7/18/2010 - women leaderမြန်မာ နိုင်ငံတွင် တပ်မတော်ကို တည်ထောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးကို သူတည်ထောင်ခဲ့သော တပ်မတော်က ၁၄ နှစ်ကျော်ကြာအောင် ဖမ်းဆီး ထိန်းသိမ်း ထားသည်ဟု ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ထုတ်ဝေသော ဘင်္ဂလီ သတင်းစာ တစောင်က ဖေါ်ပြသည်။
၁၉၆၂ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှ ယနေ့အချိန်ထိ ကမ္ဘာ့ တလွှား ထင်ရှားကျော်ကြားခဲ့သော အမျိုးသမီး ခေါင်းဆောင်များကို ဖေါ်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို ထိုသို့ ရေးသား ဖေါ်ပြထားခြင်း ဖြစ်သည်။
အဆိုပါ သတင်းစာမှာ Kalerkanto သတင်းစာဖြစ်ပြီး ဇူလိုင်လ ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို တခြား ကမ္ဘာ့ ခေါင်းဆောင် အမျိုးသမီးများ ဖြစ်ကြသည့် အိန္ဒရာဂန္ဒီ၊ မာဂရက်သက်ချာ၊ ဘန်နီဇီယာ ဘူတိုစသည့် အမျိုးသမီး ခေါင်းဆောင်များ၏ ပုံများနှင့် အတူ ပူးတွဲ ဖေါ်ပြထားသည်။
အဆိုပါ သတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည် ပညာသင်ကြားခဲ့သော ကျောင်းများနှင့် ရရှိခဲ့သော ဘွဲ့ပညာများကို ဖေါ်ပြထားပြီး ၁၉၈၈ ခုနှစ်က မိခင်နာမကျန်း ဖြစ်ရာမှ မြန်မာနိုင်ငံကို ပြန်လာရာမှ မြန်မာ့ ဒီမိုကရေစီ အရေးတွင် ပါဝင်လာရပုံများကို ဖေါ်ပြထားသည်။
၎င်းပြင် မြန်မာ့ စစ်အစိုးရသည် ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကမ္ဘာသိကျေညာပြီး အထွေထွေ ရွှေးကောက်ပွဲကို ပြုလုပ်ပေးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၈၅ ရာခိုင်နုန်းကျော် အနိုင်ရသောအခါ အာဏာကို လွဲပြောင်း ပေးအပ်ခြင်း မရှိဘဲ ဒေါ်စုကို ဆက်လက် ဖမ်းဆီးပြီး ဖိနှိပ်ချုပ်ချယ်ထားမူ ပြုလုပ်ထား ကြောင်း ဖေါ်ပြ သည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့ မီပူရ် ၁၀ မှ တက္ကသိုလ်ကျောင်းသား တဦးကို အဆိုပါ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည် အကြောင်းနှင့် ပတ်သက် မေးမြန်းကြည့်ရာ သူက ယခုကဲ့သို့ ပြောသည်။
“ ဒီတိုင်းပြည်မှာ ဗမာပြည်က ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဆိုရင် လူတိုင်းလိုလိုက သိရှိကြပြီး သူမအပေါ် ဂရုဏာ သက်သူတွေက ပိုများပါတယ်။ သူမဟာ ဗမာပြည် ဒီမိုကရေစီ အရေးအတွက် စွန်းစွန်းတမံ ကြိုးပမ်းဆောင်ရွက်နေတဲ့ အမျိုးသမီး ခေါင်းဆောင် တဦးဖြစ်ပြီး သူမကို ဗမာပြည် စစ်တပ်က မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင်ထားတယ်ဆိုတာကို လူတိုင်းသိကြပါတယ်။ ဗမာပြည်မှာ သမ္မတ ဘယ်သူ ၀န်ကြီးချုပ် ဘယ်သူဆိုတာကို ကျွန်တော့် ပြည်သူတွေ မသိကြပါ။ သူမကိုသာ သိရှိကြပါတယ်။ တနေ့ သူမ လွတ်မြှောက် လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
ဘင်္ဂလာဒေခ်ျ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော သတင်းများကို သတင်းစာများ၊ ဂျာနယ်များတွင် ယခုကဲ့သို့ မကြာခဏ ဖေါ်ပြလေ့ရှိကြောင်း သိရသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)Rest of your post
Monday, July 19, 2010
မြန်မာ့ တပ်မတော်ကို တည်ထောင်သူ၏ သမီးကို ၎င်းတပ်မတော်က ၁၄ နှစ်ကြာ ဖမ်းဆီး ထိန်းသိမ်းထားဟု ဘင်္ဂလီ သတင်းစာတွင် ဖေါ်ပြ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment