“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, April 12, 2011

မြက်ခြောက်ကို ဗုံးမှတ်ပါလို့

အောင်မြတ်စိုး | ဘန်ကောက် (မဇ္ဈိမ)။ ။ ရန်ကုန် ပုဇွန်တောင် ဈေး၌ ပိုင်ရှင်မဲ့ မြက်ခြောက်ထုပ်အား ဗုံးဟု ထင်မှတ်မှားကာ အထိတ်တလန့်ဖြစ်မှု တနင်္ဂနွေနေ့တွင် ဖြစ်ပွားခဲ့သည်။

ဧပြီလ ၁ဝ ရက်နေ့ မနက် ၁၁ နာရီခန့်တွင် ပုဇွန်တောင်ဈေး ကွမ်းယာ ဆိုင်၌ အထုပ် တထုပ်အား လူတဦးက ခဏထားခဲ့မည် ဆိုကာ အပ်နှံသွားခဲ့ပြီး ညနေ ၆ နာရီအထိ လာမယူသဖြင့် ဆိုင်ရှင်က ရဲကို အကြောင်းကြားခဲ့သည်။

ရဲများ ရောက်ရှိ လာပြီးနောက် ဆိုင်ဝန်းကျင်ကို ဘောင်ခတ် ပိတ်ဆို့လိုက်ပြီး၊ ဗုံးစစ်ဆေးရေး အဖွဲ့ကို စောင့်နေခဲ့ကာ လမ်းများကိုလည်း ပိတ်ဆို့ထားခဲ့သည

ည ၇ နာရီ ခန့်တွင် စစ်ဆေးရေး အဖွဲ့ ရောက်လာပြီး အဆိုပါ ကဒ်ထူပုံးကို ဖြည်၍ စစ်ဆေးကြည့်ရာ ပလပ်စတစ်တိပ်နှင့် ပတ်ထားသည့် မြက်ခြောက်ထုပ် ဖြစ်နေကြောင်း သိရှိရသည်။

အခင်းဖြစ်ပွားမှုကို စောင့်ကြည့်နေခဲ့သူ လူငယ်တဦးက “ရယ်စရာကြီး ဖြစ်သွားတာပေါ့ဗျာ၊ လမ်းတွေ ကားတွေ ပိတ်တော့ လူတွေ တော်တော် လန့်သွားကြတယ်။ လမ်းပိတ် လိုက်တော့ ရေကျော် လမ်းမဘက်က ပတ်သွားရတယ်လေ” ဟု ပြောသည်။

ပုံမှန် အားဖြင့် ဈေးအတွင်းပိုင်းမှာ ညနေ ၅ နာရီဆို ပိတ်သော်လည်း အပြင်တွင် ရောင်းချနေသော ပျံကျဈေးတန်းမှာ ညနေ ၈ နာရီခန့်အထိ ဖွင့်လှစ် တတ်သည်။ သို့အတွက် အဆိုပါ ဗုံးလန့်ချိန်တွင် ဈေးသူ ဈေးသားများဖြင့် စည်ကားလျက် ရှိနေခဲ့သည်။

source by : မဇ္ဈိမ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */