“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, April 26, 2011

မြန်မာဒုက္ခသည် ပြန်ပို့ရေး အချိန်မတန်သေး


ဓာတ်ပုံ state.gov
မစ္စတာ အဲရစ် ရွှာ့ဇ်။
ဦးသားညွန့်ဦး | ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ နိုင်ငံသား ဒုက္ခသည်တွေကို နေရပ် ပြန်ပို့ရမယ့် အချိန် မရောက် သေးဘူးလို့ အမေရိကန် ပြည်ထောင်စုက ယူဆထားတဲ့ အတွက် ဒီဒုက္ခသည်တွေကို အကူအညီ ပေးရေး ထိုင်းအစိုးရနဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီဒုက္ခသည်တွေ နေရပ်ကို ဘေးကင်း လုံခြုံစွာ ပြန်နိုင်ရေး အခြေအနေ အချိန်အခါ လိုအပ်ချက် တွေကိုလည်း သူက ထောက်ပြပါတယ်။ အပြည့်အစုံကို တွေ့ဆုံ မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ အနေနဲ့ မြန်မာ ဒုက္ခသည်တွေကို ပြန်ပို့ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာချိန်မှာပဲ အခုအချိန်ဟာ မြန်မာနိုင်ငံက ဒုက္ခသည်တွေ နေရပ် ပြန်ပို့ရမယ့် အချိန် မတိုင်သေးဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ရွှေ့ပြောင်း နေထိုင်သူများနဲ့ ဒုက္ခသည်များ ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဲရစ် ရွှာ့ဇ် (Eric Schwartz) က ဗွီအိုအေနဲ့ သီးခြား တွေ့ဆုံမေးမြန်းစဉ်မှာ ပြောသွားတာပါ။

ထိုင်းနိုင်ငံ အနေနဲ့ မြန်မာ ဒုက္ခသည်တွေကို ပြန်ပို့ဖို့ စီစဉ်နေတယ် ဆိုပြီး တလောကပဲ ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ အကြီးအကဲက ပြောသွားတာမို့ အခြေအနေက ဒုက္ခသည်တွေ အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ထိုင်း အာဏာပိုင်တွေနဲ့ နီးနီး ကပ်ကပ် ညှိနှိုင်း တိုင်ပင်မှုတွေ လုပ်နေတယ်လို့ မစ္စတာ အဲရစ် ရွှာ့ဇ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“မြန်မာဒုက္ခသည်တွေကို မြန်မာပြည်ကို ပြန်ပို့ရမယ့် အချိန်ကာလ မရောက်သေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လုပ်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ အရပ်ဘက်နဲ့ စစ်ဘက် အာဏာပိုင် နှစ်ရပ်စလုံးကလည်း မြန်မာပြည်မှာ အခု ပြောင်းလဲပါတယ်ဆိုတဲ့ အခြေအနေကနေ ဒီထက် ထင်ရှားသိသာတဲ့ ပြောင်းလဲမှုမျိုးတွေ မဖြစ်မချင်းတော့ ဒီလူတွေကို အတင်းအကျပ် ပြန်ပို့တာမျိုး မလုပ်သင့်ဘူးဆိုတာ နားလည်လိမ့်မယ် ထင်ပါတယ်။ ဒါကြောင့် မြန်မာဒုက္ခသည်တွေ ကိစ္စအတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ ထိုင်းအစိုးရ အပါအ၀င် အခြားအစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပါတယ်။”

၂၀၁၀ ရွေးကောက်ပွဲ ရလဒ်နဲ့အညီ မြန်မာအစိုးရသစ် ဖွဲ့စည်းပြီးတဲ့နောက် အိမ်နီးချင်းနိုင်ငံတွေ အကြားမှာ မြန်မာနိုင်ငံဟာ အပြောင်းအလဲဘက်ကို တာစူနေပြီ၊ အချို့ကလည်း အပြောင်းအလဲ စတင်နေပြီလို့ မြင်ကြပါတယ်။ ဒါကြောင့်လည်း အခုလို ဒုက္ခသည်တွေ ပြန်ပို့ရေး ထိုင်းဘက်က စဉ်းစားလာတာလို့ ယူဆရပါတယ်။ မစ္စတာ အဲရစ် ရွှာ့ဇ်ကတော့ အပြောင်းအလဲ ဆိုတာကို ရွေးကောက်ပွဲကို ကြည့်ပြီး သတ်မှတ်လို့ မရဘူးလို့ ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ အစိုးရသစ် ဖြစ်လာတာတွေကြောင့် မြန်မာနိုင်ငံထဲမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ရှိတယ်လို့ မပြောနိုင်ပါဘူး။ ပြောင်းလဲတယ် ဆိုတာအတွက် သိသာထင်ရှားတဲ့ အထောက်အထား၊ အချက်အလက်တွေ အခြေအနေတွေ ရှိဖို့လိုပါတယ်။

“မြန်မာနိုင်ငံသားတွေ အနေနဲ့ သူတို့အမြင် သဘောထားတွေကို လွတ်လွတ် လပ်လပ် ထုတ်ဖော်ပြောဆိုနိုင်ခွင့် ရှိပြီလား၊ လွတ်လွတ် လပ်လပ် စုဝေးခွင့် ရှိရဲ့လား၊ သူတို့ရဲ့အမြင် အယူအဆတွေကို အာဏာပိုင်တွေ သိအောင် ပြောနိုင်ဆိုနိုင်ရဲ့လား၊ ကြောက်ရွံ့မှုကင်းတဲ့ အခြေအနေ အောက်မှာ လွတ်လွတ် လပ်လပ် နေထိုင်ခွင့် ရှိရဲ့လား၊ ရွေးကောက်ပွဲ လုပ်လုပ် မလုပ်လုပ် မဆိုင်ပါဘူး။ အခု ပြန်သွားမယ်ဆိုတဲ့ ဒုက္ခသည်တွေဟာ သူတို့နိုင်ငံမှာ ဒီလို အခွင့်အရေးတွေနဲ့ နေထိုင်ခွင့် ရပါ့မလားဆိုတာ မေးခွန်းရှိပါတယ်။”

ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာပဲ ထောင်နဲ့ချီတဲ့ ထိုင်း၊ မြန်မာ နယ်စပ်က မြန်မာ တိုင်းရင်းသား ဒုက္ခသည်တွေဟာ တတိယ နိုင်ငံတွေကို ပြောင်းရွှေ့ အခြေချခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့လည်း အခု နောက်ပိုင်း မှာတော့ ထိုင်းအာဏာပိုင်တွေဘက်က တင်းကျပ်မှု အချို့ကြောင့် ဒီလို ပြောင်းရွှေ့ အခြေချနိုင်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ ထိုင်းအာဏာပိုင်တွေဘက်က နောက်ပိုင်းရောက်တဲ့ ဒုက္ခသည် အများစုကို နိုင်ငံရေး ဒုက္ခသည် အဖြစ် သတ်မှတ်ဖို့ ငြင်းဆန် နေပါတယ်။ ဒါကြောင့်လည်း ဒုက္ခသည် အများစုဟာ နယ်စပ်က စခန်းတွေမှာပဲ ချို့ချို့တဲ့တဲ့ နေနေကြရပါတယ်။

မစ္စတာ အဲရစ် ရွှာ့ဇ်ကတော့ ဒုက္ခသည်တွေ တတိယ နိုင်ငံ ပြောင်းရွှေ့ရေးထက် မြန်မာနိုင်ငံမှာ အပြောင်းအလဲ တကယ်ဖြစ်ပြီး ဒုက္ခသည်တွေ နေရပ်ကို လုံလုံခြုံခြုံ ပြန်နိုင်ဖို့က တကယ့်အဖြေမှန် ဖြစ်တယ်လို့ ပြောပါတယ်။

“ဒုက္ခသည် အများစု အတွက် တတိယ နိုင်ငံတွေကို အခြေချ ပြောင်းရွှေ့ နေထိုင်ခွင့် ရဖို့ဆိုတာ ဒုက္ခသည် ပြဿနာ ဖြေရှင်းရေး အတွက် အဖြေ မဟုတ်ပါဘူး။ မဖြစ်မနေ လိုအပ်ချက် ရှိတဲ့ လူအချို့ အတွက်တော့ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာမှာပဲဖြစ်ဖြစ်၊ မြန်မာ ကိစ္စပဲ ဖြစ်ဖြစ် ဒုက္ခသည်တွေ တတိယ နိုင်ငံကို အခြေချ ပြောင်းရွှေ့ဖို့ဆိုတာ ဒါ အဖြေ မဟုတ်ပါဘူး။ ဒီ ဒုက္ခသည်တွေ အနေနဲ့ သူတို့ နေရပ်ကို ဘေးကင်း လုံခြုံစွာ ပြန်နေရေး အခြေအနေ အချိန်အခါ ဖြစ်လာဖို့ ကိစ္စက အဓိကပါ။”

ထိုင်း နိုင်ငံမှာ ရှိတဲ့ မြန်မာ ဒုက္ခသည်တွေ အနေနဲ့ ထိုင်းမှာ ယာယီခိုလှုံနေတုန်း နေထိုင် စားသောက်ရေး ကိစ္စအ၀၀ အဆင်ပြေစေဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ထိုင်း အစိုးရနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက် သွားမယ်လို့လည်း ပြောပါတယ်။ ဒီအတွက် အမေရိကန် ပြည်ထောင်စု အနေနဲ့ ဒေါ်လာသန်းနဲ့ချီ သုံးစွဲသွားဖို့ ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။

တကယ်တော့ ထိုင်းနိုင်ငံက မြန်မာ ဒုက္ခသည် တွေကို လက်ခံခေါ်ယူတဲ့ အထဲမှာ အမေရိကန်နိုင်ငံက ဒုက္ခသည် အရေအတွက် အများဆုံး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ မြန်မာ ဒုက္ခသည် တွေကို ဒုက္ခသည် အဆင့် သတ်မှတ်ရေး ကိစ္စမှာ ကုလသမဂ္ဂက ခွင့်ပြုတာ မဟုတ်တော့ဘဲ၊ ကုလသမဂ္ဂကို ခွင့်မပေးတော့ဘဲ ထိုင်းအာဏာပိုင်တွေက တာဝန် ယူလာခဲ့တဲ့နောက် ဒုက္ခသည်တွေ တတိယ နိုင်ငံ အခြေချ နေထိုင်ဖို့ အခွင့်အလမ်းတွေ နည်းသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံ အနေနဲ့ကလည်း ကုလသမဂ္ဂရဲ့ ဒုက္ခသည်များ ဆိုင်ရာ အခွင့်အရေး စာချုပ်ကို လက်မှတ်ထိုးတဲ့ နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း နားလည်မှု သဘောနဲ့ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတွေရဲ့ အကူအညီကိုယူပြီး ဒီ ဒုက္ခသည် တွေကို လက်ခံ ထားတာပါ။ တလောကပဲ ထိုင်းမှာရှိတဲ့ အမေရိကန် သံအမတ်ကြီး မစ္စ ခရစ္စတီး ကန်နီ (Kristie Kenney) ကလည်း မြန်မာ ဒုက္ခသည် စခန်းတွေ အထိ သွားရောက် ကြည့်ရှုပြီး ဒုက္ခသည်တွေ အတွက် အကူအညီ အထောက်အပံ့တွေ ဆက်ပေး သွားမယ်လို့ ကတိ ပြုခဲ့ပါတယ်။

နားဆင်းရန်

source by : ဗီအိုအေ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */