“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, April 15, 2011

သတင်းစုံ ခင်မျ (ပေးပို့ သူ ဗမာသွေး) သတင်းခေါင်းစဉ် ၆ ခု

ဒေါ်စုရုပ်ပုံ လွတ်လပ်စွာ ရောင်းချ

By ဦးရော်နီညိမ်း ကြာသပတေး, 14 ဧပြီ 2011

ပဲခူးတိုင်း ဒေသကြီးထဲက ပဲခူး၊ သနပ်ပင် နဲ့ ဝေါမြို့နယ်တွေက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူငယ် အကူအညီပေးရေး ပြည်သူ့ကွန်ယက်အဖွဲ့ကနေ ပဲခူးမြို့က ရွှေမောဓော (ရွှေမုထော) ဘုရားပွဲမှာ သူတို့နယ်မြေတွေအတွင်း ပြည်သူလူထုတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေး လုပ်ငန်းတွေအတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတွေပါဝင်တဲ့ အမှတ်တရပစ္စည်းတွေနဲ့ ဈေးရောင်းချပြီး ရန်ပုံငွေရှာပွဲကို စတင်ခဲ့ကြပါတယ်။ ရွှေမောဓော ဘုရားပွဲ ပြီးဆုံးမယ့် ဧပြီလ ၁၈ ရက်နေ့အထိ ဒီရန်ပုံငွေရှာပွဲကို ဆက်လုပ်ကြမှာဖြစ်ပြီး နယ်မြေခံအာဏာပိုင်တွေ ကလည်း အနှောက်အယှက် မပေးကြဘူးလို့ အဲဒီသုံးမြို့နယ် NLD လူငယ် အကူအညီပေးရေး ပြည်သူ့ကွန်ယက်အဖွဲ့က ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ဦးရော်နီညိမ်းက တင်ပြထားပါတယ်။

လူထုအခြေပြု လူထုအဖွဲ့အစည်းကြီးတွေ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်နိုင်ခွင့် မရှိသေးပေမဲ့လည်း လူထုကြားဆင်းပြီး တပိုင်တနိုင် လုပ်ဆောင်နေသူတွေရဲ့ လှုပ်ရှားမှုတွေ ရှိလာနေပါပြီ။ ပဲခူးမြို့က ရွှေမောဓော ဘုရားပွဲမှာ လူထုအတွက် ကျန်းမာရေး၊ ပညာရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရန်ပုံငွေ ရှာဖွေနေသူ ကိုကျော်ဝင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ရွှေမောဓော ဘုရားပွဲမှာ ပဲခူးခရိုင်မှာရှိနေတဲ့ သနပ်ပင် ရယ်၊ ပဲခူး ရယ်၊ ဝေါ ရယ် သုံးမြို့နယ် ပူးပေါင်းပြီးတော့ ကျနော်တို့ ပြည်သူ့ကွန်ယက် ရန်ပုံငွေပေါ့။ ကျန်းမာရေးနဲ့ ပညာရေး ရန်ပုံငွေအတွက် ကျနော်တို့ အရောင်းဆိုင်ဖွင့်ပြီး ကျနော်တို့ ရောင်းတယ်။ ဒီနေ့က တတိယနေ့ ကျနော်တို့ ရောင်းချတဲ့နေ့ပါ။”

ဘယ်လိုပစ္စည်းတွေကို အဓိက ရောင်းချပါသလဲခင်ဗျ။ -

“အဓိက ကတော့ ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံ ပါတဲ့ တီရှပ်တွေ။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ပုံ ပါတဲ့ တီရှပ်တွေ၊ အဲဒါတွေကို အဓိက ရောင်းတယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်း တွဲလျက်ပုံပါတဲ့ ဖန်စီဆွဲကြိုးတွေ၊ လက်ကောက်တွေ၊ ချိန်းဆွဲကြိုးတွေ၊ သော့ချိတ်တွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံတွေ၊ ဗိုလ်ချုပ်ဓါတ်ပုံတွေကို ရန်ပုံငွေအဖြစ် ကျနော်တို့ ရောင်းချတယ်။”

အခု အဲဒါမျိုးတွေ လုပ်တဲ့အခါမှာ အာဏာပိုင်တွေဆီက ဘာများ နှောက်ယှက်တာ ရှိပါသေးလဲ။ -

“ကျနော်တို့ဆီကိုတော့ ဒီလိုဆောင်ရွက်တဲ့အတွက် နှောက်ယှက်တာတို့ ဘာတို့ မရှိဘူး။ သူတို့ စောင့်ကြည့်တာတော့ ရှိတယ်။ စောင့်ကြည့်တယ်ဆိုတာကလည်း ကျနော်တို့ဆီက ဓါတ်ပုံတွေဘာတွေ လာဝယ်တယ်။ အင်္ကျီတွေဘာတွေ လာဝယ်တယ်။ ပြီးတော့ အဝေးကနေ သူတို့ ဓါတ်ပုံရိုက်တယ်။ ကျနော်တို့ဆီကို လုံးဝ ဒီအချိန်အထိတော့ ကျနော်တို့ကို အနှောက်အယှက်ပြုတာတို့၊ ကျနော်တို့ စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်တဲ့ဥစ္စာမျိုးတော့ ခုချိန်ထိ မရှိသေးပါဘူး။”

အခုလို ရန်ပုံငွေ ရှာဖွေရတာဟာ သူတို့ရဲ့ ကွန်ယက်အဖွဲ့က လူထုကြားထဲဆင်းပြီး ကျန်းမာရေး အကူအညီ ပေးတဲ့လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ရာမှာ တွေ့ကြုံရတဲ့ အတွေ့အကြုံတွေကြောင့်လို့ ကိုကျော်ဝင်းက ပြောပါတယ်။

“ကျနော်တို့ ပဲခူးခရိုင်မှာရှိတဲ့ သုံးမြို့နယ်က ရှေ့ထွက်ပြီးဆောင်ရွက်နေတာ ပညာရေးရော၊ ကျန်းမာရေးရော ဆောင်ရွက်နေတယ်လေ။ ဒါပေမဲ့ ကျနော်တို့ တောင်သူလယ်သမားကိစ္စ၊ အလုပ်သမားကိစ္စ တွေကိုလည်း ပူးတွဲဆောင်ရွက်တယ်။ လောလောဆယ်မှာ ကျနော်တို့ ကျန်းမာရေးကွန်ယက်အနေနဲ့ ကျနော်တို့ ဒီ သုံးမြို့နယ်မှာ အခမဲ့ ဆေးဝါးကုသတဲ့ကိစ္စတွေကို ကျနော်တို့ ဆောင်ရွက်ပေးနေတယ်။ မတ်လ ၃ ရက်နေ့က ကျနော်တို့ ပဲခူးမြို့မှာရှိတဲ့ ရေကြီးကွင်းပေါ့။ အဲဒီမှာ အခမဲ့ တနေကုန် ဆေးဝါးကုသတာတွေ လုပ်တယ်။ ဒီ ဧပြီလ ၃ ရက်နေ့မှာလည်း တိုးချဲ့ (၁) မဇင်း ရပ်ကွက်မှာ အခမဲ့ဆေးဝါးကုသတာ လုပ်တယ်။ ဒီမှာ ကျနော်တို့ လိုအပ်ချက်တွေ အများကြီး မြင်ရတယ်။ အခု ကျနော်တို့ ကျန်းမာရေးဆိုင်ရာကိစ္စ လုပ်တယ်ဆိုရင် ကျနော်တို့ ပထမဆုံး လုပ်တဲ့အချိန်က လူ ၁၃၀၊ ၁၄၀ လောက်၊ ရပ်ကွက်တခုမှာ အိမ်ခြေ ၃၀၀ ကျော်ရှိတယ်။ လူ ၁,၂၀၀ လောက်ရှိတဲ့ဆီမှာ ဒီမှာလာရောက် ဆေးဝါးကုသတာက၊ ဒါ ကျနော်တို့မှာ မှတ်တမ်းအရ ပြောတာပါ။ ၁၃၇ ယောက် ရှိတယ်။ ဒီ ၁၃၇ ယောက်စလုံးရဲ့ အနေအထားက ဒီမှာ နေ့စဉ် ဆေးဝါးကုသခံမှ ပျောက်မယ့် အနေအထားမျိုး ရှိတယ်။”
မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းကြီးလို သဘာဝ ဘေးအန္တရာယ် ကျရောက်ခဲ့တာကို ကူညီဆောင်ရွက်ခဲ့တဲ့ လူထုထဲက လူထုတွေကိုပဲ အာဏာပိုင်တွေက နှိမ်နှင်းဖြိုခွင်း ဖမ်းဆီးချုပ်နှောင် ထောင်တွင်းအကျဉ်းချ တာတွေ လုပ်ဆောင်ခဲ့ပေမဲ့ အခုနောက်ပိုင်း လူထုအချင်းချင်း လူထုကြားဆင်းပြီး ကူညီဆောင်ရွက်တဲ့ လှုပ်ရှားမှုတွေကို အခုပေါ်လာတဲ့အမည်သစ်နဲ့ ပြည်ထောင်စု အစိုးရက ဘယ်လောက်အထိ ခွင့်ပြုမလဲ ဆိုတာကို စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်


ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အညတြသူရဲကောင်းဆု ချီးမြှင့်မည်
2011-04-14 RFA

မြန်မာ့ဒီမိုကရေစီရေးအတွက် နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့် ကြိုးပမ်းနေတဲ့သူတွေကို ဂုဏ်ပြုတဲ့ အညတြ သူရဲကောင်းဆုကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ဒီနှစ်မှာ ပထမဆုံးအကြိမ် အဖြစ် ပြုလုပ်ပြီး နိုင်ငံရေးအကျဉ်းသား ၃ ဦးကို ရွေးချယ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

ဒီနှစ်အတွက် အညတြ သူရဲကောင်းအဖြစ် ရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ် ၃ ဦးကတော့ ဦးဣန္ဒက၊ ဘိုးတော် ခေါ် ဦးခင်ဝင်းနဲ့ ကိုသန်းနိုင်တို့ ဖြစ်ပါတယ်။

ဦးဣန္ဒကဟာ မဂ္ဂင်ကျောင်းတိုက် နောက်ဆုံးဆရာတော် ဖြစ်ပြီး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ကာလက အဖမ်းခံလိုက်ရတာပါ။ အဲဒီနောက် ထောင်ဒဏ် ၂၆ နှစ်နဲ့ လာရှိုးထောင်မှာ ကျခံနေရ ပါတယ်။

ဘိုးတော် ခေါ် ဦးခင်ဝင်းက ၁၉၉၉ ခုနှစ်မှာ ၉ လေးလုံး လှုပ်ရှားမှုနဲ့ အဖမ်းခံရပြီး အင်းစိန်အကျဉ်း ထောင်မှာ ထောင်ဒဏ် ၂၃ နှစ် ကျခံနေရပါတယ်။

ကိုသန်းနိုင်ကတော့ HIV/AIDS ဝေဒနာသည်တွေ ကူညီ စောင့်ရှောက်ရေး ကြိုးပမ်းနေရင်း ၂၀၀၇ မှာ အဖမ်းခံရပြီး မအူပင် အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၄ နှစ်ကျခံနေရပါတယ်။

ဒီဆုပေးတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဆုရွေးချယ်ရေး ကော်မတီဝင် ကိုမင်းထက်ဇော်က RFA ကို အခုလို ပြောပါတယ်။

“ကျွန်တော်တို့ ပြည်တွင်းမှာပေါ့လေ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ကို ပဓာနမထားပဲနော်၊ မိမိရဲ့ မိသားစု ဘဝတွေပါ ပေးဆပ်ပြီးတော့ ဆောင်ရွက်ခဲ့တဲ့ လူတွေကို ကျွန်တော်တို့အနေနဲ့ ချီးမြှင့်လိုတဲ့ ဆန္ဒ ဖြစ်ခဲ့တာပေါ့။ နောက် သူတို့တွေက အမည်နာမအားဖြင့်လည်း ထင်ပေါ် ကျော်ကြားခြင်း မရှိဘူး။ ကျွန်တော်တို့ အဲဒီအပေါ်မှာ ဂုဏ်ပြုချင်တဲ့ ဆန္ဒ ဖြစ်လာတဲ့အတွက်ကြောင့် ဒီ လုပ်ငန်းစဉ်တွေ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒီဆု ရွေးချယ်တာကိုတော့ ပြည်တွင်းကပေါ့လေ၊ ဆရာကြီး ဦးဝင်းတင် ဦးဆောင်တဲ့ အညတြ သူရဲကောင်းဆု ရွေးချယ်ရေး ကော်မတီကနေ ရွေးချယ်ခြင်း ဖြစ်ပါတယ်။”

ဆုရရှိတဲ့ ပုဂ္ဂိုလ် ၃ ဦးကို တဦးကို ကျပ်ငွေ ၁၀ သိန်းစီ ချီးမြှင့်မှာ ဖြစ်ပါတယ်။ အခမ်းအနားကို လာမဲ့ နှစ်ဆန်း ၁ ရက်နေ့ကျရင် ရန်ကုန်မြို့က အမျိုးသား ဒီမိုကရေစီရုံးချုပ်မှာ ကျင်းပမှာ ဖြစ်ပြီး၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချီးမြှင့် ပေးအပ်မယ်လို့ သိရပါတယ်။

ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ ချီးမြှင့်တဲ့ အညတြ သူရဲကောင်းဆုကို တနှစ် နှစ်ကြိမ် ပေးအပ်ဖို့ စဉ်းစားထားကြပြီး၊ အနည်းဆုံးတော့ တနှစ်တကြိမ် ပေးအပ်ဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆုချီးမြှင့်ရေး ကော်မတီဝင် ကိုမင်းထက်ဇော်က ပြောပါတယ်။

ဆုချီးမြှင့်ခံရသူတွေနဲ့ပတ်သက်ပြီး RFA မှ ဦးနေရိန်ကျော်က ဆက်လက် တင်ပြထားပါတယ်။


တိုက်ကြီးရှိ ခမရ ၇၀၉နဲ့ ၇၁၀တို့ အပစ်ခံရ

BBC





အင်္ဂါနေ့ည(၈)နာရီလောက်မှာ ရန်ကုန်တိုင်း မှော်ဘီအခြေချ အမှတ်(၄) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တိုက်ကြီး မြို့မှာရှိတဲ့ ခမရ (၇ဝ၉) တပ်ဖွဲ့ တချို့နဲ့ ခမရ(၇၁ဝ) ပူးပေါင်းတပ်ကို ရန်ကုန်တိုင်း အထူးတပ် တွေက ဝင်ရောက်ပစ်ခတ်ရာမှာ (၃) ဦး ပြင်းထန်စွာ ဒါဏ်ရာရရှိသွားတယ် လို့ ခမရ (၇ဝ၉) က တပ်ကြီးတဦးက ဘီဘီစီကို ပြောပါတယ်၊၊



ဒီပစ်ခတ်မှုဟာ ဒုတိယအကြိမ်အပစ်ခံရတာဖြစ်တယ်လို့ဆိုပါတယ်၊၊ တပ်ကြပ်ကြီးတဦး ပြောတာကတော့ လုံခြုံရေးယူထားတဲ့ ရန်ကုန်တိုင်းကတပ်တွေ ခြံစည်းရိုးနား ကပ်လာစဉ် လှမ်းမေးရာက စတင် ပစ်ခတ်မှုတွေဖြစ်ပြီး ၇၀၉ ဘက်မှ ရဲဘော်သုံးယောက် ပြင်းထန်စွာ ဒဏ်ရာရတယ်လို့ ပြောပါတယ်။

ဒီပစ်ခတ်မှုကိစ္စနဲ့ ပါတ်သက်ပြီး တိုင်းမှုးအပါဝင် ဒကစမှုး ဗိုလ်မှုးကြီးအောင်သီဟကိုယ်တိုင် တပ်ရင်းရုံး အထိ လာရောက် ဖြေရှင်းပေမဲ့ အဖြေတစုံတရာ မရရှိဘူးလို့ ဆိုပါတယ်၊၊



အဖြေမရတဲ့အတွက် ရန်ကုန်တိုင်းဘက်က လက်နက်ကြီးတွေနဲ့ စစ်အင်အား တိုးချဲ့ထား သလို ခမရ ၇၀၉ နဲ့ ၇၁၀ တို့ဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်လည် ပြင်ဆင်ထားတယ်လို့ အဲဒီတပ်ကြပ်ကြီးက ဆက်ပြောပါတယ်။



ပထမအကြိမ် ပစ်ခတ်မှုတုန်းကတော့ တပ်ကြပ်ကြီးတဦး ပွဲချင်းပြီးသေဆုံးပြီး တဦးဒါဏ်ရာ ရရှိသွားပါတယ်၊၊ တကယ်တော့ဒီပြသနာဟာ ခမရ (၇ဝ၉) တပ်ဖွဲ့နဲ့ ခမရ (၇၁ဝ) တပ်တွေ ပူးပေါင်း တောင်းဆိုထားတဲ့ အချက်(၄) ချက်ကြောင့် စတင် တင်းမာ သွားတာဖြစ်ပါတယ်၊၊

အဲဒီတောင်းဆိုချက်တွေကတော့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပေးဖို့၊ ပြီးတော့ စစ်မှုထမ်းဟောင်းဥပဒေကို ပြင်ဆင်ပြီးလစာတိုးပေးဖို့ အပါဝင် နိုင်ငံတွင်းက နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းပေးဖို့နဲ့ ပြည်သူတွေ ထောက်ခံတဲ့ အစိုးရမျိုး ပြန်လည်ဖွဲ့စည်းပေးဖို့ ဆိုတဲ့ အချက်တွေကို ရန်ကုန်တိုင်း တိုင်းမှုးထံ တင်ပြရာက တင်းမာ လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။






တူနီးရှားသမ္မတဟောင်းအပေါ် ၁၈ မှု စွဲဆိုမည်

ကြာသပတေး, 14 ဧပြီ 2011

တူနီးရှား သမ္မတဟောင်း ဇင်းအယ်လ်အဘီဒင်း ဘန်အလီ (Zine El Abidine Ben Ali) အပေါ် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ လူသေစေမှုတွေပါဝင်တဲ့ စွဲချက်ပေါင်း ၁၈ ချက်နဲ့ တရားစွဲနိုင်ဖို့ တူနီးရှား တရားရေးဆိုင်ရာ တာဝန်ရှိသူတွေ ပြင်ဆင်နေကြပါတယ်။ ဗုဒ္ဓဟူးနေ့ညပိုင်းက ထုတ်လွှင့်တဲ့ အစိုးရ ရုပ်သံမေးမြန်းခန်းတခုမှာ သမ္မတဟောင်းကို တရားစွဲမယ့် အစီအစဉ်ကို တရားရေးဝန်ကြီး လဇ်ဟာကရိုအီ ချက်ဘီ (Lazhar Karoui Chebbi) က ပြောသွားတယ်လို့ အစိုးရရဲ့ TAP သတင်းဌာနက ပြောပါတယ်။

မစ္စတာ ဘန်အလီ အပါအဝင် သူ့ရဲ့ မိသားစုဝင်တွေ၊ သူ့ရဲ့ နိုင်ငံရေးမဟာမိတ်တွေ အပေါ် အမှုပေါင်း ၄၄ မှုလောက်အထိ တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ တရားရေးဝန်ကြီးက ပြောပါတယ်။

ဇန်နဝါရီလက တူနီးရှားပြည်သူတွေရဲ့ အုံကြွမှုကြောင့် နိုင်ငံကို ၂၃ နှစ်ကြာ အုပ်ချုပ်လာခဲ့တဲ့ သမ္မတ ဘန်အလီ ရာထူးကနေ ဆင်းပေးခဲ့ရပြီး ဆော်ဒီအာရေဘီးယား နိုင်ငံကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ သူ့မိသားစုဝင်တချို့နဲ့ တူနီးရှားမှာကျန်ခဲ့တဲ့ အနီးကပ် ပုဂ္ဂိုလ်တွေကတော့ အခု ထိန်းသိမ်းခံနေရပါတယ်။

နိုင်ငံပြန်လာပြီး တရားဥပဒေနဲ့အညီ ရင်ဆိုင်ဖို့ သမ္မတဟောင်းကို ဆော်ဒီအာရေဘီးယားကနေ တရားခံလွှဲပြောင်းရေး အစီအစဉ်နဲ့ ပြန်ပို့ဖို့ တရားရေးဌာနက ကြိုးစားမယ်လို့ ဝန်ကြီးက ပြောပါတယ်။

မစ္စတာ ဘန်အဘီနဲ့ နိုင်ငံခြားကို ထွက်သွားကြတဲ့ သူ့မိသားစုဝင်ကို နိုင်ငံတကာ ရဲအဖွဲ့ အင်တာပို (Interpol) ရဲ့အကူအညီနဲ့ ဖမ်းဆီးနိုင်ဖို့ တူနီးရှားနိုင်ငံက ကြိုးစားနေပါတယ်။ မစ္စတာ ဘန်အလီဟာ လေဖြတ်ပြီး အခြေအနေဆိုးလို့ ဆော်ဒီဆေးရုံမှာ ဆေးကုသမှုခံနေရတယ်လို့ အနောက်တိုင်းမီဒီယာတွေက ဖေဖော်ဝါရီလက သတင်းထုတ်ပြန်ခဲ့ကြပါတယ်။


နေတိုး တိုက်ခိုက်မှု အရှိန်မြှင့်၊ အမေရိကန် တိုက်လေယာဉ်များ ပြန်လည် ပါဝင်
April 14, 2011 FNG

လစ်ဗျား ခေါင်းဆောင် ကဒါဖီ ရဲ့ တပ် တွေ ကို အမေရိကန် တိုက်လေယာဉ် တွေက လည်း ဒီနေ့ လေကြောင်း ကနေ တိုက်ခိုက်မှု လုပ် တယ်လို့  ပင်တဂွန် သတင်းထုတ် ပြန်မှု တစ်ခု မှာ ဖော်ပြ

ထား ပါတယ်။ မနေ့ က ဗြိတိသျှ နဲ့  ပြင်သစ် တိုက်လေယာဉ် တွေ ဟာ ကဒါဖီ ရဲ့ တင့် ကား အစီး ၂၀ ခန့် ကို ဖျက်ဆီး နိုင်ခဲ့ပြီး ဒီနေ့ မှာ တော့ အစီး ၃၀ ခန့် ဖျက်ဆီး နိုင်ခဲ့ တယ်လို့ အယ်(လ)ဂျာ
ဇီးယား ရုပ်သံ က ထုတ်လွှင့် ကြေငြာ သွား ခဲ့ပါတယ်။ နေတိုး အဖွဲ့ က လည်း လစ်ဗျား ခေါင်းဆောင် ကဒါဖီ ရဲ့ တပ် တွေ ကို ပိုမို အရှိန်မြှင့် ပြီး တိုက် ခိုက် မယ်လို့ ဒီနေ့ ကြေငြာခဲ့ပါတယ်။

ဒီနေ့ မနက် အစောပိုင်းမှာတော့ အမေရိကန် တိုက်လေယာဉ် တွေဟာ ထရီပိုလီ မြို့ နားက ကဒါဖီ ရဲ့  တာဝေး ပစ် အမြောက် လက်နက် တွေ ထားတယ် လို့ ယူဆ ရတဲ့ နေရာတွေ ကို လေကြောင်းက
နေတိုက် ခိုက် ခဲ့ပါတယ်။

ဒီသီတင်း ပတ် အတွင်းမှာ ပဲ ဗြိတိန် နဲ့  ပြင်သစ် ရဲ့ လေကြောင်း တိုက် ခိုက်မှု တွေ တိုးမြှင့် လုပ် ဆောင် ခဲ့တဲ့ အတွက် အက်ဒါဘီယာ မြို့ ကို ပြန်လည် သိမ်းယူ နိုင်ခဲ့ပြီး ဘရေဂါ မြို့ ကို ပြန်လည် သိမ်းပိုက်
နိုင်ဖို့ တိုက်ခိုက် နေဆဲ ဖြစ်ပါတယ်။


လစ်ဗျား အစိုးရ နိုင်ငံခြားရေး ၀န်ကြီး ခါလစ် ကိမ်းက မစ်ဆူရာတာ မြို့  တိုက် ပွဲ မှာ လက်ဘနွန် က ဟစ် ဇဘိုလာ က သူပုန်တွေ လည်း ပါဝင် တိုက် ခိုက် နေကြောင်း စွပ်ဆွဲထား ပါတယ်။ မစ်ဆူရာ
တာ မြို့ ကို ၀င်ဖို့ ကြိုးစား နေတဲ့ လစ်ဗျား သူပုန်တွေ ဟာ ပြင်သစ် တိုက်လေယာဉ် တွေ ရဲ့ အပြင်း အထန် တိုက် ခိုက် မှု ကြောင့် အဲဒီ ကာတာ နဲ့ ယူအေအီး နိုင်ငံတွေ က ကူညီပေးမှု ကြောင့် လစ်ဗျား နိုင်ငံ အရှေ့ ဘက်က သူပုန်တွေ ထိန်းချုပ် ထား တဲ့ မြို့ မှာ မိုဘိုင်း ဖုန်း လိုင်း ဆက်သွယ်မှု တွေ ပြန်လည် ရရှိ ခဲ့ပါတယ်။ ယူအေအီး နိုင်ငံ က မိုဘိုင်း ဆက်သွယ်ရေး လိုင်း ကို အီဂျစ် နိုင်ငံ ကတစ် ဆင့် ဘန်ဂါဇီ မြို့ ဆီ ကို ဆက် လစ်ဗျား နိုင်ငံ အနောက် ပိုင်းမှာ သူပုန် တွေ ထိမ်းချုပ် ထား တဲ့ တစ်ခု တည်း သော မြို့ ဖြစ်တဲ့ မစ်ဆူရီတာ မြို့ ကို လစ်ဗျား ခေါင်း ဆောင် ကဒါဖီ ကို သစ္စာခံ တဲ့ တပ် တွေ မနေ့ က ၀ိုင်း ထားပေမယ့် ဒီနေ့ ပြန်လည် ဆုတ်ခွား သွားကြာပါပြီ။


ပြင် သစ် နဲ့  အင်္ဂလန် နိုင်ငံ နဲ့ နေတိုး တပ်ဖွဲ့ ကလည်း ကဒါဖီ ကို စစ်ရေး အရ ပိုမို ဖိအားပေးမယ် လို့ မနေ့ က ကာတာ နိုင်ငံ ဒိုဟာ မြို့ မှာ ကျင်း ပတဲ့ လစ်ဗျား ဆက်သွယ်မှု အုပ်စု ဆွေးနွေ ပွဲမှာ ပြော
ကြားခဲ့ပါတယ်။ ဒီဆွေးနွေး ပွဲ ကို လစ်ဗျား အတိုက် အခံ တွေ အပါအ၀င် ၊ ဗြိတန် နဲ့ ပြင်သစ် နိုင်ငံခြား ရေး ၀န်ကြီး တွေ ၊ ကုလ သမဂ္ဂ အထွေထွေ အတွင်း ရေး မှုးချုပ် ဘန်ကီမွန်း နဲ့  လစ်ဗျား အတိုက် အခံ
တွေ ကို ကူညီ ထောက်ပံ့နေ တဲ့ အာရပ် နိုင်ငံ တွေ တက်ရောက် ခဲ့ပါတယ်။ အင်္ဂလန် မှာ နိုင်ငံရေး ခိုလှုံ ခဲ့တဲ့ လစ်ဗျား နိုင်ငံခြားရေး ၀န်ကြီး ဟောင်း မူဆာ ခူဆာ လည်း ဒီ အစည်းအဝေး
ပွဲ ကို တက်ရောက် ခဲ့ပါတယ်။

ဒီအစည်း အဝေး ကနေ လစ်ဗျား သူပုန်တွေ ကို ငွေကြေး နဲ့  လက်နက် ကူညီထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့ တယ်လို့  CNN သတင်းမှာ ဖော်ပြထားပါတယ်။ ချမ်းသား တဲ့ နိုင်ငံ တွေ ပါဝင်တဲ့ လစ်ဗျား ဆက်သွယ်မှု
အုပ်စု ကို မေလ ဆန်းမှာ အီတလီ နိုင်ငံမှာ ထပ် မံ ကျင်းပ မှာ ဖြစ်ပါတယ်။


ဖောင်းပွဲမှုထိန်းဖို့ စင်ကာပူ ငွေကြေးမူဝါဒ တင်းကျပ်

ကြာသပတေး, 14 ဧပြီ 2011

မြန်မာလူမျိုးတွေ ထောင်ပေါင်း များစွာနေထိုင်နေတဲ့ စင်ကာပူနိုင်ငံမှာ အစားအသောက်နဲ့ စွမ်းအင်ဆိုင်ရာ ဈေးနှုန်းတွေ ကြီးနေတာကို ကျဆင်းအောင်လို့ ငွေကြေးဆိုင်ရာ မူဝါဒတွေကို ပိုပြီးတင်းကျပ်မယ်လို့ စင်ကာပူ အစိုးရက ပြောလိုက်ပါတယ်။ စင်ကာပူဒေါ်လာ တန်ဖိုးကိုလဲ ဒီနှစ်အတွင်း တတိယအကြိမ်အဖြစ် ငွေကြေး အာဏာပိုင်အဖွဲ့ဖြစ်တဲ့ ဗဟိုဘဏ်ကနေ ဈေးနှုန်းတက်ခွင့်ပြုခဲ့ပါတယ်။

စင်ကာပူရဲ့ငွေကြေးမူဝါဒတွေကို အတိုးနှုန်းအပေါ်မှာ အခြေမခံဘဲ ငွေကြေးလဲလှယ်မှု နှုန်းထားပေါ်မှာအခြေခံပြီး ချမှတ်တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ပထမ နှစ်လ အတွင်းမှာကို စားသုံးကုန်ပစ္စည်း တန်ဖိုးတွေဟာ ၅ ရာခိုင်နှုန်း တက်သွားခဲ့ပါတယ်။

ဒီနှစ်အတွင်း ငွေကြေးဖောင်းပွမှုဟာ ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ ဖြစ်နိုင်တယ်လို့ ဗဟိုဘဏ်က ခန့်မှန်းပါတယ်။ အာရှနိုင်ငံတွေရဲ့ စီးပွားရေးဟာ အရှိန်မြန်မြန်နဲ့ တိုးတက်နေတဲ့အတွက် အာရှဗဟိုဘဏ်တွေက ငွေကြေးဖောင်းပွမှု တန်ဖိုးထိန်းချုပ်နိုင်ဖို့အတွက် ငွေကြေးစီးဆင်းမှုတွေကို ပိုပြီး ထိန်းချုပ်လာနေပါတယ်။ နိုင်ငံအများစုက အတိုးနှုန်းတွေကိုမြှင့်တင်ပြီး ထိန်းချုပ်မှုတွေကို လုပ်ကြပါတယ်။
မြန်မာစစ်တပ်နှင့် မဆွေးနွေးခဲ့ဟု SSA မြောက်ပိုင်း ငြင်းဆို
2011-04-14 RFA

မြန်မာအစိုးရကို ဆက်လက် လက်နက်ကိုင် တိုက်ခိုက်နေတဲ့ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်မဟာ (၁) နဲ့ အစိုးရ စစ်အရာရှိတွေအကြား ရှမ်းပြည်နယ် လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်း SSA မြောက်ပိုင်း ပြန်ကြားရေးဌာန တာဝန်ရှိသူက ငြင်းဆိုလိုက်ပါတယ်။

ပြည်သူ့စစ်ဖွဲ့စည်း သွားတဲ့ ရှမ်းတပ်ဖွဲ့တွေရဲ့ ကြားခံဆောင်ရွက်ပေးမှုနဲ့သာ အစိုးရဖက်က တောင်းဆိုမှုတွေကို သူတို့အနေနဲ့ သွားရောက် နားထောင်ခဲ့တာသာ ရှိကြောင်း၊ ညှိနှိုင်းဆွေးနွေးတာ မရှိကြောင်း သူက ပြောပါတယ်။

SSA မြောက်ပိုင်း တပ်မဟာ (၁) ဟာ ပြည်သူ့စစ် ဖွဲ့စည်းဖို့ကို လက်မခံပဲ ရှိနေပြီး အခု ရက်ပိုင်းအတွင်း အချိန်ထိ ရှမ်းပြည်နယ်တွင်းက တချို့နယ်မြေဒေသတွေမှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်းလည်း ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းတနေရာမှာ ရှိတဲ့ SSA မြောက်ပိုင်း ပြန်ကြားရေးဌာနက ဗိုလ်ကြီးမင်းနိုင်ကို RFA အဖွဲ့သား ဦးဝင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */