“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, April 26, 2011

သမ္မတသစ်ထံ တရားဥပဒေစိုးမိုးရေးအတွက် ပေးစာ NLD ထုတ်ပြန်

2011-04-25 RFA (ပေးပို့ သူ -ဗမာသွေး)
အစိုးရသစ်အနေနဲ့ တရားဥပဒေစိုးမိုးရေး အလေးထား ဆောင်ရွက်ဖို့အတွက် တိုက်တွန်းထားတဲ့စာကို NLD ပါတီက ဧပြီ ၂၅ ရက် တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီစာဟာ NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက သမတ ဦးသိန်းစိန် ထံကို ဧပြီလဆန်းပိုင်းက ပေးပို့ခဲ့တဲ့ စာဖြစ်ပါတယ်။ ထုတ်ပြန်လိုက်တဲ့ စာနဲ့ပတ်သက်ပြီး ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ခုလိုပြောပါတယ်။

“ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်အမှတ်ကတော့ ၇/၀၄/၁၁ ဖြစ်ပါတယ်။ တကယ်တော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၄ ရက်နေ့က ဧပြီလ ၄ ရက်နေ့က အစည်းအဝေး ဆုံးဖြတ်ချက်အရ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ၅ ရက်နေ့မှာပဲ နိုင်ငံတော် သမတ ဥိးသိန်းစိန်ထံကို စာတစောင် ပေးပို့ပါတယ်။ အဲဒီစာက တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်တဲ့စာပါ။ အဲဒီစာကို ဒီနေ့ အစကနေ အဆုံး ပြည်သူများ သိရှိအောင် ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။ အဲဒီလို ထုတ်ပြန်ဖို့ ဧပြီလ ၂၂ ရက် ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။”

ပေးစာမှာ နိုင်ငံတွင်း လက်ရှိ ဖြစ်ပျက်နေတဲ့ တရားဥပဒေရေးရာ ဆောင်ရွက်ချက်တွေကို ရည်ညွန်း ဖော်ပြထားသလို၊ မှုခင်းနဲ့ သတင်းတပ်ဖွဲ့တို့က တင်တဲ့ အမူတွေဟာ အင်းစိန်ထောင်တွင်း အထူး တရားရုံးတွေမှာ စစ်ဆေး ကြားနာနေတဲ့အတွက် ဆွေမျိုးသားချင်းတွေနဲ့ စိတ်ပါဝင်စားတဲ့ ပြည်သုတွေ လာရောက် နားထောင်ခွင့် မရှိတာကြောင့် လွတ်လပ်စွာ တရားစီရင်ရေးမူတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ထောက်ပြထားပါတယ်။

ဒီအတွင်း NLD ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ ၂၅ ရက် တနင်္လာနေ့ မွန်းလွဲပိုင်း က International Center on Non-Violence Conflict အဖွဲ့နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */