“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, July 25, 2010

အင်းလေးကန်အတွင်း၌ ကျေးရွာများ၊ အိမ်များ၊ ကျွန်းမျှော များအပြင် ဟိုတယ်နှင့် စားသောက်ဆိုင်များ ထပ်မံတိုးချဲ့ တည်ဆောက်ခြင်းကို ခွင့်မပြုတော့


အင်းလေးကန် ရေရှည်တည်တံ့နိုင်ရန်အတွက် ကန်အတွင်းကျေးရွာများ၊ အိမ်များ၊ ကျွန်းမျှောများ အပြင် ဟိုတယ်နှင့်စားသောက်ဆိုင်များ ထပ်မံတိုးချဲ့တည်ဆောက်ခြင်းကို ခွင့်ပြုတော့မည် မဟုတ်ကြောင်း ဇူလိုင်လ ဒုတိယအပတ်အတွင်း ရှမ်းပြည်နယ်၌ ပြုလုပ်ခဲ့သည့် အင်းလေးကန် ပြန်လည်ထူထောင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဆုံးဖြတ်ချက်များကို ကိုးကား၍ FREDA မှ ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းက ပြောကြားခဲ့သည်။ အင်းလေးကန် ဧရိယာအတွင်း စီးပွားရေးလုပ်ငန်းများဖြစ်သည့် ဟိုတယ်များ၊ စားသောက်ဆိုင်များ အပြင် လူနေအိမ်များ၊ ကျေးရွာများ တိုးချဲ့တည်ဆောက်လာမှုများကြောင့် လူဦးရေသိပ်သည်းမှု မြင့်တက်လာခဲ့ရာ ယင်းဖြစ်ရပ်များကြောင့် အင်း လေးကန်၏ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ရှိလာခဲ့ကြောင်း သိရှိရသည်။


'ဇူလိုင်လ ဒုတိယအပတ်မှာ ပြုလုပ်တဲ့ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေအရ အင်းလေးကန်ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ တိုးချဲ့တည်ဆောက်ခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အင်းလေးကန်ကို နိုင်ငံခြားခရီးသွားတွေ အဆက်မပြတ် လာရောက်တာကြောင့် ဟိုတယ်တိုး ချဲ့တည်ဆောက်မှုတွေ အများအပြား ပြုလုပ်ခဲ့ကြပါတယ်။ ဟိုတယ်တွေ တိုးချဲ့တဲ့အခါမှာ ကန်ကို မြေဖို့မှုတွေ ပြုလုပ်ရတယ်။ ခြံခတ်ရတယ်။ ပြီးတော့ တချို့ဟိုတယ်တွေဆို ပတ်ဝန်းကျင်မှာ အပင်တွေစိုက်ကြတယ်။ အမှိုက်စွန့်ပစ်မှု စနစ်ကျတဲ့ဟိုတယ်တွေရှိသလို စနစ်မကျတဲ့ဟိုတယ်တွေ လည်းရှိတယ်။ ဒါကြောင့် ရေလမ်းကြောင်း ပြောင်းလဲမှုတွေ၊ ရေ မသန့် တာတာတွေ ရှိလာတယ်။ ဒီကိစ္စတွေကို ဖြေရှင်းဖို့ ဆွေးနွေးခဲ့ရာမှာ တက်ရောက်လာတဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေက အင်းလေးကန်အတွင်း ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ ထပ်မံမတိုးချဲ့ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်' FREDA မှ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောကြားခဲ့သည်။ ထို့ပြင် အင်းလေးကန်အတွင်း ကျေးရွာများ၊ အိမ်များ၊ ကျွန်းမျှောများ ထပ်မံတိုးချဲ့ဆောက်လုပ်ခြင်း မပြုရန်၊ အင်းလေးကန်အတွင်းမှ မ လိုအပ်သည့် ဒိုက်၊ မှော်၊ နုန်းများကို ဆယ်ယူဖယ်ရှားရန်၊ အဓိက ချောင်းကြီး ကိုးခုကို ရေစီးရေလာ ကောင်းမွန်ရန်အတွက် ပြန်လည်ထိန်းသိမ်း ပြုပြင်ရန်စသည့်အချက်များကိုလည်း စီမံကိန်းချမှတ် ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။ ယခုအချိန်၌ ညောင်ရွှေမြို့ တွင်းနှင့် အင်းလေးကန်ပတ်လည်၌ တည်ဆောက်ပြီး လုပ်ငန်းလည်ပတ်နေသော ဟိုတယ် စုစုပေါင်း ၄၀ ရှိနေပြီး အခန်းအရေအတွက် အားဖြင့် စုစု ပေါင်း ၈၉၈ ခန်းရှိနေကြောင်း သိရှိရသည်။


အင်းလေးကန်ရှိ ဟိုတယ် ၄၀ ၌ ခန့်အပ်ထားသော ၀န်ထမ်းဦးရေ စုစုပေါင်း ၁၆၀၀၀ ကျော်ရှိပြီး ဟိုတယ်တစ်လုံး၏ ရင်းနှီးမြှုပ်နှံငွေ ပျမ်းမျှ ကျပ် သိန်း ၂၅၀၀၀ ခန့် ရှိကြောင်း သိရှိရသည်။ အင်းလေးကန်အတွင်းသို့ နှစ်စဉ် ပြည်တွင်းခရီးသွားများအပြင် ဒေသတွင်းနိုင်ငံများမှ နိုင်ငံခြားခရီးသွားများ အများအပြား လာရောက်လေ့ရှိကြောင်း သိရှိရသည်။Rest of your post


E11 News

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */