“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, July 21, 2010

တနိုင်ငံလုံးသည် အမှောင်ကျ အကျဉ်းချခံထားရ၏၊ နိုင်ငံရေး အကျဉ်းသားများမှာမူ ရစရာမရှိ။

နိုင်ငံရေးအကျဉ်းသားများကျန်းမာရေး မိသားစုစိုးရိမ်နေရ Wednesday, 21 July 2010 19:38 ရိုးမ ၃
နယ်ဝေးအကျဉ်းထောင်များတွင် နှစ်ရှည်အကျဉ်းကျခံနေရသည့် လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးနှင့် ကိုဘိုဘိုဝင်းလှိုင်တို့နှစ်ဦးစလုံး ကျန်းမာရေးမကောင်းဖြစ်နေပြီး ထောင်တွင်း ဆေးဝါးကုသမှုလည်း မပြည့်စုံသဖြင့် ၎င်းတို့ကျန်းမာရေးအတွက် စိုးရိမ်နေရကြာင်း မိသားစုဝင်များက ပြောသည်။

နိုင်ငံရေးအကျဉ်းသူ မစုစုနွေးသည် ခန္တီးထောင်တွင် ငှက်ဖျားရောဂါကို ခံစားနေရပြီး မိသားစုများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် ငွေကြေးအခက်အခဲများကြောင့် ထောင်ဝင်စာသွားမတွေ့နိုင်ကြောင်း မစုစုနွေး၏ အမဖြစ်သူက ပြောသည်။

‘‘သွားရမဲ့ လမ်းခရီးတွေက တော်တော်ကြမ်းတော့ အိမ်ကလဲ သိပ်မလွှတ်ဘူး၊ စိတ်ကတော့ နေ့တိုင်းသူ့ဆီကို ရောက်နေတာ၊ သူက ဟိုမှာ ငှက်ဖျားဖြစ်နေတယ်၊ အမဘာဖြစ်လို့မလာတာလဲဆိုရင် ကိုယ်မှ မသွားရင်လည်း ညီမလေးက စိတ်ထိခိုက်သွားမှာ စိုးရိမ်တယ်” ဟု ပြောသည်။

မစုစုနွေးအား မိသားစုအနေဖြင့် ထောင်ဝင်စာ သွားမတွေ့နိုင်သည်မှာ (၆) လကျော်ရှိပြီးဖြစ်ကြောင်း အမဖြစ်သူက ဆက်ပြောသည်။

“သွားမယ်ဆိုရင်လည်း ကုန်ကျစရိတ်က တအားကြီးတယ်၊ ၆ လကျော်သွားပြီ၊ မသွားဖြစ်တာ ပြီးတော့ ဒီမှာကလည်း လယ်ထဲမှာ အလုပ်တွေကလည်း လုပ်နေရတော့ မသွားဖြစ်သေးဘူး” ဟု ဆက်ပြောသည်။

ထို့အပြင် မစုစုနွေးနှင့် အမှုတွဲဖြစ်သူ ကိုဘိုဘိုဝင်းလှိုင်မှာလည်း ပူတာအို အကျဉ်းထောင်တွင် ကျန်းမာရေးအခြေအနေ စိုးရိမ်နေရကြောင်း မိခင်ဖြစ်သူက ပြောသည်။

“သားလေးက ကျန်းမာရေးမကောင်းဘူး၊ ပထမ လည်ချောင်းဖြစ်တယ်၊ ပြီးတော့ ငှက်ဖျား၊ အခု မျက်စေ့အာရုံကြောက သိပ်ကြည့်လို့မကောင်းဘူး၊ ကြည့်ရင် မျက်ရည်ပူတွေကြပြီး မျက်စေ့ကိုက်နေတယ် ပြောတယ်” ဟု မိခင်ဖြစ်သူ ဒေါ်မီမီလှိုင်က ပြောသည်။

နယ်ဝေးအကျဉ်းထောင်များမှာ လမ်းပန်းခရီးကြမ်းတမ်းမှုနှင့် အခက်ခဲအမျိုးမျိုးကြောင့် ထောင်တာဝန်ကျ ဆရာဝန်များ ပုံမှန်လာရောက်ခြင်းမရှိသည့်အပြင် ဆေးဝါးလုံလောက်မှုမရှိသည့်အတွက်ကြောင့် မိသားစုများ အနေဖြင့် စိုးရိမ်နေရကြောင်း ၎င်းက ဆက်ပြောသည်။

“ဆရာဝန်က တလတကြိမ် လာစမ်းသပ်တယ်ပြောတယ်၊ အခွင့်အရေးက ဘာမှမရဘူး၊ ကျန်းမာရေး စောင့် ရှောက်မှုက လုံးဝမရှိဘူး၊ နေရာတွေက ဝေးလံတော့ ဆရာဝန်တွေမလာဘူး၊ ဆေးဝါးကလဲ မလုံလောက်ဘူး၊ ရှိတဲ့ ဆေးလေးနည်းနည်းပါးပါးနဲ့ ကုနေရတာ” ဟု ပြောသည်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မစုစုနွေးနှင့် ကိုဘိုဘိုဝင်းလှိုင်တို့အား စစ်အစိုးရအာဏာပိုင်များက ၂၀၀၇ ခုနှစ်အတွင်းက ဖမ်းဆီးခဲ့ပြီး မစုစုနွေးကို ထောင်ဒဏ် (၁၂) နှစ် (၆)လ၊ ကိုဘိုဘိုဝင်းလှိုင်အား (၈) နှစ် အသီးသီးချမှတ်ခဲ့ခြင်းဖြစ်သည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */