“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, July 31, 2010

လောဘဆိုတဲ့ အပူမီး..ဒေါသဆိုတဲ့ အပူမီး..သောကဆိုတဲ့ အပူမီး..အော် သန်းရွှေ..သန်းရွှေ

ပါးစပ်က ဘုရား ဘုရား ရင်ထဲက အဆုံး မသတ်နိုင်တဲ့ လောဘ တရားနဲ့  လောင်ပြီး မဲနေတဲ့  သန်းရွှေ
သန်းရွှေနဲ့ ကြိုင်ကြိုင် နှလုံးတုန် သွားခဲ့ ရတဲ့ နေပြည်တော် အာဏာသိမ်းမှု သတင်း သုံးသပ်ချက်

လက်ရှိ နအဖ စစ်ခေါင်းဆောင်အနေနဲ့ စစ်တပ်အတွင်း ခေါင်းဆောင်ပိုင်းတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အယုံအကြည်မရှိကြောင်းနှင့် အထူးအတွင်းရေး ကိစ္စများနှင့် ပတ်သက်လာလျှင် ဗိုလ်သန်းရွှေ အနေနဲ့ မိမိတပည့်များကို ခန့်ထားသော်လည်း တန်ပြန် ထောက်လှမ်းရေး စနစ်ကို ကျင့်သုံးနေကြောင်း သိရှိရပါတယ်၊ အထူးသဖြင့် ဗိုလ်သန်းရွှေရဲ့ အိန္ဒိယ ခရီးစဉ်အတွင်း အင်တာနက်လိုင်းပေါ်တွင် ရေပန်း စားနေသည့် သတင်းဖြစ်တဲ့ နေပြည်တော်ကို အာဏာ သိမ်းလိုက်ပြီ ဆိုတဲ့ ကိစ္စနဲ့ ပက်သတ်ပြီး ဗိုလ်သန်းရွှေ အဖို့ အတော်လေးကို အထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ နေပြည်တော် ၀န်းကြီးဌာနက လာတဲ့ သတင်းတွေ အရ သိရပါတယ်။



အဲဒီလို သတင်း ထွက်ပေါ်လာတဲ့အချိန်မှာ ဗိုလ်သန်းရွှေအနေနဲ့ မှတ်ချက် တစ်စုံတစ်ရာ ပေးခြင်း၊ သတင်းထုတ်ပြန်ခြင်း တစ်ခုမှ မပြုလုပ်ဘဲ ဗိုလ်ချုပ်မောင်အေးနဲ့ လုံးဝ မတည့်တဲ့ ဗိုလ်ချုပ်မောင်အေးကို အမြဲတမ်း အာခံ တိုက်ခိုက်နေတဲ့ ဗိုလ်သန်းရွှေရဲ့ လူယုံဖြစ်တဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ) တိုင်းမှူး ဗိုလ်ချုပ် အောင်းသန်းထွဋ် ကို စစ်ကြောင်း (၅) ကြောင်းနှင့် နေပြည်တော်ကို ချီတက်ဝိုင်းရံဖို့ လ၀ - ၁ ကြေးနန်းနဲ့ အမိန့်ပေးပြီး ထိန်းချုပ်စေခဲ့ခြင်းပဲ ဖြစ်တယ်။

ဘာလို့ ဒီလို အချင်းချင်း မယုံတာလဲဆိုတော့ တပ်မတော် ထောက်လှမ်းရေးတပ်ဖွဲ့ကို ဖျက်သိမ်းပြီး လပိုင်းအတောအတွင်းမှာ ဒုတိယဗိုလ်မှူးကြီး ၀င်းထွဋ်ဝင်း ရုတ်တရက် သေဆုံးခြင်း ဆိုတဲ့ သတင်းကို မှတ်မိကြအုံးမှာပါ။


အဲဒီအချိန်က ဇေယျာသီရိ ဗိမာန် ခန်းမထဲမှာ တိုင်းမှူး၊ တပ်မမှူးတွေ အားလုံးနဲ့ ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ရောက်ရှိပြီး စစ်ဆင်ရေး အထူးအစည်းအဝေး ထိုင်ဖို့ လူစုံနေပြီ ဖြစ်ပေမယ့် ဗိုလ်ချုပ်မောင်အေးကတော့ ရောက်ရှိမလာခဲ့ဘဲ သူ့ရဲ့ လုံခြုံရေးကား ရှေ့ပြေး (၃) စီးသာ ရောက်ရှိခဲ့ပြီး ပထမဆုံး ဆင်းလာသူကတော့ ၀င်းထွဋ်ဝင်းနှင့် သူ့ရဲ့ နောက်လိုက် တပ်ကြပ်ကြီးဖြစ်ပြီး တပ်ကြပ်ကြီးက ဘီအေ (၉၄) လုံခြုံရေး ခလုတ်ကို ဖြုတ်လိုက်တဲ့အချိန်မှာ တာဝန်ကျ လုံခြုံရေး ဗိုလ်ကြီး တစ်ဦးက လုံခြုံရေး ဆို့စ် ပြန်ပိတ်ဖို့ အမိန့်ပေးရာကနေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သတင်းထုတ်ပြန်မှု လုံးဝ မပြုလုပ်ပဲ ဗိုလ်မှူးကြီး ၀င်းထွဋ်ဝင်း ရုတ်တရက်သေဆုံးဆိုတဲ့ သတင်းသာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် ဗိုလ်ချုပ် မောင်အေးရဲ့ အိမ်ကို သံချပ်ကာ၊ ခြေလျင်တပ်များ ပူးပေါင်း ၀ိုင်းထားခဲ့ပြီး နဂိုအဆောင်အယောင်များ ချကာ နအဖရဲ့ သတင်းထုတ်ပြန်ချက် မှန်သမျှကို ဗိုလ်သန်းရွှေမှ လွှဲ၍ မည်သူ့ကိုမျှ ထုတ်ပြန်ခွင့်မပေးပဲ အမိန့်ထုတ်ပြန်ချက် မှန်သမျှနှင့် ရာထူးခန့်အပ်ခြင်းနဲ့ နေရာ ပြောင်းရွှေ့ခြင်းတွေကို ဗိုလ်သန်းရွှေကိုယ်တိုင် ကိုင်တွယ်ခဲ့တဲ့ အထိ ဖြစ်ခဲ့တာ ဒီကနေ့ အချိန်ထိပါဘဲ။

ဗိုလ်သန်းရွှေ ကိုယ်တိုင် ဆိုဒ်ကိုနဲ့ ပတ်သက်ပြီး ရုရှားမှ သင်တန်းကျောင်းဆင်း ဖြစ်ခဲ့သော်လည်း လက်တွေ့ ရင်ဆိုင်ရတဲ့ အချိန်မှာတော့ အတော်လေးကို တုန်လှုပ် ခြောက်ခြားခဲ့ကြောင်း နေပြည်တော် အသိုင်း အ၀ိုင်းမှ ပြောကြားချက် အရ သိရှိရပါတယ်။ လက်ရှိ သိရှိရတဲ့ သတင်းတွေအရ မြန်မာ၊ အိန္ဒိယ၊ မြောက်ကိုရီးယားတို့ဟာ နျူကလီးယား ကိစ္စနဲ့ ပတ်သက်ပြီး အချိတ်အဆက် လုပ်ကြလိမ့်မယ်လို့ သိရှိရပါတယ်။ အထူးသဖြင့် ဗိုလ် သန်းရွှေ အိန္ဒိယ ခရီးစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ် အိန္ဒိယသို့ နျူကလီးယားနဲ့ ပတ်သက်ပြီး ဆွေးနွေးရန် ရောက်ရှိလာခြင်း ၊ မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးမှလည်း မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာခြင်း စတဲ့ တိုက်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ တော်တော်လေးကို စဉ်းစားစရာ အချက်တွေဖြစ်ပါတယ်။ ထူးခြားတဲ့ အချက်ကတော့ ဗိုလ်သန်းရွှေ ခရီးစဉ် မစတင်ခင်လေးမှာတင် တရုတ်စစ်တပ်တွေ နယ်စပ်မှာ ပိတ်ဆို့ချထားတဲ့ ဖြစ်စဉ်တွေ ပါဘဲ။ အခုသွားရောက် တွေ့ဆုံတဲ့ အိန္ဒိယနဲ့ တရုတ်ဟာ နယ်စပ်ပြဿနာကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာခဲ့တာ ကြာပါပြီ၊ တရုတ်အနေနဲ့ ထိုင်ဝမ် ကျွန်းကို ပြန်လည် ရယူပြီး ထိုင်ဝမ် တရုတ်ဖြူတွေအတွက် မြန်မာနိုင်ငံကို ဒုတိယ တရုတ်တိုင်းပြည်အနေနဲ့ ထားပြီး တရုတ်ဖြူတွေရဲ့ ပြည်နယ်တစ်ခုအနေနဲ့ ဆောင်ရွက်ဖို့ စီမံခဲ့တာ ကြာပါပြီ။ အခုကာလမှ ပြည်ကြီး “၀”၊ ပြည်ကြီး “ကိုးကန့်” ဆိုပြီး ဖွဲ့စည်းခဲ့တဲ့ တပ်တွေဟာ ယခင် ဗကပ အဟောင်း လက်ထက်က တရုတ်တပ်မကြီး နှစ်ခု တောခိုသွားတယ်ဆိုတဲ့ ပုံသဏ္ဍာန်ဟာ တစ်ထပ်တည်း ကျနေပါတယ်။ ဒါကြောင့်မို့ ဘယ်တုန်းကမှ ရင်းနှီးနွေးထွေးစွာ ဆက်ဆံခြင်း မရှိခဲ့တဲ့ အိန္ဒိယသို့ ဆက်ဆံရေး အထူးမြှင့်တင်တဲ့ အနေနဲ့ မဖြစ်မနေ သွားခဲ့ရတာ ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါတယ်။ Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

နိုင်တော့မယ်တဲ့ .......( ၁၉၉၀ ရွေးကောက်ပွဲမှာ ဂျွမ်းထိုးပြီး ရှုံးသွားတဲ့ သူတွေ ) ထပ်လိမ်ဦးတော့မယ်

ပြိုင်ဘက်မရှိ ရွေးကောက်ပွဲနိုင်မည်ဟု ကြံ့ဖွံ့ ယုံကြည်နေ
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၄၇ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရလိမ့်မည်ဟု ယုံကြည်နေကြောင်းနှင့် ၁၉၉ဝ ရွေးကောက်ပွဲတွင် မဲရုံမှူးများ ညစ်ပတ်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိသွားခြင်းဖြစ်သည်ဟု စွပ်စွဲထားသော မဇ္ဈိမက မိတ္တူလက်ခံရရှိထားသည့် ပါတီမူဝါဒဆိုင်ရာ လမ်းညွှန်ချက်အရ သိရသည်။

”အဓိကယှဉ်ပြိုင်နိုင်သည့် ပါတီကြီး မရှိတော့ခြင်း၊ ကျန်ပါတီငယ်များမှာ မိမိတို့ပါတီကို ယှဉ်ပြိုင်နိုင်ရန် အဘက်ဘက်မှ ပြည့်စုံမှုမရှိခြင်၊ ကြိုတင်ပြင်ဆင်မှုမရှိခြင်း၊ မိမိတို့ပါတီမှာ အဆင့်ဆင့် စနစ်တကျ ဖွဲ့စည်းထားပြီး အင်အားတောင့်တင်းစွာဖြင့် ပြည်သူ၏ ထောက်ခံမှုကို ရရှိထားခြင်း” တို့ကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အနိုင်ရလိမ့်မည်ဟု ပါတီတွင်း လမ်းညွှန်ချက်တွင် သုံးသပ်ထားသည်။
12
အဓိက ယှဉ်ပြိုင်နိုင်သော ပါတီကြီးဆိုသည်ကို အမည်ဖော်ပြခြင်း မပြုသော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) ကို ညွှန်းဆိုသည်မှာ ထင်ရှားသည်။

”၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် မဲရုံမှူးများ၏ ဘက်လိုက်ဆောင်ရွက်မှုများကြောင့် အန်အယ်ဒီပါတီ အများစု အနိုင်ရသွားသည့် ဖြစ်စဉ်အပေါ် သင်ခန်းစာယူရမည်” ဟု ဆိုထားသည်။

လွန်ခဲ့သော ၁၇ နှစ်က ထူထောင်ထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို ပါတီပြောင်းကာ အရပ်ဝတ်လဲ စစ်ဘက်ထိပ်တန်းအရာရှိများ ဦးဆောင်သည့် ပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လူဆိုးလူမိုက်များကို စည်းရုံးရန်လည်း ပါရှိသည်။

”ကျေးရွာရပ်ကွက်များအတွင်း အများက ဝိုင်းပယ်ထားခြင်းခံရသည့် လူဆိုးလူမိုက် စာရင်းဝင်များကိုပါ ထိတွေ့စည်းရုံးထားကြရမည်” ဟု ပါရှိသည်။

ပြိုင်ဘက်နိုင်ငံရေးပါတီများဘက် လူမိုက်များ ပါသွားလျှင် ကြံ့ဖွံ့ပါတီဝင်များကို အနိုင်ကျင့်မှု ပြုလုပ်လာမှာစိုး၍ လက်ဦးမှု အရယူခြင်းဟု ရှင်းလင်းထားသည်။

ပါတီစည်းရုံးရေးအတွက် သြဇာသိက္ခာရှိသူများကို ရှာဖွေဦးဆောင်စေရန်နှင့် ကိုယ်စားလှယ်လောင်းများကလည်း ငွေကြေးထောက်ပံ့ရန် ညွှန်ကြားထားသည်။ ထို့အပြင် ပါတီကို မကြိုက်နှစ်သက်သူများ တွေ့ရှိလျှင် အထက်ကို သတင်းပို့ရမည် ဖြစ်သည်။

သို့သော် ပြိုင်ဘက်ပါတီများအပေါ် ဝေဖန်တိုက်ခိုက်ခြင်း မပြုရန်နှင့် ပြုလုပ်ပါက ”ဘုံရန်သူ” ဖြစ်သွားနိုင်သည်ဟုလည်း သတိပေးထားသည်။

မဲလိမ်ညာမှု၊ ဘက်လိုက်မှုများ မဖြစ်ပေါ်အောင် ကြပ်မတ်စိစစ်ရန် မှာကြားထားပြီး ဓာတ်ပုံ၊ ဗီဒီယိုများဖြင့် မှတ်တမ်းတင်ရန်ပါ ထုတ်ပြန်ထားသည်။

ညွှန်ကြားချက်တွင် ခြင်္သေ့တံဆိပ်သုံး ပါတီအနေဖြင့် အလုပ်သမားနှင့် လယ်သမားအရေး အဓိကထား စည်းရုံးသော မူကို တွေ့ရှိရသည်။

အလုပ်သမား အခွင့်အရေးအတွက် ဥပဒေကို ပြင်ဆင်ရန်၊ လူမှုဖူလုံရေးစနစ်ကို ကောင်းမွန်အောင် လုပ်သွားရန်၊ အနိမ့်ဆုံး လစာတိုးရေးနှင့် ပြည်ပရောက် ရွှေ့ပြောင်းလုပ်သမားများအရေး ကာကွယ်သွားမည်ဟု ပါရှိသည်။

လယ်သမားများအတွက်ကိုတော့ အစိုးရက စွက်ဖက်မှုရှိသော မူဝါဒနှင့် စိုက်ပျိုးသီးနှံများ လွတ်လပ်စွာ ရောင်းခွင့်ရှိရေးကို လုပ်ဆောင်မည်ဟု ဆိုသည်။

လယ်ယာမြေကို ပုဂ္ဂလိက ပိုင်ဆိုင်မှုကို အားမပေးဘဲ ”လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့် ရှိစေရမည်” ဟူသော မူကို ဆွဲကိုင်ထားသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Mr creator ၏

အပြည့်အစုံသတင်းဖတ်ရန်....

သန်းရွှေရဲ. မာယာခရီးကြမ်း

ဗုဒ္ဓါဂါယာဆိုတာ ဗုဒ္ဓဘာသာဝင်တွေအားလုံး ကြည်ညိုလေးစားကြတဲ့နေရာဖြစ်ပါတယ်၊သံဝေဂ ရဖွယ်ရာဖြစ်သလို၊ သံဝေဇနိယလေးဋ္ဌာနကို သွားရောက်ပြီး ဖူးမျှော်ကန်တော့သူတိုင်း လက်ရှိဘ၀နှင့် နောင်တမလွန်ဘ၀တွေမှာ ကောင်းတဲ့ အကျိုးတွေ ရရှိနိုင်တာကို ဗုဒ္ဓရှင်တော်ကိုယ်တိုင် ဟောကြားခဲ့လို. အလွန်မှန်ကန်တဲ့ သစ္စာတရားတခုပါပဲ၊၊

ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂါယာမဇ္ဈိမဒေသဆိုတာ အလွန်သန်.ရှင်းတယ်၊မွန်မြတ်တယ်၊သစ္စာလေးပါးတရားတော်ကို သိတော်မူခဲ့တဲ့ ဗောဓိပင်နှင့်ရွှေပလ္လင်တော်မြတ်ရှိရာ နေရာတခုလဲဖြစ်ပါတယ်၊တနည်းအားဖြင့် ဂါယာက မဟာဗောဓိ စေတီတော်သည် “မှန်” အကြည်တချပ်လိုပါပဲ၊ ကိုယ်မျက်နှာမှာ အိုးမဲတွေရှိနေရင် အမည်းရောင်တွေမြင်ရမယ်၊ ကောင်းတဲ့ သနပ်ခါးနှင့်တူတဲ့ ကုသိုလ်ရှိသူဆိုရင်လဲ အဖြူရောင်တွေ တွေ.ရမှာပါ၊၊

ဒုက္ခရောက်မှ ဘုရားကို သတိရ၊ချမ်းသာပျောက်မှ တရားတော်ကို တမ်းတ၊လူသေပြီး အသုဘချခါနီးမှ ရဟန်းသံဃာကို ဆီးကပ်တဲ့ လူ.လောက သဘာဝကို မြင်နိုင်ပါတယ်၊ဒီကနေ. တောက်လောင်နေတဲ့ မြန်မာနိုင်ငံရဲ. လူနေမူဘ၀အစ သာသနာ့အန္တရာယ်များအလယ် အုပ်ချုပ်တဲ့ စစ်အစိုးရနှင့် နိုင်ငံအပေါ် သစ္စာတရားပျက်နေတဲ့ နိုင်ငံရေးသမားအမည်ခံ အတ္တသမားများရဲ. အကြံအဥာဏ်တွေကို ဂါယာက မှန်တချပ်ရှေ့မှာ ထောင်ပြလိုက်ရင် ပြည်သူလူထုက အမှန်တကယ် သာဓုခေါ်ဆိုနိုင်လား၊ဂါယာဆိုတာ သစ္စာနယ်မြေ၊အမှန်တရားကိုမြတ်နိုးပြီး လောကတ္ထစရိယ လောကလူသားတွေအကျိုး အတွက် ဆောင်ရွက်ပေးသွားခဲ့သော သဗ္ဗညု ဗုဒ္ဓရှင်တော်ဘုရား၏ ရောင်ခြည်တော်ကွန်.မြူးရာဖြစ်ပါတယ်၊၊

မာယာဆိုတာ လှဲ.ပတ်တာ၊လိန်လည်တာ၊မရိုးမသား ကွေ.ကောက်ပြီး ကောက်ကျစ်စဉ်းလဲ မာယာများတဲ့သူတွေနဲ. ဗုဒ္ဓဂါယာ မဟာဗောဓိတော်နှင့် လုံးဝမအပ်စပ် ဖြောင့်ဖြောင့် ဆန်.ကျင်တာပါ၊ရဟန်းသံဃာနှင့် ပြည်သူလူထုများစွာကို သတ်ဖြတ်ခဲ့သော အကုသိုလ်မိုက်ကျွေးတွေဟာ ဘယ်ဘုရားကမှ မကယ်နိုင်ပါဘူး၊”သဒိသံပါကံ ဇနေတိ’’ မကောင်းတာ လုပ်ရင် မကောင်းကျိုး ခံရမယ်လို. ဗုဒ္ဓကဟောခဲ့ပြီးဖြစ်ပါတယ်၊ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါဝင် စစ်ဝါဒီအုပ်စု လူပေါင်း (၇၀)ကျော် ဂါယာမှာလာပြီး ဘုရားရှေ.မှာမာယာများနေမယ်ဆိုရင် ဘုရားက မချွတ်ထိုက်တဲ့ လူမိုက်တွေမို. တိတ်ဆိတ်စွာ နေမှာပါ၊ဒါပေမဲ့ သူတို.ပြစ်မှားခဲ့တဲ့ အကုသိုလ်တွေက သူတို.နောက်ကို အရိပ်ကဲ့သို. ထပ်ချပ် မကွာလိုက်နေမှာပါ၊၊

စည်းနှင့်ဝါး ညီညွတ်စွာ “ကပြ” လျှင် အက ကောင်းလို. သတ်မှတ်နိုင်သလို ဗုဒ္ဓဘာသာဆိုတာ ကိုယ်နဲ.လုပ်ဆောင်တဲ့ ကာယကံမူ၊နုတ်တဲ့ပြောတဲ့ ၀စီကံမူ၊ကြံစည်တွေးတောမူ မနောကံမူ၊ဒီကံသုံးပါးကို ကုသိုလ်သဘော ဖြစ်အောင် ဘ၀ကို ထူထောင်သွားမယ်ဆိုရင် ဗုဒ္ဓဘာသာ အစစ်ဖြစ်တယ်၊ဗုဒ္ဓလဲ ပရိနိဗ္ဗာန်စံခဲ့ပြီ၊ဓမ္မသဘင်လည်း ကွယ်ပျောက်မသွားရ အောင်လို. ရှင်မဟာကဿပ အစရှိတဲ့ ရဟန္တာမထေရ်ကြီးများအစ လက်ရှိသံဃာတော်များက ပိဋတ်တော်တွေကို ပခုံးထမ်း အဆက်ဆက် သာသနာပြုလာခဲ့မှာ လက်တွေ.အမြင်ပဲဖြစ်ပါတယ်၊၊

မြန်မာနိုင်ငံမှာ စစ်တပ်ကနေ တောင်ဥက္ကလာပ၊ ငွေကြာရံပရိယတ္တိစာသင်တိုက်က ဘုရားဆင်းတုတော်များ ရိုက်ချိုး၊ ကျောင်းတိုက်တွေဖျက်၊သံဃာတော်တွေကို ဖနှောက်နဲ.ကန်၊တုတ်တွေနှင့်ရိုက်၊ သေနတ်တွေနှင့် ပစ်သတ်ခဲ့လို.သံဃာတွေ အများအပြား ပျံတော်မူခဲ့ရတဲ့ နေ.ရက်တွေဟာ ဗုဒ္ဓဂါယာ မှန်တချပ်ရှေမှာ ပေါ်လွင်နေမှာဖြစ်ပါတယ်၊ဘုရားကို ကြည်ညို၊ သံဃာကို ကိုးကွယ်၊ဗုဒ္ဓတရားတော်အတိုင်း လိုက်နှာကျင့်သုံးမယ်ဆိုရင် ဗုဒ္ဓါဂါယာသွားစရာမလို အမှန်တကယ် ရိုးရိုးသားနဲ. မြန်မာပြည်က သံဃာတွေကို ၀န်ချတောင်ပန်မှသာ အပြစ်က သက်သာမှာပါ၊ဘုန်းတော်ကြီးတွေကို အများကြီးသတ်ခဲ့ပြီးမှ ဘုရားမှာဝန်ချတောင်းပန်တာဟာ AIDS ရှိတဲ့သူကို ဘာမီတွန် အကိုက်အခဲပျောက်ဆေး တိုက်၍ ဆေးကုသလိုဖြစ်နေပါတယ်၊သတ်တာတယောက် တောင်းပန်တာက တယောက်လုပ်လို.မရပါဘူး၊၊

သစ္စာတရား၏တန်ခိုး တနည်းအားဖြင့် သစ္စာလေးပါးကို သိတော်မူခဲ့တဲ့ မဟာဗောဓိပလ္လင်မှာ သစ္စာတရားမရှိတဲ့ စစ်ဝါဒီများက သံဃာတွေနှင့် တိုင်းပြည်သူပြည်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ အကုသိုလ်တွေကို ၀န်ချမတောင်းပန်ရင် ဂါယာမှာ မယာများပြီး ဆက်လက်ဟန်ဆောင်တာက ပိုပြီးဆိုးပါတယ်၊ ဆိတ်ပေါင်ကြားက ပစ္စည်းလို ဟိုဖက်ကပ် ဒီကပ်နဲ. အကုသိုလ်အထုပ်ကို ခေါင်းပေါင်းထားတဲ့ ပန်ချာပီခေါင်းပေါင်း ကုလားဝန်ကြီးချုပ်နဲ. တမူးနယ်စပ်က တိုင်းရင်းသားတွေကို သဘောတူသတ်ဖြတ်ဖို. လက်မှတ်ထိုးပြီးမှ ဗုဒ္ဓဂါယာမှာ တရားထိုင်ပြနေတာ အလွန်ရှက်စရာကောင်းပါတယ်၊၊

နိဗ္ဗာန်ကို ပန်းတိုင်အဖြစ်ထားရင် ပန်းတိုင်၏ အလိုသို.သာလိုက်ရမယ်၊အတ္တ၊မာနတွေရဲ. အလိုဆန္ဒကို မလိုက်ရဘူး၊ ဒီမိုကရေစီနှင့် လူ.အခွင့်ရေးဟာ မြန်မာနိုင်ငံရဲ. ပန်းတိုင်လို. ဦးတည်ခဲ့ရင် ဒီမိုကရေစီရဲ. အနှစ်သာရနှောက်သာ လိုက်ရမယ်၊စစ်ဝါဒနှင့် စစ်အုပ်ချုပ်ရေးစနစ်ကို ကြောခိုင်းရမယ်၊နိဗ္ဗာန်လို. ပါးစပ်ကအော်ပြီး လုပ်တာက အကုသိုလ်ချည်း ဆိုရင် အော်လို. မောတာပဲရှိမယ်၊ဒီမိုကရေစီလို. ပြောပြီး အခြေခံ ဒီမိုကရေစီအခွင့်ရေးတွေ ဖန်တီးတည်ဆောက်ပေးမူမရှိ လျှင် ဂါယာက ဘုရားကတော့ သန်းရွှေဟာ မယာသမားပါလားလို. ဘုရားမပြောနဲ့ ကမ္ဘာတခုလုံးကတောင် သိနေပါပြီ၊ တိုင်းပြည်ပေါ် သစ္စာမရှိတဲ့သူတွေ တကယ်ဖြူစင်တဲ့ သစ္စာနယ်မြေရောက်တာဟာ သူတို.အကုသိုလ် ရေချိန်အမှတ် ဒီဂရီကို တကယ်သိသွားပြီး ငါ့ဘ၀တော့ ကြီးရင့်လေ ကွဲပြဲထွက်တဲ့ ဒူးရင်းသီးလိုပါလားဆိုပြီး သံဝေဇနိယဋ္ဌာနမှာ တကယ်သံဝေဂ ရသွားရင်လဲ ကောင်းပါတယ်၊၊

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါဝင် ဗိုလ်ချုပ်တွေအားလုံး တကယ်သံဝေဂ ရစေချင်ပါတယ်၊သူတို.တတွေက ပွဲစဉ်တိုင်း အနိုင်ရချင်တဲ့ ပုထုဇဉ်လူမိုက်တွေမို.၊ဆက်ပြီး မမိုက်ကြဘဲ၊သစ္စာတရားနှင့် ကံကြမ္မာကို လှဲ.စားလို.မရပါဘူး၊ တနေရာထဲ မွေးခဲ့ကြ၊နေရာအတူမှာ ကြီးခဲ့ရ၊တရေထဲသောက်ပြီး အတူတူနေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာရှိခဲ့ပြီ၊ အေးစေ ချင်သည်၊တိုင်းပြည်မှာ လောင်ကျွမ်းနေတဲ့ အပူရှိန်တွေရဲ. ဒဏ်ကို တိုင်းသူပြည်သားအားလုံး ခံနေရသည်၊ ဗုဒ္ဓေါဝါဒ ဆရာတော်က စစ်သားကို မုန်းလို.မဟုတ်၊စစ်သားလုပ်တဲ့ အလုပ်က ပြည်သူတွေ မပြုံးနိုင်လို.သာ ဆုံးမသြ၀ါဒပေးရသည်၊ ပြည်သူက မမုန်း၊သံဃာတော်တွေက စစ်သားအပေါ်ကို မေတ္တာမပျက်အောင်လည်း တရားဓမ္မတွေ အကြိမ်ကြိမ်ဟောခဲ့ပြီ၊ ကိုယ့်ရဲ. တိုင်းပြည်သူ ပြည်သားအားလုံးကို တကယ်ချစ်ဖို.လိုပါတယ်၊၊

ဘုရား၊ရဟန္တာမှအပ၊ပုထုဇဉ်လူးသားတွေဟာ အိုမှာ၊နာမှာ၊သေမည့်ဘေးကို ဆိုက်ရောက်လာပြီဆိုရင် ထိန်.လန်. ကြောက်ရွံ.နေတတ်တာ သဘာဝပါ၊အိုနာ၊သေရေး၊ဒုက္ခဘေးကလဲ ဘယ်သူမှ မလွတ်ပါဘူး၊ကိုယ့်ဘ၀၊ ကိုယ့်စည်းစိမ်ကို တန်ဘိုးထားရင် တိုင်းသူပြည်သားတွေရဲ. အကျိုးစီးပွားကိုလဲ အလေးထားနိုင်တဲ့ မုဒိတာ တရားကိုမွေးရမယ်၊ ရဟန်း သံဃာတွေကို ဘယ်လောက်ပဲ သတ်ဖြတ်ခဲ့စေအုန်း ဘုရားသားတော် ရဟန်းတော်တွေက ဗုဒ္ဓသားတော်မို. မေတ္တာ တရားဆိုတာ လူရွေးလို.မရသလို ကိုယ်ရဲ. တိုင်းသူပြည်သားအားလုံးအပေါ်မှာ မေတ္တာဓာတ်တွေ အပြည့်ရှိပြီးသားပါ၊၊

ဂါယာနှင့် မာယာ တလမ်းဆီပဲ၊မယာများတဲ့ နှလုံးသား အမည်းနဲ. ဂါယာဘုရားမှာ သံဝေဂ မပွားခင်၊ မုဒိတာပွားတဲ့ အနေနဲ. ဒေါ်အောင်ဆန်းစုကြည်ကို ရွှေတဂုံဘုရားမှာ ဖူးခွင့် ပေးသွားနိုင်ရမယ်၊ဂါယာဆိုတဲ့ မြင့်မြတ်တဲ့နေရာမှာ သွားရောက်ဖူးမျှော်ခဲ့ရင် မယာတွေ ဆေးကြောပြီး တဒုန်းဒုန်း တတိုင်းတိုင်း နှိမ့်စက်ခံနေရတဲ့ ထောင်အတွင်းက အပြစ်မဲ့ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို တကယ်မေတ္တာစိတ်နှင့် လွတ်ပေးသင့်ပါတယ်၊လွတ်ပေးပါလို.လဲ ဗုဒ္ဓေါဝါဒ ဆရာတော်က မေတ္တာရပ်ခံပါတယ်၊၊

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ. ဗုဒ္ဓဂါယာ အပြန် မြန်မာနိုင်ငံကို ရောက်တဲ့ အချိန်မှာ တိုင်းသူပြည်သားတွေအပေါ်မှာ မေတ္တာတရားကြီးစွာနှင့် ဆက်ဆံပြီး ထောင်ထဲမှာ ၀ါဆိုနေရသည့် သံဃာတော်များအားလုံးလည်း ကိုယ်ကျောင်း ကိုယ့်ကံ ကိုယ်ဆရာသမား မိဘများနှင့်အတူ ပျော်ရွင်စွာ နေထိုင်နိုင်အောင်၊အားလုံးသော နိုင်ငံရေးကြောင့် အကျဉ်းကျနေသည့် ကိုယ့်တိုင်းပြည်က ကိုယ်.ရဲ. သားသမီးများလို မေတ္တာဓာတ်ကြီးမားစွာထား၍ ‘’ဗုဒ္ဓဂါယာလွတ်ငြိမ်းချမ်းသာခွင့်” အနေနဲ. လွတ်ပေးပြီး ကုသိုလ်ယူပါလို. တိုက်တွန်းလိုပါတယ်၊၊

ဗိုလ်ချုပ်မှူးကြီးရဲ. ဗုဒ္ဓဂါယာ တခေါက်ဟာ တိုင်းသူပြည်သားတွေအတွက် အလွန်ဝမ်းမြောက်စရာ ဖြစ်နိုင်တဲ့ လုပ်ဆောင် ချက်မျိုး ဖြစ်လာစေရန် ဗုဒ္ဓေါဝါဒဆရာတော်က မျှော်လင့်ပါတယ်၊ဒကာကြီး ဦးသန်းရွှေလဲ အသက်ရွယ် ကြီးလာပြီ၊ ဒကာမကြီး ဒေါ်ကြိုင်ကြိုင်လည်း စိတ်ရှိတိုင်း မပါနိုင်တော့တဲ့ နိယာမ တရားသဘောကို သံဝေဂတရားများ ရ၍ အုပ်ချုပ်တဲ့သူများက တိုင်းသူပြည်သားတွေအပေါ်မှာ မေတ္တာရေပက်ဖြန်းလို. တိုင်းသူပြည်သားတွေကလဲ အုပ်ချုပ်တဲ့ သူတွေကို မုဒိတာပွားကာ အပြန်အလှန် မေတ္တာတရားတွေနှင့် အတူတကွ ပေါင်းသင်းနေထိုင်နိုင်ရေး ငြိမ်းချမ်းရေး အထိမ်းမှတ်အဖြစ် ဒကာကြီးက “ဗုဒ္ဓဂါယာ လွတ်ငြိမ်းချမ်းသာခွင့်” မေတ္တာရေစင်ကို စတင်တည်ဆောက်၍ အမှောင်ထဲက ထောင်အကျဉ်းသားတွေအားလုံးကို ပျော်ရွင်ခွင့်ပေးကာ တိုင်းပြည် ငြိမ်းချမ်းတဲ့ လမ်းကိုရောက်စေနိုင်ပါတယ်၊၊

မာယာမများပဲ ဂါယာသွားခဲ့တာလား၊ဘ၀တမလွန် သာယာဖို.အတွက် ဗုဒ္ဓဘာသာဆိုတာ လက်တွေ.လုပ်ပြရတာ ဖြစ်ပါတယ်၊ဒါကြောင့် ဗောဓိပင်နှင့် ရွှေပလ္လင်မှာ အမှန်တကယ် တရားကို မြင်ခဲ့ရင်ဖြင့် တိုင်းသူပြည်သားတွေအားလုံး ၀မ်းသာစရာဖြစ်သလို၊ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ပါသွားတဲ့ အခြားသော ဗိုလ်ချုပ်တွေကလည်း တရားနှင့်တွေ.ပြီး နှလုံးသား တွေဖြူစင်၍ တိုင်းပြည်ကောင်းဖို.အတွက် ကောင်းတဲ့ အကြံအဥာဏ်ကောင်းများကိုသာပေးရမယ်၊ မကောင်းတဲ့ အကုသိုလ်ဖြစ်မည့် မကောင်းတဲ့ အကြံဆိုးတွေကို ရှောင်ရှားနိုင်ရမယ်၊ ကာယကံ၊၀စီကံ၊မနောကံ ဒီကံသုံးပါးကို ထိမ်းသိမ်းပြီး တိုင်းပြည်ရဲ.ကောင်းကျိုးကိုယ်သာ ရှေးရုဖို.ရာ ဂါယာဘုရားမှာ သစ္စာအဓိဋ္ဌာန်ပြုခဲ့မယ်လို. မျှော်လင့်ပါတယ်၊၊

တိုင်းပြည်မှာ ရှိတဲ့ ပြည်သူပြည်သားတွေကို အုပ်ချုပ်တဲ့ ဒကာကြီးများက မေတ္တာရေ စတင်ပက်ဖြန်းနိုင်ပါစေ……..၊၊


မေတ္တာဖြင့်


ဗုဒ္ဓေါဝါဒဆရာတော်


အမေရိက



Tell: 270 904 1142 Email: shwebofive@gmail.com

ဇူလိုင်လ(၂၇) ၂၀၁၀Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ယုတ်ညံ့သူအကျင့်အကြံ

ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းမှ လိုင်စင်မဲ့ကားတွေ အခွန်ဆောင်ဖို့ သင်္ဃန်းကျွန်းရာဖြတ်ရုံးကို လာစဉ်မှာ ယာဉ်ထိန်းရဲတွေက အဆိုပါ ရုံး တ၀ိုက်မှာ စောင့်ဆိုင်း ဖမ်းဆီးနေတယ်လို့ ကားပိုင်ရှင်တွေက ပြောပါတယ်။ မနေ့က စတင်ပြီး ယခုလိုဖမ်းဆီးတာလို့ သိရပြီး ဖမ်းဆီးတဲ့ရည်ရွယ်ချက်ကတော့ ယာဉ်ထိန်းရဲတွေ အနေနဲ့ သူတို့ ဖမ်းဆီးတဲ့ကားရဲ့ အခွန်ဆောင်ငွေထဲမှ ဆုကြေးငွေ ၁၀ ရာနှုန်းရဖို့အတွက် ဖမ်းဆီးတာလို့ စုံစမ်းသိရှိရပါတယ်။
ဒါပေမယ့်လို့ ကားပိုင်ရှင်တွေ အနေနဲ့ ဌါနဆိုင်ရာ အဖွဲ့စုံပါတဲ့ အခွန်ရာဖြတ်အဖွဲ့ဆီ တိုက်ရိုက်လာရောက်စဉ် ကြားမှာ ယာဉ်ထိန်းရဲတွေနဲ့ ထပ်ပြီးဆက်ဆံရတဲ့ အချက်၊ အခွန်ရာဖြတ်တာကို စောင့်ဆိုင်းစဉ်၊ ငွေသွင်းစဉ်တွေမှာ မိမိရဲ့ ကားကို မိမိဘာသာ ထိန်းသိမ်းခွင့် မရှိတော့ပဲ ၅၁ လမ်းယာဉ်ထိန်းရုံးမှာ ညသိပ်ရမယ့် အချက်တွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ကြရတယ်လို့ ကားပိုင်ရှင်များက မိုးမခသို့ပြောပါတယ်။
ဝေဇယန္တာလမ်းနဲ့ လေးဒေါင့်ကန်လမ်းဆုံရာ မီးပွိုင့်အနီး လက်တော့ ကွန်ပျူတာပေါင်ပေါ်တင်ထားတဲ့ ယာဉ်ထိန်း ၄၊ ၅ ယောက်ကို ယနေ့တွေ့ရသလို အခွန်ဆောင်မယ့် ဟိုင်းလပ်စ်ဆာ့ဖ် တစ်စီးကို ပိုင်ရှင်ဘေးမှာ ထိုင်စေပြီး ယာဉ်ထိန်းရဲတွေက မောင်းနှင်သွားတာလည်း ရုံးအနီးမှာ မြင်တွေ့ရပါတယ်။
ကားပိုင်ရှင် တဦးက“ ဒီနေ့ လိုင်စင်အတွက် အခွန်ရာဖြတ်ဖို့လာတော့ လမ်းထိပ်မှာ ယာဉ်ထိန်းတွေ အဖွဲ့လိုက်ထိုင်နေကြတယ်။ ဒီအခွန်ရာဖြတ်ရုံးကိုလာတဲ့ လမ်းသွယ်တွေ လမ်းကြားတွေကိုပါ ပိတ်ပြီးစောင့်နေကြတယ်။ ကျွန်တော့်ကားကိုတားပြီး လိုင်စင်ဝင်ဖို့ သွားတာပါလို့ပြောလည်း မရဘူး။ သူတို့ထုံးစံအရ ချလန်ဖြတ်ပြီး သူတို့တက်မောင်းပြီး ရုံးကိုလာတယ်။ အဲဒီနောက်လည်း တောက်လျှောက်လိုက်နေတာ ဒီညနေ ကားကိုရာဖြတ်တဲ့ တန်ဖိုး သိပြီးရင် ငွေသွင်းဖို့ မှီမှာမဟုတ်သေးဘူး ၊ ကားကိုရဲတွေက ယူသွားပြီး ကျွန်တော် အခွန်သွင်းပြီးကြောင်း စာရွက်သွားပြမှ သူတို့ဆီက ကားပြန်ထုတ်ရမယ်တဲ့။ ကားက ပစ္စည်းတွေပျောက်ရှတာတို့ ဘာတို့ဖြစ်ရင် ဘယ်လိုလုပ်မလဲတော့ မသိဘူး၊ ကိုယ့်ကားကို ကိုယ့်လက်ထဲမှာပဲ ထားချင်ပေမယ့် ဘာမှ မတတ်နိုင်ဘူးဗျာ”“ဟု ပြောသည်။
ယခင် သီတင်းပတ် သောကြာနေ့က စတင်လိုက်တဲ့ လိုင်စင်မဲ့ကား အခွန်ပေးဆောင်တဲ့ အစီအစဉ် အစပိုင်းမှာ ရဲကို သတင်းပို့ပြီး ရဲကပြေစာဖြတ်ပြီးမှ သက်ဆိုင်ရာအခွန်ရာဖြတ်အဖွဲ့ကို သွားရမယ်လို့ ရဲအရာရှိတဦးက ပြောကြောင်း weekly eleven ဂျာနယ်ရဲ့ သတင်းထဲဖေါ်ပြခဲ့သော်လည်း ဒီသီတင်းပတ် အစကတည်းက ကားပိုင်ရှင်များအနေနဲ့ ယာဉ်ထိန်းရဲဆီမသွားပဲ အခွန်ရာဖြတ်ရုံးကို တိုက်ရိုက်လာပြီး အခွန်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ဒီအဖြစ်ကြောင့် ယာဉ်ထိန်းရဲတွေက သူတို့ဆီက မဖြတ်မနေရ ဖြတ်သန်းရအောင် စောင့်ဖမ်းနေတဲ့ သဘောလည်း ဖြစ်ပါတယ်။
ယခုလို အကောက်ခွန်မဲ့ ပစ္စည်းဖမ်းဆီးရမိခြင်းအပေါ် သတင်းပေးသူ၊ ဖမ်းဆီးတဲ့ အဖွဲ့မှ ဆုကြေးငွေခံစားလိုတဲ့ အတွက်ဖမ်းဆီးနေတာလို့ ကားပိုင်ရှင်တွေက ပြောကြပါတယ်။ မနေ့က အဖြစ်အပျက်တခုမှာ ရုံးမှာ အခွန်ရာဖြတ်ဖို့ လာအစစ်ခံပြီးသား ကားတစ်စီးရုံးဆီ ပြန်အလာမှာ လမ်းထိပ်မှာ ယာဉ်ထိန်းရဲက ဖမ်းထားလို့ အခွန်ရာဖြတ်အဖွဲ့ခေါင်းဆောင်သူ အခွန်ဦးစီးမှူးကို ကားပိုင်ရှင်က လာခေါ်ပြီး ဖြေရှင်းခိုင်းရတဲ့ အဖြစ်ဖြစ်ပျက်ခဲ့ပါတယ်။ အခွန်ဦးစီးမှူးက ယာဉ်ထိန်းကို သွားပြောတဲ့အခါကျမှသာ ယာဉ်ထိန်းက ပြန်လွှတ်ပေးလိုက်တယ်လို့လည်း သိရှိရပါတယ်။
အစိုးရ ဌါနဆိုင်ရာ အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်မှု မရှိတဲ့အဖြစ်ကို ယခုအဖြစ်အပျက်က သက်သေပြနေတာလို့ ကားပိုင်ရှင် တစ်ဦးက ညီးတွားပြီးငွေလည်းပေးရသေးတယ်။ မှောင်ခိုပစ္စည်းဖမ်းသလို ပြန်ဖမ်းပြပြီး အပိုအဆင့်တွေလည်း ထပ်လုပ်ရသေးတယ် လို့အဆိုပါ ကားပိုင်ရှင်က မိုးမခသို့ပြောပါတယ်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အုပ်စုလေးတစု ချမ်းသာကြွယ်ဝရေးအတွက်..ရင်လေးဘိ ...ဗမာပြည်

ကာကွယ်ရေးဌာန ကုန်ကျစရိတ် တနှစ် ၆ ထရီလီယံ ကျပ်ခန့်သုံး အောင်သက်ဝိုင်း Friday, July 30, 2010
စစ်အစိုးရသည် ကာကွယ်ရေး ၀န်ကြီး ဌာနအတွက် တနှစ်လျှင် ၆ ထရီလီယံ ကျပ် ခန့် အသုံးပြုနေကြောင်း သိရှိရသည်။
ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က ကျင်းပသော ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် စစ်သားများ စစ်ရေးပြနေစဉ် (ဓာတ်ပုံ - Reuters)
နိုင်ငံတွင်း ကောက်ခံရရှိသော ကုန်သွယ်လုပ်ငန်းခွန်၊ အကောက်ခွန်၊ အမြတ်ခွန်၊ ယစ်မျိုးခွန်

အပါအ၀င် အခွန်အတုပ်များနှင့် ၀န်ကြီးဌာနများ အပါအ၀င် စီးပွားရေး အဖွဲ့အစည်းများထံမှ ရရှိသော ၀င်ငွေမှာ တနှစ်လျှင် ကျပ် ထရီလီယံ ၂၀ ကျော် ရှိပြီး ကာကွယ်ရေး ၀န်ကြီးဌာနအတွက် ကျပ် ၆ ထရီလီယံ ခန့် အသုံးပြုခဲ့ကြောင်း စစ်အစိုးရ၏ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ် စာရင်း ဇယားများတွင် ဖော်ပြထားသည်။

အဆိုပါ ၀င်ငွေစာရင်းတွင် ပြည်ပနိုင်ငံများသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ရောင်းရငွေများကို ထည့်သွင်း ဖော်ပြထားခြင်းရှိပေ။

၂၀၀၈ ခုနှစ် အတွင်း ကာကွယ်ရေး ၀န်ကြီးဌာနအတွက် တနှစ် သာမန်သုံးငွေအဖြစ် ကျပ် ၂.၇ ထရီလီယံကျော်၊ ငွေလုံး ငွေ ရင်း သုံးငွေအဖြစ် ၂.၈ ထရီလီယံကျော်၊ တပ်မြို့စည်ပင်သာယာရေး အဖွဲ့များအတွက် ကျပ် ၂ ဘီလီယံကျော်၊ နောက်တိုး သုံးစွဲငွေ အဖြစ် ၉၆ ဘီလီယံကျော်၊ စုစုပေါင်း ၆ ထရီလီယံ ခန့် အသုံးပြုခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။

ထို အသုံးစရိတ်များတွင် တပ်မတော်ရေးရာ အသုံးစရိတ်များ မပါဝင်ပေ။

တပ်မတော် အသုံးစရိတ်ဆိုသည်မှာ စစ်လက်နက်ပစ္စည်းများ ၀ယ်ယူသည့် စရိတ်၊ ပြည်ပနိုင်ငံများသို့ စစ်ပညာတော်သင်များ၊ နျူကလီးယား နည်းပညာလေ့လာရေး ကဲ့သို့သော ငွေအရင်းအနှီး ကြီးမားသည့် အသုံးစရိတ်များဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်နှင့် နီးစပ်သည့် ဘဏ် လုပ်ငန်းကျွမ်းကျင်သူ တဦးက ရှင်းပြသည်။

“ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ အသုံးစရိတ် သီးသန့်ချည်းပဲ နိုင်ငံဝင်ငွေ စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်း ရှိတယ်”ဟု ၎င်းက ဆို သည်။

မြန်မာနိုင်ငံရှိ လူဦးရေ သန်း ၆၀ နီးပါး၏ ကျန်းမာရေးအတွက် တနှစ်သုံးစွဲငေမွှာ ကျပ် ၅၂၃ ဘီလီယံ ကျော်သာ အသုံးပြုခဲ့ သည်ဟု သိရသည်။

ပြည်သူ့ ကျန်းမာရေးအတွက် တနှစ်သုံးစွဲငွေသည် ကာကွယ်ရေး ၀န်ကြီးဌာန တနှစ် သုံးစွဲငွေ၏ ၉ ရာခိုင်နှုန်းကျော်သာ ရှိ
ကြောင်း၊ ထို့ကြောင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတွင် ချွတ်ယွင်း အားနည်းမှုများစွာ ဖြစ်ပေါ်နေကြောင်း လေ့လာသူ ပညာရှင်များက ထောက်ပြပြောဆိုသည်။

“ဆေးရုံတက်ရင် ဆေးထိုးအပ်၊ ဂွမ်းက အစ၊ ခွဲစိတ်ခ၊ ဆေးဝါး အဆုံး အစအရာရာ ကုန်ကျ စရိတ်တွေ ပြည်သူတွေ ကိုယ်တိုင် အကုန်အကျ ခံနေရတယ်။ ကျန်းမာရေး ကဏ္ဍအတွက် က ဘတ်ဂျက် သုံးငွေတော်တော်နည်းတယ်။ စစ်တပ်ကြီးတွေ ဘယ်လောက်ဖွဲ့ဖွဲ့၊ စစ်စခန်းကြီးတွေ ဘယ်လောက် ဆောက်ဆောက်၊ ပြည်သူ့ကျန်းမာရေး မကောင်းရင် ခိုင်မာ တောင့်တင်းတဲ့ ကာကွယ်မှုမျိုး၊ လုံခြုံမှုမျိုး မရနိုင်ဘူး”ဟု ပြည်တွင်း သတင်းစာဆရာ တဦးက ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနအတွက် သုံးစွဲငွေမှာ ကျပ် ဘီလီယံ ၆၀၀ ကျော် ဖြစ်ပြီး အဆိုပါဌာန၏ သုံးစွဲငွေတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာန၏ သုံးစွဲငွေက များပြားကြောင်း စုံစမ်းသိရှိရသည်။

ပညာရေးကဏ္ဍ သုံးစွဲငွေမှာ ကျပ် ၁.၈၇ ထရီလီယံကျော် ရှိသော်လည်း အဓိကအားဖြင့် တက္ကသိုလ်၊ ကောလိပ် တည်ဆောက် ရေးတွင် ကုန်ကျစရိတ် များပြားကြောင်း သိရသည်။

ပြည်နယ်နှင့်တိုင်း အသီးသီးတွင် တက္ကသိုလ် ကောလိပ်များတိုးချဲ့တည်ဆောက်ခြင်းဖြင့် တမြို့တည်း၊ တနေရာ တည်းတွင်
ကျောင်းသားများ တစုတဝေးတည်း မဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ပညာရေးတိုးတက်မှုအတွက် အထောက် အကူ မပြုနိုင်ဟု သတင်းသမား တဦးက ပြောဆိုသည်။

“ဆန္ဒပြပွဲတွေဖြစ်မှာစိုးလို့ ကျောင်းသားတွေ မစုစည်းမိအောင် တက္ကသိုလ်၊ ကောလိပ်ကျောင်းတွေ ခွဲပြီး မြို့စွန်၊ မြို့ဖျား နေရာတိုင်း ဆောက်နေတယ်ဆိုတာ အားလုံးအသိပဲ။ တက္ကသိုလ် ကောလိပ် ဆောက်ရုံနဲ့တော့ ပညာရေး မတိုးတက်နိုင်ဘူး”ဟု ၎င်း က ဆိုသည်။

စစ်အစိုးရသည် ၎င်းတို့အာဏာ တည်မြဲရေးအတွက် စစ်တပ်ကို တိုးချဲ့လျက်ရှိရာ နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ် တိုးတက် နေမည်ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်သည်။

ပြီးခဲ့သည့် မေလ နောက်ဆုံးပတ် အတွင်း စစ်အစိုးရ က စစ်ရေး အသုံးစရိတ်အတွက် ငွေစာရင်း ခေါင်းစဉ် ဖော်ပြထားခြင်း မရှိ သော ပုံမှန်ထက် ပိုမိုများပြားသည့် ဘတ်ဂျက် ချပေးမှုရှိခဲ့ကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ ရသုံးမှန်းခြေ ဘတ်ဂျက်ရှင်းတမ်းကို ၁၉၈၈ မတိုင်ခင်က သတင်းစာများတွင် ဖော်ပြခဲ့သော်လည်း နောက်ပိုင်း စစ်အစိုးရ လက်ထက်တွင် တရားဝင် ထုတ်ပြန်ခြင်း ယနေ့အထိ မရှိကြောင်း တွေ့ရသည်။

ထို့အပြင် စစ်အစိုးရ ၏ စစ်ရေး အသုံးစရိတ်များကိုလည်း တရားဝင်ထုတ်ပြန်ခြင်း မတွေ့ရှိရပေ။

မြန်မာစစ်တပ်၏ စစ်အင်အား ၄ သိန်း ခန့်ရှိမည်ဖြစ်ကြောင်း လေ့လာသူများက ခန့်မှန်းကြသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

လူမိုက်သည် လူမိုက်နှင့်သာ နေ၏။

အပြည့်အစုံသတင်းဖတ်ရန်....

နိုင်ရာတာဝန်

နိုင်ငံရေးတာဝန် ထမ်းဦးမည်ဟု ဦးဝင်းထိန် ပြော -ဖနိဒါ | သောကြာနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၇ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ထောင်တွင်း အနှစ် ၂ဝ နီးပါး နေခဲ့ရသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့တာဝန် ထမ်းဆောင်ခဲ့သူ ဦးဝင်းထိန်က အားမလျှော့ဘဲ နိုင်ငံရေးလုပ်ငန်းများ ဆက်လုပ်ဦးမည်ဟု ပြောသည်။

“ဟိုး လှုပ်ရှားမှု စကတည်းကိုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးကိစ္စတွေ လုပ်ပေးခဲ့ရတာကိုး။ ၉၅ မှာ လွတ်တဲ့အချိန်လည်း ဒါတွေပဲ လုပ်ခဲ့ရတယ်ဆိုတော့ ဒါတွေပဲ ရှေ့ဆက်လုပ်ရမလား မပြောတတ်ဘူး” ဟု အသက် ၆၉ နှစ်ရှိ ဦးဝင်းထိန်က ပြောသည်။

သို့သော် စစ်ကိုင်းတိုင်း ကသာအကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် ကျန်းမာရေး ချို့ယွင်းလာခဲ့သဖြင့် အားကျိုးမာန်တက် လုပ်ဆောင်နိုင်ပါ့မလားဟူ၍ မိမိကိုယ်ကို မေးခွန်း ထုတ်နေမိသည်ဟုလည်း သူက ပြောသည်။

winthein

ဦးဝင်းထိန် (အကျီဖြူနှင့်) ထောင်မှလွတ်ပြီး ဦးတင်ဦးကို ဂါရဝပြု
“အဲဒါကို ကိုယ့်ကိုယ်ကို မေးနေတာ။ ဘာဖြစ်လို့လဲဆိုတော့ ၈၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်က တတိုင်းပြည်လုံး တောင်ဖျား၊ မြောက်ဖျားအထိ သွားတာတောင် ကျနော်က လိုက်ပါနိုင်တယ်။ အခုတော့ အဲဒီလောက် လုပ်ပေးနိုင်မလား သံသယဖြစ်တယ်။ သို့သော် အဲဒါကြောင့်မလို့ ငြင်းမယ်ဆိုတဲ့ သဘောထားတော့ မဟုတ်ပါဘူး” ဟု သူက ဆက်ပြောသည်။

တပ်မတော်တွင် ဗိုလ်ကြီးအဆင့်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဦးဝင်းထိန်သည် ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့တာဝန် လုပ်ကိုင်ခဲ့ဖူးပြီး၊ ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ ကိုယ်ရေးအရာရှိလည်း ဖြစ်ခဲ့ဖူးသည်။

ဦးဝင်းထိန် လွတ်လာချိန်တွင် ရွေးကောက်ပွဲ သပိတ်မှောက်ရေး၊ ဝင်ပြိုင်ရေးနှင့် ပတ်သက်၍ အန်အယ်ဒီနှင့် အန်ဒီအက်ဖ် ခေါ် အမျိုးသားဒီမိုကရေစီ အင်အားစုတို့ ကွဲပြဲနေချိန်လည်း ဖြစ်သည်။

“အန်ဒီအက်ဖ်နှင့် ပူးပေါင်းရန် အကြောင်းမရှို” ဟု ဦးဝင်းထိန်က ပြောသည်။

ဦးဝင်းထိန်ကို လွှတ်ပေးလိုက်ခြင်းမှာ အန်အယ်ဒီနှင့် အန်ဒီအက်ဖ် အကွဲအပြဲကို ထပ်မံ မီးထိုးပေးလိုက်ခြင်း ဖြစ်သည်ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ပြောသည်။

“အန်အယ်ဒီနဲ့ အန်ဒီအက်ဖ်တို့က အဆင်မချောဘူးလေ။ နှစ်ဖက်ဖြစ်နေတဲ့ “ကြက်လည်းပန်းစေ၊ ယာလည်း ညက်စေ” အခြေအနေပဲလေ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကနေ ဒီမိုကရေစီအင်အားစုတွေ အချင်းချင်းချကြတဲ့ ပွဲကို ပိုပြီး အားဖြည့်ပေးနိုင်ဖို့လို့ ထင်တာပဲ။ ဦးဝင်းတင်၊ ဦးတင်ဦးတို့ဘက် အားဖြည့်ပေးလိုက်တဲ့ တပ်မှူးတယောက်ပေါ့ဗျ” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

လွန်ခဲ့သည့် ၂၂ နှစ်အတွင်း ဦးဝင်းထိန်သည် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်နှစ်ခါကျကာ ၁၉ နှစ်နှင့် ၈ လ နေခဲ့ရသည်။

သူသည် နှလုံး၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုး၊ အစာအိမ်၊ အရိုးကျီးပေါင်း စသည့် ရောဂါများ ခံစားနေရသည်။

သူသည် ၁၉၆၃ ခုနှစ် စစ်တက္ကသိုလ်ကျောင်းဆင်းကာ ၅ နှစ်ကြာ စစ်မှုထမ်းပြီးနောက် တပ်တွင်း အာဏာသိမ်းရန် ကြံစည်မှုတွင် ပါဝင်မှုဖြင့် ထုတ်ပယ်ခံခဲ့ရသည်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Friday, July 30, 2010

ကြားဖူးပေါင်..ကိုယ့်ခေါင်းကိုတော့ ကြိုးကွင်လျှိုမပေးပါနဲ့ 

ကြံ့ဖွံ့ပါတီက ကြိုတင်မဲကောက်ခံ မျိုးချစ်သူ / ၃၀ ဇူလိုင် ၂၀၁၀
ရန်ကုန်ဒေသခံများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ကြိုတင်မဲများ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ကြိုတင်မဲများကို ပါတီဝင်များထံမှ ပထမဦးဆုံး ကောက်ခံမှု ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီစည်ရုံးရေး အဖွဲ့ဝင်တဦးက အတည်ပြုပြောကြားသည်။

အစိုးရ၀န်ထမ်းများကို ပါတီဝင်ပြုလုပ်၍မရသောကြောင့် ၀န်ထမ်းမိသားစုများထဲမှ အသက် (၁၈) နှစ် ပြည့်ပြီးသည့်သူများကို ကြိုတင်မဲကောက်ခံရန်အတွက် ပါတီဝင်အဖြစ် စည်းရုံးထားပြီး ဖြစ်ကြောင်းလည်း မြို့နယ် ကြံ့ဖွံ့စည်းရုံးရေးမှူးများထံမှ သိရသည်။

“ကြံ့ဖွံ့ပါတီဆိုတာ ကြံ့ဖွံ့အသင်းက ဖြစ်လာတာပဲလေ၊ အဲဒီအသင်းကလည်း အစိုးရက ဖွဲ့စည်းထားတာဖြစ်တယ်လေ။ ပါတီအနေနဲ့ ပြောင်းလိုက်တော့ အခုအစိုးရ၀န်ထမ်း မိသားစုတွေကို ကနဦးပါတီဝင်တွေလုပ်ပြီးတော့ ကြိုတင်မဲကောက်နေပြီ” ဟု မြို့နယ်စည်းရုံးရေးမှူးတဦးက ပြောသည်။

ရန်ကုန်တွင် ကြံ့ဖွံ့အသင်းဝင်ပေါင်း (၃) သန်းကျော်ရှိခဲ့ရာမှ ယခုအခါ ပါတီဝင်အဖြစ်ပြောင်းလဲရာတွင် အစိုးရ၀န်ထမ်းများကို ဖယ်ထုတ်လိုက်ကြောင်း၊ သို့သော် ငါးကြင်းဆီနှင့် ငါးကြင်းကြော်သကဲ့သို့ ၀န်ထမ်းမိသားစုများကို ပါတီဝင်အဖြစ်ပြောင်းလဲလိုက်ကြောင်း၊ ထို့အတွက် ပါတီဝင်အရေအတွက်မှာ ယခင်အသင်းဝင်အတိုင်း မဟုတ်သော်လည်း ယင်းအရေအတွက်နီးပါး ရှိနိုင်ကြောင်း ၎င်းကပြောသည်။

ရန်ကုန်တွင် ယခင်က ကြံ့ဖွံ့အသင်းအနေဖြင့်လုပ်နေသော လမ်းများခင်းခြင်း၊ ဆေးခန်းများဖွင့်ခြင်း စသည်တို့ကို ယခုအခါ ပါတီအမည်ပြောင်းကာ ပြုလုပ်နေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

အစိုးရ၀န်ထမ်းများအတွင်း အစိုးရက ဖွဲ့ထားသောပါတီကိုသာ မဲပေးလိုသူများ ရှိသကဲ့သို့ မလိုလားသူများလည်း ရှိနေကြောင်း ပညာရေးဝန်ထမ်း မိသားစုများထံမှ သိရသည်။

“ကျမတို့ဒဂုံတက္ကသိုလ်မှာဆိုရင် အခု ဆရာဆရာမတွေကို ပါတီဝင်တော့လုပ်လို့မရဘူး။ ဒါပေမယ့် မဲတော့ပေးခွင့်ရှိတဲ့အတွက် မဲပေးတဲ့အခါ ခြင်္သေ့ကိုပဲ မဲပေးဖို့တိုက်တွန်းတယ်လို့ ဌာနအလိုက် ပြောထားတာ ရှိတယ်။ ခက်နေတာက တချို့တွေကတော့ ကြောက်ကြတယ်လေ။ ကြိုတင်မဲကောက်ရင်တော့ ထည့်ရမှာပဲလို့ ပြောနေတဲ့သူတွေရှိတယ်။ အစိုးရက တရားမျှတတဲ့ ရွေးကောက်ပွဲသာ လုပ်လို့ကတော့ တမဲမှကို ရမှာမဟုတ်ဘူးလို့ ထင်တယ်။ အခုပဲကြည့်လေ ကြိုတင်မဲကောက်မယ်တဲ့၊ ဘာသဘောလဲ။ ကျမကတော့ မထည့်နိုင်ဘူးလို့ပဲ ပြောလိုက်မယ်” ဟု ဒဂုံတက္ကသိုလ် ပထ၀ီဝင်ဌာနမှ အချိန်ပိုင်းနည်းပြ ဆရာမတဦးက ပြောသည်။

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ အတွင်းရေးမှူး ဦးနေမျိုးဝေက ကြံ့ဖွံ့ပါတီသည် ၁၉၉၃ ခုနှစ်ကပင် အသင်းဖွဲ့ကာ စနစ်တကျလုပ်ထားသော ပါတီဖြစ်သွားပြီး တစညပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလကပင် တည်ရှိလာသည့်အတွက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အင်အားအကြီးဆုံးနှင့် ငွေသုံးစွဲနိုင်မှုအများဆုံးပါတီတို့ ဖြစ်ကြောင်း ပြောဆိုသည်။

၎င်းက “သူတို့ပါတီတွေကတော့ အင်အားသုံးနိုင်တဲ့ပါတီတွေဖြစ်တယ်။ ခက်နေတာက တခြားပါတီတွေအနေနဲ့ အခုအချိန်မှာ ကန့်သတ်မှုတွေ အများကြီးရှိနေတယ်၊ လူစုလူဝေးလုပ်ပြီး ဟောပြောစည်းရုံးတာက အစပေါ့ဗျာ။ သူတို့ကတော့ လူထုနဲ့ နီးနီးကပ်ကပ်လုပ်နိုင်တယ်။ ကြံ့ဖွံ့ပါတီဆိုရင် အစိုးရပဲလေ၊ ဘာပဲလုပ်လုပ် လုပ်နိုင်တာပဲ၊ အကန့်အသတ်မရှိဘူး။ အဲဒီတော့ အခုကပဲ ဘက်လိုက်နေပြီ။ ဒါဆိုရင်တော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလားဆိုတာ ထုတ်ဖော်ပြောဆိုဖို့ မလိုဘဲ သိနိုင်ပါတယ်” ဟု ပြောသည်။

ကြံ့ဖွံ့ပါတီကို ဝန်ကြီးချုပ် ဦးသိန်းစိန်က ဦးဆောင်ထားပြီး ယခင်က ကြံ့ဖွံ့အသင်းဝင် တနိုင်ငံလုံးတွင် (၂၄) သန်းခန့်ရှိခဲ့ရာမှ အစိုးရ၀န်ထမ်းများကို ဖယ်ထုတ်ကာ စိစစ်ပါက ယခုအခါ တနိုင်ငံလုံးတွင် အသင်းဝင်အင်အား (၁၀) သန်းခန့် ဆက်လက်ရှိနေသေးပြီး ယင်းကို ဆက်လက်စိစစ်ကာ ပါတီဝင်အဖြစ်ပြုလုပ်ထားကြောင်း ရန်ကုန်တိုင်း ကြံ့ဖံွ့ပါတီဝင်တဦးက ပြောသည်။

ကြံ့ဖွံ့ပါတီသည် ဧပြီ (၂၉) ရက်တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် (၂၆) ဦး ပါဝင်သော အစိုးရ၀န်ကြီးများ၊ အရာရှိကြီးများက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ရာ ပြီးခဲ့သည့် ဇွန် (၈) ရက်တွင် ပါတီမှတ်ပုံတင်ခွင့် ကျထားပြီးဖြစ်သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

DKBA တပ်မဟာ (၅) မှူး ဗိုလ်မှူးကြီး စောလားပွဲ (ဗိုလ်နှုတ်ခမ်းမွေး) သို့ မန်း ရောဘတ် ဘဇန်၏ ပေးစာ

စောလားပွဲ (ခ) နှုတ်ခမ်းမွှေးနှင့် ဗိုလ်မှူး ရောဘတ်ဇံ

ညီလေး စောလားပွဲ ...

အစ်ကိုကြီး စာရေးလိုက်တယ်။ စာရေးဖို့ လိုအပ်လာပြီဖြစ်လို့ ရေးလိုက်ရခြင်းဖြစ်တယ်။ ရေဒီယိုသတင်း (E-mail) သတင်းတွေအရ ညီလေးဟာ နအဖ ဗမာဖက်ဆစ်တွေရဲ့ (နယ်ခြားစောင့်) တပ်ဖွဲ့စည်းရေးကို ခါးခါး သီးသီး ဆန့်ကျင်လိုက်တယ်လို့ သိရလို့ ညီလေးရဲ့ ရပ်တည်မှုဟာ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာ ဖြစ်တယ်လို့ အစ်ကိုကြီး ယူဆတယ်။ ဒီလုပ်ရပ်ဟာ ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ “ကရင့်လက်နက် က ရင့်လက်ထဲမှာ ရှိရမယ်” ဆိုတဲ့ တလောကလုံးဆိုင်ရာ အမှန်တရားကို ဆုပ်ကိုင်ထားလိုက်တာဖြစ်တယ်။ က ရင်တွေရဲ့ သူရဲကောင်းစိတ်ဓာတ်ကို ဖော်ပြလိုက်တာဖြစ်တယ်။ ကရင်ဟာ အနိုင်ကျင့်၊ ဗိုလ်ကျ၊ မတရားမှု တွေကို ဘယ်တော့မှ လက်မမြောက်၊ ဒူးမထောက်၊ အနိုင်မခံ၊ အရှုံးမပေးဘူး၊ ဘယ်တော့မှ လက်နက်မချဘူး ... ဆိုတဲ့ သူရဲကောင်းဝါဒကို ဖော်ပြလိုက်တာဖြစ်တယ်။

၂၀၀၈ ခုနှစ်တုန်းက အစ်ကိုကြီး ညီလေးနဲ့ တွေ့တယ်။ တွေ့ကြစဉ် ညီလေး ပြောကြားချက်တွေ အစ်ကိုကြီးနား ထဲမှာ ခုထိကြားနေသေးတယ်။ “ကျနော်ကတော့ အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ (မူ)လေးချက် ကို အမြဲဆုပ်ကိုင်ထားတယ်” တဲ့။ ဒီခံယူချက်ဟာ ခုလည်း မှန်တယ်၊ နောင်နှစ်ပေါင်းရာထောင်ချီပြီး မှန်နေဦး မယ်။ ဘာကြောင့်လဲဆိုတော့ “ဒို့ကရင့်လူ့အဖွဲ့အစည်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မရှိရင် ကရင် မရှိနိုင်သလို ... ကရင် မရှိရင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် မရှိနိုင်ဘူး” ...။

ဒို့ညီအစ်ကို တွေ့ကြတုန်းက အစ်ကိုကြီး ညီလေးကို ပြောခဲ့တာရှိတယ်။ ဒီရန်သူဟာ ၁၉၄၉ ခုနှစ်ကတည်းက ဒို့ကရင်တွေကို မျိုးဖြုတ်သတ်ဖြတ်ခဲ့တဲ့ ကရင့်အမျိုးသားရန်သူ ဗိုလ်နေ၀င်း ဗမာ့တပ်မတော်ရဲ့ မျိုးဆက်သစ် တွေပဲ။ သူတို့ရဲ့စိတ်နေသဘောထား (Mentality) နဲ့ (Objective) တွေဖြစ်တဲ့ “ကရင်ကို အစိတ်သားကောင် တောင် မထားရေး၊ ကရင်ကို ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းပစ်ရေး” ဆိုတာတွေဟာ ဗိုလ်နေ၀င်းက ဒီနေ့ န အဖ ဗမာဖက်ဆစ်တွေအထိ အတူတူပဲ။ ပြောင်းလဲမှုမရှိဘူး။

မူးဆိုးကော်ကစာ စောဟန်တာသာမွေး ဦးဆောင်တဲ့ ကရင့်တော်လှန်ရေးကောင်စီ (KRC) ကို “မစားရ ၀ခ မန်း” ကတိအမျိုးမျိုးပေး၊ လိမ်ညာလှည့်ဖြားပြီး သူတို့ဘောင်ထဲ ရောက်အောင်လုပ်တယ်။ သူတို့ဘောင်ထဲ ရောက်ပြီဆိုတာနဲ့ ပေးထားတဲ့ အခွင့်အရေးတချို့ ပြန်ရုပ်သိမ်းတယ်။ နောက်ဆုံး ဗိုလ်မှူးချုပ် လင်းထင်ကို (သထုံမြို့) မှာ ပစ်သတ်လိုက်တယ်။ မူးဆိုးကော်ကစာနဲ့ ကရင့်တော်လှန်ရေးကောင်စီအဖွဲ့ဝင်အားလုံး ဘ၀ ပျက်ကုန်တယ်။ တိုက်စွမ်းရည်ပြည့်ဝတဲ့ ကရင်တပ်မှူး ဗိုလ်မှူးချုပ်လင်းထင် ဆုံးရှုံးခံလိုက်ရတယ်။

တပ်မဟာ (ရ) မှူးဟောင်း ဗိုလ်မှူးချုပ် ထင်မောင်ရဲ့ အခြေအနေကိုလဲ ကြည့်စေချင်တယ်။ စောစောက ပေး ထားတဲ့ ကတိတွေအတိုင်း လုပ်ကြရဲ့လား။ သူတို့ဘောင်ထဲရောက်ပြီး ချည်ပြီးတုတ်ပြီးတာနဲ့ အပြောအဆိုနဲ့ ဆက်ဆံရေးတွေ ပြောင်းလဲလာတယ်မဟုတ်လား။

အစ်ကိုကြီး ညီလေးကို ပြောဖူးတယ်။ ရှေးရှေးက ဗမာစစ်တပ်က ကျင့်သုံးခဲ့တဲ့ စစ်မဟာဗျူဟာ (၂၉) ချက်ထဲ က တချက်ဖြစ်တဲ့ “ဥပါယဗျူဟာ” အတိုင်း ကျင့်သုံးနေတာဖြစ်တယ်။ “ဥပါယဗျူဟာ” ဆိုတာ “ဥပါယ်လေးပါး” “စဉ်းလဲခြင်းသုံးပါး” “ပျက်ရာခြောက်ပါး” ထဲကအတိုင်း ဒို့လူမျိုးစုံတော်လှန်ရေးအင်အားစုတွေကို ဖြိုခွဲတိုက် ခိုက်နေတာဖြစ်တယ်။ “လိမ်စရာရှိတာလိမ်၊ ပေးစရာရှိတဲ့ နှုတ်ကတိတွေပေး၊ ညာစရာရှိတာတွေညာ၊ နောင်ခါ လာ နောင်ခါဈေး၊ ခိုင်းစားလို့ရနိုင်မယ့်ကောင်ကို ကျွေးစရာရှိတာကျွေး၊ ပေးစရာရှိတာပေး၊” “ဒီလိုလိမ်တာ ညာတာတွေဟာ စစ်နိုင်ဖို့ဖြစ်တဲ့အတွက် တရားတယ်၊ စစ်နိုင်တဲ့ လူမျိုးဟာ ယဉ်ကျေးတယ်” လို့ ဒီနအဖ ဗမာ ဖက်ဆစ်တွေ ခံယူထားကြတယ်။

မှတ်ချက် ။ ။ မဟာဗျူဟာ (၂၉) ချက်။ စန်းသမိန် ရေးတဲ့ “မြန်မာ့သွေး၊ မြန်မာဓား၊ မြန်မာ့စစ်ပညာ” စာအုပ်မှ။

ညီလေးရေ ...

နအဖ ဗမာဖက်ဆစ်တွေရဲ့ (နယ်ခြားစောင့်တပ်) (BGF - Border Guard Force) ဆိုတာ အားလုံးသိကြပြီး ဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်နက်တွေကို (ဖြုတ်)တဲ့ နည်းဗျူဟာပဲ။ လက်နက်ဖြုတ်ရုံမက လုပ်ပိုင် ခွင့်တွေပါ ရုပ်သိမ်းလိုက်တာဖြစ်တယ်။ အပစ်ရပ်အဖွဲ့တွေရဲ့ (BGF) တပ်ရင်းမှူးကိုတော့ (ဗိုလ်မှူး)၊ သူတို့တပ် ရင်းကိုတော့(ဒု-ဗိုလ်မှူးကြီး)၊ တပ်ရေးနဲ့ တပ်ထောက်ဌာနအားလုံး နအဖ ဖက်ဆစ်တပ်က လူတွေ၊ (IO - Intelligent Officer) ကအစ (စစ်ခွေး)တွေပဲ နေရာယူမယ်ဆိုတော့ အပစ်ရပ်အဖွဲ့တွေ ဘာလုပ်နိုင်ဦးမှာလဲ။ ဒီလိုအခြေအနေမှာ (BGF) လုပ်မယ်ဆိုတဲ့သူတွေဟာ မိမိကရင်လူမျိုးကို ချစ်ပါတယ်၊ အမျိုးသားအတွက် လုပ်မယ်ဆိုတာ စိတ်ကူးယဉ်တာပဲ၊ လိမ်တာ၊ ညာတာပဲဖြစ်တယ်။ မလုပ်နိုင်တော့ပါဘူး၊ နအဖ ဖက်ဆစ်တွေ ခိုင်းတဲ့အတိုင်း(ကရင်အချင်းချင်း ပြန်သတ်ခိုင်းရင်) ခိုင်းတဲ့အတိုင်း ကရင်ကို သူတို့သတ်ကြရတော့မယ်။ က ရင်ရွာတွေကို သူတို့ မီးရှိုးကြရတော့မယ်။

ညီလေး ...

သူက ကိုယ့်ကို စမလုပ်ခင် ကိုယ်က လက်ဦးမှုယူထားဖို့ လိုတယ်နော်။ စစ်မှာ မတရားတာ၊ ကတိမတည်တာ မရှိဘူး။ နအဖ ဖက်ဆစ်တွေလောက် မပါးနပ်၊ မလျင်ဘူးဆိုရင် သူတို့နဲ့ မပေါင်းနဲ့၊ ကိုယ်ခံသွားရလိမ့်မယ်။ သူ တို့အထာတွေကို အူမကချေးခါးအထိ သိထားရမယ်။ ဒါကြောင့် လုပ်စရာရှိတာ ဆက်သာလုပ်ပေတော့။ (အ ရေးကြီးပြီး သွေးနီးကြပါစို့)။ တို့တတွေ တပ်ရင်း (၁၉) မှာတုန်းက တပ်ခွဲ (၅) က တပ်စုမှူး ဗိုလ်ဖားနွီးတ ယောက် (BGF) မှာ တပ်မဟာမှူးဖြစ်နေတယ်ကြားတယ်။ သူ့ကိုလည်း ပြောဖြစ်ရင်ပြောလိုက်ပါ။ “နအဖ ဖက် ဆစ်တွေ ကရင်ကိုချစ်တာ ကရင်အချင်းချင်း မုန်းသလောက်ပဲရှိတယ်” လို့ ...။ နောက် “အရေးကြီးပြီ သွေးနီး ကြပါစို့” ...။

ညီလေး ...

တို့အမျိုးသားရန်သူတွေနဲ့ စတိုက်ပြီး သေနတ်ပေါက်တာနဲ့ ပြည်တွင်းပြည်ပ(နိုင်ငံတကာရောက်) ကရင်တမျိုး သားလုံးဟာ ညီလေးနဲ့ အတူရှိနေမယ်။ ညီလေးကို (ထောပနာ) ပြုကြမယ်။ (ခေါင်းဆောင်ကြီး စောဘဦးကြီး ရဲ့ သူရဲကောင်း) အဖြစ် “သူရဘွဲ့” ပေးကြမယ်။ အစ်ကိုကြီးနဲ့ နိုင်ငံတကာရောက် ကရင်လူငယ်တွေ ညီလေးကို ၀ိုင်းရံနေမယ်။

“အရေးကြီးပြီ သွေးနီးကြစို့”

သင်ရဲ့ဘက်ကဖြစ်တဲ့ အစ်ကိုကြီး ...
မန်းရောဘတ် ဘဇန်
ခေတ္တ၊ အမေရိကန်ပြည်ထောင်စု။
phone: 651-323-7495

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, July 29, 2010

တတ်နိုင်သမျှ

ဒီလကုန် လန်ဒန်မှာ လာရောက် ဖျော်ဖြေမဲ့ အငြိမ့် အဖွဲ.ပါ..... အချိန်နဲ.နေရာကိုလဲ ဖော်ပြထားပါတယ်...
သွားသင့် မသွားသင့် ကိုယ့်ဘာကိုယ် ချင့်ချိန်နိုင်ပါစေ... ဒီပွဲကို သွားမယ့်အစား နာရေးကူညီမှု.အသင်းကို လှုလိုက်တာကမှ ပိုအကျိုးရှိပါလိမ့်မယ်.......... ဒီပွဲကို မသွားခြင်းဖြင့် သင်တတ်နိုင်တဲ့ ဖက်က သင့်ရဲ့ တာဝန်ကို ကျေပွန်ပါစေ...
လေးစားလျှက်
စစ်အစိုးရ၀ါဒဖြန့်ဇာတ်ကားရိုက်သူများ၊ ပါဝင်သူများကို ဗီဇာပိတ်ရန်နှင့် သပိတ်မှောက်ကြရန်
ဝါရှင်တန်မက်ထရိုရောက် မြန်မာအသိုင်းအ၀န်းက တောင်းဆိုလိုက်ပြီ
မိုးမခအထောက်တော် ၀၀၂
ဇူလိုင် ၂၈၊ ၂၀၁၀

ယခုနှစ်အတွင်း လူပြောများသည့် စစ်အစိုးရ၀ါဒဖြန့် ရုပ်သံဇာတ်ကားတခုဖြစ်သော “အရုဏ်ဦးမှာဖူးသည့်ကြာ” တွင် ပါဝင်သူ၊ ထုတ်လုပ်သူ၊ သရုပ်ဆောင်သူများကို အမေရိကန်အစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်ရန် မြန်မာအသိုင်းအ၀န်းက တောင်းဆိုကြောင်း ရန်ကုန်ရှိ အမေရိကန်သံရုံး၊ ၀ါရှင်တန် နိုင်ငံခြားရေးရုံးနှင့် ၀ါရှင်တန်မြန်မာ့အရေးဌာန (Burma Desk) တို့ထံ လက်မှတ်ထိုး စာပို့လိုက်သည်ဟု သိရသည်။

စစ်အစိုးရ၏ လူအခွင့်ရေးချိုးဖောက်မှုများ၊ စစ်ရာဇ၀တ်မှုများကို ဖုံးကွယ်လိမ်ညာခြင်း၊ နိုင်ငံတကာမိသားစုများ အစဉ်တဆက်ထောက်ခံသည့် မြန်မာပြည်သူလူထု၏ မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုများ၊ တောင်းဆိုမှုများ၊ စွန့်လွှတ်အနစ်နာခံမှုများကို ကန့်ကွက် ရှုတ်ချရန် လုပ်ဆောင်ခြင်းတို့ကြောင့် မြန်မာပြည်သူလူထု အများစု၏ အကျိုးစီးပွားနှင့် အလိုဆန္ဒကို ဆန့်ကျင်သော အဆိုပါရုပ်ရှင်ရိုက်ကူးသူ၊ ပါဝင်သူ၊ သရုပ်ဆောင်သူများကို ဒဏ်ခတ်ရန်၊ ပိတ်ဆို့ရန်၊ ခရီးသွားလာခွင့်များကို ပိတ်ပင်ရန် တောင်းဆိုကြောင်း၊ နိုင်ငံတကာရှိ မြန်မာအသိုင်းအ၀န်းကလည်း အဆိုပါ ထိုသူများကို သပိတ်မှောက်ရန်၊ ကန့်ကွက်ကြရန် နှိုးဆော်တိုက်တွန်းကြောင်း ၎င်းဝါရှင်တန်မက်ထရို မြန်မာမိသားစုများက ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉ မှာ စစ်အစိုးရရဲ့ အလိုကျ မတရားစီရင်တဲ့ တရားသူကြီးကို ဥရောပသမဂ္ဂ ဒဏ်ခတ်ခဲ့တယ်။ (သတင်းကို ဒီမှာကြည့်ပါ - http://moemaka.com/index.php?option=com_content&task=view&id=4635&Itemid=1 )

စစ်အစိုးရ အလိုကျ ၀ါဒဖြန့်ချိသူတွေ၊ ဒီမိုကရေစီဘက်တော်သားတွေကို လက်နက်နဲ့ ဖိနှိပ်တာအပြင် အခြားကိရိယာတွေဖြစ်တဲ့ ငွေကြေးတွေ၊ အနုပညာတွေ၊ အသိပညာ၊ အတတ်ပညာတွေနဲ့ စစ်အစိုးရဖက်က ပင်းပြီး ဖိနှိပ်တိုက်ခိုက်သူတွေကိုလည်း စစ်အာဏာရှင်တွေနဲ့ တတန်းတည်း ထားပြီး ကျနော်တို့တတွေက ဆန့်ကျင်ရလိမ့်မယ်” ဟု ၀ါရှင်တန်မက်ထရိုက မြန်မာတဦးက ပြောသည်။

“မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ အင်န်အယ်ဒီက ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဘူးလို့ ပြောလိုက်ပြီးပြီ။ ဒါက စစ်အစိုးရဟာ မတရား အဓမ္မမှုတွေ လုပ်နေတာကို သက်သေပြလိုက်တာ။ ဒါ့အပြင် ပြည်သူ့ဂုဏ်ရည် (ဦး) ကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)ကလည်း နိုင်ငံရေးတွေ ၀င်မလုပ်ဘူးလို့ ဂျာနယ်တွေမှာ ထုတ်ပြောထားတယ်။ အနုပညာသည်တဦးဖြစ်တဲ့ (ဦး) စိုင်းခမ်းလိတ်မိသားစုဆိုရင် ဒီနေ့ပဲ ရှမ်းသံတော်ဆင့်က တဆင့် သတင်းကြားတယ်။ ကျန်းမာရေးမကောင်းလို့ ကြံ့ဖွတ်ရွေးကောက်ပွဲကို မ၀င်ပါရစေနဲ့ တဲ့။ လူထုစိန်ဝင်းက ဆိုရင် ဒီမိုကရေစီယိမ်းထဲ ၀င်မပါရစေနဲ့၊ နိုင်ငံရေးဆောင်းပါးတွေ ရေးတာမျိုးတွေကို ယာယီ ရပ်တန့်မယ်လို့ ထုတ်ပြောတယ် (http://moemaka.blogspot.com/2010/06/ludu-sein-win-stops-writing-politics.html) ။ ဒီလိုမျိုး တိုင်းပြည်ဂုဏ်ဆောင်တွေက ပြောဆိုနေတာကိုတောင် အဲသည်က ရုပ်ရှင်၊ ဗီဒီယို သမားတွေ၊ မင်းသား၊ မင်းသမီးတွေက တိုင်းပြည်မျက်နှာ၊ ပြည်သူမျက်နှာကို ကြည့်ပြီး အလိမ္မာသုံးပြီး မရှောင်ရှားနိုင်ကြဘူးလား၊ မငြင်းပယ်ဝံ့ကြဘူုးလား လို့ မေးချင်တယ်”

ဟု မေရီလန်းက မြန်မာ့ရုပ်ရှင်ဝါသနာရှင်တဦးက မိုးမခကို သဘောထားကို ပြောပြသည်။

ဝါရှင်တန် မက်ထရို မြန်မာအသိုင်းအ၀န်း၏ တောင်းဆိုသောစာတွင် ၎င်းတို့ ရှုတ်ချ၊ ဆန့်ကျင်သော စစ်အစိုးရအလိုတော်ရိ အနုပညာသည်များ၊ မင်းသား၊ မင်းသမီးများ၊ ရုပ်ရှင်ဗီဒီယိုသမားများ စာရင်းကိုပါ အတိအကျ ထည့်သွင်းထားသည်ကို တွေ့ရသည်။

၎င်းတို့ ထုတ်ပြန်သော စစ်အာဏာရှင်အလိုတော်ရိ အနုပညာသည်များ စာရင်းမှာ -

ဒါရိုက်တာ တင်သန်းဦး၊

သရုပ်ဆောင်များ - လွင်မိုး၊ ကျော်ရဲအောင်၊ ဝေလုကျော်၊ လူမင်း၊ အောင်ခိုင်၊ ခန့်စည်သူ၊ ပြေတီဦး၊ နေတိုး၊ ရဝေအောင်၊ ဖြိုးငွေစိုး၊ ကျော်ဇေယျ၊ အောင်ဇော်၊ နန္ဒ၊ မင်းရာဇာ၊ ဖုန်းရှိန်၊ မိုးယံဇွန်၊ ကောင်းခန့်၊ ထွန်းထွန်းဝင်း၊ ဇော်ဦး၊ အရိုင်း၊ ကုသိုလ်၊ ငှက်ပြောကြော်၊ အောင်ကျော်မင်း၊ ညီနိုင်၊ ထက်မိုး၊ ကျော်စစ်၊ စိန်သန်း၊ ဧရာ၊ သတိုးစော၊ စိုင်းအောင်တင့်၊ အုန်းသီး၊ ဗေဒါ၊ စိုပြေ၊ မော်ကြီး၊ ကျော်မင်း၊ စပ်စု၊ ကျော်မင်း၊ ကိုကိုဦး၊ ကျားကြီး၊ ထက်အောင်၊ ကောင်းကျော်၊ ပျံလွှား …

သရုပ်ဆောင်အမျိုးသမီးများ - ဆွိ၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အိန္ဒာကျော်ဇင်၊ မြတ်ကေသီအောင်၊ ၀ါဝါအောင်၊ ဆုပန်ထွာ၊ ပုလဲဝင်း၊ သက်မွန်မြင့်၊ မိုးဟေကို၊ မယ်လိုဒီ၊ ၀ိုင်းစုခိုင်သိန်း၊ မိုးယုစံ၊ မေသက်ခိုင်၊ ရတနာမယ်၊ ပြည်ဖြိုးခိုင်၊ အေးမြတ်သူ၊ မေကဗျာ၊ ဆုမြတ်သိင်္ဂီ၊ မေဦးခိုင်၊ ခင်မို့မို့အေး၊ ဂွမ်းပုံကြီး၊ ဂွမ်းပုံလေး၊ သဇင်ထွန်း၊ အိတုံ၊ မေလဲ့ …

စီစဉ်သူများ - တက္ကသိုလ် မြတ်သူ၊ ဦးဝင်းတင်၊ ဦးကိုကိုလှိုင်

ထုတ်လုပ်သူ - အေးလွင်

ဇာတ်ညွှန်း - လှိုင်းအောင်

လက်ထောက်ဒါရိုက်တာ - ဘုန်းဝေ၊ အောင်ကျော်မင်း၊ ဇင်မင်း

တို့ဖြစ်သည်ဟု ရေးသားထားသည်။

ထိုဇာတ်ကားဖြစ်မြောက်ရေးအတွက် ငွေကြေးထောက်ခံကြသူ အဖွဲ့အစည်းများစာရင်းကိုပါ ပူးတွဲဖော်ပြထားရာ၊ ထိုအဖွဲ့အစည်းများ၏ တာဝန်ခံများကိုပါ အရေးယူ ပိတ်ဆို့ရန် တောင်းဆိုသည် သဘောဖြစ်သည်ဟု ဆိုနိုင်သည်။

၎င်းတို့မှာ - ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့တပ်မတော် ကြည်း၊

နေပြည်တော် စစ်ဌာနချုပ်၊ ရန်ကုန်စစ်ဌာနချုပ်၊

ဗဟိုစစ်ဦးစီးရုံး၊ အနောက်တောင်ပိုင်း စစ်ဌာနချုပ်၊

မြန်မာကာကွယ်ရေး စက်မှုလုပ်ငန်း၊ မြန်မာ့ဦးပိုင်၊

နအဖအဖွဲ့ (ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ)၊ ၀န်ကြီးဌာနများ (ဆည်မြောင်း၊ လယ်ယာစိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ပြည်ထဲရေး၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ သစ်တော)၊

စည်ပင်သာယာရေးဌာနများ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)၊ ခြေမြန်တပ်ရင်း အမှတ် ၉၅၊

ဟိုတယ်ယူနီဗာစ်၊ ဟိုတယ်မန္တလေး၊

ဂရိတ်ဝေါဟိုတယ်၊ ဆီးလဗားဗျူးဟိုတယ်၊

ဘေးအော့် ဘန်းဂေါ ဟိုတယ်၊ Sunny Paradise Emerald Sea Resort,

ယုဇနဟိုတယ်၊ Ambo ဟိုတယ်၊

မြန်မာ့ရုပ်ရှင်အစည်းအရုံး၊ မြန်မာ့ဂီတအစည်းအရုံး၊

စာရေးဆရာ ဆူးငှက်၊ ရီမြင့် ရုပ်ရှင်ထုတ်လုပ်ရေး၊

Three Golden Umbrellas Jwel Store (မန္တလေး) နဲ့ န၀ရတ်ရွှေဇင် ရုပ်ရှင်ထုတ်လုပ်ရေး

တို့ဖြစ်သည်။

အဆိုပါ ရုပ်ရှင်ကို ပြည်ပရောက် မြန်မာတို့ အားပေးနိုင်ရန်အတွက် ဘားမိ့ကလပ်စစ် (အင်တာနက်ဝက်ဆိုက်တခု) က မေတ္တာဖြင့် တင်ဆက်ထားသည်ကို တွေ့ရသည်။

ပြည်ပရောက် မြန်မာအသိုင်းအ၀န်းများကလည်း ၎င်းတို့ ချစ်ခင်အားပေးသည့် မြန်မာအနုပညာသည်များကို မေတ္တာရပ်ခံ တိုက်တွန်းပေးကြစေလိုကြောင်း၊ ပရိသတ်က ချစ်ခင်အားပေးမှုမှာ အနုပညာရှင်တို့၏ ပါရမီနှင့် စေတနာတို့ကြောင့်ဖြစ်ကြောင်း၊ စစ်အစိုးရ၏ အာဏာစက်များ၊ လက်နက်များ၊ တံစိုးလက်ဆောင်ကြီးများကို ခံယူသော အနုပညာသမားများထက် ပြည်သူချစ်သော အနုပညာသည်များအဖြစ် ရဲရဲရင့်ရင့် ခံယူစေလိုကြောင်း၊ အခက်အခဲများ ခြိမ်းခြောက်မှုများကို ထုတ်ဖော်ပြောဆိုခြင်း၊ လူထုကို အသိပေးခြင်းဖြင့် ပြည်သူ၏ ၀ိုင်းဝန်းရပ်တည်မှုကို ပိုမိုရရှိမည် ဖြစ်ကြောင်း ၀ါရှင်တန် မက်ထရို မြန်မာမိတ်ဆွေတဦးက တိုက်တွန်းလိုက်သည်။

ယခင်က စစ်အစိုးရပေါ်လစီဇာတ်ကားများ ရှိခဲ့ပြီး ထိုဇာတ်ကားများတွင် ရိုက်ကူးကြသည့် ပညာသည်များမှာ ရေရှည်အောင်မြင်မှုများ ရကြသည်ကို မတွေ့ရပေ။ ပရိသတ်က သောင်းသောင်းဖျဖျ အားပေးသည့် ပညာသည်များအဖြစ်က ကျဆင်းပြီး သာမန်ရိုးကျ လူသိများသော ပညာသည်အဖြစ်သာ ဆက်လက်ရပ်တည်နေကြသည်ကို တွေ့ရသည်။ ထိုပညာသည်များသည် လူသိများ ထင်ရှားသော်လည်း ပရိသတ်၏ “လေးစားကြည်ညိုမှု”ကို ရယူနိုင်သည့် စံနမူကို ၎င်းတို့ဆုံးရှုံးကြရသည်။

“အနုပညာတို့ ရုပ်ရည်တို့ စန်းတို့၊ အမူအရာတို့ ဘာတို့တော့ ကြိုက်ကြမှာပေါ့ဗျာ။ အပြင်မှာတော့ လူတွေက အထင်ကြီးတာ၊ လေးစားတာမျိုး မရှိပါဘူး။” ဟု ၎င်းက မှတ်ချက်ပေးသည်။


လိမ်ညာတဲ့ သမိုင်းဆရာတွေ၊ အနုပညာသမားတွေ

ကိုပိုက်ဆံအတု လုပ်သူတွေလိုပဲ အပြစ်ပေးရင်ကောင်းမယ်။


ပြည်သူကျွေးသောထမင်းကိုစားပြီး ပြည်သူတွေကို အသိမှားအမြင်မှားတွေဖြစ်အောင်ဖန်တီးပြီးကျေးဇူးဆပ်နေကြတဲ့ မြန်မာရုပ်ရှင် အနုပညာသည်များ


မြန်မာ့ ရုပ်ရှင်အစည်းအရုံးနှင့် မြန်မာ့ အနုပညာရှင်များအား ကျနော် စူနာမီမှ စိတ်မကောင်းဖွယ်ရာ
ဝမ်းနည်းမှုလေး တစ်ခု မေတ္တာရပ်ခံတင်ပြချင်တာလေး ရှိပါတယ်။ အဲဒါက ဘာလည်းဆိုတော့ ............
" ဒါရိုက်တာ တင်သန်းဦး ရိုက်ကူးလိုက်တဲ့ နိုင်ငံရေး ဖြစ်ရပ်မှန် ဇာတ်လမ်း တဲ့ "
အဲဒါတွေဟာ တစ်ကယ်ဖြစ်ရပ်မှန်တွေလား၊ ခင်များတို့ နောင်လာ နောက်သား မျိုးဆက်သစ်တွေကို ဒီလိုပဲ
လိမ်လည် လှည့်ဖြားမှုတွေကို အယုံသွင်းလိုက်ကြပြီလား၊ ခင်များတို့ တွေကို ပြည်သူက အားပေးချီးမြောက်မှု
တွေ နဲ့ ပြည်သူကြွေးတဲ့ ထ္မင်းဟာ လည်ပင်းထဲမှာပဲရှိနေသေးပါတယ်၊ ၀မ်းဗိုက်ထဲကိုတောင် အားလုံးရောက်မှာ
မဟုတ်သေးပါဘူး။ " ကွက်ကျော်၊ ကော်ကြွက် " ဆိုတဲ့ ဇာတ်ကားထဲက လွင်မိုး ပြောသွားတဲ့ စကားလေးကို ပြန်
ပြောပြရရင် "ခြေမနဲ့  ကော်ထုတ်ရင်တောင် လည်ချောင်းထဲက ထ္မင်းတွေ အတောင့်လိုက် ပြန်ထွက်လာဦးမယ် "
အဲဒါ ပြည်သူတွေကြွေးထားတဲ့ ထ္မင်းတွေလေ၊ ခန့် စည်သူ နဲ့  ခိုင်သင်းကြည် တို့ ရေ ခင်းများတို့ ကို အပြစ်တော့
မတင်ပါဘူး၊ ဒါပေမယ့် ကမ္ဘာကြီးက လည်နေတာ၊ ရပ်နေတာ မဟုတ်ဘူးနော်၊ နောင်လာ နောက်သားတွေ လူညွန့် 
တုန်း မျက်စိတွေ နားတွေကို ဘယ်လိုစိတ်ကူးတွေ နဲ့များ လှည့်ဖြားချင်ကြရတာလည်း၊ ခင်များတို့  အနုပညာရှင်
အားလုံး " ကိုကျော်သူ၊ ကိုဇာဂနာ နဲ့  ကိုဂေါ်ဇီလာ " တို့ ကိုလည်း နည်းနည်းလောက် အားနာကြပါဦးလားဗျာ........
နောက်ပြီး ကျော်ရဲအောင် နဲ့ ဝေဠုကျော် ရေ ... ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဓာတ်ပုံလေးတော့် အားနာပါဦးဗျာ၊
မြန်မာနိုင်ငံကြီး အခုလိုနေနိုင်အောင် ကျနော်တို့ ရဲ့ ဖခင်ကြီး အသက်စွန့် ပြီး ကြိုးပမ်းပေးသွားခဲ့တာပါ။ ခင်များတို့ 
သရုပ်ဆောင် ပီပြင်ဖို့ အတွက် ဗိုလ်ချုပ်ရဲ့ ဓာတ်ပုံရှေ့ မှာတော့ အဲလောက်ကြီး တရိစ္ဆာန်တွေလို ရှူးရှူးဒိုင်းဒိုင်း သရုပ်
မဆောင်သင့်ပါဘူး၊ နောက်ပြီး ခိုင်သင်းကြည့် နဲ့  ခန့် စည်သူရေ၊ တိုင်တပါးက လူတွေက နိုင်ငံရေး တိရိစ္ဆာန်လို့ 
ဘာသာပြန်တာကို မကြားဖူးပါဘူး။ နိုင်ငံရေး သတ္တ၀ါ လို့ ပဲ ဘာသာပြန်ကြတာပါ။ သူတို့ ခေတ်ရောက်ခါကြမှ
တိရိစ္ဆာန်လို အတွေးအခေါ်တွေ နဲ့  " နိုင်ငံရေးတိရိစ္ဆာန်လို့  ဘာသာပြန်ချလိုက်ကြတော့တယ် "၊ ကိုအရိုင်း ရေ...
ခင်များရိုက်ခဲ့ ကခဲ့ဖူးတဲ့ ၁၉၉၀-ခု နှစ်ဝန်းကျင်တုန်းက " သူတောင်စားညီလာခံ " လို့ အမည်ရတဲ့ ပြဇာတ်လေးကို
မေ့သွားတာလား၊ သတိမရတော့တာလား၊ နိုင်ငံရေး သစ္စာဖေါက်ကြီး လုပ်လိုက်တာလား၊ ခေတ်မကောင်းလို့ 
ရူးချင်ယောင်ဆောင်သွားတာလား၊ ဒီဇာတ်ကားကို ကျနော် သေသေချာချာ ပြန်ကြည့်လိုက်ပါရစေဦး ဗျာ.......
အခုတော့ သေသေချာချာ မကြည့်ရသေးလို့  ဒီလောက်ပဲ ဖေါ်ပြနိုင်သေးတယ်။


ဦးတင်သန်းဦး ခင်ဗျာ .......
ဦးလေး ပိုက်ဆံလည်း မကုန်ဘူး၊ စိတ်လည်း မရှုပ်ရဘူး၊ ပင်လည်း မပင်ပန်းပါဘူး၊ ဦးလေး ရိုက်တဲ့
ဇာတ်ကားက ဖြစ်ရပ်မှန်လား၊ ဒီဇာတ်ကားက ဖြစ်ရပ်မှန်လားဆိုတာ မြန်မာ ပြည်သူတွေသိအောင် ဖြန့် ဝေပေးပါ
လား၊ အင်တာနက်ကနေ Download လုပ်ပြီး ကူးလိုက်ရင် လွယ်လွယ်လေးပါ ဦးလေးရာ၊ အမှန်တရားကို တစ်ကယ်
မြတ်နိုးတယ်၊ အမှန်တရားဘက်က ရပ်တည်တယ်ဆိုရင် ဒီဇာတ်ကားကို ဒါရိုက်တာနေရာမှာ တင်သန်းဦး လို့ တပ်
လိုက်လေ၊ ဦးလေးလည်း နာမည်ကြီး ဒါရိုက်တာကြီး ဖြစ်သွားတာပေါ့။ ပေါ့ပေါ့တန်တန်တော့ မဟုတ်ဘူး နော် ၊
အော်စကာဆု ၄၀-ကျော်ရပြီးသွားပြီ။ နိုင်ငံရေးဖြစ်ရပ်မှန်ပဲလေ၊ ဦးတင်သန်းဦး လိုတော့ ဖန်တီးပြီး လုပ်ဇာတ်
ခင်းထားတာမဟုတ်ဘူးနော်၊ တစ်ကယ့်ဖြစ်ရပ်မှန်တွေပါ........

ကဲ .. Link - လေးတွေပေးလိုက်ပါ့မယ်၊ အမှန်တရားကို မြတ်နိုးတဲ့သူတိုင်း ဆက်လက်ဖြန်ဝေပေးပါ...

ဇာတ်ကားရဲ့ နာမည်က ... " Burma VJ "
http://www.mediafire.com/?4xnnmmmyezm
http://www.mediafire.com/?2qqmnquzddx
http://www.mediafire.com/?jmjglymmjmu
http://www.mediafire.com/?ujjtc2u31nz
http://www.mediafire.com/?z1dhehzg1ki
http://www.mediafire.com/?ynajicgyjjm
http://www.mediafire.com/?mvq2hmjt5nc
http://www.mediafire.com/?0kwnmqztzhe
http://www.mediafire.com/?rzkygq1zrwm

ကျနော့်ရဲ့ အွန်လိုင်းမိတ်ဆွေများအားလုံး အမှန်တရားဘက်မှ ရပ်တည်နိုင်ကြပါစေ...





ဝါဒဖြန့် ရုပ်ရှင် ဝေဖန်မှုများပြား
စိုင်းဇွမ်ဆိုင်း Saturday, July 10, 2010


နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အများအပြားပါဝင်ထားသည့် စစ်အစိုးရ၏ ဝါဒဖြန့် ရုပ်ရှင် ဇာတ်ကားသည် ကြည့်ရှုသူ များ၏ ဝေဖန်မှုကို ခံနေရကြောင်း သိရှိရသည်။
“အရုဏ်ဦးမှာ ဖူးသည့်ကြာ”ဟု အမည်ရသည့် ထိုဇာတ်ကားကို ဒုတိယ ဗိုလ်မှူးကြီးဟောင်း တဦးဖြစ်သော ဒါရိုက်တာ တင်သန်းဦး က ရေးသားရိုက်ကူးပြီး ကာကွယ်ရေးဝန်ကြီးဌာန အပြင် နေပြည်တော်တိုင်း၊ ရန်ကုန်တိုင်း၊ အလယ်ပိုင်းတိုင်း၊ အနောက်တောင်တိုင်း စသည့် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာများကပါ ဇာတ်ကားဖြစ်မြောက်ရေး အတွက် အဓိက ပံ့ပိုး ကူညီကြောင်း သိရသည်။


“အရုဏ်ဦးမှာ ဖူးသည့်ကြာ” ရုပ်ရှင်ကား ဇာတ်ဝင်ခန်းမှ ပြေတီဦး၏ သရုပ်ဆောင်ဟန်အဆိုပါ ဇာတ်ကားကို နဝရတ်ရွှေစင် ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလမှ စတင်ရိုက်ကူး ခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် ဂုဏ်ပြုဇာတ်လမ်းအဖြစ် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ခေတ်(၃)ခေတ်ကို အဆင့်ဆင့် ဦးတည်ပုံဖော် ရိုက်ကူးထားပြီး ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ငွေဆောင်၊ ချောင်းသာ၊ နေပြည်တော်မြို့များတွင် ရိုက်ကူးချိန် (၁)လခန့် ကြာမြင့်စွာ ရိုက်ကူးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ နာမည်ကြီး သရုပ်ဆောင်များ ဖြစ်ကြသော ကျော်ရဲအောင်၊ လွင်မိုး၊ လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ပြေတီဦး၊ အောင်ခိုင်၊ အရိုင်း၊ ငှက်ပျောကြော်၊ ကင်းကောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ မြတ် ကေသီအောင်၊ သက်မွန်မြင့်၊ မျိုးသန္တာထွန်း၊ မယ်လိုဒီ၊ ဆုကဗျာ၊ စိုးပြည့်သဇင်၊ မိုးဟေကို၊ မေသက်ခိုင်၊ ပုလဲဝင်း၊ ပွင့်နဒီ မောင်၊ ရတနာမိုင်၊ အေးမြတ်သူ အစရှိသည့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားသည်။
ယခု ဇာတ်ကားသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုများနှင့် နိုင်ငံရေးလုပ်ရှားမှုများကို တင်ပြထား သော်လည်း အတိတ်သမိုင်းအမှန်ကို ပြင်ဆင်ကာ ရိုက်ကူးထားခြင်းကြောင့် ဝေဖန်မှု ခံနေရခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ကျနော့်အမေ ဆိုရင် လုံးဝကိုမကြည့်တာ၊ လူငယ်တွေကတော့ စာမဖတ်တဲ့သူတွေ၊ လူကြီးတွေ လက်ဆင့် ကမ်းမပြော ဘူး တဲ့ သူတွေဆိုရင် တကယ်ဝါဒမှိုင်းပဲ”ဟု ဇာတ်ကားကြည့်ရှုပြီးသူ တဦးကပြောသည်။
ယင်းဇာတ်ကား၌ ဦးသန့်အရေးခင်းကို ဆူပူချင်သူများက အကြောင်းပြကာ ဆူပူကြသည် ဟူ၍လည်းကောင်း၊ ပြည်ပ အခြေစိုက် မီဒီယာများမှ ထုတ်ဝေသော စာအုပ်၊ စာတမ်းများကို တရားမဝင် စာအုပ်များဟုဆိုပြီး မီးရှို့ရန်သာ ထိုက်တန် ကြောင်း ပြောဆိုတင်ပြထားသည်။
ပြည်တွင်း အခြေစိုက် သတင်းထောက်တဦးက“ပြည်သူ့ဘ၀ မှန်ကိုထင်ဟပ်စေတဲ့စာအုပ်တွေ ထွက်မလာအောင် သူတို့က ကြောက်ကန်ကန်ထားတယ်လေ၊ ဒါတွေကိုလူသိမှာသိပ်ကြောက်တာ၊ တရားဝင်တယ် မဝင်ဘူးဆိုတာကိုတော့ လူထု လက်ခံမှု နှုန်းနဲ့ တွက်ကြည့်ရင် သိသာပါတယ်”ဟု ဆိုသည်။
သရုပ်ဆောင် ခိုင်သင်းကြည်က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တစ်ပါတီစနစ် ပြန်လည်ပေါ်ပေါက်လာမည်ကို စိုးရိမ် သောကြောင့် အများနည်းတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုသာ မဲပေးခဲ့ရကြောင်း၊ ကိုယ်ပိုင်ဆန္ဒဖြင့် မဲထည့် ခြင်းမျိုးမဟုတ်ဘဲ အများကိုမလွန်ဆန်နိုင်သဖြင့်သာ မဲပေးရသည့်ပုံစံဖြစ်စေရန် ယခုဇာတ်ကား၌ သရုပ်ဆောင်ထားသည်။
ခုံဖိနပ်စီး၍ ပင်နီအင်္ကျီဝတ်သူများကိုလည်း ပစ္စည်းမဲ့လူတန်းစား ဟူ၍လည်းကောင်း၊ ပြည်တွင်းမှ နိုင်ငံရေးသမားများသည် အာဏာရချင်လွန်းသဖြင့် မိမိတို့၏ နှမကိုပင် လာဘ်ထိုးကြောင်း စသည်တို့လည်း ယင်းဇာတ်ကားတွင် ပါရှိသည်။
ပြည်တွင်းမှ ဒါရိုက်တာ တဦးက“နိုင်ငံရေးကားတွေ ရိုက်တယ်ဆိုတာကတော့ ဝါဒအမျိုးမျိုး ရှိနိုင်တယ်၊ တခြားနိုင်ငံတွေမှာ လည်း ရိုက်နေကြတာပဲ၊ သမိုင်း ဆိုတာကတော့ သမိုင်းအမှန်ကိုပဲ ရိုက်ပြရမယ်၊ ဝါဒကြောင့် သမိုင်းကို ပြောင်းလိုက်တာ မျိုး ဖြစ်သွားရင်တော့ မကောင်းဘူးပေါ့ဗျာ”ဟု ပြောသည်။
၎င်းဇာတ်ကားတွင် သရုပ်ဆောင်များကို အာဏာပိုင်များက ညွှန်ကြားချက်ဖြင့် သရုပ်ဆောင်ခိုင်းသော အသက်ဝင်မှု မရှိ ကြောင်း၊ မြန်မာငွေ ကျပ် သိန်း ၈၀၀၀ ခန့် အကုန်ကျခံ ရိုက်ကူးထားသော်လည်း နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ စွာ ရှိနေသေးသည်ဟု ထင်မြင်ကြောင်း ဇာတ်ကားကြည့်ရှုပြီးသူကလည်း ဝေဖန် သည်။
“မင်းသား၊ မင်းသမီးတွေကို ကြည့်ရတာလည်း အသက်မပါတဲ့ပုံတွေနဲ့၊ သူတို့ စကားပြောတာတွေကလည်း ဘယ်သူက ဝင်ပြောပေးနေမှန်းမသိဘူး၊ ဇာတ်လမ်းကလည်း ရှည်တာပဲရှိတယ်၊ ဘာမှ အဓိပ္ပာယ်မရှိဘူး၊ ကျောင်းသားတွေ နိုင်ငံရေး သမားတွေကို နှိပ်ကွပ်ချင်တာလောက်ပဲ သိတယ်”ဟု ၎င်းက ပြောသည်။
တခြားသောပရိသတ်တဦးကလည်း“ဒီဇာတ်လမ်းကို နိုင်ငံရေး ဖြစ်ရပ်မှန် ဇာတ်လမ်းလို့ မပြောနိုင်ဘူးဗျ၊ အခုခေတ် လူငယ် တွေအနေနဲ့လည်း ဒီလိုဇာတ်လမ်းမျိုး မကြည့်သင့်ဘူး၊ ဒါတွေက ဝါဒဖြန့်ပြီး လူငယ်တွေရဲ့အသိကို ရောထွေးသွားအောင် လုပ်တာမျိုးပဲဗျ”ဟု ဆိုသည်။
ပါဝင်သရုပ်ဆောင်ရသူ တဦးကမူ“ကျနော်တို့ တလောကလုံးက ပါဝင်ပြီးရိုက်ကြတော့ ကျနော်လဲ ရိုက်ဖြစ်သွားတာပါ၊ ကျနော် သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက်ကို ဒါရိုက်တာကျေနပ်အောင် သရုပ်ဆောင်ပေးလိုက်တယ်၊ တခြား ဝါဒဖြန့် တာတို့ ဘာတို့တော့ ကျနော်လည်း မသိပါဘူး”ဟု ပြောသည်။
အဆိုပါ ဇာတ်ကားတွင် ပါဝင်ကြသည့် သရုပ်ဆောင်များနှင့် ဒါရိုက်တာ သည် မော်တော်ကား တင်သွင်းခွင့် ပါမစ်များ နှင့် အခြားအကျိုးခံစားခွင့်များပါ ရရှိကြသည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။ ထို့အပြင် ၎င်းဇာတ်လမ်းကို ပရိ သတ် များက စိတ်ဝင်စားမှုနည်းပါးကာ မကြည့်ရှုကြသဖြင့် ဗီဒီယို ခွေအငှားဆိုင်များကို မတင်မနေရစနစ်ဖြင့် တင်ခိုင်းထား ကြောင်း သိရှိရသည်။
ယင်းဇာတ်ကားကို ရေးသားရိုက်ကူးသူ ဒါရိုက်တာ တင်သန်းဦးသည် လုံးချင်း ဝတ္ထု စာအုပ်များရေးသား ထုတ်ဝေပြီး စစ်ကား များကို ရိုက်ကူးခဲ့ကာ ၁၉၈၈ မတိုင်မီ နှစ်များတွင် သူ၏စာအုပ်များသည် အရောင်းရဆုံး စာရင်း ဝင်ခဲ့သည်။
သို့သော် ၁၉၈၈ အရေးခင်းတွင် စစ်တပ်မှ အကြမ်းဖက် ဖြိုခွဲခဲ့ပြီးနောက် စစ်တပ်နှင့် သက်ဆိုင်သည့် ဇာတ်လမ်းများကို ပရိသတ်များ စိတ်ဝင်စားမှုလျော့ပါးလာပြီး တင်သန်းဦး၏ စာအုပ်များ အရောင်းထိုင်းစာရင်းဝင်ခဲ့ကြောင်း စာနယ်ဇင်း အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုကြသည်။
“ အလင်းရောင် ” အမည်ရှိသည့် ဇာတ်ကားသည်လည်း ????? လှည့်စားခြင်းများ ဖြင့် ခြုံလွှမ်းထားသော ...
ယင်းဇာတ်ကားများသည် (န.အ.ဖ) တို့ ၏ လိုရာ စွဲ၍ ပြည်သူများ၏ မျက်စိများ နားများအား သွယ်ဝိုက်၍ ပိတ်လိုက်ခြင်း ဖြစ်သည်။ ၄င်း ဇာတ်ကားတို့ တွင် သရုပ်ဆောင်သွားကြသူများသည် ပြည်သူကြွေးသောထမင်းကိုစားပြီး ပြည်သူများ၏
ဘ၀ကို နစ်သထက် နစ်မွန်းအောင် မလုပ်သင့်ကြပေ။ မိမိတို့ ကိုယ်တိုင် အမှန်တစ်ကယ် မသိလျှင်ပင် အဖြစ်မှန်များကို
နားလည်းသူများ၊ ကိုယ်တွေ့ ကြုံခဲ့ရသူများနှင့် ဆွေးနွေးသင့်ပေသည်။ များသောအားဖြင့် နိုင်ငံတစ်နိုင်ငံတွင် နေထိုင်ကြ
သော ပြည်သူများသည် မိမိတို့ နှစ်သက်အားပေးနေကြသော သရုပ်ဆောင်များ၏ ၀တ်စား ဆင်ယင်မှု စရိုက်များကို တိုက်ရိုက်
(သို့ ) သွယ်ဝိုက်၍ လိုက်လံကျင့်ကြံ နေထိုင်တတ်ကြပေသည်။ ဥပမာ - ရာဇာနေ၀င်း များစွာ ပေါ်ပေါက်ခဲ့ခြင်းကိုပဲ သာဓကပြ
လိုက်ချင်ပါသည်။ ထို့ ကြောင့် ပြည်သူကြွေးသော ထမင်းကိုစားပြီး ပြည်သူတို့ ၏ ဘ၀များကို မနစ်မွန်းစေရန် အထူသတိပြု
သင့်ပေသည်။ အဖြစ်မှန်ကို သိလိုပါက အဝေးကြီးသို့  လျှောက်လှမ်းနေစရာ မလိုပါ။ ၂၀၀၇- သံဃာတော်များ၏ မေတ္တာပို့သံ
နှင့် သေနပ်သံများ ရောထွေးသွားရခြင်းကို ယနေ့ တိုင် မေ့နိုင်စရာ အကြောင်းမဟုတ်ပေ။ အမှန်တရားကို ရိုက်ကူးထားသော
Burma VJ ဇာတ်ကားအား ပြည်တွင်း၌ မည်သည့် အတွက်ကြောင့် ပိတ်ပင်ထားသနည်း။ ထိုဇာတ်ကားမှာ ဖန်တီးမှုများ မပါ။
သတင်းမှန်များ ကို ဗွီဒီယိုမှတ်တမ်းတင်ကာ ဇာတ်ကားအဖြစ် ပြန်လည် စုစည်းထားသော ဇာတ်ကားပင် ဖြစ်သည်။ မဖြစ်မနေ
သင်ခန်းစာအချို့ ပေးရမည်ဆိုလျှင် “ ခန့် စည်သူ၊ ခိုင်သင်းကြည် ” တို့ အား ပေးရပေတော့မည်။ ယင်းတို့ နှင့်အတူ သရုပ်
ဆောင်အချို့ သည် ထမင်းကြွေးသော လက်များအား ပြန်ကိုက်နေသူများတည်း ..........
နောင်အခါ၌ ဆက်လက် ဖေါ်ပြရေးသား သွားပါဦးမည်။
စူနာမီ လှိုင်းRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အရေးပေါ် ကြားဖြတ်သတင်း


Nay_PYae_Taw_news_2 -
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

၂၀၁၂ တွင် အင်တာနက် စနစ်များ ပြတ်တောက် မည်ဟု ဆို( အခုတောင် ပြတ်နေတာလေ''ဟု ရူပဗေဒ ဘွဲ့ရ ကျောင်းသား ကိုအောင်ဇော် ထွန်းက ပြောသည်။)

လာမည့် ၂၀၁၂ ခုနှစ် တွင် ကမ္ဘာ့ နိုင်ငံ တို့၏ အင်တာနက်ဆက် သွယ်ရေး စနစ်များ ပြတ်တောက် သွားမည် ဖြစ်ကြောင်း အမျိုးသား အာကာသ အုပ်ချုပ်ရေး အေဂျင်စီ နာဆာ၏ သတင်းထုတ်ပြန် ချက်ကို ကိုးကား၍ မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားပါသည်။ ဂြိုဟ်တု ဆက်သွယ်ရေး စနစ်များ၊ အင်တာနက်၊ အီးမေးလ်၊ တယ်လီဖုန်း နှင့် အီလက်ထရွန်နစ် ဆက်သွယ်ရေး စနစ်များ သည် ပြတ်တောက် သွားမည် ဖြစ်သည်ဟု ဒေါက်တာ ထွန်းလွင် က နာဆာကို ကိုးကား ပြောကြားခြင်း ဖြစ်သည်။

''လူတွေ ပြောတဲ့ အထဲမှာ ဟုတ်တာ မှန်တာ ရှိသလို သိပ္ပံက တွေ့ထား တာလဲ ရှိတယ်။ ဂလက်စီ (ကြယ် အစု အဝေး) ကို တစ်ကြိမ် ဖြတ်ဖို့ နေ အဖွဲ့ အစည်းဟာ နှစ် ပေါင်း ၆၄ သန်း ကြာတယ်။ ကမ္ဘာနဲ့ နေအဖွဲ့ အစည်းက အခု ဂလက်စီကို ဖြတ်မှာ။ အဲဒီ ၆၄ သန်းဟာ ၂၀၁၂ မှာ ပြည့်ပြီ'' ဟု ဒေါက်တာ ထွန်းလွင်က နာဆာ၏ တွေ့ရှိ ချက်ကို ထည့် သွင်း ပြောကြား ခဲ့သည်။ ဒေါက်တာ ထွန်းလွင် နှင့် နာဆာ တို့၏ တွေ့ရှိ ချက်များ အရ ဂလက်စီကို ကမ္ဘာ နှင့် နေအဖွဲ့ အစည်း ဖြတ်သန်း စဉ်တွင် ကမ္ဘာ့ မြေ၏ သံလိုက် စက်ကွင်း လမ်းကြောင်းများ ပြောင်းလဲမှု ဖြစ်ပေါ် စေပြီး အင်တာနက် နှင့် အီလက်ထရွန်နစ် ဆက်သွယ်မှု စနစ်များ ပြတ်တောက် သွားဖွယ် အခြေ အနေ ရှိနေသည်။

''မကြာသေး မီက အဲဒီ ၂၀၁၂ ရုပ်ရှင်ဟာ တစ် ကမ္ဘာ လုံးကို လှုပ်လှုပ် ရွရွ ဖြစ်စေ ခဲ့တယ်။ ကျွန်တော် ၂၀၁၂ ကို နေပြည် တော် ရုပ်ရှင်ရုံမှာ သွားကြည် ခဲ့တယ်။ ကြောက် လန့်စရာ အတိပါပဲ။ ဒါပေမဲ့ဗျာ ဒီ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် လို့တော့ ဘယ် ဘာသာတွေ ရဲ့ အထွတ် အမြတ် ကျမ်းတွေမှာမှ ရေးမထား ဘူး။ ဦးထွန်းလွင် ပြောသလို အင်တာနက် ဆက်သွယ်ရေး၊ ဖုန်းလိုင်း ဆက်သွယ်ရေး ပြတ်တောက် နိုင်တာ လက်ခံလို့ ရပါတယ်။ ဒါတွေက အခုတောင် ပြတ်နေတာလေ''ဟု ရူပဗေဒ ဘွဲ့ရ ကျောင်းသား ကိုအောင်ဇော် ထွန်းက ပြောသည်။

''ကျွန်တော့် အနေနဲ့ ၂၀၁၂ မှာ အင်တာနက် စနစ်များ ပြတ်တောက်မယ် ဆိုတာကို မယုံကြည်ဘူး။ ဒါပေမဲ့ နာဆာက ထုတ်ပြန်ချက် အပေါ် အလေး ထားဖို့ လိုလိမ့်မယ်'' ဟု မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။ မကြာသေးမီက နိုင်ငံတကာ သတင်း တစ်ခု၏ အဆို အရ ၂၀၁၂ အစော ပိုင်းတွင် ဟောင်ကောင် လေကြောင်းလိုင်း Cathay Pacific နှင့် Panasonic ကုမ္ပဏီ တို့ ပူးပေါင်း၍ ကုမ္ပဏီပိုင် လေယာဉ် များတွင် အင်တာနက်၊ မိုဘိုင်းလ်ဖုန်း နှင့် ရုပ်မြင်သံကြား တိုက်ရိုက် ထုတ်လွှင့် မှုများကို တပ်ဆင် ၀န်ဆောင်မှု ပေးရန် စီစဉ် သွားမည် ဖြစ်ကြောင်း ထုတ်ဖော် ကြေညာ ခဲ့ကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။


၂၈ . ၇ . ၂၀၁၀ Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

သိပ်နှမြောစရာကောင်းတဲ့ အမွေအနှစ်တွေ ဘယ်သူဖျက်?

၂ နှစ်အတွင်း ညောင်ရွှေဟော်နန်း သုံးမည်ရ
Wednesday, 28 July 2010 17:22 သျှမ်းသံတော်ဆင့်
၂၀၀၈ က ဗုဒ္ဓပြတိုက်အဖြစ်ပြောင်းလဲခံရလိုက်သည့် ညောင်ရွှေဟော်နန်းမှာ ယခုလအတွင်း တိုင်းရင်းသားရိုးရာပြတိုက် အဖြစ် ထပ်မံပြောင်းလဲအမည်တွင်မည်ဟု စုံစမ်းသိရှိရပါသည်။



“အခု ၂ နှစ် ၃ နှစ်အတွင်းညောင်ရွှေဟော်နန်း ၃ မည်ရသွားပြီ။ အခုလဲတိုင်းရင်းသားရိုးရာ ပြတိုက်ဆိုပြီးထပ်မံပြောင်းမယ် လို့ကြားရတယ်”- ဟု ညောင်ရွှေမြို့ခံတဦးက ပြောပါသည်။

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေဟော်နန်းအား ညောင်ရွှေဟော်နန်း သမိုင်းပြတိုက်၊ ဗုဒ္ဓပြတိုက် ယခုတကြိမ်တိုင်းရင်းသား ရိုးရာပြတိုက် ဟု အကြိမ်ကြိမ်အမည်ပြောင်းကာ သမိုင်းဖျောက်ဖျက် ရန် ဗိုလ်သန်းရွှေစစ်အုပ် စုကစီစဉ်နေသည်ဟု စော်ဘွားနွယ်ဝင်တစ်ဦးကပြော၏။

“နှစ်ပေါင်းရာချီရှိပြီဖြစ်တဲ့ဟော်နန်း နန်းသုံးပစ္စည်းတွေတော့ ဗိုလ်နေ၀င်းအာဏာသိမ်း ကတည်း က တဖြည်းဖြည်း ဗမာပြည်ကိုသယ်ယူသွားတာ၊ အခုဘာဆိုဘာမှမရှိတော့ဘူး၊ ဗုဒ္ဓပြတိုက်ဆိုတဲ့ နာမည်ပြောင်းတုန်းကလဲ ကျန်အသုံး အဆောင်တွေ နေပြည်တော်ကို ထပ်ယူသွားပြီ၊ ဒေသခံတွေ အမြတ်နိုးဆုံး အနှမြောဆုံးကတော့ ဘိုးစဉ်ဘောင်ဆက်က စ၀်ရွှေသိုက်ရဲ့ (မှန်စီရွှေချ ဓါးရိုးဓါးအိမ် ငါးတောင်ရှည်) ဓါး ”- ဟု ရှေးဟောင်းပစ္စည်း မြတ်နိုးတန်ဖိုးထားသူ နောက် ဒေသခံတဦးကပြောပါ သည်။

ပြတိုက်စောင့် ၀န်ထမ်း ၇ ယောက်ရှိကြောင်း၊ ဗမာလူမျိုး ၆ ယောက် က သျှမ်းရိုးရာဝတ်စုံဖြင့် စောင့်ကြောင်း၊ သျှမ်းအမျိုးသမီးတဦးလည်းပါဝင်ကြောင်း၊ ထိုဝန်ထမ်းများအားလုံး ကျိုင်းတုံသို့ ပြောင်းရွေ့ခံရမည်ဖြစ်ပြီး ၎င်းင်းတို့နေရာသို့ နေပြည်တော်မှ တိုက်ရိုက်လူလွတ်နေရချမည်ဖြစ် ကြောင်း - အဆိုပါပုဂ္ဂိုလ်က ဆက်၍ပြောပြပါသည်။

“အရင်တုန်းက ခေတ်အဆက်ဆက် စော်ဘွားပစ္စည်းတွေရှိတော့ ခရီးသွားတွေ စိတ်ဝင်စားတယ်။ ဗုဒ္ဓပြတိုက်လုပ်ပြီး နောက်ပိုင်း ဗုဒ္ဓဆင်းတုတော်တွေဘဲပြထားတော့ မထူးဆန်းဘူးလေ။ ခရီးသွား တွေလဲ အလည်မသွားချင်တော့ဘူး” - ဟု ဧည့်လမ်းည¸န်တဦးကလည်း ပြောပြပါသည်။

မူလသျှမ်းဘာသာအဓိပ္ပါယ် ယောင်ဟွေ့ (စပါးကျီ ချိုင့်ဝှမ်း)မှ ဆင်းသက်လာသည့် ညောင်ရွှေသည်သျှမ်းစော်ဘွားများ အုပ်ချုပ်သည့်ပြည်နယ်များအနက် ရှေးအကျဆုံးမြို့တမြို့ဖြစ်သည်။

ခရစ်နှစ် AD 1369 ကတည်းက တည်ထောင်ခဲ့သော ခေတ်အဆက်ဆက် မိရိုးဖလာ အဖိုးတန် ရှေးဟောင်းပစ္စည်းများထား ရှိရာ အဆိုပါယောင်ဟွေ့ဟော်နန်းကို မဆလခေတ်က သမိုင်းပြတိုက် အဖြစ် ဗမာအာဏာပိုင်များ ပြောင်းလဲခေါ်ဆိုခဲ့၏။

[ယောင်ဟွေ့(ညောင်ရွှေ)ဟော်နန်းက အဆောင်တခု (ဓါတ်ပုံ - S.H.A.N.)]
ယောင်ဟွေ့(ညောင်ရွှေ) ကို အုပ်စိုးခဲ့သော နောက်ဆုံးစော်ဘွားမှာ ပြည်ထောင်စုမြန်မာနိုင်ငံ တော်၏ ပထမဦးဆုံးသမ္မတ (၁၉၄၈-၁၉၅၂) သတိုးမဟာသရေစည်သူ စ၀်ရွှေသိုက်ဖြစ်၏။ ၎င်း၏ မဟာဒေ၀ီမှာသျှမ်း ပြည်တပ်မတော် SSA တည်ထောင်ခဲ့သူ စ၀်နန်းဟိန်းခမ်းဖြစ်သည်။

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံဟော်နန်းကိုလည်း ၁၉၉၁ က န၀တ ဗမာစစ်အုပ်စု ဖျက်ဆီးပြီး ကျိုင်းတုံဟော်တယ်ဖြင့် အစားထိုးတည်ဆောက်ထားသည်။ ကျိုင်းတုံဟော်နန်းကဲ့သို့ ကျန်အခြား စော်ဘွားများ၏ ဟော်နန်းအများအပြားကိုလည်း နည်းအမျိုးမျိုးဖြင့် စစ်အုပ်စုဖြချဖျောက်ဖျက် ပစ်ခဲ့သည်။

၁၉၆၂ ဗိုလ်နေ၀င်းအာဏာ မသိမ်းမီ အထိ ပြည်ထောင်စုသျှမ်းပြည် (Federated Shan State) စော် ဘွားနယ် ၃၄ ပြည်နယ်ရှိခဲ့သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဝေးဝေးကြည့်၊ နက်နက်တွေး

Written by လူထုစိန်ဝင်း
သတင်းစာအလုပ်ကို စွဲလမ်းမြတ်နိုးလွန်းတာကြောင့် တစ်သက်လုံး ဒီအလုပ်တစ်ခုတည်းကိုပဲ လုပ်ခဲ့ပါတယ်။ သတင်းစာမျိုးဆက် ကန်းသွားမှာစိုးတဲ့အတွက် သတင်းစာပညာနဲ့ပတ်သက်တဲ့ စာတွေလည်း အများကြီး ရေးခဲ့ပါတယ်။ ရေးတဲ့အခါမှာ လည်း ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာကို အထူး အလေးထား ရေးခဲ့ပါတယ်။

အနာပေါ်တုတ်ကျဖြစ်ရှာကြ ဈေးကွက်စီးပွားရေးနဲ့အတူ ပုဂ္ဂလိကဂျာနယ်တွေ ပေါ်ထွန်းလာတဲ့ အခါ၊ ကံစမ်းမဲကိစ္စ၊ လက်ဆောင်ကိစ္စ ဆိုတာမျိုးတွေကြောင့် ဂျာနယ်သမားတွေ နာမည်ပျက်စရာတွေ အများကြီးဖြစ်လာခဲ့ကြတယ်။ ကြော်ငြာကို သတင်းယောင်ဆောင် ရေးသား ထည့်သွင်းတာမျိုးတွေလည်း တွေ့လာရတယ်။ လက်ဆောင်ကြောင့် ဂျာနယ်သမားချင်း ရန်ဖြစ်ရတာတို့၊ ဖိတ်စာဖျောက်တာတို့ဆိုတဲ့ မဖွယ်မရာတွေလည်း မပြတ်ကြားလာရတယ်။ အဲဒါကြောင့် လက်ဆောင်ကို လက် ရှောင်ဖို့ စာတွေအများကြီး ရေးခဲ့တယ်။ စာအုပ်လက်ဆောင်ယူပြီး ကောင်းတယ်ညွှန်းတာမလုပ်ဖို့၊ သံရုံးကလွှတ်လို့ သူတို့နိုင်ငံ အလည်သွားရပြီး၊ ပြန်လာတော့ အားလုံးကောင်း၊ လွှတ်ကောင်း၊ ဆွေမျိုးသာမက နိုင်ငံပါမေ့သွားအောင်ကောင်းဆိုတဲ့ ကျေးဇူးဆပ်စာမျိုးတွေ မရေးဖို့ဆိုတာမျိုးတွေလည်း ထပ်ခါတလဲလဲ ရေးခဲ့တယ်။ ရေးလွန်းအားကြီးလို့ တချို့ခေတ်ပေါ်ဂျာနယ်တွေက ကွယ်ရာကနေ အောက်ကလိအာပြောကြတာတွေ တောင်ခံရတယ်။ အနာပေါ်တုတ်ကျ ဖြစ်ရှာကြတာကိုး။

လူငယ်တစ်ယောက်ကဆုံးမ
သူများကိုဆုံးမလွန်းလို့ ၀ဋ်လည်တာထင်ပါရဲ့။ အသက် ၇၀ ကျမှ လူငယ်တစ်ယောက်က ဆုံးမတာ ခံလိုက်ရတယ်။ အင်တာနက်ထဲက ဆုံးမတာဖြစ်လို့ လူငယ်လို့ ပြောလိုက်တာပါ။ ဘယ်သူဘယ်ဝါ မသိပါဘူး။ အင်တာနက်ထဲမှာ ရေးမဆုံး နိုင်ဖြစ်နေကြတဲ့ 'လက်ရောက်ကျူးလွန်မှု' တစ်ခုနဲ့ပတ်သက်ပြီး ဂျာနယ်သမားတွေက ထင်မြင်ချက်လာတောင်းတဲ့အတွက် ထင်မြင်ချက်ကို ပြောလိုက်ပါတယ်။ ဘာအကြောင်းဘာကိစ္စမျိုးနဲ့မှ လူတစ်ဦးတစ်ယောက်ကို ကိုယ် ထိလက်ရောက် ရိုက်နှက်ထိုးကြိတ်တာမျိုး လုပ်ခွင့်မရှိတဲ့အကြောင်း၊ လုပ်ခဲ့ရင် ဥပဒေအရ အပြစ်ရှိတဲ့အကြောင်း ပြောလိုက်တာပါ။ အဲဒီလို ပြောလိုက်ပြီးတဲ့နောက် အင်တာနက်ကနေပြီး 'လူကြီးဖြစ်ပြီး ကိုယ်ဟာကိုယ်မနေဘဲ ဒီလိုကိစ္စမျိုးတွေထဲ ဘာလို့ဝင်ပါနေရတာလဲ' ဆိုတဲ့ စာတက်လာတာကို ဖတ်လိုက်ရပါတယ်။
ဂါရ၀တရားတို့၊ မင်္ဂလာတရားတို့ သိပ်အလေးထားတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ရှေးကမကြုံဖူး၊ မကြားဖူးတဲ့ ရုန့်ရင်းကြမ်းတမ်းမှုတွေ၊ ဟီရိသြတပ္ပ ကင်းမဲ့မှုတွေ၊ ရိုင်းပျစော်ကားမှုတွေ ဒီနေ့ နေရာစုံ၊ နယ်ပယ်စုံမှာ မတွေ့ချင်၊ မမြင်ချင်အဆုံး မြင်တွေ့နေရတယ်။ ဒါမျိုးတွေကို လျစ်လျူရှုထား လိုက်မယ်ဆိုရင် . . .

မျက်နှာလွှဲရမယ့် ကိစ္စမဟုတ်
ပေါ့ပ်နယ်ပယ်ကကိစ္စမို့ ဘာမှမဆိုင်ဘူး။ ၀င်ပါစရာမလိုဘူးလို့ ထင်မယ်ဆို ထင်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ကဒီကိစ္စကို ငါးစိမ်းတန်းက မိန်းမနှစ်ယောက်နပန်းလုံးတဲ့ ကိစ္စလို မျက်နှာလွှဲထားလိုက်ရမယ့် ကိစ္စမျိုးလို့ မယူဆပါဘူး။ စိတ်ဓာတ် ရေးရာ ဖောက်ပြန်ပျက်စီးမှုတွေ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ဖြစ်ပွားနေပြီလဲဆိုတာကို ထင်ဟပ်ဖော်ပြနေတဲ့ လက္ခဏာတစ်ရပ်လို့ ယူဆပါတယ်။

ဇာတ်မင်းသားငယ်ကိစ္စ
တစ်နေ့က သဘင်အစည်းအရုံးက တစ်ရှိန်ထိုးနာမည်ကြီးလာတဲ့ ဇာတ်မင်းသားငယ်တစ်ယောက်ကို နှစ်နှစ်ဇာတ်မကရလို့ ပြစ်ဒဏ်ချမှတ်ထားတာက သက်ညှာတဲ့အနေနဲ့ တစ်နှစ်လို့ လျော့ချပေးလိုက်တဲ့သတင်း ဂျာနယ်တွေမှာ ဖတ်လိုက်ရတယ်။ ဇာတ်မင်းသားငယ်က ၀န်ချတောင်းပန်တာကိုလည်း တွေ့ရတယ်။ ဖျော်ဖြေရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ သဘင်သည်တစ်ယောက်ကို နှစ်နှစ်ကြီးတောင် ဇာတ်မကရလို့ ပြစ်ဒဏ်ချမှတ်တာဟာ အတော်ပြင်းထန်ပါတယ်။ သာမန်အား ဖြင့် မလုပ်သင့်ပါဘူး။ ဘာကြောင့်များ ဒီလိုပြစ်ဒဏ်ခတ်ရတာလည်း ဆိုတာကို ပြန်လေ့လာလိုက်တော့ အောင်မြင်မှုမာန် သိပ်တက်နေတဲ့ မင်းသားငယ်က ဇာတ်စင်ပေါ်ကနေပြီး စင်အောက်က လှောင်ပြောင်တဲ့ ပရိသတ် ကို ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေ စော်ကားတဲ့ အပြုအမူတွေနဲ့ တုံ့ပြန်ပြုမူခဲ့တာကြောင့် ပွဲခင်းထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရတယ်။

သွေးနားထင်ရောက်လို့
သဘင်အစည်းအရုံးက ငယ်ရွယ်သူမင်းသားလေး သင်ခန်းစာယူနိုင်အောင် တစ်နှစ်ဇာတ်မကဖို့ ပိတ်လိုက်တယ်။ ဒါကို မင်းသားက မထီမဲ့မြင်ပြုပြီး နယ်ပွဲတွေမှာ ၀င်ရောက်ဖျော်ဖြေတာတွေ လုပ်တယ်။ သဘင်အ စည်းအရုံးကသိတော့ စည်းကမ်းဖောက်ဖျက်မှုကြောင့် မူလပြစ်ဒဏ် တစ်နှစ်အစားနှစ်နှစ်ဆိုပြီး အပြစ်တိုးလိုက်တယ်။ ဒီတင်မင်းသားငယ်က လာရောက်ဝန်ချတောင်းပန်လို့ လူကြီးတွေက ဆုံးမပြောဆိုပြီး ပြစ်ဒဏ်လျော့ပေါ့ပေးလိုက်တာပါ။ ဒါအင်မတန် သင့်လျော်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မင်းသားငယ်အနေနဲ့ အောင်မြင်မှုကြောင့် သွေးနားထင်ရောက်ပြီး ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ပထမသူ့ထမင်းရှင် ပရိသတ်ကို မထီမဲ့မြင်လိုက်တယ်။ နောက်တော့ သဘင်လောကရဲ့ လူကြီးသူမတွေကိုပါ ဂရုစိုက်ဖို့ မလိုဘူးလို့ ယူဆပြီး ထင်ရာစိုင်းလုပ်ခဲ့တယ်။

ထမင်းရှင်ကို မပြစ်မှားနဲ့
အခုတော့ ကလေးကနောင်တရပြီး လူကြီးတွေကို ၀န်ချတောင်းပန်တယ်။ နောက်နောင်မဖြစ်စေဖို့ အာမ၀န္တံခံတယ်။ ဒီအဖြစ်တွေအားလုံး အစကနေအဆုံးထိ ဂျာနယ်တွေမှာပါလာတော့ တခြားအနုပညာနယ်က လူငယ်လေးတွေပါ သင်ခန်းစာယူ နိုင်ကြတယ်။ သဘင်အစည်းအရုံးက အပြစ်ပေးတယ်ဆိုတာ လူငယ်တစ်ယောက် အညွန့်ကျိုးသွားအောင်၊ ဘ၀ပျက်သွားအောင်လုပ်တာမှ မဟုတ်တာ။ ဆင်ခြင်နိုင်စေဖို့နဲ့ ပရိသတ်ဆိုတာ ထမင်းရှင်၊ ကျေးဇူးရှင်ဖြစ်တဲ့အတွက် မပြစ်မှားရဘူးဆိုတဲ့ သဘင်သည်တို့ ကျင့်ဝတ်ကို သဘောပေါက်နားလည်စေဖို့ ဖြစ်တယ်။ အခုတော့ လူငယ်မင်းသားလေးလည်း နောင်ကြဉ်သွားလောက်ပြီဆိုတော့ ပြစ်ဒဏ်လျော့ပေါ့ပေးတာ လျော်ကန်သင့်မြတ်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

ဥပဒေဆိုခေါက်ထား
အခုခေတ် အနုပညာနယ်ပယ်မှာက လူငယ်လေးတွေများတယ်။ တော်တော်များများဆို ကြီးကောင်ဝင်သံတောင် မပျောက်သေးတဲ့ အရွယ်လေးတွေ ဖြစ်ကြတယ်။ ရှေးခေတ်ကလို ဆရာနဲ့သမားနဲ့ လူကြီးသူမများရဲ့ စောင့်ရှောက်မှုနဲ့ ရောက်လာကြတာ မျိုး မဟုတ်ဘဲ အရှင်မွေးနေ့ချင်းကြီး ဆိုသလို ၀ုန်းကနဲ၊ ၀ုန်းကနဲ ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်သွားကြတယ်။ သူတို့အရွယ်တွေနဲ့ မလိုက်အောင် ပိုက်ဆံတွေရှာနိုင်ကြတယ်။ အဲဒီတော့ ထုံးစံအတိုင်း ခြေဖျားထောက်လာတယ်။ သွေးနားထင် ရောက်လာတယ်။ ငွေရှိရင်၊ ဂုဏ်ရှိရင်၊ မျက်နှာကြီးရင် ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူး။ မော်တော်ပီကယ်ဆို ဟောက်ထားလိုက်၊ ဥပဒေဆို ခေါက်ထားလိုက်ဆိုတဲ့ မောက်မာထောင်လွှားမှုတွေ လွန်ကဲလာကြတယ်။

လျစ်လျူရှုထားမယ်ဆိုရင်
ထင်ပေါ်ကျော်ကြားသူတွေရဲ့ လုပ်ရပ်မှန်သမျှ တစ်ခဏချင်း လူ့အဖွဲ့အစည်းအတွင်း ကူးစက်ရောက်ရှိသွားတာ သဘာဝဖြစ်တယ်။ ဂါရ၀တရားတို့၊ မင်္ဂလာတရားတို့ သိပ်အလေးထားတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ရှေးကမကြုံဖူး၊ မကြား ဖူးတဲ့ ရုန့်ရင်းကြမ်းတမ်းမှုတွေ၊ ဟီရိသြတပ္ပ ကင်းမဲ့မှုတွေ၊ ရိုင်းပျစော်ကားမှုတွေ ဒီနေ့နေရာစုံ၊ နယ်ပယ်စုံမှာ မတွေ့ချင်၊ မမြင်ချင်အဆုံး မြင်တွေ့နေရတယ်။ ဒါမျိုးတွေကို လျစ်လျူရှုထားလိုက်မယ်ဆိုရင် မြန်မာ့ယဉ်ကျေးမှုသိချင်ရင် ပုဂံဘုရားနံရံတွေ က ဆေးရေးပန်းချီတွေ သွားကြည့်မှဖြစ်မယ့်ကိန်း ဆိုက်ရောက်သွားနိုင်တယ်။

ပေါ့ပ်ဆိုပြီး မပေါ့နဲ့
ပေါ့ပ်ကိစ္စပဲ၊ ပေါ့ပ်စာစောင်တွေပဲဆိုပြီး ခပ်ပေါ့ပေါ့သဘောထားလို့ မဖြစ်ပါဘူး။ ပေါ့ပ်တွေက လူငယ်တွေကြား အများဆုံးရောက်နေတာ ဖြစ်တယ်။ ဖျော်ဖြေရေး၊ ဖျော်ဖြေရေးနဲ့ လျစ်လျူရှုထားလိုက်ရင် ဖျော်ဖြေရေး ကတစ်ဆင့် လျှပ်ပေါ်လော်လီတဲ့အဆင့်ကို ကူးပြောင်းသွားဖို့ ဘာမှခက်လှတာ မဟုတ်ပါဘူး။ အဲဒါကြောင့် ပြောသင့်ပြောထိုက်တာတွေ ပြောဖို့ လိုပါတယ်။ ပြောတဲ့နေရာမှာလည်း နှစ်ကိုယ်တည်းကြိတ်ပြီး ပြောလို့မရပါ ဘူး။လူသိရှင်ကြားဖြစ်အောင် မီဒီယာတွေကတစ်ဆင့် ပွင့်ပွင့်လင်းလင်းပြောဖို့ လိုပါတယ်။ဒီလို ပြောတာ၊ရေးတာကို နားလည်ပေးကြဖို့လည်း လိုပါတယ်။

မီဒီယာတွေလုပ်ပိုင်ခွင့်ချဲ့ဖို့လို
နိုင်ငံတော်လုံခြုံရေး ထိပါးစေမယ့် ကိစ္စမျိုး၊ အစိုးရကို အကြည်ညိုပျက်စေတဲ့ ကိစ္စမျိုး၊ ဆူပူအုံကြွအောင် လှုံ့ဆော်သလို ဖြစ်စေတဲ့ ကိစ္စမျိုး စတဲ့စတဲ့အရေးကြီးကိစ္စမျိုးတွေ မဟုတ်ခဲ့ရင်၊ သတင်းမီဒီယာတွေအတွက် လုပ်ပိုင်ခွင့်နယ်ပယ် (Space)ကျယ်ရင် ကျယ်သလောက် နိုင်ငံနဲ့လူမျိုးအတွက် အကျိုးရှိစေနိုင်ပါတယ်။ ၁၉၅၀ ခုနှစ်များအတွင်းက တရုတ်ဖြူတိုက်ထုတ်ရေး စစ်ဆင်မှုတွေမှာ မီဒီယာတွေရဲ့ တက်တက်ကြွကြွ ပါဝင်လှုံ့ဆော်မှုတွေကြောင့်၊ တစ်နိုင်ငံလုံး နိုးကြားလာခဲ့ကြပြီး ၀ိုင်းဝန်းကူညီခဲ့ကြတဲ့ သာဓကရှိပါတယ်။ နာဂစ်ဘေးဒုက္ခကြီး ကျရောက်စဉ်ကလည်း သတင်းမီဒီယာတွေ တက်ကြွစွာ ပါဝင်လှုံ့ဆော်ခဲ့မှုကြောင့် အထောက်အကူအများကြီး ဖြစ်ခဲ့တာကို လက်တွေ့မြင်ခဲ့ကြရပါတယ်။

ဝေးဝေးကြည့်၊ နက်နက်တွေး
အင်တာနက်ထဲမှာ အပြန်အလှန် ငြင်းခုန်နေကြတဲ့ လက်ရောက်ကျူးလွန်မှု ကိစ္စဟာ သာမန်ပေါ့ပ်ကိစ္စ မဟုတ်ပါဘူး။ ငွေရှိ၊ ဂုဏ်ရှိ၊ မျက်နှာရှိရင် ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး။ မော်တော်ပီကယ်လောက်တော့ ဟောက်ထား၊ ဥပဒေဆိုတာ ခေါက် ထားဆိုတဲ့ ငါ့မြင်းငါစိုင်း စိုင်းချင်ရာစိုင်းဆိုတဲ့ စိတ်ဓာတ်တွေ ပျံ့နှံ့နေတာကို တားဆီးကာကွယ်ဖို့ ကိစ္စဖြစ်ပါတယ်။ မီဒီယာတွေက နိုင်ငံနဲ့လူမျိုးရဲ့အရေးကိစ္စမှန်သမျှမှာ တက်တက်ကြွကြွ တာဝန်သိသိ ပါဝင်ဆောင်ရွက်ရေး ကိစ္စလည်း ဖြစ်ပါတယ်။ ပြဿနာတစ်ရပ်ကို ကြည့်တဲ့အခါမှာ ဝေးဝေးမျော်ကြည့်တတ်ဖို့ လိုပါတယ်။ နက်နက်ရှိုင်းရှိုင်းတွေးတတ်ဖို့လည်း လိုပါတယ်လို့ပြောရင်း နိဂုံးချုပ်လိုက်ပါတော့မယ်။
လူထုစိန်ဝင်း
***********Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မိအေးနှစ်ခါနာ

အကြမ်းးဖက်သမားးတွေနဲ့ ပေါင်းရင်အကြမ်းဖက်သမားဘဲ သတ်မှတ်ရမှာဘဲ။ ဒါကြောင့်မြန်မာနိုင်ငံထံကို တရားမဝင်ဝင်ရောက်ပြီး မြန်မာနိုင်ငံတော်ရဲ့ ဧည့်သည်တော်တွေနဲ့ နိုင်ငံတော်ဝန်ထမ်းတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ လူ့တိရစ္ဆာန်မြောက်ကိုရီးယားတွေကိုအခု အဖေခေါ်

နေတဲ့သန်းရွှေစစ်တပ်ဟာလည်း အကြမ်းဖက်၊ ဓားမြစစ်တပ်ဆိုတာရှင်းပါတယ်။
မြန်မာနိုင်ငံတွင်းမှာ အကြမ်းဖက်မှုကြူးလွန်တယ်။ မြန်မာပြည်သူတွေကို တရားဝင်တောင်း
ပန်ခြင်းလဲမပြုဘူး၊ ကျဆုးံသွားတဲ့နိုင်ငံဝန်ထမ်းတွေရဲ့ မိသားစုတွေကိုနစ်နာကြေးပေးလျော်
ခြင်းလဲမပြုတဲ့ ဒီအရိုင်းအစိုင်း မြောက်ကိုရီးယားတွေကို နိုင်ငံတော်အခန်းနားနဲ့ ကြိုဖို့ပြင်နေတဲ့
သန်းရွှေနဲ့ ဓားပြစစ်တပ်ကိုပြောပါရစေ၊ မြန်မာနိုင်ငံတွင်းမှာ တိုင်းတပါးရဲ့ အကြမ်းဖက်မှုကို မကာကွယ်နိုင်ခဲ့ရင်တောင် အရှက်ပြေအနေနဲ့ မြန်မာပြည်သူတွေကို တောင်းပန်ဖို့တရားဝင်
တောင်းဆိုကာ စစ်တပ်ရဲ့မရှိတဲ့ဂုဏ်သိက္ခာကို အရင်ကာကွယ်ပါအုးံလို့ပြောပါရစေ။



ရန်နောင်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

စအိုပေါက် မပါသည့် ကလေး တစ်ဦး အကူအညီ လိုအပ်နေ

စအိုပေါက် မပါသည့် ကလေး တစ်ဦး စေတနာရှင်များ၏ အကူအညီကို လိုအပ် နေကြောင်း သိရသည်။

ကလေးမြို့၏ မြောက်ဘက် ၁၄ မိုင်ခန့် အကွာတွင် တည်ရှိသော လက်ပံချောင်း စံပြ ကျေးရွာနေ အဖ ဦးငွန်တောင်းလိန်နှင့် အမိ ဒေါ်ဆွီးခင်တောင်းတို့မှ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီ ၄ရက်တွင် သားလေး တစ်ဦး မွေးဖွားခဲ့ပြီး အဆိုပါ ကလေးသည် စအိုပေါက် မပါသဖြင့် ကလေး ပြည်သူ့ ဆေးရုံ၌ သွားရောက် ဆေးကုသရာ ဆေးရုံမှ ဆရာဝန်များက ကလေး၏ ဗိုက်ကို အပေါက်ဖောက်ပြီး အူမကြီးထုတ်ကာ မစင်သွားစေခဲ့သည်။

၂၀၀၉ခုနှစ် သြဂုတ် ၅ရက်တွင် မန္တလေး ပြည်သူ့ ဆေးရုံကြီးမှ ထိုကလေး၏ စအိုပေါက်ကို အောင်မြင်စွာ ခွဲစိတ် အပေါက်ဖောက် ပေးနိုင်ခဲ့သည်။ ယခုအခါ ကလေး ဗိုက်မှ ဖောက်၍ ထုတ်ထားသော အူမကြီးကို ဗိုက်ထဲ ပြန်ထည့်ပြီး ပုံမှန် အတိုင်း ဖောက်ထား သည့် စအိုပေါက်နှင့် ဆက်သွယ်ရန် အတွက် ကလေး အားနည်း နေသေး၍ မဆောင်ရွက် နိုင်သေးဟု ဆိုသည်။

ကလေးအား အာဟာရရှိသော အစားအစာများ ကျွေးရန် ဆရာဝန်များက ညွှန်ကြား ထားသော်လည်း မိဘများမှာ ငွေရေး ကြေးရေး တတ်နိုင်မှု မရှိ၍ ရှိသလောက် ဖြင့် ကျွေးမွေး ပြုစုထားသည်။ ကလေး ဆေးကုသမှု စရိတ်လည်း လိုအပ်နေရာ စေတနာရှင်များ အနေဖြင့် ဦးငွန်တောင်းလိန်+ဒေါ်ဆွီးခင်တောင်း ဖုန်း- (တစ်ဆင့်) ၀၇၃-၂၂၀၀၇ သို့ ဆက်သွယ် လှူဒါန်း နိုင်သည်။ (ရန်ကုန်တိုင်း(မ်) ဂျာနယ်)

ရဲဘော်ကြီး ကိုဝဏ္ဏ ဘလော့ဂ် မှာ တင်ထားတာ တွေ့လို့ ပြန်လည် ဖေါ်ပြ လိုက်ပါတယ်။ ကလေးလေး အတွက် ငါးပြားနိုင် ငါးပြား ဆယ်ပြားနိုင် ဆယ်ပြား ကူညီ လှူဒါန်းသည့် စေတနာရှင်များ ပေါ်ထွက် ပါစေလို့ ဆုတောင်း ပေးလိုက် ပါတယ်။ မျှဝေပေးတဲ့ မငယ်နိုင် ကိုလည်း ကျေးဇူး တင်ပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

"အတိတ်သမိုင်းပြန်လှန်တဲ့အခါဆင်ခြင်စရာ"

လူထုစိန်ဝင်း နွယ်နီမဂ္ဂဇင်း အတွဲ(၂၀)အမှတ်(၃)ဇူလှိုင်လ ၂၀၁၀ခုနှစ်
ဒီတနှစ်လောက်အတွင်းဂျာနယ်တွေဖတ်ကောင်းလာတယ်။အရင်ကလိုအရည်မရအဖတ်မရ ဖျော်ဖြေရေးသတင်းတွေအစား နိုင်ငံရေးအကြောင်းဒီမိုကရေစီအကြောင်း၊ရွေးကောက်ပွဲအကြောင်း၊ သတင်းဆောင်းပါးတွေသူ့ ထက်ငါ ပြိုင်သထက်ပြိုင်အောင်
ဖေါ်ပြလာကြတယ်။

ယောင်ဝါးဝါးအသိ ဒီလိုဖေါ်ပြလာကြတာလူကြီးပိုင်းအတွက်လဲကောင်းတယ်။ မကြားရ၊ မပြောရတာကြာပြီဖြစ်တဲ့ 
စကားတွေကို အားရပါးရဖတ်ပြီး အားရပါးရစားမြုံ့ ပြန်နိုင်ကြတယ်။လူငယ်လူရွယ်တွေအတွက်လဲအများကြီးကောင်းတယ်။
အဆက်ပြတ်နေတဲ့ခေတ်အကြောင်းတွေကိုသိကြရတယ်။ဂျာနယ်တွေကိုကျေးဇူးတင်မိတယ်။
လူငယ်လူရွယ်တွေသာမကဘူးအခုချိန်မှာ အသက်(၅၀)တန်းအောင်ရောက်နေသူတွေတောင် ကိုယ့်နိုင်ငံရဲ့ 
သမိုင်းကိုသေသေချာချာမှန်မှန်ကန်ကန်သိကြာတာမဟုတ်ဘူး၊ယောင်ဝါးဝါးလောက်သာသိကြတာ။
အတိတ်သမိုင်းကိုမသိတဲ့အခါကျတော့အခုပစ္စုပ္ပန်မှာရွေးကောက်ပွဲတို့ ဒီမီုကရေစီတို့ အကြောင်းတွေကို ကြားရတဲ့အခါမှာ
ဟိုလူပြောလဲဟုတ်နိုးနိုးဒီလူပြောလဲဟုတ်နိုးနိုးနဲ့ ယောင်ဝါးဝါးဖြစ်ကြနေကြရတယ်။
ကိုယ်တိုင်တိတိကျကျ ဘာမှဆုံးဖြတ်နိုင်စွမ်းမရှိကြဘူး။

တအံ့တသြဖြစ်ကြ
ဂျာနယ်လစ်တွေ ပြန်ပြီးဖေါ်ပြနေကြတဲ့ အတိတ်သမိုင်းကြောင်းတွေ ဖတ်ပြီး တချို့ ဆိုရင်မယုံနိုင်လောက်အောင်ကို ပါးစပ်အဟောင်းသားဖြစ်နေကြတာတွေ့ ရတယ်။
ကာတွန်းတွေတွေ့ ပြန်တော့လည်းဒီလိုသရော်လို့ ရသလား၊ဒီလိုလှောင်လို့ ရသလားနဲ့ တအံ့တသြဖြစ်နေကြတယ်။
ဒါကြောင့်ဂျာနယ်တွေကိုကျေးဇူးတင်တယ်ပြောခဲ့တာ။
ဒါပေမယ့်ဘ၀င်မကျသဘောမတူနိုင်တာတွေလည်းရှိပါတယ်။
ဂျာနယ်တွေကပြန်လည်ဖေါ်ပြတဲ့အတိတ်ဖြစ်ရပ်တွေထဲမှာအများစုကနိုင်ငံရေးသမားအချင်းချင်းကွဲ
ကြပြဲကြတာတွေ တဦးနဲ့ တဦးအပြန်အလှန်ပုတ်ခတ်တာတွေချည်းတွေ့ ရတယ်။
နိုင်ငံရေးဆိုတာကိုယ်တိုင်မကြုံဘူးသူတွေရဲ့  အမြင်မှာနိုင်ငံရေးသမားတွေ ဆိုတာ ဒီလိုဘဲကွဲကြပြဲကြတိုက်ခိုက်နေကြတာဘဲ၊
ဘယ်သူမှမကောင်းပါလားလို့ ယူဆထားစရာဖြစ်နေတယ်။
ဒီနေ့ မြန်မာ့တပ်မတော်ရဲ့ အမတေဖြစ်တဲ့ ရဲဘော်သုံးကျိပ် ဗိုလအောင်ဆန်း၊ဗိုလ်လင်္ကျာ၊ဗိုလ်စင်္ကြာ၊ဗိုလ်နေ၀င်း၊
ဗိုလ်ဇေယျ၊ဗိုလ်ရန်အောင်၊ဗိုလ်မှုးအောင်၊ဗိုလ်ဗလ၊ဗိုလ်တာရာ၊စတဲ့ပဂ္ဂိုလ်တွေအားလုံးဟာ သခင်ဘွဲ့ ခံနိုင်ငံရေးသမား
ဆိုတဲ့အချက်မှေးမှိန်ကွယ်ပျောက်သွားနိုင်ပါတယ်။

နားမလည်နိုင်ဘူး
ညီညွတ်ရေးအရေးကြီးပုံကို ပြောချင်လို့ အကွဲအပြဲတွေကို ပြန်ဖေါ်ထုတ်တာဆိုတဲ့အကြောင်းပြချက်ကလည်းမှန်တယ်မထင်ပါဘူး။
ညီညွတ်ရေးအကြောင်းတခြားပြောစရာပြစရာ နမူနာတွေအများကြီးရှိပါတယ်။၁၃၀၀ပြည့်အရေးတော်ပုံကြီးအကြောင်း၊၁၉၂၀၊၁၉၃၆
ကျောင်းသားသပိတ်ကြီးအကြောင်းတို့ ၊နေသူရိန်အစည်းအဝေးကြီးအကြောင်းတို့ ။ပင်လုံညီလာခံအကြောင်းတို့ လိုအကြောင်းတွေ
မနည်းလှပါဘူး။ဒါတွေကိုဇောင်းပေးဖေါ်ထုတ်ခြင်းမပြုဘဲနဲ့ ကွဲတာပြဲတာတွေချည်းဖေါ်ထုတ်နေကြတာတော့ နားမလည်နိုင်အောင်
ဖြစ်ရပါတယ်။လူ့ လောကမှာအမြင်သဘောထားခြင်းမတူကွဲပြားတာဟာလူ့ သဘာဝဖြစ်တယ်။ကဲ့ရဲ့ ရှုတ်ချရမယ့်ကိစ္စမဟုတ်ဘူး၊
နိုင်ငံရေးလုပ်တယ်ဆိုတာကလည်းလူ့ လောကအရေးကိုလုပ်ကြတာဘဲ။အဲဒီတော့သဘောများအယူအဆကွဲပြားတာတွေ ဆွေးနွေးငြင်းခုန်
တာတွေ ရှိမြဲဖြစ်တယ်။

ငြင်းခုန်တာလူ့ သဘာဝ
ဆွေးနွေးငြင်းခုန်ခြင်းဟာရန်ဖြစ်တာမဟုတ်ပါဘူး။သမ္မတ အိုဘာမားရဲ့ ကျန်းမာရေးဥပဒေကို အမေရိကန်တစ်နိုင်ငံလုံးငြင်းးခုံခဲ့ကြသလို
လွှတ်တော်နှစ်ရပ်လုံးမှာလည်းငြင်းခုံဆွေးနွေးကြတာပါဘဲ။လွှတ်တော်ထည်းမဲခွဲတဲ့အခါမှာလည်းအိုဘားမားရဲ့ ပါတီကဒီမိုကရက်အမတ်
ကန့် ကွက်မဲပေးသူတွေရှိခဲ့သလို၊ပြိုင်ဘက်ရီပတ်ဘလစ်ကန်အမတ်တွေကထောက်ခံမဲပေးသူလည်းရှိခဲ့ပါတယ်။အဲဒီလိုငြင်းခုန်ခဲ့ကြလို့ 
ကန့် ကွက်/ထောက်ခံမဲပေးခဲ့ကြလို့ ဘယ်ပါတီမှနှစ်ခြမ်းမကွဲသွားသလို ဘယ်အမတ်ကိုမှလည်းသူ့ ပါတီတွေကပုတ်ခတ်မပစ်ခဲ့ကြဘူး။
ဂျပန်နိုင်ငံက LDP ဆိုတဲ့ပါတီကြီးဆိုရင် ဂိုဏ်းအုပ်စုတွေ တစ်ဒါဇင်လောက် တရားဝင်တည်ရှိနေတဲ့ပါတီဖြစ်တယ်။ဒါတောင် LDP
ဟာနိုင်ငံရေးအာဏာကို တစ်လျှောက်လုံးနီးပါး၊ချုပ်ကိုင်ထားနိုင်ခဲပါတယ်။ဂိုဏ်းအုပ်စုတွေကြောင့် ပါတီအစိတ်စိတ်အမွှာမွှာကွဲတာမျိုး
မဖြစ်ခဲ့ပါဘူး။

သဘောပေါက်သင့်တယ်
စိတ်ဓါတ်အတွေးအခေါ်ရင့်ကျက်သူတိုင်းငြင်းခုန်တာဟာရန်ဖြစ်တာမဟုတ်၊ကိုယ်နဲ့ အယူအဆမတူတိုင်းရန်သူဖြစ်သွားတာမဟုတ်ဆိုတဲ့
သဘောသဘာဝကိုနားလည်ကြပါတယ်။ဂျာနယ်တွေကဒီအချက်ကိုသဘောပေါက်ထားသင့်တယ်။မီးလောင်ရာလေပင့်သလိုဖြစ်မသွားအောင်
သတိထားဆင်ခြင်သင့်တယ်။ငြင်းခုံတိုင်းရန်ထဖြစ်တာမရင့်ကျက်သေးတဲ့ကလေးတွေရဲ့ အပြုအမှုဖြစ်တယ်။ရင့်ကျက်သူတွေဟာငြင်းတိုင်းရန်
ထမဖြစ်ဘူး၊ကိုယ့်နဲ့ မတူကိုယ့်ရန်သူလို့ သဘောမထားဘူး၊မတူပေမယ့်လက်တွဲမဖြုတ်တမ်းနေချင်ကြတယ်။အိုဘားမားနဲ့ ဟီလာရင်ကလင်တန်
ဟာအကြီးဆုံးပြိုင်ဘက်ကြီးများအဖြစ် တစ်ဦးနဲ့ တစ်ဦးအပြင်းအထန်ဝေဖန်တိုက်ခိုက်ကြငြင်းခုန်ခဲ့ကြတာဘဲ။ဒါပေမယ့်အခုတော့သမ္မတနဲ့ နိုင်ငံခြား
ရေးဝန်ကြီးအဖြစ်လက်တွဲနေနိုင်ခဲ့ကြတယ်။ဒါဟာရင့်ကျက်ခြင်းရဲ့ အကောင်းဆုံးသာဓကဖြစ်တယ်။

ကျေးဇူးကန်းရာရောက်ရောက်မယ်
ဂျာနယ်တွေအနေနဲ့ နှောင်းခေတ်လူငယ်တွေကို နိုင်ငံရေးနဲ့ ပက်သက်တဲ့ဗဟုသုတဖြန့် ဝေပေးရာမှာဒီအချက်တွေကို အလေးအနက်ထား
စဉ်းစားပြီးမှပေးသင့်တယ်။နိုင်ငံရေးသမားဆိုတာဘယ်သူမှမကောင်းဘူးဆိုတဲ့ အမြင်မှားတွေဖြစ်ပေါ်စေမယ့်အကြောင်းတွေကိုရှောင်ရှားသင့်
တယ်။လူငယ်တွေလက်ထဲဒီလိုအမြင်မျိုးစွဲသွားရင် နယ်ချဲ့ သမားတွေနဲ့ ဖက်ဆက်တွေကို အသစ်စွန့် တိုက်လိုက်ပြီး တိုင်းပြည်လွှတ်လပ်ရေးရ
အောင် မပစ်ဖပစ်၊အိုးပစ်အိမ်ပစ်၊သားပစ်မယားပစ်၊ဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံ့ကျေးဇူးရှင်ကြီးများကို ကျေးဇူးကန်းရာရောက်သွားပါလိမ့်မယ်။
သတိထားကြ၊ဆင်ခြင်ကြစေလိုပါတယ်။


"လူထုစိန်ဝင်း"Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ရွေးကောက်ပွဲ တရားမျှတမှု ရှိမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ကိုထွေး Thursday, July 29, 2010
ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကို ထုတ်ပြန် ကြေညာခြင်း မရှိသေး သောကြောင့် ပါတီများ စည်းရုံး လှုပ်ရှားရမည့် အချိန် နည်းပါးသဖြင့် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောဆိုသည်။


daw_suu_poster
ရှေ့နေများ ဖြစ်သည့် ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်း တို့သည် ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ ယမန်နေ့ နေ့လယ် ၁ နာရီ မှ ၃ နာရီ အထိ ၂ နာရီကြာ သွားရောက် တွေ့ဆုံရာတွင် ယင်းသို့ ပြောဆို လိုက်ခြင်း ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောပြသည်။

ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက “ရွေးကောက်ပွဲ ကျင်းပမယ့်ရက် အခုထိ ကြေညာတာ မရှိသေးဘူး။ ဒီလို အခြေအနေမှာ ရွေးကောက်ပွဲ ၀င်မယ့် ပါတီတွေ အနေနဲ့က စည်းရုံး လှုပ်ရှားမယ့် အချိန်က အရမ်းနည်းတယ်။ တရားမျှတမှု ရှိမယ် ဆိုတာ ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

“ရွေးကောက်ပွဲဝင်တဲ့ ပါတီအဖွဲ့ အစည်းတွေရဲ့ အသံကလည်း သိပ်ပြီးတော့ ကျယ်ကျယ်လောင်လောင် မကြားရဘူး လို့လည်း ပြောပါတယ်”ဟုလည်း ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အထူးအယူခံ လျှောက်လဲချက်နှင့် နေအိမ်ပြင်ဆင်မှုများကို ထပ်မံဆွေးနွေးခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း ဦးဉာဏ်ဝင်း က ဆက်လက် ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကျင်းပမည့် ရွေးကောက်ပွဲ သည် တရားမျှတမှုရှိမည် မဟုတ်သည့်အတွက် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။

NLD သည် ပြီးခဲ့သည့် နှစ် ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင် ကြေညာစာတမ်းပါ နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ပြင်ဆင်ရန်နှင့် ရွေးကောက်ပွဲတွင် အလွှာအသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်လေ့လာခွင့်ပြုရန် စသည့် အချက်များကို စစ်အစိုးရက လိုက်လျောလျင် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည်ဟူသော မူပေါ်တွင် ရပ်တည်ထားသည်။

နိုင်ငံတကာရှိ လူ့အခွင့်အရေး အဖွဲ့များနှင့် နိုင်ငံတကာ အသိုင်းအ၀န်းကလည်း စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိမည် မဟုတ်ကြောင်း ဝေဖန်ပြောဆိုလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် မေလ၊ အိမ်အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောကြောင့် ရုံးတင် တရားစွဲ ခံခဲ့ရသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကျနေချိန်တွင် ဥပဒေ ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းက ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။

သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ်၊ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ်ဘ၀ဖြင့် စုစုပေါင်းနေရချိန် ၁၄ နှစ်ကျော် ရှိပြီ ဖြစ်သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

စစ်ပြေးဒုက္ခသည် ၇ဝဝ ကျော် စားနပ်ရိက္ခာ အရေးပေါ်လို

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၂ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်ရှိ သဲဒါဒါးရွာကို စစ်အစိုးရတပ်များက မီးရှို့သဖြင့် နီးစပ်ရာ တောထဲသို့ ထွက်ပြေးပုန်းအောင်းနေသော ကရင်စစ်ပြေးဒုက္ခသည် ၇ဝဝ ကျော်သည် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေသည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ပြောသည်။

ခြေမြန်တပ်ရင်း ၃၇ဝ နှင့် ၃၆၁ က ယခုလ ၂၃ ရက်နေ့တွင် မော်တာအလုံး ၄ဝ ခန့်ပါ အသုံးပြု တိုက်ခိုက်သလို ဘုရားကျောင်း၊ အလယ်တန်းကျောင်းနှင့် လူနေအိမ်ခြေ ၅ဝ ကျော်ကို ဖျက်ဆီးသွားသည်ဟု စစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေသော KNU က ဆိုသည်။
CIDKP-2

ဓါတ်ပုံ CIDKP, ဖက်ရွက်ပေါ်တွင် ထမင်းစားနေသော ကလေးတစု

’’ကျနော်တို့နဲ့ တိုက်ပွဲမဖြစ်ဘူးဗျာ။ ရွာကို သက်သက် လာပစ်သွားတယ်။ ရွာသားတွေက တောထဲမှာ ပုန်းနေရတယ်။ နောက်ဆုံးရတဲ့ သတင်းအရက ၇ဝဝ ကျော်လောက် ရှိတယ်” ဟု KNU ဒုဥက္ကဋ္ဌ ဒေးဗစ် သာကပေါက မဇ္ဈိမကို ပြောသည်။

“ရွာသားတွေအနေနဲ့ ရွာက အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးလာရတယ်။ ရွာသားတွေမှာ ဘာမှ စားစရာ ပါမလာဘူး။ ပိုဆိုးတာက မိုးတွင်းဖြစ်နေတော့ အအေးမိဖျားတာတို့၊ အစားအစာ လုံလုံလောက်လောက် မရတာတွေ ဖြစ်နေတယ်။ ကျနော်တို့အနေနဲ့ အရေးပေါ် ဖြစ်နေတဲ့အတွက် ထိထိရောက်ရောက် လုပ်မပေးနိုင်သေးဘူး” ဟု သူက ထပ်ပြောသည်။

ပစ်ခတ်ဖျက်စီးမှုနှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသော်လည်း ယခုကျေးရွာမှာ မြန်မာစစ်တပ် သတ်မှတ်မှုအရ အနက်ရောင်နယ်မြေတွင် ပါဝင်ကာ ရွာပုန်းရွာရှောင်ဖြစ်သည်ဟု ဒေသခံ စစ်မှုထမ်း အရာရှိဟောင်း တဦးက ပြောသည်။

”အနက်ရောင်နယ်မြေဆိုတဲ့ သဘောကတော့ အဲဒီနယ်မြေထဲမှာ တွေ့တဲ့သူ မှန်သမျှဟာ မိတ်ဆွေဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ရန်သူပဲ။ ပြည်သူဆိုတာ မရှိဘူးဆိုတဲ့ သဘောပေါ့” ဟု သူက ပြောသည်။

"အနက်ရောင်နယ်မြေထဲမှာရွာကိုမီးရှို့တယ်။ လူသတ်တယ်။ မိုင်းထောင်တယ်ဆိုတဲ့ သတင်းတွေက လုပ်တဲ့သူကို ဘယ်လိုမှ မထိခိုက်ဘူး ရာထူးတိုးဖို့ပဲ ရှိတယ်။ အမိန့်ကို တသွေမတိမ်း လိုက်နာတယ်ဆိုတဲ့ သဘောပေါ့” ဟု သူက ထပ်ပြောသည်။

ရွာပုန်းရွာရှောင်များကို မီးရှို့ဖျက်ဆီးရန် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဦးစီးချုပ်ရုံးက တပ်များကို အမိန့်ပေးထားသည်။ မြန်မာစစ်တပ်မှာလည်း တိုင်းရင်းသားများအပါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲသတင်း ဖြစ်ပေါ်နေချိန်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA မှာလည်း နယ်ခြားစောင့်တပ် အမြန်ဖွဲ့ရေး ဖိအားပေးခံနေရရာ မပြောင်းလိုသူ အချို့လည်း ရှိနေသည်။

DKBA တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး စောလားပွယ် (နှုတ်ခမ်းမွေး) မှာ လူသိများသော ငြင်းဆန်နေသူ ဖြစ်သည်။ သို့သော် စစ်အစိုးရက တိုက်ခိုက်လာလျှင် KNU က DKBA နှင့် ပူးပေါင်းလိုကြောင်း ကမ်းလှမ်းထားသည်။

“သူက နယ်ခြားစောင့်တပ်ကို မပြောင်းချင်ဘူး။ နအဖ စစ်တပ်က ဖိအားပေးတယ်။ သူ့ကို ဖိအားပေးလို့ မရတော့ စစ်အစိုးရကို ထောက်ခံတဲ့ DKBA အဖွဲ့နဲ့ နအဖ တပ်တချို့က လက်နက်ကြီးတွေနဲ့ တိုက်ဖို့ ပြင်ဆင်နေတယ်။ စစ်အစိုးရဘက်က တိုက်လာရင်တော့ ကျနော်တို့အနေနဲ့ ဗိုလ်မှူးကြီး စောလားပွယ် ဘက်ကနေ ကူတိုက်ဖို့ ရှိတယ်။ သူတို့အနေနဲ့လည်း မိခင်အဖွဲ့ဖြစ်တဲ့ ကျနော်တို့ဆီကို ပြန်လာမယ် ဆိုရင်လည်း ကျနော်တို့ လက်ခံသွားမယ်” ဟု ဒေးဗစ်သာကပေါက ပြောသည်။ Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

လေးစားထိုက်သော တေးရေးဆရာ


နအဖနောက်ခံပြု နိုင်ငံရေးပါတီတွင် ဒေါက်တာစိုင်းခမ်းလိတ် မပတ်သက်
Wednesday, 28 July 2010 16:35 မွေခေါဝ်
နိုင်ငံကျော်တေးရေးဆရာ ဒေါက်တာစိုင်းခမ်းလိတ်အား ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် လောင်း (သို့) ရွေးကောက်ပွဲကော်မရှင်၌ပါဝင်ပြီး နိုင်ငံရေးလှုပ်ရှားရန် မန္တလေးကြံ့ဖွံ့အကြီးအကဲများနှင့် နအဖအာဏာပိုင်များ အကြိမ်ကြိမ်ကမ်းလှမ်းသော်လည်း လက်မခံကြောင်း စုံစမ်းသိရှိရသည်။

[ဒေါက်တာစိုင်းခမ်းလိတ်]

ဒေါက်တာစိုင်းခမ်းလိတ်
“အသက်အရွယ်ထောက်လာတဲ့အတွက် ခါးမကောင်းတာကြောင့် လက်မခံပါရစေနဲ့လို့ ဆရာ့ဇနီးဒေါက်တာ ဒေါ်နွဲ့နွဲ့တင်က တောင်းပန်ပြီးပြောလိုက်တယ်။ ခါးနာနေတော့ အမြဲတမ်းကုသနေရတယ်လေ” ဟု သျှမ်းပြည်မြောက် ပိုင်းသား တပည့်ဖြစ်သူတစ်ဦးက ပြောပြပါသည်။

ဒေါက်တာစိုင်းခမ်းလိတ်အား မန္တလေးကြံ့ဖွံ့ပါတီအကြီးအကဲများနှင့် ဒေသခံအာဏာပိုင်တို့က ကြံ့ဖွံ့ပါတီအတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်/ရွေးကောက်ပွဲကော်မရှင်တွင်ပါဝင်ရန် အကြိမ်ကြိမ်တောင်းဆိုသော်လည်း လက်မခံနိုင်ကြောင်း လိမ္မာပါးနပ်စွာငြင်းဆို၏။

သို့သော်ဆိုင်ရာအာဏာပိုင်တို့က အကြိမ်ကြိမ်ဖုန်းဆက်လာနေသေးကြောင်း၊ ဇနီးဖြစ်သူဒေါက်တာဒေါ်နွဲ့နွဲ့တင်က လည်း “အသက်အရွယ်ထောက်လာပြီဖြစ်သဖြင့် ဘုရားတရားအလုပ်ကိုသာ လုပ်ခိုင်းစေလိုကြောင်း” ဖြေကြားခဲ့သည် ဟု ၎င်းကသျှမ်းသံတော်ဆင့်သို့ပြောပြပါသည်။

ဒေါက်တာစိုင်းခမ်းလိတ်သည် ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်နှင့်လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသိကျွမ်းသူ ဖြစ်၏။

စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်းက မန္တလေး ပြင်ဦးလွင်နှင့် မိုးကုတ်သို့ သျှမ်းလူမျိုးများနှင့်တွေ့ဆုံစည်းရုံးစဉ် ဒေါက်တာစိုင်းခမ်းလိတ်အား နိုင်ငံရေးပါတီဖြစ်လာမည့် ကြံ့ဖွံ့ဖက်မှနေ၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အဖြစ် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံရန် တောင်းဆိုထားသည်ဟုဆို၏။

ထို့အတူပင် မန္တလေးမြို့နေ လက်ရှိသျှမ်းသာရေးနာရေး ဒုဥက္ကဋ္ဌ (AD.1 ဟိုတယ်နှင့် ဂဠုန်နဂါး သင်္ကန်းတိုက်ပိုင်ရှင်) စိုင်းနွမ်၊ ရွှေပျားမင်း ဘော်ဒါပိုင်ရှင်(နမ့်ခမ်းပါတီကောင်စီခေတ် လူကြီးဟောင်း) စိုင်းကျော်အေးဝင်းနှင့် မိုးကုတ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုဥက္ကဋ္ဌ (သျှမ်းပြည်တောင်ပိုင်းကွန်ဟိန်းမြို့ဇာတိ) စိုင်းနော် (လက်ရှိကျားဖြူပါတီဝင်) တို့လည်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ချဉ်းကပ်ဖြောင်းဖြခြင်းခံခဲ့ရသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, July 28, 2010

ဝင်တယ် ထွက်တယ်

အပြည့်အစုံသတင်းဖတ်ရန်....

ခရစ္စမတ်နေ့မှာ သေဒဏ်စီရင်ခြင်း ခံခဲ့ရတဲ့ အာဏာရှင် ဇနီးမောင်နှံ

“Merry Christmas” ပျော်ရွှင်ဖွယ် ခရစ္စမတ်နေ့ မှာမပျော်ရွှင်နိုင်ဘဲ မိမိတို့ ကျုးလွန်ခဲ့သော အကုသိုလ် အပြစ်များကြောင့် ၁၉၈၉ ခုနှစ်မှာ လင်မယား နှစ်ယောက်စလုံး သေဒဏ် စီရင်ခြင်းခံခဲ့ရသူတွေကတော့ ရိုမေးနီးယား အာဏာရှင်ကြီး ချောင်ဆက်စကူး (Nicolas Ceausescu) နဲ့ ဇနီးဖြစ်သူ အဲလ်လီနာ (Elena) တို့ဘဲ ဖြစ်ပါတယ်။
အာဏာရှင်ကြီး ချောင်ဆက်စကူး ဆိုသူဟာ ဘယ်သူလဲ။ သူဘာတွေ လုပ်ခဲ့သလဲ။ ပြည်သူက သူ့ကိုဘာကြောင့် ရွံ့ရှာမုန်းတီး နာကျည်းကြတာလဲ။ အထူးသဖြင့် အာဏာရှင်စနစ်ကို ရက်ပိုင်းအတွင်းဖြုတ်ချပြီး ဒီမိုကရေစီစနစ် ကိုပြောင်းလဲ ကျင့်သုံးနိုင်ခဲ့သော ရိုမေးနီးယားနိုင်ငံရေး ဖြစ်စဉ်တစ်ခုကို တင်ပြလိုခြင်း ဖြစ်ပါတယ်။



နံမည်ဆိုးနဲ့ ကျော်ကြားခဲ့သော နီကိုလပ် ချောင်ဆက်စကူး (Nicolas Ceausescu) ကို ရိုမေနီးယားနိုင်ငံ (Romania) တွင် ဆင်းရဲသော လယ်သမား မိဘများက ၁၉၁၈ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်တွင် မွေးဖွားခဲ့သည်။ ရိုမေနီးယား နိုင်ငံ ကို အာဏာရှင်စနစ်ဖြင့် နှစ်ပေါင်း ၃၀ နီးပါး ရက်ရက်စက်စက် ချုပ်ကိုင်ခဲံ့သော ချောင်ဆက်စကူး သည် သူ ချစ်ခင် အားကိုးရသော ဇနီးဖြစ်သူ အဲလ်လီနာ (Elena) နဲ့အတူ ၁၉၈၉ ခုနှစ် ခရစ္စမတ်နေ့ တွင် သေနတ်ဖြင့်ပစ်ပြီး သေဒဏ် စီရင်ပေးခြင်း ခံခဲ့ရသည်။



ဆင်းရဲတဲ့ လယ်သမားမိယားစုက ပေါက်ဖွားခဲ့ရတဲ့ ချောင်ဆက်စကူး မှာမွေးချင်း ၉ ယောက်ရှိပြီး မီးမရှိတဲ့ အိမ်လေးထဲမှာ ကြပ်ြကပ်တည်းတည်း နေခဲ့ရတာပါ။ အခုတော့ သူနေခဲ့ရတဲ့ Scomicesti ရွာလေးက အိမ်လေးကို အများပြည်သူ ကြည့်နိုင်အောင် ပြထားပါတယ်။ သူ့ရဲ့နောက်ခံ သမိုင်းကိုလည်း လေ့လာဆန်းစစ် နိုင်အောင်လည်းဖြစ်မှာပါ။



နောက်တော့ Bucharest မြို့ကလေးကို ပြောင်းလာပြီး အလုပ်သင် ဖိနပ်ချုပ်သမားလေး (Cobbler) အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။



သူ့ဘဝက ဒီလိုဆိုးခဲ့ပေမယ့် သူဟာ ခမ်းနားကြီးကျယ်တဲ့ စစ်ရေးပြပွဲကြီးတွေကို ကြီးကြပ် စီမံခန့်ခွဲရသူ တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ အခမ်းအနားတခုမှာဆို ဘုရင်မကြီးရဲ့ ဖိတ်ကြားမှုကို ခံခဲ့ရသူပါ။



အာဏာရှင်ပီပီ ကြီးကျယ်ခန်းနားမှု နဲ့ကျော်ကြားမှုကို လိုလားခဲ့တဲ့ ချောင်ဆက်စကူး ဟာ အလွန်ခမ်းနားကြီးကျယ်တဲ့ ပြည်သူ့လွှတ်တော် (House of the People) အဆောက်အဦးကြီးကို ဆောက်လုပ်စေခဲ့ပါတယ်။ တိုင်းပြည်မှာ စီးပွားရေးကျပြီး၊ ပြည်သူတွေ စားနပ်ရိက္ခာ ရှားပါးတာကို ဂရုမစိုက်ဘဲ ဒိအဆောက်အဥိးကြီးကို လူအား၊ ငွေအား အမြောက်အများ အကုန်ကျခံ ဆောက်စေခဲ့တာပါ။



အမေရိကန်နိုင်ငံက ပင်တဂွန် (Pentagon) စစ်ဋ္ဌာနချုပ်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး အဆောက်အဥိး အဖြစ်ခေါ်ကြသည်။ အဆောက်အဦးကြီး မပြီးသေးခင်မှာဘဲ သူသေဒဏ် စီရင်ခံခဲ့ရတာပါ။ အခုတော့ ရိုမေးနီးယားရဲ့ ပါလီမန် အဆောက်အဦး ဖြစ်ပါတယ်။



အသက် ၁၅ နှစ်အရွယ်ကတည်းက ကွန်မြူနစ်ပါတီဝင်ဖြစ်ပြီး မြေအောက်လှုပ်ရှားမှု တွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူပါ။ ဒုတိယကမ္ဘာစစ်အပြီး (၁၉၄၅) နောက်ပိုင်းမှာတော့ ရာထူး အဆင့် မြန်မြန်တိုးပေးခြင်း ခံခဲ့ရသူပါ။



သူဟာ ရိုမေးနီးယား ကွန်မြူနစ် ခေါင်းဆောင်ကြီး Gheorghe Gheorghiu Dej ရဲ့ အရိပ်တစ်ခုလို အနီးကပ်နေခဲ့ရသည်မှာ Dej ကွယ်လွန်ခဲ့သော ၁၉၆၅ ခုနှစ် အထိဖြစ်ပါတယ်။ အဲဒီနောက် သူဟာ ဗဟိုကော်မတီ (Central Committee) ရဲ့ အထွေထွေ အတွင်းရေးမှုး အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။



နောက်နှစ်နှစ်အကြာမှာ သူဟာ နိုင်ငံတော်ကောင်စီ (the Council of State) ရဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး ၁၉၇၄ ခုနှစ်မှာတော့ သမ္မတ အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။



မောင်တော်နှင့် ထပ်ချက်မကွာ



နီကိုလပ် ချောင်ဆက်စကူး (Nicolas Ceausescu) ရဲ့ ဘဝတလျှောက် အရေးပါဆုံး တစ်ယောက်ကတော့ သူ့ဇနီး အဲလ်လီနာ (Elena) ပါဘဲ။ သူမကို သူစတွေ့ခဲ့တာကတော့ ၁၉၃၉ ခုနှစ်၇ဲ့ တစ်ခုသော စစ်ရေးပြပွဲမှာပါ။ သူမကို တိုင်းပြည်ရဲ့ နံပါတ် နှစ် (the regime’s number two) အဖြစ် နိုင်ငံရေး သုတေသီတွေက ညွှန်းခဲ့ကြပါတယ်။



သူမ ကို ၁၉၁၉ ဇန်နဝါလ ၇ ရက်နေ့မှာ လယ်သမားမိဘတွေက မွေးဖွားခဲ့တာပါ။ ကွန်မြူနစ်ပါတီကို မဝင်ခင် သူမဟာ အထည်ချုပ်စက်ရုံတရုံမှာ အလုပ်လုပ်ခဲ့ပါတယ်။



သူမဟာ သူ့ခင်ပွန်း နီကိုလပ် ချောင်ဆက်စကူး (Nicolas Ceausescu) ကို စက်ရုံတွေ (သို့) စံပြလယ်ယာ (Model farm) တွေကို သွားရောက် လည်ပတ်ကြည့်ရှု တဲ့အခါမှာ ဟောင်းနွမ်း ပြီး ဆွေးမြေ့နေတဲ့ ကုတ်အင်္ကျီ ကိုဝတ်ဆင်ဖို့ အကြံပေးခဲ့သူပါ။ ဒီလို ဝတ်ဆင်ပြခြင်းဖြင့် သူဟာ “ပြည်သူ့ဘက်သား” (A man of people) အဖြစ် သတ်သေပြနိုင်တယ်လို့ ယုံကြည်နေပုံရပါတယ်။


အာဏာရှင်ရဲ့ နိုင်ငံရေး ဗျူဟာ


မကြာသေးသော ကာလတွေကဘဲ နီကိုလပ် ချောင်ဆက်စကူး (Nicolas Ceausescu) နဲ့ အမေရိကန် သမ္မတကြီး Richard Nixon၊ ပြင်သစ်သမ္မတကြီး ဒီဂေါလ် (Charles de Gaulle) တို့ အေးအေးဆေးဆေး ပြုံးပြုံးပျော်ပျော် တွေ့ဆုံခဲ့တဲ့ မှတ်တမ်းတွေကို မီဒီယာတွေက ဖော်ပြခဲ့ကြပါသေးတယ်။ အလားတူ ပျော်စရာ ခရီးစဉ်မျိုး မြောက်ကိုရီးယား နဲ့ ဟောလီးဝုဒ် (Hollywood) သွားတုန်းကလည်း သူရခဲ့ပါသေးတယ်။



အနောက်ဒီမိုကရေစီ နိုင်ငံတွေနဲ့ အဆင်ပြေရတဲ့အကြောင်းရင်း တွေကတော့ သူ့ရဲ့ ဆိုဗီယက် သြဇာကို စိန်ခေါ်ခဲ့တဲ့ လွတ်လပ်တဲ့ နိုင်ငံခြားရေး မှုဝါဒကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သူဟာ ဆိုဗီယက် ဦးဆောင်ခဲ့တဲ့ ဝါဆော စစ်မဟာမိတ် စာချုပ် (Warsaw Pact) ကနေ ၁၉၆၅ နောက်ပိုင်းကာလ ကစပြီး သွေဖည်ခဲ့ပါတယ်။ ကွန်မြူနစ်ဝါဒီ ဖြစ်ပေမယ့် အနောက်ဂျာမနီ (West Germany) ကိုအသိအမှတ်ပြုခဲ့တဲ့ ပထမဆုံး ကွန်မြူနစ် နိုင်ငံဖြစ်သလို အမေရိကန် သမ္မတ နတ်ဆင် (Richard Nixon) ကို ပထမဆုံး လက်ခံခဲ့သူလည်းဖြစ်ပါတယ်။ ကမ္ဘာ့ ငွေကြေးရံပုံငွေ အဖွဲ့ကြီး (International Monetary Fund) ကို ပထမဆုံး ပူးပေါင်းခဲ့ပါတယ်။ ဥရောပ စီးပွားရေး အဖွဲ့ကြီး ဖြစ်တဲ့ (European Economy Community) တွင် ပါဝင်တဲ့ အရှေ့ဥရောပ နိုင်ငံများအဖြစ် ယူဂိုဆလားဗီးယား နိုင်ငံ နှင့် ရိုမေးနီးယား နိုင်ငံသာရှိသည်ဟု ပြောဆိုခြင်းခံခဲ့ရသည။်



သူဟာ ၁၉၆၈ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ “ပရက်စ် ခါနွေဦး” (Prague Spring) လို့လူသိများတဲ့ “ချက်ကိုစလို ဗက်ကီးယား တော်လှန်ရေး” (Czechoslovakia’s revolutionary” ကို ပြစ်တင်ရှုတ်ချ ခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင်အနည်းငယ် ထဲကတစ်ယောက်လည်းဖြစ်ပါတယ်။



၁၉၇၁ တွင် သူ၏ နိုင်ငံရေး သဘောထားများကို ထင်ဟပ်စေသော “July Theses” မိန့်ခွန်းကြီးကို တင်ပြခဲ့သည်။ ယင်းစာတမ်းတွင် အချက် ၁၇ ချက်ပါဝင်ပြီး ရိုမေးနီးယားနိုင်ငံ၏ အသေးစား ယဉ်ကျေးမှု တော်လှန်ရေး (Mini Cultural revolution) အဖြစ် သတ်မှတ် ခဲ့ကြသည်။





ထောက်လှမ်းရေး အကြီးအကဲကြီး ဘက်ပြောင်းသွားခြင်း (Pacepa Defection)



အာဏာရှင်ကြီး ချောင်ဆက်စကူး အာဏာအားပျော့သွားပြီး နောက်ဆုံးပြုတ်ကျသွားရတဲ့ အကြောင်းတွေထဲမှာ အီယွန် မီဟိုင်း ပါစီပါ (Ion Mihai Pacepa) ဆိုသော ရိုမေးနီးယားနိုင်ငံရဲ့ ထောက်လှမ်းရေး အကြီးအကဲ တစ်ဦး ဘက်ပြောင်းသွားပြီး အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် ရခဲ့ခြင်းကြောင့်လည်း ဖြစ်ပါတယ်။



ပါစီပါဟာ “Securitatae” လို့ခေါ်တဲ့ ရိုမေနီးယားနိုင်ငံ ထောက်လှမ်းရေး အဖွဲ့ကြီးရဲ့ ကြယ်နှစ်ပွင့်ရ ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သလို အာဏာရှင်ကြီး ချောင်ဆက်စကူး ရဲ့ အကြံပေး ပုဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။



၁၉၇၈ ဇူလိုင်လမှာ သူဟာ အမေရိကန်သမ္မတကြီး ဂျင်မီကာတာက သူ့ နိုင်ငံရေး ခိုလှုံခွင့် (Political Asylum) လျှောက်ထားချက် ကိုလက်ခံခဲ့လို့ ဂျာမဏီ နိုင်ငံ ဘွန်းမြို့ (Bon) ရှိ အမေရိကန် သံရုံးမှာ ခိုလှုံခွင့်ယူခဲ့ပါတယ်။



သူဟာ အမေရိကန်နိုင်ငံရဲ့ အရှေ့အုပ်စု (Eastern Bloc) ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အမေရိကန် ထောက်လှမ်းရေး တွေနဲ့အတူ လုပ်ကိုင်ခဲ့ပါတယ်။ စီအိုင်အေ (Central Intelligence Agency (CIA) ဆို ပါစီပါကို “အမေရိကန်နိုင်ငံအတွက် အရေးပါဆုံး နှင့် ပြိုင်ဆိုင်ရှားသော ပူးပေါင်းသူ” (An important and unique contribution) အဖြစ် တင်စားခဲ့သည်။



၁၉၇၈ စက်တင်ဘာမှာ ရိုမေးနီးယားနိုင်ငံက သေဒဏ်ထုတ်ပြီး အာဏာရှင်ကြီး ချောင်ဆက်စကူး ကလည်း ပါစီပါကို အမေရိကန် ဒေါ်လာ နှစ်သန်း ဆုငွေထုတ်ခဲ့ပါတယ်။ ပါလက်စတိုင်း ခေါင်းဆောင် ယာဇာ အာရာဖတ် (Yasser Arafat) နှင့် လစ်ဗျားခေါင်းဆောင် ကဒါဖီ (Mummar al- Gaddafi) တို့ကလည်း ဒေါ်လာ တစ်သန်းစီ ပေးမည်ဟု ကြေငြာခဲ့ကြသည်။



၁၉၈၀ မှာရိုမေးနီးယားနိုင်ငံ စစ်ထောက်လှမ်းရေးတွေက Carols the Jackal ခေါ်သော နံမည်ကျော် လူဆိုးကို ငွေပေးပြီး ပါစီပါ ကိုလုပ်ကြံခိုင်းခဲ့ကြသည်။



၁၉၈၆ တွင် ပါစိပါ သည် “အနီရောင် မိုးကုတ်စက်ဝိုင်းများ (သို့) ကွန်မြူနစ် စပိုင်အကြီးအကဲ တစ်ဦး၏ ရက်စွဲမှတ်တမ်း” (Red Horizons: Chronicles of a Communist Spy Chief) စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ယင်းစာအုပ်တွင် အာဏာရှင်ကြီး ချောင်ဆက်စကူး ၏ အုပ်ချုပ်ရေးစနစ် နှင့် နိုင်ငံခြားရေး ဗျုဟာများ စသော အကြောင်းများကို အသေးစိတ် ဖော်ထုတ်တင်ပြထားသည်။



သူ ဘက်ပြောင်းသွားခြင်း (Defection) နောက်ပိုင်း ရိုမေနီးယားနိုင်ငံ ဟာပိုပြီး အထီးကျန်ဆန် (Isolated) ဖြစ်ပြီး စီးပွားရေးလည်း သိသိသာသာ ယိမ်းယိုင်ခဲ့ရသည်။



အာဏာရှင်ကြီး ချောင်ဆက်စကူး ၏ ထောက်လှမ်းရေး အဖွဲ့ကြီး အတွင်းသို့လည်း နိုင်ငံခြား သူလျှိုများ စိမ့်ဝင်လာပြီး တိုင်းပြည်ကိုလည်း ထိန်းချုပ်ရတာ ခက်လာတော့သည်။ အာဏာရှင်ကြီး ချောင်ဆက်စကူး ဟာ ပါစီပါ ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းများ ကိုလည်း သုတ်သင်ရှင်းလင်းပြီး ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစာခဲ့ပေမယ့် မအောင်မြင်ခဲ့ပေ။





တဇွတ်ထိုးစိတ်နဲ့ စီးပွားရေး ချွတ်ခြုံကျမှု


File:Palace of the Parliament, Casa Poporului.jpg



အာဏာရှင်ကြီး ချောင်ဆက်စကူး ဟာတပါတီစနစ် (Totalitarian) ကျင့်သုံးခဲ့ပေမယ့် ဆိုဗီယက် ယူနီယံ (Soviet Union) ကနေ သီးခြားနိုင်ငံရေး စနစ်ကျင့်သုံးခဲ့ခြင်းကြောင့် လည်းကောင်း၊ ၁၉၆၈ ခုနှစ်တွင် ချက်ကိုစလိုဗက်ကီးယား တော်လှန်ရေးကို ဆန့်ကျင်ခဲ့ခြင်း တို့ကြောင့် အနောက် အင်အားကြီးနိုင်ငံများ၏ ထောက်ပံ့မှုကို ရရှိခဲ့သည်။



၁၉၇၂ ခုနှစ်လောက်ကစပြီး သူရဲ့ “စနစ်တကျဖော်ဆောင်ခြင်း” (Systematization) ဆိုတဲ့ စီမံကိန်း တစ်ခုကိုရေးဆွဲပြီး “ဆိုရှယ်လစ်လူ့ဘောင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး” (Multilaterally developed socialist society) တည်ဆောက်ရေး အတွက် လုပ်ဆောင် ခဲ့သည်။ အဆိုးဆုံးတစ်ခုမှာ မြို့တော်များ ပြန်လည်တည်ဆောက်ရေး အတွက် နိုင်ငံတွင်း နေရာအနှံ့အပြားတွင် အဆောက်အအုံများ၊ နေအိမ်များ နှင့် ဘုရားရှိခိုးကျောင်း များကို ဖြိုဖျက် ခဲ့ခြင်း၊ ပြန်လည်နေရာ ချထားခြင်း နှင့် တည်ဆောက်ခြင်းကို သူ့စိတ်တိုင်းကျသာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၈၅ လောက်တွင် သမိုင်းဝင်အဆောက်အဦးများ နှင့် ဘုရားရှိခိုးကျောင်း (Churches) အပါအဝင် Bucharest မြို့ရှိ ၅ ပုံ၁ ပုံ ကျော် ဖြိုဖျက်ခံခဲ့ရသည်။



“မြို့ပြနိုင်ငံ တည်ထောင်ခြင်း” (Urbanization) နှင့် “စက်မှုနိုင်ငံ တည်ဆောက်ခြင်း” (Industrialization) စီမံကိန်းအရ ရွာပေါင်းများစွာ ကိုအတင်းအဓမ္မ ဖျက်စီးခဲ့ပြီး လယ်သမားများစွာကို တိုက်ခန်းများသို့ ရွှေ့ပြောင်းစေခဲ့သည်။



၁၉၆၀ နောက်ပိုင်းတွင် လူဦးရေတိုးပွားအောင် အတင်းကြိုးစားခဲ့၍ မိဘကလေး (Orphans) နှင့် ခိုကိုးရာမဲ့များ အဆမတန် တိုးပွားခဲ့သည်။ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်း၍ HIV/ AIDS ကဲ့သို့ ကူးစက်ရောဂါများ ပျံ့နှံ့ခဲ့ရသည်။



ဘဏာရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံခြားမှ ဒေါ်လာ ၁၃ ဘီလီယံ ငွေကြေးယူခဲ့သည်။ သည်ချေးငွေများကြောင့်ဘဲ တိုင်းပြည်စီးပွားရေး ထိခိုက်ခဲ့ရသည်။



တိုင်းပြည်၏ နိုင်ငံခြားကြွေးမြီ များကိုပြန်ဆပ်ရန် ကြိုးစားမှု တရပ်အနေနဲ့ ၁၉၈၀ နောက်ပိုင်းတွင် ပြည်ပတင်ပို့ခြင်း (Export) ကို ဥိးစားပေးဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ပြည်တွင်းတွင် ရှားပါးမှုများဖြစ်လာခဲ့ပြီး လူနေမှု အဆင့်အတန်း နိမ့်ကျလာခဲ့သည်။



အဓိက စားသောက်ကုန်များဖြစ်သော နွားနို့၊ သကြား၊ ဥ နှင့် ထောပတ် တို့ကို ခွဲတမ်းဖြင့်သာ ရခဲ့ကြသည်။ ငှက်ပျောသီး တစ်လုံးစားရခြင်းသည် ထူးကဲသော ဇိမ်ခံခြင်း (Eating a banana was a rare luxury) အဖြစ်ဆိုရမလောက်ပင် ဖြစ်သည်ဟု ဆိုကြသည်။



ကြွေးမြီကိစ္စ နှင့် အခြားဥပဒေ ပြင်ဆင်မှုများအတွက် လူထုဆန္ဒခံယူပွဲ (Referendum) ကျင်းပခြင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (Constitution) ပြင်ဆင်ရေးသားခြင်းများ ပြုလုပ်ခဲ့သည်။ ဥပဒေ အသစ်အရ ရိုမေးနီးယားနိုင်ငံ သည် နိုင်ငံခြားတိုင်းပြည်များမှ နောက်နောင် ငွေချေးယူခြင်း မပြုရ ဟု ပါဝင်သည်။



အာဏာရှင်ကြီး ၏ နေဝင်ချိန်များ



၁၉၈၉ ဒီဇင်ဘာလတွင် ဖြစ်ပွားခဲ့သော Timisoara နှင့် Bucharest မြို့များတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆန်ကျင်ရေး အဖြစ်အပျက်များကြောင့် အာဏာရှင်ကြီး ချောင်ဆက်စကူး ၏ နှစ် ၃၀ နီးပါး သက်တမ်းရှိ အစိုးရ ပြုတ်ကျခဲ့ရသည်။



၁၉၈၉ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော ၁၄ ကြိမ်မြောက် ရိုမေးနီးယား ကွန်မြူနစ် ပါတီကွန်ကရက် (Congress of the Romanian communist Party (PCR) မှ အသက် ရ၁ နှစ် ရှိပြီဖြစ်သော ချောင်ဆက်စကူး ကို ပါတီ ခေါင်းဆောင်ကြီး အဖြစ် နောက်ငါးနှစ် သက်တမ်း အတွက် ရွေးချယ်ခဲ့ကြသည်။



Timisoara မြို့တွင်ရှိ ဆန္ဒပြပွဲများသည် အစိုးရက ဟန်ဂေရီ လူမျိုး ခရစ်ယာန် သင်းအုပ်ဆရာ လာစလို တိုခဲလ် (Laszlo Tokes) ကို လူမျိုးရေး မုန်းတီးမှု (Ethnic hatred) ဖြစ်အောင် လုပ်သည် ဟူသော စွပ်စွဲချက်ဖြင့် နယ်မြေထဲမှ ထွက်သွားစေခဲ့ခြင်း မှစတင်ခဲ့သည်။ ထိုအချိန်က သူ့ဇနီး အဲဒစ် (Edict) သည်လည်း ကိုယ်ဝန်ကြီးနှင့် ဖျားနာနေသော အချိန် လည်းဖြစ်သည်။



၁၉၈၉ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် သင်းအုပ်ဆရာကို ထောက်ခံသော ခရစ်ယာန် ပရိသတ်များသည် သူ့နေထိုင်ရာ အဆောက်အအုံ ကိုဝန်းရံပေးခဲ့ကြသည်။ မြို့တော်ဝန် နှင့် အာဏာပိုင်များက လူစုခွဲရန်ကြိုးစားခဲ့သည်။ မိးသတ်ပိုက်များဖြင့် ထိုးခဲ့သည်။ သို့သော် လူအုပ်ကြီင်္းက နောက်မဆုတ်ခဲ့ပေ။ နောက်ပိုင်း ဟန်ဂေရီ လူမျိုး ခရစ်ယာန် ဘာသာဝင်များ နှင့် ရိုမေးနီးယား စက်မှုကျောင်းသားများ၊ တက္ကသိုလ် ကျောင်းသားများ ပူးပေါင်းခဲ့ကြသည်။ အစပိုင်းတွင် လူအုပ်ကြီးသည် ဓမ္မသီချင်း (Hymn) ကိုရွတ်ဆိုခဲ့ကြပြီး ည ၇ နာရီ ခွဲ လောက်မှ စတင်ကာ အမျိုးသားရေး တေးသီချင်းဖြစ်သော “ထလော့, အို….ရိုမေးနီးယားပြည်သူတို့! (Wake up, O , Romanian!) Deşteaptă-te, române! သိချင်းကို သီဆိုခဲ့ကြသည်။



ယင်းသီချင်းသည် ရိုမေးနီးယားနိုင်ငံ၏ သမိုင်းဝင် နိုင်ငံတော် သီချင်းဖြစ်သည်။ သို့သော် ကွန်မြူနစ် ပါတီ အာဏာရပြီး ၁၉၄၇ ဒီဇင်ဘာလမှ စတင်ကာ “ထလော့, အို….ရိုမေးနီးယားပြည်သူတို့! (Wake up, O , Romanian!) သီချင်းအပါအဝင် အခြား တော်လှန်ရေး သီချင်းများကို ပိတ်ပင် တားမြစ်ခဲ့သည်။ သို့သော် ၁၉၈၇ ခုနှစ်က ဘရာဆော့ဗ် (Brasov) မြို့တွင် ဖြစ်ပွားခဲ့သော Brasov ဆန္ဒပြပွဲတွင်လည်း ယင်းသီချင်း ကိုသိဆိုခဲ့ကြသေးသည်။



ဒီဇင်ဘာ ၁၇ ရက်တွင် စစ်တပ်မှ ပစ်ခတ်နှိမ်နင်းခဲ့၍ လူအများ သေဆုံးခဲ့သည်။ ချောင်ဆက်စကူး ၏ ဇနီး အဲလ်လီနာ (Elena) ၏အမိန့်ဖြင့် လူသေအလောင်း ၄၀ လောက်ကို ထရပ်ကားများဖြင့် Bucharest မြို့သို့ သယ်ဆောင်သွားပြီး ခြေရာဖျောက်ရန် သဂြိုလ် ခဲ့သည်ဟု မှတ်တမ်းများတွင်တွေ့ရသည်။



ဒီဇင်ဘာ ၁၈ ရက်နေ့တွင် Timisoara မြို့ရှိ ထောင်ပေါင်းများစွာသော စက်မှု အလုပ်သမား များပါ ဆန္ဒပြပွဲ သို့ ငြိမ်းချမ်းစွာ ပါဝင်ခဲ့သည်။ အခြား မြို့ကြီးများသို့လည်း ဆန္ဒပြပွဲများ ကူးစက်ခဲ့သည်။



ဒီဇင်ဘာ ၁၈ ရက်နေ့မှာပင် အာဏာရှင်ကြီး ချောင်ရှက်စကူး သည် အီရန်ကို အလည်အပတ် သွားရောက်ခဲ့သေးသည်။ ဆန္ဒပြပွဲများကို နှိမ်နှင်းရန် သူ့ဇနီး အဲလ်လီနာ (Elena) နှင့် လက်ဝေခံများကို ထားခဲ့သည်။



ဒီဇင်ဘာလ ညနေတွင် အီရန်မှပြန်ရောက်လာပြီး ဗဟိုကော်မတီ အဆောက်အဦး ရှိ TV Studio ခန်းမှ မိန့်ခွန်းပေးခဲ့သည်။ Timisoara အရေးအခင်းနျင့် ပတ်သတ်၍ ပြောကြားရာတွင် အာဏာရှင်ကြီး ချောင်ရှက်စကူး က “ရိုမေးနီးယားနိုင်ငံ၏ ပြည်တွင်းရေးကို နိုင်ငံခြားမှ အင်အားစုများမှ ဝင်ရောက်စွက်ဖက်ခြင်း” (Interference of foreign forces in Romania’s international affairs) နှင့် “ရိုမေးနီးယား အချုပ်အခြာနယ်မြေ သို့ပြည်ပမှ ကျူးကျော် ဝင်ရောက်ခြင်း” (External aggression on Romania sovereignty) ဟူသော အသုံးအနှုန်း များကို ပြောခဲ့သည်။



Timisoara အရေးအခင်းနှင့် ပတ်သတ်၍ အစိုးရသတင်းဋ္ဌာန များမှ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။ VOA, RFE (Radio Free Europe) ကဲ့သို့သော နိုင်ငံခြား ရေဒီယို သတင်းဋ္ဌာနများ နှင့် လူအများပြောကြ၍သာ သိခဲ့ကြရခြင်းဖြစ်သည်။



ဒီဇင်ဘာ ၂၁ ရက်နေ့တွင် လူထု အစည်းအဝေးကြီး (Mass meeting) တစ်ခု ကျင်းပခဲ့သည်။ အစိုးရပိုင် သတင်းဋ္ဌာနတွေက “ချောင်ဆက်စကူးကို ထောက်ခံသော အလိုအလျှောက် လှုပ်ရှားမှုကြီး” (Spontaneous movement of support for Ceausescu) အဖြစ် လိမ်လည် တင်ပြခဲ့ကြသေးသည်။



ယခု တော်လှန်ရေးရင်ပြင် (Revolution Square) ဟုခေါ်သော နေရာတွင် ကျင်းပခဲ့သော ယင်းလူထုအစည်းအဝေးကြီး ကိုစစ်တပ်နှင့် ရဲမှ အကြမ်းဖက် နှိမ်နှင်းခဲ့သည်။ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် အဓိကမြို့ကြီးများတွင် ဆန္ဒပြပွဲကြီးများ ပေါ်ပေါက်ခဲ့သည်။ ထိုပြင် ကာကွယ်ရေး ဝန်ကြီး Vasila Milea သေဆုံးမှု သတင်းကိုလည်း မီဒီယာမှ ထုတ်ပြန်ခဲ့သည်။



အာဏာရှင်ကြီး ချောင်ဆက်စကူး လည်း ချက်ချင်းဆိုသလို အမှုဆောင်ကော်မတီ (Political Executive Committee) ကိုကျင်းပပြီး စစ်တပ်ရဲ့ အကြီးအကဲ အဖြစ်ခံယူခဲ့သည်။ သူဟာ ဗဟိုကော်မတီ (Central Committee) အဆောက်အဦးရှေ့ ကလူအုပ်ကြီးကို လူစုခွဲရန် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အာဏာရှင် ရဲ့ စစ်ဖိနပ်အောက် မှာနာကျည်းစွာ ခံစားခဲ့ကြတဲ့ ပြည်သုတွဟာ ရဲရဲဝံ့ဝံ့ ရင်ဆိုင် အာခံ ခဲ့လို့ ၂၂ ရက်နေ့မှာဘဲ ဟယ်လီကော်ပရာ (Helicopter) နဲ့ထွက်ပြေးခဲ့ပါတော့တယ်။



အာဏာရှင်ကြီး ချောင်ဆက်စကူး နဲ့ ဇနီးတို့ကို ရဲကဖမ်းထားပြီး နောက် စစ်တပ်လက်သို့ အပ်လိုက်ပါတော့တယ်။



ဒီဇင်ဘာ ၂၅ ရက်နေ့မှာ မှာတော့ အာဏာရှင်ကြီး ချောင်ရှက်စကူး နဲ့ သူ့ဇနီး တို့ကို တရားမဝင်နည်းများဖြင့် ငွေကြေးဥစ္စာ စုဆောင်ခြင်း မှသည် အစုလိုက်အပြုံလိုက် လူသတ်ဖြတ်ခြင်း စသော ပြစ်မှုများစွာဖြင့် စစ်ခုံရုံးမှာ တရားစွဲပြီး Târgovişte မြို့မှာ ပစ်သတ်ပြီး စီရင်ပေးခဲ့ပါတယ်။



အာဏာရှင်ကြီး ချောင်ဆက်စကူး နဲ့ ဇနီးတို့ကို ပစ်သတ်စီရင်ခဲ့သော Video သတင်းမှတ်တမ်း ကို အနောက်နိုင်ငံအများစုမှာ ထုတ်လွှတ်ပြသခဲ့ပါတယ်။ နောက်တနေ့တွင် ရိုမေနီးယားနိုင်ငံ ရုပ်မြင်သံကြား မှလည်း ထုတ်လွှတ်ခဲ့ပါတယ်။



ရိုမေနီးယားနိုင်ငံတွင် ၁၉၉၀ ဇန်နဝါရီလ ၇ ရက်နေ့မှစ၍ သေဒဏ်စီရင်မှုပေးခြင်း (capital punishment) ကိုဖျက်သိမ်းခဲ့၍ အာဏာရှင်ကြီး ချောင်ဆက်စကူး နဲ့ ဇနီးတို့သည် ရိုမေနီးယားနိုင်ငံ၏ နောက်ဆုံး သေဒဏ် ပေးခြင်းခံရသူများ ဖြစ်ခဲ့ကြရသည်။

File:Romanian Revlution 1989 3.jpg



သုံးသပ်ချက်



အာဏာရှင်ကြီး ချောင်ဆက်စကူး နဲ့ ဇနီးတို့ အကြောင်းကို ဖတ်ပြီး အာဏာရှင်တို့ရဲ့ စရိုက် နဲ့ သဘောထားကို သိနိုင်ပါတယ်။ တကယ်တော့ ချောင်ရှက်စကူး ဟာ ငယ်ရွယ်နုပျိုချိန်ကတော့ အလွန်ကြိုးစားပြီး တိုင်းပြည်အတွက် ပေးဆပ်လိုစိတ်၊ မတရားမှုကို တွန်းလှန်လိုသော စိတ်တွေနဲ့ လုပ်ကိုင်ခဲ့တာဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း ငယ်ငယ်ရွယ်ရွယ် နဲ့ နေရာကောင်းတွေ၊ ရာထူးကြီးတွေ ရခဲ့တာပါ။ ဒါပေမယ့် အာဏာကို တပ်မက်လာပြီး ငါတကောကောတဲ့ အာဏာရှင်ကြီးတို့ရဲ့ မာန်မာန အတိုင်း လုပ်ခဲ့လို့ ပြည်သူတွေရဲ့ ရွံ့ရှာမုန်းတီးမှု ကိုသာရပြီး ဘဝနိဂုံး မကောင်းဖြစ်ခဲ့ရပါတယ်။



သူကျရှုးံခြင်း နဲ့ ရိုမေးနီးယားနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အကြောင်းကို ဖတ်ရှုလေ့လာပြီး ဗမာ့နိုင်ငံရေး အခြေအနေ နဲ့ နှိုင်းယှဉ်မိပါတော့တယ်။



ရိုမေးနီးယားနိုင်ငံကို နှစ်၃၀ နီးပါးအုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ကြီး ချောင်ဆက်စကူး ဟာ ပြည်သူ့မေတ္ထာမရခဲ့လို့ ရက်သတ္တပတ် တစ်ပတ် ကာလတိုလေး ထဲမှာ အာဏာစွန့်ရတဲ့ အပြင် အဆုံးစီရင်ခြင်းကို ခံခဲ့ရတာပါ။



သူဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် မည်မျှပင်လုပ်စေကာမူ ပြည်သူပြည်သားတွေ မြတ်နိုးတန်ဖိုးထားတဲ့ ဘာသာရေး၊ သမိုင်းဝင် အဆောက်အဦး စတာတွေကို ဖြိုဖျက်ခဲ့၊ စော်ကားခဲ့မိလို့ ပြည်သူတွေရဲ့ မုန်းတီးရွံ့ရှာခြင်း ခံခဲ့ရတာပါ။



အာဏာရှင်ကြီး ချောင်ဆက်စကူး ဟာနိုင်ငံရေး သဘောထားတွေ၊ ကမ္ဘာ့နိုင်ငံရေး ကောက်ကြောင်းနဲ့ ရာသီဥတု ကို ကောင်းကောင်းနားလည် အသုံးချ ကစားနိုင်ခဲ့သူပါ။ ဒါကြောင့် စစ်အေးကာလ စနစ်ကြီးနှစ်ခုကြားမှာ ပါးနပ်နပ်နေနိုင်ခဲ့သူပါ။ ဒါပေမယ့် ပြည်သူရဲ့ အသံ နဲ့ သက်ပြင်းချသံတွေကို နားမလည်လို့ စက်တိုင်တက်ခဲ့ရတာပါ။



အာဏာရှင် ပီပီသူနှစ်သက်တဲ့ ဂီတ ကိုဝါဒ အဖြစ်သာလက်ခံပြီး အမျိုးသားရေး သမိုင်းဝင် သီချင်း နဲ့ သမိုင်းစစ်စစ်တွေကို တားဆီးပိတ်ပင်ခြင်း၊ ဖျောက်ဖျက်ပစ်ခြင်း စတာတွေဟာလည်း သူ့ရဲ့ မဟာအမှားတွေပါ။



တိုင်းပြည်ရဲ့ အရေးအကြီးဆုံး အင်အားစုတွေ ဖြစ်တဲ့ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား စတဲ့ လူတန်းစားတွေရဲ့ ဘဝနဲ့ ဒုက္ခကို ဂရုမထား၊ အလေးမထားဘဲ လူမြင်ကောင်းအောင် နှင့် မိမိအင်အား ပါဝါကြီးကြောင်း ကြွားဝါချင်စိတ်နဲ့ ခမ်းနားပြီး ငွေကုန်ကြေးကျ များသော အဆောက်အဦးသစ်၊ မြို့တော်သစ် ဆောက်လုပ်ခြင်းဟာလည်း အာဏာရှင်များကို ကြမ္မာဆိုးတွေ ကျရောက်စေသည်။



မိမိ မိသားစု၊ ဆွေမျိုး၊ အသိုင်းအဝိုင်း နှင့် လက်တစ်ဆုပ်စာ လူတန်းစား ကောင်းစားရေးကိုသာ လုပ်တဲ့ အာဏာရှင်တွေနဲ့ နောက်လိုက်တွေဟာ အချိန်မီ မပြင်ဆင်ရင် ဒီလိုဘဲ ဘဝဆိုးတွေနဲ့ အဆုံးသတ်ကြရမှာပါ။



အာဏာရှင်တွေရဲ့ ဇနီး၊ သားသမီးများ နိုင်ငံရေး နားမလည်ဘဲ တိုင်းပြည်အရေးမှာ ဝင်ရောက်ချယ်လှယ်ခြင်းဟာ အားလုံးအတွက် ထိခိုက်နစ်နာစေပြီး အာဏာရှင်စနစ်ရဲ့ အဆိုးဆုံးတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။



“ရန်သူစခန်းဆီကရလာတဲ့ ဆန်အိတ်တအိတ်ဟာ မိမိမှာပါလာတဲ့ ဆန်အိတ် နှစ်ဆယ်ထက် ပိုပြီး တန်ဖိုးကြီး အသုံးဝင်တယ်” လို့ စစ်ပါရဂူကြီး ဆွန်ဆူး ပြောခဲ့ဖူးပါတယ်။ နိုင်ငံရေး နဲ့ စီးပွားရေး မှာလည်း “သူ့လူကိုယ့်ဘက်သား” (Whistle Blowers) တွေ၊ ဘက်ပြောင်း လာချင်သူ တွေ ဟာလည်း အလွန်အရေးကြီးပါတယ်။ သူတို့ရဲ့ မှန်ကန်တဲ့ အချက်အလက် တွေ၊ အသိညာဏ်တွေ ဟာ အာဏာရှင် ရဲ့ပေါ်လစီကို လေ့လာရာမှာဘဲ ဖြစ်ဖြစ်၊ မိမိဗျုဟာ ခင်းကျင်းရာမှာဘဲ ဖြစ်ဖြစ် အရေးပါပါတယ်။ တခါတလေ Zero-Sun game လို့ တောင်ဆိုနိုင်ပါတယ်။ သူ့တို့အတွက် လမ်းတွေ ဖွင့်ပေးထားနိုင်ရပါမယ်။ လုံခြုံရေး နှင့် ဘဝအတွက် စိတ်ချရအောင် လုပ်ပေးနိုင်ဖို့လိုပါတယ်။ သူတို့ကလည်း အများသိနိုင်အောင် ရေးသား ထုတ်ဖော်ပြောကြားခြင်း၊ အသေးစိတ် ရေးသားပြုစုပြီး စာတမ်း၊ စာအုပ် ထုတ်နိုင်ရင် ပိုကောင်းပါတယ်။



“အာဏာရှင်ဆိုတာ အဆင်းရဲဆုံးနိုင်ငံက အချမ်းသာဆုံးလူ” ဖြစ်သွားကြပါတယ်။ တိုင်းပြည် နဲ့ အာဏာရှင်တွေဆီမှာ ငွေဘယ်လောက်ရှိရှိ ပြည်သူတွေ ဆင်းရဲရင်၊ တိုင်းပြည်အရေးမှာ ပါဝင်ခွင့် မရရင် အကောင်အထည် ဖော်ဆောင်ရာမှာ အောင်မြင်မှာမဟုတ်ပါဘူး။ ပြည်သူ့မေတ္တာ ကိုတိုက်ယူ၊ ဝယ်ယူလို့ မရပါဘူး။



ပြည်သူဆိုတာ တဦးတယောက်ချင်းဆီမှာတောင် အစွမ်းသတ္တိ ရှိနေကြပါတယ်။ အင်အားစုဖြစ်ဖို့ နှစ်ယောက်ကနေစပြီး ပေါင်းစည်းရင်တောင် ဖြစ်ပါတယ်။ “အကျင့်တူမှု နဲ့ အမြင်တူမှု” ဘဲလိုပါတယ်။



အမျိုးသားရေး ကဗျာ၊ သီချင်း၊ စာသားကောင်း စတာတွေကို အာဏာရှင်တွေက ခြိမ်းခြောက် တားမြစ်စေကာမှု ပြည်သူ့ မျိုးဆက် အဆက်ဆက်ရဲ့ ရင်ထဲ နှလုံးသားထဲမှာ ထာဝရ ကိန်းနေပြီး လိုအပ်တဲ့ အချိန် ဖွင့်အန်ထွက်လာမယ် ဆိုတာ အမှန်ပါ။ လူတွေအတွက် အသုံးဝင်လို့ နံမည်အမှည့် ခံထားရတဲ့ ကြယ်ကလေးတွေ ဘယ်တော့မှ မကြွေကြပါဘူး။



အာဏာရှင် စနစ်ဆိုးကြောင့် ပြည်သူတွေခံစားနေရတဲ့ ဒုက္ခဝေဒနာတွေ ကင်းပျောက်ဖို့ အတွက် အသက်သွေးတောင် ပေးဆပ်အနစ်နာ ခံရဲတဲ့ အာဇာနည် သူရဲကောင်းတွေ လူ့အလွှာ အသီးသီး၊ အသက်အရွယ်ရွယ် အမျိုးမျိုးမှာ ရှိနေကြပါတယ်။



အာဏာရှင်အစိုးရ မီဒီယာတွေဟာ သူတို့ဝါဒရေးရာ ကလွဲပြီး သတင်းအမှန်၊ စာရင်းအမှန်တွေကို ထုတ်လေ့မရှိပါဘူး။ ဒါပေမယ့် လွတ်လပ်တဲ့ သတင်းဋ္ဌာန တွေ၊ သမာသမတ်ရှိတဲ့ သတင်းသမားတွေ ထုတ်ဖော် ပေးခြင်းဖြင့် အာဏာရှင်ကို တိုက်ရာ ရောက်ပါတယ်။ အနည်းဆုံး နီးစပ်ရာလူတွေကို ပြောပြသင့်ပါတယ်။ နေ၊ လ၊ အမှန်တရား ဆိုတဲ့ အရာ သုံးခုကို တာရှည်စွာ ဖုံးကွယ်ထားလို့ မရပါဘူး။



အာဏာရှင်တွေဟာ အာဏာမှိုင်းတွေ၊ အမိုက်မှောင်တွေ ဖုံးနေလို့ အဖြစ်မှန်တွေကို မသိနိုင်ပါဘူး။ အထူးသဖြင့် သူတို့ဘေးနားက ကပ်ဖားရပ်ဖား လုပ်သူတွေကြောင့် ပိုဆိုးပါတယ်။ ပြည်သူတွေရဲ့ အသံတွေကို နားမထောင်ဘဲ လျစ်လျူရှုတာဟာ အကြီးမားဆုံး အမှားတစ်ခုပါ။ လူယုံတွေရဲ့ မြှောက်ပင့်စကား တွေ၊ သတင်းမှားတွေကို ယုံမိလို့ ခေါင်းဖြတ်ခံခဲ့ရတဲ့ ဘုရင်တွေ၊ ကြိုးစင် တက်ခဲ့ရတဲ့ အာဏာရှင်တွေ အများကြီးပါ။ ဗမာပြည်က အာဏာရှင်ကြီး ဗိုလ်သန်ရွှေ ဆိုရင် ငရဲပြည် တောင်သွားမလို့ အားလုံးပြင်ဆင်ပြီးပါပြီ။



အာဏာရှင်တွေဟာ အပူရုပ်ကို ဟန်လုပ်ပြုံးပြ တဲ့နေရာမှာ အလွန် ကျွမ်းကျင်ပါတယ်။ ပြည်သူကို စိတ်ဓါတ် စစ်ဆင်ရေး (Psywar) တွေလုပ်ပြီး ထိန်းထားတာပါ။ “ပြည်တင်းက မင်း မခံနိုင်” ဆိုတဲ့ စကားပုံ အတိုင်း ပြည်သူတွေက မလျှော့ဘဲ အင်တိုက်အားတိုက် လုပ်ဖို့ဘဲလိုပါတယ်။



အာဏာရှင် နဲ့ သူ့ဘက်သားတွေက နည်းလမ်းပေါင်းစုံ၊ ပရိယာယ် ပေါင်းစုံ၊ မက်လုံးပေါင်းစုံ နဲ့ သိမ်းသွင်းခြင်း၊ ခြိမ်းခြောက် အကြပ်ကိုင်ခြင်းတွေ၊ အခွင့်အရေး ပေးခြင်းတွေ လုပ်လာနိုင်တယ် ဆိုတာ ကြိုတင် သိထားရပါမယ်။ မိမိရဲ့ အကျင့်သီလကို ဖျက်ပြီး သူတို့ရဲ့ ခွင် ထဲမရောက်သွားဖို့ လိုပါတယ်။ အပြစ်မဲ့ ပြည်သူတွေကို သနားကြင်နာစိတ် ထားနိုင် ကြပါစေ။



ကိုယ်ကျင့်သိက္ခာကောင်းပြီး အမြော်အမြင်ကြီးတဲ့ ခေါင်းဆောင်ကောင်းတွေကို အာဏာရှင်တွေက အဓိကရန်သူ အဖြစ်မြင်ကြပါတယ်။ ဒီလို လူထု ခေါင်းဆောင်ကောင်း တွေကို ပြည်သူတွေက လေးစားအားကျ အတုယူဖို့လိုပါတယ်။ ဝိုင်းရံပေးဖို့လိုပါတယ်။ ဗမာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်လို၊ ဘဘဦးဝင်းတင်လို၊ ကိုကိုကြီး၊ ကိုမင်းကိုနိုင်တို့လို ခေါင်းဆောင်ကောင်းတွေ ရှိနေပါတယ်။ ၂၄၀၀ လောက်နီးပါးလောက်ရှိတဲ့ ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေ အကျဉ်းထောင်တွေထဲမှာရှိနေတုန်းပါဘဲ။ ၁၄၀ ကျော်လောက်ဟာ စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေထဲမှာ ကျဆုံးခဲ့ရတယ် ဆိုတာ မမေ့ကြပါနဲ့။ သွေးစွန်းလက်တွေနဲ့ အာဏာရှင်တွေဟာ အဲဒီထောင်တံခါးသော့ တွေကို ဖျောက်ပစ် လိုက်ကြပါပြီ။ ပြည်သူ့အားနဲ့ ရိုက်ချိုးပြီး သူရဲကောင်းတွေကို ကယ်တင်ရပါမယ်။



အာဏာရှင်တွေလည်း ပုံပြင်လှလှလေးတွေ ပြောတတ်တယ်ဆိုတာ မမေ့ကြပါနဲ့။



အာဏာရှင် တော်လှန်ရေး အချိန်ကြာလာသည်နှင့် အမျှ လူထုရဲ့ တော်လှန်ရေးစိတ်ဓါတ် ဟာလည်း အားပျော့သွားနိုင်ပါတယ်။ အပြောင်းအလဲ ဆိုတာ ရုတ်တရက်ကြီးလည်း ဖြစ်တတ်တယ်ဆိုတာ သိထားသင့်ပါတယ်။



စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း၊ နေ့တိုင်း တိုက်ပွဲဝင်နေတယ်လို့ သဘောထားရပါမယ်။ ပြောင်းလဲမှုရဲ့ လမ်းစဟာ ဘုရားရင်ပြင်ကလည်း ဖြစ်နိုင်တယ်။ လက်ဖက်ရည်ဆိုင်ကလည်း ဖြစ်နိုင်တယ်။ စာသင်ကျောင်း ကလည်း ဖြစ်နိုင်တယ်။ ဈေးထဲကလည်း ဖြစ်လာနိုင်တယ်။ နေရာတိုင်း၊ အဖြစ်အပျက်တိုင်း ကနေလူထု လှုပ်ရှားမှုကြီး ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ပြည်သူတွေ အနေနဲ့ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ် ရှိကြရင် အာဏာရှင် မပြောနဲ့ တန်ခိုးရှင်တွေတောင် မနေနိုင်ပါဘူး။ လူထုအားဘဲ လိုတာပါ။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြပါ။





***မှတ်ချက်….ရိုမေးနီးယား ဘာသာစကား မတတ်ကျွမ်းသောကြောင့် နံမည်စလုံးပေါင်း အသံထွက် လွဲချော်မှုများ ရှိနိုင်၍ နားလည်ပေးကြပါ။



ရေးသားသူ ….ဘလော့ခ်ဂါ အလင်းဆက်

အကြံပြုသူများ….ဘလော့ဂါ ဒီမိုဝေယံ၊ ခမိခဆဲ နှင့် ရွှေကျောင်းသား



၂၇. ဇူလိုင်လ.၂၀၁၀Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */