“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, December 25, 2010

ပျံကျဈေးသည်များ မြို့တော်ဝန်ကို ဈေးနေရာတောင်း

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၃၅ မိနစ်
ရန်ကုန် (မဇ္ဈိမ)။ ။ သီရိမင်္ဂလာဈေးမှ ပျံကျဈေးသည်များက ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းကို ဈေးရောင်းစရာ နေရာ စီစဉ်ပေးရန် အသနားခံတောင်းဆိုခဲ့ကြသော်လည်း လျစ်လျူရှုခံလိုက်ရသည်။

thirimingala-opening-ceremony1

ရန်ကုန်မြို့ လှိုင်မြို့နယ် ပိတောက်ချောင်းအနီးရှိ သီရိမင်္ဂလာဈေးသစ် ဆိုင်းဘုတ်တင်ဖွင့်ပွဲအပြီး လုပ်သားနှစ်ဦးက သိမ်းဆည်းမှုများလုပ်နေကြသည်ကို သောကြာနေ့ ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၁၀ ပြည့်နှစ်က တွေ့ရစဉ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်လည်းဖြစ်သော ဦးအောင်သိန်းလင်း ရန်ကုန် လှိုင်မြို့နယ် ပိတောက်ချောင်းရှိ သီရိမင်္ဂလာဈေးသစ်ဖွင့်ပွဲသို့ တက်လာရာ ပျံကျဈေးသည် ၇၀၀ ကျော်က ဈေးရောင်းစရာ နေရာစီစဉ်ပေးဖို့ အော်ဟစ်တောင်းဆိုခဲ့သည်။

မွန်းလွဲ ၃ နာရီခွဲခန့်တွင် ရောက်လာသော မြို့တော်ဝန်ကို ဈေးသည်များက ” ဈေးရောင်းမယ့်နေရာ လုပ်ပေးပါ” ဟု သံပြိုင်အော်ကြသည်။

မျှော်လင့်မထားသော တောင်းဆိုမှုအပြီး ဖွင့်ပွဲကို အတိုချုံးကာ ဖဲကြိုးဖြတ်ပြီးသည်နှင့် ပြန်ထွက်လာသော ဦးအောင်သိန်းလင်းကားရှေ့တွင် ဈေးသည်အမျိုးသမီးနှစ်ဦး ၀မ်းလျားမှောက်အိပ်ပြီး ဆိုင်ခန်းစီစဉ်ပေးရန် ငိုယိုအသနားခံကြပြန်သည်။ စည်ပင်ဝန်ထမ်းများက ထိုဈေးသည်နှစ်ဦးကို ဆွဲခေါ်ထုတ်သွားကြသည်။

သီရိမင်္ဂလာဈေးဟောင်းတွင် ရောင်းစရာ နေရာရခဲ့ကြသော်လည်း ယခုဈေးသစ်တွင် မရသည့်အတွက် တောင်းဆိုကြသည်ဟု ဈေးသည်များက ဆိုသည်။

မြို့တော်ဝန်အလာကို နေပူထဲက ဈေးသည်များ စောင့်နေခဲ့ကြပြီး အချို့ မနက်စောစောကတည်းကပင် ရောက်နေခဲ့ကြသည်။

ဈေးသစ်သို့ ပြောင်းလိုက်ပြီဖြစ်သော်လည်း အဆောက်အဦးဆောက်လုပ်မှုများ မပြီးပြတ်သေးပေ။

ဈေးသစ်မှာ တထပ်ဈေးဖြစ်ကာ ဆိုင်ခန်း ၂၀၉၃ ခန်းပါဝင်ပြီး ဈေးဟောင်းထက် ဆိုင်ခန်း ၁၀၃ ခန်း လျော့သည်။

ဦးအောင်သိန်းလင်းသည် ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ နိုင်ခဲ့သည်။ အတိုက်အခံများအပေါ် သဘောထားတင်းမာသူဟု နာမည်ဆိုးထွက်ပြီး အငြင်းပွားဖွယ် ကြိုတင်မဲများဖြင့် မဲနိုင်သွားသည်ဟု ပြိုင်ဘက်များက စွပ်စွဲခံရသူဖြစ်သည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */