မြန်မာပြည်မှာ လူဖြစ်ရတဲ့ဒုက္ခ ရေးသားသူ-ကိုရန်နောင် ၂၅။၀၄။၂၀၁၁
အားလုးံကြားသိတဲ့အတိုင်းပါဘဲ ထိုင်းမှာအဓမ္မချုပ်နှောင် မတရားခိုင်းခံနေရတဲ့
ြ မန်မာအလုပ်သမားတွေကို ကယ်တင်လိုက်နိုင်တယ်ဆိုတဲ့ ဝမ်းသာ၊ဝမ်းနည်းသတင်း နဲ့မြန်မာနှစ်သစ် ကိုကျွန်တော်တို့ တစ်တွေစလိုက် ရတာပါဘဲ။ ဝမ်းသာရတာကတော့ မြန်မာအလုပ်သမားတွေ လွပ်မြောက်လာလို့ဖြစ်ပြီး ဝမ်းနည်းရတာကတော့ ဒီလို ၂၁ ရာစုရဲ့ကျွန်ပိုင်ရှင်စနစ်ဆိုး ကြီးထဲသူတို့တစ်တွေ ကျရောက်ခံစားရလို့ပါဘဲ။
ပြည်သူဘက်က တကယ်ရပ်တည်တဲ့ အစိုးရဆိုရင်တရားခံတွေကို မြန်မာပြည်ကိုလွှဲပေးဖို့နဲ့
မြန်မာနိုင်ငံမှာ တရားစီရင်ဖို့ ထိုင်းအစိုးရကိုတောင်းဆိုသင့်တယ်။ ကိုယ့်နိုင်ငံသားတွေကိုစော်
ကားတာကို တိုင်းပြည်အတွက်အသက်တောင် စွန့်လွှတ်ဝံ့တဲ့ဆိုတဲ့ လူတွေကရေငုံနှုတ်ပိတ်
နေတာကြည့်ရဆိုးတယ်။ ကိုယ့်အိမ်မှာတော့ကြက်ဖ၊ သူများအိမ်ရောက်တော့ ကြက်မဆိုသလိုကြီး ဖြစ်နေတယ်။
ဘာကြောင့် ဒီလိုအဖြစ်ဆိုးကြီးထဲကို မြန်မာနိုင်ငံသားတွေ ခံစားလိုက်ရသလဲဆိုတဲ့ အ
ကြောင်း အကျိုးကိုသုးံသပ်ကြည့်မယ်ဆိုရင်တော့ ထုးံစံအတိုင်း လူမိုက်ကျော်အဖွဲ့ သန်းရွှေနဲ့ငမိုက်သားတွေကြောင့်ဘဲလို့ ရင်ကော့ပြီးပြောရမှာဘဲ။ ဘာကြောင့်လဲဆိုရင်
၁။အာဏာရူးလို့
၂။အုပ်ချုပ်ရေးညံ့ဖြင်းလို့
၃။မိသားစုကောင်းစားရေးစိတ်ဓာတ်နဲ့
၎။ဆင်ခြင်တုံတရားနည်းပါးလွန်းတာတွေကြောင့်ပါ
၁။အာဏာရူးလို့
ကမ္ဘာသိမို့အထွေထူးပြောစရာ သိပ်မရှိပါ။ စစ်အစိုးရအာဏာ သိမ်းပြီးစဉ်ကတည်းက စစ်ဗိုလ်ချုပ်တွေဟာ အာဏာတည်မြဲရေးနဲ့ မိသားစုကောင်းစားရေးကို လံတစ်စိုက်မတ်မတ်လုပ်
ဆောင်ခဲ့လို့ တိုင်းပြည်ဟာမွဲတေနေရတာပါ။ မီးလောင်ရာလေပင့်ဆိုသလို စစ်တပ်ရဲ့အရိုးစွဲ
နေတဲ့ အကျင့်ဆိုးကြီးဖြစ်တဲ့ ရာထူးတက်ဖို့ ၊နေရာကောင်းရဖို့ လူကြီးအကြိုက်မြှောက်ပင့်ခစား
ရတာကြောင့်သန်းရွှေဟာ ရူးရကနေပူး( ဒေဝဒတ် ) တဲ့အဆင့်ထိရောက်ပြီး သူ့ခုံလှုပ်တယ်
ထင်ရင်သံဃာကိုတောင်မြို့ လယ်ခေါင်မှာေ မာင်းပြန်သေနတ်တွေနဲ့ ပြစ်သတ်တဲ့အဆင့်ထိ
ရောက်တော့တာပါဘဲ ။နိုင်ငံဝန်ထမ်းတွေဟာ အသက် ၆၀ ပြည့်ရင်သက်ပြည့် ပင်စင်ယူရ
ပေမဲ့သန်းရွှေ တစ်ကောင်ကတော့ သေခါနီး၈၀နားကပ်နေတာတောင်ပေ ကပ်ကက်လုပ်ပြီး
မြန်မာနိုင်ငံကို ဒုက္ခပေးတုန်းရှိသေးတယ်။
၂။အုပ်ချုပ်ရေးညံ့ဖြင်းလို့
နိုင်ငံအရေးကိစ္စကိုဗေဒင် ဆရာတွေနဲ့တိုင်ပင်မဲ့အစား အသိပညာရှင်တွေ၊ အတတ်ပညာရှင်
တွေနဲ့သာတိုင်ပင်ပြီး စီစဉ်ဆောင်ရွက်ရမှာပါ။ မြို့တော်ကိုကြက်ပြေးဇနပိုဒ်ကိုပြောင်းတာ၊ အရူးထပြီးကြက်ပြေးမှာ လှိုင်ခေါင်းတွေဖောက်လို့ နိုင်ငံအတွက် တကယ်လိုအပ်တဲ့ နေရာတွေမှာ
သုးံရမဲ့နိုင်ငံတော် ဘဏ္ဍာငွေတွေကို သန်းရွှေတစ်ယောက် စိတ်ကျေနပ်ဖို့အတွက် ပုံအောသုးံရလို့နိုင်ငံအတွက် အများကြီးနစ်နာရပါတယ်။ ရန်ကုန်မြို့ကတော့ အနစ်နာဆုးံပါ။ ဘာကြောင့်လဲဆိုရင် ရန်ကုန်စည်ပင်ကရ သမျှ အခွန်ငွေတွေကို ကြက်ပြေးမြို့သစ် အတွက်ဆိုပြီးရန်ကုန် မြို့အတွက် မသုးံဘဲသူ့ရာထူးလေးမြဲဘို့ အတ္တကြီးစွာနဲ့ နာမည်ကောင်းလက်မှတ်ရအောင်လို့ သွားလေသူ အောင်သိန်းလင်းက သန်းရွှေကြီးဆီ အပြေးဆက်သရတာအမောဆိုဘဲ။ ဒါကြောင့် ရန်ကုန်မြို့မှာ လမ်းတွေကိုအပြည့်မခင်းဘဲ စတိဘဲအလှခင်းပြလို့ တစ်ဝက်လမ်းခင်းအောင် သိမ်းလင်းလို့ နာမည်ကြီးသူပါ။ အဲဒီကံအကြိုးပေးကြောင့်ဘဲ သူကိုယ်တိုင်ဘဲ ကြက်ပြေးလမ်းမှာ ကားမှောက်ပြီး သူမြေးလေးဆုးံပါးခဲ့ပါတယ်။


ကျွန်တော်တို့ရဲ့နိုင်ငံဘဏ္ဍာတွေကို ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးတွေမှာ မသုးံဘဲ ဘယ်လိုဖြုန်းတီးနေတဲ့ များစွာထဲကဥပမာတ
ချို့ကို ပြပါရစေခင်ဗျာ။

ကြက်ပြေးတိရစ္ဆာန်ရုံ ( ထိမ်းသိမ်းခ ၊လေအေးပေးစက်ခနဲ့ လူဝင်ခကိုဘဲ စိတ် တွက်တွက်ကြည့်ပါ)





ဘဏ္ဍာငွေတွေကို အရေးတကြီးလိုအပ်နေတဲ့ ပြည်သူဆေးရုံတွေမှာ ဦးစားပေးသုးံရမယ့်အအစား မယောင်ရာဆီလူး စိတ်ရူးပေါက်ရာလျှောက်ဖြုန်းပြစ်တယ်။

သူဘုရင်ရူးရုးပြီးထင်ရာလျှောက်လုပ်လို့နိုင်ငံဘဏ္ဍာအများပြားဆုးံရှုးခဲ့ရတယ်။




သန်းပေါင်းများစွာ အကုန်ကြခံပြီးဆောက် လုပ်ထားသော်လည်း လာရောက်မည့်သူမရှိပါ။
ကြောက်ဒူးတုန်စီမံကိန်း


မလိုအပ်ဘဲ လှိုင်ခေါင်းတူးပြီးဒေါ်လာသန်းပေါင်းများစွာ ဖြုန်းတီးနေကြပုံ

အစ်နေ့ တနေ့မှာ အသားကြွင်းအသားကျန်များကို အလုယက်ကောက်နေကြသော မြန်မာကလေးငယ်များ


တနေ့တာဒုက္ခများ


Myanmar National League ရဲ့တစ်နှစ်သုးံငွေကို လည်းကြည့်ပါအုးံ။ မြန်မာဘောလုးံအသင်းတွက်တကယ်
ကောအထောက်ပံ့ဖြစ်လား ၊မြေးတော်လေးကျေနပ်အောင် လုပ်ပေးရတာပါ၊ စီးပွားရေးအရတွက်ခြေမကိုက်ပါဘူး ဆိုလို့နစ်နာကြေး နေနဲ့စားအုန်းဆီပါမစ်တွေ၊ ကားပါမစ်တွေကို ဘောလုးံအသင်းပိုင်ရှင်တွေ အတွက်သီးသန့်ချ ပေးရလို့မြန်မာပြည်သူတွေ စားအုးံဆီတွေကို ဈေးကြီးပေးဝယ်စားနေရတာ။

၃။မိသားစုကောင်းစားရေး
ပြည်တွင်းမှာ ရှိတဲ့စီးပွားရေးလုပ်ငန်းတွေကို သူတို့မိသားစုတွေဘဲ ချုပ်ကိုင်ပြီးတော့ပြည်သူတွေကို သူတို့ရဲ့အသုးံချခံ ကျွန်သာသာဘဲသဘောထားပါတယ်။ မကြာခင်ကဘဲ ဆက်သွယ်ရေးကနေဈေးပေါပေါနဲ့ အများသုးံနိုင်တဲ့ vzo ၊ Pinfigo တို့ skype တို့ကို ပိတ်တာသာကြည့်တော့။ ပြည်သူတွေသက်သက်သာသာနဲ့ အလွယ်တကူအသုးံပြုနိုင်တာဆို သူတို့မကြည်ရက်နိုင်ဘူး။ ဒီရှေ့မှာလည်းအခမဲ့ နာရေးကူညီမှုအသင်းကိုလည်း နည်း
မျိုးစုံသုးံပြီးနှော င့် ယှက်တာလည်းအားလုးံအသိပါ။ နာဂစ်တုးံကလည်း ထို့အတူပါဘဲ ။ စေတနာရှင်တွေရဲ့အကူ ညီတွေကိုပိတ်ပင်ခဲ့ပြီး လက်ဝါးကြီးအုပ်ကာ ခိုးေ၇ာင်းစားကြတယ်။
သာမန်ပြည်သူတွေကို သွင်းကုန်ပစ္စည်းတွေကို တင်းတင်းကျပ်ချုပ်ချယ်ထားသော်လည်း သန်းရွှေမိသားစု ၃၀ % ရှယ်ယာပါတဲ့ City Mart မှာတော့ ယိုးဒယားကမန်ကျည်းသီး ၊ခွေးစာ( Pedrigo ) ကစဝယ်လို့ရပါတယ်။ ဒါကြောင့်လည်း City Mart မှာဗုးံခွဲတဲ့တရားခံ မမိတာရှင်းနေတာပါဘဲ။ အချင်းချင်းစားခွက်လုကြတာပေါ့။ ဟိုတလောကလည်းလွှတ်တော်မှာ တိုင်းရင်းသားပ်ါတီတချို့က လယ်သမားတိုင်း လယ်ယာပိုင်ဆိုင်ရေး ဆိုပြီးအသံထွပ်ကြပေမဲ့ ဗိုလ်ချုပ်တစ်စုကတော့ လယ်သမားတွေ လယ်မြေပိုင်ဆိုင်ရေးထက် ဓာတ်မြေသြဇာ
ကိုဦးပိုင်တခု လည်းကသွင်းရရေးက ပိုအရေးကြီးတာကြောင့် အဲဒီအဆိုလည်း ခရီးမရောက်ပြန်ဘူး။ ဆိုလိုချင် တာကစစ်အစိုးရတက်လာပြီးကတည်းက ပြည်သူလူထုသက်သာချောင်ချိရေးအတွက် လုပ်ခဲ့တာထက်သူတို့ မိသားစုအကျိုးစီးပွားအတွက်ဘဲ ရှေ့တန်းတင်ပြီးလုပ်ခဲ့တာတွေကြီးဘဲ။


တပ်မတော်ဧည့်ဂေဟာမှာ မွေးနေ့လုပ်နေတဲ့သန်းရွှေမြေး
သေသောသူကြာရင်မေ့ဆိုသလို သန်းရွှေသမီးမင်္ဂလာဆောင်အတွက် ငှါးထားတဲ့စိန်တွေကိုပြန်တောင်းရာက နေကတောက်ကဆဖြစ်ပြီး ကြိုင်ကြိုင်အလိုကြ ဗိုလ်ချုပ်မောင်ဘို ဦးစီးပြီးဓားမြတိုက်၅ လောင်းပြိုင်လူသတ်မှု ကိုလည်းမမေ့သင့်ပါဘူး။ လွှတ်တော်မှာအမတ်တွေမေးသင့်ပါတယ်။


သတို့သမီးဝတ်စုံချုပ်ပေးခ တောင်းမိတဲ့မမြင့်ဉ္ဖူကိုတော့ အကောက်ခွန်ဦးစီးဌာန ကိုသိန်း၉၀ အမြတ်ခွန်ဆောင်စေပြီး အသက်ဘေးက ချမ်းသာပေးခဲ့ပါတယ်။
၎။ဆင်ခြင်တုံတရား

ပါအုးံဆိုတာ။ ဘုရားတည်တာ ရည်ရွယ်ချက်ကောင်းပါတယ်။ ဒါပေမဲ့ရွှေတိဂုံဘုရားကြီးရှိပြီး တဲ့အတွက်အဲဒီနေရာမှာ ဘုရားတဆူထပ်တည်တာ ထက်စာသင်တိုက်တွေ၊ မိဘမဲ့ကျောင်းတွေကို ထောက်ပံ့မယ်ဆိုရင်ပိုပြီး အကျိုးများမယ်လို့ထင်ပါတယ်။


ကင်းဆိုပြီး အန်တီစုကိုနာမ်နှိမ်ဖို့အတွက် တနိုင်ငံလုးံအုးံအုးံကြွက်ကြွက် အတင်းဆိုက်ခိုင်းတာမှတ်မိကြအုးံမှာပါ။ ဒါပေမဲ့ကြက်ဆူပင်တွေလည်း ခင်ညွှန့်လိုဘဲ ဇတ်သိမ်းမကောင်းရရှာပါဘူး။ ကြက်ဆူဆီထွက်၊ စုကြည်တက်ဆိုတဲ့ တဘောင်ကြောင့်ဗေဒင်ဆရာတွေရဲ့ တချက်လွှတ်အမိန့်နဲ့ နိုင်ငံတော်စီမံကိန်းကြီးလဲ တခန်းရပ်သွားရပါရော။



နိုင်ငံခြားငွေသက်သာရေး စီမံချက်အရလိုင်းကားများကို ဓာတ်ငွေ့ကားများအဖြစ်သို့ အဆင့်သင့်မဖြစ်ခင် အတင်းအဓမ္မပြောင်းခိုင်းတာကြောင့် အသက်ဆုးံရှုးံတဲ့ သာဓကတွေလည်းရှိခဲ့ပါတယ်။


မြန်မာနိုင်ငံ ဆင်းရဲမွဲတေရတာဟာ စီးပွားရေးပိတ်ဆို့မှုကြောင့် မဟုတ်ဘူးဆိုတာ ထင်ရှားသလိုစစ်အစိုးရက အမရိကန်ကိုစီးပွားရေးဖွင့်စေချင်တာလည်း ပြည်သူအကျိုးတွက် မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ တိုင်းပြည်အတွက်ဆိုရင် နာဂစ်တုန်းက အကူညီပေးဖို့လာတဲ့ အမေရိကန်နဲ့ပြင်သစ်အကူညီကို လက်မခံခဲ့တယ်ကိုက ရှင်းနေတာဘဲ။ ဒါဆိုဘာလို့စီးပွားရေးဖွင့်ပေး ဖို့အော်နေရတာလဲ။ ဒါလဲရှင်းပါတယ်။ တခြားနိုင်ငံတွေက National Interest ကိုဦးစားပေး စဉ်းစားပေမယ့် သန်းရွှေတို့ကတော့ Family Interest ကိုဦးစားပေးစဉ်းစားပါတယ်။Bank မှာ ပိတ်မိနေတဲ့ငွေတွေကို ပြန်လိုချင်တယ်၊ ကြားလူကို နာမည်ခံခိုင်းပြီးစီးပွားရေး လုပ်ခိုင်းတာတော့ ၊ငွေအလွှဲပြောင်းလုပ်ရတာကို စိတ်မချဘူး။ ဒါကိုဘဲမစားရ အညောှ်ခံနိုင်ငံရေးစားဖားတချို့က စီးပွားရေးဖွင့်ပေးဖို့သံယောင်ဝင် လိုက်နေတာရွံဖို့ တော်တော်ကောင်းတယ်။
နောက်ဆုးံအပိတ်နေနဲ့ တခုဘဲပြောချင်ပါတယ်။ အစိုးရအသစ် ဆိုပြီးသိပ်မမျှော်ပါနဲ့။ သိန်းစိန်ဆိုတာ လည်းဒီပိုဒ်ထဲဒီပဲပါဘဲ။

Rest of your post
0 comments:
Post a Comment