“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, April 14, 2011

သတင်းစုံ တခါတည်းတင်လိုက်တယ် -ပေးပို့ သူ ဗမာသွေး

အီးယူပိတ်ဆို့မှုတချို့ ခေတ္တလျှော့သော်လည်း NLD မူမပြောင်း

By ကိုဇော်ဝင်းလှိုင် ဗုဒ္ဓဟူး, 13 ဧပြီ 2011

မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ အကျိုးမဲ့လုပ်ရပ်မဟုတ်ဘူးလို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောကြားလိုက်ပါတယ်။ အီးယူ ဥရောပသမဂ္ဂက မြန်မာအာဏာပိုင်တွေအပေါ် ထားရှိတဲ့ ပြစ်ဒဏ်ထဲက တချို့အချက်တွေကို ခေတ္တ ဆိုင်းငံ့လိုက်တဲ့အပေါ် တုံ့ပြန် ပြောကြားရာမှာ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို ပြောကြားလိုက်တာပါ။ တချိန်တည်းမှာပဲ ပိတ်ဆို့ အရေးယူ ထားတာတွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုနေတဲ့ ဒီမိုကရေစီ မဟာမိတ် ၁၀ ပါတီအဖွဲ့ဝင် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပါတီဥက္ကဌ ဒေါက်တာ အေးမောင်ကတော့ အီးယူဖက်က အခုလို သက်ညာမှုပြသလို မြန်မာအာဏာပိုင်တွေ ဖက်ကလည်း တုံ့ပြန် ဆောင်ရွက်ချက် ပြသဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်လို့ NLD ရဲ့ သဘောထား မပြောင်းလဲတဲ့အကြောင်းကိုတော့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ Sanctions (ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု) နဲ့ပတ်သက်ပြီးတော့ NLD မူက မပြောင်းပါဘူး။ အခု အီးယူကလုပ်တာကိုလည်း ကျနော်တို့နားလည်တာက Sanctions တွေ ရုပ်သိမ်းဖို့ သူတို့ကလမ်းဖွင့်ပေးတဲ့ သဘောပဲ။ သူတို့က Time Limit အချိန်ကာလ သတ်မှတ်ချက်လည်း ပါတယ်လို့ ပြောပါတယ်။ အဲဒီသတ်မှတ်ချက်ပြည့်လို့မှ ဘာမှမထူးလာရင် အရင်အတိုင်းပဲ ပြန်ဖြစ်မယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ယူလို့ရပါတယ်။ အဲဒီတော့ ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ကတော့ Sanctions ဟာ ကျနော်တို့ကိစ္စတော့ မဟုတ်ဘူး။ သို့သော် အဲဒါထားခြင်းအားဖြင့် ကျနော်တို့ အကျိုးမဲ့မဟုတ်ဘူးလို့ ဒီလိုပဲမြင်ပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဌ ဒေါက်တာအေးမောင်ကတော့ အီးယူဖက်က အခုလို သဘောထား ပျော့ပြောင်းပေးလာသလိုပဲ အစိုးရဖက်ကလဲ လိုက်လျော လုပ်ဆောင်ဖို့ သူ့အနေနဲ့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

“ပျော့ပျောင်းလာတယ်လို့ပဲ ယူဆပါတယ်။ ကျနော်တို့ လက်ရှိလည်းပဲ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာတဲ့ အစိုးရက ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို စတင်လှမ်းနေပြီလို့ ကျနော်တို့ ယူဆရတဲ့သဘောတွေကို မေးခွန်းသုံးခုက ဖော်ပြနေတယ်လေ။ အဲဒီတော့ ကျနော်တို့ ပြည်ထောင်စုအစိုးရ အဖွဲ့မှာလည်း ခုနက အီးယူကပြောသလိုပဲလေ အရပ်သားတွေလည်း ပါလာပါတယ်။ ပြည်ခိုင်ဖြိုးပါတီဝင် ဖြစ်ကောင်းဖြစ်နိုင်တာ ပေါ့နော်။ ဒါပေမဲ့လို့လည်း အခုလို အီးယူက စပြီးတော့ လျော့ပေါ့ပေးတာကို ကြိုဆိုပါတယ်။ အများကြီးလည်း ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အစီအစဉ်လေး စနစ်တကျနဲ့ဖြစ်လာမယ်လို့ ကျနော်တို့ ပြည်ထောင်စုအစိုးရအပေါ်မှာ ကျနော်တို့ မျှော်မှန်းပါတယ်။ ကောင်းတဲ့လက္ခဏာကို စပြီး လှမ်းတယ်၊ အဲဒီဟာပေါ်ကို မူတည်ပြီးကာမှလည်း မြန်မာနိုင်ငံ ပြည်ထောင်စု အစိုးရကလည်းပဲ သူလှမ်းသလို ကိုယ့်ဖက်ကလည်း လှမ်းနိုင်မယ်လို့ ကျနော် ယူဆပါတယ်ခင်ဗျ။”

RNDP ပါတီဥက္ကဌ ဒေါက်တာအေးမောင် ပြောပြခဲ့တာပါ။ RNDP ပါတီဟာ အီးယူနဲ့ အမေရိကန် ပြည်ထောင်စု အပါအ၀င် တခြားနိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားတာတွေ ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုနေကြတဲ့ ဒီမိုကရေစီ မဟာမိတ် ၁၀ ပါတီအဖွဲ့ဝင် ပါတီတခုလည်းဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံများဆိုင်ရာ အီးယူသံအမတ်ကြီး ဒေးဗစ်လစ်ပ်မဲန် (David Lipman) ကတော့ အရေးယူမှုတွေ ခေတ္တရပ်ဆိုင်းထားတာဟာ ထိတွေ့ဆက်ဆံမှု ပြုလုပ်လိုတဲ့အတွက် ဖြစ်တယ်လို့ အခုလို ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ဟာ ထိတွေ့ဆက်ဆံဖို့ လိုပါတယ်။ မြန်မာအစိုးရနဲ့ ဆက်ဆံလိုပါတယ်။ တခြား ဒီမိုကရေစီ အင်အားစုတွေနဲ့ ထိတွေ့လိုပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ ဒီ ဒဏ်ခတ်အရေးယူမှုအချို့ကို ဆိုင်းငံ့လိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အဆင့်မြင့် ထိတွေ့ဆက်ဆံရေးတွေ လုပ်နိုင်ဖို့အတွက် အခုလို ဆိုင်းငံတာဖြစ်ပါတယ်။”

အီးယူသံအမတ်ကြီး ဒေးဗစ်လစ်ပ်မဲန် ပြောကြားခဲ့တာဖြစ်ပါတယ်။


တိုးတက်မှုစစ်မစစ် သတိထားသုံးသပ်ဖို့ ဒေါ်စုတိုက်တွန်း

By ဦးသိန်းထိုက်ဦး ဗုဒ္ဓဟူး, 13 ဧပြီ 2011

မြန်မာပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်တွေမှာ အားလုံး ပါဝင်ခွင့် ရရှိရေးအတွက် ၀ိုင်းဝန်းကူညီ ဆော်သြဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ အမျိုးသမီး ခေါင်းဆောင်တွေကို မေတ္တာရပ်ခံလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန် ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအပေါ် ကန့်သတ် ပိတ်ပင်တာတွေ မလုပ်ဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။ မနေ့ညက ၀ါရှင်တန်မြို့တော် ကနေဒီစင်တာ အဆောက်အဦးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတကာ အမျိုးသမီး ခေါင်းဆောင်တွေကို Vital Voices Global Partnership အဖွဲ့ကြီးက ဆုပေးပွဲအခမ်းအနား ကျင်းပပြီး ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယိုနဲ့ အမှာစကား ပြောကြားခဲ့တာဖြစ်ပါတယ်။ ဆုပေးပွဲအကြောင်း သတင်းကိုယ်တိုင်သွားယူခဲ့တဲ့ ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

“ဒီညမှာ ကျမတို့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုလိုပါတယ်။ မိသားစု၊ ပြင်ပကမ္ဘာနဲ့ နှစ်ပေါင်းများစွာ အဆက်အသွယ် ဖြတ်တောက်ခံခဲ့ရတာတွေကို ကြံ့ကြံ့ခံရပ်တည်ခဲ့သူ၊ သံမဏိလို ခွန်အားနဲ့ မယိမ်းမယိုင် ခိုင်မာတဲ့သူ” - လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ၀ါရှင်တန်မြို့တော် သမ္မတဟောင်း ဂျွန်အက်ဖ် ကနေဒီ အမှတ်တရ အဆောက်အဦးကြီးရဲ့ ဆုပေးပွဲခမ်းမမှာ မနေ့ညက ပြောဆိုသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်ရေးအတွက် ရှေ့ဆောင်လမ်းပြ ရုန်းကန် လှုပ်ရှားသူအဖြစ် ဆယ်စုနှစ်ရဲ့ အသံဆိုတဲ့ ခေါင်းစဉ်နဲ့ Vital Voices Global Partnership အဖွဲ့က ဂုဏ်ပြုချီးမြှင့်တာ ဖြစ်ပါတယ်။


EU အဖွဲ့ ပိတ်ဆို့မှု သက်တမ်းတိုးခြင်းကို NLD ဦးတင်ဦး ကြိုဆို

2011-04-13 RFA


EU ဥရောပသမဂ္ဂက မြန်မာအစိုးရအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှု သက်တမ်း နောက်တနှစ် တိုးလိုက်တာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးတင်ဦးက ကြိုဆိုလိုက်ပါတယ်။



အဲဒီသက်တမ်းတိုးမှုမှာ အစိုးရအဖွဲ့ထဲက အရပ်သား ဝန်ကြီးတချို့ကို ပြည်ဝင်ခွင့်ဗီဇာ တနှစ်ဖွင့်ပေး လိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒါဟာ မြန်မာအစိုးရဖက်က ပြောင်းလဲလာမလားဆိုတာ စမ်းသပ်တာ ဖြစ်လိမ့်မယ်လို့ ယူဆတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကန့်ကွက်စရာ မရှိဘူးလို့ ဆိုပါတယ်။



ဒီကိစ္စနဲ့ပတ်သက်လို့ ဦးတင်ဦးက RFA ကို ခုလို ပြောပြပါတယ်။



“လက်ရှိ ရှိနေတဲ့ အရပ်သားအရာရှိ ထိပ်ပိုင်း ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်လို့ လုပ်ငန်းကိုင်ငန်း ဆက်သွယ်ရေး လာပြီး လုပ်ဖို့အတွက် လွယ်ကူအောင် အလို့ငှာ တနှစ် ဗီဇာပေးတယ် ဆိုတာ ဒါကတော့ သူတို့ ဒါ စမ်းသပ်ကြည့်တဲ့ သဘောပဲပဲလေ။ အဲဒီတော့ အဲလို စမ်းသပ်တဲ့အပေါ်မှာ သူက ဘယ်လောက် လိုက်လျောပြီးတော့ ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုအပေါ်မှာ ပေးမလဲ။ ဒါ သူနည်းနည်းလေး တံခါးဖွင့်ကြည့်တဲ့ သဘောပါပဲ။ ဒါတွေအပေါ်မှာတော့ ကျွန်တော်တို့က အထူး ပြောစရာမလိုဘူး။”



“မူကတော့ဖြင့် သူတို့ အီးယူကပဲ ဆက်လက်ပြီးတော့ အရေးကြီးတဲ့ စီးပွားရေး ပိတ်ဆို့မှု အရင်ဟာတွေ အားလုံးကတော့ ဒီတိုင်းပဲ ဆက်လက်ပြီး ထားတယ်ဆိုတဲ့ သဘောလို့ ကျွန်တော် နားလည်လိုက်တယ်။ အဲဒါအတွက်တော့ ကြိုဆိုပါတယ်။”

စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ပြုပြင် မွမ်းမံနိုင်ဖို့အတွက် အရေးယူထားတဲ့ နိုင်ငံတွေအနေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆွေးနွေးဖို့ကို ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် NLD ကြေညာချက် မှာ ဖိတ်ခေါ်ထားပါတယ်။



ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ရုပ်သိမ်းရေး-မရုပ်သိမ်းရေး စဉ်းစားတဲ့အခါမှာလည်း မြန်မာနိုင်ငံက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တောင့်တင်း ခိုင်မာတဲ့ စီးပွားရေး အခြေအနေတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့လည်း NLD ပါတီက ထောက်ပြခဲ့ပါတယ်။



အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ဆက်ပြီး ထားဦးမယ်လို့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကင်းဘဲလ်က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပြောကြားခဲ့ပါတယ်။



SA မြောက်ပိုင်းနှင့် မြန်မာစစ်ခေါင်းဆောင်များ လျှိ့ဝှက် ဆွေးနွေး
2011-04-12 RFA

အရင်စစ်အစိုးရက ပြည်သူ့စစ်ဖွဲ့ စည်းဖို့ ဖိအားပေးတာကို ငြင်းဆန်ခဲ့တဲ့ SSA-N ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်မဟာ (၁)က ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရတပ်တွေအကြား ဧပြီ ၁၂ ရက် ဒီကနေ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ တွေ့ဆုံ ဆွေးနွေးကြတယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အစိုးရဖက်က SSA မြောက်ပိုင်း တပ်မဟာ (၁) နဲ့ ဆွေးနွေးလိုတယ်လို့ ကမ်းလှမ်းခဲ့ကြောင်း သတင်းထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့အတွက် ကြားခံ ဆောင်ရွက်ပေးခဲ့တာက ပြည်သူ့စစ် ဖွဲ့သွားခဲ့တဲ့ SSA မြောက်ပိုင်း တပ်မဟာ ၇ က ခေါင်းဆောင်တွေ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးက RFA ကို ပြောပါတယ်။

SSA မြောက်ပိုင်းဟာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းလောက်ကတည်းက မြန်မာအစိုးရတပ်တွေနဲ့ ကွန်ဟိုင်းနဲ့ တန့်ယန်းအကြားမှာ မကြာခဏ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် အစိုးရတပ်တွေဟာ နန့်ပန်နဲ့ သံလွင်မြစ်ကြားက ဒေသတွေကို တပ်စွဲထားနိုင်ပြီ ဖြစ်တဲ့အတွက် UWSA နဲ့ SSA မြောက်ပိုင်း တပ်မဟာ ၁ တပ်တွေအကြား စစ်ရေးအရ ပိုင်းခြားထားနိုင်သလို ဖြစ်နေတယ်လို့ သိရပါတယ်။

SSA မြောက်ပိုင်း တပ်မဟာ (၁) ကို စစ်ရေးအရ ဆက်လက် ဖိအားပေးနေရင် SSA တောင်ပိုင်းတပ်တွေနဲ့ ပြန်လည် ပေါင်းစည်းသွားမှာ စိုးရိမ်တဲ့အတွက် အခုလို ဆွေးနွေးဖို့ ကမ်းလှမ်းတာ ဖြစ်နိုင်တယ်လို့လည်း အကဲခတ်တွေက ပြောပါတယ်။

တကယ်လို့တွေ့ဆုံဆွေးနွေးမှု အဆင်ပြေရင် အင်အား ၃၀၀၀ ခန့် ရှိတဲ့ SSA မြောက်ပိုင်း တပ်မဟာ (၁) ကို ဝန်ဟိုင်းဒေသမှာ ပြန်လည် နေရာပေးမယ်လို့လည်း အစိုးရဖက်က ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ RFA က ကြိုးစားနေဆဲ ဖြစ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပါတီကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်ခွင့်ပေးဖို့ မြန်မာ အာဏာပိုင်တွေကို ကျမထပ်ပြီး တောင်းဆိုလိုပါတယ်။ သူတို့ကို လွတ်လပ်စွာ လှုပ်ရှားခွင့်နဲ့ စုရုံးခွင့်တွေပေးဖို့လည်း တောင်းဆိုပါတယ်။” - လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုသွားပါတယ်။

၁၉၉၇ ခုနှစ်ကတည်းက အဲဒီအချိန် သမ္မတကတော်ဟောင်း ဖြစ်ခဲ့တဲ့ ဟီလာရီကလင်တန်နဲ့ နိုင်ငံခြားရေး ၀န်ကြီးဟောင်း မယ်ဒလင်းအောဘရိုက်တို့က Vital Voices Global Partnership အဖွဲ့ကို တည်ထောင်ခဲ့ပြီး အမျိုးသမီးအခွင့်အရေးနဲ့ လွတ်မြောက်ရေးအတွက် ဦးစီးဦးဆောင် လှုပ်ရှားသူတွေကို နှစ်စဉ် ဂုဏ်ပြုချီးမြင့်လေ့ ရှိပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အခမ်းအနားအတွက် ဗွီဒီယိုကတဆင့် အမှာစကား ပေးပို့ခဲ့ပါတယ်။

“ကျမတို့ဟာ လွတ်မြောက်ရေးအတွက် ရုန်းကန်လှုပ်ရှားနေသူတွေ၊ အခြေခံ အခွင့်အရေးအတွက် ရုန်းကန် တိုက်ပွဲဝင်နေသူတွေ ဆိုတာ လူတွေ သတိတရ ရှိစေချင်ပါတယ်။ အမျိုးသမီးတွေအတွက် အခြေခံ အခွင့်အရေးတွေတင် မဟုတ်ဘဲ ပြည်သူပြည်သား အားလုံးရဲ့ အခြေခံ အခွင့်အရေးအတွက် ရုန်းကန်လှုပ်ရှားနေသူတွေ ဖြစ်ပါတယ်။” - လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

တိုင်းရင်းသားလူမျိုးစုဒေသတွေမှာ ဆယ်စုနှစ်ချီကြာခဲ့တဲ့ ပဋိပက္ခတွေနဲ့အတူ မြန်မာပြည်ဟာ လွတ်လပ်ရေး ရပြီးကတည်းက စစ်မှန်တဲ့ ညီညွတ်ရေးကို မတည်ဆောက်နိုင်သေးတဲ့ အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုသွားပါတယ်။ မြန်မာပြည်ရဲ့ တိုင်းရင်းသားတွေအကြား စစ်မှန်တဲ့ စည်းလုံးညီညွတ်မှုကို ဘယ်တိုင်းရင်းသား မျိုးနွယ်စုကဖြစ်ဖြစ် အမျိုးသမီးတွေ အချင်းချင်း ညီညွတ်မှုနဲ့ အစပျိုး ထူထောင်နိုင်မယ်လို့ တွေးမိတဲ့အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

“ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲ ကျင်းပခဲ့တာ၊ အခု ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ခေါ်ယူ ခဲ့တာကို ကြည့်ပြီး ဒါဟာ တိုးတက်မှုဖြစ်တယ်၊ ဒီမိုကရေစီရေး အတွက် ခြေလှမ်းတခု ဖြစ်တယ်လို့ ရှုမြင်သူတွေကို ကျမတို့အနေနဲ့ ပိုပြီး သတိထားဖို့ စစ်မှန်တဲ့တိုးတက်မှု ဟုတ်မဟုတ် သေသေချာချာ သတိထားကြည့်ဖို့ သတိပေးချင်ပါတယ်။” - လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

ဒီအချိန် မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့အရာက နိုင်ငံရေးဖြစ်စဉ်တွေမှာ အားလုံးပါဝင်ခွင့် ရှိဖို့ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိအနေအထားကို တိုးတက်တဲ့အဆင့်လို့ မြင်ချင်တဲ့သူတွေက နိုင်ငံရေးဖြစ်စဉ်ဆိုတာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ခေါ်ယူတာ လောက်ကိုပဲ အကန့်အသတ်နဲ့ အဓိပ္ပါယ်ဖွင့်ချင်နေကြတဲ့အကြောင်း၊ ဒီမိုကရေစီကို အခိုင်အမာ ယုံကြည်တယ် ဆိုရင် ပြည်သူတွေအနေနဲ့ သူတို့ဘာသာ လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့်ရှိရမှာဖြစ်တဲ့အကြောင်း ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

လွှတ်တော်ကတဆင့် ဆောင်ရွက်ချင်သူတွေ အနေနဲ့ ဆောင်ရွက်နိုင်သလို တဖက်မှာလည်း လွှတ်တော်ပြင်ပက လှုပ်ရှားဆောင်ရွက်လိုတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လို အဖွဲ့အစည်းတွေ အနေနဲ့လည်း တိုင်းပြည်ရဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးဘ၀ စတဲ့ အခန်းကဏ္ဍတွေမှာ လွတ်လပ်လုံခြုံစွာ ပါဝင်ဆောင်ရွက်ခွင့် ရှိသင့်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

အခမ်းအနားမှာ ဒီနှစ်အတွက် Vital Voices Global Partnership အဖွဲ့ကြီးက ဆုချီးမြှင့်ခံရတဲ့ တခြား ကင်မရွန်၊ အိန္ဒိယ၊ အာဖဂန်နစ္စတန်၊ အစ္စရေး စတဲ့ နိုင်ငံက ဆုရရှိသူ အမျီုးသမီးတွေကတော့ ဆုကို ကိုယ်တိုင် လက်ခံယူကြပါတယ်။

အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး၊ အမေရိကန် သမ္မတကတော်ဟောင်း လော်ရာဘုရှ် တို့နဲ့အတူ တခြား ထင်ရှားတဲ့သူတွေရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ပြောပြချက်တွေပါတဲ့ ဗွီဒီယိုမှတ်တမ်းတို ကိုလည်း ပြသပါတယ်။ အခမ်းအနား အပိတ်မှာတော့ အိုင်ယာလန်နိုင်ငံက ရော့ခ်တေးဂီတ အဆိုတော် ဘိုနို ဒေါ်အောင်ဆန်းစုကြည် အတွက် ရည်ညွန်းသီဆိုထားတဲ့ Walk On ဆိုတဲ့ သီချင်းကို သံစုံတီးဝိုင်းကြီးတွေနဲ့ ဖျော်ဖြေရေးအဖွဲ့တွေက ၀ိုင်းဝန်းသီဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။


သမ္မတဟောင်း မူဘာရက်နဲ့သားများ ထိန်းသိမ်းခံရ

ဗုဒ္ဓဟူး, 13 ဧပြီ 2011

အီဂျစ်သမ္မတဟောင်း ဟိုစနီမူဘာရက် (Hosni Mubarak) အပေါ် အဂတိလိုက်စားမှုအတွက် စုံစမ်းစစ်ဆေးဖို့ ၁၅ ရက်ကြာ ထိန်းသိမ်းလိုက်ပါတယ်။ ပင်လယ်နီဒေသက အပမ်းဖြေမြို့ဖြစ်တဲ့ ရှမ်အယ်လ်ရှိက် (Sharm el-Sheikh) မှာ အာဏာပိုင်တွေက မေးမြန်းစစ်ဆေးမှုတွေ လုပ်နေတုန်း နှလုံးရောဂါ ဖောက်လာတဲ့အတွက် သမ္မတဟောင်းကို ဆေးရုံတင်လိုက်ရပြီ သိပ်မကြာခင် ဒီကနေ့မှာပဲ အစိုးရရှေ့နေတွေက ထိန်းသိမ်းမယ့် အကြောင်း ကြေညာလိုက်တာပါ။

သူ့ရဲ့သား ၂ ယောက်ဖြစ်တဲ့ အာလာ (Alaa) နဲ့ ဂမဲလ် (Gamal) တို့ကိုလည်း မေးမြန်းမှုတွေလုပ်ဖို့ ၁၅ ရက်ကြာ ထိန်းသိမ်းလိုက်တဲ့အကြောင်း အီဂျစ်နိုင်ငံ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

ဒီနှစ်ဆန်းပိုင်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တက်ကြွလှုပ်ရှားသူတွေကို အင်အားသုံး နှိမ်နင်းရာမှာ အာဏာသုံး ဆောင်ရွက်ခဲ့တာ၊ လူထုရဲ့ ပိုက်ဆံတွေကို အလွဲသုံးစားလုပ်တာတွေ ရှိတယ်ဆိုပြီး သမ္မတဟောင်း မူဘာရက်နဲ့အတူ တခြား ထိပ်တန်း အစိုးရတာဝန်ရှိသူတွေအပေါ် စွပ်စွဲထားကြတာပါ။ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ သမ္မတကတော့ သူ့အပေါ် စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိသလို သူ့ရဲ့ဂုဏ်သိက္ခာနဲ့ မိသားစုအတွက် ကာကွယ်သွားဖို့ အခွင့်အရေးရှိကြောင်းလည်း တုံ့ပြန်ပြောဆိုထားတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလက လူထုဆန္ဒပြပွဲတွေကနေ သူ့ကို ဖယ်ရှားခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ပြောလိုက်တဲ့ ဒီတုံ့ပြန်ချက်ကိုတော့ တနင်္ဂနွေနေ့က Al Arabiya သတင်းဌာနမှာ ပြသခဲ့တာဖြစ်ပါတယ်။


အိုင်ဗရီကို့စ် သမ္မတဟောင်းစစ်တပ် သမ္မတသစ်ကို သစ္စာခံပြီ

ဗုဒ္ဓဟူး, 13 ဧပြီ 2011

အိုင်ဗရီကို့စ်နိုင်ငံရဲ့ မြို့တော် အဘိုင်ဂျန် (Abidjan) မှာ ရွေးကောက်ပွဲအပြီး ၄ လကြာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ပြန်လည် တည်ငြိမ်လုံခြုံလာအောင် ပြင်သစ်နဲ့ အိုင်ဗရီကို့်စ် စစ်တပ်တွေက ကင်းလှည့် စောင့်ရှောက်နေကြပါတယ်။

သမ္မတအသစ် အလာစဲန်း ၀ါထရာရဲ့ အစိုးရအသစ်အောက်မှာ အလုပ်ပြန်ဝင်ကြဖို့ အရင် သမ္မတ လောရင့်ဘက်ဘို (Laurent Gbagbo) ရဲ့ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖိလစ် မက်ဂူး (Philippe Mangou) က သူ့ စစ်သားတွေကို အမိန့်ပေးလိုက်ပါတယ်။

ခေါင်းဆောင်သစ်အပေါ်မှာ သစ္စာရှိကြောင်း သစ္စာဆိုရမယ်လို့ မစ္စတာ မက်ဂူးက ပြောပါတယ်။ တိုင်းပြည် လုံခြုံရေးနဲ့ အဘိုင်ဂျန်မြို့ လုံခြုံရေး တာဝန်ကို ကူညီယူရမယ်လို့လည်း ခေါင်းဆောင်သစ်က တပ်ကို အမိန့်ပေးထားပါတယ်။

မစ္စတာ ဘက်ဘိုရဲ့ ထိပ်တန်း စစ်တပ် အရာရှိကြီးတွေဟာ အင်္ဂါနေ့က မစ္စတာ ၀ါထရာကို သစ္စာရှိမှာ ဖြစ်တဲ့အကြောင်း ကျန်းကျိန်ခဲ့ကြပါတယ်။ ဒါက မစ္စတာ ဘက်ဘိုကို ဖမ်းပြီး နောက်တစ်ရက် အကြာမှာ ဖြစ်ပါတယ်။

မစ္စတာ ဘက်ဘို နဲ့ သူ့ဇနီးတို့ကို အဘိုင်ဂျန်မှာရှိတဲ့ ဂေါ့ဖ် ဟိုတယ် (Golf Hotel) ကို ခေါ်သွားခဲ့ပြီး ကုလသမဂ္ဂ စောင့်ရှောက်မှုအောက်မှာ ထားရှိထားပါတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ သဟိဂ်မြို့မှာရှိတဲ့ နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးကို မစ္စတာ ဘက်ဘို ကို ပို့မယ်ဆိုတဲ့ ထင်မြင်မှန်းဆချက်တွေကို မစ္စတာ ၀ါထရာက ပယ်ချလိုက်ပါတယ်။ အဖမ်းခံရတဲ့သူတွေကို ဂုဏ်သိက္ခာရှိရှိ ဆက်ဆံမှာဖြစ်ပြီး သူတို့ရဲ့ အခွင့်အရေးတွေကိုလည်း လေးစားမှာဖြစ်တယ်လို့ မစ္စတာ ၀ါထရာက ပြောပါတယ်။
အာဖရိက သမဂ္ဂ အဆိုပြုချက် ကို လစ်ဗျား ဒီမိုကရေစီ လိုလားသည့် လက်နက်ကိုင်များ ပယ်ချ
April 12, 2011 Freedom Media Group

ဒီမိုကရေစီလိုလားသည့် လစ်ဗျား လက်နက် ကိုင်များက တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမား ခေါင်းဆောင်သည့်
အာဖရိက သမဂ္ဂ၏ လစ်ဗျား ငြိမ်းချမ်းရေး အတွက် လမ်းပြ မြေပုံ ကို ပယ်ချလိုက်သည်။ လမ်းပြ မြေပုံတွင် ပါဝင်သည့် အချက်
များ တွင် ကဒါဖီ နှင့် သားများ အားဏာစွန့် ရေး နှင် စေ့စပ် ဆွေးနွေး ရေး အဆင့်များ တိကျ စွာ မပါရှိ ခြင်း ကြောင့် ဟု
သတင်းရရှိသည်။

နေတိုး အစည်း အဝေး သို့ တက်ရောက် ရန် ဂျာမဏီ နိုင်ငံ ဘာလင် မြို့ သို့  ရောက်ရှိ နေသည့် အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီး ဟီလာရီ ကလင်တန် က လစ်ဗျား ခေါင်းဆောင် ကဒါဖီ နှင့် မိသားစု ချက်ခြင်းနှုတ် ထွက်ပေးရန် တောင်း ဆိုခဲ့သည်။

လစ်ဗျား နိုင်ငံ သို့ အာဖရိက သမဂ္ဂ အဖွဲ့ ရောက်ရှိ နေစဉ် နေတိုး တပ်ဖွဲ့ ဝင်များ နှင့် ဗြိတိသျှ လေတပ် က ကဒါဖီ ၏ တင့် ကား
များ နှင့် စစ်ရေး ပစ်မှတ် များ ကို အပြင်းအထန် ဗုံးကြဲ တိုက်ခိုက် ရာ တင့်ကား အစီး ၃၀ ကျော် နှင့် ယနေ့ တွင် ဗြိတိသျှ တော်
နေဒို တိုက်လေယာဉ် များ က ပစ်မှတ် ၁၅ ခု ခန့် ကို ဗုံးကြဲ တိုက်ခိုက် ခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့အမျိုးသမီးအဖွဲ့ ဂုဏ်ပြု

2011-04-13 RFA

နယ်ပယ်အသီးသီမှာ ဦးဆောင် လှုပ်ရှားခဲ့ကြသူ ကမ္ဘာတဝန်းက အမျိုးသမီးတွေကို အားပေး ဂုဏ်ပြုနေတဲ့ Vital Voices ခေါ် အမျိုးသမီးအဖွဲ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာလုံးဆိုင်ရာ ဦးဆောင် ဦးရွက်ပြုသူဆု ချီးမြှင့်လိုက်ပြီး၊ ဆယ်စုနှစ်ရဲ့အသံ (Voice of Decade) အဖြစ် သတ်မှတ် ဂုဏ်ပြုလိုက်ပါတယ်။



ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော် ကနေဒီခန်းမ မှာ ဧပြီ ၁၂ ရက် မနေ့က ကျင်းပခဲ့ တာပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မတက်ရောက်နိုင်ပေမဲ့ အဲဒီဆုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပေးအပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကဏ္ဍပေါင်းစုံမှာ ထူးထူးချွန်ချွန် ဆောင်ရွက်နေတဲ့ နိုင်ငံတကာက အမျိုးသမီးငါးဦးကိုလည်း ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်သူတွေအဖြစ် ဆုပေးအပ်ခဲ့ပါတယ်။

ဒီနှစ်ဟာ Vitial Voices အဖွဲ့ ၁၀ နှစ်ပြည့်မြောက်တဲ့နှစ် ဖြစ်တာနဲ့အညီ အမျိုးသမီး ဦးဆောင်မှု ဆု အပြင် ဆယ်စုနှစ်ရဲ့ အသံ အဖြစ် နိုင်ငံတကာ နယ်ပယ်အသီးသီးမှာ ဦးဆောင်နေတဲ့ အမျိုးသမီး ဦးရေ တသောင်းထဲကနေ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ် သတ်မှတ်ခဲ့တာဖြစ်ကြောင်း Vital Voices ရဲ့ ဥက္ကဋ္ဌ Alyse Nelson က RFA ကို ပြောပါတယ်။

နှစ်စဉ် ချီးမြှင့်လာတာဟာလည်း ၁၀ နှစ်ရှိသွားပြီဆိုတော့ ဒီနှစ်အတွက် အထူး ဂုဏ်ပြုဆုအဖြစ် အမျိုးသမီးထုရဲ့ ဆယ်စုနှစ်အသံဆုကို ရွေးချယ်ချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီမှာ ဆုနဲ့ ထိုက်တန်တဲ့ အမျိုးသမီးဆိုလို့ ဒေါ်အောင်ဆန်းစုကြည်တယောက်ပဲ ရှိပါတယ်လို့ ပြောသွားခဲ့တာပါ။ Alyse Nelson ဟာ မကြာခင်က မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့လည်း ပြောပါတယ်။

Vital Voices အဖွဲ့ကို ၁၉၉၇ ခုနှစ်မှာ အဲဒီတုံးက အမေရိကန် သမတကတော် ဖြစ်သူ ဟီလာရီ ကလင်တန် နဲ့ နိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်း အောလ်ဘရိုက် တို့က အစိုးရဆိုင်ရာ အသင်းတခုအနေနဲ့ ထူထောင်ခဲ့ကြပြီး ၂၀၀၀ ပြည့်နှစ်မှာ ကမ္ဘာလုံးဆိုင်ရာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခု ဖြစ်လာခဲ့ပါတယ်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */