၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ထားသည့် အစီရင်ခံစာတစောင်ကို လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) က ယနေ့ထုတ်ပြန်လိုက်သည်။
ယင်းအစီရင်ခံစာတွင် ရွေးကောက်ပွဲကာလအတွင်းက နည်းမျိုးစုံဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုခံခဲ့ရသည့် ပြည်သူများ၏ အသံမှတ်တမ်းများ၊ ပြောပြချက်များကို စုစည်းကာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) ပြောရေးဆိုခွင့်ရှိသူ နိုင်အောမွန်က ပြောသည်။
“ရွေးကောက်ပွဲမတိုင်ခင် တရက်ကနေ၊ ရွေးကောက်ပွဲပြီးနောက်တနေ့အထိ အများဆုံးတွေ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာဆိုရင် ကြံ့ဖွံ့အဖွဲ့ဝင်တွေက ဒေသနယ်မြေအာဏာပိုင်တွေရဲ့ အကူအညီနဲ့ ပြည်သူလူထုကို မတော်မတရားပြုလုပ်ခဲ့တဲ့ကိစ္စတွေ အများကြီးဘဲ၊ ခြိမ်းခြောက်မှုတွေကို အဓိက ဖော်ပြထားတယ်” ဟု ပြောသည်။
ယင်းအစီရင်ခံစာတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ခေါင်းစဉ်အလိုက်ဖော်ပြထားပြီး အချက်အလက် (၈၀) ပါဝင်သည်။
“အထူးသဖြင့် ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်မဲကိစ္စတွေက လုံးဝပွင့်လင်းမြင်သာမှုမရှိဘူး၊ ခြိမ်းခြောက်မှုမျိုးစုံနဲ့ ကြံ့ဖွံ့က ထောက်ခံမဲကောက်ယူခဲ့တာ၊ မတော်မတရား မဲလိမ်တဲ့ကိစ္စတွေလည်း ပါတယ်” ဟု နိုင်အောမွန်က ဆက်ပြောသည်။
လူ့အခွင့်အရေးမှတ်တမ်း ကွန်ယက် (မြန်မာနိုင်ငံ) ကို လူ့အခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းကောက်ယူနေသည့် အဖွဲ့အစည်း (၁၃) ခုဖြင့် ဖွဲ့စည်းထားသည်။Rest of your post
Friday, April 15, 2011
ရွေးကောက်ပွဲကာလ လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာ ထုတ်ပြန်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment