘူးလို့  ဆိုပါတယ်။ ဒါကြောင့် ဒီအမှုကိုအရေးယူဆောင်ရွက်ပေးဖို့ ရန်ကုန်မြို့ က ILO ရုံးမှာတိုင်ကြားထားတာဖြစ်တယ်လို့  ကလေး စစ်သားပပျောက်ရေး လိုက်လံ ဆောင်ရွက်နေတဲ့ NLD အဖွဲ့ ဝင် ဦးသက်ဝေက RFA ကို ပြောပါတယ်။

"ဒီသေမှု သေခင်းနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့သူတွေ၊ စစ်တပ်ကဘဲ ဖြစ်ဖြစ် ဘယ်သူမဆိုပေါ့ဗျာ။ ဥပဒေ ချိုးဖောက်တယ်ဆိုရင်တော့ အရေးယူကို ယူသင့်တယ်။ ဒါမှဘဲ ဒီတိုင်းပြည်က တရားဥပဒေ စိုးမိုးမှု ရှိမှာပေါ့။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကို တိုင်မှာ ဖြစ်သလို၊ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီး ဥပဒေအရ ဆောင်ရွက်သွားဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။"

မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေကို စစ်တပ်က အတင်းအဓမ္မ စစ်သား စုဆောင်း နေတာတွေ၊ တချို့ လူတွေက စစ်တပ်က ဆုငွေရဖို့ ကလေးတွေကို သွေးဆောင် ဖျားယောင်း ခေါ်သွားပြီး စစ်တပ်ထဲ ထည့်လိုက်တဲ့ အဖြစ်အပျက်တွေလည်း ရှိတယ်လို့ လူ့အခွင့်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။

စစ်ပြေးမှုနဲ့ အဖမ်းခံရပြီး သေဆုံးသွားတဲ့ ဧရာဝတီတိုင်း ကျုံပျော်မြို့ နယ်က ကလေးစစ်သား မောင်ချစ်စမ်းမောင်ရဲ့ အစ်မဖြစ်သူ ဆရာလေး ဒေါ်ကုမ္မာစာရီကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာနယ်စပ်သို့် တရုတ်တိုက်ခိုက်ရေးတပ်ဖွဲ့၏ စစ်စခန်းများ အမြန်တည်ဆောက်နေ

Wednesday, 29 December 2010 10:16 KNG
တရုတ်အစိုးရသည် မြန်မာပြည်နှင့် နယ်နမိတ်ချင်းဆက်စပ်သည့် ၎င်း၏ယူနန်ပြည်နယ်၊ မန်ဟိုင်းမြို့တွင် ယခင် နယ်ခြားစောင့်တပ်များသာထားရှိခဲ့ရာမှ ယခု တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (People’s Liberation Army) ၏ စစ်စခန်းများ အမြန်တည်ဆောက်နေပါသည်။

ယခုချိန် ဆောက်လုပ်ခြင်းပြီးစီးတော့မည့် ထို မန်ဟိုင်း တရုတ်တိုက်ခိုက်ရေးစစ်စခန်းသည် မြန်မာဘက်ခြမ်း ရှမ်းပြည်နယ် မြောက်ပိုင်း မုံဂိုးမြို့နှင့် တစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။
မြန်မာနယ်စပ် မုံဂိုးမှ တစ်မိုင်ခန့်အကွာတွင် အမြန်ဆောက်လုပ်နေတဲ့ တရုတ် PLA တပ်စခန်း။ ဓါတ်ပုံ-ကချင်သတင်းဌာန
စစ်စခန်းတွင် (၄) ထပ်တိုက်ဆောင်တစ်ခုနှင့် ၎င်း၏အနီးတ၀ိုက်တွင် တိုက်ငယ် အဆောင်များစွာကိုလည်း တည်ဆောက်နေကြောင်း ဒေသခံမျက်မြင်သက်သေများ ကချင်သတင်းဌာနသို့ ပြောပါသည်။

မုံဂိုးမြို့ခံတစ်ဦးက “အရင်က အဲတာတွေမရှိဘူး။ ခုတော့ မန်ဟိုင်း တိုက်ဆောက်တာ ပြီးတော့မယ်။ အဲတာပြီးတာနဲ့တော့ စစ်တပ်တွေ ဆင်းလာမယ်လို့ပြောတယ်။ သူတို့နှစ်သစ်ကူးပြီးရင်။” ဟု ပြောသည်။

၎င်းစစ်စခန်းအား ဆောက်လုပ်ပြီးပြီးချင်း PLA တိုက်ခိုက်ရေးတပ် တပ်ရင်းတစ်ရင်း အခြေစိုက်မည်ဖြစ်ကြောင်း နယ်စပ် တရုတ်စစ်တပ်နှင့်နီးစပ်သည့် သတင်းရပ်ကွက်က ဆိုပါသည်။

နှစ်နိုင်ငံနယ်စပ်တွင် တရုတ်စစ်တပ်စခန်း အမြန်ပြီးစီးအောင်တည်ဆောက်နေခြင်းအား “အရင်က အဲ့မှာ စစ်တပ် မထားရဘူး။ နယ်ခြားစောင့်တပ်ပဲရှိတာ အခုအဲမှာ စစ်တပ်ကိုယ်၌လာထိုင်မယ်ဆိုတော့ တစ်ခုက မြန်မာစစ်တပ်ကို မယုံလို့ဖြစ်နိုင်တယ်။ တစ်ခုကတော့ ဒီ တော်လှန်ရေးအဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့ အချိန်ပြည့် စောင့်ကြည့်ဖို့အတွက် ထားရှိတာဖြစ်မယ်။” ဟု ဒေသခံမှ သုံးသပ်ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လမှ စစ်စခန်းအား အမြန်ပြီးအောင် နေ့ည မရပ်မနား တည်ဆောက်နေကြောင်းကိုလည်း ဒေသခံမျက်မြင်သက်သေများပြောပါသည်။ စစ်စခန်းဆောက်လုပ်နေခြင်းအား မည်သူမှ ဓါတ်ပုံရိုက်ယူခြင်း မပြုနိုင်အောင် တရုတ်စစ်သားများ စောင့်ကြပ်နေကြောင်း စုံစမ်းသိရှိရပါသည်။

နှစ်နိုင်ငံနယ်စပ်ပြဿနာနှင့်ဆက်စပ်ပြီး တရုတ်-မြန်မာစစ်ပွဲများ ပြီးခဲ့သည့် ၁၉၄၉ မှ ၁၉၈၈ နှစ်အတွင်း ဖြစ်ပေါ်ခဲ့သည်။

ယခုတဖန် မြန်မာစစ်အစိုးရသည် တရုတ်၏မဟာပြိုင်ဘက် အမေရိကန်အစိုးရနှင့် ပိုမိုဆက်သွယ်လာခြင်းကြောင့် တရုတ်-မြန်မာအရေးအခင်း တဖန်ဖြစ်လာနိုင်ပါသည်။ သို့သော်လည်း တရုတ်ဘက်က များစွာစိုးရိမ်ခြင်း မရှိကြောင်းသိရသည်။

manghai
အကြောင်းရင်းကတော့ စစ်ရေးအတွေ့အကြုံရှိပြီး အသက်အရွယ်ငယ်သေးသည့် တရုတ်စစ်သားဟောင်း ၂ သိန်းကျော်သည် မြန်ပြည်အတွင်း (အထူးသဖြင့်အောက်မြန်မာပြည်) ပြီးခဲ့သည့် ၄ နှစ်ကတည်းက စီးပွါးရေးခေါင်းစဉ်အမျိုးမျိုးသပ်ကာ ရောက်ရှိနေခြင်းကြောင့်ဖြစ်ကြောင်း နယ်စပ် တရုတ်အာဏာပိုင်များနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ဆိုပါသည်။

နယ်စပ်ရှိ တရုတ်နိုင်ငံရေးလေ့လာသူတစ်ဦးကလည်း “တရုတ်အစိုးရဟာ ၎င်း၏မြန်မာပြည်ရှိ ကြီးမားတဲ့ရင်းနှီးမြှပ်နှံမှု ရှူံးဆုံးသွားခြင်းထက်၊ မြန်မာပြည်သို့ အမေရိကန် ၀င်လာမည့်အရေးကို အစိုးရိမ်ဆုံးဖြစ်တယ်။” ဟု ပြောသည်။

ယခုလို မြန်မာနယ်စပ်ဘက်သို့ တရုတ်တိုက်ခိုက်ရေးတပ်များ ထားရှိရန်ပြင်နေခြင်းသည် မြန်မာစစ်ခေါင်းဆောင်များ နှင့် အမေရိကန်အရာရှိများကြား ပိုမိုတွေ့ဆုံလာခြင်းပေါ် တရုတ်၏တုံ့ပြန်မှုတစ်ခုဖြစ်နိုင်ကြောင်း နယ်စပ် နိုင်ငံရေး လေ့လာသူများ သုံးသပ်ကြပါသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မီးစက် ကငါတို့ ရွာ မီးလာတာ တရုပ်မြို့  (စစ်အာဏာရှင်တွေ မျဉ်းမျဉ်းပြီး ရက်စက်လိုက်ကြတာ)

ရွှေလီမြန်မာကနေ လျှပ်စစ်ဓာတ်အား နာရီဝပ် သန်း ၃ ထရီလီယံ တရုတ် တင်သွင်းခဲ့ 2010-12-29
တရုတ်အစိုးရပိုင် တောင်ပိုင်းပြည်နယ်များ စွမ်းအင်ကုမ္ပဏီရဲ့ ယူနန်ပြည်နယ် လုပ်ငန်းခွဲဟာ ၂၀၁၀ ပြည့်နှစ် ပထမ ၁၁ လ အတွင်း မြန်မာနိုင်ငံက ရွှေလီ မြန်မာရေအား လျှပ်စစ်ဓာတ်အား စက်ရုံ အမှတ် ၁ ကနေ နာရီဝပ် သန်းပေါင်း ၃ ထရီလီယံ တင်သွင်းခဲ့တယ်လို့ ကုမ္ပဏီရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

အခုလို မြန်မာဖက်က လျှပ်စစ်ဓာတ်အား အမြောက်အများ တင်သွင်းခဲ့တဲ့ အတွက် တရုတ်နိုင်ငံဖက်မှာ ကျောက်မီးသွေး တန်ချိန် ၂ သန်း အကုန်ကျ သက်သာခဲ့ပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မယ့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှင့်မှု တန်ချိန် ၂ သန်း ၅ သိန်းကျော် လျှော့ချနိုင်ခဲ့တယ် လို့လည်း ကြေငြာချက်မှာ ဖော်ပြ ထားပါတယ်။ ယူနန်ပြည်နယ် စွမ်းအင်ကုမ္ပဏီခွဲဟာ တရုတ်ပြည်ရဲ့ စွမ်းအင် လိုအပ်ချက် ဖြည့်ဆည်းရေး အတွက် မြန်မာ အပါအ၀င် မဲခေါင်မြစ်ဝှမ်း နိုင်ငံတွေက စွမ်းအင်တွေ ရရှိဖို့ မဟာဗျူဟာမြောက် လုပ်ဆောင်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ရွှေလီမြန်မာရေအား လျှပ်စစ်စက်ရုံဟာ မြန်မာနိုင်ငံမှာ တရုတ် အစိုးရ ကိုယ်တိုင် အကုန်ကျခံ တည်ဆောက် လည်ပတ်ပြီး ကိုယ်တိုင် တရုတ်ပြည်ကို ပြန်လည်တင်ပို့တဲ့ တရုတ် ရင်းနှီးမြုပ်နှံမှုတွေထဲမှာ အကြီးဆုံး လုပ်ငန်း ဖြစ်တယ်လို့ သိရပါတယ်။ နှစ်စဉ် လျှပ်စစ် စွမ်းအင် နာရီသန်း ၄ ထောင်အထိ ထုတ်လုပ်နိုင်ပြီး ၂၀၀၈ ခုနှစ် ဒီဇင်ဘာလကစပြီး စက်ရုံက ဓာတ်အားခွဲရုံ ၃ ရုံကနေ လစဉ် လျှပ်စစ် စွမ်းအင် နာရီဝပ် သန်းပေါင်း ၁၄၀ ထုတ်လုပ် နိုင်တယ်လို့ သိရပါတယ်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

သူခိုးကြီးများတို့ ရဲ့ ဆွေးနွေးပွဲ

တရုတ်နှင့်မြန်မာ စစ်အရာရှိများ နယ်ခြားလုံခြုံရေး ဆွေးနွေးပွဲ ယနေ့စတင်
Wednesday, 29 December 2010 18:10 သျှမ်းသံတော်ဆင့် .တရုတ်နှင့်မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသမှ စစ်ဘက် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်သည့် နယ်ခြားဒေသကာကွယ် ရေးဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှစ၍ ယူနန်ပြည်နယ် တယ်ဟုန်တိုင်းမြို့တော် မန်စီမြို့၌ (၂) ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက်ရှိ စစ်ဘက်ကိုယ်စားလှယ် အဖွဲ့ (၆)ဖွဲ့တို့ ၃ လတစ်ကြိမ် ပုံမှန်တွေ့ဆုံသည့် ၂၉ ကြိမ် မြောက် ဆွေးနွေးပွဲ ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာစစ်တပ်မှ သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်မြို့ အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုး ကျော်သူ ဦးစီးသည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြောင်း မြန်မာစစ်တပ်အသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကွတ်ခိုင်ဗျူဟာမှူးပေါ့ ဒီမနက် ၇ နာရီကပဲ မူစယ်ကနေ သွားလိုက်ပြီ တရုတ်ပြည် မန်စီမြို့မှာဆွေးနွေးကြမယ် ” ဟု နီးစပ်သူက ပြောသည်။

နှစ်နိုင်ငံနယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသည့် လောင်းကစားကိစ္စ ၊ မူးယစ်ဆေးဝါးကိစ္စ ၊ တရားမ၀င်မှောင်ခိုပစ္စည်း တင် သွင်းမှု ကိစ္စများအပါအ၀င် ဒေသတွင်းလုံခြုံရေးဆိုင်ရာများကို အဓိကထားဆွေးနွေးမည်ဖြစ်ကြောင်း သိရသည် ။

“တစ်ဘက်နဲ့တစ်ဘက် ဖြစ်ပေါ်နေတဲ့ကိစ္စတွေကို အပြန်အလှန်ဖလှယ်ကြတာပါပဲ မြန်မာဘက်မှာဆို လောင်းကစားကိစ္စ ၊ မူးယစ်ဆေးဝါးကိစ္စတွေရှိတယ် သောင်းကျန်းသူ ကိစ္စတွေ တရားမ၀င် တင်သွင်းတဲ့ သစ်တို့လို မှောင်ခိုကိစ္စတွေ ဒါတွေကို ညှိနိုင်းဆွေးနွေးကြတာပါ ” လို့ သူက ဆိုသည်။

ထို့အပြင် မကြာမီ တရုတ်နယ်စပ် ရွေလီမြို့မှ တဆင့် မြန်မာဘက်သို့ ဖေါက်လုပ်မည့် ရထားလမ်း စီမံကိန်း ၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းများ ရှိနေရာ အဆိုပါကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။
http://www.mongloi.org/burmese/index.php?option=com_content&view=article&id=1424:2010-12-29-11-11-29&catid=85:2008-08-01-03-14-40&Itemid=265

အပြည့်အစုံသတင်းဖတ်ရန်....

ကိုယ့်ဘက်ကျ အမှောင်..သူတို့ ဘက်ကျ အလင်းရောင်

ရွှေလီမြန်မာကနေ လျှပ်စစ်ဓာတ်အား နာရီဝပ် သန်း ၃ ထရီလီယံ တရုတ် တင်သွင်းခဲ့

2010-12-29

တရုတ်အစိုးရပိုင် တောင်ပိုင်းပြည်နယ်များ စွမ်းအင်ကုမ္ပဏီရဲ့ ယူနန်ပြည်နယ် လုပ်ငန်းခွဲဟာ ၂၀၁၀ ပြည့်နှစ် ပထမ ၁၁ လ အတွင်း မြန်မာနိုင်ငံက ရွှေလီ မြန်မာရေအား လျှပ်စစ်ဓာတ်အား စက်ရုံ အမှတ် ၁ ကနေ နာရီဝပ် သန်းပေါင်း ၃ ထရီလီယံ တင်သွင်းခဲ့တယ်လို့ ကုမ္ပဏီရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

အခုလို မြန်မာဖက်က လျှပ်စစ်ဓာတ်အား အမြောက်အများ တင်သွင်းခဲ့တဲ့ အတွက် တရုတ်နိုင်ငံဖက်မှာ ကျောက်မီးသွေး တန်ချိန် ၂ သန်း အကုန်ကျ သက်သာခဲ့ပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မယ့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှင့်မှု တန်ချိန် ၂ သန်း ၅ သိန်းကျော် လျှော့ချနိုင်ခဲ့တယ် လို့လည်း ကြေငြာချက်မှာ ဖော်ပြ ထားပါတယ်။ ယူနန်ပြည်နယ် စွမ်းအင်ကုမ္ပဏီခွဲဟာ တရုတ်ပြည်ရဲ့ စွမ်းအင် လိုအပ်ချက် ဖြည့်ဆည်းရေး အတွက် မြန်မာ အပါအ၀င် မဲခေါင်မြစ်ဝှမ်း နိုင်ငံတွေက စွမ်းအင်တွေ ရရှိဖို့ မဟာဗျူဟာမြောက် လုပ်ဆောင်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ရွှေလီမြန်မာရေအား လျှပ်စစ်စက်ရုံဟာ မြန်မာနိုင်ငံမှာ တရုတ် အစိုးရ ကိုယ်တိုင် အကုန်ကျခံ တည်ဆောက် လည်ပတ်ပြီး ကိုယ်တိုင် တရုတ်ပြည်ကို ပြန်လည်တင်ပို့တဲ့ တရုတ် ရင်းနှီးမြုပ်နှံမှုတွေထဲမှာ အကြီးဆုံး လုပ်ငန်း ဖြစ်တယ်လို့ သိရပါတယ်။ နှစ်စဉ် လျှပ်စစ် စွမ်းအင် နာရီသန်း ၄ ထောင်အထိ ထုတ်လုပ်နိုင်ပြီး ၂၀၀၈ ခုနှစ် ဒီဇင်ဘာလကစပြီး စက်ရုံက ဓာတ်အားခွဲရုံ ၃ ရုံကနေ လစဉ် လျှပ်စစ် စွမ်းအင် နာရီဝပ် သန်းပေါင်း ၁၄၀ ထုတ်လုပ် နိုင်တယ်လို့ သိရပါတယ်။

http://www.rfa.org/burmese/news/china_imports_hydro_power-12292010160054.html

အပြည့်အစုံသတင်းဖတ်ရန်....

ငတုံးကြီးများရဲ့ တိုင်းပြည် (ကဗျာရှင် မသဒ္ဒါ )

မိုက်သလားနဲ့ တော့ မင်းမမေးနဲ့ 
သူတို့ က ပုဇွန် ဦးဏှောက်
အနှစ်မရှိတဲ့တောက ကြက်ဆူ
သန်းရွှေဆိုတာ..ငဒူ ပေါ့

ပိန်း သလားတော့ မင်းမမေးနဲ့ 
သူတို့ က ခေါင်းပေါ်ခြေပေါက်
ပညာမရှိတဲ့တောသား အူတူတူ
သန်းရွှေဆိုတာ..သေနေတဲ့လူပေါ့

ရက်စက်သလားတော့ မင်းမမေးနဲ့ 
သူတို့ က ငရဲမကြောက်
ဂရုဏာမရှိတဲ့တောသား ဘယ်သူဘဲ သေသေ
သန်းရွှေဆိုတာ..မာချင်သော ငတေ

တုံးသလားတော့ မင်းမမေးနဲ့ 
သူတို့ က ကျည်ပွေ့အတက် မပေါက်
တော်သူကို မနာလို တိုရှည်
သန်းရွှေဆိုတာ..ဝေလေလေ

ရူးသလားတော့ မင်းမမေးနဲ့ 
တော၏အလည် မြို့ ဆောက်
တမျိုးလုံး ဂုဏ်မာန ရစ်မူး
သန်းရွှေဆိုတာ.. ဘုရင်ရူး ဘိုးတော်ရုး

ဖျင်းသလားတော့ မင်းမမေးနဲ့ 
ရှိသမျှ သယံဇာတ ပေါချောင်ဈေးနဲ့ 
အိုးသွန်ဖာမှောက်
သန်းရွှေဟူသည်.တရုတ်၏ကျွန်သဘောက်

ညံ့သလားတော့ မင်းမမေးနဲ့ 
မြစ်မတွေ ဆည်ဆောက်
ကွန်ကရိ လမ်းဖောက်
ကျွန်းတောတွေ ခမ်းခြောက်
သန်းရွှေဆိုတာ တနပ်စား ငကြောက်

ဖြုန်းသလားတော့ မင်းမမေးနဲ့ 
တိုင်းပြည်ဘဏ္ဍာ ခိုးဖွက်
နျူကရီယား ဆောင်းအိမ်မက်
လက်နက်ဝယ်ယူ မီးကျိုးမောင်းပျက်
သန်းရွှေလုပ်ရပ်က တိုင်းပြည်ဖျက်

ကန်းသလား မင်းမမေးနဲ့ 
လူဖျင်း လူယုတ် တပည့်မွေး
အမြှောက်အပင့် ကိုယ်ရည်သွေး
ဘာအရည်အချင်းမှ ပြောရန်မရှိ
သန်းရွှေ အရည်အချင်း ပလာနတ္တိ

မှန်းသလား မင်းမမေးနဲ့ 
မြေးကို နန်းပေး
ဘော်လုံးအသင်းကို ငွေပေး
တောသားရဲဆွဲထုတ်
သန်းရွှေ သည်အာဏာရှင်အစုတ်

ပဲများသလားတော့ မင်းမမေးနဲ့ 
အဖေက အာစီယံဆွေးနွေးပွဲ သတင်းပေးစပိုင်
သန်းရွှေသမီးမ ခရစ်စမတ်သစ်ပင်မီးတိုင်
သန်းရွှေဆိုတာ သူခိုးရွှေရ မကြွားရ မနေနိုင်

စားတာလည်း စားတာပေါ့။
ကြွားနေတာလည်း ကြွားတာပေါ့
တိုင်းပြည်လည်း စေတနာထားမှပေါ့။

ခုတော့ဗျာ
မကြား မမြင် မသိ မတတ်
အသိငတ် အမြင်ငတ်
လူတတ်ကြီးတွေလည်း လုပ်ချင်
ဖုတ်ဝင်လူသေကောင် Zombie မိုးတိုးမတ်တပ်
အရိုးနံ့ ရ ခွေးကလေး အမြီးနံ့ တံ့တံ့
ငတ်ကြီးကျ လူတန်းစားတစ်ရပ်

တရုတ် သံပတ်ပေးတိုင်း တရွေ့ တရွေ့ 
အဖေကြီးရှေ့  ဒူးထောက် ၀မ်စွေ့ ဝမ်စွေ့ 
ဒီလိုသာ လူစဉ်မမှီ မိုက်မဲထုံထိုင်း
ဒုံးဝေးတိုင်းသာ ဆို
ဒီလူ ဒီမင်း ဒီမြေ နဲ့  ဒီအစိုးရ
နလန်ထဖို့ မမြင်
အာရှရဲ့ ပုတ်သိုးနေတဲ့အမှိုက်တပုံ
အာရှရဲ့ တာစူကွဲမဲ့ ဗုံးတစ်လုံး။

ဒီ…ရွှေမြန်မာဆိုတဲ့ အမျိုး
ဒီ…ရွှေမြန်မာဆိုတဲ့ တိုင်းပြည်
နောင် အနှစ်ငါးဆယ်တိုင် ဒါးမနောက်ပိတ်
အာရှ လူပြိန်းခွေးနိုင်ငံ မသေမချင်း အိပ်
နောက်ပေါက် ပညာတတ်စစ်ဗိုလ်များ နဲ့ 
ဒီမိုကရေစီ လှုပ်ရှားသူတွေ မှ မကယ်
ဒီ တိုင်းပြည်ဟာ သေဖွယ်။

( ပုံ။ စင်္ကာပူ ၀ါရင့်ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူ)

မသဒ္ဓါ ( ၁၂။၂၁။၂၀၁၀)Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဖွတ်ညီလာခံ ဆိုပါလား

ကြံ့ဖွံ့ ထိပ်တန်းအစည်းအဝေး ကျင်းပမည် -- ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၂၁ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ပထမဆုံး လွှတ်တော်အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ထိပ်ပိုင်း ခေါင်းဆောင်းများ သီးသန့်ပါဝင်သော အစည်းအဝေးတရပ်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လာမည့် သီတင်းပတ်အတွင်း ပြုလုပ်မည်ဟု ပါတီတွင်း သတင်းရင်းမြစ်များက ပြောသည်။

ကြံ့ဖွံ့ဗဟိုအလုပ်မှုဆောင်နှင့် ဗဟိုဦးစီးအဖွဲ့တို့ချည်း ပါဝင်သော အစည်းအဝေးကို ဇန်နဝါရီ ၂ ရက်နေ့မှ နှစ်ရက်ကြာ နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်တွင် ကြံ့ဖွံ့က တင်ပြ ဆွေးနွေးမည့် အကြောင်းအရာများ အတွက် ကြိုတင်ပြင်ဆင်မှုဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ အစည်းအဝေးမှ အစိုးရသစ်အောက်တွင် ပြည်နယ်နှင့်တိုင်း ဝန်ကြီးအဆင့် ရာထူးရလာမည့်သူများ ရွေးထုတ်လိမ့်မည်ဟု ဆိုသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပါဝင်သော ပြည်ထောင်စု လွှတ်တော်ကို ဇန်နဝါရီလလယ်တွင် ခေါ်ယူလိမ့်မည်ဟု နေပြည်တော်ရှိ စစ်အစိုးရ သတင်းရပ်ကွက်များက ပြောသည်။

ဒီဇင်ဘာ ၂၁ ရက်နေ့နှင့် ၂၂ နေ့များကလည်း နိုင်ငံတဝန်းရှိ ကြံ့ဖွံ့၏ အနိုင်ရ ကိုယ်စားလှယ်များကို ပယမဆုံး အကြိမ်အဖြစ် ခေါ်ယူ၍ ပါတီကို ပိုမို ကျစ်လစ်ခိုင်မာရန်နှင့် လွှတ်တော် ကိုယ်စားလှယ်များအနေနှင့် ရှေ့ဆက် လုပ်ဆောင်သွားကြရမည့် လုပ်ငန်းစဉ်များကို အသင်းဥက္ကဌ ဝန်ကြီးချုပ် ဦးသိန်းစိန် နှင့် အတွင်းရေးမှူး စိုက်ပျိုးရေးဝန်ကြီး ဦးဌေးဦး တို့က ဆွေးနွေးခဲ့ကြောင်း အစည်းအဝေးကို တက်ရောက်ခဲ့သူတဦး ဖြစ်သော ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ပြောသည်။

ကြံ့ဖွံ့အနေဖြင့် လုပ်ထားလက်စဖြင့် ပစ်ထားသော လမ်းများ ၊ အဆောက်အဦးများ၊ ရေနှင့် လျှပ်စစ်မီးပေးရေး လုပ်ငန်းများ ပါတီနာမည်မပျက်အောင် ဆက်လက် လုပ်ဆောင်သွားဖို့ ဥက္ကဌ မှ ညွန်ကြားခဲ့သည်ဟု သူက ပြောသည်။

ရွေးကောက်ပွဲတွင် လွှတ်တော် သုံးရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက် ကြံ့ဖွံ့က ၈၈၂ နေရာ ၇၆.၅ ရာခိုင်နှုန်းဖြင့် ကြံ့ဖွံ့က အနိုင်ရသွားသည်။

ပြိုင်ဘက်ပါတီများနှင့် နိုင်ငံရေး အကဲခတ်များ၊ အတိုက်အခံများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေသော ရွေးကောက်ပွဲတွင်း ကြံ့ဖွံ့၏ မဲမသမာမှုများနှင့် ပတ်သက်၍ မဇ္ဈိမက မေးမြန်းရာ အလေးမထားကြောင်း တိုင်းအဆင့် ပါတီခေါင်းဆောင်တဦးက ပြောသည်။

“ကျနော်တို့ပါတီကို မလိုလားတဲ့လူတွေ မကြိုက်မနှစ်သက်တဲ့ လူတွေကတော့ ပြောမှာပေါ့ဗျာ။ ကျနော်တို့လည်း ကြားနေ၊ ကြုံနေရတာပဲ။ ဒါတွေကို ကျနော်တို့ ဂရုစိုက်မှာ မဟုတ်ပါဘူး။ ကျနော်တို့ ဒီအစည်းအဝေးတွေကနေ ဆုံးဖြတ်ချက်ကျတဲ့အတိုင်း ဆက်တိုက် လုပ်ဆောင်သွားမှာပါ”ဟု သူက မဇ္ဈိမကို ပြောသည်။

ဇေကမ္ဘာဦးခင်ရွှေကတော့ နောက်တက်လာမည့် အစိုးရသည် ပိုမိုကောင်းမွန် လာလိမ့်မည်ဟု ပြောသည်။

“အရင်ကတော့ တပ်မတော် အစိုးရဆိုတော့ တမိန့် တအာဏာနဲ့ သွားကြတာကိုး။ အခုဟာကတော့ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ဖွဲ့စည်းပုံမှာလည်းပါပါတယ်။ အုပ်ချုပ်ရေးအာဏာ၊ စီမံခန့်ခွဲ့ရေး အာဏာ၊ တရားစီရင်ရေး အာဏာ ဒီအာဏာသုံးရပ်နဲ့ အုပ်ချုပ်သွားမှာ” ဟု ဇေကမ္ဘာ ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။

လက်ရှိစစ်အစိုးရက ကျောထောက် နောက်ခံပေးထားသော အရပ်ဝတ်လဲ ဗိုလ်ချုပ်များ ဦးဆောင်သော ကြံ့ဖွံ့အနေဖြင့် ဥပဒေဘောင်ကို ကျော်လွှားနိုင်စွမ်းရှိသည်ဟု ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် - SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။

“ကြံ့ဖွံ့ပါတီက လက်ရှိ အာဏာရ အစိုးရရဲ့ ပါတီလည်းဖြစ်သလို လုပ်ပိုင်ခွင့်တွေအရ ဥပဒေပိုင်းနဲ့ ညှိစွန်းတာတွေ မလုပ်သင့်တာတွေကို လုပ်မိသလို၊ လုပ်ခွင့်ရအောင်လည်း ဥပဒေ ဘောင်ကို ကျော်ပြီးတော့လည်း လုပ်သွားနိုင်တာပေါ့ဗျာ” ဟု ဦးစိုင်းလိတ်က ပြောသည်။

ကြံဖွံ့ ပါတီသည် ၁၉၉၃ ခုနှစ်မှ ၁၇ နှစ်ကြာ လူမှုရေးအသင်းအမည်ဖြင့် စစ်အစိုးရက ထူထောင်ခဲ့ပြီး ရွေးကောက်ပွဲ မတိုင်မီတွင် ပါတီအဖြစ်သို့ ပြောင်းလဲခဲ့သည်။

၂ဝဝ၃ ခုနှစ် မေလ ၂၇ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များကို ဒီပဲယင်းအရပ်၌ အသေအပျောက်များသည့် လုပ်ကြံမှုကြီးတွင် အဓိက လက်သည် ဖြစ်ခဲ့သည်။ အတိုက်အခံများ အဆိုအရ စစ်တပ်၏ ကွပ်ကဲမှုဖြင့် စနစ်တကျ စီစဉ် သတ်ဖြတ်မှုကြောင့် လူ ၇၀ အထိ သေဆုံးခဲ့သည်ဟု ဆိုသည်။ စစ်အစိုးရကတော့ နှစ်ဘက်အချင်းများရာက လူ ၄ ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မုန်တိုင်းဘေး ကူညီဖို့  နိုင်ငံတကာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်တွေ ပန်ကြား

2010-12-29သဘာဝဘေးအန္တရာယ်ကြောင့် အတိ ဒုက္ခရောက်နေကြတဲ့ မြန်မာနိုင်ငံက နာဂစ်နဲ့  ဂီရိ မုန်တိုင်းသင့် ပြည်သူတွေကို နှစ်သစ်မှာ ကူညီကြဖို့  မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အင်အားစုတွေကRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

စစ်တိုင်းဌာနချုပ် အသစ်တိုးချဲ့

ရန်ပိုင် Wednesday, 29 December 2010 18:57
စစ်အစိုးရက “အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်” ဟု အမည်ပေးထားသည့် တိုင်းစစ်ဌာနချုပ် အသစ်ကို ရှမ်းပြည်တောင်ပိုင်းတွင် ထပ်မံဖွင့် လှစ်လိုက်သည်။
အဆိုပါ တိုင်းစစ်ဌာချုပ်သစ်ကို တောင်ကြီးနှင့် ကျိုင်းတုံဒေသ အကြားရှိ ခိုလမ်ဒေသတွင် အဓိက အခြေစိုက်မည်ဖြစ်ပြီး တိုင်းမှူးအဖြစ် မေမြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မြထွန်းဦးအား ပြီးခဲ့သည့် သောကြာနေ့က အတည်ပြုခန့်အပ်လိုက်ကြောင်း နေပြည် တော်ရှိ စစ်တပ်အသိုင်းအ၀န်းက ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူးချုပ် မြထွန်းဦးသည် စစ်တက္ကသိုလ် အပတ်စဉ် (DSA) ၂၅ မှ ဖြစ်ပြီး စစ်ဖက်ဆိုင်ရာလုံခြုံရေး တပ်ဖွဲ့ (စရဖ) ဖွဲ့စည်းခါစက ဒုဗိုလ် မှူး ကြီး တဦးအဖြစ် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေအတွင်း လှုပ်ရှားခဲ့ပြီး ဗိုလ်ချုပ် ထိန်မောင် လက်နက်ချလာစေရန် အဓိကလှုပ်ရှားခဲ့သူလည်း ဖြစ်သည်။

ထို့နောက် မကွေးတိုင်း ပခုက္ကူမြို့တွင် ဖွင့်လှစ်ထားသည့် တပ်မ ၁၀၁ ၏ တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုနှစ် သြဂုတ်လအ တွင်းက ပြုလုပ်ခဲ့သည့် စစ်တပ်အတွင်း ရာထူးအပြောင်းအရွှေ့တွင် မေမြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန် ထမ်း ဆောင်ခဲ့သူ ဖြစ်သည်။

ခိုလမ်၊ ကျိုင်းတောင်း၊ မိုးနဲဒေသသည် ရှမ်းပြည်တပ်မတော် - တောင်ပိုင်း (SSA-S) တပ်များနှင့် ရှမ်းပြည်တပ်မတော် - မြောက်ပိုင်း (SS A- N) တပ်များ လှုပ်ရှားနေသော ဒေသဖြစ်ပြီး လေတပ်အခြေစိုက် စခန်းဖြစ်သည့် နမ့်ဆန်မြို့နှင့်လည်း အနီးဆုံးတည်ရှိသည့် ဒေသဖြစ် သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီးခါစ၌ မေမြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ရန်ကုန်၊ အင်းစိန် အခြေစိုက်သည့် တောင် ပိုင်းတိုင်းစစ်ဌာနချုပ် ၂ ခုသာ ဖွင့်လှစ်ခဲ့သော်လည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်တွင် စစ်တိုင်းကြီးများကို ၉ ခုအထိ တိုးချဲ့ ဖွဲ့စည်းခဲ့သည်။

၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသည့် နောက်တွင် ယခင် မန္တလေးမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို မုံရွာသို့ ပြောင်းရွှေ့စေပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို မန္တလေးမြို့သို့ ပြောင်းရွှေ့စေကာ ပဲခူးတိုင်း တောင်ငူမြို့တွင် တောင်ပိုင်းတိုင်း စစ်ဌာ နချုပ်ဟု အသစ်ဖွင့်စေသည်။

၁၉၉၆ ခုနှစ်က မြန်မာပြည်အောက်ပိုင်း ပင်လယ်ကမ်းရိုးတန်းမြို့ ဖြစ်သည့် မြိတ်မြို့ အခြေစိုက် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်နှင့် ရှမ်း ပြည် တောင်ပိုင်း ကျိုင်းတုံမြို့ အခြေစိုက် တြိဂံတိုင်း စစ်ဌာနချုပ်တို့ကို ဖွင့်လှစ်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရ ရုံးစိုက်သည့် နေပြည် တော်ကို အခြေပြုပြီး နေပြည်တော်တိုင်း စစ်ဌာနချုပ်ကို ထပ်မံဖွင့်လှစ်ခဲ့သည်။

လက်ရှိ မြန်မာ့တပ်မတော် ဖွဲ့စည်းပုံတွင် ယခု စစ်တိုင်းသစ် အပါအဝင် စစ်တိုင်းကြီး စုစုပေါင်း ၁၄ ခုဖြင့် ဖွဲ့စည်းထားပြီး တပ်မစစ်ဌာနချုပ် ၁၀ ခု၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် ၂၀ ဖြင့် ဖွဲ့စည်းထားသည်။

ထို့အပြင် စစ်အစိုးရက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ ကယားပြည်နယ် လွိုင်ကော်ဒေသနှင့် အနောက်မြောက် တိုင်း စစ်ဌာ နချုပ် နယ်မြေအတွင်းရှိ တနိုင်းဒေသတွင်လည်း စစ်တိုင်းအသစ်များကို ထပ်မံဖွင့်လှစ်သွားရန် ရှိသည်ဟုလည်း သိရသည်။

ကယားပြည်နယ် လွိုင်ကော်ဒေသသည် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်၊ ပျဉ်းမနားဒေသနှင့် ကပ်လျက် တည်ရှိပြီး အဆိုပါ ဒေသ တွင် လက်ရှိ ကရင်နီ တိုးတက်ရေးပါတီ (KNPP) တပ်များ လှုပ်ရှားနေသည့် ဒေသဖြစ်သည့်အတွက် စစ်အစိုးရ အတွက် အရေးပါ ကြောင်း ထို့ကြောင့် စစ်ဌာနချုပ်များ ဖွင့်လှစ်လိမ့်မည်ဟု ထင်ကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင် ကျော်ဇောကလည်း သုံးသပ်သည်။

လွိုင်ကော်ဒေသနှင့် ပျဉ်းမနား၊ ပေါင်းလောင်းဒေသတွင် ယခင်က ဗမာပြည် ကွန်မြူနစ်ပါတီ လှုပ်ရှားခဲ့သည့် ဒေသများဖြစ်ပြီး ရှမ်းပြည် နယ်တောင်ပိုင်း တောင်ကြီး၊ ပင်လောင်းဒေသနှင့်လည်း ဆက်စပ်နေသည်။ နေပြည်တော် တပ်ကုန်းမြို့မှ ပင်လောင်း ဒေသသို့ သွား ရောက်နိုင်ပြီး ထိုမှတဆင့် လွိုင်ကော်မြို့သို့ ကားလမ်းဆက်သွယ်ထားသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဝ..ကလည်း ထိုင်စောင့်မည်။

ဝ' အဖွဲ့က ဒုတိယပင်လုံကို စောင့်ကြည့်မည်
-မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၀၇ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည့် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူကျင်း ပရေးကို စောင့်ကြည့်သွားရန် ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP က ပြောဆိုလိုက်သည်။

ရှမ်းပြည်နယ်အရှေ့မြောက် မိုင်းမောခရိုင်တွင် ယခုလ ၂ဝ ရက်နေ့မှ ယနေ့ထိ ၁ဝ ရက်ကြာ ကျင်းပခဲ့သည့် ၅ ကြိမ်မြောက် UWSP ခရိုင်ပါတီညီလာခံက ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးနှင့် ပတ်သက်၍ စောင့်ကြည့်သွားမည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးလုပ်မယ့် ဒုတိယပင်လုံညီလာခံနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့ သူတို့ ဘယ်လို လုပ် ဆောင် မယ်ဆိုတာကို သေသေချာချာ၊ ရှင်းရှင်းလင်းလင်း နားလည်ခြင်း မရှိတဲ့အတွက် ဒါကို လက်ခံဖို့ စောင့်ကြည့်နေတုန်းပါပဲ” ဟု UWSP မှ အမည်မဖော်လိုသူ ဗိုလ်မှူးကြီးတဦးက မဇ္ဈိမကို ပြောသည်။

အဖွဲ့ဝင် ၃ဝဝဝ ကျော် တက်ရောက်ခဲ့သည့် UWSP ညီလာခံက “ဝ” တပ်မတော်သည် လက်နက်မချ၊ ပြည်ထောင်စုမှ ခွဲထွက်မည့် အဆို မပြု၊ သီးခြားလွတ်လပ်ရေး တောင်းဆိုမည် မဟုတ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဆက်လက် တောင်းဆိုမည်၊ အစိုးရ သစ်နှင့် တွေ့ဆုံဆွေးနွေးရေး မူဝါဒကို ဆက်လက်ကျင့်သုံးမည်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးကို အဓိကထား ဆောင်ရွက် သွားမည်ဟု ဆုံးဖြတ်ချက် ၆ ရပ် ချမှတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည့် ၂၁ ရာစု ဒုတိယပင်လုံညီလာခံ ကျင်းပရေး ဦးတည်ချက်ကို ထောက်ခံသည့် တိုင်းရင်းသား အဖွဲ့ များ ရှိသော်လည်း အချို့ကမူ စစ်အစိုးရ အုပ်ချုပ်နေစဉ် မည်ကဲ့သို့ ခေါ်ယူကျင်းပနိုင်မလဲဟူ၍ သံသယများ ရှိနေသည်။

NLD အလုပ်အမှုဆောင်ဝင် ဦးဝင်းတင်က “၂၁ ရာစုလို့ သုံးတဲ့ စကားဟာ ၂၁ ရာစုရဲ့ နည်းပညာတွေကို အသုံးချချင်တဲ့ သဘောကို ဆောင်တယ်။ ညီလာခံ ကျင်းပမယ်ဆိုရင် ရန်ကုန်မြို့မှာ၊ မန္တလေးမှာ၊ တောင်ကြီးမှာ လုပ်မယ်ဆိုတာ မဖြစ်နိုင်ဘူး။ စစ်အစိုးရနဲ့ တင်းမာ မှုက ရှိဦးမယ်၊ မလိုလားမှုမျိုး ရှိဦးမယ်ဆိုတော့ ကျင်းပဖို့ မလွယ်ဘူး။ မလွယ်ဆိုတာနဲ့ဘဲ ပင်လုံစိတ်ဓာတ်တို့၊ ပြည်ထောင်စု စိတ်ဓာတ် တို့လိုမျိုး အရေးကြီးတဲ့ ကိစ္စတွေကို ပစ်မထားနိုင်ဘူး။ ဆွေးနွေးဖို့လိုမယ်၊ ညှိနှိုင်းဖို့လိုမယ်။ ၂၁ ရာစုရဲ့ စွမ်းရည်တွေ၊ နည်းပညာတွေ ယူသုံးရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယူဆတယ်လို့ ထင်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လ ၁၇ ရက်နေ့တွင် မဇ္ဈိမက ဆက်သွယ်မေးမြန်းစဉ် ဒေါ်အောင်ဆန်းစုကြည်က “အန်တီက ပြောတာ၊ ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ပုံစံမျိုးနဲ့ လုပ်ရမယ်ဆိုတာ၊ ဒုတိယ ပင်လုံညီလာခံဆိုတာကလည်း အန်တီ အထဲမှာရှိနေတုန်း ထွက်လာတာလေ၊ ရေဒီယိုကနေ ကြားရ တာ၊ အဲဒီတည်းက အန်တီစဉ်းစားနေတယ်။ ၂၁ ရာစုပုံစံနဲ့လုပ်ရင် ပိုပြီးတော့ အဆင်ပြေမယ်ပေါ့နော်။ နည်းလမ်းတွေ ဘာတွေကတော့ အန်တီတို့ လူငယ်တွေက ရှာရမှာပေါ့” ဟု ပြောဆိုခဲ့သည်။

ခေတ်မီနည်းပညာများနှင့် ညီလာခံကို ခေါ်ယူပါက တရားဝင်မှု အားနည်းဖွယ်ရှိကြောင်း ရှမ်းပြည် ကွန်ဂရက်အဖွဲ့၏ ဥပဒေရေးရာ အကြံပေး အဖွဲ့ဝင် ဦးခွန်ဥက္ကာက သုံးသပ်သည်။

“ဒုတိယပင်လုံ ခေါ်တဲ့အချိန်မှာ တက်ရောက်လာတဲ့ သူတွေက ခေတ်မီနည်းပညာတွေကို သုံးမယ်ဆိုရင် ညီလာခံရဲ့ သဘော သဘာဝ ကိုက တရားဝင်မှု အားနည်းမယ်လို့ ထင်တယ်။ ညီလာခံတခုလုံးက တရားဝင်မှု အားနည်းမယ်ဆိုရင် ညီလာခံက ထွက်လာမယ့် ရလဒ် တွေက ပိုပြီးတော့ အားပျော့သွားနိုင်တယ်။ အဲဒီလို အားပျော့နေတဲ့ ရလဒ်ကို ဆက်ပြီးတော့ အကောင်အထည်ဖော်ဖို့က အခက်အခဲဖြစ် လာမယ်လို့ ထင်တယ်” ဟု သူက ပြောသည်။

လက်ရှိ အာဏာယူထားသည့် အဖွဲ့အစည်းအနေဖြင့် ညီလာခံ၏ တစိတ်တဒေသအဖြစ် ပါဝင်မှသာ ညီလာခံ၏ ရလဒ်ကို တစိတ်တဒေသ အာမခံချက် ရရှိမှာဖြစ်ပြီး အာဏာပိုင်များဘက်က မပါဝင်လျှင် တခြမ်းပဲ့ ညီလာခံသာ ဖြစ်လာမည်ဟု သူက ဆိုသည်။

ဒုတိယ ပင်လုံညီလာခံ ကျင်းပရေးကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဇိုမီးအမျိုးသားကွန်ဂရက် ZNC က စစ်ကိုင်းတိုင်း က လေးမြို့၌ “ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း” ဟူ၍ ထုတ်ပြန်ကာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု တည် ဆောက်ရေးအတွက် ရည်ရွယ်ကာ ကျင်းပရန် စတင်အဆိုပြုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်ခံမှ ပြန်လွတ်လာ ပြီး နောက် ဦးဆောင်အကောင်အထည်ဖော်ရန် တာဝန်လွှဲအပ်ပေးခဲ့သည်။

၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည် ပင်လုံမြို့၌ ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းမည်ဟူသော သဘောတူညီချက် အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း ခေါင်းဆောင်များက စည်းဝေးခဲ့ရာ ပင်လုံညီလာခံ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရအပြီး သဘောတူညီမှုပျက်ပြားကာ ပြည်တွင်းစစ် ဖြစ်လာခဲ့သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးရပြီဟု စစ်အစိုးရပြောလေ့ရှိသော် လည်း နိုင်ငံရေးသဘောတူညီချက် မပါရှိကြောင်း ၎င်းအဖွဲ့များက ပြောဆိုခဲ့ကြသည်။

ခန့်မှန်းခြေ လူအင်အား ၄ သောင်းခန့်ရှိ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်များကို ကာကွယ်ရေး ဦးစီးချုပ်အောက် သွတ်သွင်းမည့် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် စစ်အစိုးရက ကြိုးပမ်းနေပြီး၊ အပစ်မရပ်ဘဲ ဆက်လက်၍ တိုက်ခိုက်နေသော တိုင်းရင်းသားအ ဖွဲ့များလည်း ရှိနေသည်။ UWSP သည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရ ဝ' ပြည်နယ် ရရှိရေးကို လိုလားပြီး ပါတီလက်အောက်ခံ UWSA တပ်မတော် တွင် တပ်သားအင်အား နှစ်သောင်းကျော်ရှိသည်ဟု ခန့်မှန်းရသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, December 29, 2010

နေပြည်တော် နိုင်ငံတကာကျောင်း ထောင်မှု ကို ကျောင်းဆရာများ ဒေါသထွက်နေကြ

မောက္ခ ပြည်တွင်း ပညာရေးသတင်း
၂၀၁၀ ခုနှစ်၊ မတ်လတွင် မြန်မာ့ ပညာရေးလောကသား များအကြား ပုဂ္ဂလိကကျောင်း ဂယက်ပြင်းထန်စွာ ရိုက် ခတ်ခဲ့သည်။ သို့လော၊ သို့လော မျှော်လင့်ချက်၊ ပြင်ဆင် ချက်များနှင့် ကြိုးပမ်းလိုစိတ်များကို ရိုက်ချိုးခံလိုက်ရသဖြင့် ပညာရေး အရည်အသွေးကို မျှော်လင့်နေသူ ပြည်သူများအကြား အကြီးအကျယ် စိတ်ပျက်ခဲ့ကြရသည်။ လွန်စွာလိုအပ်နေသည့် ပုဂ္ဂလိကကျောင်း ဥပဒေမှာ ၂၀၁၀ ခုနှစ် ကုန်ဆုံးချိန်အထိ အရိပ်အရောင်မမြင်ရသေး။ သို့သော် နေပြည်တော်တွင် နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းကို ခမ်းနားစွာ တည်ဆောက်ဖွင့်လှစ်ရန် ပြင်ဆင်နေမှုရှိကြောင်း သတင်းရရှိပါသည်။

အလယ်တန်းနှင့် အထက်တန်းကျောင်းသားများအတွက် ဘော်ဒါဆောင်နှင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ ဖွင့်လှစ်ထားသူ ရန်ကုန်မြို့ပေါ်မှ ဆရာတစ်ဦးက ရန်ကုန်ပညာရေးလောကတွင် ဒေါသထွက်နေရကြောင်းကို မောက္ခသို့ ပြောပြခဲ့ပါသည်။ “ကျနော်တို့ အကြီးအကျယ်ကို မျှော်လင့် ပြင်ဆင်ခဲ့ဖူးပါတယ်။ ပညာရေး လွတ်လပ်ခွင့် တစ်စုံတရာတော့ ရရှိလိမ့်မယ်လို့လဲ ယုံကြည်ခဲ့တာ။ သင်ရိုးတွေ၊ ဘာသာရပ်တွေကိုတောင် နိုင်ငံတကာနဲ့ ညှိနှိုင်းပြီးတော့ ပြင်ဆင်ခဲ့ကြတာပါ။ အရည်အသွေးတိုးတက်လာအောင် ကျနော်တို့ မြန်မာဆရာတွေမှာ လုပ်လိုတဲ့ ဆန္ဒအပြည့်ရှိပါတယ်။ နိုင်ငံတကာ ပညာရေးကို ကိုယ်တိုင်လည်း လေ့လာ ထားကြသူတွေ အများကြီးပါ။ လုပ်နိုင်ပါတယ်။ ပုဂ္ဂလိကကျောင်းဖွင့်ခွင့်ကို လုံးဝကို ခွင့်မပြုတော့ စိတ်ပျက်ခဲ့ကြပါတယ်။ ပညာရေး လုပ်လိုစိတ်တွေလည်း ကုန်ခမ်းသွားသလိုပါပဲ။ အခုတော့ နေပြည်တော်မှာ နိုင်ငံတကာ အဆင့်မီ ပုဂ္ဂလိကျောင်း ထောင်နေတယ်ကြားတော့ ကျနော်တို့ ပညာရေးလုပ်သားတွေကြားမှာ ဒေါသတော်တော် ထွက်နေကြတယ်။ ဒါဟာ အင်မတန်မှ အဆင့်ခွဲခြားခံနေကြရတာ ထင်ရှားတယ်။”

ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပုဂ္ဂလိကကျောင်းထောင်ရန် စိုင်းပြင်းခဲ့သူ မြစ်ကြီးနားမြို့မှ ကချင်ဆရာတစ်ဦးကလည်း စေတနာ့ဝန်ထမ်း အခမဲ့ ကျောင်းကိုတောင် ခိုးကြောင်ခိုးဝှက် ဖွင့်လှစ်နေရကြောင်း ပြောပြခဲ့ပါသည်။ “ကျနော်တို့က အစိုးရသင်ရိုးညွှန်းတမ်းကိုပဲ သင်တာတောင်မှ ကျောင်းဖွင့်ခွင့်ကို မပြုနိုင်ဘူးလို့ ပြည်နယ်အဆင့် အာဏာပိုင်တွေက ခြိမ်းခြောက် ပြောဆိုခဲ့တယ်။ မတတ်နိုင်ဘူးလေ။”

နေပြည်တော်တွင် တည်ထောင်ဖွင့်လှစ်မည့် နိုင်ငံတကာ အဆင့်မီကျောင်းတွင် အပြည်ပြည်ဆိုင်ရာ ဆရာအတတ်ပညာရေးဘွဲ့သင်တန်း များ အောင်မြင်ထားပြီးသူများကိုသာ ခန့်အပ်မည်ဖြစ်သည်။ မူကြိုမှ အထက်တန်းအဆင့်အထိကို internatinal bacalaureate IB ခေါ် နိုင်ငံတကာ တက္ကသိုလ်ဝင်တန်းဖြစ်သည့် ၁၂ တန်းပညာရေးနှင့်အညီ သင်ကြားမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားကို အဓိက သင်ကြားမှု မဏ္ဍိုင် ဘာသာစကား medium of instruction အနေဖြင့် ပြောဆို သုံးနှုံးမည်ဟုလည်း သိရသည်။ မြန်မာစစ်ခေါင်းဆောင်ပိုင်း၏ သားသမီး၊ မြေးမြစ်များအတွက် ရည်ရွယ်ဖွင့်လှစ်ကြောင်းနှင့် IB အောင်လက်မှတ်များ ရရှိပြီးပါက နိုင်ငံခြား တက္ကသိုလ်များတွင် တက်ရောက်ရန်အတွက် ရည်ရွယ်ထားပုံရကြောင်းကို နေပြည်တော်တွင် နေထိုင်သူ ၀ါရင့် ကျူရှင်ဆရာတစ်ဦးမှ မောက္ခသို့ ပြောပြခဲ့သည်။

အပြည့်အစုံသတင်းဖတ်ရန်....

"ဆေးကု၍ မရတော့ပါ".

နိုင်ငံတနိုင်ငံမှာ ကျန်းမာရေးကဏ္ဍကို မည်သူတာဝန်ယူရပါသလဲ၊ တာဝန်ယူမှုရော အမှန်တကယ် ရှိပါရဲ့လား၊ ဆေး လုံးဝမရှိသော ဆေးရုံ၌ ဆရာဝန်၊ ဆရာမ ဆိုသည်မှာ မည်သည့်အဓိပ္ပာယ် သက် ရောက်ပါသလဲ။

မြန်မာနိုင်ငံ၌ ဆေးရုံရှိပေမယ့်လည်း ဆေးမရှိပါ။ ဆေးရုံတွေမှာ ဆ ရာဝန်တွေရှိပေမယ့် ဆေးမရှိတဲ့အတွက် ဆေးကုသဖို့အခက်အခဲ တွေ ရှိနေပါတယ်။ ပိုက်ဆံ တတ်နိုင်တဲ့လူတွေကတော့ ကိုယ့်ဆေး ကိုယ်ဝယ်နိုင်တဲ့အတွက် ဆေးကုသပြီး ရောဂါပျောက်ကင်းနိုင်ပေ မယ့် ပိုက်ဆံမတတ်နိုင်သူတွေအဖို့ ဆေးမဝယ်နိုင်တဲ့အတွက် လူပါ ပျောက်သွားကြရပါတယ်။

မှတ်မှတ်ရရ ၂၀၀၇ ခုနှစ်အတွင်းက ကျမရဲ့သမီး အငယ်မလေး ဝမ်းသွားလို့ကလေးဆေးရုံကို သွားရပါတယ်။ ကျမရဲ့သားကြီးကိုတော့ သူ့ကြီးတော်အိမ်ကို ပို့ထား။ ကလေးနဲ့ကျမတို့လင်မယား ဆေးရုံကိုပြေးရပါတယ်။ ဆေးရုံရောက်တော့ တာဝန်ကျဆရာမက ဆေးရုံ တက်ဖို့ လိုတယ်ဆိုလို့ ကလေးကို ဆေးရုံတင်ရပါတယ်။

ကျမတို့တက်ရမယ့် Word ကိုရောက်တော့ တာဝန်ကျဆရာမက ကျမတို့ကို ဆေးဝယ်ဖို့ တတ်နိုင်လားလို့ မေးပါတယ်။ ကျမတို့က ဝယ် နိုင်တယ်ဆိုတော့ ဆေးစာရေးပေးပါတယ်။ ဓာတ်ဆားကစပြီး ဆပ်ပြာအထိ အကုန်ဝယ်ရပါတယ်။ ကလေးအဖေက သွားဝယ်နေတုန်း ကျမက နေရာချဖို့ ကြိုးစားရပါတယ်။

လူနာအရေအတွက်နဲ့ ကုတင်အရေအတွက် မညီမျှလို့ ကုတင်မရတဲ့ လူတွေ အတော်များပါတယ်။ ကျမလည်း ကုတင်မရပါဘူး။ ဒီတော့ ကလေးနဲ့ အထုပ်အပိုးတွေနဲ့ ယောင်ချာချာ ဖြစ်နေပါတယ်။ ကလေးအဖေ ပြန်ရောက်လာတော့ ဆေးဘိုးက ကျပ် ၂ သောင်းလောက် ကျတယ်ပြောပြီး ပခုံးတွန့်ပြပါတယ်။ ကျမတို့နှစ်ယောက် တယောက်ကအထုပ်အပိုးစွဲ နောက်တယောက်က ကလေးချီပြီး မတ်တတ်ရပ် နေရပါတယ်။

ကျမတို့ ၂ ယောက်ရဲ့ အဖြစ်ကိုကြည့်ပြီး ဘဝတူမိခင်တဦးက အကြံပေးပါတယ်။ တာဝန်ကျသူနာပြုကို ငွေ ၂၀၀၀ ကျပ်ပေးလိုက်ရင် ဘေးဘက်မှာ ခုံတန်းထိုးပေးတယ်တဲ့။ ဒါနဲ့ကျမလဲ ဆရာမဆီပြေးပြီး လုပ်စရာရှိတာကို မြန်မြန်ဆန်ဆန် လုပ်ရပါတယ်။ အဲဒီတော့မှ ဧည့်ထိုင် ခုံတန်းရှည်နှစ်လုံးကို ကော်ရစ်တာမှာ ဘေးကပ်ပြီး ထိုးပေးပါတယ်။ ပြီးတော့ ဆရာမကပြောသွားပါတယ်။ မနက်ဖြန် ဆင်း ရမယ့် လူနာတွေရှိတယ်။ အဲဒီအခါကျရင် ကုတင်ရမယ်တဲ့။ ဘာပဲဖြစ်ဖြစ် အခုမှ ကျမနေရာချလို့ ရသွားတော့ စိတ်အေးသွားပါတယ်။ အချိန်ကလဲ ည ၂ နာရီထိုးနေပြီ။ သူ့အဖေကလဲ ပြန်ရမယ်၊ ဧည့်ကလဲနှင်နေပြီ၊ နေရာသာ မရရင်ကျမတော့ ဒုက္ခပဲပေါ့။

နေရာရလို့ အိပ်ပျော်နေတဲ့ကလေးကို ခဏချပြီး ဓာတ်ဆားရည်ဖျော်၊ ဆေးတိုက်ဖို့ ဆေးဖျော်လုပ်နေတုန်း သမီးက စူးစူးဝါးဝါး ငိုပါ တယ်။ ဒါနဲ့ စိတ်ပူပြီး ကလေးကိုကြည့်လိုက်တော့ ခလေးရဲ့ကျောကုန်းမှာ ကြမ်းပိုးတွေပါ။ ကျမလဲ ခလေးကို ဆေးအမြန်တိုက်ပြီးတော့ ချီထားလိုက်ရပါတယ်။ ခုံပေါ်ကိုလဲ သတင်းစာစက္ကူ တွေခင်းပြီးမှ ထိုင်လိုက်ပါတယ်။ သို့သော်လည်း ကြမ်းပိုးကတော့ မနေပါဘူး။ သ တင်းစာစက္ကူပေါ် ရောက်အောင်လာပြီး ကျမကိုတွယ်တာပါပဲ။ ကျမလဲ ကြိတ်မှိတ်ခံနေရတာ မသက်သာလှပါဘူး။

ကျမရဲ့အဖြစ်အပျက်ကို ကိုယ်ချင်းစာတဲ့ ကလေးမိခင်တဦးက သူ့သားလေးရဲ့ ကုတင်ပေါ်မှာကျမသမီး လာချထားဖို့ခေါ်ပါတယ်။ ကျမ လဲ ဟန်မဆောင်နိုင်ပါဘူး။ လက်ကလဲ အရမ်းညောင်းနေပြီဆိုတော့ သမီးကို ချထားလိုက်ပါတယ်။ ဒီလိုနဲ့ သူနဲ့ကျမ စကားတွေ ပြော ဖြစ်ပါတယ်။

သူက ကလေး ၄ ယောက်ရဲ့ မိခင်ဖြစ်တယ်တဲ့။ အခုတော့ ကလေးအကြီး ၃ ယောက်က အိမ်မှာ ကျန်ခဲ့တယ်တဲ့။ သူ့ကိုကြည့်ရတာ နွမ်း ပါးပုံရတယ်လေ။ ဒါနဲ့ ကျမက ကလေးဘာရောဂါဖြစ်လို့လဲဆိုတော့ ဝမ်းရောဂါဖြစ်တာတဲ့။ စရိတ်စကတွေ ကြီးပြီးဝင်ငွေနဲ့ ထွက်ငွေမမျှ တတဲ့ ခေတ်မှာ လင်မယား ၂ ယောက်လုံး အလုပ်လုပ်ရတယ်လေ။ သူ့ယောက်ျားက နေ့စားဆေးသုတ်သမား၊ သူက ရပ်ကွက်ထဲမှာ အဝတ်လိုက်လျော်ရတယ်တဲ့။ ၂ ယောက်လုံးမအားတော့ ကလေးအကြီးတွေက ကလေးအငယ်ကိုထိန်းရတာပေါ့။ သူတို့နေရတာက ရွှေပြည်သာက ဆင်းရဲသားရပ်ကွက်ကလေး။ ဒီတော့ တရပ်ကွက်လုံးမှာ ယင်လုံအိမ်သာ ဆောက်နိုင်တဲ့လူက နည်းတယ်။ အများအား ဖြင့်တော့ ဖြစ်သလို အိမ်သာတွေပဲ များတယ်။ ဒီတော့ ယင်ကောင်တွေက တဝုန်းဝုန်းနဲ့ပေါ့။ ကလေးက ကလေးကို ထိန်းတာဆိုတော့ အများကြီး ဘယ်နားလည်မလဲ။ ကလေးငြိမ်နေရင် ပြီးတာပဲ။ ဒါမှလဲ သူတို့ ဆော့လို့ ကစားလို့ ရတာကိုး။ အဲဒီလိုနဲ့ကလေးက ဝမ်းသွား ရော။ သူတို့ကဆေးခန်းပြရင် စရိတ်ကြီးတော့ ရပ်ကွက်ထဲက ဆိုင်ကဆေးဝယ်ဝယ်တိုက်နေတာပေါ့။ နားလည်တဲ့လူတွေက ဓာတ်ဆား တိုက်ဆိုတော့ တိုက်လိုက်တာပဲတဲ့။ ဒါပေမယ့် ဓာတ်ဆားထုပ်တထုပ်ကို ၅၀၀ ကျပ်ဆိုတော့ တထုပ်ဝယ်ပြီး ၃ ရက်တိုက်သတဲ့လေး။ နောက်ဆုံးကလေးက အန်လိုက်၊ ဝမ်းသွားလိုက်၊ ဗိုက်နာ လို့ငိုလိုက်နဲ့ ဆိုတော့ နဲနဲပါးပါး နားလည်တဲ့လူတွေက ဆေးရုံသွားခိုင်းလို့ ရောက်လာတာတဲ့။ ဆေးရုံရောက်တော့ ဆရာဝန်မကပြောတယ်တဲ့ ရှင်တို့ကလေး ကံကောင်းလို့တဲ့၊ အဲဒီတော့မှပဲ သူအရမ်းကြောက် သွားတာတဲ့။

ကျမလဲ သူပြောတာကို နားထောင်နေရင်း မောသွားမိတယ်လေ။ ဟုတ်တယ်။ မြန်မာပြည်မှာ ကျန်းမာရေးအသိပညာပေးမှု နည်းပါး တယ်။ ကျန်းမာရေးဌာန တွေက လူထုထဲအထိဆင်းပြီး ပညာမပေးနိုင်ကြဘူး။ အစိုးရက ခွင့်မပြုဘူးဆိုရင် ပိုမှန်မှာပေါ့။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဂျာနယ် ၃ မျိုး ၄ မျိုးလောက် ထွက်ပေမယ့် စာစောင်တစောင်ရဲ့တန်ဖိုးက ကျပ် ၄၀၀၊ ကျပ် ၅၀၀ ဆိုတော့ လက်လုပ် လက်စားတွေ ဝယ်မဖတ်နိုင်ကြပါဘူး။ အခြေခံကျတဲ့ လူတန်းစား အတော်များများက ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိနည်းပါးကြ တယ်လေ။ ပြီးတော့ ဆေးစပ်ရောင်းတဲ့ဆိုင် အတော်များများက ဆေးပညာနဲ့ ပတ်သက်လို့ အများကြီး နားမလည်ကြဘူး။ စီးပွားဖြစ်ပြီး ရော ရောင်းတဲ့လူတွေ အတော်များများရှိတော့ အဲဒါက အန္တရာယ်ကို လက်ယပ်ခေါ်နေတာပါပဲ။

ကျမတို့စကားပြောနေတုန်း လူနာလှည်းလေးတခု ဝင်လာတယ်။ Night Duty ကျတဲ့ ဆရာဝန်တွေရော ဟောက်ဆာဂျင်တွေရော ပြာ ယာခတ်ကုန်ကြတယ်။ ဒါနဲ့ ကျမတို့လဲ စကားပြတ်ပြီး အာရုံတွေက ခုနလူအုပ်ဆီကို ရောက်သွားတယ်။ ကြည့်ရတဲ့ပုံကတော့ အရေး ပေါ် ဖြစ်ပုံရတယ်။

ဒါနဲ့ ကျမလဲ အိပ်ပျော်နေတဲ့ သမီးကိုခဏကြည့်ထားဖို့ အုပ်ထားပြီး မိန်းမတို့သဘာဝ သွားစပ်စုလိုက်ပါတယ်။ လူနာက ၆ လသားအ ရွယ်ကလေးငယ်လေးပါ။ သွေးလွန်တုပ်ကွေးဖြစ်တာတဲ့။ နှာခေါင်းထဲက သွေးစအချို့ ထွက်နေပါတယ်။ ကလေးငယ်က လှုပ်ရှားမှုလဲ မရှိပါဘူး။ ဆရာဝန်တွေကတော့ စိုးရိမ်ရတဲ့ အခြေအနေလို့ ပြောပါတယ်။ သွေးသွင်းဖို့ အရေးတကြီး လိုတယ်တဲ့။ သွေးလှူဘဏ်မှာ သွေးတပုလင်းကို ၆၀၀၀ ကျပ်နဲ့ ဝယ်ရမယ်လို့ ဆရာဝန်က ပြောပါတယ်။ ဒီတော့ လူနာကလေးငယ်ရဲ့ မိခင်လန့်ဖြန့်သွားပါတယ်။ ပြီး တော့မှ တိုးညှင်း အားနည်းတဲ့အသံနဲ့ ငွေ ၆၀၀၀ ကျပ် မတတ်နိုင်ကြောင်း ပြောပြပါတယ်။ ဆရာဝန်ခင်မျာ အကြံအိုက်သွားပုံရပါတယ်။ သူ့ခေါင်းပေါ်က ဆံပင်တွေကို ဖွလိုက်ပြီး ခဏဆိုပြီး လက်ပြပြီး ထွက်သွားပါတယ်။ ကလေးငယ်ရဲ့ မိခင်ခမျာ ကြိတ်ကြိတ်ရှိုက် နေတဲ့ အသံက တချက်တချက် ပျံ့လွင့်သွားပါတယ်။ အနားက သူနာပြုဆရာမကလေးက ကလေးအမေကိုနှစ်သိမ့်တဲ့အနေနဲ့ ခဏနေအုံး ဆရာဝန်ကြိုးစားနေပါတယ်လို့ ပြောလိုက်ပါတယ်။ ပြီးတော့မှ ဘေးကကြည့်နေတဲ့လူတွေကို ဒီလိုပဲ သွေးလွန်တုပ်ကွေးသမားတွေက အသည်းအသန်များတယ်။ ဒီနှစ်က သွေးလွန် တုပ်ကွေးဖြစ်နှုန်းများတယ်။ ပြီးတော့ သွေးသွင်းရတဲ့အဆင့်ကို ရောက်တဲ့လူနာများတယ် လို့ ပြောပြီး ထွက်သွားပါတယ်။

တာဝန်ကျဆရာဝန်နဲ့ ဟောက်ဆာဂျင်လေးတွေ ခေါင်းခြင်းဆိုင်နေကြပါတယ်။ သူနာပြုတွေလဲ မနေရပါဘူး။ သွေးလှူရှင်ရလိုရငြား Word ထဲကို ဝင်လာပြီး သွေးလှူရှင်လိုအပ်ကြောင်း ပြောပြပါတယ်။ ဒါပေမယ့် Word ထဲမှာက ညကြီးမိုးချုပ်ဆိုတော့ လူနာစောင့်မိခင် တွေပဲ ကျန်ရစ်တာများပါတယ်။ အဲဒီမိခင်တွေကလဲ သူတို့ရင်သွေးကို စောင့်ရှောက်ဖို့ အအိပ်ပျက်၊ အစားပျက်နေကြတဲ့ လူတွေပါ။ သွေးလှူဖို့ အဆင်သင့် မဖြစ်ကြပါဘူး။ အားလုံးကလဲ ဧည့်ချိန်တုန်းကဆိုရင် အိမ်ကလူတွေကို လှူခိုင်းလိုက်ပါတယ်။ ဘာညာနဲ့ တီးတိုး တီးတိုးပြောနေကြပါတယ်။

ဒီလိုနဲ့ ဟောက်ဆာဂျင်ထဲက ဆရာဝန်လောင်းတယောက်က သွေးလှူပေးလိုက်ပါတယ်။ ဒီလိုပါပဲ ဟောက်ဆာဂျင်တွေခမျာ ဆေးဝယ် ဖို့ အသည်းအသန်လိုရင်လဲ ဝိုင်းပြီး ငွေစိုက်ထည့်ပေးနေကြပါတယ်။ ဆရာဝန်တွေခင်မျာလဲ အစိုးရက ဆေးမပေးတော့ ဘာမှမတတ် နိုင်ဘူးဆိုပေမယ့် သူတို့ တတ်နိုင်တဲ့ဘက်ကနေပြီး လူနာတွေကို ကျိုးစားကုသပေးကြပါတယ်။ ဘာပဲဖြစ်ဖြစ် အသက်တချောင်း ဆက် လက်ရှင်သန်နိုင်ခွင့်ရသွားတဲ့အတွက် အားလုံးဝမ်းမြောက်ကြပါတယ်။

ဒီလိုနဲ့ နောက်တနေ့ကျတော့ ဆရာဝန် round မလှည့်ခင်မှာ ကျမကို နေရာပေးတဲ့အမျိုးသမီးနဲ့ တခြားကုတင်က အမျိုးသမီး ၂ ဦး ပေါင်းပြီး ဓာတ်ဆားတထုပ်နဲ့ ရေသန့်တဗူးကို ဝယ်ပါတယ်။ ပြီးတော့ ဓာတ်ဆားရည်ဖျော်ပြီး တယောက်တဝက်ပိုင်းပြီး ယူလိုက်ကြပါ တယ်။ ဒါနဲ့ ကျမက ဘာဖြစ်လို့ အဲလိုလုပ်တာလဲဆိုပြီး မေးတော့မှ သူမက ရှင်းပြပါတယ်။ ဓာတ်ဆားရည်တထုပ်က ၅၀၀ ကျပ်၊ ရေ သန့်တဗူးက ကျပ် ၁၅၀။ တယောက်တည်းဆိုရင် ၆၅၀ ကျပ်ကုန်ကျမယ်။ အဲဒီလောက် အကုန်မခံနိုင်ဘူး။ ၂ ယောက်စပ်လိုက်တော့ တယာက်ကို ၃၂၅ ကျပ်ပဲ ကုန်မယ်။ အကုန်အကျသက်သာအောင်လို့ပါတဲ့။ ဆရာဝန်ကပြေထားလို့ ဓာတ်ဆားတထုပ်ကို တဝက် မခွဲရဲတော့ဘူးတဲ့။ ဒါနဲ့ ကျမကဆက်ပေးလိုက်ပါတယ်။ ဒီဓာတ်ဆားကုန်ရင်ရောဆိုတော့ ဒီနေ့အဖို့ ထပ်မတိုက်တော့ဘူးပေါ့ အမ ရယ်တဲ့။

နောက်တော့မှ တဖြည်းဖြည်း သိလာတာက သူ့ယောက်ျားက ဆေးရုံကို တနေ့ ၁ ထောင် လာပေးတယ်တဲ့။ အဲဒီငွေကို ကလေးအာဟာ ရ၊ သူ့ထမင်းဖိုး၊ ဆေးဖိုး၊ ဓာတ်ဆားရည်ဖိုး၊ သောက်ရေဝယ်ရတာတွေ အားလုံးအတွက် မျှတသုံးနေရတာတဲ့လေ။ ဒီလိုပါပဲ။ အဲဒီ Word ထဲမှာ အတော်များများက နွမ်းပါးတဲ့ သူတွေပါ။ ငွေကြေးကို ခြို့ခြံချွေတာပြီး အဆင်ပြေအောင် ကိုယ့်အထွာနဲ့ကိုယ် ကြိုးစားနေ ရပါတယ်။ ဆေးရုံဆိုတာ အဆောက်အဦတခုပဲဖြစ်ပြီး ဆေးရုံကလူနာတွေကို ဘာမှမပံ့ပိုးနိုင်ပါဘူး။

သုံးရေတောင် မနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီအထိ တချိန်လာပြီး ညနေ ၅ နာရီကနေ ည ၉ နာရီအထိ တချိန်လာတာပါ။ လူ တွေ သိပ်များတော့ အိမ်သာတွေမှာ သန့်ရှင်းမှု အတော်နည်းပါတယ်။ ရေလာတဲ့အချိန်လေး ကိုယ့်မှာရှိတဲ့ ဗူးတွေ၊ ဇလုံတွေထဲကို ရေ ထည့်ထားရပါတယ်။ ရေမလာတဲ့အချိန်မှာ ကိုယ်သိမ်းထားတဲ့ရေလေးကို ထုတ်သုံးရပါတယ်။

ဒီလိုနဲ့ ကျမက ၄ ရက်နေပြီး ဆေးရုံကဆင်းရပါတယ်။ သူတို့တွေကတော့ ဆေးရုံမှာ ကျန်ရစ်ခဲ့ကြပါတယ်။ သူတို့ကလေးတွေက ကျမ သမီးထက် အခြေအနေပိုဆိုးသလို၊ ဆေးဝါးပံ့ပိုးမှုလဲ မနိုင်ကြတော့ ကလေးရဲ့အခြေအနေ တိုးတက်မှု နှေးနေပါတယ်။ ကျမပြန်တော့ သူတို့လဲ ပျင်းကျန်ခဲ့ပုံရပါတယ်။

မြန်မာနိုင်ငံမှာ ၅ နှစ်အောက်ကလေး သေဆုံးမှုနှုန်းဟာ မြင့်မားနေဆဲပါပဲ။ ဆင်းရဲမွဲတေမှုက ကျန်းမာရေးစောင့်ရှောက်မှုကို ညံ့ဖျင်းစေ ပါတယ်။ မြန်မာပြည်မှာ ယင်လုံအိမ်သာ မသုံးနိုင်သေးတဲ့ လူအတော်များများရှိနေပါသေးတယ်။ အမှိုက်စွန့်ပစ်တဲ့စနစ်ဟာ ညံ့ဖျင်းလွန်း လို့ ရန်ကုန်မြို့မှာ အမှိုက်အတော်များများ ရှိနေပါတယ်။ ယင်ကောင်ပေါက်ဖွားမှုနှုန်းထားဟာလဲ အလွန်ကောင်းမွန်ပါတယ်။ ရပ်ကွက် အတော်များများမှာ ရေနှုတ်မြောင်းတွေမစီးဆင်းတဲ့အတွက် ခြင်ပေါက်ဖွားမှုကလဲ အလွန်ကောင်းပါတယ်။

သွေးလွန်တုပ်ကွေးကာကွယ်ရေးနဲ့ပတ်သက်လို့ လိုက်လုပ်ပါတယ်ဆိုတဲ့ အမျိုးသမီးရေးရာက မိန်းမတွေဟာ အဝါရောင်ဆင်တူဝတ်ပြီး အိမ်ဝကနေ ရေလှယ်ရဲ့လား၊ ပိုးလောက်လန်းရှိသလားမေးပြီး ပြန်ထွက်သွားကြတာပါ။ WHO က ပေးတဲ့ ပိုးလောက်လန်းမပေါက်ပွား အောင် ရေထဲထည့်တဲ့ ဆေးရှိတယ်လို့သာ အသံကြားပြီး ကျမတော့ မမြင်ဖူးခဲ့ပါဘူး။ မီးမလာ၊ ရေရှားတဲ့မြို့တော်ကြီးမှာ တပတ်တခါ ရေလှယ်ဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စပါ။ အတော်စွန့်စားရပါတယ်။ ကိုယ့်ရေတွေလှယ်ပြီးမှ ရေမလာလို့ကတော့ ရေဝယ်ရပြီသာ မှတ်လိုက်ပါတော့။ ဆင်ခြေဖုန်းရပ်ကွက်တွေမှာက အဝီစိတွင်းရေကို ဝယ်ကြရတာဆိုတော့ ပိုလို့တောင် နှမြောကြပါအုံးမယ်။

ဘူးသီးအစရှာမရဆိုသလို ကျန်းမာရေးစောင့်ရှောက်မှုအကြောင်း ပြောရင်းနဲ့လူထုရဲ့ စီးပွားရေးအခြေအနေဆီကို ရွေ့လျားသွားပြီး ကဏ္ဍတိုင်းလိုလိုမှာ လိုအပ်ချက်တွေရှိနေသော စစ်အစိုးရ၏ လမ်းပြမြေပုံကား ….. ကုရာနတ္ထိဆေးမရှိပြီ … ထင့်။

ခင်ငြိမ်းသစ်

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာဒုက္ခသည်တွေ ထိုင်းက ပြန်ခိုင်းတဲ့ကိစ္စ UNHCR ရှုတ်ချ

By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 28 ဒီဇင်ဘာ 2010

ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံက ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြန်ပြီး နှင်ထုတ်ခဲ့တဲ့ ထိုင်းနိုင်ငံကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး (UNHCR) ရုံးက မနေ့က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ဂျီနီဗာ အခြေစိုက် UNHCR ရုံးက ဒုက္ခသည် မြန်မာနိုင်ငံသား အမျိုးသမီး၊ အမျိုးသား၊ ကလေးငယ် ၁၆၆ ယောက်ကို ထိုင်းနိုင်ငံ တပ်ခ် ခရိုင် ဒုက္ခသည်စခန်း တခုကနေ ပြီးခဲ့တဲ့ စနေနေ့က ဦးနှောက် အမှေးယောင်ရောဂါ ကူးစက်မှာ စိုးရိမ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နှင်ထုတ်ခဲ့ပါတယ်။

ဒုက္ခသည်တွေက သူတို့ဟာ သူတို့ရဲ့နေရင်း မြန်မာနိုင်ငံ အရှေ့ခြမ်းမှာ လုံခြုံရေး စိတ်မချရလို့ နေရပ်ပြန်ဖို့ အဆင်သင့် မဖြစ်သေး ကြောင်း UNHCR ရုံးကို အကြောင်းကြားခဲ့ကြပါတယ်။

ထိုင်းနိုင်ငံရဲ့ လုပ်ရပ်ဟာ တခြားနိုင်ငံကနေ ဒုက္ခဖြစ်ပြီး ထွက်ပြေးလာသူတွေကို နေရင်းနိုင်ငံမှာ လုံခြုံမှု မရှိမချင်း ပြန်မပို့ဘဲ စေတနာ့ဝန်ထမ်း လက်ခံထားရမယ် ဆိုတဲ့ ကုလသမဂ္ဂရဲ့ အခြေခံ စံတွေနဲ့ မကိုက်ညီဘူးလို့ UNHCR က ထိုင်းအာဏာပိုင်တွေကို ပြစ်တင် ရှုတ်ချ လိုက်ပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံထဲမှာ တိုက်ပွဲတွေ ဖြစ်လာတိုင်း ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို လက်ခံပေးတဲ့ ထိုင်းနိုင်ငံကို ခိုင်ခိုင် မာမာ အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်းလည်း UNHCR က ပြောဆိုပါတယ်။

UNHCR ရဲ့ ပြစ်တင် ရှုတ်ချမှုကို ထိုင်းအစိုးရကတော့ ချက်ချင်း တုံ့ပြန်မှု မလုပ်ဆောင်သေးပါဘူး။
http://www.voanews.com/burmese/news/myanmar-refugees-thai-unhcr-112577749.html

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်အောင်ဆန်းစုကြည် က ၉၀ ရလဒ်ကို ဆက်ကိုင်ထားမယ်လို့ လူငယ်တွေ့ဆုံပွဲမှာ ပြောကြား

ယမန်နေ့က လူငယ်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ လူငယ် အလွှာ ပေါင်းစုံမှ ၄၀၀ လောက် တက်ရောက်ကြပြီး ဒေါ်အောင်းဆန်းစု ကြည် နဲ့ အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြ တယ်။ ဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဆက် လက်ဆုပ်ကိုင်ထားမယ်လို့ ပြောသွားတယ်။

လူငယ်တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ လူငယ်တဦးက နေ့သစ်ကို ခုလို ပြောပြသွား တာက ..

မနေ့က အခြေအနေ နားထောင်လေ့လာခဲ့ရသလောက်တော့ အတိုင်းအတာတခု ထ အောင်မြင်တယ် စကားဝိုင်းမှာ ရသအစုံ ရတယ်ဗျ။ အမေ အဓိကပြောချင်တာကတော့ ပါတီတခုထဲနဲ့ ဘာကိုမှ လုပ်မရနိုင်ဘူး လူငယ်ထုတွေနဲ့ ပြည်သူလူထုတရပ်လုံးက ကိုယ် ဘာလိုချင်လဲ ဘယ်လိုလုပ်မလဲဆိုတဲ့ ကွန်ယက်ဖွဲ့စည်းထိစပ်မှုကနေ ပူးပေါင်းထိစပ် လုပ်ဆောင်မှ ရမယ်ဆိုတာကိုပါပဲ။

တွေ့ဆုံးပွဲကိုတက်လာတဲ့ လူငယ်တဦးမေးတဲ့ ၉၀ ရလဒ်ကို လက်လွှတ်လိုက်မှာလား ဆိုတဲ့ မေးကို အမေက ခုလို ပြန်ဖြေလိုက်တယ်လေ …

“၉၀ ကို ဆက်ကိုင်ထားပါတယ်တဲ့ ဘာကြောင့်လည်းဆိုတော့ ၉၀ ရလာဒ်ကို ဆုပ်ကိုင် ထားတာက အာဏာလိုချင်လို့ ၉၀ တုန်းက အနိုင်ရလို့ ဆုပ်ကိုင်ထားတာ မဟုတ်ပါဘူး ပြည်သူက တခဲနက် မဲပေးထားတာကို မစော်ကားချင်လို့ပါ။ တချို့က ပြောတယ်၊ ဒီမို ကရေစီမှာ ရွေးကောက်ပွဲဆိုတာလည်း ပါတာပဲဆို၊ ဟုတ်ပြီ ၉၀ တုန်းကလည်း ဒီမိုက ရေစီအရ ရွေးကောက်ပွဲလုပ်သွားတာပဲ ဆက်လက်ကိုင်ထားမှာပဲ” တဲ့

ကွန်ယက်မှာ ထိစပ်ပါဝင်မဲ့ လူငယ်တွေကျောင်းသားတွေ ပြည်သူလူထုတွေ အနေနဲ့က တော့ တိုင်းပြည်နဲ့လူမျိုးကို တိုးတက်မြင့်မား စေချင်တဲ့ စိတ်ဆန္ဒကို အခြေခံထားပြီး မြန် မာပြည်ရဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ နိုင်ငံအရေးကိစ္စအသွယ်သွယ် ကို ဘယ်လို ပူးပေါင်းပြီး ကောင်းမွန်အောင် လုပ်ဆောင်နိုင်မလဲဆိုတာ တွေဆွေးနွေး တယ်။
ရည်မှန်းထားတာကတော့ မြန်မာ့နိုင်ငံမှာ ဒီမိုကရေစီဆိုတာ လူတိုင်းသိပြီး လူတိုင်းကျင့် ကြံနိုင်မှုတွေနဲ့ ကမ္ဘာအလယ်မှာ မြန်မာကို အောက်တန်း နောက်တန်းမကျတဲ့ နိုင်ငံနဲ့ လူမျိုးအဖြစ် ဖော်ဆောင်ဖို့ပါပဲ။ နောက်ပိုင်မှာ အမေ့အနေနဲ့ တိုင်းရင်းသားလူငယ်တွေ တွေ့ဆုံဖို့ လဲ အစီအစဉ်တွေရှိတယ်လို့ သိရတယ်လေ။

တက်ရောက်လာတဲ့ NGO တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ လူငယ်တွေဘက် ဆွေး တာကတော့ …

လူမှုအဖွဲ့အစည်းတွေအချင်းချင်း ချိတ်ဆက်လုပ်ဆောင်နိုင်တဲ့အထိ ပူးပေါင်းမှုရှိလာစေဖို့ ညွှန်ကြားပေးဖို့နဲ့ သူတို့ရဲ့လှုပ်ရှားနေမှုတွေကို တင်ပြကြတယ်လေ နိုင်ငံရေးဆိုတာ အ မည်မခံပဲ လုပ်ဆာင်မှုတွေရဲ့ အခန်းကဏ္ဍမှာ လူမှုရေးနယ်ပယ်ကို ချန်လှပ်မထားနိုင် တာကို သူတို့က တင်ပြကြတယ်လေ။ အမေကိုယ်တိုင်ကလဲ လက်ခံအတည်ပြုဆွေးနွေး ခဲ့တယ်။

CSO တွေရဲ့ အခန်းကဏ္ဍကနေ သူတို့တက်စွမ်းတဲ့ဘက်က အမေနဲ့အတူ ပူးပေါင်းလုပ် ဆောင်ချင်ကြောင်းနဲ့ သူတို့အတွက် အမေက အားအင်ဖြစ်စေကြောင်း၊ သူတို့ထဲက တ ချို့ဟာ ပါတီကို တကြိမ်တောင်မရောက်ဖူးသူတွေဖြစ်ပေမဲ့ အမေနဲ့ လူငယ်တွေ တွေ့ဆုံ မယ့် အခြေအနေကို လက်မလွှတ်ခံနိုင်လို့ တက်ရောက်ဆွေးနွေးဖို့ လာကြတယ်လို့လဲ ဆိုတယ်ဗျ။

လူငယ်များနဲ့ တွေ့ဆုံဆွေးနွေးပွဲကို အပိုင်း ၂ ပိုင်းခွဲပြီးကျင်းပခဲ့တယ်လို့ သိရပြီး ပထမ ပိုင်းပြီးတဲ့ အချိန် အားလုံးထမင်းစားတဲ့ အခါမှာတော့ အမျိုးသားခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် က လူငယ်များနဲ့အတူ ရင်းနှီးချစ်ကြည်စွာ လက်ရည်တပြင်တည်း နေ့လည်စာကို စားခဲ့ပါတယ်။
http://www.naytthit.net/?p=5831

အပြည့်အစုံသတင်းဖတ်ရန်....

ကျွန်ပ် တို့ ၏ အနီးကပ်ဆုံး ရန်သူ

မြန်မာနိုင်ငံ၏ အနာဂတ် နှင့် HIVဗိုင်းရပ်စ်မြန်မာပြည်တွင် HIV ရောဂါသည်များ တဖြည်းဖြည်း တိုးပွားလာသည့် သတင်းကို အားလုံး သိရှိပြီး ဖြစ်မည် ထင်ပါသည် ။ ယခု ကျနော် ရေးသား တင်ပြလိုသည့် အကြောင်း အရာသည် HIVေ၇ာဂါသည်များ တိုးပွားလာရခြင်း၏ အဓိက အချက်ဟု ထင်မြင် ယူဆမိပါ၍ ဒီဆောင်းပါးလေးကို ရေးသား လိုက်ခြင်းပင် ဖြစ်ပါသည် ။ ပုံမှန်အားဖြင့် လိင်ဆက်ဆံခြင်းမှသာ အများဆုံး ကူးစက်လေ့ ရှိသည့် ထိုရောဂါကို ကာကွယ်ရန် နည်းလမ်းများ သိနေပါလျှက်နှင့် အဘယ်ကြောင့် ရောဂါသည်များ တိုးပွားလာရသနည်း ဆိုသည့် မေးခွန်းသည် အင်မတန်မှာ စဉ်းစားစရာ ကောင်းသည့် အချက် ဖြစ်သည်ဟု ကျနော်များစွာ တွေးတောမိ သလို ပညာရှင်များလည်း တွေးတောမိမည်မှာ အမှန်ပင် ဖြစ်ပါည် ။
မြန်မာနိုင်ငံတွင် HIV ပညာပေး ဇတ်ကားများကို အစိုးရမှာ ထုတ်လွှင့်လေ့ ရှိသလို ကမ္ဘာကျန်းမာရေး အဖွဲ့အစည်းများမှလည်း မကြာခဏ ပညာပေးပွဲများ ကျင်းပလေ့ရှိပါသည် ကို မြန်မာနိုင်ငံတွင် ထိုသို့သော လုပ်ငန်းများ လုပ်ကိုင်နေသူများထံမှ အမြဲလိုလို ကြားသိရပါသည် ။ တကယ်တမ်း ပညာပေး သည့် အတိုင်း ပြည်သူလူထု လိုက်နာ ဆောင်ရွက်မည် ဆိုလျှင် ရောဂါ ဝေဒနာရှင်များ လျှော့နည်းသွားသင့်သည့် အစား တဖြည်းဖြည်း တိုးပွာလာခြင်းသည် တခုခု မှားယွင်းနေပြီ ဆိုတာ အသေအချာဟု ပထမဦးစွာ ယုံကြည်စေချင်ပါသည် ။

ပထမ ဆုံးအားနည်းချက် ကို ထောက်ပြရမည် ဆိုလျှင် ကမ္ဘာကျန်းမာရေး အဖွဲ့အစည်းများက လိင်ဆက်ဆံရာတွင် အသုံးပြုသည့် အကာအကွယ်ပစ္စည်း ( condom ) ကို ခေတ်မှီ နည်းစနစ်များ ဖြင့် စစ်ဆေးခြင်း မရှိဘဲ မြန်မာနိုင်ငံတွင် ဖြန့်ဝေ ခြင်းကြောင့်ပင် ဖြစ်သည်ဟု အသေအချာ ပြောရဲပါသည် ။ မြန်မာနိုင်ငံသို့ ထို အဖွဲ့အစည်းများ က အကူအညီ တောင်းခံ၍ ပေးပို့လှူဒန်းသည်လား ၊ ဈေးပေါပေါဖြင့် ရောင်းချသည်လား ထိုစက်ရုံ၌ သုံးနှစ်ကြာ အလုပ်သမား အဖြစ် အမှု ထမ်းခဲ့သော မြန်မာ အလုပ်သမားများ အနေဖြင့် အတိအကျ မသိနိုင်သော်လည်း သေချာစွာ ပြောနိုင်သည်က ထိုပစ္စည်းများသည် အရည်အသွေး အဆင့်အတန်း မမှီသည့် သက်တမ်းကုန်လွန်နေသည့် ထုတ်ကုန်များကို ပို့ဆောင် ခြင်း ဖြစ်ကြောင်း အားလုံးက တညီတညွတ်တည်း ပြောဆိုကြသည့် အတွက် ပြည်သူလူထု အတွက် အထူးသိသင့်သည့် သတင်း တခု ဖြစ်သလို သက်ဆိုင်ရာ တာဝန် ရှိသူများ မှလည်း စုံစမ်းသင့်သည်ဟု လေးစားစွာ တိုက်တွန်း ပြောကြားလိုပါသည် ။

ကျနော် သိထားသည့် သတင်း အရဆိုလျှင် မြန်မာနိုင်ငံကို တင်သွင်းသည့် ထိုပစ္စည်းများကို မလေးရှားနိုင်ငံ Karex Industrial Sdn.Bhd မှ ထုတ်လုပ်ပါသည် ။ ထို ပစ္စည်းများ စတင် ထုတ်လုပ်သည့် အဆင့်မှ စကာ နောက်ဆုံး ထုပ်ပိုးသည့် အဆင့် အထိ မြန်မာနိုင်ငံသား ၀န်ထမ်းများ ရှိသည်ဟု လာရောက် ဖွင့်ဟ ပြောဆိုသွားပါသည် ။ ယခုချိန်ထိလည်း ထို စက်ရုံတွင် မြန်မာနိုင်ငံသား အလုပ်သမားများ ဆက်လက် တာဝန် ထမ်းဆောင် နေကြဆဲပင်ဖြစ်ပါသည် ။ နိုင်ငံတကာ သို့ တင်ပို့ရောင်းချသည့် အခါ အဆင့်အ တန်းမြင့်သော နိုင်ငံများ အတွက် အရည်အသွေးကို အထူးထိန်းသိမ်း ကြီးကြပ်သလောက် ဆင်းရဲသော နိုင်ငံများ အတွက် ဆိုလျှင် ဖြစ်သလို ထုတ်လုပ်ရောင်းချသည်မှာ စက်ရုံတော်တော်များများတွင် တာဝန်ထမ်းဆောင်ဘူးသည့် မြန်မာနိုင်ငံသားများ အသိဆုံး ဖြစ် မည် ထင်ပါသည် ။

ပထမ ဦးစွာ Latex ခေါ် ရာဘာရည်ကို ဓါတုဗေဒ ဆေးဝါးများ ရောစပ်ကာ ပုံသွန်းလောင်းသည့်စက်များ ဖြင့် လှည့်ပတ် မောင်းနှင်ရ သည် ။ ထိုအဆင့်လွန်မြောက်လျှင် ထိုပစ္စည်းများကို ပေါင်ဒါမှုန့်များ ပျက်ဖြန်းကာ အခြောက်ခံထားရပါသည် ။ ထိုသို့သတ်မှတ်သည့် အပူချိန်ပေး၍ အခြောက်ခံပြီးလျှင် ပလတ်စတစ် အိပ်များသို့ သွတ်သွင်းကာ စတိုထဲတွင်း သိမ်းထားလေသည် ။ ထို့နောက် ထိုပစ္စည်း များကို Electronic Test လုပ်သည့် စက်များတွင် တခုချင်းတပ်ဆင်၍ စက်များမှ အလိုအလျာက်စနစ်များဖြင့် အကောင်း အဆိုး ကို ခွဲခြမ်း စမ်းသပ်ကာ လွယ်ကူစွာ သုံးစွဲနိုင်ရန် ပစ္စည်းများကို လိပ်ပေးလိုက်သည့် အသင့် သုံးစွဲနိုင်သည့် အနေအထား ရောက်အောင် ထိုစက်မှ လုပ်ဆောင်သွားပါသည် ။ ထို့နောက် ထို့နောက် customer များ၏ order ပေါ်ကို မူတည်၍ သက်ဆိုင်ရာ တံဆိပ်များ အ သင့်တပ်ဆင်ထားသည့် plastic roll များကို စက်များတွင် တပ်ဆင်ကာ တခုချင်းစီကို ချောဆီ ထည့်၍ parcking ထုတ်ပိုးသည့် အဆင့်တွင်လည်း စက်များဖြင့် လုပ်ဆောင်သွားပါသည် ။ ထိုနောက် အပ်နှံသည့် အလုပ် order ပေါ်ကို မူတည်လျှက် တခုချင်းဖြစ်စေ ၊ သုံးခုတတွဲဖြစ်စေ ၊ ဆယ့်နှစ်ခု တတွဲဖြစ်စေ ထုပ်ပိုး၍ ကမ္ဘာနိုင်ငံ အနှံ့အပြားရှိ ဈေးကွက်သို့ ကွန်တိန်နာများ ဖြင့်ပို့ဆောင်ပါသည် ။

ထိုသို့ ထုတ်လုပ်သည့် စတင်သည့် အဆင့်မှ စကာ နောက်ဆုံး အဆင့်အထိ နေရာတိုင်းတွင် အရည်အသွေး စစ်ဆေးထိမ်းသိမ်း သည့် QC များက အဆင့်တိုင်းတွင် သေချာစွာ စစ်ဆေးကြပါသည် ။ ထိုသို့ စစ်ဆေးရာ၌ အဆင့်အတန်း မြင့်သော နိုင်ငံများကို ပို့မည့် ပစ္စည်းများ ၌ Reject တခုတွေ့လျှင် ထိုတွေ့ရှိသည့် ပစ္စည်းနှင့် အတူတူ ထုတ်လုပ်ခဲ့သည့် ပစ္စည်များကို ပြန်လည် ဖွင့် ဖောက်ကာ စစ်ဆေးလေ့ ရှိသော်လည်း မြန်မာနိုင်ငံ အပါအ၀င် ဆင်းရဲ သော နိုင်ငံများသို့ ပို့မည့် ပစ္စည်းများ ပြန်လည် ဖွင့်ဖောက် စစ်ဆေးလေ့ မရှိကြပါ ။ အဘယ်ကြောင့် ဆိုသော် ထိုသို့ ပြန်လည် စစ်ဆေးရမည့် ပစ္စည်းများ အလွန်များနေလျှင် သူဌေး ၏ အညို ငြင် ကို ခံရမည်ကို စိုးကြောက်၍ လည်းကောင်း ၊ ဆင်း၇ဲ နွမ်းပါးသော နိုင်ငံများ၌ ခေတ်မှီ သော နည်းပညာများဖြင့် စမ်းသပ်၍ မရှိ သည်ကို သိနေကြသည့် သက်ဆိုင်၇ာ အလုပ်ကြီးကြပ်သူများသည် မျက်စိမှိတ်ကာ လက်မှတ်ထိုးပေးလေ့ ရှိပါသည်။

မြန်မာနိုင်ငံသို့ တင်သွင်းသည့် ထိုပစ္စည်းများတွင် အဖော်တံဆိပ်နှင့် တံဆိပ်မပါသည့် ခဲရောင် ကာဘာ ဖြင့် ထုတ်လုပ်ထားသည့် ပစ္စည်း ဟူ၍ နှစ်မျိုးရှိပါသည် ။ထိုတံဆိပ် မပါသည့် ပစ္စည်များသည် နိုင်ငံတကာမှ အကူအညီ တောင်းခံသော အခါ ဆင်းရဲသည့် နိုင်ငံများ အတွက် ပေးပို့လှူဒန်းရန် ဖြစ်သည်ဟု အုပ်ချုပ်သူ အရာရှိများထံမှ မြန်မာနိုင်ငံမှ အလုပ်သမားများ ကြားသိခဲ့ရပါသည် ။ ထိုပစ္စည်းများ သည် ထုတ်လုပ်မှု အဆင့်တိုင်းတွင် QC များ မျက်စိတ်မှိတ်၍ လက်မှတ်ထိုးခဲ့သော ပစ္စည်းများပင် ဖြစ်ပါသည် ။ ထိုသို့ အရည်အသွေး မမှီရုံသာ မဟုတ် ၊ မည်သည့် နိုင်ငံ အတွက် ဟု သီးသန့်ရည်ရွယ်ထားခြင်း မရှိသည့် ပစ္စည်းများ ဖြစ်သောကြောင့် အမြဲလိုလို အပို ထုတ်လုပ်ကာ အသင့် အနေအထားဖြင့် သိမ်းဆည်းထားလေ့ ရှိပါသည် ။ ထို အကာအကွယ် ပစ္စည်းများ၏ သက်တမ်း မှာ သုံးနှစ်ဟု သတ်မှတ်ထားပါသည် ။ အကယ်၍ သုံးနှစ် ပြည့်သွားလျှင် ထိုရက်စွဲများကို ပြန်လည် ဖျက်ကာ ရက်စွဲ အသစ်များ ထပ်မံ ရိုက်၍ ပြည်လည် သိမ်ဆည်းထားကြသည်ဟု သိရှိရပါသည် ။

ကိုယ့်နိုင်ငံကို တင်ပို့မည့် ရောဂါကာကွယ်ရေး ပစ္စည်များသည် အရည်အသွေး မမှီရုံသာ မက ရက်လွန်ပစ္စည်းများ ဖြစ်သည့် အတွက် ပေါက်ပြဲဖို့ အလွန် လွယ်ကူသည့် အတွက်ရောဂါ ကူးစက်သည့် နှုန်း ပိုမို များပြား လာနိုင်သည် ကို သိသိကြီးနဲ့ မလွန်ဆန်နိုင်သော အလုပ်သမားတဦးကမူ မျက်ရည် ကျခဲ့ရပါသည်ဟု ပြောကြားခဲ့ပါသည် ။ သူတို့ပြောဆိုခဲ့သမျှ လိမ်ညာ ပြောဆိုခြင်း မဟုတ်မှန်း သူ တို့၏ ရိုးသားသော မျက်နှာပေါ်တွင် ၀မ်းနည်းသည့် အရိပ်အယောင်များ အထင်သား ပေါ်လွင်နေသည်ကို တွေ့မြင့်ခဲ့ရလေသည် ။ တိုင်းပြည် တပြည် ဆင်းရဲလျှင် ယခုကဲ့ သို့ နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရလေသည် ကို ပြည်သူလူထု အနေဖြင့် သတိထား စေလွန်းလှပါသည် ။

ကျနော် မြန်မာနိုင်ငံတွင် နေစဉ်က HIV ပညာရေး ဟောပြောပွဲ တစ်ခုတက်ရောက်ဘူးပါတယ် ။ သူတို့ဟောပြော ချက်များတွင် အကာ အ ကွယ် ပစ္စည်း မသုံးခင် လေမှုတ်၍ စမ်းသပ် ကြည့်သင့်ကြောင်း ပညာပေး ဟောပြောခဲ့သည်ကို သွား အမှတ်ရမိပြန်သေးသည် ။ သေသေ ချာချာ ပြန်လည် သုံးသပ်ကြည့်လျှင် မသုံးခင် ထိုသို့ လေမှုတ်၍ စမ်းသပ်သူ အတော်နည်းမည်ကို ကိုယ်တိုင် စဉ်းစားစေချင် ပါသည် ။ ထို့အပြင် ထိုပစ္စည်းကို သာမန် အမြင်ဖြင့် လေလုံပါသည်ဟု ဆိုသော်လည်း သတ်မှတ်ထားသည့် အပူချိန် ၊ လေဖိအားဒဏ် ခံနိုင်မှု ၊ အရည်ယိုစိမ့်မှု တို့ကို နည်းပညာ အကူအညီ မပါဘဲ သာမန် စမ်းသပ်ချက်များ ဖြင့် စမ်းသပ်၍ မလုံလောက် နိုင်ပါဟု အထစ်ချ ပြောရဲပါသည် ။ ထို အကာအကွယ်ပစ္စည်းသုံးစွဲခြင်း နှင့်ပက်သက်၍ သုတေသီများ၏ လက်တွေ့ကျကျ မေးမြန်းထားချက်များအရ သုံးစွဲ သော အကာအကွယ် ပစ္စည်း ပေါက်ပြဲသွားသည်ဟု သိရသည့် လူ (၁၀၀) တွင် ၁၀ယောက်ခန့်သာ အသစ်ပြောင်းတပ်၍ သုံးစွဲလေ့ ရှိကြသည်ဟု ကြားသိခဲ့ရဘူးပါသည် ။

နောက်တချက်ကား ထိုအကာအကွယ် ပစ္စည်းများသည် HIV ရောဂါ အပါအ၀င် အခြား ကာလသားရောဂါများကို ကာကွယ် တားဆီး ပေး နိုင်မှန်းသိလျှက် အချို့သော လူများသည် မသုံးစွဲချင်ကြသည်ကို ပြည့်တန်ဆာ အဖြစ် အသက် မွေးဝမ်းကြောင်း ပြုသူများ ထံမှ ကြားသိခဲ့ရလေသည် ။ ထိုအခါ သူတို့ မသုံးစွဲလို၍ ရှိစေအုံး ခင်ဗျာတို့ အနေနဲ့လက်မခံ၍ ရတာဘဲ ဟု ပြောသော အခါ သူတို့ အဖြေစ ကား သည် ရင်နင့်စရာ ကောင်းလွန်းလှပေသည် ။ " ကံကြမ္မာ မကောင်း၍ ပြည့်တန်ဆာ အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေ သည့် ကျမတို့ စကားကို ဘယ်သူကများ လေးစားမှာလည်းတဲ့ "။ မကောင်းသည့် အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုနေ သည့် လူကို အသာထား ရိုးသားဖြူစင်စွာ အသက်မွေးဝမ်းကြောင်း ပြုနေသူများကို အပင် အထင်သေးတတ်ကြသည့် လူများလည်း မရှား ဆိုတာ ကို အခြေခံ၍ စဉ်းစားကြည့် ထိုစကားသည် ဟုတ်လောက်ပေသည် ။

သူတို့လောကမှ ကြားသိရသလောက် ဆိုလျှင် အချို့သော အပျော်ရှာရန် လာသည့်လူများ ထိုပစ္စည်းကို မသုံးချင်သည့်အခါ " အ လွှာ ပါးပေမယ့် ကမ္ဘာခြားသလို ခံစားရတယ် " လျှာကို ရာဘာစွပ်ပြီး ထမင်းစားကြည့်ရင် ဘာအရသာ ရှိမှာလည်း " ဆိုသည့် စကား လုံးများမှာ အမြဲသုံးသည် ကို ငြန်းဆိုလေ့ရှိကြသည် ဟု ကြားသိရပါသည် ။

ထို့အပြင် ထိုသို့ အပျော်ရှာ သည့် လူအများစုသည် လာရောက်လူများတွင် ကိုးဆယ်ရာခိုင်နှုန်းသည် အရက်မူးနေကြသည် ။ နဂိုက ခိုးချောင်ခိုးဝှက် လုပ်စားရသည့် ဘ၀ တွင် သူတို့၏ ပြဿနာ ရှာဖွေခြင်းကို မခံနိုင်သည့် မိန်းကလေးများသည် သူတို့ အလိုကျ လိုက်လျော နေရခြင်းသည် ထိုရောဂါပိုးကို ကူးဆက်ခြင်းကို ဟန့်တားနိုင်ခြင်း မရှိခြင်း၏ အခြေခံ အကြောင်း အရင်း တရပ်ပင် ဖြစ်သည် ။ အရက်မူးနေသည့် အချိန်တွင် အရက်၏ အာနိသင်ကြောင့် လူတစ်ယောက်၏ ခန္ဓာကိုယ် အပူချိန်တက်လာလေ့ ရှိသည့် အပြင် အမှန် အမှားကို သာမန် အချိန်လို ခွဲခြား နိုင်စွမ်း မရှိသည့် အတွက် မိုက်ရုးရဲ ဆန်စွာ တဒင်္ဂ သာယာမှု အတွက် တဘ၀လုံး ထိုရောဂါ ကို သိမ်းပိုက်သွားရသည့် လူများ၏ ရာခိုင်နှုန်းက ပိုများလေ့ရှိပါသည် ။

အမျိုးသား ဖြစ်စေ ၊ အမျိုးသမီး ဖြစ်စေ မည်သူမဆို ထိုရောဂါကို အလွယ်တကူ ကူးစက် နိုင်သည့် အတွက် အထူးသတိထား ရှောင် ရှားသင့်သည့် အချက်မှာ မည်သူကိုမှ အယုံမလွယ်ရန် နှင့် အိမ်ထောင်ဖက်ကို သစ္စာရှိကြစေချင်ပါသည် ။ အထူးသဖြင့် မိမိတို့၏ ဇနီးမယား နှင့် တင်းတိမ်ကျေနပ်ခြင်း မရှိသည့် အခါ၌ ဖြစ်စေ ၊ အိမ်ထောင်ဘက် နှင့် ခွဲခွါနေရသည့် အခါများ၌ အပျော်ရှာလေ့ ရှိကြသည့် အမျိုးသားများ အထူးမှာကြား လိုသည်မှာ အကယ်၍ များ မလုံခြုံသော ဆက်ဆံမှု လုပ်မိပြီ ဆိုလျှင် ပြန်လည်၍ သွေးစစ် သင့်ပါသည် ။ ထိုသို့ စစ်ဆေးရာ၌ လည်း ပထမ အကြိမ် စစ်ဆေးပြီးသည် နောက် ( ၆ ) လွန်မြောက်လျှင် ထပ်မံစစ်ဆေးသင့်ပါသည် ။ သင့်၌ အကယ်၍ ရောဂါ စွဲကပ်နေသည် ဆိုပါက မိမိတို့၏ အပြစ်မဲ့သော အိမ်ထောင်ဘက်နှင့် မိမိတို့၏ မျိုးဆက်ရင်သွေးငယ်ကို ထိုရောဂါပိုးများ လက်ဆင့်ကမ်း ဖြန့်ဝေ ပေးသည့် လုပ်ရပ်များကို အထူး ရှောင်ရှားနိုင်ရန် ပွင့်လင်းစွာ ဖွင့်ပြော၍ ကျန်ရှိသေးသည့် ဘ၀ ခရီးလမ်းကို ကောင်းမွန်စွာ ဖြတ်သန်းသင့်ပါသည် ။

အချို့သော မိန်းကလေးများသည် သူတို့၏ ဘ၀ ကို ယောက်ျား၏ အချစ်ကို ယုံစား၍ ရောဂါ ပိုးရှိသူကို ပုံအပ်ထားရာက စလို့ ရောဂါ ပိုးကူးစက် ခံရသည်ကို သိသည့် အခါ ထိုယောက်ျား အပေါ် နားကြည်းချက်ကို သိမ်းပိုက်လျှက် အခြားသော လူများကို ဂလဲ့စားချေရန် လုပ်ဆောင်လေ့ရှိသည်ကို အမျိုးသားများ အနေဖြင့် အထူးသတိထားသင့်ပါသည် ။ သူတို့၏ အယူမှားသော လုပ်ရပ်များကြောင့် ရမ္မဇော ထန်နေသည့် အမျိုးသားများ လည်း ထိုရောဂါကို ပိုင်ဆိုင် သွားကြရလေသည် ။ ထိုသို့သော ညွှတ်ကွင်းမျိုးကို သက်ဆင်းမိသူ အများစုမှာ ရေသာခို အချောင်လိုက်လိုသော စိတ်ဓါတ် ကို ပိုင်ဆိုင်ထားသည့် ယောက်ျား နှင့် မကြုံဖူးသော အတွေ့အကြုံ ကို စမ်းသပ် ချင် ကြသည့် အရွယ်ရောက်ခါစ ငယ်ရွယ်သည့် လူငယ်များ ပင်ဖြစ်လေသည် ။

ပညာရေး စနစ် ညံ့ဖျင်းမှု ကြောင့် အသိဥာဏ် ဖွံ့ဖြိုးမှု နည်းသည့်အခါ စာရိတ္တမဏ္ဍိုင် ယိုင်းယိုင်နေရရှာသည့် လူငယ်များ သည် အမှန်အမှားကို ကောင်းစွာ မခွဲခြား နိုင်ကြဘဲ ဆန္ဒအလိုကို ချုပ်တီးနိုင်ရန် လွန်စွာ ခက်ခဲသည်ကို ကျနော် နားလည်ပါတယ် ။ နည်းပညာ ကို အလွဲသုံးစားလုပ်ကာ အယူမှားတွေ ဖြန့်ဝေ နေသည့် လုပ်ရပ်များက လူငယ်များကို ထိုကိစ္စများတွင် ပိုမို ထက်သန်အောင် နိုးဆွပေး နေသည့် အချိန်အခါတွင် အနာဂတ် မျိုးဆက်သစ် လူငယ်များ အတွက် အထူးစိုးရိမ် စရာ အနေအထား တစ်ခုကို ရောက်ရှိနေပါပြီ ။

သက်ဆိုင်ရာ အာဏာပိုင် များ အနေဖြင့် နိုင်ငံရေး စကားကို ပြောကြားနေသူများ အား လေသံကြားရရုံမျှ ဖြင့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို နှောက်ယှက်သည်ဟု အကြောင်းပြကာ ဖမ်းဆီးနေမည့် အစား အဖော်အချွတ်များ ဖြင့် လူငယ်များ၏ စာရိတ္တကို ပီပီ ပြင်ပြင် ဖျက်စီးနေသူများကို အမျိုးဂုဏ်ဇာတိဂုဏ် ဇာတိဂုဏ် မြင့်မားရေးကို နှောယှက် ဖျက်စီးနေသည့် လူများ အဖြစ် ထိရောက်သော အပြစ်ဒဏ်များ ပေးနိုင်လျှင် တိုင်းပြည် အတွက် ပိုမို အကျိုးရှိမည်ဟု ယုံကြည်မိပါသည် ။ ထိုသူများသည် လူငယ်များ၏ အနာဂတ်ကို ပျက်စီးသထက် ပျက်စီးအောင် ဖျက်စီးနေသည့် လူများ ဖြစ်သည် ဆိုတာကို အသိဥာဏ် ရှိသည့် လူသားတိုင်း လက်ခံထားကြပါသည် ။ ထိုသို့ မဟုတ်ဘဲ နိုင်ငံရေးသမား များကို တဖတ်သတ် စွဲချက်များဖြင့် ဥပဒေ အမျိုးမျိုးထုတ်ကာ ဖမ်းဆီး အပြစ်ပေး အရေးယူကြပြီး လူငယ်များ၏ စာရိတ္တ မဏ္ဍိုင်ကို ယိုင်နဲ့အောင် ထင်ရှားစွာ လုပ်ဆောင်နေသူများ၏ လုပ်ရပ်များကို မသိသလို နေလိုက်ကြလျှင် HIV ရောဂါ ကူးဆက်ပြန့်ပွားနှုန်းကား ပိုမို များပြားနေအုံးမည် ဖြစ်ပါသည် ။

ဤပြဿနာကို အနှစ်ချုပ်ပြန် စဉ်းစားကြည့်လျှင် လက်ရှိ အစိုးရ၏ ပြည်သူလူထု အပေါ်ကို တာဝန် ကျေပြွန်စွာ မထမ်းဆောင်လိုခြင်း ၊ ကိုယ်ချင်းစားစိတ် နည်းပါးခြင်းတို့ကြောင့် ပြည်ပ အကူအညီ ကို တောင်းခံနေရသည့် မြန်မာနိုင်ငံသားတို့ ဘ၀ကား ဒုက္ခ အမျိုးမျိုး ခံစားလျှက် ရှိပေသည် ။ ကိုယ်တိုင်ကလည်း မလုပ်ဆောင်ချင် သူတပါး တို့ ကိုယ်တိုင် လာရောက် ကူညီလုပ်ဆောင် ပေးလေ့ရှိသည် ကို လည်း မနှစ်ခြိုက်သည့် အစိုးရ နှင့် ဆက်ဆံရသည် ကို မနှစ်ခြိုက်သော NGO များသည် ပြည်တွင်းမှ လူများကို အစားထိုးကာ တာဝန် လွှဲပြောင်း ပေးခဲ့ကြလေသည် ။ ထိုအခါ တိုင်းပြည်ကို လှူဒန်းသည့် ငွေများကို ကိုယ်ကျိုးစီးပွားကို အသုံးချလေ့ ရှိကြသည့် ထို အဖွဲ့အစည်း အချို့မှ လူများသည် လုပ်သင့်လုပ်ထိုက်သော အလုပ်များကို မလုပ်နိုင်ကြတော့ဘဲ အယောင်ပြ လုပ်ရပ်များကို တွင်တွင် သုံးကာ ရန်ပုံငွေ ပိုမိုရရှိရေး အတွက်သာ လုပ်ဆောင်ကြ၍ HIV ရောဂါသည်များ ထပ်မံတိုးပွားလာခြင်း မရှိစေရန် လုပ်ဆောင်ချက်များ ဆောင်ရွက်ရာ၌ ပိုမို အားနည်း လာလေသည် ။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်ကို အခြား ဆေးဝါးကုသ၍ ရနိုင်သော ရောဂါ များ အတွက်ပင် လွန်စွာ အသုံးဝင် သည် ဆိုပါလျှင် ကုရာနတ္တိ ဆေးမရှိသည့် HIV ရောဂါသည်များ ထပ်မံတိုးပွားလာခြင်း မရှိအောင် ကာကွယ်ခြင်း သည်သာ အထိ ရောက်ဆုံး နည်းလမ်းများ ဖြစ်လေသည် ဟု နိုင်ငံတကာမှ ပညာရှင်များက ယုံကြည်ထားကြလေသည် ။ ထို့သို့ကာကွယ်ရာ၌ အထိ ရောက်ဆုံးသော ကာကွယ်ရေးပစ္စည်းက လုံခြုံမှု မပေးနိုင်သည့် အခါ ရောဂါသည်များ တိုးပွားသထက် တိုးပွားလာအုံး မည် ဖြစ်ပါသည် ။ ထို့အပြင် အသိဥာဏ် နည်းပါးကာ မိုက်ရူးရဲ ဆန်သော အကျင့်ဆိုးများကို လက်ခံထားသည့် လူများ၏ ရန်မှ မည်သို့ရှောင်ရှား သင့် သည်ကို ဆွေးနွေးကာ အဖြေရှာသင့်သင့် ဟု ယူဆမိပါသည် ။

ကျနော် ရေးသားသော စာပါ အချက်အလက် များသည် NGO အဖွဲ့အစည်းမှ သိရှိခဲ့ပြီး ဖြစ်ချင်လည်း ဖြစ်မည် ၊ မသိသေးတာ လည်း ဖြစ်ချင်ဖြစ်မည် ။ NGO အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အာဏာပိုင် များကို ပြစ်တင်ပြောဆိုလို၍ မဟုတ်ပါ ။ တတ်နိုင်သမျှ ထို ရောဂါ ကာကွယ်ရေး ကိစ္စများကို ယခုထက် ပိုမို၍ ဆောင်ရွက်လိုသောကြောင့် ရေးသားတင်ပြခြင်းသာ ဖြစ်ပါသည်ကို ပထမဦးစွာ ၀န်ခံလိုပါ သည် ။ လူအများစုက ထိုရောဂါ နှင့် မိမိတို့ မသက်ဆိုင်ဟု ထင်နေကြသော်လည်း အမျိုးသားလုံး လူ့အညွန့်တုံးစေမည့် ကိစ္စများ တွင် နိုင်ငံသားတိုင်း နှင့် သက်ဆိုင်သည်ဟု ထင်မြင်ယူဆ၍ တင်ပြဆွေးနွေးလိုခြင်းသာ ဖြစ်ပါသည် ။ တိုင်းပြည်တပြည်၏ အနာဂတ်ကို ကောင်းမွန်စွာ တည်ဆောက်မည်ဟု စဉ်စားထားကြလျှင် လက်တွေ့ ပြည်သူလူထု ခံစားနေရသော ဒုက္ခဆိုးများကို အရင်ဆုံး လက်တွေ့ ကျကျ ဖြေရှင်းပေးလိုပါသည် ။ ပြည်သူလူထု အနေဖြင့်လည်း မရှက်သင့်သော အလုပ်များတွင် မရှက်ဘဲ လူတိုင်း သိထား သင့်သည့် ကျန်းမာရေး ဟောပြောပွဲများ တွင် တက်ရောက်စေလိုပါသည် ။ ကိလေသာ နှင့် မကင်းသည့် လူသားမှန်သမျှ အိမ်ယာ ထူထောင် ကြမည်ဟု စိတ်ကူးထားသည်မှ လူ့သဘာဝ ပင်ဖြစ်လေသည် ။ အထူးသတိပေးလိုသည်မှာ တဒင်္ဂ သာယာမှု အတွက် တဘ၀စာ ပျော်ရွှင်မှု များ နှင့် လဲလှယ်သလို မဖြစ်ကြရလေအောင် ဆန္ဒကို အသိဥာဏ် ဖြင့် အတတ်နိုင်ဆုံး ထိန်းချုပ်နိုင် အောင် အစွမ်းကုန် ကြိုးစားစေချင်ပါသည် ။ သာယာလှပသော အိမ်ထောင်မှု ဘ၀ကို လိုချင်လျှင် ကိုယ်ချင်းစာတရားနှင့် မိမိတို့၏ အိမ်ထောင်ဘက်များ အပေါ် အပြန်အလှန် လေးစားချစ်ခင်ကာ သစ္စာစောင့်ထိန်း နိုင်မှ ထိုသို့သော ဘ၀မျိုးကို ပျော်ရွှင်စွာ ပိုင်ဆိုင်နိုင်မည် ဖြစ်လေသည်

တိုင်းပြည်၏ အနာဂတ်ကို မည်သို့ မည်ပုံဆောင်ရွက် မည်ဟု ကြွေးကြော်နေကြသော်လည်း လက်တွေ့ ပြည်သူလူထု၏ ဆင်းရဲဒုက္ခကို လှစ်လျူ ရှုထားသမျှတော့ ပြည်သူလူထု၏ နှလုံးသားတွင် အုပ်ချုပ်သူ လူတန်းစားများကို မုန်းတီးသည့် စိတ်ဓါတ်များ ၀င်နေအုံးမည် မှာ အသေအချာပင် ဖြစ်ပါသည် ။ အာဏာကို ၂၂ နှစ်လုံး ဆုပ်ကိုင်ထားပြီး တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးစီးပွားကို မငဲ့ကွက်ဘဲ ကိုယ်ကျိုးစီးပွားကို ဆက်လက် ဆောင်ရွက် နေလျှင် ပြည်သူလူထု၏ အမုန်းများကို ခွန်အားအဖြစ် ပြောင်းလဲသည့် နေ့တွင် တော်လှန် ရေး ဆိုသည့် အသံကို မကြားချင်လည်း ကြားရအုံးမည် ဖြစ်သည် ။ လှပသော ရေမြေတောတောင် သဘာဝ သယံဇတ နှင့် ထူးခြား ကောင်းမွန်လှသည့် ပထ၀ီ မြေပြင်ပေါ်မှာ လူသားများ ဆင်းရဲ ဒုက္ခရောက် နေရခြင်း၏ အကြောင်းတရားမှာ အုပ်ချုပ်သူ လူတန်းစားမှ ကိုယ်ချင်းစား တရားခေါင်းပါး နေခြင်းနှင့် ထိုသို့သော လူတန်းစားများကို မိမိတို့ ကိုယ်ကျိုးစီးပွား အတွက် မျက်လုံး စုံမှိတ်ကာ ထောက်ခံနေသည့်လူများ ပိုမို များပြားလာခြင်းကြောင့် ဖြစ်သည်ကို မြန်မာနိုင်ငံ၏ ပကတိ အနေအထားကို ကြည့်ခြင်းအားဖြင့် များစွာ ထင်ရှားပေါ်လွင် လွန်းလှပေသည် ။ တိုင်းပြည် ကို တကယ်ချစ်တယ် ဟု ဆိုပါလျှင်

ထိုတိုင်းပြည်ကြီးပေါ်တွင် မှီတင်း နေထိုင်ကြသော ပြည်သူလူထုကို ချစ်ခင်လေးစား တန်ဖိုးထားနိုင်ပါမှ ထိုသူသည် တိုင်းပြည်ကို တကယ် ချစ်သည်ဟု ယုံကြည်ရပေမည် ။

အမှန်တကယ် လက်တွေ့ကျကျ သုံးသပ်ပြရပါလျှင် လက်ရှိအစိုးရ၏ လုပ်ရပ် တော်တော်များသည် လူသားမဆန်ဟု ခံစားမိလေသည် ။ မြန်မာနိုင်ငံ ပြည်သူလူထု ကို အမှောင်ထဲတွင် ထားကာ တိုင်းပြည်၏ သယံဇာတ အရင်းအမြစ်ကို သူတပါး တိုင်းပြည် အလင်းရအောင် လုပ်ဆောင်ချက်များ ဖြင့် နိုင်ငံခြား ငွေ ရှာသည့် ကိစ္စသည် လုံးဝ မှားယွင်းနေပါသည် ။ ထိုသို့ လျှပ်စီးမီး မရသည့် ပြည်သူလူထု သည် လျှပ်စစ်ဓါတ်အား ရရှိအောင် မီးစက်များကို အသုံးပြုကြရသည် ။ ထိုသို့သော မီးစက်များကို မောင်းနှင်ရန် လောင်စာဆီကို ကိုယ့်တိုင်း ပြည် က မထုတ်လုပ်နိုင်သည့် အခါ ပြည်ပမှ ဈေးကြီးပေးကာ ပြန်လည် တင်သွင်းကြရသည် ။ ထိုအခါ ကြားထဲမှ နေ၍ နစ်နာ ဆုံးရှုံး သည်ကား ပြည်သူလူထု ပင်ဖြစ်လေသည် ။ ထိုသို့ ပြည်ပကို မတန်တဆ ဈေးပေါပေါဖြင့် ရောင်းချရာမှ ရလာသည့် နိုင်ငံခြား ၀င်ငွေ သည် ပြည်သူလူထု အမှန်တကယ် လိုအပ်သည့် နေရာတွင် အသုံးချခြင်း မဟုတ်ဘဲ သူတို့ ကိုယ်ကျိုးစီးပွားနှင့် အုပ်ချုပ်ရေး အာဏာ တည်မြဲစေရေး အတွက် စစ်လက်နက် ဖြည့်တင်းခြင်း ကိစ္စများတွင် အသုံးချနေခြင်းက ပြည်သူလူထု ကို ပိုမိုဆိုးဝါးသည့် နစ်နာ ဆုံးရှုံး မှုများ ရစေပါသည် ။ ကိုယ်ပိုင်ပစ္စည်း နှစ်ကျပ်တန်ကို တကျပ်ဖြင့်ရောင်းကာ သူတပါး ပစ္စည်း တကျပ်တန်ကို နှစ်ကျပ် ပေးဝယ် တာ ကို ကူးသန်းရောင်းဝယ် တာပါဟု မျက်လုံးစုံမှိတ်၍ ကြွေးကြော်တာများကို ရပ်တန့်သင့်ပါပြီ ။

ကျနော် ယခုလို ရေးသား၍ သက်ဆိုင်ရာ အာဏာပိုင်တို့က နိုင်ငံရေး လုပ်ရှားမှု ဟု ဆက်လက် ခံယူထားကြလျှင် အမှားကြီးမှားပေအုံး မည် ။ ကမ္ဘာ့အလယ် တွင် မျက်နှာငယ်နေရသော မြန်မာနိုင်ငံသားတိုင်းများ နှင့် ပြည်တွင်းတွင် နေ့စဉ်စားဝတ် နေရေးကို ခက်ခဲစွာ ရှာဖွေ စားသောက်နေကြသော နိုင်ငံသားတို့ ပုံရိပ်များကို မြင်ရတိုင်း များစွာ ၀မ်းနည်းမိပါသည် ။ စနစ်တခုရဲ့ ဆိုးကျိုး ကြောင့် ဒုက္ခ ရောက်နေသူများ တာကို သိထားတဲ့ လူသားတစ်ယောက် အနေဖြင့် ထိုစနစ်ဆိုးကြီးကို ပြင်ဆင်စေလိုပါသည် ။ အတိတ်က အမှား များကို လက်ညိုးထိုး စွပ်စွဲလို၍ မဟုတ်ဘဲ အနာဂတ်တွင် ပိုမိုကောင်းမွန် စေလိုသည့် စေတနာဖြင့် ပစ္စပ္ပုန်ကို အပြုသဘောဆောင် သည့် လုပ်ရပ်များဖြင့် လုပ်ဆောင်စေလိုသည်မှာ ကိုယ့်တိုင်းပြည်ကို တကယ်ချစ်သည့် လူသားတစ်ယောက်၏ တာဝန် ၀တ္တရားသာ ဖြစ်သည်ဟု ခံယူထားသည့် အတွက် ယခုလို ရေးသားတင်ပြလိုက်ရပါသည် ။

ခင်မင်လေးစားလျှက်
ဗမာ့သွေး

အပြည့်အစုံသတင်းဖတ်ရန်....

ပ၇ိက္ခရာအတွေး


ရေးသူ **အောင်သင်း

သားငယ်စကာင်္ပူမှ တစ်ခေါက်ပြန်လာစဉ်က Gillette မုတ်ဆိတ်ရိတ် ကိရိယာတစ်ခုကို ပေးသွားခဲ့သည်။ ကိုယ့်မှာလည်း အိန္ဒိယ လုပ်ပဲ လား မသိ ဓါးသွားနှစ်ချောင်းပါ မုတ်ဆိတ်ရိပ်”ဂျုတ်”တစ်ခု ရှိနေသေးသည်နှင့် သူ့ပစ္စည်းကို မသုံးဖြစ်ခဲ့ ဟိုတစ်လောကတော့ ကိုယ့် ကိရိယာ ဓားသွားအသင့် မရှိသည်နှင့် သူပေးခဲ့သည့် ဂျုတ်ကိုပင်ထုတ်ပြီး သုံးနေမိသည်။ အတော်လေးတော့ အသုံးခံပါသည်။
နှစ်လလောက်ဘဲ ကြာလေမည်လား မသိတော့ပါ။ အတန်ငယ်တုံးသလိုလို ရှိလာသည်နှင့် ဓားသွားအသစ်တစ်ကပ်လောက် ၀ယ်ဦးမှပါ လေဟု အောက်မေ့ပြီး စတိုးဆိုင်ကြီးတစ်ခုတွင် ၀င်ပြီးမေးကြည့်လိုက်တော့ ဓားသွားငါးခုပါ တစ်ကဒ်ကို ၆၂၅ ကျပ်ဆိုဘဲ။ ကိုယ်သုံး နေကျ ဓားသွားကို လမ်းဘေးဆိုင်တစ်ဆိုင်မှာ မေးကြည့်တော့ ဓားသွား ငါးခုရော ဂျုတ်ပါ တစ်စုံ ၁၅၀ ကျပ်။ အပေါဆုံးလို့ဘဲပြောပြော အဲသည် အပေါစားဓားသွားကလည်း တစ်ချောင်းဆိုလျှင် နှစ်လလောက်တော့ သုံးရသည်ပင်။ မုတ်ဆိတ် ပြောင်ပြောင်စင်စင် ရိတ်လို့ရ လျှင်ပြီးတာဘဲဟု အောက်မေ့ပြီး အပေါစား ဓါးသွားကိုပင်ဝယ်ပြီး သုံးလိုက်ပါသည်။

” ဘာအရေးကြီးသလဲ” ဘယ်ဟာကပဓါနကျသလဲ” ဆိုသည်ကို ချင့်ချိန်လိုက်ခြင်းမျှသာ ဖြစ်ပါသည်။ သို့သော် သာမန်အားဖြင့် ကြည့် လိုက် မည်ဆိုပါလျှင် သားငယ်ပေးခဲ့သော Gilletteက စတိုင်ကျရိုး လှရိုးအမှန်ဖြစ်သည်။ အသုံးပြုရာတွင်တော့ဖြင့် ကျွန်တော့်အဖို့ ဘာမှထူးထူးခြားခြား ပိုမိုကောင်းမွန်သည်မထင်မိပါ။ အတူတူပါဘဲ အသုံးခံသည့် ကာလအပိုင်းအခြားလည်း အတူတူပါဘဲ။ မထူးလှပါ။ သို့သော်သားငယ်ပေးလိုက်သည့် ပစ္စည်းကတော့ ပို၍ နာမည်ကြီးပါပေသည်။ ပုံစံကလည်း ဆန်းသစ်ပါသည်။ အဲဒီ ၆၂၅ ကျပ် ထဲတွင် ကျွန်တော်သိအောင် ကျွန်တော်မျက်စိကျအောင် လုပ်ပေးနေသည့် ကြော်ငြာခ ဘယ်လောက်များ ပါနေသေးသည်ကိုလည်း ၀ိုးတိုးဝါး တား လှမ်းပြီး တွေးလိုက်မိသေးသည်။
တစ်ခါက(ကျွန်တော် ခပ်ငယ်ငယ်က) ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ခဲ့မိဖူးသည်။ သွားတိုက်ဆေးတစ်ဘူးကို ငွေ ၁၀ ကျပ် ပေးပြီး သုံး လိုက်မည်ဆိုကြပါစို့ သူ၏ တကယ့်တန်ဖိုးမှာ ၁ ကျပ်သာလျှင် ဖြစ်သည်။ ၉ ကျပ်မှာ သင်ဝယ်သုံးနိုင်အောင် ကြော်ငြာရသော စရိတ်ဖြစ် သည်ဆိုပဲ။ ထို့ကြောင့် အထက်ပါအတိုင်း တွေးလိုက်မိခြင်းဖြစ်သည်။

” ဘာအရေးကြီးသလဲ ” ဘယ်ဟာပဓါန ကြသလဲ” ဆိုသည်ကို တွေးမိဖို့ မလွယ်ပါ။ တွေးမိသည့်အတိုင်း လိုက်နာကျင့်သုံးဖို့ဆိုသည် ကတော့ မလွယ်ရုံသာမဟုတ် အတော်ကြီးကို ခက်သည်ဟု ထင်မိပါသည်။
ထိုအခါကျတော့မှ ဗုဒ္ဓမြတ်စွာ ဘုရားသခင်ကို အံ့သြကြည်ညိုခြင်း အသစ်ဖြစ်ရပြန်ပါသည်။
ဘု၇ားရှင်ကျင်လင်ခဲ့ရာ အိန္ဒိယဒေသဆိုသည်မှာ ဇတ်နိမ့် ဇတ်မြင့် အလွန်ခွဲခြားသော၊ အလွန်လည်း အစွဲအလန်းကြီးသော ပတ်ဝန်းကျင် ကြီး ဖြစ်ကြောင်း အထူးပြောစရာမလိုပါ။ ထိုသို့ အစွဲကြီးသော လူတွေကို သူ၏(သံဃာ) အဖွဲ့အစည်းကြီးအတွင်းသို့ တစ်ပြေးညီ ၀င် ရောက် နေထိုင်ကြအောင် သိမ်းသွင်းလိုက်ခြင်းဖြစ်သည်ပင် အံတပါးဖြစ်နေကြောင်း ကျွန်တော်က အထူး ”ဂုဏ်ဖော်” ပြောမနေ သင့် တော့ပါ။ ကျွန်တော်တို့တတွေ စဉ်းစားပုံစဉ်းစားနည်းနှင့် ပတ်သတ်ပြီး သွန်သင်နေသော ကိစ္စတစ်ခုကိုသာ တင်ပြလိုက်ရပါတော့မည်။ ပရိက္ခရာ ရှစ်ပါးအကြောင်းကို ကျွန်တော် စဉ်းစားမိသလို တင်ပြလိုက်ပါရစေ။

ဘုရားရှင်က …….
မင်းတို့ကွယ် မဂ်ဖို ရရာရကြောင်းကိုသာ ပဓါန ထားကြကွဲ့၊ ကျန်တဲ့ မဂ်တရားပြင်ပ( ဗာဟီရ)ကိစ္စတွေကို တစ်စမကျန်အောင် တတ်နိုင်သ မျှ လျှော့ချပစ်လိုက်ကြစမ်း၊ ကုန်ကုန်ပြောလိုက်မယ် မင်းတို့ တသသ လုပ်နေကြတဲ့ ဆံပင်တွေ၊ မုတ်ဆိတ်တွေကို ရိတ်ပစ်လိုက်ကြစမ်း။ ကိစ္စတစ်ခု ပြုတ်သွားတာပေါ့ကွယ်၊ ခေါင်း လျှော်ရတာတွေ၊ ခေါင်းဖြီးရတာတွေ၊ ဆီလိမ်းရတာတွေ ငြိမ်းသွားတာပေါ့၊ အဲဒါအတွက် သင်တုန်းဓါးလေး တစ်ချောင်းတော့ ဆောင်ထားကြကွဲ့။

နောက်ပြီး အ၀တ်အစားဆိုတာကလည်း တယ်ပြီး အလုပ်ရှုပ်တာကလား၊ ဒါတွေနဲ့ ပတ်သတ်ပြီး အလုပ်ရှုပ်ရုံမကဘူး၊ မာန်တတ်ရတာနဲ့ ပြိုင်ရဆိုင်ရနဲ့ ဘယ်လိုမှ ကောင်းတာမဟုတ်ပါဘူး၊ အ၀တ်အစားဆိုတာမျိုးက အချမ်းအအေးလုံရင်၊ အရှက်အကြောက်ကို ဖုံးလွှမ်းနိုင်ရင် တော်ရောပေါ့၊ အဲဒီတော့ ခါးဝတ်တစ်ထည် ကိုယ်ရုံတစ်ထည်၊ အဲ…အေးတဲ့အခါမှာ ချုံဖို့၊ ခင်းဖို့ထိုင်ဖို့ အ၀တ်ထူကြီးတစ်ထည်လောက် ပါဆိုရင် လုံလောက်ပြီ။ အဲဒီ အ၀တ်မျိုးတွေကိုလဲ ရှည်ရှည်ဝေးဝေး ကြံဖန်ပြီး ရှာမနေကြပါနဲ့။ သင်္ချိုင်းကုန်းမှာ စွန့်ကြပစ်ကြတဲ့ အ၀တ် တွေ ရှိသား၊ သွားပြီးကောက်ယူပေါ့၊ အစတွေက အပိုင်းပိုင်းအထွာထွာတွေ ဖြစ်နေပြန်ရင်တော့လဲ စပ်ပြုပြီး ချုပ်တန်ချုပ်ရမှာပေါ့၊ ဒီတော့ အပ်ကလေးတစ်ချောင်းလောက်ကို ဆောင်ထားကြပေါ့။ အဲဒီအ၀တ်တွေကလည်း အရောင်အသွေး အမျိုးမျိုးဖြစ်ချင်ဖြစ်နေမှာကိုး၊ ဒီတော့ တစ်ရောင်တည်း ဖြစ်သွာေးအာင် သစ်ခေါက်အရောင်ရင့်ရင့် ကြီး ဆိုးပစ်လိုက်ကြကွယ်။

စားတာသောက်တာအတွက်လည်း အရသာတွေ ဘာတွေကို ဘာမှအာရုံထားမနေကြနဲ့တော့၊ အသက်မသေရုံ မဂ်တရားကို ပွားများနိုင်ရုံ သာ အာရုံပြုပြီး စားကြ၊ အဲဒီလို စားဖို့ကတော့ လွယ်ပါတယ်၊ တောင်းစားကြတာပေါ့ကွယ်။ တောင်းဖို့ကတော့ ခွက်တစ်လုံးလောက် ကိုတော့ ဆောင်ထားကြ၊ ဘာကိုပဲပေးပေး မသေရုံလို့ သဘောထားပြီး စားကြ။

ကိုယ်ကတောထဲမှာ သွားနေရမှာမဟုတ်လား ဒီတော့ ရေကောင်းရေသန့်ကလေး အလွယ်တကူ ရဖို့တော့ လိုတယ်။ တွေ့ရာချောင်း၊ မြောင်း၊ ရေကန်မှာ အလွယ်တကူရယူနိုင်အောင် ရေစစ်ကလေးတစ်ခုတော့ ဆောင်ထားကြ။

သစ်တစ်ပင်ရင်း၊ ၀ါးတစ်ပင်အောက်မှာ ထိုင်ပြီးတော့သာ မဂ်ကိစ္စပြီးအောင်လုပ်ကြ၊ အောက်က မြေပြင် မညီညွတ်ဖြစ်နေရင် အလွယ်တ ကူ ခင်းထိုင်လို့ရအောင် သားရေနယ်ကလေး တစ်ချပ်လောက်တော့ ဆောင်ထားကြ။ အဲဒီ ရှစ်မျိုးရှိရင် လုံလောက်ပါပြီ။ ဘာမှအ ပိုချဲ့မနေကြနဲ့တော့၊ ကြားကြလား….

ဤသို့အားဖြင့် သင်းပိုင်၊ ဧကသိ၊ ဒုကဋ္ဋ်၊ အပ်၊ သပိတ်၊ သင်ဓုန်းဓါး၊ ရေစစ်၊ သားရေနယ် တည်းဟူသော ပရိက္ခရာရှစ်ပါးကို သတ်မှတ် ပေး ထားခဲ့သည်ဟု ကျွန်တော် စိတ်ကူးမြင်ယောင်ကြည့်မိပါသည်။ ရဟန်းတော်တို့၏ တစ်ခုတည်းသောအလုပ်မှာ မဂ်ကိစ္စပြီးရန်သာ ဖြစ်လေရာ ထိုကိစ္စမှာ တစ်ပါးသောကိစ္စဆိုလျှင် ပြင်ပ(ဗာဟီရ) ကိစ္စများသာလျှင် ဖြစ်နေပါတော့သည်။ ကျွန်တော်တို့က လူဝတ်ကြောင် များ သာဖြစ်သည်။ မဂ်ဖိုလ် ကိစ္စကိုလည်း ကျင့်ကြံနေကြသည်မဟုတ်ပါ။ ကျွန်တော်တို့နှင့် ပရိက္ခရာ ရှစ်ပါး ဘာများပတ်သတ်နေ ပါသနည်း ဟု မေးစရာရှိပါသည်။

ကျွန်တော်ပြောပါမည်။
ကျွန်တော်က ကျောင်းဆရာတစ်ယောက်ပါ။ ကျောင်းသားငယ်လေးများနှင့် မပြတ်ထိတွေ့နေရပါသည်။ ကျောင်းသားများ၊ အထူးသဖြင့် ကျောင်းသူများ၏ ခဲတန်ဘူးကလေးများကို ကောက်ပြီး ဖွင့်ကြည့်လိုက်လျှင် ဘောလ်ပင်လေး ငါးချောင်းလောက်ပါသည်။ ခဲဖျက်က နှစ်တုံးလောက်ပါတတ်သည်။ မင်ပိတ်ဆေးဘူးက နှစ်ချောင်းလောက်ပါတတ်သည်။ အားလုံးမှာ လှလို့ဆန်းလို့ ၀ယ်ထားတာတွေချည်း ဖြစ်သည်။ အသုံးလိုလို့( မရှိမဖြစ်လို့) ၀ယ်ထားတာမဟုတ်။ ပေါ်လာလိုက်ရင်း ၀ယ်လိုက်မိသည်ကိုပင် ပြန်ပြီး စဉ်းစားချိန်မရလောက် အောင် ဖြစ်လာကြသည်ဟု ကျွန်တော်ထင်မိသည်။

ကလေးတွေတင်ပဲလားဟု စဉ်းစားကြည့်လိုက်တော့ လူကြီးတွေလည်း တယ်ပြီး မထူးလှဟု အောက်မေ့မိသည်။ မော်တော်ကား” မိုဒယ်” ဆန်းဆန်းကို အငန်းမရ လိုချင်သူတွေ၊ နာရီပုံဆန်း ပုံသစ်ကို ပတ်ပြီး ဟန်ရေးတပြပြ လုပ်ချင်သူတွေလည်း ပဓါနအချက်ကို မျတ်ချေ ပြတ်ကုန်ကြသည် ဟု ထင်နေမိသည်။

ကျွန်တော်တို့ နိုင်ငံတွင် တံခါးဖွင့် စီးပွားရေးစနစ် ကျင့်သုံးလိုက်တော့ လူသုံးကုန် ဆန်းဆန်းပြားပြားတွေကလည်း ဒလဟော ၀င်လာ လိုက်သည်မှာ မြင်မကောင်း ရှုမကောင်းဟု ပြောရလောက်အောင်ပင် ဖြစ်နေလေတော့သည်။ သည်တော့ ကျွန်တော်တို့ လူစုကလည်း ၀ိုင်းလိုက် ငမ်းလိုက်ကြသည်မှာ မြင်မကောင်း ရှုမကောင်းလို့ပဲ ပြောလိုက်ပါရစေတော့။
ထိုထိုသော ကုန်စည်များကြောင့် သက်ရောက်လာလိုက်သော အကျိုးဆက်များအကြောင်းကို ကျွန်တော်မရေးလိုသေးပါ။ ကျွန်တော် ဆောင်းပါးဦးတည်ချက်ကိုပဲ ပြန်ပြီး ကောက်ပါရစေ။ ဘုရားရှင်ကျင့်သုံးတော်မူပုံကို ပြန်ပြီးကြည့်လိုက်မည်ဆိုလျှင် မဂ်ကိစ္စဆိုသည်ကို မပြတ်ကြစေရန် သတိပေးထားသည်။ မရှိမဖြစ် အလိုအပ်ဆုံးကိုသာလျှင် ဆောင်ထားစေသည်။ ပြင်ပကိစ္စ နည်းနိုင်သမျှ နည်းသွားစေရန် ချုံ့ပစ်လိုက်သည်။

ကျွန်တော်တို့ ဘ၀ပန်းတိုင်သို့ သွားကြရာတွင်ကော သည်လိုလုပ်လို့ မဖြစ်နိုင်ဘူးလား၊ ဖြစ်နိုင်သည်ဟု ကျွန်တော်ယုံကြည်သည်။ အရေးကြီးသည်က ပစ္စည်းတစ်ခုကို ၀ယ်မည် ကြံလိုက်တိုင်း ”ငါ့မှာ တကယ်လိုအပ်တာလား” ဆိုတာလေးကို သတိတရဖြစ်ပြီး မေးကြည့်မိဖို့ပဲ ဖြစ်သည်။

တိုင်းတစ်ပါးရောက် ငွေရှာနေကြသည့် လူငယ်လေးများကို အလွန်သနားမိသည်။ လူတွေက သူတို့တစ်တွေ ငွေထုပ်ပိုက်လာသည်ကိုသာ မြင်ကြသည်။ အခါကြီးရက်ကြီးကို ရောက်လာလိုက်တိုင်း အသည်းအူ ပြောင်းပြန်လန်ခမန်း ကိုယ့်မွေးရပ်ဋ္ဌာနီဆီမှန်းပြီး လွမ်းမျက်ရည်ဝေ့ကြရရှာသည့် ခမျာများ၏ နှလုံးသားကို မှန်းကြည့်နိုင်သူ အလွန်နည်းသည်။ အလုပ်ရှင်(ဘောစ်)၏ ပြောပေါက်ဆိုပေါက်ကို ခံပြင်းလှ သောကြောင့် ပါးပိတ်ရိုက်ပစ်ချင်ပါလျှက် အမျက်နှင့် မာနကို မျိုချလိုက်ရသည့် သူတို့လေးတွေ အသွင်ကို မှန်းမြင်နိုင်သူ အလွန်နည်းသည်။ ကျွန်တော်ကတော့ သူတို့ကို သနားသည်။

”မျက်နှာအောက်ချ၊ မျက်ရည်စ”နှင့် ရှာထားရ ဖွေထားရသည့် ငွေကြေးစကို ကြားထဲက နှမြောသည်။ ထို့ကြောင့် ဘုရားရှင်၏ ”ပရိက္ခရာ အတွေး”ကို ရေးလိုက်ရသည်။

အောင်သင်း
ရွှေမော်ကွန်း မဂ္ဂဇင်း( အမှတ်-၁၁ )
ဧပြီလ၊ မေလ
http://www.shwemawkunn.com/2010/12/blog-post_4074.html

အပြည့်အစုံသတင်းဖတ်ရန်....

သွေးသစ်လောင်းဖို့  အချိန်တန်ပြီ။

မြန်မာပြဿနာ အဖြေရှာရေး လူငယ်တွေ ပါဝင်ဖို့ ဒေါ်စု တိုက်တွန်း
By ဦးဇော်ဝင်းလှိုင် အင်္ဂါ, 28 ဒီဇင်ဘာ 2010 ဗွီအိုအေ (မြန်မာဌာန)

လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ လူမှုရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့ နေရာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတာကြောင့် လူငယ်တွေ မပါလို့ မဖြစ်ဘူးလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ လူထုအကျိုးပြု လူမှုရေး လုပ်ငန်းတွေကို လက်ရှိ လုပ်ဆောင်နေကြတဲ့ NLD မဟုတ်တဲ့ လူငယ် အယောက် ၅၀၀ လောက်နဲ့ ဒီကနေ့ ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ပြုလုပ်တဲ့ လူငယ်တွေ့ဆုံပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်ဖို့အတွက် လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတာကြောင့် လူငယ်တွေ အနေနဲ့ အသိပညာ၊ အတတ်ပညာတွေ တိုးတက်အောင် လုပ်ဆောင်ပြီး တိုင်းသူပြည်သားတွေရဲ့ အကျိုးကို ဒီထက်ပို လုပ်ဆောင်နိုင်ဖို့နဲ့ တယောက်နဲ့တယောက် အတွေ့အကြုံ အမြင်ချင်း ဖလှယ်နိုင်ကြဖို့ ရည်ရွယ်ပြီး ဒီတွေ့ဆုံပွဲကို ပြုလုပ်ခဲ့တာပါ။

တိုင်းပြည်အတွင်း လတ်တလော ကြုံတွေ့နေရတဲ့ လူမှုရေး၊ နိုင်ငံရေး အကျပ်အတည်းတွေဟာ အားလုံး ဆက်စပ်နေတာကြောင့် NLD ရယ်၊ ဘယ်သူရယ်လို့ ခွဲခြားမနေဘဲ အားလုံး ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့ ဒီလို ဆွေးနွေး တွေ့ဆုံပွဲ လုပ်ရတဲ့အခါ အခု မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေး ကိစ္စတွေမှာ လူငယ်တွေ မပါရင် မဖြစ်ဘူးဆိုတာ အားလုံး အသိအမှတ် ပြုတဲ့အနေနဲ့ ဖြစ်ပါတယ်။ လူငယ်တွေဆိုတာ ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူငယ်တွေတင် မဟုတ်ပါဘူး၊ ဘယ်နိုင်ငံရေး အဖွဲ့အစည်းမှာမှ မပါတဲ့ လူငယ်တွေပဲ ဖြစ်ဖြစ် ကျမတို့က အားလုံးကို ဖိတ်ခေါ် ကြိုဆိုပါတယ်။

“ဒီနိုင်ငံမှာလုပ်ရမယ့် လူမှုရေး၊ နိုင်ငံရေး ကိစ္စတွေဟာ အားလုံး သက်ဆိုင်နေတယ် ဆိုတာကိုလည်း ကျမတို့ နားလည်ဖို့ လိုပါတယ်။ အဲဒါကြောင့် ဒီလို ဆွေးနွေးပွဲ လုပ်တာပါ။ အဓိကအားဖြင့်တော့ ကျမရဲ့ အခြေအနေတွေ၊ ကျမရဲ့ အတွေးအခေါ်တွေကို ပြောပြဖို့ မဟုတ်ပါဘူး။ ကျမတို့ လူငယ်တွေရဲ့ စိတ်ထဲမှာ ဘာရှိတယ်၊ ဘယ်လိုနည်းတွေနဲ့ ကျမတို့နိုင်ငံ တိုးတက်အောင် လုပ်နိုင်မယ်လို့ လူငယ်တွေက ထင်လဲ၊ ကျမတို့နိုင်ငံအတွက် အားနည်းချက်တွေဟာ ဘာတွေလဲ၊ ဒီအားနည်းချက်တွေကို ဘယ်လို ကျမတို့က ပြုပြင်နိုင်မလဲ ဆိုတဲ့ လူငယ်တွေရဲ့ အတွေးအမြင်တွေကို ကျမတို့ သိချင်လို့ပါ။”

သူ့အနေနဲ့လည်း နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတဲ့ အချိန်ကစလို့ လူငယ်တွေဟာ တက်တက်ကြွကြွနဲ့ ထောက်ခံ အားပေးနေကြတာကို တွေ့ရတဲ့အတွက် အားရမိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမ နိုဝင်ဘာလ ၁၃ ရက်နေ့ အကျယ်ချုပ်က ထွက်လာတဲ့ အချိန်ကစပြီး ပြည်သူတွေရဲ့ အသံကို ကျမ ကြားချင်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ အဲဒီ ထွက်လာတဲ့နေ့ကပဲ ကျမ သတိထားမိတာကတော့ ကျမတို့ရဲ့ လှုပ်ရှားမှုထဲမှာ ထောက်ခံနေတဲ့ ပုဂ္ဂိုလ် အများစုဟာ တော်တော်ငယ်တဲ့ လူငယ်တွေ ဖြစ်ပါတယ်။ အဲဒါကို ကျမ အင်မတန်မှ သဘောကျပါတယ်။ ဒီလို လူငယ်တွေရဲ့ အင်အား ရှိမှသာလျှင် ကျမတို့ရဲ့ အနာဂတ်အတွက် ကျမတို့ လုံခြုံမှု ရနိုင်မှာပါ။”

ဒါကြောင့် လူငယ်တွေကသာ တိုင်းပြည်ကို တိုးတက် ပြောင်းလဲစေချင်တယ် ဆိုတဲ့ စိတ်ဆန္ဒရှိရင် တိုင်းပြည်ရဲ့ အနာဂတ်အတွက် စိတ်ချရပြီလို့ ဆိုပါတယ်။
“လူငယ်တွေဟာ တကယ်ပဲ ဒီတိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်၊ လူမှုရေး ဖြစ်စဉ်တွေမှာ စိတ်ပါဝင်စားတယ်၊ ဒီတိုင်းပြည်ကို ပြောင်းလဲဖို့ဟာ လူငယ်တွေက မိမိတို့ရဲ့တာဝန် ဖြစ်တယ်ဆိုတဲ့ အစွဲ ရှိပြီဆိုရင် ကျမတို့ တိုင်းပြည်အတွက် စိတ်ချရပါပြီ။ ဒီလို အခြေအနေ မရှိရင်တော့ မနက်ဖြန် ဒီမိုကရေစီ ရလို့ရှိရင်တောင်မှ စိတ်ချရဦးမှာ မဟုတ်ပါဘူး။ အနာဂတ်ကို ထိန်းသိမ်းသွားရမှာ လူငယ်တွေရဲ့တာဝန် ဖြစ်ပါတယ်။ အဲဒါကြောင့် လူငယ်တွေ အနေနဲ့ ဒီတာဝန်ကို ဘယ်လိုမြင်လဲ၊ ဒီတာဝန်ကို ဘယ်လိုထမ်းဆောင်မယ်လို့ စိတ်ကူးလဲ ဆိုတာ ကျမတို့ သိဖို့ အများကြီး လိုပါတယ်။ ဒီတော့မှ ကျမတို့ အတူတူ လက်တွဲပြီး လုပ်လို့ရမယ်။ ကျမတို့ အနေနဲ့ ပံ့ပိုးသင့်တဲ့ နေရာက ပံ့ပိုးပေးလို့ ရမှာ ဖြစ်ပါတယ်။”

လူငယ်တွေဘက်ကလည်း မိမိတို့မှာရှိတဲ့ စိတ်ကူး အကြံဉာဏ်တွေကို ပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။
“လူငယ်တွေ အနေနဲ့လည်း ကျမတို့ရဲ့ နိုင်ငံရေး လုပ်ဆောင်မှုတွေ၊ လူမှုရေး လုပ်ဆောင်မှုတွေမှာ ပိုပြီးတော့ အင်အား များလာအောင်လို့၊ ပိုပြီးတော့ အားရှိလာအောင်လို့၊ ပိုပြီးတော့ ပီပြင်လာအောင်လို့ ဘယ်လိုလုပ်သင့်တယ် ဆိုတဲ့ အကြံဉာဏ်တွေ ရှိတယ်ဆိုရင်လည်း ကျမတို့ အနေနဲ့ ဖိတ်ခေါ်ပါတယ်။ အကြံဉာဏ်သစ်တွေကို ကျမတို့ အမြဲပဲ လိုနေပါတယ်။ အကြံဉာဏ်သစ်ဆိုတာလည်း ကြောက်စရာ မဟုတ်ပါဘူး။ အားလုံးကနေပြီးတော့ အကြံဉာဏ်သစ်ဆိုတာ၊ တခါတလေလည်း လက်ခံလို့မရတာ ရှိတာပေါ့၊ ရှိတဲ့အခါကြတော့ အလုပ်မဖြစ်ဘူးပေါ့။ အလုပ်မဖြစ်ဘူး ဆိုရင်လည်း ကျမတို့ အနေနဲ့ အလုပ်မဖြစ်ဘူး ဆိုတာကို ရဲရဲဝံ့ဝံ့ မြင်နိုင်ရမယ်။

“ဒါကတော့ အကြံ အဟောင်းတွေရော၊ အကြံ အသစ်တွေရော၊ လုပ်နည်းလုပ်ဟန် အဟောင်းတွေရော၊ လုပ်နည်းလုပ်ဟန် အသစ်တွေရော အလုပ်မဖြစ်ဘူးဆိုရင် ကျမတို့က ပြောင်းလဲနိုင်တဲ့သတ္တိ ရှိရမယ်။ ဘယ်လိုပြောင်းလဲမလဲ ဆိုတာ ဆုံးဖြတ်နိုင်တဲ့ ပညာ ရှိရမယ်။ အဲဒါကြောင့် လူငယ်တွေအနေနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ တင်ပြကြပါ။ ရဲရဲရင့်ရင့်နဲ့ တင်ပြကြပါ၊ ကျမတို့ ဆွေးနွေးတယ် ဆိုတာဟာ၊ စိတ်သဘောထားတွေ၊ အမြင်တွေကို ဖလှယ်တယ် ဆိုတာဟာ တယောက်နဲ့တယောက် တိုက်ခိုက်ဖို့ မဟုတ်ဘူး၊ တယောက်နဲ့တယောက် အပြစ်ရှာဖို့လည်း မဟုတ်ဘူး၊ တယောက်ကိုတယောက် ကူညီ မစပေးဖို့လို့ ကျမက ဒီအမြင်နဲ့ပဲ လုပ်စေချင်ပါတယ်လို့ ပြောပါရစေ။”

အခုလို လူငယ်တွေ့ဆုံပွဲ လုပ်ပေးတာဟာ လူငယ်တွေ အချင်းချင်း အတွေ့အကြုံ အမြင်ချင်း ဖလှယ်နိုင်ပြီး လူငယ်ကွန်ယက် ပေါ်ပေါက်ဖို့ ပိုပြီး နည်းစပ်လာတာကြောင့် အများကြီး အကျိုးရှိပါတယ်လို့ ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ လူငယ်တဦးက ပြောပြပါတယ်။

“အကျိုးရှိပါတယ်၊ အများကြီး အကျိုးရှိပါတယ်။ အကျိုးဖြစ်ထွန်းလာပါတယ်၊ အကုန်လုံးအတွက်။ လူငယ်တွေ အမြင်လည်း ကျယ်လာပါတယ်။ လူငယ်တွေ တော်တော်များများက၊ တချို့နေရာက လူငယ်တွေ၊ ရန်ကုန်တိုင်းက လူငယ်တွေ၊ မသိတဲ့သူ တော်တော်များများ ကျနော်တို့ ဒီမှာ တွေ့ခဲ့ရတယ်။ လူငယ်ကွန်ယက်ပေါ့၊ ပြောရမယ်ဆိုရင်တော့။

“အန်တီပြောပုံအရ လူငယ်ကွန်ယက်ကို ကျနော်တို့ တော်တော်များများ ဒီမှာ စာရင်းပေးခဲ့တယ်။ တယောက်နဲ့တယောက် လုပ်ကိုင်ချင်တဲ့လူနဲ့၊ ပြီးတော့ စာမတတ်တဲ့ လူတွေကို စာတတ်ဖို့၊ တင်ပြနေတဲ့ လူတွေကို တင်ပြနေတဲ့ ဟာလေးတွေ၊ အဲဒီအဖွဲ့တွေ ပြီးသွားတဲ့ အချိန်မှာ ကျနော်တို့ တယောက်နဲ့တယောက် ဖလှယ်ကြတာပေါ့။ ဖုန်းနံပါတ်တွေ ဘာတွေ၊ ဘယ်လိုဆက်သွယ်ရမယ် ဆိုတဲ့ဟာတွေ၊ ဒါက တိုးတက်တဲ့ အမြင်တခုကို ရခဲ့တာပဲ၊ ကျနော်တို့အတွက် ရခဲ့တာပေါ့။

“ကျနော်တို့လိုပဲ ကျန်တဲ့ လုပ်နေတဲ့ အဖွဲ့တွေလည်း ရှိတယ်။ ရှိနေတဲ့အတွက် ဒီလို အန်တီနဲ့ တွေ့ဆုံတဲ့ အချိန်မှာ သူကလည်းလုပ်တယ်၊ ငါကလည်းလုပ်တယ်၊ ပိုပြီးတော့ ကျနော်တို့က ၀မ်းလည်း ၀မ်းသာတယ်။ လုပ်အားလည်း ပိုပြီးတော့ တက်ကြွတာပေါ့။ လုပ်ရတာ ပိုအဆင်ပြေတယ်ပေါ့။ ဟိုတုန်းက ကိုယ့်ရင်ထဲက ရှိတဲ့ဟာတွေ၊ ခံစားချက်တွေ အကုန်လုံး တယောက်နဲ့တယောက် ဖလှယ်ခဲ့ရပါတယ်။”

ဒီကနေ့ NLD ရုံးချုပ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ လူငယ်တဦး ပြောပြခဲ့တာပါ။

လူငယ်တွေအကြား အသိပညာ တိုးပွားလာအောင် NLD အနေနဲ့ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပြူတာ နည်းပညာသင်တန်း ပို့ချပေးနိုင်ဖို့ စီစဉ်နေသလို နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ ဟောပြောပွဲတွေကိုလည်း အခါအားလျော်စွာ ကျင်းပသွားမယ်လို့ တက်ရောက်လာကြတဲ့ လူငယ်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
http://www.voanews.com/burmese/news/dassk-youth-meeting-112546929.html

အပြည့်အစုံသတင်းဖတ်ရန်....

ဖွံ့ဖြိုးမှုစကား အားအားတိုင်း မပြောစေချင်

by Soe Wein Yan Htoon on Monday, December 27, 2010 at 5:25pm

ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ အလွယ်တကူဖော်ဆောင်ရ နိုင်သောအရာမဟုတ်သကဲ့သို့ ရလဒ်ကို အလွယ်တကူ သတ်မှတ်ရန်လည်း ခက်ခဲသော အရာဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှု တစ်ခု၏နောက်ကွယ်တွင် ဆုတ်ယုတ်နိမ့်ကျမှု တစ်ခု အစဉ်အမြဲ ဒွန်တွဲပါလာတတ်သည်။ တစ်ဘက်က တိုးတက်လာသည်နှင့်အမျှ တစ်ဘက်က ဆုတ်ယုတ်သွားတတ်သည်မှာ ယုတ်ချဉ်းပင်မဖြစ်စေကာမူ တဖြည်းဖြည်း ဖြင့်ရုပ်လုံးပေါ်လာတတ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှု တစ်ခုကို လွယ်လွယ်ဖော်ဆောင်လို့ မရသလို လွယ်လွယ်အဆုံးသတ် လိုက်လို့လည်း မရပေ။ ထို့အတူ ဖွံ့ဖြိုးတိုးတက်မှု တစ်ခုနောက်တွင် ကပ်ပါလာသော ဆုတ်ယုတ်မှုများ နည်းနိုင်သမျှနည်းပါးအောင်၊ ဖြစ်နိုင်လျှင် လုံးဝမရှိအောင် ဖော်ဆောင်နိုင်သော စီမံကိန်း၊ စီမံခန့်ခွဲမှု များကိုသာ အောင်မြင်ပြောင်မြောက်သော စီမံကိန်းနှင့် ဗျူဟာမြောက်သော စီမံခန့်ခွဲမှု ဟုသတ်မှတ်နိုင်မည်ဖြစ်သည်။
အလုပ်တစ်ခုကို ဆောင်ရွက်ရန်အတွက် ဦးစွာပထမ စီမံကိန်းတစ်ခု မလွဲမသွေချမှတ်ဆောင်ရွက်ကြရသည် ဖြစ်သည်။ ယင်းစီမံကိန်းသည် လုပ်ငန်းစတင်ဆောင်ရွက်သည်မှအစ နောင်ဖွံ့ဖြိုးတိုးတက်လာမှု အထိကိုယ်စားပြု နိုင်ရမည်ဖြစ်သည်။ စီမံကိန်းတစ်ခုသည် လုပ်ငန်းတစ်ခုတွင် (လုပ်ငန်း၏ ကြာရှည၊်တည်မြဲ၊အောင်မြင၊်တိုးတက်မှု) အတွက် အသက်သွေးကြော တစ်ခုပင်ဖြစ်သည်။ လုပ်ငန်းတစ်ခု တည်ထောင်ရသည်မှာ လွယ်ကူသလောက် တည်မြဲအောင် ထိန်းသိမ်းရသည်မှာ မဟာအခက်အခဲ တစ်ခုပင်ဖြစ်သည်။
လုပ်ငန်းကို စတင်ဆောင်ရွက်ကြ သည်မှအစပြုကာ ယင်းလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်လာမှု ရလဒ်တို့ကို အစဉ်အမြဲ တိုင်းတာ သတ်မှတ်ကြရသည်။ စောင့်ကြည့်ကြရသည်။ ထိုအချိန်တွင် ဇာတ်လမ်းစတော့သည် ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာသော “စံ” ပင်ဖြစ်သည်။ မည်သည့် “စံနှုန်း” တို့ဖြင့်တိုင်းတာကာ မည်ကဲ့သို့သော ရလဒ်များကို ထုတ်ပြန်သတ်မှတ်ကြမည်နည်း။ ယင်းလုပ်ငန်း အောင်မြင်သည် မအောင်မြင်သည် ဆိုသည်ကို အဘယ်ကဲ့သို့သော ရလဒ် သဘောတရားများဖြင့် သတ်မှတ်ကြမည်နည်း။ လူအမျိုးမျိုး၊ ပညာအမျိုးမျိုး၊ သဘောတရားအမျိုးမျိုး မှသည် ရလဒ်အမျိုးမျိုးကို ဖော်ထုတ်ကြမည်ဖြစ်သည်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အတွက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများကို တောတောင်လျှိမြောင်များ အကြား ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ခြင်းသည် သက်ဆိုင်ရာ အစိုးရအတွက် တဖြည်းဖြည်း စီမံကိန်း ရုပ်လုံးပေါ်လာလေလေ တိုးတက်ဖွံ့ဖြိုးလေဟု သတ်မှတ်မည်သာဖြစ်သည်။ သို့သော် ဂေဟစနစ် စောင့်ကြည့် လေ့လာရေး သမားများ၊ ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှု သမားများ အတွက်မှာမူ ယင်းရေအားလျှပ်စစ် စီမံကိန်းကြီးများ ဖွံ့ဖြိုးတိုးတက်လာ ခြင်းသည် ဆုတ်ယုတ်မှုပြသော အနေအထားများပင်ဖြစ်သည်။
ထို့အတူပင် ဒေသခံအမြောက်အမြားသည် စီမံကိန်းနယ်မြေမှ ဖယ်ရှားပေးလိုက်ရသည့် အတွက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာ ရေး သမားတို့အမြင်တွင် ဆုတ်ယုတ်မှု ကိုသာပြမည်ဖြစ်သည်။ ယင်းကဲ့သို့ အခြေအနေများတွင် ယင်းစီမံကိန်းကြီးများ အောင်မြင်တိုး တက်ပါသည်ဆိုသည်မှာ အမှန်ပင်ဖြစ်ပါ၏ ဆိုသော မှတ်ချက်ကို ပေးရန် ခက်ခဲလွန်းလှသည်။ တစ်ဘက်မှကြည့်လျှင် နိုင်ငံသား တို့ အဆင်ပြေတိုးတက်ရေးအတွက် ကောင်းမွန်သကဲ့သို့ တစ်ဘက်မှ ကြည့်လျှင်လည်း တစ်ကမ္ဘာလုံးနှင့် ချီသော ဆုတ်ယုတ်မှုများ ဖြစ်နေ သည်။ ထိုသို့အနေအထားရောက် လာသောအခါ အဓိကကျသော စီမံကိန်းရေးဆွဲမှုအပေါ်တွင်သာ လုံးဝတာဝန်ကျရောက်သွားတော့ သည်။ အစကနဦး စီမံကိန်း ရေးဆွဲစဉ်ကတည်းပင် ယင်းအနေအထားများကို ထည့်သွင်း တွက်ချက်ရေးဆွဲရမည်ဖြစ်သည်။ နယ်ပယ် အသီးသီးမှ ပညာရှင်များအပါအ၀င် အခြားတစ်သီးပုဂ္ဂလသော ပညာရှင်များ၏ အမြင်ကို ထည့်သွင်းစဉ်းစားကာ စီမံကိန်းရေးဆွဲ ခဲ့ရ မည်ဖြစ်သည်။ မိမိတစ်ဦးတည်းအမြင်ဖြင့် ရေးဆွဲသော စီမံကိန်းသည် မည်မျှပြောင်မြောက်သော စီမံခန့်ခွဲမှုဖြင့် ရလဒ်ကောင်းများကို ထုတ်ပြန်ပေးနေစေကာမူ လိုအပ်ချက်များဖြင့် စံနှုန်း မပြည့်မှီဟု သတ်မှတ်ခံ ရမည်မှာ မလွဲမသွေဖြစ်သည်။ အဆုံးသတ်သော် မိမိဖော် ဆောင်သော တိုးတက်မှု ဖွံ့ဖြိုးမှု စီမံကိန်းသည် အများကို ကိုယ်စား မပြုသော မိမိ၏ တစ်ဦးတည်း အိပ်မက်ကို ထကာအကောင်အ ထည် ဖော်လိုက်ခြင်း ကဲ့သို့ သဘောထား သက်ရောက်သွားလေတော့သည်။





အဆိုပါ ဥပမာတို့သည် ဖွံ့ဖြိုးတိုးတက်မှု နှင့် ဆုတ်ယုတ်ကျဆင်းမှု အနေအထားတို့ မျှခြေမဖြစ်ရပုံ၊ စီမံကိန်းအစကနဦး ရေးဆွဲစဉ်က တည်း ကပင် တိုးတက်မှုတစ်ခုအတွက် ပေးဆပ်ရသောအရာများ နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ကြရန်လိုအပ်ပုံ၊ တိုးတက်ဖွံ့ဖြိုး သည်ဟု မျက်မြင်အရပြောနိုင်သော်လည်း မမြင်ရသော ဆုတ်ယုတ်ကျဆင်းမှု ပမာဏများက ပိုမိုများပြားသွားပုံ တို့ကို တင်ပြလိုရင်းဖြစ် သည်။ တစ်ခုကို လိုချင်လျှင် တစ်ခုကို ပေးဆပ်ရမည်မှာ လောကနိယာမ တစ်ခုပင်ဖြစ်သည်။ သို့သော်လည်း လူသားတို့၏ ပြောင်မြောက် သော ဥာဏ်ရည်နှင့် ကြံဆောင်နိုင်မှုတို့သည် ပေးဆပ်ရမှု ပမာဏနည်းနိုင်သမျှ နည်းအောင်ဆောင်ရွက်နိုင် ရန် အသုံးချနိုင်ရ မည်ဖြစ် သည်။ ကျယ်ပြန့်သော တွေးခေါ်မြော်မြင်မှုတို့နှင့် ဆုံးရှုံးနိုင်မှု ပမာဏ နည်းနိုင်သမျှနည်းအောင် ကြံဆောင်ရမည်ဖြစ်သည်။ ဆိုရလျှင် လူညံ့သောကြောင့် မူညံ့များ ပေါ်ထွက်လာခြင်းဖြစ်ပေသည်။

ထို့အတူ ဗရုတ်သုတ်ခ ကစဉ့်ကလျား နိုင်သော စီမံကိန်းများ ဟူသော အကြောင်းအရာများလည်း ရှိသေးသည်။ ယင်းကဲ့သို့သော စီမံ ကိန်း အမျိုးအစားတို့သည် အခွံသက်သက်မျှသော ဟန်ဆောင်ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များ တစ်နည်းဆိုရလျှင် လိမ်ညာဟန်ဆောင်ထား သော ရလဒ်များကိုသာ ချပြနိုင်သော စီမံကိန်းများသာဖြစ်သည်။ မည်သည့်တိုးတက်မှုကိုမျှ ရှာဖွေမတွေ့နိုင်ဘဲ ဆုတ်ယုတ်မှု ပမာဏ လွန်စွာ များပြားသွားသော အနေအထားများဖြစ်သည်။ တိုးတက်မှုနှင့် ဆုတ်ယုတ်မှု မျှခြေ မဖြစ်သော အနေအထားဖြစ်သည်။ တစ်နည်း အရပ်စကားဖြင့် ပြောရလျှင် မဆိုင်တာ ဂလိုင်ခေါက်တယ် ဟုပြောနိုင်သော၊ မယောင်ရာ ဆီလူး ဟုဆိုနိုင်သော အရာများဖြစ် သည်။

မိမိအစိုးရလက်ထက်တွင် မြို့ပြနှင့်ကျေးလက်ဒေသများသည် တန်းတူညီတူ မော်တော်ဆိုင်ကယ်များ စီးနင်းနေနိုင်ကြလေပြီ၊ ကျေးရွာ များတွင်လည်း တိုက်အိမ်များ ဖြင့်ဖြစ်နေကြချေပြီ ဟုတစ်ရံတစ်ခါများတွင် သက်ဆိုင်ရာ အစိုးရများက ထင်မှတ်ကြသည်။ မျက်မြင်အရမူ ယင်းသတ်မှတ်ချက်သည် မှန်၏။ လူတိုင်း မော်တော်ဆိုင်ကယ်များ စီးနင်းနေနိုင်ကြလေပြီ။ သို့သော်တစ်ဖက်မှ စဉ်းစားလျှင် ယင်းမော် တော် ဆိုင်ကယ် တို့သည် မိမိတို့အစိုးရမှ တာဝန်ယူ ဖြန့်ဖြူး ထားခြင်းသော်လည်းကောင်း၊ မိမိတို့ပြည်တွင်း ထုတ်ကုန်အင်အားစုများ သော်လည်းကောင်း မဟုတ်ကြပေ။ တရားမ၀င်ဝင်ရောက်လာသော မော်တော်ဆိုင်ကယ်များသာဖြစ်ကြပြီး ယင်းတရားမ၀င် မော်တော် ဆိုင် ကယ်များကို မိမိတို့အစိုးရက အခွန်ကောက်ခံကာ တရားဝင်အောင်ပြုလုပ်ပေးထားခြင်းဖြစ်သောကြောင့် မိမိတို့အစိုးရ လက်ထက် တွင် လူတိုင်းမော်တော်ဆိုင်ကယ် စီးနိုင်ကြသည်ဟူသော ပြောကြားမှုသည် အဓိပ္ပာယ်မရှိပေ။ နိုင်ငံသားတို့သည် တရားမ၀င်ဈေးကွက်မှ တရားမ၀င်မော်တော်ဆိုင်ကယ်ကို တရားမ၀င်ဈေးပေးဝယ်ယူထားခြင်းအပေါ် အစိုးရမှ ထပ်မံ အခွန်ကောက်လိုက်ခြင်းသည် အစိုးရမှ မော်တော်ဆိုင်ကယ်စီးနိုင်အောင် လုပ်ပေးခြင်းမဟုတ်ပေ။ သက်သက် မြိန်ရည်ရှက်ရည် အသားယူလိုက်ခြင်းပင်ဖြစ်သည်။

ဆက်ရလျှင် ယင်းမော်တော်ဆိုင်ကယ်စီးကြသော ကျေးလက်ဒေသများတွင် ယခင်ကာလများနှင့်မတူ တိုးတက်လာလေသည်ဟု သတ် မှတ် နိုင်သည်။ အဘယ်ကြောင့်ဆိုသော အမြင်အားဖြင့် ကြည့်လျှင် ကျေးလက်နေပြည်သူတို့သည် တိုက်အိမ်များဖြင့် တဖြည်းဖြည်း ပြောင်းလဲနေနိုင်လာကြကုန်ပြီဖြစ်သည်။ ဆိုရလျှင် တိုးတက်သည်ဟု ပြောလျှင်ရသည်။ သို့သော် အဆိုပါ တိုက်အိမ်ကြီးများနှင့် ကပ် လျှက် တည်ဆောက်ထားသော နွားတင်းကုပ်များ၊ တိုက်အိမ်ကြီးအ၀င်ဝတွင် ပုံထားမည်ဖြစ်သော ကောက်ရိုးပုံများ၊ အိမ်တွင်းမှ တစ်ချက် တစ်ချက် ရလိုက်သော နောက်ချေးနံ့များ၊ အိမ်တွင်းသို့ ၀င်လိုက်သည့်အခါ အိမ်ထပ်ခိုးတွင် ချိတ်ဆွဲထားမည်ဖြစ်သော ဖျာလိပ်၊ တောင်း စုတ်၊ ပလုံးစုတ်များ၊ ဂုံနီအိတ်များ စသည်ဖြင့် တွေ့မြင်ရမည်ဖြစ်ပြီး တိုက်အိမ်အကောင်းစားကြီးထဲတွင် ရှေးကထုံးစံဖြစ်သော မဲညစ်ညစ်ဖြစ်နေသည့် ခုံတန်းလျားရှည်ကြီးကိုလည်း တွေ့မြင်ရဦးမည်ဖြစ်သည်။ ထို့နည်းတူပင် ရုပ်မြင်သံကြားပြစက်နှင့် ယင်းနှင့် တွဲဖက် သော ဖျော်ဖြေရေးဆိုင်ရာ အီလက်ထရောနစ်အရာများကို တင်ထားမည်ဖြစ်သော စားပွဲခုံ မဲညစ်ညစ်ကြီးများကိုလည်းကောင်း၊ ပေါလစ်ပြောင်ပြောင်တိုက်ထားသည့် စင်များ စားပွဲများကိုသော်လည်းကောင်း တွေ့မြင်နိုင်မည်ဖြစ်သည်။ သို့သော် ထိုအိမ်ရှေ့တွင်မူ မော်တော်ဆိုင်ကယ် သုံးလေးစီးခန့်နှင့် ထော်လာဂျီ ဟုခေါ်သော ကျေးလက်မော်တော်ယဉ်တစ်စီးလည်း ရပ်ထားလိုက်သေးသည်။ ယင်းမော်တော်ယဉ်တို့သည် ရွာလယ်လမ်းမအတိုင်း ဖုန်တစ်ထောင်းထောင်းထအောင် မောင်းနှင်ကာ မြိုပေါ်သို့ စပါးရောင်း၊ ဈေးဝယ် ထွက်ကြပေဦးမည်ဖြစ်သည်။ လမ်းတစ်လျှောက်တွင် ပုလင်းကလေး ဗူးကလေးများဖြင့် အဆင်ပြေသလို ရောင်းချနေကြသော မှောင်ခို စက်သုံးဆီ ဆိုင်ကလေးများမှ စက်သုံးဆီများကိုလည်း လိုသလောက် ၀ယ်ယူနိုင်ကြသေးသည်ဖြစ်သည်။

အဆိုပါအခြေအနေတို့သည် အမှန်စင်စစ်ပင် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုဟု ဆိုနိုင်ပါ၏လော။ သေချာသော ဖွံ့ဖြိုးမှုရလဒ်ကို ဆိုရပါမူ ယင်းအခြေအနေတို့သည် အလွန်တရာမှ ဗရုတ်သုတ်ခနိုင်သော ကစဉ့်ကလျားနိုင်သော နောင်အနာဂတ်အတွက် ရင်လေးဖွယ်ကောင်း သော ဗရုတ်သုတ်ခ ဖွံ့ဖြိုးတိုးတက်မှု များသာ သက်သက်ဖြစ်လေသည်။ တမွန်းလွဲ အသုံးတည့် ဖွံ့ဖြိုးမှုသက်သက်သာဖြစ်သည်။ သက် ဆိုင်ရာအစိုးရအတွက် ထင်မှတ်မှားနေစေနိုင်သော (သို့မဟုတ်) မရှိကို အရှိလုပ်ပစ်လိုက်နိုင်သော ဟန်ပြတိုးတက်မှု တို့သာ လျှင်ဖြစ်ကြ သည်။ အမှန်စင်စစ် အောင်မြင်သော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု စစ်စစ်များ မဟုတ်ကြသေးပေ။

ဆက်လက်ပြောကြားရပါမူ တစ်ထောင့်တစ်ညပုံပြင်များကသာ အဆုံးသတ်သွားမည်ဖြစ်သည် ဖွံ့ဖြိုးမှု ပုံပြင်သည်ကား ဆုံးသတ်လိမ့်မည် မဟုတ်။ ပညာရေး၊ လူမှုရေး၊ စီးပွားရေး နယ်ပယ်အသီးသီးတွင် မအောင်မြင်သော်လည်း အောင်မြင်သည်ဟု လက်မထောင် ၀င့်ကြွား နေနိုင်စရာ ဖွံ့ဖြိုးမှု အလွဲများမှာ မြောက်မြားစွာ ရှိနေသေးသည်သာမက ထိုကဲ့သို့ ထပ်မံလွဲမှားရန် လာလတ္တံ့သောစီမံကိန်း အမြောက် အမြားလည်း တောင်လိုပုံနေကြသေးသည်။

လုပ်ငန်းကြီးတစ်ခုလုပ်မည်ဆိုလျှင် အတွေးကြီးကြီးတွေးနိုင်ရမည်ဖြစ်သည်။ အိမ်မက်ကြီးကြီးမက်မည် ဆိုလျှင်လည်း စွမ်းအားကြီးကြီး ရှိရမည်ဖြစ်သည်။ သူများယောင်လို့ ကိုယ်ပါလိုက်ယောင်သော စီမံကိန်းများမှသည် အရည်မရ အဖတ်မရ ဖြစ်သွားရသော အဆုံးသတ် များကို အမှန်စင်စစ် ယနေ့ ရပ်နားသင့်ပြီဖြစ်သည်။ ထို့နည်းတူစွာပင် အီလည်လည်ဖြစ်နေသော စီမံကိန်းများကိုလည်း ပြန်လည် သုံးသပ်ရန်သင့်သည်။

အဆုံးသတ်ရလျှင် ဖွံ့ဖြိုးတိုးတက်မှု ဆိုသည်မှာ လွယ်လင့်တကူ ဖော်ဆောင်မရစကောင်းသော အရာဖြစ်သကဲ့သို့ လွယ်လင့်တကူ အဆုံး သတ် ကျေနပ်လိုက်ရစကောင်းသော အရာမဟုတ်ပါချေ။

စိုးဝေယံထွန်း
(၂၈. ၁၂. ၂၀၁၀)
http://www.facebook.com/?ref=home#!/note.php?note_id=177565885596848&id=100001736070502

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */