“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, April 13, 2011

ထိုင်းက ဒုက္ခသည် တသိန်းကျော် ပြန်ပို့မည်

သန်းထိုက်ဦး Tuesday, 12 April 2011 17:26

ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုတွင် နေထိုင်လျက်ရှိသော ဒုက္ခသည် တသိန်းကျော်ကို ထိုင်းအစိုးရက မြန်မာနိုင်ငံ သို့ ပြန်ပို့နိုင်ရန် စီစဉ်နေသည်။

ထိုင်းအစိုးရ အနေဖြင့် မြန်မာနိုင်ငံတွင် အစိုးရသစ် ပေါ်ထွန်လာသည့် အတွက် ဒုက္ခသည်များကို ပြန်ပို့ရန် ယခုကဲ့သို့ စီစဉ်နေ ခြင်း ဖြစ်ကြောင်း သိရသည်။


လွန်ခဲ့သည့် အနှစ်၂၀ ခန့်မှ စတင်၍ မြန်မာ အစိုးရတပ်များက ကရင်ပြည်နယ်နှင့် တခြားသော ဒေသများတွင် ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များကို နေရပ်သို့ ပြန်ပို့ရန် ထိုင်းအစိုးရအနေဖြင့် စီစဉ်နေခြင်း ဖြစ် သည်။

ဒုက္ခသည်စခန်းများသည် ထိုင်း - မြန်မာနယ်စပ်ရှိ တာ့ခ်ခရိုင်၊ မယ်ဟောင်ဆောင် ခရိုင်၊ ကန်ကျနဘူရီ ခရိုင်နှင့် Ratchaburi ခရိုင် တို့တွင် ရှိကြောင်း သိရသည်။

ယမန်နေ့ကလည်း ဒုက္ခသည် အရေးနှင့် ပတ်သက်၍ ဘန်ကောက်မြို့တွင် ပြုလုပ်သော ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီ အစည်းအဝေး၌ ထိုင်းနိုင်ငံဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ ဦးဆောင်၍ ထိုင်း အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ သည်။

“ဒုက္ခသည် စခန်းတွေကို ဘယ်တော့ ပိတ်ပစ်မလဲဆိုတာ ကျနော်တို့ မပြောနိုင်သေးဘူး၊ ဒါပေမယ့် လုပ်ဖို့ အစီအစဉ်တော့ရှိ ပါတယ်၊ အခု အချိန်မှာတော့ မြန်မာ စစ်အစိုးရနဲ့ ဆွေးနွေးနေတုန်း ပါပဲ” ဟု ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီမှ မစ္စတာ Thawil Pliensri ကို ကိုးကား၍ ဘန်ကောက်ပိုစ့် သတင်းစာတွင် ဖော်ပြထားသည်။

ဒုက္ခသည်များကို ပြန်လည်ပို့ဆောင်ရာတွင် လုံခြုံရေးကိုထည့်သွင်း စဉ်းစားရန်လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံတွင် ရာသက်ပန်နေ ထိုင်သွားရန် မသင့်လျော်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)မှ Kitty McKinsey က ဧရာဝတီ သို့ ပြောသည်။

“ဒုက္ခသည်တွေကို ပြန်ပို့ဖိုကတော့ သူတို့ဆန္ဒအလျောက် ဖြစ်သင့်ပါတယ်၊ ဒုက္ခသည်တွေ အနေနဲ့ ပြန်ဖို့အတွက် သူတို့ရဲ့လုံခြုံရေးကို စဉ်းစားပြီး လွတ်လပ်စွာ ဆုံးဖြတ်စေချင်ပါတယ်၊ သူတို့ရဲ့ လုံခြုံရေးနဲ့ သိက္ခာကိုထည့်သွင်း စဉ်းစားသင့်ပါတယ်”ဟု ၎င်း က ဆိုသည်။

ဒုက္ခသည်စခန်းများတွင် နေထိုင်သူအများစုမှာ ကရင်လူမျိုးများဖြစ်ပြီး မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ထွက်ပြေးလာရသူ များကြောင်း သိရသည်။

ကရင် ဒုက္ခသည် ကော်မတီမှ စောရောဘတ်ထွေးက တတိယနိုင်ငံသို့ သွားရောက်ရေး အတွက်လာရောက်သူများ၊ အသစ် ရောက်လာသူများနှင့် ဒုက္ခသည် စခန်း အတွင်း စီးပွားရေး လာရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်း အလုပ်သမားများကို ပြန်လည် ပို့ဆောင်မည်ဟု ယူဆကြောင်း ၎င်းက ပြောသည်။

မယ်လ ဒုက္ခသည် စခန်းတွင် နေထိုင်နေသည့် နော်ဖရန့်စစ်ကလည်း “ဆင်းရဲ ဒုက္ခတွေ တပုံတပင်နဲ့ မြန်မာပြည်ကို ဘယ်လို ပြန်မှာ လဲ၊ မြန်မာပြည်မှာ အများကြီး အခက်အခဲရှိတယ်၊ ကျောင်းတက်ဖို့တောင် မလွယ်ဘူး”ဟု ဆိုသည်။

ယင်း ဒုက္ခသည်များကို ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့( TBBC )က အခြေခံရိက္ခာများ ဖြစ်သည့် ဆန်၊ ပဲ၊ ငါးပိ၊ ဆား အစရှိသည်တို့ကို ထောက်ပံ့ပေးခဲ့ပြီး NGO လူမှုအဖွဲ့အစည်းများက ရေနှင့် သန့်ရှင်းရေးပစ္စည်းများ ထောက်ပံ့ပေးထားသည်။

TBBC အဖွဲ့သည် ဒုက္ခသည်များကို ကူညီရန်အတွက် လူသားချင်း စာနာမှု အကူအညီများပေး နေသော အစိုးရမဟုတ်သည့် အဖွဲ့ များ စုစည်းထားသည့် အဖွဲ့ တဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဧပြီလအတွင်း တာ့ခ် ခရိုင် အုပ်ချုပ်ရေးမှူး စမတ် လွိုင်ဖာ့က ဒုက္ခသည် အများစုသည် ကျန်းမာရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စ များနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ အနေဖြင့် ၀န်ထုပ်ဝန်ပိုး ဖြစ်သည့် အတွက် မြန်မာနိုင်ငံ တွင်၂၀၁၀ ရွေးကောက်ပွဲ ကျင်းပ၍ တည်ငြိမ် အေးချမ်းသွားပါက ဒုက္ခသည်များကို နေရပ်သို့ ပြန်ပို့နိုင်မည်ဟု မျှော်လင့်ရ ကြောင်း ပြောဆိုခဲ့သည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */