မနက်ဖန်က ဘာနေ့ မှန်းဆိုတာကို
ထမင်းကြမ်းခဲနဲ့  လဲရမယ့်အချိန်နဲ့ 
လွှဲပြီး မစဉ်းစားနိုင်ခဲ့ဘူး။
အချိန်ဆိုတာ အစာ။
အစာဆိုတာ
ကိုယ်ရွေ့ မှ ဖြစ်တော့ ။
အခက်ဆုံး အချိန်က ကလေးတွေငိုတဲ့ အချိန်
ငိုတဲ့ အချိန်တိုင်း ကလေးတွေလိုတာအစာ
ဒီအချိန်မှာ ငါဟာ တကယ်ဘဲ ငရဲသား ။
ကောင်းကင်မှာပျံတဲ့ ငှက်တွေ မိုးလင်းက မိုးချုပ်
သူ့ ဟာသူဟုတ်နေတာကြည့်ပြီး အားကျမိပေမယ့်
ကိုယ့်ဟာကိုယ်ပြန်ကြည့်ဖြစ်တော့။
မျက်လုံးနှစ်ခုပွင့်လို့  အတောင်ပံဖြန့် ခွင့်မရှိတဲ့ 
.........................ငါ။
ဒီလောက်တောင်အသုံးမကျဘူးလားလို့ 
ကိုယ့်က်ုယ် ကိုယ်ပြန်ပြီး အပြစ်တင်နေတဲ့ သူတွေ
ငါနေတဲ့  နေရာဝန်းကျင်မှာ ဘယ်လောက်ရှိလဲ။
အဖေကပြောဖူးတယ် ဆင်စီးပြီး မြင်းရံတာမြင်ချင်တယ်တဲ့ 
တကယ်တော့
ရင်ထဲကတခုဘဲပြန် ပြောမိပါတယ်
ကျွန်တော်နေတဲ့ တိုင်းပြည်မှာ ဆင်စီးပြီး မြင်းမရံနိုင်တဲ့သူတွေ အနှစ် ၆၀ကျော်ပြီ
အဖေရယ်လို့ ။
လောလောဆယ် ဆင်မရှိ မြင်းမရှိ
ရှိတဲ့ တာယာခြေဖိနပ်နဲ့  ကျွန်တော့ ကလေး အစာလေးရဖို့ အရေး
ကျွန်တော်ခရီးနှင်နေပါတယ်။
ဒေါင်းတမာန်၂၆။၀၄။၂၀၁၁
Rest of your post
Tuesday, April 26, 2011
အချိန်နဲ့ အစာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment