“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, July 25, 2010

ငရဲလားမယ့် အဇာတသ

ဘုန်းကြီးသတ်ပြီး ဘုရားရှိခိုးမဲ့ လူသတ်သမားတဲ့လား...
Friday, July 23, 2010
ဘုန်းကြီးသတ်ပြီး ဘုရားရှိခိုးမဲ့ လူသတ်သမားတဲ့လား ဗုဒ္ဒဂါယာ လာမှာဆိုတာ

ဘာသာတရားဆိုသည်မှာ လူသားတိုင်းအဖို့ ကိုးကွယ်ရာ ဆည်းကပ်ရာ ၊ စည်းကမ်းကလနားတွေနှင့် ထိမ်းချုပ်ထားသည်မို့ မည်သို့ပင်ဖြစ်စေ လူဆိုသည်က ယဉ်ကျေးသိမ်မွေ့တတ်ပါသည် ၊ ကမ္ဘာဦးအစကပင် လူတွေက နတ်ကိုးကွယ်ခြင်း၊ လ ကိုး.ကွယ်ခြင်း၊ တောကိုးကွယ်ခြင်း ၊ တောင်ကိုးကွယ်ခြင်၊၊ ပင်လယ်ကိုယ်ကွယ်ခြင်း ၊ စတာတွေနှင့် ရှိနေခဲ့ကြသည်။ အကြောင်းအရာတခုကမူ တူညီကြပါသည်၊ ယင်းရိုးရာကိုယ်ကွယ်ခြင်းမှာ အကာအကွယ်ရရှိစေခြင်းနှင့် ယုံကြည်စိတ်ချရမူအပေါ် အလေးထားခြင်း ဖြစ်ပြီး အားလုံးတူညီတတ်ကြပါသည်။ ဘာသာတရားနှင့် ပါတ်သက်၍ ကိုးကွယ်ခြင်းကို ယင်းမျှသာ ပြောချင်ပါသည်။ ဗုဒ္ဒဘာသာတယောက်ဖြစ်သော ကျွန်တော်တို့သည်၊ ဗုဒ္ဒ၏သားတော် ရဟန်းသင်္ဃာများကို စိတ်နှင့်တောင် မပြစ်မှားဖူးကြသည်မှာ ဗုဒ္ဒသာသနာတည်တန့်သည့်ကာလမှ စသည့်ကာလကပင်ဖြစ်ပါသည်။ ယခုမူဗုဒ္ဒဘာသာဝင်ဖြစ်သော မြန်မာနိုင်ငံမှ နအဖစစ်ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၀ရ ခုနှစ် စက်တင်ဘာလက ရဟန်းသင်္ဃာများကို ရက်ရက်စက်စက် ပစ်သတ်စေခဲ့ပါသည်။ ရဟန်းများ သေကြေခဲ့ရပါသည်။ မရှုမလှနှင့် ပျံလွန်တော်မူခဲ့ရပါသည်။
ဘုန်းကြီးသတ်သန်းရွှေသည် ယခုအချိန်တွင် အိန္ဒိယနိုင်ငံသို့ ခရီးထွက်ခွါလာမည်ဟု သိရပါသည်။ မြတ်စွာဘုရားပွင့်တော်မူရာ ဗုဒ္ဒဂါယာသို့ ဘုရားဖူးလာခြင်းဖြစ်သည်ဟုလည်း သိရှိရပါသည်။ သွေးစွန်းနေသောသန်းရွှေ၏လက်သည် ဗုဒ္ဒဘုရားကို ဖူးမျှော်ရှိခိုးနေရာမှ ဆေးကြောသန့်စင်နေမည်ဟု မထင်။ သူ့လက်သည် မည်သည့်အခါမျှ မသန့်ရှင်းပါစေနှင့်ဟု ကျွန်တော်တို့က ဆုတောင်းထားပြီးဖြစ်သည်။ တခါက ဗုဒ္ဒဂါယာမှာ နအဖဗိုလ်ချုပ်မှူးကြီးသန်းရွှေ လှူဒန်းထားသော ၁၂ လက်မခန့်ရှိ ကျောက်ဆင်းထုထိုင်တော်မူတပါးကို ပြထားခဲ့ပါသည်။ အမိုးမရှိ အကာမရှိနှင့် ညစ်ပတ်စုတ်ပြတ်နေသော စားပွဲတလုံးမှာ ဖြစ်သလိုတင်ထားပြီး အလှူရှင်သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင် နာမည်ကို ရေးထားသည် ၊ ထို့ကြောင့်လည်း ကျွန်တော်သည် ဘုရားဖူးရာမှာလည်း သိက္ခာကျရပါပြီ ဆိုကာ ခေတ်ပြိုင်မှာ ဆောင်းပါးတပုဒ်ရေးဖူးခဲ့သည်။ ၁၉၉၉ ခုနှစ်က ထင်ပါသည်။
ဗုဒ္ဒဂါယာမှာ ယင်းသို့ဖြစ်သလိုလုပ်ထားသော်လည်း ပြည်တွင်းမှာ ဘုရားတည်ကျောင်းဆောက်နေသည့် သတင်းကားကို တီဗွီမှာအမြဲတွေ့နေခဲ့သည့်အချိန်ဖြစ်သည်။ ဂျပန်နိုင်ငံမှ ထိုင်တော်မူဘုရားမှာ ခေါင်းမော့၍ကြည့်မျှော်ဖူးသည့်တိုင် လွန်စွာသပ္ပါယ်နေ၍ ဘုန်းကြီးသတ်သန်းရွှေ၏ အလှူနှင့် ကွာခြားလွန်းနေသည် ၊ ထို့ကြောင့် ယင်းသို့ ရေးသားခဲ့ခြင်းဖြစ်ပါသည် ၊ ကျွန်တော်သည် ဗိုခ်ချုပ်မှူးကြီး ဦးဆောင်သော နအဖတဖွဲ့လုံးကို စစ်ရာဇ၀တ်တရားရုံးတွင် မြင်ချင်သူဖြစ်သည်။ သူတို့အားဆယ်သက်ဆယ်ကျွန်း ထောင်နန်းစံစေချင်သော သူဖြစ်သည်။ သို့သော် ဗုဒ္ဒဘာသာဖြစ်သော ကျွန်တော့်အနေဖြင့်မူ ဗုဒ္ဒဆင်းထုတော်ကို ဤကဲ့သို့ မလှူစေချင်။ လှပသေသပ်စွာ ပြုပြင်လှူဒန်းစေချင်သည်။ ယင်းသို့ကြောင့် ယင်းဆောင်းပါးကို ရေးသားခြင်းဖြစ်သည်။ ယခုတော့ ယင်းဗုဒ္ဒဆင်းထုတော်မှာ အမိုးနှင့်အကာနှင့် ပလ္လင်ပင်နားမှာ ကိန်းဝပ်စံပျော်နေပြီဖြစ်သည်။ သို့သော် ဘုန်းကြီးသတ်သန်းရွှေမှာ အလှူတစက်မျှ ရရှိမည်မထင်။ သူ့မှာမစ္ဆိရိယစိတ်တွေရှိနေသည်။ မည်သည့်အခါမျ လူများကို ကောင်းကျိုးပေးချင်သည့်သူမဟုတ်။
၂၀၀ရ ခုနှစ်မှာ ဘုန်းကြီးရဟန်းသင်္ဃာတွေကို သတ်ဖြတ်တော့ ရာဇ၀င်မှာ စာတင်ခဲ့ပြီ။ မည်သည့်အလှူနှင့် ကြေစေသော်လည်း အစားထိုးကုသိုလ်ရမည်မထင်။ ၂၀၀၄ ခုနှစ်ကတခါ သူလာခဲ့ပြီ။ ယင်းအချိန်ကလည်း အိန္ဒိယရောက် ဒီမိုကရေစီအင်အားစုများက ပြတ်ပြတ်သားသား မောင်းထုတ်ခဲ့ကြပြီ။ သူ့ကို ရောက်လေရာ နိုင်ငံတိုင်းမှာ မြန်မာနိုင်ငံသားတွေက လှပစွာ နှင်ထုတ်ဆန္ဒပြနေကြသည်။ ဤသည်မှာ သူနှင့်ထိုက်တန်သော ဆုလာဘ်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းတွင်သာ အပြစ်မဲ့ပြည်သူများကို ရက်စက်စွာနှိမ်နှင်း သတ်ဖြတ်၍ ရမည်ဖြစ်သော်လည်း ပြည်ပတွင်မူ စစ်အာဏာရှင်ကြီးမှာ ကြွက်စုတ်တကောင်လိုလို ခွေးဝဲစားလိုလို ဖြစ်နေရပါသည်။ သူ့ကိုဆန္ဒပြနေသောသူများသည် အမှန်တကယ်ပင် မြန်မာနိုင်ငံသားများဖြစ်ကြပါသည်။ သူတို့ဘာကြောင့်် အာဏာရှင်အပေါ် ဆန့်ကျင်နေကြပါသနည်း ။
အိန္ဒယနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ် အထွန်းကားဆုံးနိုင်ငံဖြစ်ပါသည်။ ကျင့်သုံေးသာနိုင်ငံလည်းဖြစ်ပါသည်။ ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံတွင် အရေးအခင်းဖြစ်ချိန် ကျောင်းသားပြည်သူရဟန်းသင်္ဃာများ ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ရသည်။ ယင်းအချိန်က အိန္ဒိယနိုင်ငံမှ ၀န်ကြီးချုပ် မစ္စတာရာဂျစ်ဂန္ဒီသည် ၈၈ ကျောင်းသားများအား အိန္ဒိယနိုင်ငံတွင် လက်ခံကာ နေထိုင်ခွင့်ပြုထားခဲ့သည်။ ကာကွယ်ရေးဝန်ကြီးမစ္စတာဂျော့ဖါနန်ဒက်ကမူ သူ၏ခြံဝင်းအတွင်းတွင် တည်ရှိသော သူ၏ရုံးခမ်းနှင့် တွဲလျက် ကျောင်းသားများရုံးခမ်းကို ဖွင့်လှစ်ပေးစေခဲ့သည်။ ယခုထက်ထိ ၈၈ ကျောင်းသားများရုံးခမ်းသည် ယင်းခြံဝင်းအတွင်းတွင် ဖွင့်လှစ်ထားရှိသည်။ အကယ်၍ မစ္စတာရာဂျစ်ဂန္ဒီသာ လုပ်ကြံမခံရခဲ့လျင် သူ၏အကူအညီသည် မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးတွင် လုံးဝအထောက်အကူပြုမည်မှာ သေချာသည်။ အကြောင်းမှာ သူနှင့် ဒေါ်အောင်ဆန်းစုကြည်မှာ အလွန်ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းဖြစ်သောကြောင့်ပင်။
ဒုတိယကမ္ဘာစစ်မတိုင်ခင် ဗြိတိသျှအင်္ဂလိပ်လက်အောက်မှ လွပ်လွပ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို မြန်မာနိုင်ငံမှ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်တို့ ဂျပန်နိုင်ငံတွင် စစ်သင်တန်းတက်ရောက်ကြသည် ။ သို့အတူအိန္ဒိယနိုင်ငံမှ မစ္စတာနာတာဂျီ ဆူဘေ့ချှန်ဒရာဘို့စ်က ဦးဆောင်ကာ အိန္ဒယိယနိုင်ငံလွပ်လွပ်ေ၇းအတွက် တက်ေ၇ာက်ခဲ့ကြသည်။ မြန်မာနိုင်ငံမှ လက်နက်ကိုင်အဖွဲ့မှာ BURMA INDEPENDENT ARMY ( B I A ) ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ လက်နက်ကိုင်အဖွဲ့မှာ INDIA NATIONAL ARMY - I N A- ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် နာတာဂျီမှာ အလွန်ရင်းနှီးသူများဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက လုပ်ကြံခံရပြီး နာတာဂျီးမှာ ဂျပန်နိုင်ငံသို့ ရန်ကုန်မှအသွား လေယဉ်ပျက်ကျသေဆုံးသွားရသည်။ လုပ်ကြံခံရခြင်းဟု သူ၏ပါတီက ယနေ့ထက်ထိ ထင်မြင်နေဆဲဖြစ်သည်။ မစ္စတာနာတာဂျီဆူဘေ့ချန်ဒရာဘို့စ်ပါတီသည် အိန္ဒိယနိုင်ငံတွင် အစိုးရအဖွဲ့ဝင်အမြဲ်ဖြစ်သည်။ ၂၀၀ရ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခဲ့သည်။
အိန္ဒိယနိုင်ငံ၏နိုင်ငံရေးသည် အစိုးရကတဖက် ပြည်သူကတဖက်ဖြစ်တတ်သည်။ ပြည်သူတွေကကော အတိုက်အခံပါတီတွေကပါ တရားသဖြင့် မှန်ကန်နေသည်ဟု ထင်မြင်ယူဆသော်လည်း သူတို့၏ နိုင်ငံတကာ အစိုးရဆက်ဆံရေးမူနှင့်ပါတ်သက်သောအခါ ဝေဖန်ရေးအားကောင်းလွန်းလှပါသည်။ သတင်းစာများမှ ဝေဖန်ခြင်း၊ ဆန္ဒပြ၍ဝေဖန်ခြင်း၊ ရေဒီယို တီဗွီများမှ တိုက်ရိုက်ဝေဖန်ဆွေးနွေးခြင်းများကို အမြဲကြားနေမြင်နေရပါသည်။ သမတကအစ ၀န်ကြီးချုပ်အထိ ရုပ်ပြောင်ကာတွန်းများဖြင့် ဝေဖန်ရေးသား ဆွဲပြနေကြခြင်းမှာ ထိမိလွန်းကြပါသည်။ သို့သော် မည်သူမျှ အရေးယူဖမ်းဆီးခြင်းမခံရ။ လမ်းပေါ်တွင် ပြည်သူများကို ဆန္ဒပြရန် နေရာအကန့်အသတ်ပေးထားပါသည်။ ညအိပ်ညနေပြခွင့် ပေးပါသည်။ မိမိတို့တင်ပြချင်သည်ကို လွပ်လွပ်စွာ တင်ပြစေပါသည်။ သတင်းစာများတွင် လွပ်လွပ်စွာ ရေးသားစေပါသည်။ ယင်းသို့ဆန္ဒပြနေကြခြင်းမှ ၀န်ကြီးချုပ်ထံသို့ပို့သော စာများကို လုံခြုံရေးများမှ သေချာစွာယူဆောင်ကာ လိုက်လံပို့ဆောင်ပေးပါသည်။ အကယ်၍ ယင်းဆန္ဒပြချက်များမှ ရရှိသောအကြောင်းအရာများကို ဆန်းစစ်ပြီး လုပ်ဆောင်စေခဲ့လျင် သတင်းစာများမှ လုပ်ဆောင်ပြီးကြောင်းလည်း ကြေညာပေးပါသည်။ မည်သူမျှ အရေးယူခြင်းလည်း မကြားဖူးရ။
မြန်မာနိုင်ငံအတွင်းတွင် ပြည်သူများက ဆန္ဒပြ၍ မရတော့ ယခုဘုန်းကြီးသတ်သန်းရွှေကို နယူဒေလီမှာ ၀မ်းပမ်းတသာ ဆန္ဒပြကြရတော့မည်။ ဤအခါ အိန္ဒိယနိုင်ငံမှ သမတေ၇ာ ၀န်ကြီးချုပ်ပါ အစိုးရတဖွဲ့လုံးတို့ နားလည်နိုင်သွားကြပါပြီ။ စစ်အာဏာရှင်သည် ပြည်ပနိုင်ငံတွင် ခွေးဝဲစားတကောင်လို နေရာအငြိမ်မရှိ ဟိုပြေးဒီပြေး ပြေးနေရလောက်အောင် ထွက်ပြေးနေသည်ကို ကမ္ဘာတ၀ှမ်း မြင်တွေ့ကြရတော့မည်ဖြစ်ပါသည်။ လက်နက်မရှိလျှင် ဘာမျှ သတ္တိအရာမရှိသော ဘုန်းကြီးသတ်သန်းရွှေသည် အိန္ဒိယနိုင်ငံတွင် ခါးကြား၌ သေနတ်ကိုချိတ်၍ မသွားရသောကြောင့် သနားစရာကောင်းသော သတ္တ၀ါတကောင်လိုဖြစ်နေပါသည်။ လူသတ်သမားသည် မည်သည့်အခါမျ တဦးတည်း နေ၍မရ။ အစောင့်နှင့် အပေါင်းအသင်းနှင့် နေမှ ရသည်။ သူတို့အဖွဲ့မှာ လူသတ်သမားအဖွဲ့ဖြစ်၍ ကမ္ဘာတ၀ှမ်းက အကြမ်းဖက်သမားဟု ခေါ်ဝေါ်ကြသည်။ ဒီမိုကရေစီနိုင်ငံဖြစ်သော ရွေးကောက်ပွဲမှ အစိုးရဖြစ်နေသည့် ပုဂ္ဂိုလ်များကို အရှက်မရှိ လာရောက်ပြီး တွေ့ဆုံလာနေသည်မှာ သိက္ခာမဲ့၍သာဖြစ်သည်။
အိန္ဒိယနိုင်ငံမှလည်း မြန်မာနိုင်ငံအား ဒီမိုကရေစီနိုင်ငံသို့ အသွင်ကူးပြောင်းရအောင် ရွေးကောက်ပွဲအကြောင်းကို ရှင်းပြရန်တာဝန်ရှိသည်။ မိမိတို့နိုင်ငံ၏အမျိုးသားကိုယ်ကျိုးစီးပွါးကာကွယ်ရေးမူအရ နှစ်နိုင်ငံဆက်ဆံရေးမူဝါဒကို ကျင့်သုံးသည်မှာ မှန်ကန်ပါသည်။ သို့သော် မူဝါဒလမ်းစဉ်တူညီသော နိုင်ငံများနှင့် စီးပွါးရေးကို ချဲ့ထွင်ခြင်းက ပို၍ အကျိုးကျေးဇူးရှိပါသည်။ အာရှမှကျားတကောင်အဖြစ် စီးပွါးရေးအားကောင်းနေသော အီန္ဒိယနိုင်ငံသည် နဂါးဖြစ်သောတရုပ်နိုင်ငံနှင့် စီးပွါးရေးတွင် နိုင်ငံငယ်များအား ချယ်လှယ်နိုင်စွမ်း ရှိကြပါသည်။ မြန်မာနိုင်ငံသည်လည်း တရုပ်နိုင်ငံနှင့် ကူးလူးဆက်ဆံနေရာမှ အိန္ဒိယနိုင်ငံဖက်သို့ လှည့်လာသည်မှာ စစ်တွေဆိပ်ကန်းစီမံကိန်းကြောင့် မဖြစ်နိုင်။ သဘာဝဂါတ်စီမံကိန်းကြောင့် မဖြစ်နိုင်ချေ။ အကြောင်းမှာ တရုပ်နိုင်ငံသည် လုံခြုံရေးကောင်စီတွင် နအဖအတွက် ဗီတိုအာဏာသုံးထားသော နိုင်ငံဖြစ်သောကြောင့် နာမည်ပျက်ဖြစ်နေသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် တရုပ်ကိုနာမည်ပျက်စာရင်းထဲ ထည့်နေကြရာမှ တဖက်လှည့်ဖြင့် မျှားဦးလှည့်ခြင်းည်း ဖြစ်နိုင်စရာရှိသည်။ အခြေအနေတခုမှာ သူခိုးသေဘော် ညှိနေခြင်းဟု ထင်မြင်ယူဆနိုင်ပါသည်။
ဖြစ်နိုင်ခြေအများဆုံးမှာ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် ပါတ်သက်လျှင် နောက်ဆုံးမှစကားပြောသော နိုင်ငံဖြစ်သည်။ အကယ်၍ ကမ္ဘာကြီးက တောင်းဆိုလာလျှင် မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ရွေးကောက်ပွဲကို အသိအမှတ်မပြုပါဟု အိန္ဒိယနိုင်ငံအနေဖြင့် ပြောရမည့်ကိန်း ရှိနေနိုင်သည်။ တချိန်တည်းမှာပင် အတိုက်အခံ အင်အားစုများမှ အကြပ်ကိုင်လာပြီး ၂၀၁၀ေ၇ွးကောက်ပွဲကို အသိအမှတ်မပြုပါဟု ပြောဆိုခိုင်းလျင်လည်း နည်းအမျိုးအမျိုးနှင့် မရှောင်ကြည်နိုင်အောင် ပြုလုပ်ရန်လိုနေပါသည်။ စစ်အစိုးရ၏ အကောင်းဆုံးဆင်ခြေဆင်လက်မှာ နိုင်ငံပိုင် သယံဇါတများ၊ စီးပွါးရေးအချက်အချာများကို ရောင်းချခြင်းဖြင့် မက်လုံးတို့နှင့် နုတ်ပိတ်စေမည်ဖြစ်သည်။ သို့သော် ကာယကဲရှင်ဖြစ်သော ပြည်သူတို့အနေဖြင့် စစ်အာဏာရှင်တို့၏ စီးပွါးရေးစာချုပ်များကို အသိအမှတ်မပြုကြောင်း နှစ်နိုင်ငံစလုံးကို ကြေညာထားရတော့မည်ဖြစ်သည်။ သို့မှသာ လူဆိုးတွေနှင့် မောင်တိုင်ပင်လုပ်နေသော အိန္ဒိယနိုင်ငံသည် အခြေအနေကို ရိပ်စားမိမည်ဖြစ်သည်။
ယင်းမှာ အဓိကပြသနာဖြစ်ပါသည်။ နှစ်နိုင်ငံစီးပွါးရေးစာချုပ်များသည် အာဏာလက်ရှိအချိန်တွင်သာ အကျုံးဝင်သည်။ မည်သည့်နည်းနှင့်မျှ ရာက်သက်ပန်မဖြစ်စေရ။ ထို့ကြောင့် ရွှေဂါတ်စ်စီမံကိန်းသည်၎င်း ၊ မည်သည့်စီမံကိန်းများကိုမဆို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အရပ်သားဒီမိုကရေစီအစိုးရ လက်ထက်တွင် ပျက်ပြယ်ပြီးသားဖြစ်ကြောင်း ကျွန်တော်တို့ ကြေညာထားရမည်ဖြစ်သည်။ ယင်းသို့ကြေညာချက်များကို အိန္ဒိယအစိုးရမှ အမြန်ဆုံး သိရှိစေရန်လိုအပ်ပါသည်။ ဘုန်းကြီးသတ်သန်းရွှေသည် လူသတ်သမားအဖွဲ့များနှင့် နိုင်ငံတော် ဂုဏ်ကြက်သရေကို သိက္ခာမရှိ ပြသရန် လာနေပါပြီ။ ကမ္ဘာကြီးတခုလုံးမှ စစ်အာဏာရှင်ဟု ပြောဆိုနေသော လူ့အခွင့်အရေးချိုးဖေါက်နေသော ဘုန်းကြီးသတ် သန်းရွှေလို လူမျိုးကို အိန္ဒိယနိုင်ငံမှ လက်မခံရန် နိုင်ငံတကာမှ စာတွေ ရေးနေကြပါပြီ။
ရွေးကောက်ပွဲဆိုသည်မှာ ဒီမိုကရေစီနိုင်ငံတခုအတွက် ခြေလှမ်း တခုအဖြစ် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံမှ ပြောဆိုပါလိမ့်မည်။ သို့သော် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို ချန်လှပ်ထား၍ မရကြောင်းကိုမူ ထည့်ပြောရမည်ဖြစ်ပါသည်။ စစ်အစိုးရသည် ရွေးကောက်ပွဲကို နှစ်ကြိမ်ပြုလုပ်ခြင်းဖြစ်ပါသည်။ ပထမအကြိမ်က ပြုလုပ်သော ရွေးကောက်ပွဲကို မည်သို့မျှ အကောင်အထည် မဖေါ်ဆောင်ခြင်းကို အိန္ဒိယနိုင်ငံမှ နုတ်ပိတ်ပြီးမနေသင့်။ မြန်မာနိုင်ငံသားတို့သည် ၂၀၁၀ ရွေးကောက်ပွဲကို အလိုမရှိချေ ၊ သပိတ်မှောက်ကြသူများဖြစ်သည်။ သူတို့အဘယ့်ကြောင့် သပိတ်မှောက်ကြသနည်း ဆိုသည်ကို အိန္ဒိယအစိုးရမှ နားလည်ရန်လိုပါသည်။ မြန်မာနိုင်ငံသားတို့သည် ၂၀၁၀ ရွေးကောက်ပွဲကို ပါတီပေါင်းစုံ ပါဝင်ရေး၊ လူပေါင်းစုံ ပါဝင်ရေး ကို တောင်ဆိုနေခြင်းမဟုတ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို အကောင်အထည်ဖေါ်ရေးသာ တောင်းဆိုနေကြခြင်းဖြစ်သည်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလာဒ်ကို လိုချင်သူများသာဖြစ်သည်။
၂၀၀ရ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း မြန်မာနိုင်ငံသားတို့မှာ မထောက်ခံသလို လက်လဲမခံကြောင်း အိန္ဒိယအစိုးရမှ သိစေရန်လိုသည်။ အကြောင်းမှာ ဘုန်းကြီးသတ် သန်းရွှေတို့ အုပ်စုသည် သူတို့မှာ ဖွဲ့စည်းပုံဥပဒေရှိနေပြီဖြစ်ကြောင်း ပြောဆိုရန် သေချာသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီပေါင်းစုံ မှတ်ပုံတင်ထားပြီ ဖြစ်ကြောင်း တင်ပြကြမည်ဖြစ်သည်။ သူတို့၏ တင်ပြချက်ကိုလည်း ယုံနိုင်လောက်ပါသည်။ ပါတီပေါင်းစုံများကလည်း မှတ်ပုံတင်ထားကြပြီးဖြစ်သည်မို့ ယင်းအချက်ကို ငြင်းဆိုရန် ခက်နေတတ်ပါသည် ။ ပြီးတော့ EBO ဟန်ညောင်ရွှေတို့က နယူးဒေလီမှာ ရုံးခမ်းဖွင့်ပြီး ရွေးကောက်ပွဲကို ၀င်သင့်ကြောင်း အိန္ဒိယပါလီမန်လွှတ်တော်အမတ်များကို ဆွေးနွေးတင်ပြထားပြီးဖြစ်ရာ သူတို့ယုံလောက်ပါသည်။ ထို့ကြောင့် ဒီမိုကရေစီအင်အားစုများမှ ဤအချက်ကို သတိထားပြီး အထူးဖြေရှင်းကြရမည်ဖြစ်သည်။
သို့သော် ကမ္ဘာကြီးကို စစ်အာဏာရှင်တို့ လိမ်၍မရသည်မှာ အထင်အရှားဖြစ်ပါသည်။ ယင်းမှာ ပြည်သူတွေနှင့် နယူးဒေလီတွင် နဖူးတွေ့ ဒူးတွေ့ နေကြပြီဖြစ်ရာ ၂၀၁၀ ရွေးကောက်ပွဲကို ပြည်သူတို့ လက်မခံသည်မှာ ထင်ရှားနေပြီဖြစ်ကြောင်း သိသွားနိုင်ပါသည်။ ဤသည်ကိုမျက်စိမှတ်၍ အိန္ဒိယနိုင်ငံမှ ပါတီပေါင်းစုံပါဝင်ရေး ၊နိုင်ငံရေးအကဉ်းသားလွပ်မြောက်ရေး ၊ တ၇ားမျှတပြီး လွပ်လွပ်သော ရွေးကောက်ပွဲကျင်းပရေးကို ပြော၍ မရချေ။ ယင်းပြောဆိုချက်မှာ ကျွန်တော်တို့နှင့် ကွဲပြားနေပါသည်။ အဓိကအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို စကားလုပ်ပြီး မပြောရေးဖြစ်သည်။ ကျွန်တော်တို့လိုချင်သည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပြောင်းပေးရေးဖြစ်သည်။ ၁၉၉၀ ခုနှစ်မှာ ရွေးကောက်ပွဲကို ပြုလုပ်ခဲ့ပြီးပြီ။ ယင်းရွေးကောက်ပွဲမှ အနိုင်ရရှိခဲ့သော ပါတီကို အာဏာလွှဲပြောင်းပေးရမည်ဖြစ်သည်။ ဤသည်ကို ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယယအစိုးရသည်၎င်း ၊ ပြည်သူတို့သည်၎င်း သိနားလည်ပေးရမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသော စကားတခွန်း ရှိပါသည်။ ယင်းမှာ သင်တို့၏လွပ်လွပ်ရေးကို အခွင့်အရေးတရပ်အနေဖြင့် အသုံးချပြီး မြန်မာနိုင်ငံလွပ်လွပ်ရေးအတွက် အကူအညီပေးကြပါလို့ ပြောဆိုသော စကားဖြစ်သည်။ ယင်းစကားကို အိန္ဒိယနိုင်ငံသားတို့ နားလည်ပေးကြလိမ့်မည် ထင်ပါသည်။ သို့အတူ ဘုန်းကြီးသတ် သန်းရွှေသည်လည်း ဘုန်းးကြီးသတ်သောလက်နှင့် ဗုဒ္ဒဂါယာတွင် ရှိခိုးနေသည့်တိုင် ၀ဋ်ကြီးဆယ်ပါးမှ သံသရာအဆက်ဆက် မလွပ်ကင်းနိုင်ကြောင်း ထင်မြင်ယူဆမိသည်။ အကြောင်းမှာ ရဟန်းတို့ဦးခေါင်းတော်မှ သွေးမြေများ မြေကျခဲ့ရခြင်းကြောင်းဖြစ်သည်။

ခိုင်အောင်ကျော် ( နယူးယောက် )

Posted in ဆောင်းပါး by ရဲရင့်(ကနေဒါ) Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */