“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, April 16, 2011

အမြင်


ဥရောပက လက်ရှိ အသစ်ပြောင်းလဲလိုက်တဲ့ ဗမာအစိုးအရအပေါ် ကျားကွက်ရွှေ့ တဲ့  အနေနဲ့  နိုင်ငံရေးကစားဝိုင်းတခု ထောင်လိုက်ပါတယ်။ လက်ရှိအစိုးရသစ်ကို ခေတ္တခရီးသွားလာခွင့်
ပြုလိုက်တယ်လို့ ဆိုပါတယ်။ ဥရောပအနေနဲ့ ဤသို့ ကမ်းလှမ်းလိုက်ပေမယ့်လည်း NLD အနေနဲ့ ဥရောပက ဗမာပြည်နိုင်ငံရေး ပျော့ပြောင်းလာတဲ့ အပေါ်မှာ ကန့် ကွက်မှူမရှိပေမယ့်  NLD သဘောထားကတော့ ယခင်အတိုင်း မပြောင်းလဲဘဲ ဆက်လက်ရပ်တည်နေမည်ဖြစ်တဲ့ အကြောင်း တည်တည်လင်းလင်း ထုတ်ဖေါ်ခဲ့ ပါတယ်။

သုံးသပ်ချက်အရ လောလောဆယ်မှာ ဗမာပြည် အစိုးရသစ်အနေနဲ့  ပြည်သူလူထုအပေါ် ဘာလုပ်ပေးနိုင်မလဲဆိုတာနဲ့  ၊ နောက်တခုက နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ လက်ရှိပေါ်ပေါက်လာတဲ့ အစိုးရသစ်ရဲ့ သဘောထားကို တကမ္ဘာလုံးက စောင့်ကြည့်နေပါတယ်။

လောလောဆယ်မှာတော့ ပြည်သူတွေကို ကာကွယ်မည့် အစိုးရလား ပြည်သူတွေကို နှာဖြတ်ရိုက်မယ့်အစိုးရလားဆိုတာကို ကမ္ဘာတ၀ှမ်းက ရင်တမမနဲ့  စောင့်ကြည့်နေကြပါတယ်။

ဒေါင်းမင်း ၁၆-၀၄-၂၀၁၁

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */