“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, July 23, 2010

ရွေးကောက်ပွဲဆိုင်ရာ မူဝါဒ မပြောင်းလဲလျှင် ဂျပန်အနေဖြင့် မြန်မာကို အထောက်အကူများ အပြည့်အဝ ပေးမည်မဟုတ်

7/22/2010 မင်းဆက်ခိုင်
မြန်မာ့ စစ်အစိုးရမှ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ မူဝါဒကို မပြောင်းလဲလျှင် ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံကို စီးပွားရေး အထောက်အကူများ အပြည့်အဝ ပေးမည် မဟုတ်ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ခက်ဆူယာ အိုခါတာ ( Katsuya Okada)က ပြောကြားလိုက်သည်။

၎င်းအပြင် မြန်မာစစ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် အခြေအနေများကို ဖန်တီး တားမြစ်ထားမည်ဆိုလျှင် မြန်မာနိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အထောက်အကူ များလည်း ရရှိလိမ့်မည်မဟုတ်ဟု သူက ပြောသည်။

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးသည် ပြီးခဲ့သော အင်္ဂါနေ့က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်တွင် ရောက်ရှိနေစဉ် သတင်းထောက်များအား ထို့ကဲ့သို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။

ဝန်ကြီးက“ ယခုကျင်းပပြုလုပ်မည့် မြန်မာ့ရွေးကောက်ပွဲကို တရားမျှတပြီး ပွင့်ပွင့်လင်းလင်းရှိတဲ့ အခြေအနေမျိုးနှင့် ကျင်းပ ပြုလုပ်ပေးမည်ဆိုလျှင် မြန်မာနိုင်ငံ အတွက် အလွန်အရေးပါသော အပြောင်းအလဲ တရပ် ဖြစ်လာနိုင်မည်ဖြစ်သလို အခွင့်အလမ်းကောင်းများလည်း ပွင့်လန်း လာလိမ့်မည်” ဟု ပြောကြားသည်။

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးသည် ယမန်နေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် တွေ့ဆုံစဉ် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်အောင် ဆောင်ရွက်ပေးရန်ကိုလည်း တောင်းဆို တိုက်တွန်းခဲ့သည်။

ဦးဥာဏ်ဝင်းကမူ မြန်မာ့ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို သူ့အနေဖြင့် မသိရှိသေးကြောင်း အာဆီယံ နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားလိုက်သည်ဟု AP သတင်း တပုဒ်တွင် ဖေါ်ပြထားသည်။

အဆိုပါ အာဆီယံ အစည်းအဝေးတွင် အာဆီယံဝန်ကြီးများက မြန်မာ့ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဖြစ်ပေါ်လာမည့် ကောင်းကျိုးဆိုးကျိုးမှန်သမျှသည် အာဆီယံအဖွဲ့ကြီးအပေါ်တွင် ရိုက်ခတ်လာမည် ဖြစ်သလို ငြိမ်းချမ်းစွာ ဖြစ်ပေါ်လာမည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလိုလားကြောင်း ဦးဥာဏ်ဝင်းအား အသိပေး ပြောဆိုခဲ့ကြသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */