“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်
Showing posts with label အသံ. Show all posts
Showing posts with label အသံ. Show all posts

Tuesday, April 26, 2011

မြန်မာဒုက္ခသည် ပြန်ပို့ရေး အချိန်မတန်သေး


ဓာတ်ပုံ state.gov
မစ္စတာ အဲရစ် ရွှာ့ဇ်။
ဦးသားညွန့်ဦး | ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ နိုင်ငံသား ဒုက္ခသည်တွေကို နေရပ် ပြန်ပို့ရမယ့် အချိန် မရောက် သေးဘူးလို့ အမေရိကန် ပြည်ထောင်စုက ယူဆထားတဲ့ အတွက် ဒီဒုက္ခသည်တွေကို အကူအညီ ပေးရေး ထိုင်းအစိုးရနဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီဒုက္ခသည်တွေ နေရပ်ကို ဘေးကင်း လုံခြုံစွာ ပြန်နိုင်ရေး အခြေအနေ အချိန်အခါ လိုအပ်ချက် တွေကိုလည်း သူက ထောက်ပြပါတယ်။ အပြည့်အစုံကို တွေ့ဆုံ မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ အနေနဲ့ မြန်မာ ဒုက္ခသည်တွေကို ပြန်ပို့ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာချိန်မှာပဲ အခုအချိန်ဟာ မြန်မာနိုင်ငံက ဒုက္ခသည်တွေ နေရပ် ပြန်ပို့ရမယ့် အချိန် မတိုင်သေးဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ရွှေ့ပြောင်း နေထိုင်သူများနဲ့ ဒုက္ခသည်များ ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဲရစ် ရွှာ့ဇ် (Eric Schwartz) က ဗွီအိုအေနဲ့ သီးခြား တွေ့ဆုံမေးမြန်းစဉ်မှာ ပြောသွားတာပါ။

ထိုင်းနိုင်ငံ အနေနဲ့ မြန်မာ ဒုက္ခသည်တွေကို ပြန်ပို့ဖို့ စီစဉ်နေတယ် ဆိုပြီး တလောကပဲ ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ အကြီးအကဲက ပြောသွားတာမို့ အခြေအနေက ဒုက္ခသည်တွေ အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ထိုင်း အာဏာပိုင်တွေနဲ့ နီးနီး ကပ်ကပ် ညှိနှိုင်း တိုင်ပင်မှုတွေ လုပ်နေတယ်လို့ မစ္စတာ အဲရစ် ရွှာ့ဇ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“မြန်မာဒုက္ခသည်တွေကို မြန်မာပြည်ကို ပြန်ပို့ရမယ့် အချိန်ကာလ မရောက်သေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လုပ်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ အရပ်ဘက်နဲ့ စစ်ဘက် အာဏာပိုင် နှစ်ရပ်စလုံးကလည်း မြန်မာပြည်မှာ အခု ပြောင်းလဲပါတယ်ဆိုတဲ့ အခြေအနေကနေ ဒီထက် ထင်ရှားသိသာတဲ့ ပြောင်းလဲမှုမျိုးတွေ မဖြစ်မချင်းတော့ ဒီလူတွေကို အတင်းအကျပ် ပြန်ပို့တာမျိုး မလုပ်သင့်ဘူးဆိုတာ နားလည်လိမ့်မယ် ထင်ပါတယ်။ ဒါကြောင့် မြန်မာဒုက္ခသည်တွေ ကိစ္စအတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ ထိုင်းအစိုးရ အပါအ၀င် အခြားအစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပါတယ်။”

၂၀၁၀ ရွေးကောက်ပွဲ ရလဒ်နဲ့အညီ မြန်မာအစိုးရသစ် ဖွဲ့စည်းပြီးတဲ့နောက် အိမ်နီးချင်းနိုင်ငံတွေ အကြားမှာ မြန်မာနိုင်ငံဟာ အပြောင်းအလဲဘက်ကို တာစူနေပြီ၊ အချို့ကလည်း အပြောင်းအလဲ စတင်နေပြီလို့ မြင်ကြပါတယ်။ ဒါကြောင့်လည်း အခုလို ဒုက္ခသည်တွေ ပြန်ပို့ရေး ထိုင်းဘက်က စဉ်းစားလာတာလို့ ယူဆရပါတယ်။ မစ္စတာ အဲရစ် ရွှာ့ဇ်ကတော့ အပြောင်းအလဲ ဆိုတာကို ရွေးကောက်ပွဲကို ကြည့်ပြီး သတ်မှတ်လို့ မရဘူးလို့ ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ အစိုးရသစ် ဖြစ်လာတာတွေကြောင့် မြန်မာနိုင်ငံထဲမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ရှိတယ်လို့ မပြောနိုင်ပါဘူး။ ပြောင်းလဲတယ် ဆိုတာအတွက် သိသာထင်ရှားတဲ့ အထောက်အထား၊ အချက်အလက်တွေ အခြေအနေတွေ ရှိဖို့လိုပါတယ်။

“မြန်မာနိုင်ငံသားတွေ အနေနဲ့ သူတို့အမြင် သဘောထားတွေကို လွတ်လွတ် လပ်လပ် ထုတ်ဖော်ပြောဆိုနိုင်ခွင့် ရှိပြီလား၊ လွတ်လွတ် လပ်လပ် စုဝေးခွင့် ရှိရဲ့လား၊ သူတို့ရဲ့အမြင် အယူအဆတွေကို အာဏာပိုင်တွေ သိအောင် ပြောနိုင်ဆိုနိုင်ရဲ့လား၊ ကြောက်ရွံ့မှုကင်းတဲ့ အခြေအနေ အောက်မှာ လွတ်လွတ် လပ်လပ် နေထိုင်ခွင့် ရှိရဲ့လား၊ ရွေးကောက်ပွဲ လုပ်လုပ် မလုပ်လုပ် မဆိုင်ပါဘူး။ အခု ပြန်သွားမယ်ဆိုတဲ့ ဒုက္ခသည်တွေဟာ သူတို့နိုင်ငံမှာ ဒီလို အခွင့်အရေးတွေနဲ့ နေထိုင်ခွင့် ရပါ့မလားဆိုတာ မေးခွန်းရှိပါတယ်။”

ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာပဲ ထောင်နဲ့ချီတဲ့ ထိုင်း၊ မြန်မာ နယ်စပ်က မြန်မာ တိုင်းရင်းသား ဒုက္ခသည်တွေဟာ တတိယ နိုင်ငံတွေကို ပြောင်းရွှေ့ အခြေချခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့လည်း အခု နောက်ပိုင်း မှာတော့ ထိုင်းအာဏာပိုင်တွေဘက်က တင်းကျပ်မှု အချို့ကြောင့် ဒီလို ပြောင်းရွှေ့ အခြေချနိုင်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ ထိုင်းအာဏာပိုင်တွေဘက်က နောက်ပိုင်းရောက်တဲ့ ဒုက္ခသည် အများစုကို နိုင်ငံရေး ဒုက္ခသည် အဖြစ် သတ်မှတ်ဖို့ ငြင်းဆန် နေပါတယ်။ ဒါကြောင့်လည်း ဒုက္ခသည် အများစုဟာ နယ်စပ်က စခန်းတွေမှာပဲ ချို့ချို့တဲ့တဲ့ နေနေကြရပါတယ်။

မစ္စတာ အဲရစ် ရွှာ့ဇ်ကတော့ ဒုက္ခသည်တွေ တတိယ နိုင်ငံ ပြောင်းရွှေ့ရေးထက် မြန်မာနိုင်ငံမှာ အပြောင်းအလဲ တကယ်ဖြစ်ပြီး ဒုက္ခသည်တွေ နေရပ်ကို လုံလုံခြုံခြုံ ပြန်နိုင်ဖို့က တကယ့်အဖြေမှန် ဖြစ်တယ်လို့ ပြောပါတယ်။

“ဒုက္ခသည် အများစု အတွက် တတိယ နိုင်ငံတွေကို အခြေချ ပြောင်းရွှေ့ နေထိုင်ခွင့် ရဖို့ဆိုတာ ဒုက္ခသည် ပြဿနာ ဖြေရှင်းရေး အတွက် အဖြေ မဟုတ်ပါဘူး။ မဖြစ်မနေ လိုအပ်ချက် ရှိတဲ့ လူအချို့ အတွက်တော့ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာမှာပဲဖြစ်ဖြစ်၊ မြန်မာ ကိစ္စပဲ ဖြစ်ဖြစ် ဒုက္ခသည်တွေ တတိယ နိုင်ငံကို အခြေချ ပြောင်းရွှေ့ဖို့ဆိုတာ ဒါ အဖြေ မဟုတ်ပါဘူး။ ဒီ ဒုက္ခသည်တွေ အနေနဲ့ သူတို့ နေရပ်ကို ဘေးကင်း လုံခြုံစွာ ပြန်နေရေး အခြေအနေ အချိန်အခါ ဖြစ်လာဖို့ ကိစ္စက အဓိကပါ။”

ထိုင်း နိုင်ငံမှာ ရှိတဲ့ မြန်မာ ဒုက္ခသည်တွေ အနေနဲ့ ထိုင်းမှာ ယာယီခိုလှုံနေတုန်း နေထိုင် စားသောက်ရေး ကိစ္စအ၀၀ အဆင်ပြေစေဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ထိုင်း အစိုးရနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက် သွားမယ်လို့လည်း ပြောပါတယ်။ ဒီအတွက် အမေရိကန် ပြည်ထောင်စု အနေနဲ့ ဒေါ်လာသန်းနဲ့ချီ သုံးစွဲသွားဖို့ ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။

တကယ်တော့ ထိုင်းနိုင်ငံက မြန်မာ ဒုက္ခသည် တွေကို လက်ခံခေါ်ယူတဲ့ အထဲမှာ အမေရိကန်နိုင်ငံက ဒုက္ခသည် အရေအတွက် အများဆုံး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ မြန်မာ ဒုက္ခသည် တွေကို ဒုက္ခသည် အဆင့် သတ်မှတ်ရေး ကိစ္စမှာ ကုလသမဂ္ဂက ခွင့်ပြုတာ မဟုတ်တော့ဘဲ၊ ကုလသမဂ္ဂကို ခွင့်မပေးတော့ဘဲ ထိုင်းအာဏာပိုင်တွေက တာဝန် ယူလာခဲ့တဲ့နောက် ဒုက္ခသည်တွေ တတိယ နိုင်ငံ အခြေချ နေထိုင်ဖို့ အခွင့်အလမ်းတွေ နည်းသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံ အနေနဲ့ကလည်း ကုလသမဂ္ဂရဲ့ ဒုက္ခသည်များ ဆိုင်ရာ အခွင့်အရေး စာချုပ်ကို လက်မှတ်ထိုးတဲ့ နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း နားလည်မှု သဘောနဲ့ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတွေရဲ့ အကူအညီကိုယူပြီး ဒီ ဒုက္ခသည် တွေကို လက်ခံ ထားတာပါ။ တလောကပဲ ထိုင်းမှာရှိတဲ့ အမေရိကန် သံအမတ်ကြီး မစ္စ ခရစ္စတီး ကန်နီ (Kristie Kenney) ကလည်း မြန်မာ ဒုက္ခသည် စခန်းတွေ အထိ သွားရောက် ကြည့်ရှုပြီး ဒုက္ခသည်တွေ အတွက် အကူအညီ အထောက်အပံ့တွေ ဆက်ပေး သွားမယ်လို့ ကတိ ပြုခဲ့ပါတယ်။

နားဆင်းရန်

source by : ဗီအိုအေ

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, April 05, 2011

ငုံ့ မခံရဖို့ တုန့်ပြန်ကြစို့ (အိန္ဒိယ သံချပ်)

India Than Gyat 2011 by ronal50Thangyat Complete

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, November 28, 2010

တပ်ဂေါ်လီ

ဒေါင်းလုပ် ဆွဲရန် : တပ်ဂေါ်လီ

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, April 25, 2010

စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ

VOA | ရခိုင်ပြည်နယ် စစ်တွေမြို့ ကုန်တန်းရပ်ကွက်မှာ မီးမလာတာ လနဲ့ချီလာပြီဖြစ်တဲ့အတွက် အမျိုးသမီးတွေက ဦးဆောင်ပြီး လူအင်အား ၅၀၀ လောက်ဟာ ဧပြီလ ၂၁ ရက်နေ့ညက ရပ်ကွက် ထဲမှာလှည့်ပြီး မီးရရှိရေး အတွက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီ ဆန္ဒပြပွဲရဲ့ ရလဒ်ကြောင့် ကုန်တန်း ရပ်ကွက်ကို အာဏာပိုင်တွေက ၂၃ ရက်နေ့မှာ မီးပေးလိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး အသေးစိတ် စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးမာက တင်ပြထားပါတယ်။

စစ်တွေမြို့ ကုန်တန်းရပ်ကွက်က ပြည်သူတွေဟာ ဒီဇင်ဘာလကစပြီး မီးမလာတာ ၄ လကျော်ပြီ ဖြစ်သလို မီတာ ထိန်းသိမ်းခတွေကိုတော့ ဧပြီလကကစပြီး တိုးမြှင့်ကောက်ခံခဲ့တဲ့ မကျေမနပ်ဖြစ်ရာကနေ ဆန္ဒပြတာခဲ့တာလို့ ဆိုပါတယ်။ အခုအခါမှာတော့ အာဏာပိုင်တွေဘက်က စောင့်ကြည့်မူတွေ လုပ်နေပြီး မီးကိုချက်ချင်း ပြန်ပေးလိုက်ကြောင်း မြို့ခံတဦးက အခုလိုပြောပါတယ်။

"မီးမလာတာ ၄ လလောက်ကို ရှိပါပြီ။ သူတို့ကတော့ အော်တဲ့သူက အော်တယ်။ ငြိမ်ငြိမ်သက်သက်နဲ့ သွားနေကြတဲ့ လူ ၅၀၀ လောက်ရှိတယ်။ နောက်နေ့ကျတော့ စောစောစီးစီး လာပြီးတော့ အာဏာပိုင်တွေက စောင့်နေကြတယ်။ ပြီးတော့ လျှပ်စစ်ဌာနကနေပြီးတော့ သူတို့ကလည်း ကြိုစောင့်နေပြီးတော့ ညပိုင်းမှာ မီး ဖွင့်ပေးလိုက်တာ။ ည ၁ နာရီကနေ စဖွင့်တယ်။"

၂၁ရက်နေ့ည ၈ နာရီကျော် အချိန်ကနေစပြီး ၁၀ နာရီ နီးပါးအထိ ၁ နာရီကျော်ကြာ ဆန္ဒပြမူတွေ ဖြစ်ပွားပြီးတဲ့ အချိန်မှာတော့ အာဏာပိုင်တွေဘက်ကနေ လူစုခွဲတာမျိုးတွေ မရှိခဲ့ပေမဲ့ ၂၂ ရက်ကစပြီး ဒီနေ့အထိ ကုန်တန်းရပ်ကွက်ကို အာဏာပိုင်တွေဘက်က လုံခြုံရေး တိုးမြှင့်ချထားလိုက်တယ်လို့ ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ် ဗဟိုဦးစီးအဖွဲ့ဝင် ဦးသိန်းလှိုင် ပြောပြတာကတော့ -

"အဲဒီအချိန်ကတော့ အာဏာပိုင်တွေဘက်ကလည်း ကြိုတင်မျှော်လင့်ထားတဲ့ အနေအထားမဟုတ်တဲ့ အတွက်ကြောင့်မိုလို့ ဗြုန်းဆိုင်းကြီး ဖြစ်တာကြောင့်မိုလို့ သူတို့ဘက်က အရေးယူဆောင်ရွက်မှု တစုံတရာတော့ သူတို့ မရှိခဲ့ဘူး။ နောက်ပြီးတော့ အဲဒီနေရာက ကျနော်တို့ ရဲစခန်းနှစ်ခုနဲ့လည်း အလှမ်းဝေးတဲ့နေရာ ဖြစ်နေတဲ့အတွက်ကြောင့်မိုလို့ အဲဒီလို ဖြစ်တယ်လို့ ယူဆရတယ်။ နောက်ပိုင်းကျတော့ ၂၂ ရက်နေ့ကျတော့ အဲဒီမှာ စခန်းမှူးကအစပေါ့နော် ရဲတပ်ဖွဲ့ဝင်တွေအပြည့် လုံခြုံရေး ချပြီးတော့ စောင့်ခိုင်းနေတာ တွေ့ရတယ်ခင်ဗျ။"

အခုလို ရခိုင်ပြည်က လူထုတွေ မီးကိစ္စနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ပြောပြခဲ့ရာမှာတော့ -

"ဟုတ်ကဲ့။ သူတို့ အပြောအရ ဆိုရင် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက စပြီး ကုန်တန်း ရပ်ကွက်မှာ မီး လုံးဝ မလာဘူး။ မလာတဲ့ အပြင် မီတာခက ထိန်းသိမ်းခ ဆိုပြီး ၅၀၀ ကနေ ၁,၀၀၀ တက်လာတယ်။ ရခိုင်မှာက ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေ ရှိနေတယ်။ အဲဒီရခိုင်က ရေနံ သဘာဝ ဓါတ်ငွေ့တွေကို အလင်း ပြုပြီးတော့ မြန်မာ တနိုင်ငံလုံးကို ၂၄ နာရီ မီးပေးလို့ ရတဲ့ အနေအထားမျိုးမှာ ရခိုင်ဒေသက စစ်တွေမှာ ဒီလို အမှောင်ချ ထားတဲ့ အတွက်ကြောင့်မိုလို့ ဒါဟာ မတရားဘူး၊ သည်းမခံနိုင်တဲ့အဆုံး အဲဒီလို လုပ်ရတယ်လို့ ပြောတယ်ခင်ဗျ။"

ရခိုင်ပြည်နယ် အတွင်းမှာ မီးမလာတဲ့ အခက်အခဲ တွေကြောင့် ကျောင်းသားတွေ စာမကျက်ရတာ၊ အိမ်တွင်း စီးပွားရေး လုပ်ငန်းတွေ ကိုလည်း လုပ်ကိုင်လို့ မရတာတွေ၊ ရာဇ၀တ်မှု ထူပြောမှုတွေ ဖြစ်လာတာကြောင့် မီးကိုလိုအပ်တယ်ဆိုပြီး မြို့ခံတွေက ပြောပါတယ်။ ကုန်တန်း ရပ်ကွက်ဟာ စစ်တွေမြို့မှာ ဆန်အရေးအခင်း ဖြစ်ချိန်ကလည်း အဲဒီနေရာကနေ စခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။

နားဆင်ရန်

source by : ဗီအိုအေ

အပြည့်အစုံသတင်းဖတ်ရန်....

Monday, December 22, 2008

ကြွေနေတဲ့ကြယ်..ငိုနေတဲ့လ ရေး/ဆို ..အလိမ္မာ (japan)


2 .ကြွေနေတဲ့ကြယ်..ငိုနေတဲ့လ talk.mp3 -

2 .ကြွေနေတဲ့ကြယ်..ငိုနေတဲ့လ ရေးဆို ..အလိမ္မာ (japan).mp3 -

အပြည့်အစုံသတင်းဖတ်ရန်....

Monday, November 03, 2008

ကြွေ သွားတဲ့ ကိုမျိုးအောင်သန့် အား... ကြွေနေတဲ့ကြယ်..ငိုနေတဲ့လ... (ရေး/ဆို ..အလိမ္မာ japan) သီချင်းဖြင့် ဂုဏ်ပြု လိုက်ပါတယ်

Boomp3.com

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, May 27, 2008

အာခေါင်လှံစူးမဲ့ အာဏာရှင်

ဗမာဘာသာဖြင့် ကျုပ်ဘာလုပ်ခဲ့တယ်ဆိုတာနားထောင်ချင်ရင်ကျုပ်ပုံကိုနှိပ်ပါ
"what I have done in Burma and how I ordered to kill the people , If you want to listen with Burmese language click my image"


In my life time I had ordered to kill the monks, people and other seven7 nations in Burma. I have trained many years to my soldiers to obey my order, if anyone want to take off my power, my soldiers will be kill and taking care of the people by my order with, without honor. My soldiers servicing in my Army with low educated, I pay money to live and grow up in my army to become a murderer as me. I am the greatest I am the leader of Burma , I am the king and everyone have to obey my word, anyone who live in my country if you try to against my order you will be punishment by my own law.

ကျုပ်ဟာနှစ်ပေါင်းများစွာ လူတွေသတ်ပြီး ရာထူးတက်ခဲ့တယ် ထို့ အတူဘဲ ကျုပ်ရဲ့လက်အောက်ခံ ငယ်သား ရဲ ဘော် တွေကိုလည်း ကျုပ်ရဲ့ စစ်အာဏာတည်မြဲရေးအတွက် နှစ်ပေါင်းများစွာ လေ့ကျင့်ပေးနေခဲ့တယ် ၊
တကယ်လို့ တစုံတယောက်သောသူဖြစ်ဖြစ် အုပ်စုနဲ့ ဘဲဖြစ်ဖြစ်ငါ့ ရဲ့စစ်အာဏာကို ဖျက်စီးထိပါးမယ့် သူမှန်သမျှ ငါ့ရဲ့တပ်ကိုသုံးပြီး ရှင်းလင်းဖို့  အမြဲရှိတယ် ၊ ငါ့ရဲ့ တပ်ကလည်း လူစိတ်မရှိ ရက်စက်ကြဖို့ ငါနဲ့ အတူအသင့် ရှိနေ တယ်။ ငါ့လိုအာဏာရှင်တွေ ဖြစ်လာအောင်မွေးထုတ်ပေးနေမှုအပေါ်မှာ သံသယရှိစရာမလိုပါ။

ငါဟာစစ်အကြမ်းဖက် ခေါင်းဆောင်တယောက်ဖြစ်တယ်။ ငါဟာ စစ်အာဏာရှင်ဖြစ်တယ်၊ ငါဟာဗမာပြည်ရဲ့စစ် ယန္တယားတွေကို မချုပ်ငြိမ်းစေရေးအတွက် အမိန့် ပေးကာကွယ်နေသူ ဖြစ်တယ်။ ငါ့ရဲ့ သြဇာအာဏာ ဖီဆန်လာ သမျှအားလုံးကို ငါ ပြဌာန်းထားတဲ့ ငါကိုယ်တိုင် ရေးဆွဲထားတဲ့ ဥပဒေအောက်မှာခင်ဗျားတို့ ကိုစီရင်ဖို့ အသင့် ရှိ တယ်။

ပုံ
သန်းရွှေ
ခွေးဝဲစားစစ်အာဏာရှင်

မူပိုင် http://downtamun.blogspot.com/

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, May 11, 2008

ငါဒို့ ရဲ့ ဒီနေ့  ကြွေးကြော်သံများ


အစာရရှိရေး- ဒို့ အရေး

သောက်ရေ ရရှိရေး- ဒို့ အရေး

ဆေးရရှိရေး- ဒို့ အရေး

" Burmese People need food "

" Burmese People need Water"

အစာရဖို့ အတွက်တိုက်ပွဲဝင်ကြ။

ရေရဖို့ အတွက်တိုက်ပွဲဝင်ကြ။

ဆေးဝါးရရှိဖို့ အတွက်တိုက်ပွဲဝင်ကြ။

ငါဒို့ ထမင်းလုပ်ကို ပုတ်ချတဲ့ လူတွေကို ပြန်တိုက်ပွဲဆင်ကြ။

လူလူခြင်း ယိုင်းပင်းကူညီကြ။

မိုးသီးဇွန်

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, April 05, 2008

မင်္ဂလာဒိုး သံချပ်များ

Image and video hosting by TinyPic





download လိုချင်ပါက http://www.mediafire.com/?yjhcj01ms1g

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */