“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, July 23, 2010

ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့

ဝီရ / ၂၂ ဇူလိုင် ၂၀၁၀
ဧရာဝတီတိုင်း မအူပင်မြို့နယ် တောင်ဘက်တွင် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းက အလားအလာကောင်းသော ရေနံနှင့်သဘာဝဓာတ်ငွေ့ တွင်းကြီးတတွင်း တွေ့ရှိထားကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ၀န်ထမ်းတဦးက ပြောကြားသည်။

၎င်းက “မအူပင်မြို့ တောင်ဘက်က ရေနံရှာဖွေရေးအတွက် အလတ်စားတူးစက်တွေ စမ်းသပ်ပြီးတူးတာ အိုးဘိုကုန်းမှာ သဘာဝဓာတ်ငွေ့ အများကြီး ရှိနိုင်တဲ့ တွေ့ရှိချက်တွေ ရထားတယ်။ အခု အဲဒီတွင်းကို စက်ကြီးတွေနဲ့ ဆက်တူးဖို့ စနေပါပြီ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ထိုရေနံသဘာဝဓာတ်ငွေ့တွင်းမှ ပမာဏ မည်မျှ ထွက်ရှိနိုင်ကြောင်း ပြောကြားခြင်း မရှိသော်လည်း ပြည်တွင်းအတွက် သုံးစွဲသွားရန် ရည်ရွယ်ထားကြောင်း အဆိုပါဝန်ထမ်းက ပြောသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ တွေ့ရှိရာ မအူပင် (တောင်) ဒေသ ပေနက်အစမ်းတွင်း အမှတ် (၁) လုပ်ငန်းခွင်သို့ စွမ်းအင်ဝန်ကြီး ဦးလွန်းသီ ပြီးခဲ့သည့် ဇူလိုင် (၁၈) ရက်တွင် သွားရောက်ကြည့်ရှုခဲ့ကြောင်း ဇူလိုင် (၂၀) ထုတ် မြန်မာ့အလင်းသတင်းစာတွင် ရေးသားထားသည်။

ယခု အသစ်တွေ့ရှိရာ ကုန်းတွင်းပိုင်းဒေသ ရေနံသဘာဝဓာတ်ငွေ့လုပ်ကွက်နေရာသည် ရန်ကုန်မြို့မှ (၃၅) မိုင်သာ ကွာဝေးကြောင်း သိရသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက ဦးဆောင်၍ ကုန်းတွင်းပိုင်း ရေနံရှာဖွေရေးလုပ်ငန်းများကို ဘူမိဗေဒ ပြောင်းလဲမှုအပေါ် အခြေခံ၍ မြန်မာပြည်အလယ်ပိုင်း၊ ပြည်နှင့် ဧရာဝတီလွင်ပြင်များရှိ မြစ်ဝှမ်း၊ ချိုင့်ဝှမ်း (၁၄) နေရာတွင် ရေနံ စမ်းသပ်ရှာဖွေမှုများ လုပ်ကိုင်လျက်ရှိသည်။

မြန်မာ့ကမ်းလွန်ပင်လယ်ပြင် သဘာဝဓာတ်ငွေ့လုပ်ကွက်များဖြစ်သော ရဲတံခွန်နှင့် ရတနာလုပ်ကွက်များမှ ထိုင်းနိုင်ငံသို့ နေ့စဉ် သဘာဝဓာတ်ငွေ့ပမာဏ ကုဗပေ သန်း (၁,၀၀၀) ကျော် ရောင်းချနေသော်လည်း ပြည်တွင်းအတွက်မူ (၁၀) ပုံ (၁) ပုံသော ကုဗပေ သန်း (၁၁၀) သာ အသုံးပြုနေသည်။

မြန်မာစစ်အစိုးရသည် ကုန်းတွင်းပိုင်း ရေနံသဘာဝဓာတ်ငွေ့ လုပ်ကွက်ပေါင်း (၁၁) ခု၊ ကမ်းလွန်လုပ်ကွက် (၃၁) ခုတို့ကို နိုင်ငံတကာ ကုမ္ပဏီများနှင့် လုပ်ကိုင်လျက်ရှိသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှု အများဆုံးနိုင်ငံတို့အနက် အဆင့် (၁၃) ၌ တည်ရှိပြီး နိုင်ငံခြား ကုမ္ပဏီများနှင့် သဘာဝဓာတ်ငွေ့ရောင်းဝယ်ရေး စာချုပ်ပေါင်း (၄၆) ရပ် ချုပ်ထားသည်။

ကမ်းလွန်ရေနံမြေသစ်များကို ရုရှား၊ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ မလေးရှား၊ စင်ကာပူနိုင်ငံတို့မှ ကုမ္ပဏီများနှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */