“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, April 21, 2011

မင်းမျက်ရည်တွေ သုတ်ပေးချင်တုန်းပါဘဲ

တစ်ယောက်လက်ကို တစ်ယောက် ဆွဲကာ မခွဲခွါချင်ကြတဲ့ ချစ်သူ နှစ်ယောက် ကြည်နူးစွာ လမ်းလျောက်နေကြသည့် မြင်ကွင်းကို တွေ့မြင်သူများက တော်တော်လေးကို အားရစရာ ကောင်းလှပေသည် ။ကောင်လေးက ကောင်မလေးကို သိပ်ကို ချစ်သည့် ပုံစံရှိသည့် အပြင် အရမ်းကို ကြင်နာယုယမှုများ ပေးခဲ့သည်ကို ကြည်နူးစွာ ခံယူရင်း ပီတိဝေဖြာနေသည့် ကောင်မလေး၏ မျက်လုံးလေးမှာ ရွှန်းလဲ့တောက်ပ မဆုံး ဖြစ်နေသည်ကို တွေ့မြင်ရသည်မှာ မိန်းကလေးချင်းပင် မနာလို ဖြစ်လွန်းစရာ ကောင်းလှပေသည် ။



ထိုလိုက်ဖက် ညီတဲ့ သူတို့ စုံတွဲ အကြောင်းကို သိနေသူ တော်တော်များများက ကောင်လေး၏ စိတ်ထားကို တော်တော်လေးကို အံ့သြကြပေလိမ့်မည် ။ အချစ်ကို တန်ဖိုးထားမှု အတွက် အင်မတန်မှ စံနမူနာပြ စရာ သိပ်ကို ကောင်းလွန်းလှသည့် ထိုကောင်လေး၏ စိတ်ထားကို ယောက်ျားလေး တော်တော်များများ အတုယူစရာ ပင် ကောင်းလှသည်ဟု အတွင်းသိများက ယုံကြည်စွာ လက်ခံထားခဲ့ကြသည် ။

တကယ်တော့ ထိုကောင်မလေး အပျိုစင် မဟုတ်ပါ ။ အိမ်ထောင်ဖက်၏ သစ္စာမဲ့မှုကို ခံခဲ့ရသည့် တခုလပ် မိန်းကလေး တဦး ဖြစ်သည့် အပြင် ထိုအကျိုးဆက်ကြောင့် စိတ်ထွက်ပေါက် ရှာခဲ့သည့် အတွက် အခြားသော ယောက်ျားလေးများ နှင့်ပါ အဆက်အဆံ ရှိခဲ့ဘူးလေသည် ။ ထို့ထက် ပိုမို ဆိုးဝါးသည့် အချက်ကား သူ့နဲ့ချစ်ခဲ့သူ မှန်သမျှ တနေ့တွင် သူ့ကို ထားခဲ့မည် ဆိုသည့် စိတ္တဇဝေဒနာလေးပါ မသိမသာ စွဲကပ်နေလေသည် ။

ထိုဝေဒနာကြောင့်ပင် သူ့ကို အရမ်းချစ်သည့် ကောင်လေးအား သူက ပထမဦးဆုံး ထားသွားနိုင်ဖို့ ကြိုးစားသည့် အနေဖြင့် ကောင်လေးကို လမ်းခွဲစကား အမြဲ ဆိုလေ့ ရှိပါသည် ။ ထို့ထက် ပိုဆိုးသည်ကား သူ့ကို အရမ်းချစ်၍ အလိုလိုက်ကာ အမြဲတမ်း ကြင်နာယုယမှုတွေ ပေးဖို့ အတွက် ဖုန်းဆက်လေ့ ရှိသည့် ကောင်လေး၏ အချစ်ကို သူ့ကို မယုံသကာင်္ဖြစ်၍ လိုက်လံ နှောင့်ယှက်နေပါသည် ဟု သူမ၏ မသိစိတ်က ထင်မြင် ယူဆထားလေသည် ။

ထိုသို့ လွဲမှားသည့် အယူအဆ ကို ကောင်မလေး လက်ခံလာအောင် လူတစ်ယောက်က အမြဲ ပုံသွင်းပြသခဲ့ သလို ဖြစ်သွားသည် ။



ကောင်လေး အတွက်မူ ထိုချစ်သူကောင်မလေးသည် အချစ်ဦး ဖြစ်သည့် အတွက် ရူးလောက်အောင် ချစ်ခဲ့မိသွားသည် ။ သူ့ချစ်သူ ကောင်မလေး ခံစားခဲ့ရတဲ့ ဒုက္ခများကို ကိုယ်ချင်းစာ စိတ်ထားကာ ပိုမို ဂရုစိုက်၍ အထူးကြိုးစားကာ ပြုမူ ဆောင်ရွက်လျှက် ရှိသည် ။ ကောင်မလေး၏ အနိုင်ကျင့်သမျှကို သီးခံကာ သူ့ချစ်သူ ကို အမြဲတမ်း စိတ်ချမ်းသာအောင် ကြိုးစား အားထုတ် ရှိသည့် အပြင် သူ့ကောင်မလေး ကို တချိန်က အနိုင်ယူသွားခဲ့သည့် လူများ ပေးထားခဲ့သည့် ဒုက္ခများကို သနားလွန်း

သောကြောင့် ကောင်မလေးကို စကားဖြင့်ပင် မာမာထန်ထန် တခါမှ ခွန်းတုန့် ပြန်ခြင်း မရှိအောင် အမြဲ အောက်ကျို့ကာ ချစ်ပြဖို့ ကြိုးစားခဲ့လေသည် ။



ထိုကောင်လေးနှင့် ကောင်မလေး မှာ အတူမနေရသော်လည်း အမြဲလိုလို ထိတွေ့ဆက်ဆံနေရခြင်းကြောင့် တဦးနှင့် တဦး သံယောဇဉ်တွေ ပိုမို နှောင်ဖွဲ့ကာ လက်ထပ်ဖို့ အရေးပင် နှစ်ဘက် မိဘများကို အသိပေးကာ တိုင်ပင်သည့် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်၍ နှစ်ဘက်လုံး စိတ်အေးနေကြပေသည် ။ ဘ၀ရှေ့ရေး အတွက်စီမံချက် အမျိုးမျိုး ဖြင့် စိတ်ကူးထဲတွင် ဘ၀တခု တည်ဆောက်လို့ ပြီးမြောက်ကာ လက်တွေ့ အကောင်အထည်ပင် ဖော်နေကြသည့် အချိန် အခိုက်အတန့်မှာ ကံကြမ္မာ မုန်တိုင်းက တိုက်ခတ်ခဲ့လေပြီ ။

တခုသော နေ့တနေ့ တွင် ကောင်လေးသည် ထုံးစံ အတိုင်း ချစ်သူ ထံ ဖုန်းဆက်ရန် ကြိုးစားသည့် အချိန်ကာလ ၊ သူ့ချစ်သူမှာ တယ်လီဖုန်း နားတွင် မရှိ၍ ခေါ်၍ မရ ။ အချစ်စိတ် ၊ စိုးရိမ်စိတ်ကြောင့် ပူထူနေသည့် ကောင်လေး ထိုအချက်ကို စဉ်းစားဖို့ မေ့သွားခဲ့လေသည် ။ ထို့ကြောင့် အကြိမ်ကြိမ် ဖုန်းခေါ်ရန် ကြိုးစားသည် ၊ ကောင်မလေးဘက် မဖြေတော့ သူ့ရင်ထဲတွင် ကမ္ဘာပျက်သည့် အလား ခံစားရ၍ ထပ်၍ ထပ်၍ အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ရန် ကြိုးစားသည် ။ ပြည်တွင်းနှင့် ပြည်ပ ဖုန်းခေါ်ရာ တွင် ကြုံရသည့် အလေ့အထ အတိုင်း ဖုန်းဝင်လို့ မကိုင်တာလား ၊ မ၀င်တာလား သေချာ မသိသည့် ကောင်လေး သည် သူ့ချစ်သူကိုအဆက်အသွယ် ရရန် ကြိုးစားဖို့မှ တပါး ထိုအချိန်က မစဉ်းစားမိခဲ့ပြီ ။

တဖက်က အခြေအနေကို သေချာစွာ မသုံးသပ်ဘဲ ကောင်မလေးသည် ဒေါသဖြင့် ဆုံးဖြတ်ချက် တခု ချခဲ့ပြန်သည် ။ သူ့နောက်ကို အမြဲလို လိုက်နေသည်ဟူသည့် အယူအဆကြောင့် ပေါက်ကွဲကာ ကောင်လေးအား လမ်းခွဲရန် စကား ထပ်မံ ဆိုခဲ့ပြန်လေပြီ ။ ယခင် အချိန်ကာလက စိတ်တို၍ ကောင်လေး ချော့မြူလိုက်လျှင် စိတ်ပြေသွားတတ်သည့် ကောင်မလေးဆီကို ဆက်သွယ်ဖို့ ကြိုးစားသည်ကိုပင် ပါတ်ဝန်းကျင် စကားကြောင့် ပိုမို ပေါက်ကွဲလာရလေသည်။ မီးလောင်ရာ လေပင့်တတ်သည့် လူတို့ သဘာဝ အရ ဘာမှ သေသေချာချာ မသိဘဲ ၀င်ရောက် အကြံပေးသလိုလို နှင့် ဒုက္ခလောင်စာများကို ကောင်မလေး၏ စိတ်ဆိုးမှုကို အားဖြည့်အောင် ကူညီ၍ ထိုးပေးလိုက်သည်ကို ကောင်မလေး ကိုယ်တိုင်ပင် မသိလိုက် ။



လက်ထပ်ဖို့ပင် နှစ်ဘက် မိဘများအား အသိပေးခဲ့သည့် ကောင်မလေး ၊ သူ့ချစ်သူအား သူ့ဘ၀ အိမ်မက်များကို အမြဲဖွင့်ဆိုခဲ့သည် ကောင်မလေး ၊ ချစ်သူ စိတ်ချမ်းသာဖို့ အမျိုးမျိုး ကြိုးစားကာ ချစ်သူ အလိုဆန္ဒအားလုံးကို ကြိုးစား၍ လိုက်လျောခဲ့သည့် ကောင်မလေးသည် စိတ်ဆိုးသည့် အရှိန်နှင့် ယခင်က သူခံစားခဲ့ရသည့် ဝေဒနာများ ပေါင်းစပ်၍ အတိုးချကာ ဒေါသပွား၍ စဉ်းစားရာက သူသည် ကောင်လေးကို လုံးဝ မချစ်ခဲ့ပါဘူး ဆိုသည့် အတွေးထိ ရောက်သွားကာ သူ့ပတ်ဝန်းကျင်တွင်ပင် သူစိတ်ကစားခဲ့တာပါလို့ တွေ့သမျှလူကို ရင်ဖွင့်ပြနေသည့် ကောင်မလေး၏ လုပ်ရပ်များကို ၀မ်းနည်းစွာ စိုက်ကြည့်နေရုံမှ တပါး အခြား မတတ်နိုင်ခဲ့ပြီ ။



သူ့ချစ်သူ ကောင်လေး၏ ဖုန်းခေါ်သံများကို ဥပက္ခာ ပြုကာ သူ့ချစ်သူ နှင့် အဆက်အသွယ် ဖြတ်ရန် ပို၍ ကြိုးစားအားထုတ်လာလေသည် ။ သို့သော် ချစ်သူ အနားကို ပြန်လာ၍ ချော့မြူရန် မဖြစ်နိုင်သည့် ကောင်လေးသည် စာပို့၍ တမျိုး ၊ ဖုန်းဆက်၍ တဖုံ ပြန်လည် အဆင်ပြေရန် ကြိုးစားနေသည်ကို ပင် သူ့အား အနှောင့်အယှက်ပေးနေပါသည် ဆိုသည့် အတွေးများထိ ကောင်မလေး ကို စိတ်ရိုင်းများက ကြီးစိုးသွားလေပြီ ။



လွတ်လပ်ခြင်း ဆိုသည့် အဓိပ္ပါယ်ကို လွဲမှားစွာ ဖွင့်ဆို၍ ကောင်းလေးအား ရက်ရက်စက်စက် ပြောခဲ့သည့် ကောင်မလေးစကားများကို နားလည်မှု ပေးကာ နွေးထွေးတဲ့ ဘ၀ကို ပြန်ရောက်အောင် သူကိုယ်တိုင် ကြိုးစားခဲ့သလို ပတ်ဝန်းကျင်ကို အကူအညီတောင်းခဲ့ပေမယ့် အရေးတယူ မရှိလှတဲ့ လူအများကြောင့် စိတ်ဓါတ်တွေသာ တဖြည်းဖြည်း ကျဆင်းလာတဲ့ ကောင်လေးရဲ့ နှလုံးသာ အခြမ်း လောင်ကျွမ်းလို့ ပြာကျကာ သူ့ရင်ထဲက ခံစားချက်တွေကို ကဗျာ အဖြစ်ဖွင့်ထုတ်ခဲ့ပေမယ့် စိတ်မဖြေနိုင်လို့ ဒီလောကက ထွက်သွားဖို့ အမျိုးမျိုး ကြိုးစားပါတော့တယ် ။



သူ့ချစ်သူကောင်လေးထံမှ လာသမျှ မေးများကိုလည်း သေချာစွာ မဖတ် ။ အပြုသဘောဆောင်တဲ့ အတွေးများကို မတွေးဘဲ သူ၏ ဒေါသကိုသာ အတင်းအားမွေး၍ ကောင်လေး နှလုံးသား မီးလောင်တိုက်သွင်းဖို့ ကြိုးစားနေရှာလေသည် ထိုကောင်မလေး မသိရှာ။ ချစ်သူကို ချစ်သည့် ဇောဖြင့် မအိပ်နိုင် မစားနိုင်ဖြစ်ကာ သူ့ချစ်သူထံက မေတ္တာကို ရဖို့ ထိုကောင်လေးကတော့ အမျိုးမျိုး ကြိုးစားနေတုန်းပင် ဖြစ်သည် ။ တယ်လီဖုန်းသံ ကြားတိုင်း သူ့ချစ်သူ ဆီက ခေါ်သံလား ဆိုပြီး တွေးကာ စောင့်စားခဲ့ပေမယ့် အခုချိန်ထိတော့ သူ့ကောင်မလေးက ဆီက ခေါ်သံ မကြားရသေးပေမယ့် မျှော်လင့် ချက်လေး ထားပြီး စောင့်စေားနေတုန်းပါဘဲ ။


ကောင်လေးသည် သူ့ကို သိပ်ချစ်ပါတယ် ဆိုတာ လက်ခံခဲ့ပေမယ့် ဒေါသခေါ်ရာ နောက်ကို ရူးမိုက်စွာ လိုက်ပါခဲ့သည် ကောင်မလေးသည် မေတ္တာတရားနှင့် သံယောဇဉ်ကို မေ့ထား၍ အပြုသဘော ဆောင်ကာ ကြံစည် တွေးဖို့ မစဉ်းစားခဲ့သည့် အပြင် လွဲမှားစွာ ဆင်ခြင်သုံးသပ်မှုတို့ကြောင့် ကောင်မလေးသည် ချစ်သူ ရင်ခွင် ပြန်ခိုဝင်ဖို့ အသာထား စကားလေးနှင့်မျှပင် အလျှော့မပေးဘဲ ပိုမို ဆိုးရွားစွာ ဆက်ဆံခဲ့ခြင်း၏ နောက်ဆုံးရလဒ်ကား သူ့ချစ်သူ ကောင်လေး ကို လူ့လောက က ထွက်ခွာသွားအောင် တွန်းပို့လိုက်ပေပြီ ။


နေရာတော်တော်များများ တွင် ဦးဆောင်ဦးရွက် ကြိုးစားလုပ်ကိုင် ဆောင်ရွက်ခဲ့ပေမယ့် သူ့ရင်ထဲက ပြင်းထန်လှတဲ့ အချစ်ဒဏ်ကြောင့် သူ့ နှလုံးသား သခင်မ ရှေ့မှာ ဒူးထောက်ကာ တောင်းပန်ခဲ့ကာ ဘ၀ တခုလုံး ပေးဆပ်ဖို့ ကြိုးစားခဲ့ပမယ့် ပုံမှန် အသိဥာဏ် ပျောက်ဆုံးနေတဲ့ ချစ်သူက လက်မခံတော့တဲ့ အဆုံး... တွင်

ကောင်လေးသည် သူပျော်ရွှင်မှုတွေ အမြဲပေးနိုင်အောင် ကြိုးစားကာ ၊ သူအရမ်းတန်ဖိုးထားပြီး မြတ်နိုးသည့် သူ့ချစ်သူက သူ့ကြောင့် စိတ်ညစ်နေရပါတယ် ဆိုတာကို မကြည့်ရက်နိုင်တော့လို့ သူ့ဘ၀ကို အဆုံး စီရင်ဖို့ ဆုံးဖြတ်ချက် ချထားခဲ့လေသည် ။

သူမသေခင် နောက်ဆုံး အနေဖြင့် သူ့ချစ်သူ၏ အမှတ်တရ ပုံရိပ်များကို ပြန်လည် စုစည်းပြီး ကဗျာ တပုဒ်ရေးသွားကာ နောက်ဆုံး အကြိမ် ဖြင့် တောင်းပန်ခဲ့သည့် လုပ်ရပ်ကိုတောင် ကောင်မလေးက ခြိမ်းခြောက်ပါတယ်လို့ စွပ်စွဲတဲ့ အထိ ပြင်းထန်လွန်းတာကြောင့် သူ့နှလုံးသားကြေမွပြီး ဒီကမ္ဘာလောကကို နူတ်ဆက်သွားပါပြီ ။



ရင်ထဲက ချစ်ခြင်း မေတ္တာ ဆိုတဲ့စကားရဲ့ အဓိပ္ပါယ် အမှန်ကို တပ်မက်ခြင်း တဏှာကြောင့် မုသားတွေ ထုံမွှမ်းပြီး ချိုသာစွာ သုံးပြတတ်တဲ့ အတ္တကြီးမားတဲ့ လူသားများကြောင့် စစ်မှန်စွာ တန်ဖိုးထားတဲ့ လူတွေရဲ့ အချစ်ကို သံသယပွားမှုတို့ကြောင့် အပြစ်မဲ့တဲ့ လူအများ ဒုက္ခကြီးစွာ ခံစားခဲ့ကြရပါတယ် ။

ပြဿနာ တခုရဲ့ အရင်းအမြစ် မူလကို သေချာလည်း သိပါတယ် ၊ ဖြေရှင်းနိုင်ပါလျှက် နှင့် ဒေါသကို မီးထိုးကာ အတ္တကို ရှေ့တန်းတင်ခဲ့မှုတို့ကြောင့် သူလည်း နစ်နာ ကိုယ်လည်း ဆုံးရှုံး ဖြင့် ဒုက္ခအမျိုးမျိုးကို ခံစားခဲ့ရလေပြီ ။




ကောင်လေး၏ နောက်ဆုံး စာသားမှာ



ချစ်သူရေ .......မင်းရင်ထဲက ယုံမှားသံသယတွေ

ပျောက်ကွယ်ပါစေဖို့ အတွက်

နောက်ဆုံး အနေဲ့ ဆက်ချစ်တာကို

သက်သေပြဖို့ ဒီကမ္ဘာက

မောင် အဝေးကို ထွက်သွားပါပြီ

ကံပါလာလို့ ပြန်ဆုံကြရင်

မင်းရဲ့ ချစ်ဦးသူဘဝ

ရောက်ချင်ပါသေးတယ် ကွာ......

နောက်ဆုံး ဆန္ဒ တောင့်တရရင်

ချစ်သူနှုတ်ဖျားက မောင်ဆိုတဲ့ စကားသံလေးကို

ကြားခွင့်ပေးပါ ချစ်သူရေ.....

အခုချိန်မှ နောင်တရလို့

ပူဆွေးပြီး မျက်ရည် မကျပါနဲ့အုံး

မင်းမျက်ဝန်းမှာ စိုရွှဲနေတဲ့

မျက်ရည်တွေကို သုတ်ပေးချင်တုန်းမို့ပါကွာ...။







ဤဇတ်လမ်းထဲမှ ကောင်လေး တကယ်ရှိခဲ့ပါသည် ။ သူ့ကောင်မလေးဖတ်ဖို့ သူကိုယ်တိုင် ကြိုးစားကာ ရေးသွားခဲ့သည့် ကဗျာ တပုဒ်ကို နောက်ဆုံး အနေဖြင့် တင်ပြကာ လူ့လောကကို ဖွင့်ဟ ဝေဖန်ကာ ညီးတွားရင်း သူ့ချစ်သူကို တမ်းတကာ နောက်ဆုံး အနေဖြင့် နူတ်ဆက်သွားပါတယ် ။





မင်္ဂလာပါ မိတ်ဆွေတို့ အထက်ပါ အဖြစ်အပျက်ထဲက ဇတ်ကောင် တခုအဖြစ် မတော်တဆ ရောက်ခဲ့ကြရင် အမှားတွေကို အမြန်ဆုံး ပြင်ဆင်ကြကာ

အပြစ်ကင်းတဲ့ ချစ်သူမေတ္တာ တရားကို လွဲမှားတဲ့ အယူအဆတွေနဲ့ မဆင်ခြင် မသုံးသပ်ကြပါနဲ့ ။ ဒေါသရှေ့ထားရင် မှားမှန်း သိကြပေမယ့် အတ္တက မီးထိုးလို့လည်း သူတပါး နှလုံးသာကို နောက်ထပ် မလောင်မြိုက်ကြပါစေနဲ့ ။



အကြောင်းကံ တိုက်ဆိုင်လို့ အချစ်ဆုံး ချစ်သူတွေဘ၀ကို ရခဲ့ပြီးမှ လောဘ ၊ ဒေါသ ၊ မောဟတွေ ဖုံးလွှမ်းကာ အမှန်ကို မမြင်နိုင်ဘဲ ငါထင်တာအမှန်ပါလို့

ဘယ်သောအခါမှ မဆုံးဖြတ်ကြပါစေနဲ့....။



သင်တို့သာ ထိုကောင်လေး နေရာကို ရောက်ရင် ဘယ်လို ဆုံးဖြတ်ကြမလည်း ။

သင်တို့သာ ကောင်မလေး နေရာကို ရောက်ရင် ဘယ်လို ဆုံးဖြတ်ကြမလည်း ဆိုတာလေးကိုတော့ ဇတ်လမ်းလေးကို ခံစားပြီး ရင်ဖွင့်သွားကြပါအုံးဗျာ။
http://www.facebook.com/note.php?note_id=210280878989567





ခင်မင်လေးစားလျှက်



ဗမာ့သွေး
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */