“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, February 28, 2010

Statement on the 2nd Anniversary of Founding Day of ABMRC _Bangladesh

အပြည့်အစုံသတင်းဖတ်ရန်....

ငါတို့လက်များ၊ ငါတို့သွေးများနှင့် ခွပ်ဒေါင်းအားမာန်

(၁)
စက်တင်ဘာအရေးအခင်း.... တဲ့
စစ်တွေမြို့နယ်ကစ
တစ်နိုင်ငံလုံးအုံကြွခဲ့။
န.အ.ဖ ရဲ့
တစ်အိမ်တစ်ယောက် အတင်းအကျပ်လိုက်စု
လူထုဆန္ဒဖော်ထုတ်ပွဲအတု..... မဟုတ်ဘူး
မြန်မာပြည်သူတွေရဲ့
အမျိုးသားရေးစိတ်ဓါတ်ကိုယ်စီနဲ့
တာဝန်သိသိပြသခဲ့ကြတဲ့
ဒီမိုကရေစီတောင်းဆိုပွဲကြီးဖြစ်တယ်။

(၂)
သံဃာတွေ
သီလရှင်တွေဟာ
ငါတို့အတွက်
မြန်မာပြည်ကြီးအတွက်
အသက်ကိုစတေး
ကျင့်ဝတ်ကိုချိုးဖောက်
ရဲရဲတောက်လမ်းလျှောက်ခဲ့ကြ
ခြေဖ၀ါးကွဲအက်တဲ့အထိ။
ဘယ်သူတွေကြည့်နေရက်မလဲ
သံဃာနဲ့ပြည်သူအတူဆင်နွှဲ
ရာဇ၀င်ရဲ့ပွဲတော်အသစ်
အချစ်ကိုခဏဖယ်
မိသားစုကိုဘေးချိတ်
ပညာရေးကိုခေါက်သိမ်း
အလုပ်ကိုထားရစ်
မဆုတ်မနစ်တဲ့ဇွဲသတ္တိနဲ့
ငါတို့တွေ ချီတက်လာပါပြီ။

(၃)
ငါတို့အထဲမှာ
မုတ်ဆိတ်ဖားဖားနဲ့ဗလီဆရာတွေ
လက်ဝါးကပ်တိုင်နဲ့ဖာသာကြီးတွေ
မဟာယနနဲ့ ထေရ၀ါဒ
အစ္စလာမ်နဲ့ ခရစ်ယာန်
အပြန်အလှန်ဖေးမကူတွဲ
ဗမာ့ဒီမိုကရေစီတိုက်ပွဲကို
မခွဲအတူတောင်းဆိုနေကြရဲ့။
အင်္ကျီဗလာနဲ့သူဖုန်းစား
ဟန်းဖုန်းအသစ်နဲ့သူဌေးသား
ရော့ခ်ကာနဲ့ရက်ပ်ပါ
လူကြီးနဲ့လူငယ်
ကျောင်းသားနဲ့လက်လုပ်လက်စား
မိန်းမနဲ့ယောက်ျား
ရင်ဘောင်တန်းလို့ တသားတည်းဖြစ်တယ်။
တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့
ညီညွတ်မှုပြယုဂ်အမှန်
အာဏာရှင်ကိုတွန်းလှန်ကြဖို့
ငါတို့တွေချီလာပါပြီ။

(၄)
၈၈ မျိုးဆက်ကျောင်းသားနဲ့
၂၀၀၇ မျိုးဆက်ကျောင်းသားတို့
စုပေါင်းအားနဲ့လွှင့်ထူ
ခွပ်ဒေါင်းအလံတလူလူ
တို့ပြည်သူတွေလွတ်လပ်ဖို့
တို့နိုင်ငံတော်လွတ်လပ်ဖို့
အသက်ကိုပဓါနမထား
ရှေ့ဆုံးကလျှောက်သွားကြပြီ။
ရန်ကုန်မြို့ရဲ့
အိမ်အသွယ်သွယ်၊ လမ်းအသွယ်သွယ်
တိုက်ခန်း၊ ဆိုင်ခန်းအသွယ်သွယ်က
မျိုးချစ်ပြည်သူအသီးသီးရဲ့
လက်ခုပ်တီးသံ တဖြောင်းဖြောင်း
ဗြောင်းဆန်အောင်ဟစ်ကြွေးအားပေး
ငါ့တို့သွေးတွေ စည်းခဲ့ပြီ
ငါတို့သွေးတွေ စည်းခဲ့ပါပြီ။

(၅)
အစိမ်းရောင်ယူနီဖောင်းနဲ့ အရိုင်းကောင်တွေ
ရွံရှာစက်ဆုပ်ဖွယ်လုံထိန်းရဲတွေရဲ့
နံပါတ်တုတ်နဲ့ဒိုင်းချပ်
သေနတ်နဲ့ လက်ပစ်ဗုံးတွေက
ပြည်သူရဲ့အမုန်းကို
မျက်လုံးချင်းမဆိုင်ရဲကြဘူး။
ငြိမ်းချမ်းစွာ
ငါတို့ဆန္ဒပြတယ်
သံဃာတို့ရဲ့အေးမြသာယာသော
မေတ္တာပို့သံ တညံညံ
ဘ၀ဂ်အထိလျှံတက်
မိုးအုံ့တဲ့ နေ့ရက်တွေမှာ...
ရန်ကုန်မြို့ရဲ့ ပေတစ်ရာလမ်းမတွေဟာ
" အရှေ့အရပ်၌ရှိသော......." အစချီကာ
ခြေသံတွေနဲ့ သိမ့်သိမ့်တုန်ခါပေါ့။
မာန်ဟုန်ပြင်းစွာ
ငါတို့တွေ ချီလာခဲ့ကြ။

(၆)
ရိုင်ဖယ်ကြီးတကားကား
ယူနီဖောင်းတလွှားလွှားနဲ့
ဝီစကီပုလင်း ခါးကြားထိုး
ခွေးမျိုးခွေးနွယ် ခွေးစစ်သားတွေ
လည်ပတ် အနီ၊ အ၀ါ၊ အပြာများပတ်
ဘုရားပေါ်မှာ မားမားရပ်လို့
သတ်ဖို့ ဖြတ်ဖို့ စောင့်နေကြရဲ့။
ငါတို့ ဆက်လျှောက်တယ်
ငါတို့ ဆက်ကြွေးကြော်တယ်
ဒီမိုကရေစီအရေးအတွက်
အသက်ကို အလေးမထား
ငါတို့၏ လက်ခုပ်သံများ
ကမ္ဘာအနှံကကြားစေသား။

(၇)
"လက်ညိုးညွှန်ရာ
သွေးချောင်းစီးစေသတည်း"
ဘုရင်ရူးကြီး 'သန်းရွှေ'
တချက်လွှတ် စေခိုင်းချက်မှာ
ငါတို့တွေ လဲပြိုခဲ့ကြ။
လမ်းမပေါ်......
ရဟန်းတော်တို့
စစ်သားများအား ရှိခိုးကြပြီ...
ဆူးလေကောင်းကင်မှာ လျှပ်ပန်းတွေလက်
မေတ္တာပို့သံတစ်ဝက်မဆုံးမီ
သံဃာတို့ခေါင်း ဟက်တက်ကွဲရ
ရဟန်းတို့သွေး မြေသို့ခ ။
သေနတ်သံ တဒိန်းဒိန်း
မိုးကြိုးပစ်သံ တဂျိန်းဂျိန်းနဲ့အတူ
မငြှိမ်းနိုင်တဲ့ လက်ခုပ်သံတွေ
ဝေါခနဲ ပျံတက်ကြ

"လူအချင်းချင်းသတ်ဖြတ်ခြင်း ကင်းရှင်းကြပါစေ...
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ...
သံဃာသတ်တဲ့မိစ္ဆာတွေ မိုးကြိုးပစ်လို့သေပါစေ..."
.......... စသဖြင့်

"ကမ္ဘာမကြေ".....သီချင်းကို ပြိုင်တူသီဆို
ဒဏ်ရာကို လက်နဲ့အုပ်ကွယ်
သွေးအိုင်အလယ်အားတင်းရပ်
နိုင်ငံအတွက် အသက်ပေးမယ်
ဆယ်ပြန်မကသေရဲတယ်
မျိုးဆက်သစ်ငါတို့လူငယ်။

(၈)
မြင့်မြတ်စွာ
ကျဆုံးသွားကြပါတဲ့
ငါတို့ရဲ့သူရဲကောင်းတွေဟာ
မြန်မာပြည်သူအားလုံးရဲ့ရင်ထဲ
အမြဲရှိနေမှာပါ။
သူတို့ဟာ
သေနတ်ပြောင်းဝရှေ.မှာ
ရင်ကော့ကာအံကိုကြိတ်
အမျိုးသားရေးစိတ်ဓါတ်ပြည့်ဝစွာ
အသေခံတိုက်ပွဲဝင်ခဲ့ကြရှာပေါ့။
သင်တို့အား
ကျန်ရစ်သူငါတို့သည်
ရင်ထဲမှအမျှ ဝေပါ၏။
လူသေသော်လည်း
သမိုင်းမသေသောသင်တို့အား
မဆုံးနိုင်သောလက်များဖြင့်
အလေးအမြတ်ပြုပါ၏။

(၉)
သွေးတွေ
သွေးတွေ......
ဘယ်တော့မှမခြောက်ဘူး
ငါတို့မျက်ရည်တွေလည်း
ဘယ်တော့မှမခမ်းဘူး
ငါတို့လက်ခုပ်သံတွေဟာလည်း
မမောနိုင် မပမ်းနိုင်ဆက်တီးနေဦးမှာပါပဲ။
ရှူံးနိမ့်ခြင်းကို
အလိုမတူဘဲရရှိခဲ့တဲ့
ငါတို့ဟာ....
မုသာဝါဒ နအဖမိစ္ဆာတွေအပေါ်
နာကျည်းအံကြိတ်ကြ...ရွံရှာမုန်းတီးကြ
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်
စစ်အစိုးရပြုတ်ကျဖို့ အရေးပဲ
ငါတို့အတွေးထဲ
တ၀ဲလည်လည် ရှိတော့တယ်။
မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာ
သင်းတို့အတွက် နေရာမရှိတာ
ကမ္ဘာသိအောင် ငါတို့ပြသခဲ့ကြပြီ
ငါတို့ရဲ့ တွဲလက်တွေ
မြဲသထက် ပိုမြဲခဲ့ကြပြီ
...................................
.....................................
.........................................။

(၁၀)
ကမ္ဘာကြေသော်လည်း
ဥဒါန်းကား မကြေခဲ့ချေပြီ....။ ။

ရွှေမင်းအေး
ဒီကဗျာလေးကို ထပ်ဖြန့်ပေးကြပါခင်ဗျာ.........။
2007 ကတည်းကရေးထားပေမယ့်.... ခုမှစာရိုက်ပီးဖြန့်ဖြစ်တာပါ.....
စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကို အားလုံးပြန်လည်အမှတ်ရမိကြမယ်လို့မျှော်လင့်ပါတယ်......။

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်အောင်ဆန်းစုကြည် အမှုအပေါ်သူတို့၏ အမြင် (သို့မဟုတ်) စက္ကူကျားတို့ရဲ့ ဟိန်းဟောက်သံ

ဒေါ်အောင်ဆန်းစုကြည် အမှုအပေါ်သူတို့၏ အမြင် (သို့မဟုတ်) စက္ကူကျားတို့ရဲ့ ဟိန်းဟောက်သံ http://kamikaze-2010.blogspot.com/

အပြည့်အစုံသတင်းဖတ်ရန်....

အသက်ကြီး..ဂုဏ်သိက္ခာကြီး လေးစားဂါရ၀ထိုက်သူများအတွက် သက်ကြီးပူဇော်ပွဲ (မှတ်ချက်။ အသက်ကြီးပြီးအချိန်မစီးသော ကျောက်ဆည်သား မပါရှိပါ)

NLD ၏ သက်ကြီးပူဇော်ပွဲ ကို မနက် ၈ နာရီမှ နေ့လည် ၁၂ နာရီထိ အောင်အောင်မြင်မြင်ကျင်းပခဲ့ပါသည်။ တက်ရောက်လာကြတဲ့ ဘဘ တွေကတော့ စာရေးဆရာကြီးနန်းညွန့်ဆွေ(ကိုဇာဂနာအဖေ)။ ဦးဝင်းတင်၊ဦးအုန်းမောင်၊ဦးအုန်းကြိုင် တို့တက်ရောက်တယ် ။ ဦးတင်ဦး ကတော့ အကြောင်းကြောင်းကြောင့်မလာဖြစ်နိုင်ပါ ။ ဘဘဦးတင်ဦးကသူအကြောင်းကြောင်းကြောင့် မလာဖြစ်တဲ့အတွက် စိတ်မကောင်း ကြောင်းပြောဆိုပါသည်။ မလာဖြစ်တဲ့ ဘဘ တို့ရဲ့ အိမ်အရောက် ကန်တော့ခံ ပစ္စည်းများအား လိုက်ပို့ပေးပါသည် ။
တက်ရောက်လာကြသူတွေကတော့ NLD MDC အင်္ဂါမိသားစု ကျောင်းသားလူငယ်များနှင့်အခြား ဧည့်ပရိတ်ဿတ်များ ဖြစ်ကြပါသည်.။
အခမ်းအနားများကို အစီအစဉ်တကျ ကျင်းပ ပါသည်။ဘဘ တို့အား ကန်တော့ခြင်း ကဗျာရွတ်ခြင်း ပေးပို့လာတဲ့ သ၀ဏ်လွှာများ ဖတ်ကြားချင်း များပြုလုပ်ပါသည်။ ပြီးနောက် ဘဘ တို့မှ သြ၀ါဒ စကားပြောပါသည် ။ဘဘ တို့အား ကျေးဇူးတင် စကားပြောပြီးတော့ အခမ်းအနား ရုတ်သိမ်း၍ အကျွေးအမွေးနဲ့ဧည့်ခံပါသည် ။ ထို့နောက် ကိုဘိုကြည် အိမ် သို့ ကိုဘိုကြည် အမေ နှစ်ပတ်လည် ဆွမ်းကြွေးပွဲသို့ သွားရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည် ။






အပြည့်အစုံသတင်းဖတ်ရန်....

ဆရာတော်များ သို့ 

ပြည်တွင်း၊ပြည်ပနိုင်ငံအသီးသီးတွင် သီးတင်းသုံးလျက်ရှိကျသော ဆရာတော်များအား တပည့်တော်တို့  ရိုသေစွာ ဦးတိုက်လျောက်ထားပါသည်။ တပည့်တော်တို့ မွေးဖွားရှင်သန်ခဲ့သော အမိမြန်မာနိုင်ငံ၏ နိုင်ငံရေး အနေအထားသည် ကြီးမားသောအလှည့်အပြောင်းကို ရောက်ရှိနေပါသည်၊ စစ်အစိုးရသည် (2008) ခုနှစ်အတွင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြီး (2010) ၌ ရွေးကောက်ပွဲအသစ် ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားပါသည် ရွေးကောက်ပွဲမတိုင်ခင်၌ လက်နက်ကိုင် အပစ်ရပ် လူမျိုးစုများ၏ တပ်ကို တပ်မတော်လက်အောက် အတင်းပြောင်းထားရှိရန် ဆွေးနွေးစီစဉ်လျက်ရှိပါသည်။ ဤလုပ်ရပ်သည် အမျိုးသားအခွင့်အရေးပြဿနာကို ပြီိးပြတ်ပြေလည်အောင် မဖြေရှင်းခင် စပ်ကြား လုပ်ဆောင်ခြင်း ဖြစ်သောကြောင့် အပစ်ရပ်အဖွဲ့အများစုမှာ လက်သင့်မခံနိုင် ဖြစ်လာခဲ့ကြသည်။ ဤအစီစဉ်အတိုင်း မဖြစ်မနေ အကောင်အထည် ဖေါ်မည်ဆိုပါက ယနေ့ရရှိထားသော ပြည်တွင်း ငြိမ်းချမ်းရေးသည် များစွာစိုးရိမ်သောက ရောက်စရာ အနေအထားသို့ ရောက်သွားမည် ဖြစ်ပါသည်။ အကောင်းဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့်ခွန်ထွန်းဦးတို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အမျိုးသားပြန်လည်သင့် မြတ်ရေးအတွက် နိုင်ငံရေးပြဿနာကို တွေ့စုံဆွေးနွေး အဖြေရှာခြင်းပင်ဖြစ်ပါသည်။
ငြိမ်းချမ်းရေးအပစ်ရပ်အဖွဲ့ တွေလဲလက်နက်ကိုလက်နက်နဲ့ တုံ့ ပြန်ဖို့ တာစူနေကျပါသည်ဘုရား။ ပြည်တွင်းစစ်ဖြစ်ရင်ပြည်သူတွေပိုဒုက္ခရောက်မှာပါ။ လူမှူဘ၀ဖူလုံမှုမရှိခြင်း၊ လူ့ အခွင့်အရေး ချိုးဖောက် ခံရကာ ၄င်းတို့ ၏လုပ်ခလစာများကိုထိုက်သင့်အားလျော်စွာမရရှိခြင်းကြောင့် အလုပ်သမားများ လည်းဆန္ဒပြလျက်ရှိပါသည်။ အချိန်မနှောင်းခင် ရွေးကောက်ပွဲအတွက်နိုင်ငံရေးသမားများလွတ်မြောက်ရန် နှင့်စေ့စပ်ညှိုနှိုင်းရန်ပြည်သူအားလုံးငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုဖို့ လို ပါတယ်ဘုရား။ တိုင်းသူပြည်သား(တပ်မတော်သား၊ကျောင်သား၊အရပ်သား၊ဘုရားသားတော်များ၊မြန်မာနိုင်ငံသား)အားလုံးပါဝင်လာကြရန်မှာ ၄င်းတို့  အသီးသီး၌အခြေခံနိုင်ငံရေးအသိအမြင်များရှိကြရန်၊ စစ်အစိုးရခေါင်းဆောင်များ ၏လက်တစ်လုံးခြားလိမ်ညာခဲ့မှုများကိုဆက်စပ်စဉ်းစားနားလည်သဘောပေါက်ကျရန်လိုပါတယ်ဘုရား။ သို့ မှသာတပည့်တော်တို့ မျှော်လင့်ထားသော လွပ်လပ်ငြိမ်းချမ်းပြီး တရားမျှတသည့်ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်လာမှာဖြစ်ပါသည်။ တပည့်တော်တို့ အနေဖြင့်လည်းကောင်း၊နိုင်ငံရေးအဖွဲအစည်း ခေါင်းဆောင်များ အနေဖြင့်လည်းကောင်း၊ မျိုးချစ်နိုင်ငံရေးသမားများအနေဖြင့်လည်းကောင်း နိုင်ငံရေး အသိပညာပေးဟောပြောဆွေးနွေးပွဲများကိုအရှိန်အဟုန်မြင့်ပြုလုပ်ကျဖို့ လိုပါတယ်ဘုရား။

တပည့်တော်တို့ ငယ်စဉ်ကတည်းက အချုပ်ခြာအာဏာတည်တံ့ခိုင်မြဲမှ ပြည်ထောင်စုမပြိုကွှဲ၊ တိုင်းရင်သား စည်းလုံးညီညွတ်မှုမပြိုကွှဲ၊ တိုင်းပြည်အေးချမ်းသာယာမှာလို့ ထင်ခဲ့ကျတယ်ဘုရား တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့်အကျင့်စာရိတ္တမြင့်မားမှ ဒီမိုကရေစီရလိမ့်မယ်လို့  ထင်ခဲ့ကျတယ်ဘုရား။ တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့်အကျင့်စာရိတ္တမြင့်မားရန်မှာတိုင်းသူပြည်သားများ၏လူမှူဘ၀ဖူလုံရန်နှင့် အခြေ ခံနိုင်ငံရေးအသိအမြင်များရှိကျရန်လိုပါတယ်ဘုရား။တပည့်တော်တို့  မှာစားဝတ်နေရေးအခက်အခဲ၊ ပညာရေး(ကျောင်းသွားလာရေးခက်ခဲမှု)အတွက်လုံးပန်းရင်းနိုင်ငံရေးအသိအမြင်ရှိဖို့ ဝေးစွအခြား ဗဟုသုတများ လေ့လာလိုက်စားရန်ပင်အချိန်မရခဲ့ကျပါဘုရား။

တပည့်တော်တို့  တိုင်းရင်သားလူမျိုးအခြင်းခြင်းမှာ သင့်မြတ်ပြီးသားပါဘုရား။ မြန်မာနိုင်ငံမှာကုလားမ၀င်ရ၊ ခရစ်ယာန်မ၀င်ရ၊တိုင်းရင်သားလူမျိုးစုများဝင်ထွက်ခွင့်မရှိသောကန့် သတ်တားမြစ်ထားသည့်နေရာမရှိပါ။ သို့ သော်လည်းနယ်စပ်ဒေသများတွင်တိုင်းရင်းသားလူမျိုးစုများအပေါ်၌အတင်းအဓမ္မချွေးတပ်စွဲ၊ ရိက္ခာ ထောက်ပံ့ခိုင်းခြင်းများ၊ စစ်တပ်ကိုဆန့် ကျင်သည့်သူပုန်ရွာများအဖြစ်သတ်မှတ်ကာရွာလုံးကျွတ်မီးရှို့  ဖြတ်ဆီးခြင်းများပြုလုပ်ခဲ့ကြသည်။တပ်မတော်သားအများစုမှာဗမာလူမျိုးများဖြစ်ကျပါသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲအောင်ဘယ်သူလုပ်တာလဲဘုရား။ပြည်တွင်းစစ်ကြောင့်ပျက်ဆီးသွားရသောမိသားစုတွေ၊ မိဘမဲ့ကလေးတွေ၊ မုဆိုးမတွေ ဟိုဖက်ဒီဖက်မှာအများကြီးပါဘုရား။

လူမှုဘ၀မဖူလုံလို့ ၊ စားဝတ်နေရေးကြပ်တည်းလို့  ဆွမ်းခံကြွကိုယ်တော်တွေကိုဆွမ်းနပ်မှန်အောင် မလှူနိုင်ကျတော့ဘူးဘုရား။ရာသက်ပန်သာသနာ့ဘောင်ဝင်မည့်သူတွေမဆိုထားနှင့်တပတ်၊(၁၀)ရက် ကိုရင်ဝတ်၊ပဇ္ဖဉ်းတတ်မည့်သူတွေတောင်စစ်အစိုးရနှိပ်ကွပ်မှုကြောင့်စဉ်းစားနေရပါပြီဘုရား။သာသနာ အဒွန့်  ရှည်ပြန့် ပွားရေးအတွက်တပည့်တော်တို့ မည်သို့ ဆက်လက်စဉ်းစားဆောင်ရွက်နိုင်ပါမည်လဲဘုရား။

တပည့်တော်တို့ နိုင်ငံအတွက်အလုပ်လုပ်ခဲ့ကျတယ်၊အခွန်တွေဆောင်ခဲ့ကျတယ်။တပည့်တော်တို့  အိုမင်းမစွမ်းဖြစ်လာခဲ့ကျရင်၊လုပ်ငန်းခွင်မှာအသက်၊ခြေလက်အင်္ဂါဆုံးရှုံးသွားခဲ့ရင်ထိုက်သင့်မျှတတဲ့လျှော် ကြေးတွေ၊ကူညီထောက်ပံ့မှူတွေဘာလို့ မရခဲ့ကျတာလဲဘုရား။ဆေးဝါးကုသဖို့  လုံလောက်တဲ့ငွေကြေး မတတ်နိုင်သူတွေသက်တမ်းမစေ့ဘဲ ကြွေလွင့်သွားခဲ့ရသူတွေမရေတွက်နိုင်တော့ပါဘူးဘုရား။ ဆင်းရဲနွမ်းပါး တဲ့သူတွေအိုးပိုင်အိုင်ပိုင်နှင့်နေနိုင်ဖို့ မဆိုထားနှင့်ဆန်ကောင်းကောင်းနှင့် ဟင်းကောင်းနပ်မှန်ဖို့ ၊ သူသူကိုယ်ကိုယ်တန်းတူဝတ်နိုင်စားနိုင်ဖို့ ဆိုတာသူတို့  အတွက်အိပ်မက် တွေဖြစ်နေကျပြီဘုရား။ ၄င်းတို့  ၏လုပ်အားကိုထိုက်တန်သည် မထိုက်တန်သည် စဉ်းစားမနေနိုင်ဘဲ ရရာဈေးဖြင့် ရောင်းနေရပါတယ်ဘုရား။ မြန်မာနိုင်ငံသယံဇာတပေါကြွယ်ဝတာ ၊တောင်သူလယ်သမား တွေစပါးစိုက်တာတိုင်းသူပြည်သားတွေအတွက်မဟုတ်ဘူးလားဘုရား။

တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ဟာစတင်ဖွဲ့ စည်းကတည်းကဗမာ့တပ်မတော်၊ပြည်သူ့ တပ်မတော်၊ပြည်သူ့ ရဲတပ်ဖွဲ့  ဆိုပြီဖွဲ့ စည်းခဲ့ကျတယ်။တပ်မတော်ဟာတိုင်းပြည်ကိုကာကွယ်ဖို့ ၊ရဲတပ်ဖွဲ့ ဟာပြည်သူတွေကိုစောင့် ရှောက်ဖို့ မဟုတ်ဘူးလားဘုရား။ယခုအခါစစ်အစိုးရခေါင်းဆောင်များ၏ပရိယာယ်နဲ့  စည်းလုံးသိမ်းသွင်း မှုကြောင့်ယခုအခါတပ်မတော်သားများနဲ့ ရဲတပ်ဖွဲ့ ဝင်များဟာရပိုင်ခွင့်နဲ့ အာဏာကိုသာမက်မောနေကျပြီး ပြည်သူတွေကိုရိုက်နှက်ဖမ်းဆီးဒုက္ခပေးနေကျတယ်ဘုရား။အာဏာပိုင်အဖွဲ့ အစည်းတွေကလဲပြည်သူ့  ဘဏ္ဏာတွေကိုအလွဲသုံးစားလုပ်နေကျပါတယ်ဘုရား။

ပြည်ပမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားအများစုဟာလည်းကိုယ့်အရိုးကိုယ်မသယ်နိုင်တဲ့အချိန်အထိပြည်ပမှာအခြေချနေထိုင်ဖို့  စဉ်းစားပြီးကိုယ့်နိုင်ငံကိုယ် မေ့နေကျပါပြီဘုရား။ ဗုဓ္ဒဘာသာဝင်တိုင်းဟာ ကံ၏အကျိုးဆက်နဲ့  ငါးပါးသီလကိုနားလည်ကျသလိုနိုင်ငံသားတိုင်းဟာမိမိနိုင်ငံ၏အခြေအနေ နှင့်နိုင်ငံရေးကိုအခြေခံအားဖြင့်နားလည်လက်ခံပါဝင်ကြဖို့ လိုပါတယ်ဘုရား။

ပထမအဆင့်အနေနဲ့ လာမယ့်မတ်လ၂၇ရက်နေ့ တော်လှန်ရေးနေ့  မှာပြည်ပမှာရောက်နေသော ကျောင်းသားများ၊အလုပ်သမားများနှင့်နိုင်ငံသားခံမြန်မာလူမျိုးများအားလုံးတစ်ခဲနက်ဆန္ဒပြတောင်းဆိုရန်အတွက်ရည်ရွယ်ထားရှိပါတယ်။ ပြည်တွင်းရှိမြန်မာပြည်သူလူထု တစ်ရပ်လုံးလဲပါဝင်ဆန္ဒပြကျဖို့  နှိုးဆော်အသိပေးအကြောင်းကြားအပ်ပါသည်။

တပည့်တော်တို့၏ ရည်ရွယ်ချက်နဲ့ ကိုယ်ကျိုးစွန့် လုပ်ရပ်များအားနိုင်ငံတွက်အသက်ပေးသွားကြသော အာဇာနည်ခေါင်းဆောင်ကြီးများနဲ့ တကွနိုင်ငံရေးခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များအားလုံး တမလွန်မှကျေနပ်နှစ်သိမ့်နိုင်ကြပါစေ၊ ရည်ရွယ်ချက်အရေးတော်ပုံအောင်မြင်သည်အထိဝန်းရံ စောင့်ရှောက်နိုင်ကြစေသောဝ်………. မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ

မြန်မာနိုင်ငံသူ၊သားများသို့ 

မြန်မာနိုင်ငံသားများဟာဘောလုံးပွဲမှာမြန်မာရှုံးရင်ပျော်နေတဲ့လူမရှိ။ ရင်ထဲမှာကျိတ်ငိုနေကျတဲ့ လူတွေကြီးပါဘဲ။မြန်မာအစားအစာဟာငါတို့  အစားအစာ၊မြန်မာပွဲဟာငါတို့  ပွဲဆိုပြီးခံယူကျသလို မြန်မာအရေးဟာငါတို့  အရေးလို့ြ မန်မာနိုင်ငံသူ၊နိုင်ငံသားအားလုံးခံယူကျဖို့  လိုပါတယ်။ မြန်မာပြည်မှာမွေး၊ မြန်မာစာစားခဲ့ ၊ မြန်မာရေသောက်ခဲ့ကျတဲ့ ပြည်ပရောက်မြန်မာနိုင်ငံ သားတွေကိုယ့်နိုင်ငံကိုယ်ပြန်ကြည့်ပေးကျပါဗျာ။

ငါတို့ ရှာနေတဲ့ပိုက်ဆံတွေ၊ငါတို့ ရင်းနှီးပေးဆပ်ခဲ့မှုတွေကငါတို့ ရဲ့  မျိုးဆက်တဆက်လောက် ကိုဘဲ ကောင်းစားစေနိုင်တယ်ဆိုတာငါတို့ တွေအားလုံးသိကြဖို့ လိုပါတယ်။ငါတို့  ဘ၀တွေရဲ့ သက်တမ်း သုံးပုံနှစ်ပုံလောက်ကိုရင်းနှီးပေးဆပ်ပြီးရလာတဲ့ပညာ၊ငွေကြေးတွေနဲ့  စစ်ခေါင်းဆောင်များ အလိုရှိသလောက်ထုတ်ဝေထားတဲ့တန်ကြေးမဲ့ငွေစက္ကူတွေလဲလှယ်ရယူဖို့  ဖြစ်နေပြီ။ အာမခံချက်မရှိတဲ့ပိုက်ဆံတွေနဲ့ ကုန်ဈေးနှုန်းတွေရဲ့ ကြားမှာနစ်မြုပ်ပြီးရင်းနစ်မြုပ်နေကျပြီ

ငါတို့ ရဲ့  ငွေစက္ကူတွေတရားမ၀င်ကြေညာသိမ်းဆည်းခံခဲ့ရတယ်။ငါတို့ အမေတွေလက်ထက်ကပြည့်သူ့  ဆိုင်မှာဆန်ကွဲတွေဝေသေးတယ်။အခုကျတော့ပြည်ပကထောက်ပံ့တာတောင်ဒုက္ခသည်တွေလက်ထဲကပြန်ယူနေကျပြီ။ ဖုန်းဈေး။ကားဈေးတွေမတန်တဆဖြစ်ခဲ့ကျတယ်။ ငါတို့  တွေဝယ်ခဲ့ကျတယ်။ တေဇကကဒ်ဖုန်း တွေထုတ်တယ်။ ဦးပိုင်ကကားတွေသွင်းတယ်။ မတည်ငြိမ်တဲ့စီးပွားရေးလှည့်ကွက်ကြားမှာငါတို့  တွေဆုံးရှုံးခဲ့ကျတာအများကြီးဘဲ။ဘာတတ်နိုင်လဲ။

လူငယ်တွေဘွဲ့ ရကျတယ်။ဘွဲ့ ရဖို့ ငါတို့  သက်တမ်းသုံးပုံတစ်ပုံလောက်ပေးဆပ်ခဲ့တယ်။ ထိုက်သင့်တဲ့လစာအကျိုးအမြတ်တွေငါတို့ ရကြရဲ့ လား ? ပိုက်ဆံရှိရင်နိုင်ငံခြားသွားပြီး ကျောင်းတတ်မယ်……မရှိရင်တော့နိုင်ငံခြားသွားကျွန်ခံရပြီပေါ့။ လူငယ်တွေ ….ဘောစိသမီးကိုယူမှနိုင်ငံခြားသွားမှာကိုယ့်ဘ၀အတွက်ဘ၀အာမခံချက်ရမှာလား ?

မိန်းကလေးတွေကော….စပွန်ဆာရှာဖို့  ကြီးဘဲစဉ်းစားနေကျပြီ။ စားဝတ်နေရေးကြောင့် ဘ၀ပျက်နေကျရတဲ့ မြန်မာမိန်းကလေးတွေ ဘယ်လောက်တောင်များနေကျပြီလဲ? သူ့ အိုးသူ့  ဆန်တန်ရုံထက်တောင်ကျော်နေကျပြီ။

ဗိုလ်ချုပ်အောင်ဆန်းရယူပေးခဲ့တဲ့မြန်မာပြည်လွတ်လပ်ရေးကငါတို့ တကယ်ခံစားနေကျရလား ? နိုင်ငံရေးအကြောင်းလွတ်လပ်စွာပြောဆိုနိုင်ခွင်၊့လေ့လာပိုင်ခွင့်ရှိလား ? ငါတို့ ရဲ့  လူနေမှုအဆင့်အတန်းတွေ၊စိတ်ဓါတ်နဲ့ အကျင့်စာရိတ္တတွေမြင့်မားခဲ့ကျလား ? မြင့်မားဖို့ အတွက်စဉ်းစားဖို့  အချိန်နဲ့  လူမှူဘ၀တွေဖူလုံခဲ့ကြရဲ့လား။ စားဝတ်နေရေးအတွက်ဘဲလုံးပန်းနေရတာမဟုတ်လား ? တိုင်းပြည်သယံဇာတပေါကြွယ်ဝတာ၊တောင်သူလယ်သမားတွေစပါးစိုက်ကျတာ၊ငါတို့ နိုင်ငံရဲ့  စက်ရုံတွေကကုန်ပစ္စည်းတွေထုတ်လုပ်ကျတာငါတို့ အကျိုးမခံစားရဘူးလား ?

ဦးပဉ္ဖင်းးတွေကောကောင်းမွန်စွာတရားအားထုတ်နိုင်ကြလား ? လမ်းမှာဆွမ်းခံကြွလာရင်တချို့  တွေကဘယ်လိုမြင်နေကျပြီလဲ။ကျောင်းသားတွေပညာရေးကိုကောတကယ်လိုက်စားနေကျလား ? အင်္ဂလိပ်လက်ထက်ကဆယ်တန်းအောင်ရင်ဘီအေတန်းဖြေပြီး မြို့ ပိုင်၊ နယ်ပိုင်လုပ်လို့  ရသေးတယ်။အခုဆယ်တန်းအောင်တဲ့လူငယ်တွေ DSA သွားတဲ့လူငယ်တွေအခွင့်အရေးနှင့်အာဏာ စစ်ခေါင်းဆောင်တချို့ ရဲ့ လှည့်ကွက်ကြားမှာဘုန်းကြီးနဲ့ ပြည်သူတွေကိုသတ်နေကျပြီ။ဗိုလ်မှူးကိုအဘ၊ ဗိုလ်ချုပ်ကိုအဖေခေါ်မင်းတို့ ဇနီးမယားတွေကောအဆင့်ဆင့်ဒူးတုပ်နေကျရတယ်မဟုတ်လား ? ဘ၀တက်လမ်းအတွက်လူငယ်တွေအကုန်လုံးစစ်ထဲဝင်ကြဖို့ လား၊ ရဲတပ်ဖွဲ့ နဲ့ တပ်မတော်ဟာ ပြည်သူတွေအတွက်၊ နိုင်ငံတော်အတွက် မြန်မာနိုင်ငံသားတွေနဲ့ ဖွဲ့ စည်းထားတာပါ။ရည်ရွယ်ချက်၊ ဆုံးဖြတ်ချက်နဲ့ ၊ ခံယူချက်တွေမမှားကျဖို့ ပြင်ဆင်ကျဖို့ လိုပါတယ်။

စီးပွားရေးသမားတွေ…..မိတ်ဆွေတို့ ရှာနေတဲ့ငွေးကြေးနဲ့ ပိုင်ဆိုင်မှူတွေကစစ်ခေါင်းဆောင်များရဲ့  စီးပွားရေးလှည့်ကွက်အောက်မှာအာမခံချက်မရှိဘူးနော်။ပိုင်ဆိုင်မှုနဲ့ ရှာဖွေဝယ်ယူခဲ့ရတဲ့ ငွေကြေးမျှတရဲ့  လား။ ၀ါဇီကထုတ်ချင်တိုင်းထုတ်လိုက်တဲ့ဖောင်းပွနေတဲ့  ပိုက်ဆံတွေကို မျက်ကန်းတစ္ဆေမကြောက် အသဲအမဲလိုက်ရှာနေကျတယ်မဟုတ်လား။

ပြည်သူ့ ဝန်ထမ်းတွေကောနိုင်ငံတော်ကပေးတဲ့လစာနဲ့ လောက်ငကြရဲ့ လား ? လာဘ်လာဘ်ယူကင်းချင်ပေမယ့်လုပ်နေကျရတယ်၊ များများစားရမဲ့ နေရာကိုရောက်ရဖို့  ဘဲကြိုးစားနေရတယ်မဟုတ်လား?

ငါတို့ တွေအားလုံးအခြေခံနိုင်ငံရေး အသိအမြင်ရှိဖို့ လွတ်လပ်စွာလေ့လာပြောဆိုနိုင်ဖို့  မှန်ကန်တဲ့ တွေးခေါ်မှုနဲ့ တိကျတဲ့ဆုံးဖြတ်ချက်တွေချဖို့ လိုပါတယ်။ တိုင်းပြည်ကိုလက်ရှိအုပ်ချုပ်နေကျတဲ့ စစ်ခေါင်းဆောင်များဟာပုထုဇဉ်တွေဖြစ်ပြီး ၎င်းတို့ အာဏာ၊ ရပိုင်ခွင့်၊ တည်မြဲရေးကိုရှေးရှုနေကျတာ

ကျွန်ုပ်တို့ ဆက်လက်ပြီးလစ်လျူရှူပြီးမနေသင့်တော့ပါဘူး။ မိမိလူမျိုး၊ နိုင်ငံ၊ ဘာသာ၊ သာသနာ ယဉ်ကျေးမှ၊ု သဘာဝပတ်ဝန်းကျင၊် သယံဇာတ တို့  ကိုကိုယ့်ဘာသာမထိန်းသိမ်းလျင် ဘယ်သူထိန်းသိမ်းမှာလဲ? လူ့ အခွင့်အရေးဟာလူသားတွေအားလုံးနဲ့  ပတ်သတ်သက်ဆိုင်နားလည်သင့်ပါတယ်။ ကျွန်ုပ်တို့ အားလုံစည်းလုံးညီညွတ်စွာဖြင့် မသမာသူသိသမလောဘစီးပွားရေးသမားများနှင့် စစ်ခေါင်းဆောင်များကို ဖယ်ရှားပြီးလွတ်လပ်ပြီးတရားမျှတသည့်ဒီမိုကရေစီနိုင်ငံပေါ်ပေါက်လာရန်ကျွန်ုပ်တို့  အားလုံးမှာတာဝန်ရှိပါသည်။

ပထမအဆင့်အနေနဲ့ လာမယ့်မတ်လ၂၇ရက်နေ့ တော်လှန်ရေးနေ့  မှာပြည်ပမှာရောက်နေသော ကျောင်းသားများ၊အလုပ်သမားများနှင့်နိုင်ငံသားခံမြန်မာလူမျိုးများအားလုံးတစ်ခဲနက်ဆန္ဒပြတောင်းဆိုရန်အတွက်ရည်ရွယ်ထားရှိပါတယ်။ ပြည်တွင်းရှိမြန်မာပြည်သူလူထု တစ်ရပ်လုံးလဲပါဝင်ဆန္ဒပြကျဖို့  နှိုးဆော်အသိပေးအကြောင်းကြားအပ်ပါသည်။

ကျွန်ုပ်တို့ ၏ရည်ရွယ်ချက်နဲ့ ကိုယ်ကျိုးစွန့် လုပ်ရပ်များအားနိုင်ငံတွက်အသက်ပေးသွားကြသော အာဇာနည်ခေါင်းဆောင်ကြီးများနဲ့ တကွနိုင်ငံရေးခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များအားလုံး တမလွန်မှကျေနပ်နှစ်သိမ့်နိုင်ကြပါစေ၊ ရည်ရွယ်ချက်အရေးတော်ပုံအောင်မြင်သည်အထိဝန်းရံ စောင့်ရှောက်နိုင်ကြစေသောဝ်……….

မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

လက်ရှိပြည်တွင်း အခွင့်အရေး အခြေအနေ

ရွှေကျောင်းသား@ဂူဂါလ်မေးလ်.ကော်န်မ် Shwekyaungtarr@googlemail.com မှ

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေသည် လွန်စွာဆိုးဝါးလျက်ရှိနေပါသည်။ စစ်အာဏာရှင်စနစ်က လူ့အခွင့်အရေးကို စနစ်တကျချိုးဖောက်နေရုံသာမက သတင်းအချက်အလက်များကို တင်းကျပ်စွာထိမ်းချုပ် ထားမှု ကြောင့် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် မည်သည့်အကြောင်း အရာကိုမှ မြန်မာနိုင်ငံအတွင်းတွင် လေ့လာနိုင်စွမ်းမရှိကြပါ။ ထုတ်ဝေသည့် စာအုပ်စာတမ်းများ အားလုံးမှာ တင်းကြပ်သော စာပေစီစစ်မှုအောက်တွင် ဖြတ်တောက်ခံခဲ့ကြရသည်။ ၁၉၈၈ ခု လူထုအုံကြွမှုနောက်ပိုင်းမှသာ အဝေးရောက် နိုင်ငံရေးလှုပ်ရှားသူများက စတင်ကာ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် စာအုပ်စာတမ်းများထုတ်ဝေခြင်း၊ သင်တန်းဆွေနွေးပွဲများ ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်၍ လူ့အခွင့်အရေးလုပ်ငန်းများကို မြန်မာပြည်သူများ အတွင်း ပြန့်နှံ့အောင်လုပ်ဆောင်လာခဲ့ကြသည်။ သို့သော် လေ့လာရသည့် စာအုပ်စာတမ်းအများစုမှာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် နိုင်ငံတကာ ဘာသာစကား ကျွမ်းကျင်မှုနည်းပါး ခြင်းနှင့် လူ့အခွင့်အရေးဆိုင်ရာ ဝေါဟာရများနှင့် အလှမ်းကွာဝေးခြင်း တို့ကြောင့် လူ့အခွင့်အရေး ပညာပေး လုပ်ငန်းများမှာ မျှော်မှန်း ထားသလို ထိရောက်မှုမရှိခဲ့ကြပေ။

Understanding HUMAN RIGHTS

Human rights refer to "the basic rights and freedoms to which all
humans are entitled." Examples of rights and freedoms which are often
thought of as human rights include civil and political rights, such as
the right to life and liberty, freedom of expression, and equality
before the law; and social, cultural and economic rights, including
the right to participate in culture, the right to work, and the right
to education.

Human rights are rights inherent to all human beings, whatever our
nationality, place of residence, sex, national or ethnic origin,
colour, religion, language, or any other status. We are all equally
entitled to our human rights without discrimination. These rights are
all interrelated, interdependent and indivisible.

Universal human rights are often expressed and guaranteed by law, in
the forms of treaties, customary international law, general principles
and other sources of international law.

International human rights law lays down obligations of Governments to
act in certain ways or to refrain from certain acts, in order to
promote and protect human rights and fundamental freedoms of
individuals or groups.

The Universal Declaration of Human Rights (UDHR) is a non-binding
declaration adopted by the United Nations General Assembly in 1948,
partly in response to the barbarian acts of World War II. Although the
UDHR is a non-binding resolution, it is now considered to be a central
component of international customary law which may be invoked under
appropriate circumstances by national and other judiciaries.

The UDHR urges member nations to promote a number of human, civil,
economic and social rights, asserting these rights are part of the
"foundation of freedom, justice and peace in the world." The
declaration was the first international legal effort to limit the
behaviour of states and press upon them duties to their citizens
following the model of the rights-duty duality.

Human rights in Burma are a long-standing concern for the
international community and human rights organizations. There is
general agreement that the military regime in Burma is one of the
world's most repressive and abusive regimes.

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

တရုတ်မယားငယ်..အဖြစ်..ဘ၀ပျက်ခံရတော့မှာလား..

မြန်မာအမျိုးသမီးများ သစ်လုပ်ငန်းခွင်အတွင်း ဘဝပျက်ကြရ
ပေါက်ပေါက်/၂၆ ဖေဖော်ဝါရီ ၂ဝ၁ဝ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း တရားမဝင်သစ်ထုတ်လုပ်ရေး လုပ်ငန်းများတွင် ထမင်းချက်အဖြစ် အလုပ်လုပ်နေကြသည့် ဒေသခံအမျိုးသမီးများ တရုတ်နိုင်ငံသား သစ်လုပ်ငန်းရှင်များ၏ ဖြားယောင်းလိမ်ညာပေါင်းသင်းမှု ခံရပြီး ဘဝပျက်နေကြကြောင်း ဒေသခံများက ပြောသည်။

ပွင့်လင်းရာသီ နိုဝင်ဘာ၊ ဒီဇင်ဘာမှစ၍ မေလကုန် မိုးမကျမီ သစ်ထုတ်ယူသည့်ကာလအတွင်း တလ ကျပ် (၄၊ ၅) သိန်းအထိ ထမင်းချက်အဖြစ် ငှားရမ်းထားသည့် ဒေသခံအမျိုးသမီးများကို တရုတ်သူဌေးလောပန်းများနှင့် သူဌေးကိုယ်စားလှယ်များက လိမ်ညာပေါင်းသင်းနေကြကြောင်း သစ်လုပ်ငန်းခွင်နှင့် နီးစပ်သည့် ဗန်းမော်ဒေသခံတဦးက ပြောသည်။

၎င်းက “မိန်းကလေးတွေက ကချင်မလေးတွေ၊ ဗမာမလေးတွေ များတယ်။ တောထဲတောင်ထဲ ထမင်းချက်၊ ဟင်းချက် လိုက်ဖို့ ဆိုတော့ အရွယ်ရောက်တဲ့သူတွေပဲ လိုက်တာ။ အဲဒီမှာ တရုတ်သူဌေးက ငွေနဲ့ဆွယ်တာပဲဖြစ်ဖြစ်၊ တောတောင်ထဲမှာ အနေနီးစပ်လို့ပဲဖြစ်ဖြစ် ပေါင်းသင်းတာပေါ့။ တရုတ်နှစ်သစ်ကူး ပြန်လို့ပဲဖြစ်ဖြစ်၊ သစ်အဖမ်းအဆီးရှိလို့ပဲဖြစ်ဖြစ် လောပန်းတွေ ပြန်ရင် သူတို့တွေလည်း လိုက်သွားကြတယ်။ ဟိုရောက်တော့ တရားဝင်မယားကြီးက ရှိနေတော့ နေလို့မရတာကြောင့် နယ်စပ်မှာ တဝဲလယ်လယ် ဖြစ်ကျန်တာပေါ့။ ရွာပြန်ရင်လည်း လူပြောစရာဖြစ်နေပြီလေ။ အဲလိုနဲ့ ဘဝပျက်ကုန်တာ” ဟု ပြောသည်။

သစ်ရာသီတခုအတွင်း သစ်လုပ်ကွက်များအလိုက် နီးစပ်ရာဒေသအတွင်းမှ အမျိုးသမီးများကို ငှားရမ်းနေခြင်းဖြစ်ပြီး အရေအတွက်မှာ အနည်းဆုံး (၅ဝ) ခန့်ရှိမည်ဟု အဆိုပါဒေသခံက ပြောသည်။

၎င်းက “တရုတ်သူဌေးတွေ၊ သစ်ကိုယ်စားလှယ်တွေကလည်း ဗမာစကားတို့၊ ကချင်စကားတို့ နည်းနည်းပါးပါးတတ်တယ်။ သူတို့က နှစ်တိုင်း ဒီလို သစ်ခုတ်နေတာဆိုတော့ စကားတတ်နေကြပြီ။ ပြီးတော့ ဒီမှာရှိတဲ့ ဒေသခံတွေထဲက သူတို့ မျက်စိကျတဲ့ ကောင်တွေကို လူယုံလိုလို၊ ကိုယ်စားလှယ်လိုလို မွေးထားတာ ရှိတယ်။ အဲဒီလူတွေက မိန်းကလေးတွေကို ရှာပေးနေတာ” ဟု ပြောသည်။

မံစီ၊ ဗန်းမော်နှင့် မဘိန်းမြို့နယ်အတွင်းမှ ယမန်နှစ် သစ်ခုတ်ရာသီတွင် နယ်စပ်သို့ရောက်ရှိလာသည့် အမျိုးသမီးအချို့မှာ လူပွဲစားများ မှတဆင့် တရုတ်ပြည်အတွင်းသို့ ရောင်းစားခံရမှုများလည်းရှိသည်ဟု တရုတ်နယ်စပ်ရှိ ဒေသခံ အမျိုးသမီးတဦးက ပြောသည်။

၎င်းက “မိန်းကလေးတွေ ဒီနယ်စပ်မှာ သောင်တင်နေတတ်တယ်။ အိမ်က ပြန်လိုက်ခေါ်လို့ ပြန်သွားတာလည်း ရှိတယ်။ ဒီမှာ အလုပ်ရှာ နေတုန်း နေရေးထိုင်ရေးခက်တော့ နောက်ဆုံး လူပွဲစားတွေနဲ့ ချိတ်မိပြီး တရုတ်မယားလုပ်ဖို့ ကိုယ်တိုင် အရောင်းစား ခံလိုက်တာမျိုး ဖြစ်သွားတယ်။ အဓိကတော့ အဲလို ရောင်းစားခံရတာလည်း ရှိတယ်။ ရတဲ့ငွေကို အိမ်ကို ပါးလိုက်ပြီး သူက အတွင်းထဲ လိုက်သွားတာ” ဟု ပြောသည်။

မြန်မာပြည်မှ မိန်းကလေးများကို တရုတ်ပြည်အတွင်းပိုင်းသို့ ခေါ်ယူရောင်းစားမှုများရှိနေပြီး ယမန်နေ့ထုတ် နအဖသတင်းစာများတွင် တရုတ်နိုင်ငံသို့ အမျိုးသမီးများရောင်းစားနေသည့် လူပွဲစားများအား မူဆယ်နှင့် လားရှိုးမြို့တို့၌ ဖမ်းဆီးရမိထားကြောင်း၊ အဆိုပါရောင်းစားခံရသည့် မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများက အဓမ္မထိမ်းမြား လက်ထပ်နေကြောင်း၊ လူပွဲစား၏ စည်းရုံးခံရမှုနှင့် လူကုန်ကူးမှု မခံရရေးအတွက် သက်ဆိုင်ရာက အသိပညာပေးနေကြောင်း ဖော်ပြထားသည်။
http://www.khitpyaing.org/news/February%2010/26210d1.php

အပြည့်အစုံသတင်းဖတ်ရန်....

အမူအကျင့် မပြောင်းလဲကြသူများ

Saturday, 27 February 2010 17:01 ဖြူဖြူသင်း
ကျမ ဒီ ခုခံအား ကျဆင်းမှု ကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ဘာအခက်အခဲတွေ ရှိသလဲ လို့ တချို့က မေးကြပါတယ်။ အစစ အရာရာ အခက်အခဲတွေချည်း ပြည့်နှက်နေတာပါပဲလို့ ဖြေမိပါတယ်။

စတင် ပညာပေးဖို့၊ လူတွေကို ချဉ်းကပ်ဖို့ကနေစပြီး သူတို့ ဆေးဝါး သောက်သုံးနိုင်ဖို့၊ မှန်ကန်တဲ့ ဆေးကုသမှု ခံယူဖို့၊ သူတို့ရဲ့ လူမှုဘ၀ကို ဆက်လက် သယ်ဆောင်နိုင်ဖို့ အစရှိတာတွေကို ကျမနဲ့ ကျမကို ကူညီနေတဲ့ လူငယ် အနည်းငယ်လောက်ပဲ စဉ်းစား လုပ်ပေးနေကြရတာ ဆိုတော့ ဘယ်လောက်များ ခက်ခဲမလဲဆိုတာ သိသာ နိုင်ပါတယ်။

အမြဲတစေ မဖြစ်မနေ ထုတ်ဖော် ပြောဆိုနေရတာလည်း ရန်ပုံငွေ ပြဿနာပဲ ဖြစ်ပါတယ်။ အလှူငွေ မရလေ လုပ်ရတာ ခက်ခဲလေပေါ့။ မိတ်ဆွေတချို့ဆီက အကူအညီတချို့တော့ ရပါတယ်။ ခုဆို ကျမ ဒဂုံမြို့သစ်ဘက်က စည်ပင်မြေ ငှားပြီး လူနာ ပြန်လည် ဖွံ့ဖြိုးရေး လုပ်ပေးထားတယ်။ အသိမိတ်ဆွေတွေ လုပ်ကိုင်နေတဲ့ နတ်ဆက် ပစ္စည်းလုပ်တဲ့ ဘော်ကြယ်ထိုး၊ စက်ချုပ် အစရှိတာတွေလည်း လုပ်ပေးပါတယ်။ ဒီရက်ပိုင်းလေးမှာပဲ လူနာ ၄ ဦး အတွက် အလှူရှင် ၁ ယောက်ဆီက အလှူခံပြီးတော့ ပလာတာ ကြော်တဲ့ဆိုင်လေး ဖွင့်ထားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လူနာတွေ အများကြီးအတွက် ကျမ မလုပ်ပေးနိုင်သေးတာကလည်း အခက်အခဲတခုပါ။

ဒီအခါမှာကျတော့ အခက်ခဲဆုံးလို့ ခေါ်နိုင်တဲ့ ကိုယ်ကျင့်တရား၊ အမူအကျင့်တွေ မပြောင်းနိုင်တဲ့သူတချို့ကို တွေ့လာတော့တာပါပဲ။

တခြား လူငယ်လေးတွေ ဆိုးပေတေပြီး နဂိုမူလ အကျင့်တိုင်း ပြန်လည် သောက်စားလာတာတွေလည်း တွေ့ရပါ တယ်။ ဒါပေမယ့်လည်း ဒါဟာ ခံသာသေးတယ် ဆိုရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က သောက်စား ပြီးတော့ သူတို့ဘာသာ ဒုက္ခရောက်တာပါ။ နောက်ဆက်တွဲအနေနဲ့ကတော့ အဲ့ဒီလို ဖြစ်သလို နေလိုက်ကြတဲ့ လူနာတွေကို ပြန်ကုတော့ ငွေကုန်ကြေးကျ ပိုများ၊ လူပင်ပန်း စိတ်ပင်ပန်းတော့ ပိုဖြစ်ရတာပေါ့။ ဒါပေမယ့် ဒီ အခြေ အနေကိုတောင် ခံသာတယ်လို့ ပြောနေတယ်ဆိုတော့ ဒီအခြေနေထက် ဆိုးတာတွေရှိနေလို့ ပြောတာပါ။

ကျမလူနာ အများစုဟာ များသောအားဖြင့် နယ်ဘက် တောသူတောင်သား ယာဉ်မောင်းသူတွေ၊ ကားနောက် လိုက် စပယ်ယာတွေအပြင် အခြား မသိ နားမလည်သူတွေ များပါတယ်။ လူနာတွေထဲမှာ ပြည့်တန်ဆာ မိန်းကလေး ၅ ယောက် ပါလာပါတယ်။ သူတို့ ၅ ယောက်ဟာ မတူညီတဲ့ အခြေနေက လာတယ်ဆိုပေမယ့် ကိုယ်ခန္ဓာ ရင်းနှီး လုပ်ကိုင်စားကြတာချင်းတော့ တူပါတယ်။

သူတို့ထဲက တယောက်ကတော့ ကျမ အမြင် ပြောရရင် သူက ယောကျာ်း မရှိရင် မနေနိုင်တဲ့သူပါ။ သူက ငွေရှာဖွေ ပြီးတော့ သူနှစ်သက်တဲ့ ယောက်ကျားတွေနဲ့ ပြန်ပြီး ပျော်ပါးတာပါ။ သူငွေရှာတာလည်း လူနဲ့ရင်းပြီး ရှာတယ်၊ ပြန်လည် ပျော်ပါးတာလည်း လူနဲ့ရင်းပြီး ပျော်ပါး ဆိုတော့ ကူးစက်မှုဟာ ဘယ်လောက်တောင် များနေပြီလဲ ဆိုတာ ကြောက်စရာကောင်းလို့ မတွေးချင်လောက်အောင် ဖြစ်ရပါတယ်။ ကျမလည်း ကြုံတိုင်း ဆုံးမ၊ ကျမအိမ်မှာပါ ခေါ်ထားပြီး ပြုပြင်ပေမယ့် အမြဲပဲ ထွက်ပြေး၊ အရင်လိုပဲ လမ်းပေါ်နေ၊ လမ်းပေါ်စား အကျင့် မပျောက်ပါဘူး။ ဒီကလေးမ အကြောင်းကိုတော့ နောင်မှပဲ ဆောင်းပါးတစောင် ရေးပါဦးမယ်။

နောက်တယောက်ကျတော့ စားသောက်ဆိုင်မှာ သီချင်း ဆိုတာပါ။ သူကျတော့ တမျိုး ဖြစ်ပြန်ရော။ ကျမကို အမြဲ ပြောနေတာတော့ သီချင်းပဲ ဆိုတာပါတဲ့။ ဒါပေမယ့်လည်း မထင်မှတ်တဲ့ တနေ့မှာ ကျမကလည်း အိမ်မှာ မရှိချိန် သူရောက်လာပါတယ်။ သူ စစ်တွေကို သွားတော့မယ် ဆိုတဲ့အကြောင်း ရန်ကုန်မှာ လုပ်ကိုင်စားရတာ မချောင် လည်တော့ကြောင်း၊ အရင်က သူ့ကို ထောက်ပံ့ပေးနေတဲ့လူက မထောက်ပံ့တော့လို့ ရောဂါ ကူးအောင် ဒီတိုင်း လိင်ဆက်ဆံလိုက်တယ် ဆိုတဲ့ အကြောင်း ကျမအိမ်ကို လာတက်ပြောတာပါ။ ကျမမိသားစုဆို အရမ်းပဲ စိတ်ဆိုး ကြပါတယ်။

ကျမမိသားစုနဲ့ လူနာတွေက တကယ့် မိသားစု အရင်းချာလို ဖြစ်နေတာပါ။ လူနာတိုင်း အိမ်မှာ ထမင်း မစားဘူး တဲ့ လူ မရှိသလောက် နည်းပါတယ်။ ဒါကြောင့် မိသားစုကို ခင်မင်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်တာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုအခြေအနေကြောင့်ပဲ ဖြစ်ပါစေ ရောဂါ ကူးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်တယ် ဆိုတာ ကတော့ လူသားတယောက် အနေနဲ့ မလုပ်သင့်၊ မလုပ်ထိုက်တဲ့ ကိစ္စပါပဲ။

နောက်တယောက်ကတော့ အနှိပ်ခန်းမှာ လုပ်တာပါ။ အရမ်းကို ချောမော လှပပါတယ်။ အသားအရည်ကလည်း တအားလှ၊ လူကလည်း ချောမောပြီး ခုခံကျရောဂါ ရှိနေတယ်လို့ ထင်ရက်စရာ မရှိဘူး ဖြစ်နေတာပါ။ သူကတော့ တမင် ကြံရွယ်တယ် မဆိုနိုင်ပေမယ့် အနှိပ်ခန်း လာတဲ့ သူဌေးတယောက်ကို သူ့ဘ၀ ရှေ့ရေးအတွက် ချဉ်းကပ်ရ တယ် လို့ ပြောပါတယ်။ ဒီသူဌေးကလည်း သူ့ကို မပြောမဆိုနဲ့ ကာရာအိုကေခန်း ခေါ်သွားပြီး အကာအကွယ်မပါ လိင်ဆက်ဆံကြတယ် ဆိုပါတယ်။ သူက တမင် မကြံရွှယ်ပေမယ့်လည်း သူ့အနေနဲ့ တားဆီး ကာကွယ်သင့်ပါ တယ်။ သူထုတ်ပြောပြတာ ဒီတယောက်တည်းမို့သာ ဒီတယောက်အကြောင်းကို သိရတာပါ။ အခြားလည်း ဘယ်လောက် များမလဲ ဆိုတဲ့ အတွေးတွေ ၀င်လာလိုက်တိုင်း ကျမ အိပ်မပျော် ဖြစ်နေတာပါ။ တခါခါ လန့်နိုး တာတွေတောင် ဖြစ်ပါတယ်။

ကျမ တကယ့်ကို စိတ်မကောင်းခြင်း များစွာဖြစ်ရပါတယ်။ ဒီလို လူနာတချို့ရဲ့ အမူအကျင့်ဆိုးကို ပြုပြင်ဖို့၊ သူတို့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပြုပြင်ဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာ ကျမမှာ စိတ်သောကလည်း ဖြစ်နေရ ပါ တယ်။ ။
http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/2690-2010-02-27-10-05-58

အပြည့်အစုံသတင်းဖတ်ရန်....

NLD ရဲ့ CECအစည်းအဝေး မှ နောက်ဆုံးရွေးချယ်သော CC ဦးရေစာရင်း

CC Finalist

အပြည့်အစုံသတင်းဖတ်ရန်....

သူခိုးရဲ့ ခိုးရာပါ ပစ္စည်း..

ပြည်သူပိုင်.သဘောင်္ ကို ပန်းဆိုးတန်းဆိပ်ကမ်းမှာ တေဇ အော်ဒါ လိုက်စားနေတယ်။ အော်..ငတ်ကြီးကျတဲ့ လူတော့ ဒီလိုပေါ့လေ။ သူခိုးတေဇ ရွှေရတော့ တပြပြပေါ့ ။ ဘယ်သူ့ အကျ သင်္ဘောစုတ်..ဆေးပြန်သုတ်ထားတယ်မသိဖူး..
သူ့ ခမျာလည်း သူ့ အမေမွေးထားတဲ့ ဥစ္စာတခု အရင်းပြုထားရတာဆိုတော့..မော်နိုင်တုန်း ပျော်နိုင်တုန်းတော့ အသာလေးပေါ့..
ပြည်သူပိုင်ပစ္စည်း..ပြည်သူက ပြန်သိမ်းနိုင်တဲ့ အခါ မှ..ရွှေမျက်ရည်ယို ဗုံးကလေးမကွဲနဲ့ ပေါ့တေဇရယ်...



Summary

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Friday, February 26, 2010

MIDEA ဖြင့် အဆိပ်လူးမြှားအဖြစ် ပစ်သောနည်းလမ်း..

တော်လှန်ရေး အပြောင်းအလဲ တခုခုအား..ချဉ်းကပ်ပူးသတ်ကြမယ်ဆိုရင်.
ကျနော်..နားလည်သလို ဆွေးနွေးပါရစေ။

ကျွန်တော်တို့လက်လှမ်းမှီသလောက် လေ့လာထားတာကတော နိုင်ငံရေး အပြောင်းအလဲအားလုးံဟာ အဖွဲ့စည်းတွင်း၊ ပြည်တွင်း ဒေသတွင်း ကဘဲ လာပါတယ်။ ပြည်ပလုပ်ရှားမှုကတော့ အထောက်ပံ့ဖြစ်ပါတယ်။ ဥပမာနှစ်ခုပေးပါရစေ။

ပထမတခုကတော့ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခြင်းပါ။ဘယ်သူကမှစစ်ရေးအရ၀င်ရောက်ဖြိုခွဲခဲ့တာ မဟုတ်ပါ ဘူး။ သူတို့ဟာသူတို့ ကွန်မြူနစ်စနစ်ကို မယုံကြည်တော့တာကနေစတင်ပြိုကွဲတာပါ။ ဆိုဗီယက်ပြိုကွဲတဲ့အချိန်မှာအတိုက်ခံပါတီဆိုတာတောင်မရှိပါဘူး။

ဒုတိယဥပမာကတော့ဖက်ဆစ်တော်လှန်ရေးပါ။ဖက်ဆစ်တည်ထောင်ပေးခဲ့တဲ့တပ်မတော်ကဖက်ဆစ်ကိုပြန်တော်လှန်တာပါ။ ဖက်ဆစ် တော်လှန်ရေးမှာ စစ်တပ်၊ ပြည်သူနဲ့ သံဃာလက်တွဲညီခဲ့ကြပါတယ်။
အခုလက်ရှိချိန်မှာ ကျောင်းသား၊ပြည်သူ၊သံဃာအားလုးံပါနေပါပြီ။တပ်မတော်သားတွေဘဲကျန်ပါတော့တယ်။ ဆိုတော့ တပ်မတော်သားတွေကို ဘယ်လိုစည်းရုးံမလဲဆိုတာကို အလေးအနက်ထားစဉ်းစားသင့်ပါတယ်။ လူတစ်ယောက် လက်ထဲကို ဒုတ်ထဲ့ပြီးရိုက်ခိုင်းတာထက်သူ့ ဟာသူ ဒုတ်ရှာပြီး ရိုက်တတ်လာအောင် လုပ်ပေးသင့် ပါတယ်။

အဲဒီအတွက်စစ်သားတွေကိုကျွန်တော်တို့ပညာပေးစည်းရုးံရပါမယ်။စစ်တပ်ပါမှသာ နောက်ဆုးံတိုက်ပွဲပြီးမှာပါ။ ဘာလို့လဲဆိုရင် သူတို့ဘဲလက်နက်ရှိလို့ပါ။ ပြည်တွင်းအတိုက်ခံ အင်အားစုဆိုတာ သန်းရွှေအတွက် ကတော့ခြံထဲကကြက်ပါဘဲ။ ဖမ်းတာဆီးတာလောက် မပြောနဲ့မြို့လယ်ခေါင်မှာတင်ရိုက်သတ်နေတာ တကမ္ဘာလုံးအမြင်ပါ။ဒါကြောင့်ကျွန်တော်တို့ တတ်နိုင်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ တိုက်ဖို့ဘဲရှိပါတယ်။

စစ်တပ်ရဲ့ကိုစည်းရုးံဖို့လက်ရှိအခြေနေကိုကျွန်တော်တို့လက်လှမ်းမှီသလောက်တင်ပြရရင်စစ်တပ်ထဲမှာသွေးခွဲအုပ်ချုပ်ရေးကိုကျင့်သုးံပါတယ်။ဆရာမွေး၊တပည့်မွေးစနစ်ပါ။ ဒါကြောင့်လက်ဆုပ်စာလူတစ်စုကသာအနေစားချောင်ပါတယ် ။ပြီးတော့ လာဘ်စားတာကိုဒေါက် တိုင် အဖြစ်သုးံပါတယ်။ ကြည်နေရင်ဝေစားမျှုစားလုပ်ပြီး၊ မကြည်ဖြူရင်ပြစ်မှုတစ်ခုအနေနဲ့မြေလှန်ပြစ်ပါတယ်။ ဒါကြောင့် အနေစားကျပ်ပြီး စားခွက်လုဖို့ရန်စောင်နေတဲ့အရာရှိတွေဒူ နဲ့ဒေးပါ။

အောက်ခြေအရာရှိတွေနဲ့ရဲဘော်တွေမှာအသိညဏ်နည်းလှပြီးအကြောက်တရားက သူတို့ကိုကြီးဆိုးပါတယ်။ ကြွေးတာစား၊ခိုင်းတာလုပ်၊ ပြန်မပြောနဲ့ဆိုတဲ့ အတွေးအခေါ်တွေကို သွေးထဲရိုက်သွင်းခံထားရတဲ့သူတွေပါ။ ရွှေဝါေ၇ာင်တော်လှန်ရေးတုန်းကဆိုရင် နည်းဗျုဟာမှုး တွေဟာ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးကို ဆင်းပြီး ဆန္ဒပြနေတာဘုန်းကြီးအစစ်တွေမဟုတ်ဘူး။ အမေရိကန်တွေက ပိုက်ဆံပေးပြီး ခိုင်းထားတဲ့ ဘုန်းကြီးတုတွေ ဆိုပြီးရှင်းလင်းပွဲတွေလိုက်လုပ်ပါ တယ်။ ရဲဘော်တွေကလည်း တကယ်ထင်ပြီးလက်ရဲဇက်ရဲဖြစ်ကုန်တာပါ။

စည်းရုးံဖို့စဉ်းစားမိတဲ့နည်းသုးံနည်းကရေဒီယို၊အင်တာနက်နဲ့ရုပ်သံမှတ်တမ်းအခွေတွေပါ။ဒီထဲကရုပ်သံမှတ်တမ်းခွေဟာအသင့်တော်ဆုးံလို့ထင်ပါတယ်။ဘာကြောင့်လဲဆိုရင်

ရေဒီယို

အချိန်ကန့်သက်ချက်ရှိတယ်။လွှင့်တဲ့အချိန်ဘဲနားထောင်လို့ရတယ်၊လူအများနဲ့စုနေတဲ့တပ်ထဲလိုနေရာမျိုးမှာနားထောင်သူတောင်အန္တယ်ရှိတယ်။တပ်ထဲမှာပြည်ပအသံလွှင့်ရေဒီယို နားမထောင်ရလို့အမိန့်ထုတ်ထားတယ်။

အင်တာနက်

လူနည်းစုအရာရှိတချို့သာသုးံခွင့်ရပါတယ်။ တပ်ထဲမှာလွပ်လပ်စွာသုးံဖို့ဆိုတာမဖြစ်နိုင်သလောက်ပါ။ ရဲဘော်တွေဟာ အင်တာနက်ဆို တာ ဘာမှန်းတောင် မသိကြပါဘူး၊

ရုပ်သံမှတ်တမ်း


သန်းရွှေသမီးမင်္ဂဆောင်ခွေကိုကြည့်ပါ။တပ်ထဲထိတောင်ပေါက်ပါတယ်။စိတ်လည်းဝင်စားကြပါတယ်။ စပ်စုခြင်တာရယ်၊ လုံခြုံမှုရှိတာ ကြောင့်ပါ။ တခါးပိတ်ပြီးကြည့်လို့ရတော့ကြည့်ရဲကြတယ်။ ဒါကြောင့်ဒီနည်းလမ်းဟာ ထိရောက်မှုနဲ့ အပျံ့နှံ့နိုင်ဆုးံနည်းလမ်းဖြစ်မယ် လို့ယူဆပါတယ်။

ရုပ်သံမှတ်တမ်းမှာလည်းဓါတ်ပုံ၊အချက်လက်များ၊ ဗီဒီယိုများနဲ့ဝေေ၀ဆာဆာတင်ပြနိုင်ရင်ပိုကောင်းမယ်ထင်ပါတယ်။ဥပမာအားဖြင့်

၁။မြောက်ကိုရီးယား
အာဇာနည်ကုန်းကိုမြောက်ကိုရီးယားတွေဗုးံခွဲပြီးပြည်သူလူထုကို မတောင်းပန်ဘဲစစ်အစိုးရက သူ့သဘောနဲ့ သူပြန်ဆက်ဆံနေတာကို အာဇာနည်ကုန်းဗုးံပေါက်ပြီးကာစ မှတ်တမ်းဗီဒီယိုအထောက်ထားတွေ၊ ဖမ်းမိတဲ့မြောက်ကိုရီးယားတစ်ယောက် အကြောင်း၊ ရွှေမန်းခရီးစဉ် ဓါတ်ပုံများ နဲ့တင်ပြချင်းများ။

၂၊မညီမျှခြင်းများ

ဗိုလ်ချုပ်တွေရဲ့အိမ်များ၊စီးပွားရေးလုပ်ငန်းများနဲ့တခြားပိုင်ဆိုင်မှုတွေကိုဗီဒီယိုဖြင့်တင်ပြ ပြီးရဲဘော်တွေဟာ နိုင်ငံတာဝန်မထမ်း ဆောင်ရ ဘဲ ခြံရှင်း၊ မြက်ခုတ်၊ခြံစောင့်ကျွန်ဖြစ်မှန်းမသိဖြစ်နေကြရပုံများ။
မြန်မာနိုင်ငံသားများ အိမ်နီးခြင်းနိုင်ငံတွေမှာဆင်းရဲဒုက္ခပေါင်းဆုံနဲ့ရရာအလုပ်လုပ်ပြီး အနှိမ်ခံနေရပုံတွေကို တွေ့ဆုံမေးမြန်းခန်းများနှင့် တင်ပြခြင်းမျိုးများ။ ကားနောက်ခန်းမှာခိုးလိုက်ရင်းအသက်ရှုကြပ်သေကြတဲ့ကိစ္စမျိုးတွေကိုဓါတ်ပုံတွေနဲ့တင်ပြနိုင်ပါတယ်။

ဗိုလ်ချုပ်တွေဖွင့်ထားတဲ့စားသောက်ဆိုင်တွေမှာ မြန်မာမိန်းကလေးတွေပျော်တော်ဆက်ဖြစ်နေရပုံ၊ စီးပွားရေးကျပ်တည်းမှုကြောင့် မိန်းကလေး အများစုခန္ဓာရင်းရှာစားရပုံတွေလည်း ထည့်သင့်ပါတယ်။

ရန်ကုန်မြို့မှသူတောင်းစားများစွာကိုလည်းဗိုလ်ချုပ်တွေရဲ့အဆီယစ်မှုတွေနဲ့လည်းတင်ပြနိုင်ပါတယ်။ တစ်နှစ်ကို ဒေါ်လာသောင်းကျော် ပေးရတဲ့သူတို့မြေးတွေတက်တဲ့ကျောင်းတွေပုံ၊ပြည်သူ့ဆေးရုံများအခြေနေနှင့်သူတို့မိသားစုများမကြာခဏသွားရောက်ကုသလေ့ရှိတဲ့စင်္ကာပူကဆေးရုံများပုံနဲ့ကုန်ကြစရိတ်များကိုလည်းနှိုင်းယှဉ်တင်ပြနိုင်ရင်ကောင်းမှာပါ။

နောက်တစ်ခုကတော့ရန်ကုန်မြို့မှာ မကြာခဏတွေ့ရတတ်တဲ့ခြေပြတ်၊ လက်ပြတ်ရဲဘော်များဆင်းရဲကြီးစွာ သွားလာ၊ရုန်းကန်နေရပုံ။ စစ်သား တွေအသက်နဲ့ရင်းပြီးတိုက်ခဲ့တာ ဗိုလ်ချုပ်မိသားစုတွေ အတွက်၊ တိုင်းပြည်အတွက်မဟုတ် ဆိုတာသိအောင်လုပ်ပေးရပါမယ်။
အထူးသဖြင့်ဝကိစ္စပါ။ ၀တွေနဲ့စီးပွားရေးလုပ်နေတာ စစ်ခေါင်းဆောင်တွေပါ။ ရန်ကုန်မြို့ကဗိုလ်ချုပ်အိမ်တွေကိုဒေါ်လာပေးပြီး ငှါးနေတာ လည်း ၀တွေပါ။ ဗိုလ်ချုပ်တစ်စုကရသမျှ ကျုံးယူပြီး ရဲဘော်တွေကိုအသေခံခိုင်းတာပါ။ ရဲဘော်တွေကိုကျွန်လို သဘောထားတယ်ဆိုတာ အောက်ခြေရဲဘော်တွေသိလာအောင်ပညာပေးရပါမယ်။

ဒို့တာဝန်အရေးသုးံပါးလို့အားတိုင်းအော်နေတဲ့ နအဖခောတ်ကြမှပြည်ထောင်စုကြီးပြိုကွဲပါတယ်။ ၀တွေက နှစ်ပတ်လည်ဖိတ်စာမှာတရားဝင် ကြေငြာထားပါတယ်။ အဲဒီကိစ္စ ကိုအများပြည်သူသိအောင် မီးမောင်း ထိုးပြသင့်ပါတယ်။ ယိုးဒယားမှာစီးပွားရေးအကျပ်တည်းတုန်းက ဘုရင့်မိသားစုနဲ့ နိုင်ငံ ခေါင်းဆောင်တွေက ဦးဆောင်ပြီးရွှေတွေလှုခဲ့ပုံနဲ့၊ နာဂစ်မှာတော့ဗိုလ်ချုပ်တွေလက်တွန့်နေပုံ၊ သန်းရွှေသမီး မင်္ဂလာဆောင်မှာ တော့ အလုယက်လက်ဖွဲ့ပုံတွေကိုနှိုင်းယှဉ်တင်ပြသင့်ပါတယ်။

နောက်ပြီးနေရာတကာမှာတွေ့နိုင်တဲ့အထူးသဖြင့်လက်ဘက်ရည်ဆိုင်တွေရှိကလေးအလုပ်သမား၊ရထားလမ်းတလျှောက်ရေရောင်းစားနေရသောကလေးများ၊အသက်မပြည့်ကလေးအလုပ်သမားများပုံတွေကိုပြသပြီးဒါတွေဟာစစ်အစိုးရရဲ့အုပ်ချုပ်ရေးညံ့ဖျင်းမှုကြောင့်၊ လာဘ်စားမှုတွေကြောင့်ဆိုတာရဲဘော်တွေနားလည်လာအောင်တင်ပြသင့်ပါတယ်။ စစ်သားတွေလက်ထဲရောက်ဖို့ကတော့ နယ်စပ်က တပ်တွေကိုစဖြန့်သင့်ပါတယ်။ နယ်စပ်မှာက ပိုပြီးလွတ်လပ် တယ်လေ။

လေးစားစွာဖြင့်

ရန်နောင်

မှတ်ချက်။ ။
အမှန်က ကျော်ဆန်း ပါးစပ် အမြုပ်ထွက်အောင် ပြောပြောနေတဲ့ မီဒီယာတိုက်ပွဲ ဆိုတာ ဒါပါဘဲ။ မီဒီယာကို သူတို့  အင်မတန် ကြောက်ကြပါတယ်။. မီဒီယာက သာလျှင်..တဖြေးဖြေး လူတွေရဲ့စိတ်ကို မြှားတချောင်းလို ထိုးဖောက်ပြီး..လူးထားတဲ့အဆိပ်လို..တဖြေးဖြေး စိမ့်ဝင် ပြောင်းလဲ အဆိပ်တက်စေတာပါ. ဒါကြောင့် နအဖ ကြောက်လန့် တကြီး..BBC ညာနေ VOA လိမ်နေ..DVB ကို မကြည့်ရန်..ပြည်ပမီဒီယာတွေဟာ ပြည်ပအားကိုး..အလိုမရှိ ဘာညာ အတင်းကြီး ဒိုင်းနဲ့  ပြန်ကာနေတာပါ။
ဒါပေမဲ့ အမှန်တွေ ကိုတင်ပြထားတဲ့ BURMA VJ ဗီဒီယို ကတော့ တကမ္ဘာလုံးက ကြည့်ရတဲ့ အော်စကာဆန်ကာတင် အဆင့်တောင်ရောက်..မတ်လဆန်းမှာ ကျင်းပမဲ့ အော်စကာသာ ရလို့ကတော့ မြန်မာ စစ်အစိုးရ..ဘာလည်း..ဘယ်လည်း လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေပါပြီ..]ဤ အချက်တွေ ကို ကြည့်ပြီး..စစ်တပ်သည်..ဖြိုရခက်သော အခိုင်အမာ တည်ဆောက်ထားသော တံတိုင်းကြီးတခုမဟုတ်ပါ။ အုတ်များစီထားသော အုတ်ပုံကြီးတခုသာဖြစ်ပါတယ်။ အုတ်ပုံအတွင်းက အုတ်တချပ်ကို..ရအောင်ချေမွထုတ်နိုင်တာနဲ့ ..တဖြေးဖြေး..သူ့  အပေါ်က အလေးချိန်နဲ့  ပြိုကျ ပျက်စီးမှာပါ။

နအဖ ခိုးရငွေတွေ ဟာ စစ်တပ်က ရှိသမျှ လူအားလုံးကို..ကြွေးထားနိုင်ခြင်းမရှိပါ. သူတို့ ကိုယ်တိုင် ရသလောက် ဆိုင်ရာပိုင်ရာ ခိုးစားနေတာကြောင့် အောက်ခြေ ရဲဘော်လေးတွေ ခမျာ..ဆင်းရဲငတ်ပြတ်နေတာပါ။. ဒါကြောင့် ကျနော်တို့  တော်လှန်ရေးအတွက် စဉ်းစားသုံးသပ် ချဉ်းကပ်တဲ့အခါ...အောက်ခြေမှ ထွင်းဖောက်စိမ့်ဝင်တဲ့ ငါးကြင်းဆီနဲ့  ငါးကြင်းကြော်တဲ့နည်းကိုသုံးသငိ့ပါတယ်..
သတင်းဃာနတွေ က မှတ်တမ်း တွေ BURMA VJ စသည်ကို ကူးယူ အလကားဖြန့် ဝေပေးရင်..နောက်ကျ တဖြေးဖြေး အချင်းချင်း လက်တို့ ပြီး စစ်ဖက်နယ်ဖက် အရပ်ရပ်..အိမ်တိုင်းရောက်သွားစေ အတွေးအခေါ်တွေ ဖြန့် သွားစေမှာပါ။

ဖမ်းသော ရဲ စစ်သား အရာထမ်း အမှူထမ်း ကြံ့ဖွတ်များ စွမ်းအားရှင်များပင်လျှင် ...ဤသို့  တားဆီး မကြည့်ရ..VIDEO DVD ဖမ်းမိရင်..အတွင်းဘာပါလည်း သိပ်သိချင်တာပါ. တိတ်တဆိတ် အိမ်သယ် ဖွင့်ကြည့်ကြမှာပါ။ သူတို့  ကိုယ်တိုင် မျက်မြင်မှ..သူများတွေကို တိတ်တိတ် လက်ကမ်းပါတယ်။ သူတို့ ကတဆင့် အမျိုးတွေ တယောက်က တဆင့် ၁၀၀ ၁၀၀၀ ၁၀၀၀၀ ပွါးကုန်တာပါ။ လူဆိုတာ..မကြည့်ရဖူး တားရင် ရအောင်ကြည့်ချင်တာထုံးစံပါ။
MEDIA နဲ့  အတွေးအခေါ် ကို အနီးကပ်ဆုံး ပူးသတ်နိုင်ပါကြောင်း..တဦးတယောက်ချင်းဆီက..တာဝန်ယူ စည်းရုံးတဲ့ အခါ အောင်မြင်မှာဖြစ်ပါကြောင်း..

အာဇာနည်များ

အပြည့်အစုံသတင်းဖတ်ရန်....

စင်္ကာပူမှ ရွှေမြန်မာများ အတွက် အသိပေး ကြေညာချက်

အပြည့်အစုံသတင်းဖတ်ရန်....

Mia Farrow on the Women of Burma

အပြည့်အစုံသတင်းဖတ်ရန်....

Burma's Political Prisoners (မြန်မာ့ နိုင်ငံရေးအကျဉ်းသားများ၏ဘ၀)

အပြည့်အစုံသတင်းဖတ်ရန်....

၂၀၁၀ ရွေးကောက်ပွဲအတွက်..ဆွေးနွေးချက်

Discussion Forum about Burmese Regime's 2010 Election Part 1 (A)

Discussion Forum about Burmese Regime's 2010 Election Part 1 (B)

Discussion Forum about Burmese Regime's 2010 Election Part 2 (A)

Discussion Forum about Burmese Regime's 2010 Election Part 2 (B)

BURMA TODAY မှ ရိုက်ကူုးပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ့ ဓါးပြသတ်မတော်...


RFA ၏တင်ပြချက်

အပြည့်အစုံသတင်းဖတ်ရန်....

မီး မီး..ဘာကြောင့်လောင်


VOA မှ

အပြည့်အစုံသတင်းဖတ်ရန်....

ထင်တဲ့အတိုင်းပါလား..အောင်တိုးရယ်..နင့်ကြောက်ချက်က ဆိုးလွန်းတယ်။.

ဒေါ်အောင်ဆန်းစုကြည်၏ အမှုအား ဗဟိုတရားရုံး က ပယ်ချ

သတင်း ပုံနှိပ်ချိန် ….မြန်မာစံတော် ချိန် နံနက် ၁၀ နာရီ ၁၅ မိနစ်

Myanmar court rejects Aung San Suu Kyi House Arrest appeal: court witness
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် အမှုပြင်ဆင်ချက်ကိုယနေ့ နံနက်၁၀ နာရီ ရှစ်မိနစ် တွင် ဗဟိုတရားရုံးက ပယ်ချလိုက်
သည် ဟု Freedom News Groupမှသိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်အကျယ်ချုပ်အမှု အားစစ်အစိုးရ ထိန်းချုပ်ထား သည့် ဗဟိုတရားရုံးက ပယ်ချပြီးနောက် ရန်ကုန်မြို့ အနှံ လုံခြုံရေးများ တိုးမြှင့်ချထားသည်။

တရားရုံးမှ ပယ်ချပြီးနောက် ရန်ကုန် နိုင်ငံရေးအသိုင်းအ၀ိုင်းက ၁၉၄၇ ဖွဲ့ စည်းပုံ အခြေခံဥပဒေ သည်ပျက်ပြယ် သွားပြီ ဖြစ်၍ တရားမ၀င် ဟု ဆိုကြသည်။

၂၀၀၉ ခုနှစ် သြဂုတ်လအတွင်း အင်းစိန်ထောင်တွင်းတရားရုံးက ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ်အကျယ်ချုပ်ချမှတ်ခဲ့သည်ကို ပြင်ဆင်ပေးရန် ရှေ့နေများက ဗဟိုတရားရုံးသို့ ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် လျှောက်ထားရာ အယူခံကို ဗဟိုတရား က တစ်ကြိမ် ပလပ်ခဲ့ပြီး နောက် ပြန်လည်စဉ်းစားရန် ယမန်နှစ်က ဆုံးဖြတ်ခဲ့သည်။
၂၀၀၉ ခုနှစ် သြဂုတ်လအတွင်း အင်းစိန်ထောင်တွင်းတရားရုံးက ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ်အကျယ်ချုပ် ချမှတ်ခဲ့သည်ကို ပြင်ဆင်ပေးရန် ရှေ့နေများက ဗဟိုတရားရုံးသို့ ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် လျှောက်ထားရာ အယူခံကို ဗဟိုတရား က တစ်ကြိမ် ပလပ်ခဲ့ပြီး နောက် ပြန်လည်စဉ်းစား ရန် ယမန်နှစ်က ဆုံးဖြတ်ခဲ့သည်။
ထောင်ဒဏ်ချမှတ်ပြီးနောက် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေက မြန်မာ့တပ်မတော် ၏ ဖခင်ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဖြစ်သောကြာင့် ဟု ဆိုကာ ထောင်ဒဏ် တစ်ဝက် ကိုလျှော့ချကာ ကျန် တစ်ဝက်အား နေအိမ်အကျယ်ချုပ် သက်တမ်း ပြောင်းလဲပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာ့ ဒီမိုကရေစီ ရေး အတွက် ယုံကြည်ချက်ဖြင့် တိုက်ပွဲဝင်နေစဉ် အတောအတွင်းပြီးခဲ့သော နှစ်နှစ်ဆယ် အတွင်း ၁၄ နှစ် အထိန်းသိမ်းခံ ဘ၀ ဖြင့်နေထိုင်ခဲ့ရသည်။ http://www.baymyanmar.com/2010/02/blog-post_1016.html

အပြည့်အစုံသတင်းဖတ်ရန်....

ခြင်ကိုက်ရင် သတိထား..

မြန်မာနိုင်ငံရှိ ပြည်နယ် နှင့်တိုင်း၊ မြို့နယ် တော်တော်များများ၌ ခြင်မှ ကူးစက်သည့် ချီကန်ဂန်ညာ ရောဂါ ဖြစ်ပွားလျက်ရှိ

ခြင်နှိမ်နင်းရေးဖိဖိစီးစီး ဆောင်ရွက်သင့် ချီကန်ဂန်ညာ ရောဂါသည် မြန်မာနိုင်ငံရှိ ပြည်နယ် နှင့်တိုင်း၊ မြို့နယ် တော်တော်များများ၌ ယခုနှစ်နှင့် (၂ဝဝ၉)ခုနှစ် နောက်ပိုင်း အစောပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း လေ့လာတွေ့ရှိရပြီး သွေးလွန်တုပ်ကွေးရောဂါ (Dengue) ကြောင့်ဖြစ်ပွားသော အချို့သွင်ပြင် လက္ခဏာများနှင့် တူညီသော်လည်း ချီကန်ဂန်ညာရောဂါအား အမြစ်ပြတ်အောင် ကုသ၍ မရနိုင်ဘဲ ရောဂါသက်သာအောင်သာ ကုသပေးနိုင်ကြောင်း သိရသည်။

၎င်းရောဂါသည် ခြင်မှတစ်ဆင့် ကူးစက်ခံရခြင်း ဖြစ်ပြီး ရောဂါလက္ခဏာအနေဖြင့် ကိုယ်အပူချိန် (၁ဝ၄)ဒီဂရီ မြင့်တက်၍ ဖျားခြင်းနှင့် အဆစ်အမြစ် ကိုက်ခဲခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အရေပြားပေါ်၌ အင်ပျဉ်ကဲ့သို့ အဖုအပိမ့် အနီကွက်များ ထွက်ပေါ်ခြင်းတို့ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာသည်။
ကမ္ဘာပေါ်တွင် ယင်းရောဂါစတင်ဖြစ်ပွားမှုမှာ မကြာလှသေးဘဲ (၂ဝဝ၇)ခုနှစ်တွင် ဥရောပတိုက်ရှိ အီတလီ နိုင်ငံ၊ အရှေ့မြောက်ပိုင်း ဒေသတို့၌ ပထမဆုံး အကြိမ် စတင်ဖြစ်ပွားခဲ့ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ ကြေညာချက်က ဆက်လက်ဖော်ပြသည်။
ချီကန်ဂန်ညာရောဂါ၏ ပိုးအနေဖြင့် (၁၉၅၂)ခုနှစ်တွင် အာဖရိကတိုက်ရှိ တန်ဇန်နီးယား တောင်ပိုင်း၌ စတင်ပျံ့နှံ့ခဲ့ပြီး တွန်ဂါဘီရီဒေး (Togaviridae) ဗိုင်းရပ်စ်အုပ်စုဝင် အယ်လ်ဖာဗိုင်းရပ်စ် အမျိုးအစား ဖြစ်သည်ဟု ဆေးသိပ္ပံ သုတေသီများက ဆိုသည်။ ချီကန်ဂန်ညာဟူသော အဓိပ္ပာယ်မှာ ရောဂါခံစားရချိန်၌ အဆစ်အမြစ်များကိုက်ခဲလှသဖြင့် ခန္ဓာကိုယ် တွန့်လိမ်ကောက်ကွေးအောင် ခံစားရခြင်းကို အစွဲပြု၍ အာဖရိကတိုက်၊ မိုဇမ်ဘစ်နိုင်ငံမြောက်ပိုင်းနှင့် တန်ဇန်နီးယားနိုင်ငံ၊ အရှေ့ တောင်ပိုင်းရှိ မာကွန်ဒေးလူမျိုးစု ဘာသာစကားမှ ဆင်းသက်လာသော အခေါ်အဝေါ် ဖြစ်ကြောင်းသိရသည်။
ကူးစက်ပုံအနေဖြင့် ချီကန်ဂန်ညာရောဂါပိုးရှိသူအား ကိုက်ထားသောခြင်မှတစ်ဆင့် အခြားသူများအား ကူးစက်စေသဖြင့် ကူးစက်လွယ်သော ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါပိုး သယ်ဆောင်လာသည့်ခြင်သည် နေ့အလင်းရောင်ရှိချိန် နံနက်ပိုင်းနှင့် မွန်းလွဲ ပိုင်းတို့တွင် လူကိုအများဆုံး ကိုက်တတ်သည်။ ၄င်းခြင်အကိုက်ခံရပြီးနောက် (၄)ရက်မှ (၈)ရက်အတွင်း ခြင်ကိုက်ခံရသူသည် ဖျားနာခြင်းစတင်ဖြစ်ပေါ်ပြီး ကိုယ်အပူချိန် ကျဆင်း စေရန် (၂)ရက်မှ (၁၂)ရက်အထိ ကြာမြင့်တတ်ကြောင်း သိရသည်။
ကုသမှုအနေဖြင့် အမြစ်ပြတ်အောင် ကုသနိုင်သည့် ဆေးဝါးများ ယခုအချိန်၌ မပေါ်ပေါက်သေးဘဲ ရောဂါသက်သာအောင်သာ ကုသပေးနိုင်သည်။ ထို့ပြင် ချီကန်ဂန်ညာ ရောဂါအတွက် သီးသန့်ကာကွယ်ဆေးလည်း ထွက်ပေါ်လာခြင်းမရှိသေးကြောင်းသိရသည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည် ဟူသော ဆောင်ပုဒ်အတိုင်း ခြင်အန္တရာယ်ကာကွယ်ရေးနှင့် ခြင်ကိုက်ဒဏ်မှ ကင်းဝေးစေရန် ဆောင်ရွက်ခြင်းတို့ကို သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါတို့ကဲ့သို့ လိုက်နာ ဆောင်ရွက်သင့်ကြောင်း ဆေးသိပ္ပံပညာရှင်များက အကြံပြု ထားသည်။ ခြင်အမျိုးအစားများစွာရှိရာတွင် Ae. aegypti နှင့် Ae.albopictus ခြင်အမျိုးအစားနှစ်မျိုးတို့သည် ချီကန်ဂန်ညာရောဂါကို ဖြစ်ပွားစေကြောင်းသိရသည်။ ¤င်းခြင်နှစ်မျိုးအနက် Ae.albopictus သည် အများ ဆုံးတွေ့ရသည်။ အဆို ပါခြင်သည် သစ် ခေါင်းများ၊ ကျောက်တုံးများကြား၊ ဝါးပင်များကြားနှင့် မော်တော်ကား တာယာအဟောင်းများကြား၌ ခိုအောင်း နေတတ်ပြီး ကျေးလက်ဒေသများ၊ ဆင်ခြေဖုံးဒေသများ၊ အရိပ်ကောင်းသော ပန်းခြံများ၌ အများအပြား ပေါက်ဖွားလေ့ရှိသည်။ နောက်ခြင်တစ်မျိုးသည် Ae.aegypti ခြင်သည် လူနေအိမ်များနှင့်နီးကပ်သည့် ပန်းပင်ကြို ပန်းပင်ကြား၊ ရေလှောင်ကန်၊ ရေချိုးခန်းအပေါ် ရှိ ရေလှောင်ကန်များ အကြားတွင် ပေါက်ဖွားကြောင်းသိရသည်။
ထို့ကြောင့် ချီကန်ဂန်ညာရောဂါမကူးစက်အောင် ခြင်နှိမ်နင်းရေးကို မျက်ခြည်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆေးပညာရှင် များက တိုက်တွန်းထားသည်။ AA
http://www.baymyanmar.com/2010/02/blog-post_7904.html မှ

အပြည့်အစုံသတင်းဖတ်ရန်....

ဝက်တွေ တုတ်ကွေးနာကျနေပြီ

မင်္ဂလာဒုံ စစ်တက္ကသိုလ်မှာ ဗိုလ်လောင်း အယောက် ၄၀ ခန့် AH1N1 တုတ်ကွေးကူးစက်ခံနေရတယ်။ (၄) သေဆုံးသွားပြီလို့ သတင်းရတယ်။အပြင်မှာ ထွက်ပြီး အစားအစာတွေ စားမှာစိုးလို့ အခု ဗိုလ်လောင်းတွေကို .. Outpass မပေးတော့ဘူးတဲ့
TRUE-MMCP ကိုရဲရင့် cbox သတင်း..

အပြည့်အစုံသတင်းဖတ်ရန်....

Myanmar Supreme Court rejects Suu Kyi appeal


AFP/File – Myanmar democracy icon Aung San Suu Kyi, pictured in November 2009 at a hotel in Yangon. Suu Kyi has …
| YANGON, Myanmar – The highest court in military-ruled Myanmar dismissed opposition leader Aung San Suu Kyi's latest bid for freedom Friday, turning down an appeal to end 14 years of house arrest, her lawyer said.

The Supreme Court's decision had been expected since legal rulings in Myanmar rarely favor opposition activists.

Defense lawyer Nyan Win told reporters that he would launch one final "special appeal" before the court after determining why the earlier appeal had been rejected. "The court order did not mention any reasons," he said.

"Although the decision comes as no surprise, it is deeply disappointing. We continue to believe that (Suu Kyi) should be released immediately along with the other 2,000 and more other prisoners of conscience," said British Ambassador Andrew Heyn, who attended the court session along with diplomats from Australia, France and the United States.

Suu Kyi's lawyers appealed to the court last November after a lower court a month earlier upheld a decision to sentence her to 18 months of house arrest. She was convicted last August of violating the terms of her previous detention by briefly sheltering an American who swam to her lakeside home.

The 64-year-old democracy icon was initially sentenced to three years in prison with hard labor in a trial that drew global condemnation, but that sentence was immediately commuted to 18 months of house arrest by junta chief Senior Gen. Than Shwe.

Suu Kyi has been detained for 14 of the past 20 years.

Suu Kyi's National League for Democracy won elections in 1990 by a landslide, but the military, which has ruled Myanmar since 1962, refused to cede power and has constantly obstructed her party's operations over the past two decades.

The junta has announced it would hold elections some time this year under a constitution which would allow the military to maintain substantial powers. Suu Kyi's party has not yet announced whether it would contest the elections.

The court ruling comes nearly two weeks after the junta released Tin Oo, the 82-year-old deputy leader of Suu Kyi's party, after nearly seven years in detention, and a week after a U.N. human rights envoy left the country, expressing disappointment that he was not allowed to meet the opposition leader.

Myanmar, also known as Burma, has been widely criticized for its continued violation of human rights, including atrocities committed by its military against ethnic minority groups. Human rights groups says the junta holds 2,100 political prisoners.

Soon after his release Tin Oo said he was very hopeful that Suu Kyi would be released soon, noting that in 1995 he was released from an earlier stint in prison not long before Suu Kyi herself was freed.

During a meeting with her lawyers Thursday, Suu Kyi jokingly asked them if she had been behaving well, as junta chief Than Shwe had said she could receive amnesty if she serves her time according to the prescribed regulations.

"Than Shwe already made the verdict for (Suu Kyi) and no judge will have the nerve to change it," said Aung Din, executive director of the U.S.-based U.S. Campaign for Burma, a lobby group.

"The judiciary system in Burma is just a part of the regime's oppressive mechanism," he said. "The only way to make the release of (Suu Kyi) and all political prisoners in Burma is to keep putting maximum pressure on Than Shwe and his cronies until they feel the heat."

source by : YAHOO

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, February 25, 2010

မြန်မာစစ်တပ်ရဲ့ နှိပ်စက်မှု ကရင်တိုင်းရင်းသူများ ခံရ

25 February 2010

မြန်မာစစ်တပ်က တိုင်းရင်းသား ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျူးလွန်နေတဲ့အကြောင်း တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးက ကြေညာချက်တွေ မကြာခဏ ထုတ်ပြန် ပြောဆိုလေ့ ရှိပါတယ်။ အခုလည်း ကရင်ပြည်နယ် အတွင်းက ဒေသ တော်တော်များများမှာ မြန်မာစစ်တပ်က အမျိုးသမီးတွေကို အတင်းအဓမ္မ ပြုကျင့်၊ ညှဉ်းပန်း နှိပ်စက်၊ သတ်ဖြတ်မှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေတယ်လို့ ကရင်အမျိုးသမီးအဖွဲ့က ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန် ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ဒီအစီရင်ခံစာ ထွက်လာရခြင်း အကြောင်းရင်းကတော့ ကရင်ပြည်နယ် အတွင်းမှာ အမျိုးသားတွေက သူကြီးရာထူးကို လက်မခံရဲကြတော့တဲ့ အတွက် အမျိုးသမီးတွေကို အဲဒီ သူကြီးရာထူး အတင်းပေးအပ်ခြင်း ခံရတဲ့အချိန်က စတာလို့ ပြောရမှာ ဖြစ်ပါတယ်။

ကရင်ပြည်နယ် အတွင်းမှာရှိတဲ့ အမျိုးသား သူကြီးတွေကို မြန်မာစစ်တပ်က ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်မှုတွေ လုပ်လာတဲ့အတွက် အမျိုးသားတွေက သူကြီးရာထူးကို မထမ်းဆောင်ရဲကြတော့ဘဲ တိမ်းရှောင်၊ ထွက်ပြေးကုန်ကြတဲ့ အတွက် အသက်နည်းနည်းရပြီး ပေါက်ရောက်မှုရှိတဲ့ အမျိုးသမီးတွေကို စစ်အစိုးရက သူကြီးအဖြစ် ခန့်အပ်လာခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီး သူကြီးတွေကိုလည်း အမျိုးသား သူကြီးတွေနည်းတူ ညှဉ်းပန်း နှိပ်စက်ရုံတင် မကဘဲ မုဒိမ်းကျင့် စော်ကားတာတွေပါ ရှိလာတယ်လို့ ကရင်အမျိုးသမီးအဖွဲ့ရဲ့ အတွင်းရေးမှူး ၁ ဒေါ်ဘလူးမင်းနိုက်ဇံက ပြောပါတယ်။

“အမျိုးသား သူကြီးတွေ နည်းတူ အမျိုးသမီးတွေကိုလည်း နှိပ်စက်တယ်။ ဘာတွေလဲဆိုရင် အကျိုးမဲ့ အကြောင်းမဲ့ သတ်ဖြတ်တာတို့၊ ပြီးတော့ သူတို့ သိချင်တဲ့ဟာတွေ အတင်းအဓမ္မ မဟုတ်ဘဲနဲ့လည်း ဟုတ်တယ်လို့ ပြောခိုင်းပြီး ရိုက်တာတို့၊ ထုတာတို့၊ အမျိုးသမီးတွေဆိုရင် စစ်ဖိနပ်နဲ့ အကန်ခံရတယ်။ စစ်ဖိနပ်နဲ့ ရင်ဘတ်တို့ ဗိုက်တို့ တက်နင်းခံရတာတွေ ရှိတယ်။ တချို့ဆိုရင် သေတဲ့အထိ ရိုက်တာတွေ ရှိတယ်။

“တချို့အမျိုးသမီးတွေကျတော့ ကိုယ်ဝန်သည်တွေ ဖြစ်နေတယ်။ ရွာသူရွာသားတွေကို ခိုင်းတော့ ရွာသူရွာသား မလုပ်တဲ့နေရာမှာ၊ အထူးသဖြင့် အတင်းအဓမ္မ ခိုင်းစေတဲ့ နေရာမှာ အမျိုးသမီး သူကြီးတွေကိုယ်တိုင် လိုက်သွားရတာတွေ ရှိတယ်။ အဲတော့ အလေးအပင်တွေနဲ့ တောင်တက် တောင်ဆင်းဆိုတော့ တချို့ အမျိုးသမီးတွေက ကိုယ်ဝန် ပျက်ကျခဲ့ရတာတွေလည်း ရှိတယ်။

“ပြီးရင် ဒီ့ထက်ပိုဆိုးတာက မုဒိမ်းကျင့်ခံရတယ်။ တနေ့လုံး တောထဲမှာ တောင်တက် တောင်ဆင်းနဲ့ စစ်ပစ္စည်းတွေ သယ်ပေးရတယ်၊ စစ်လက်နက်ပစ္စည်းတွေ၊ စစ်ရိက္ခာတွေ၊ ပြီး ညဘက်ကျတော့ စစ်တပ်တွေက မုဒိမ်းကျင့်ကြတယ်။ တချို့ဆို အစုလိုက်၊ ၂ ဦးထက်များတဲ့ ၃ ဦး၊ ၄ ဦး မုဒိမ်းကျင့်ခံရတာတွေ တွေ့ရတယ်။ ဒါ သူတို့ကိုယ်တိုင် သက်သေခံပြီး ဖွင့်ဆိုတဲ့အတွက်ကြောင့်၊ အမျိုးသားနည်းတူ ရက်စက်မှု ခံရတဲ့အပြင် အမျိုးသမီးတွေ အနေနဲ့ ပိုလာတာ မုဒိမ်းထပ်ကျင့်ခံရတာတွေ ရှိတယ်ပေါ့။”

အခုထုတ်ပြန်တဲ့ Walking Amongst Sharp Knives ‘ဓားချွန်တွေကြားမှာ လမ်းလျှောက်ရခြင်း’ လို့ အမည်ပေးထားတဲ့ အစီရင်ခံစာအပြင် ကရင်အမျိုးသမီးအဖွဲ့ အနေနဲ့ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်မှာ Shattering Silence ‘စိတ်ငြိမ်မှုကို ဖြိုခွင်းခြင်း’၊ ၂၀၀၇ ခုနှစ်မှာ State of Terror ‘စိုးရိမ်မှတ်လွန် ရက်စက်မှု’ စတဲ့ ကရင်ပြည်နယ် အတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မြေမြှုပ်မိုင်း ကိစ္စတွေအကြောင်း အစီရင်ခံစာတွေ အသီးသီး ထုတ်ပြန်ပြီး ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေထံ ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အခုထုတ်ပြန်တဲ့ အစီရင်ခံစာကိုလည်း ကုလသမဂ္ဂ အနေနဲ့ စုံစမ်းစစ်ဆေးမှု ကော်မတီတရပ် ဖွဲ့စည်း စုံစမ်းပေးဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေကို တောင်းဆိုထားတယ်လို့ ဒေါ်ဘလူးမင်းနိုက်ဇံက ပြောပါတယ်။

“ကရင်အမျိုးသမီး သူကြီးတွေ အပေါ်မှာ လူ့အခွင့်အရေး ရာဇ၀တ် ကျူးလွန်မှုတွေ၊ စစ်ရာဇ၀တ် ကျူးလွန်မှု အားလုံးကို ကုလသမဂ္ဂ အနေနဲ့ ကော်မရှင်တခု ဖွဲ့ပြီးတော့ ၀င်ရောက် စုံစမ်း စစ်ဆေးပြီးတော့ အပြစ်ရှိတဲ့လူကို ထိထိရောက်ရောက် အရေးယူပေးဖို့ ကျမတို့ တောင်းဆိုနေပါတယ်။”

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံ အနေနဲ့လည်း မြန်မာစစ်တပ်ရဲ့ အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဒဏ်ကနေ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးလာကြတဲ့ ကရင်တိုင်းရင်းသား ဒုက္ခသည်တွေကို ကာကွယ် စောင့်ရှောက်ပေးဖို့နဲ့ မြန်မာပြည်တွင်းမှာ အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသရွေ့ ဒုက္ခသည်တွေကို နေရပ် ပြန်မပို့ဖို့လည်း အခု အစီရင်ခံစာထဲမှာ ထည့်သွင်း တောင်းဆိုထားပါတယ်။

အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကရင်ပြည်နယ်အတွင်း ခရိုင် ၇ ခု ရှိတဲ့အထဲက ခရိုင် ၅ ခုမှာ မြန်မာစစ်တပ်က ကျူးလွန်နေတာ ဖြစ်တယ်လို့ ဒေါ်ဘလူးမင်းနိုက်ဇံက ပြောပါတယ်။ အစီရင်ခံစာထဲမှာ မပါတဲ့ ခရိုင် ၂ ခုကတော့ ဘိတ် ထားဝယ် ခရိုင်နဲ့ တောင်ငူခရိုင်တို့ဖြစ်ပြီး အဲဒီဒေသတွေမှာတော့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ရှိပေမဲ့ ကရင်အမျိုးသမီးအဖွဲ့ အနေနဲ့ လက်လှမ်းမမီတဲ့ဒေသ ဖြစ်နေတဲ့အတွက် ချန်ထားခဲ့တာလို့ ဆိုပါတယ်။
http://www.voanews.com/burmese/2010-02-25-voa7.cfm
24Feb10 Walking Amongst Sharp Knives

အပြည့်အစုံသတင်းဖတ်ရန်....

အော်..တပ်ဆုတ်တာတဲ့လား..တိုင်းပြည်ကတော့ ပြုတ်သွားပြီ

ရွေးကောက်ပွဲသည် စစ်တပ်က စနစ်တကျ တပ်ဆုတ်ခြင်းဖြစ်ဟု ဦးသုဝေ သုံးသပ်
NEJ/ ၂၅ ဖေဖော်ဝါရီ ၂ဝ၁ဝ

စစ်အစိုးရက ယခု ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲသည် စစ်တပ်က မြန်မာ့နိုင်ငံရေးတွင် ရှေ့တိုးဝင်ရောက် စွက်ဖက်လာခြင်း မဟုတ်ဘဲ နောက်တလှမ်းဆုတ်ခြင်းသာဖြစ်ကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေက သုံးသပ်လိုက်သည်။

ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသည့် သတ္တမအကြိမ်မြောက် မြန်မာသတင်းသမဂ္ဂ၏ မီဒီယာညီလာခံတွင် ဗွီအိုအေအသံလွှင့်ဌာနမှ ပြုလုပ်သော မြန်မာ့နိုင်ငံရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲအစီအစဉ်၌ ပြောကြားသွားခြင်းဖြစ်သည်။

“ကျနော့်အမြင်တော့ တပ်က နောက်ဆုတ်နေတာ။ ရှေ့တိုးတာ မဟုတ်ဘူး။ တပ်မှူးကောင်းတို့မည်သည်ကား တပ်ကို ဆုတ်တဲ့ အခါမှာ အစီအစဉ်တကျ ဆုတ်ရပါတယ်။ အခု ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို နောက်ခံထားပြီး ဆုတ်တာဖြစ်တယ်” ဟု လာမည့်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးသုဝေက ပြောကြားသည်။

“ပြည်သူ့ဆန္ဒ အရင်သုံးသပ်ပါတယ်။ အစိုးရ သဘောဆန္ဒက ဘယ်လိုလဲ သုံးသပ်ပါတယ်။ အဲဒါပြီးတော့မှ ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့် ကျနော်တို့ ဆုံးဖြတ်တာပါ။ လွယ်လွယ်ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး” ဟု ဦးသုဝေက ဆက်လက် ပြောကြားသည်။

၂၀၁၀ ရွေးကောက်ပွဲသည် စစ်တပ်က မြန်မာ့နိုင်ငံရေးနယ်ပယ်မှ စနစ်တကျ ဆုတ်ခွာခြင်းဟု ပြောကြားလိုက်ပြီး သူ့အနေဖြင့် မြန်မာလူငယ်များ၏ သဘောဆန္ဒအရ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဦးသုဝေက ထပ်လောင်း ပြောကြားသည်။

၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို အတည်မပြု လျစ်လျူခဲ့သော၊ ပြည်သူလူထုကို ဖိနှိပ်နေသော စစ်တပ်အနေဖြင့် ယခုရွေးကောက်ပွဲသည် စစ်တပ်က နောက်ဆုတ်ခြင်းမဖြစ်နိုင်၊ ရွေးကောက်ပွဲ အမှန်တကယ် ဖြစ်လာပါကလည်း စစ်တပ်အနေဖြင့် အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးလိမ့်မည်မဟုတ်ဟု တက်ရောက်လာသည့် သတင်းစာဆရာ တဦးက သုံးသပ်ပြောကြားသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် စစ်တပ်က နေရာမရခဲ့သည့်အတွက် အာဏာလွှဲပြောင်းပေးရန် ပျက်ကွက်ခဲ့ကြောင်း၊ သို့သော် ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က နေရာအခိုင်အမာ ယူထားပြီးဖြစ်ရာ အရပ်သားအစိုးရသစ်တရပ် ထွက်ပေါ်လာနိုင်ပါကြောင်း ဦးသုဝေက တုံ့ပြန်သွားသည်။

မြန်မာနိုင်ငံသို့ ယခုလ (၁၅) ရက်တွင် (၅) ရက်ကြာခရီးစဉ်အဖြစ် လာရောက်ကာ လူ့အခွင့်အရေးအခြေအနေများကို လေ့လာသွားသည့် ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ယခုနှစ် နအဖစစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမည့် ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း ပြောဆိုသွားခဲ့ပြီး မကြာသေးခင်တွင် ဦးသုဝေက ယခုကဲ့သို့ မြန်မာသတင်းသမဂ္ဂညီလာခံ၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။
http://www.khitpyaing.org/news/February%2010/25210a.php

အပြည့်အစုံသတင်းဖတ်ရန်....

25rd Feb 2010 - MoeMaKa Daily

25rd Feb 2010 - MoeMaKa Daily

အပြည့်အစုံသတင်းဖတ်ရန်....

လူလိမ်တွေ ရဲ့ အချင်းချင်း ဖြုတ်ထုတ်သတ်..

Summary

ursday, February 25, 2010
ချင်းမိုင် BMA ရဲ့ညီလာခံကို တက်ရောက်ပြီး ရွေးကောက်ပွဲဝင်ရေးတွေ ပြောနေတဲ့ ဦးသုဝေတို့ ပါတီ အတွင်းရေးများ

သံတော်ဆင့်မှ ထပ်မံသတင်းပေးပို့ချက်။ ဦးရဲထွန်းက သူ့ရဲ့ ဒီမိုကရက်တစ်ပါတီကနေ ဦးသုဝေကို ထုတ်ပစ်ဖို့ ဒေါ်သန်းသန်းနုနဲ့ တိုင်ပင်ပြီး အားလုံးစီစဉ်နေပါပြီ။ ဒါတွေကို ယခု ဦးသုဝေ ထိုင်းနိုင်ငံကို ရောက်နေစဉ်မှာ စီစဉ်ထားတာဖြစ်ပါတယ်။ ဒီမိုကရက်တစ်ပါတီဟာ ပါတီရဲ့ အစည်းအဝေးမှတ်တမ်းများကို ထောက်လှမ်းရေးကို ရုပ်ပျက်လောက်အောင် အမြဲဆက်သ တင်ပြနေရပါတယ်။ ပါတီနဲ့ ပတ်သက်လို့ တစ်ရက်တစ်ရက် စားစရိတ် သောက်စရိတ်တွေ တင်ပြ သုံးစွဲပြီး တစ်ဘက်ကလည်း ထောက်လှမ်းရေးကို သတင်းပို့ ပိုက်ဆံယူ လုပ်နေသူများ ပြည့်နှက်နေတဲ့အတွက် ဦးရဲထွန်းက စိတ်ပျက်လာတယ်လို့ အကြောင်းပြပါတယ်။ ဒါကြောင့် ဥိးရဲထွန်းကို ပိုက်ဆံထုတ်ပေးနေသူ နောက်ကွယ်က ကျူံယွမ် ကျော်မြင့်တို့ကလည်း စိတ်ပျက်လာကြတယ်လို့ သံတော်ဆင့် ကို ပြောပါတယ်။ အခု အချိန်အထိ စုစုပေါင်း သုံးစွဲငွေ ကျပ်သိန်း ရှစ်ဆယ်ကျော်ပြီ ဖြစ်ပြီး ပါတီ ရုံးခန်း နောက်ထပ်တစ်ခန်းပြောင်းငှားရဖို့ ငွေလိုနေသေးကြောင်းသိရပါတယ်။ ဦးသုဝေအတွက် တယ်လီဖုန်း ၀ယ်ပေးရတာတင် ကျပ်သိန်းနှစ်ဆယ် ရှိနေပြီး အခြား ထောက်ပံ့ရမှုများလည်းရှိနေရတယ်လို့ ဆိုပါတယ်။ မတ်လမှာ ဦးရဲထွန်းက စင်ကာပူနိုင်ငံကို ဆေးစစ်ဖို့ အကြောင်းပြချက်နဲ့ လစ်ထွက်လာပြီး ကျူံယွမ်း ကျော်မြင့်တို့ အုပ်စုကို ရငွေ-သုံးငွေများကို စာရင်းရှင်းလင်းတင်ပြရမှာဖြစ်ပါတယ်။ ဦးသုဝေကလည်း ဒီအစီအစဉ်တွေကို ကြိုတင်သိမြင်လို့ ပါတီ အသစ်တစ်ခု ထောင်နိုင်ရေးအတွက် လိုအပ်သော ငွေကြေးထောက်ပံ့မှုများ ရှာဖွေရန် အတွက် ထိုင်းနိုင်ငံကို ရောက်ရှိနေတာပါ။ ဦးသုဝေ နဲ့ ရင်းနှီးသူ ဒေါ်ချိုချိုကျော်ငြိမ်းကလည်း စစ်ထောက်လှမ်းရေးနဲ့ တိုင်ပင်ဖွဲ့စည်းထားတဲ့ ဦးအေးလွင်၊ ဦးသိန်းတင်အောင်၊ ဦးဖြိုးမင်းသိန်း တို့နဲ့ ပါတီ သီးသန့် ထောင်ဖို့ စီစဉ်ပြီးပါပြီ။ သူတို့အုပ်စုရဲ့ ရန်ကုန်မြို့က ၊ ကရ၀ိတ် ဟိုတယ်မှာ ပြုလုပ်တဲ့ ဟောပြောပွဲ အကြောင်းကို န-အ-ဖ သတင်းစာတွေက ဆောင်းပါးရေးပြီး ချီးမွမ်းထားပါတယ်။
http://saffrontoward.blogspot.com/ မှ

အပြည့်အစုံသတင်းဖတ်ရန်....

လာပြန်ပြီ..မကျူးလွန်တဲ့အပြစ်ကို မတရားသူကြီးက..မတတ်ဘဲ ညာဦးမယ်..

မနက်ဖြန် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဗဟိုတရားရုံး အယူခံအမှုစီရင်ချက်ချမည်။
နေအိမ်အကျယ်ချုပ်ချထားခံရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်ချမှတ်မှုအတွက် ဗဟိုတရားရုံး အယူခံအမှုကို မနက်ဖြန်မနက် ၁၀နာရီမှာ အမိန့်ချမှတ်မှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်တဲ့ အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
"
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗဟိုတရားရုံး အယူခံအမှုကို မနက်ဖြန်မနက် ၁၀နာရီမှာ အမိန့်ချမှတ် မှာဖြစ်ပါတယ်။ ဒီနေ့ဗဟိုတရားရုံး Notice Board မှာကပ်ထားပါတယ်။ " ဟုအကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ်မေလက အမေရိကန်နိုင်ငံသား မစ္စတာယက်တော နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့မှုနဲ့ ပတ်သတ်ပြီး မတရားအမှုစီရင်ချက် ချမှတ်ခြင်းခံခဲ့ရပါတယ်။ အမှုနှင့်ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ ဥပဒေအရ ဆုံးခန်းတိုင်အောင် ဆောင်ရွက် မည်ဟုပြောဆိုထားပါတယ်။ ပြီးခဲတဲ့ အပတ်က မြန်မာနိုင်ငံသို့ လာရောက်ခဲတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တာနားက ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် အရေးယူထားသော ဥပဒေသည် အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းနှင့် ကိုက်ညီမှုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။

" ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်နယ်နဲ့တိုင်းအလိုက် CC ရွေးချယ်မှုဒီနေ့ ပြီးဆုံးပါတယ်။ မကြာခင်မှာ လူကြီးတွေ ညှိနှိုင်းဆုံးဖြတ်ပြီး အမည်စာရင်းထုတ်ပြန်ပါမယ်။ တပြည်လုံးအတိုင်းအတာနဲ့ CC အားလုံး ၁၀၀ ရှိပါတယ်ဟု" ပြောခွင့်ရပုဂ္ဂိုလ်ရှေ့နေကြီးဦးဥာဏ်ဝင်းက ဆက်လက် ပြောဆိုသွားပါတယ်။

ပြင်းပြင်းထန်ထန် အကြိတ်အနယ် ဆွေးနွေးခဲ့ပြီး ကြေလည်မှုရရှိခဲ့တဲ့ ပြည်နယ်နှင့်တိုင်းအလိုက် CC ရွေးချယ်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်မှ ဝမ်းမြောက်ကြောင်း မနေ့က အကျိုးဆောင်ရှေ့နေနှစ်ဦးနဲ့ တွေ့ဆုံစဉ်ပြောဆိုခဲ့ပါတယ်။

သတင်း..ဒီမိုဝေယံ

အပြည့်အစုံသတင်းဖတ်ရန်....

သာဓု ခေါ်စေနိုင်ဖို့ 



အပြည့်အစုံသတင်းဖတ်ရန်....

ရည်မှန်းချက် မပြောင်းလည်းကြပါနဲ့ 

မင်းမော်စိုး/Fight for freedom
ဒီနေ့ သတင်းတွေယူဖို့  သတင်းဆိုဒ်တွေလိုက်ဖတ်တော့ ဧရာဝတီမှာဦးသုဝေနှင့်ဒေါက်တာခင်ဇော်ဝင်းတို့  နှစ်ယောက်က ရွေးကောက်ပွဲ ဝင်ဖို့  ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်နေသည့် စာနယ်ဇင်း ညီလာခံတခု မှာ ပြောတာကိုဖတ်လိုက်ရတယ် သူတို့ ဘာရည်မှန်းချက်နဲ့ ဘယ်လိုလုပ်ပြီး ဒီလိုစကား ကိုပြောတယ်ဆိုတာ တော့ ကျနော်မစဉ်းစားတတ်ဘူး ထင်တာကတော့ ပွဲလန့် တုန်းဖျာဝင်ခင်းချင်ကြတဲ့ နိုင်ငံရေးလုပ်စားသူတွေ အများသွေးချွေးတွေကျခဲ့တာကို မသိချင်ယောင်ဆောင်တဲ့လူတွေလို့ ပဲထင်ပါသည်။

လူကြီးတွေ ဝါရင့်နိုင်ငံရေးသမားကြီးတွေ လုပ်ခဲ့လို့ ပဲ တိုင်းပြည်ဖွတ်တက်ပြီး လူတွေခွေးဖြစ်နေရပြီ။ လူငယ်တွေ အရည်အချင်းရှိသူတွေ အများကြီးထောင်ထဲ ရောက်ခဲ့ရသည်။ ၈၈၈၈ ဖြစ်ပြီးမှ ထွက်လာလိုက်ကြ တဲ့ ဝါရင့်နိုင်ငံရေးသမားတွေ လူကြီးတွေ အခု အနှစ်(၂၀) ကျော်ပြီ ဘာတွေဖြစ်လာပြီလည်း ဆိုတာ သုံးသတ် ကြည့်ကြပါ အားလုံး လူထုပြည်သူဟာပိုပြီး ဆင်းရဲ ဒုက္ခတွင်းထဲ ရောက်ပြီးရင်းရောက်နေတာပါ။



ရွေးကောက်ပွဲဆိုမှ ဟိုကဒီက မိုးတွင်းဖားလေးတွေလိုပဲ အသံလေးတွေထွက်လာကြတာ ၂၀၀၇ သံဃာ လှုပ်ရှားမှုသပိတ်ကြီးတုန်းက ဘယ်ရောက်ပြီး ဘယ်ချောင်ကပ်နေကြလည်း ဆရာကြီး ဝါရင့်ကြီးတွေ မသိနားမလည်တဲ့ လူငယ်တွေ ပြည်သူလူထုကို ဦးဆောင်မှုပေးဖို့ ထွက်လာခဲ့ကြပါလား။

ယ္ခုရွေးကောက်ပွဲကို အယုံအကြည်ရှိရမှာလား၊၁၉၉၀ ရွေးကောက်ပွဲ ရလဒ်က ဘယ်ရောက်သွားပြီ လည်း အနိုင်ရခဲ့တဲ့ NLD ပါတီဝင်တွေ ထောင်ထဲရောက်တာပဲ အဖတ်တင်ပါတယ်၊ယ္ခုရွေးကောက်ပွဲ ပြီးသွားရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကဖြစ်လာမှာလား၊ဗိုလ်ချုပ်အောင်ဆန်း ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်က ၁၉၆၂ မှာထဲက ပြီးသွားပါပြီ။ဗိုလ်ချုပ်ကြီးနေဝင်း ဆိုတဲ့ အရူးတစ်ယောက် လုပ်ခဲ့တာ တိုင်းပြည်မှာ ဗြဟ္မစိုရ် တရား (၄)ပါး တောင်ပျောက်ဆုံးနေခဲ့ပါသည်။ဒီမိုကရေစီလူမှုစနစ် တည်ဆောက်ဖို့ ဆိုကျနော်တို့ အများကြီး ပြန်တည်ဆောက်ရဦးမှာပါ။

တိုင်းပြည်ကောင်းစားဖို့ လုပ်ကြမှာလား မိမိကောင်းစားရေး လုပ်ကြမှာလား ပြည်ပြေးတွေကတော့ မိမိကောင်းစားရေးလုပ်နေကြတာ ဝန်ကြီးချုပ်ဆိုတဲ့ ဒေါက်တာစိန်ဝင်းနဲ့ အပေါင်းအပါများအပါအဝင် ပြည်ပ အတိုက်အခံတွေ အားလုံး အလှုရှင်နဲ့ ရပ်တည်နေရတာ သူတို့ ကိုယ်တိုင်သိပါလိမ့်မည်။ပြည်တွင်းမှာ တော်လှန် ရေး အင်အားစုမရှိဘဲ လူစွာကျယ်လုပ်နေတဲ့ ပြည်ပက အတိုက်အခံဆိုတဲ့လူတွေ အသေအချာစဉ်းစားဖို့  သင့်သည်။ပြည်တွင်းက အတိုက်အခံအင်းအားစုကလည်း မိမိရည်ရွယ်ချက် မပျောက်ဘဲစစ်အစိုးရကို
တော်လှန်ဖို့ အတွက်လုပ်သင့်သည်။ပူးသတ်မည် ဆိုပြီး စဉ်းစားနေရင် ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး၊

တော်လှန်ရေးဟာ တော်လှန်ရေးပီသစွာလုပ်မှာ လိုချင်တဲ့ ပန်းတိုင်ရောက်မှာပါ။ယ္ခုအချိန်က ပိုကောင်း ပါတယ် အုပ်ချုပ်သူဟာ သူ့ စနစ်ကိုပြောင်းဖို့ လုပ်နေချိန်မှာ ကျနော်တို့ ပိုပြီးကြိုးစား သင့်ပါသည်။အားလုံး ညီညွှတ်စွာ တော်လှန်ရေးရည်မှန်းချက်မပြောင်းဘဲ ဆက်လက်ချီတက်ကြပါ။

မင်းမော်စိုး

အပြည့်အစုံသတင်းဖတ်ရန်....

ရဟန်းသံဃာများလည်း လွတ်လပ်ခွင့် မရှိတော့

တင်ကျော်ကျော်စိုး

မော်တော်ကားတွယ်စီး၍ဆွမ်းခံထွက်နေရသည့် ကိုယ်တော်များ

ရန်ကုန်၊၊လက်ရှိ သံဃမဟာနာယက အဖွဲ့ မှ နိုင်ငံတ၀ှမ်းရှိ သံဃာတော်များ အားပိုမိုတင်းကျပ်သည့် အမိန့် များထုတ်
ပြန်သွားရန်စီစဉ်လျှက် ရှိကြောင်း သိရသည်။ သံဃမဟာ နာယက အဖွဲ့ မှ သံဃာတော်များ အား မကြာခင်
ထုတ်ပြန်မည့် အမိန့် များတွင် လက်ကိုင်ဖုန်း ကိုင်ဆောင်ခြင်း၊ကွန်ပျူတာ နှင့် ပရင်တာ စာကူးစက်များ သုံး
ခြင်း၊နိုင်ငံခြားခရီးသွားလာခြင်း အပါအ၀င် တစ်နေ့ လျှင် ခြောက်နာရီခန့် သာ ကျောင်းတိုက်ပြင်ပ ထွက်ရှိ ခြင်းတို့ ပါဝင်သည်။

မန္တလေးမြို့ မြတောင်တိုက်မှ အမည်မဖော်လိုသော သံဃာတော် တစ်ပါးက မူ ဒါဘုန်းကြီးတွေ ကို အကျယ်ချုပ်
လုပ်တာပဲ ဘာပဲဖြစ်ဖြစ်လေ ဘယ်ဘုန်းကြီးမှ လိုက်နာမှာ မဟုတ်ဘူး ဟု Freedom News Group သို့ ပြောသည်။

သံဃာမဟာနယက အဖွဲ့ မှ ယခုလို သံဃာထု အပေါ်တင်းကျပ်သော စည်းမျဉ်းများ ထုတ်ရန်ရေးဆွဲနေခြင်းမှာ
မကြာခင် ရွေးကောက်ပွဲ ကျင်းပတော့မည် ဟု ကြိမ်ဖန်များစွာ ပြောနေသည် မြန်မာစစ်အစိုးရ၏ ဖိအားပေးမှု
ကြောင့်သာ ဖြစ်ကြောင်း သာသနာရေး ၀န်ကြီး ဌာန မှ အရာရှိ တစ်ဦးကပြောသည်။

မြန်မာ နိုင်ငံတွင် ၂၀၀၇ ခုနှစ် သြဂုတ်၊စက်တင်ဘာ လ သံဃာတော်များဦး ဆောင် သော ရွှေဝါရောင် တော်လှန်
ရေးနောက်ပိုင်း တွင် စစ်အစိုးရ က သံဃာတော်များအားဖမ်းဆီးထောင်ချခြင်း ၊ကျောင်းတိုက်
များအားပိတ်ပြစ်ခြင်း၊ အတင်းအကျပ်လူဝတ်လဲစေခြင်း၊နိုင်ငံခြားခရီးသွားလာခွင့် ကန့် သတ်ခြင်း တို အား
အတင်းအကျပ် လုပ်ဆောင်ခဲ့သည်။

ယခင် သီတင်းပတ်က ကုလ အထူးသံ သောမတ်စ် ဟိုဂျေ ကွင်တားနားရောက်ရှိ နေချိန်တွင် ဗားကရာ
ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးဃောသိတ အား နာဂစ် လေဘေး ဒုက္ခသည်များ အား ကူ
ညီမှု ဖြင့် ထောင်ဒဏ် ခုနှစ် ချမှတ်ခဲ့သည်။

ရန်ကုန်မြို့ နှင့် မန္တလေးမြို့ တွင် သံဃာတော်များ သီတင်း သုံးရာ ကျောင်းတိုက် အချို့ အား စစ်အစိုးရ
လက်ကိုင်တုတ်များ ဖြစ်သည့် ရဲ၊ထောက်လှမ်းရေး နှင့် ကြံဖွတ်များက အချိန်ပြည့် ထောက်လှမ်းစောင့်ကြည့်
မှုများပြုလုပ်သည်။
(ဖေါ်ပြခြင်းနှင့်ပါတ်သက်၍ဝေဖန်နိုင်ပါသည်-ဒေါင်းတမာန်)ကူးယူရာလိတ်စာ
http://freedomnewsgroup.com/2010/02/25/%E1%80%9E%E1%80%B6%E1%80%83%E1%80%AC%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%86%E1%80%BC%E1%80%99%E1%80%B9%E1%80%B8%E1%80%81%E1%80%B6%E1%80%91%E1%80%BC%E1%80%80/

အပြည့်အစုံသတင်းဖတ်ရန်....

အာဇာနည်အကြံပြုတဲ့ ဗမာပြည်မြေပုံ အစစ် ရန်ကုန်တိုင်း နှင့်တနင်္သာရီတိုင်း ဖြတ်ပြီးစဉ်

ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်း ဖြုတ်ပြီး ချိန်တွင် ၊ တိုင်းရင်းသားညီအစ်ကို ပေါင်းတို့ ခင်များ ဗမာပြည်မြေပုံ စစ်စစ် ကို ဤသို့  လဒ အကောင်ပေါက် အသွင်ဖြစ် ကမ္ဘာ့ မြေပုံတွင် တွေ့  မြင်ကြရမှာဖြစ်ပါတယ် ။


အပြည့်အစုံသတင်းဖတ်ရန်....

နအဖ တပ် စကခ (၇) မှ စာသင်ကျောင်းကိုတိုက်ခိုက်


ဒဏ်ရာဖြင့် ငိုကြွေးနေသော စောရိုးဘီမူး

၂၀၁၀ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် စကခ (၇) မှ တာအူးပလော စာသင်ကျောင်း ကိုပစ်ခတ်သဖြင့်

ကျောင်းသား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့ပါသည်။ စောရေးရေ မှာ ညာ ဖက်ခြေထောက်တွင်

ဒဏ်ရာရပြီး စောအယ်ကော် မှာ ညာဖက်လက်တွင်ဒဏ်ရာ ရခဲ့ပါ သည်။ ၄င်းခလေးများကို Free Burma Ranger

မှ ဆေးကုသပေးခဲ့သဖြင့် စိုမ်းရိမ်စရာမရှိတော့ပေမဲ့ စောရိုးဘီမူး ၁၆နှစ် မှာ ၀မ်းဗိုက်ဘေးတွင်ဒဏ်ရာ

ပြင်းထန်စွာ ရရှိခဲ့ပါသည်။ Free Burma Ranger မှ ၄င်းကျောင်းသားအား ဆေးခန်းသို့ ကူညီပို့ဆောင်ခဲ့

သော်လည်းဖေဖေါ်ဝါရီလ ၂၁ ရက်တွင် ရရှိသော ဒဏ်ရာဖြင့်သေဆုံးခဲ့ပါသည်။ ဌာနဆိုင်ရာနှင့် ၀န်ကြီးများ

ရုံးတွင်တိုင်းရင်းသားများကို ခွဲခြားအုပ်ချုပ်သော နအဖ အာဏာသိမ်းအစိုးရသည် ၄င်း၏လက်နက်ကိုင်တပ်

တွင်းသို့ တိုင်းရင်းသားများကို တရားဝင် ၀င်ခွင့်ပိတ်ပင်ခြင်း၊ ရှိနေသော ရဲဘော်နှင့် အရာရှိများကို ရာထူး

မတိုးပေးခြင်းများကို တွင်ကျယ်စွာဆောင်ရွက်လာပါသည်။ ထို့ပြင်တိုင်းရင်းသားများမတိုးတက်နိုင်ရန် နှင့်

စာမတတ်မူ့ နှုန်း မြင့်မားလာအောင်ဆောင်ရွက်ရာတွင် ဤတိုက်ခိုက်မူ့သည် သက်သေသာဓက တစ်ခုအ

ဖြစ်ထင်ရှားနေပါသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, February 24, 2010

ဘုန်းကြီးအလောင်းတွေ ရေထဲမျောပြီး ကလေးစစ်သားဘဲပေါတဲ့ မြေ

နောက်ထပ် သံဃာတော်များ ဖမ်းဆီးရန်ရှိဟု မယကပြောTue 23 Feb 2010, IMNA
သံဖြူဇရပ်မြို့ပေါ်တွင် မွန်သံဃာတော်တစ်ပါးအဖမ်းခံရပြီးနောက် မုဒုံမြို့နယ်မယကမှ ကျေးရွာရယကများကို အစည်းအဝေးခေါ်ရာတွင် နောက်ထပ် သံဃာတော် ၃၅ ပါး ဖမ်းဆီးရန်ရှိသည်ဟု အစည်းဝေးမှာ ပြောကြားထားသည်။

“စရဖတွေရဲ့ပြောပြချက်အရ သူတို့မှာ နောက်ထပ် သံဃာတော် ၃၅ ပါး စာရင်းရထားတယ်၊ ထပ်ဖမ်းဖို့ရှိတယ်” ဟု အစည်းအဝေးသက်ရောက်ခဲ့သူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သို့သော်လည်း ယခုချိန်ထိ နောက်ထပ်သံဃာတော်များ အဖမ်းအဆီးခံရမှုမရှိသေးပေ။ အဖမ်းဆီးခံထားရသည့် သံဃာတော် အရှင်ဥက္ကံသလည်း နှစ်လပင်ပြည့်တော့မည် သတင်းတစုံတရာမှ မသိရှိရကြောင်း သံဃာတော်တို့၏ ပြောပြချက်အရ သိရသည်။

မြန်မာစစ်အစိုးရမှ အရှင်ဥက္ကံသဖမ်းဆီးခံမရမှုနှင့်ပတ်သက်ပြီး ယခုလိုမျိုး သံဃာတော်များ ထပ်မံဖမ်းဆီးရန်သတင်းနှင့် ဘုန်းကြီးကျောင်းတချို့ ဝင်ရောက်စစ်ဆေးခြင်းများ စာသင်တိုက်သို့ သွားရောက်မေးမြန်းမှုများရှိနေသည့်အတွက် တချို့သံဃာတော်များ ကြောက်ရွံ့ပြီး တိမ်းရှောင်နေရသည့် သံဃာတော်များလည်းရှိသည်။

“ဦးဇင်းဇော်လတ်အဖမ်းခံရပြီးတော့ နောက်ထပ်သံဃာ ၃၅ ပါးကိုလည်း ဖမ်းဖို့ရှိတယ်ဆိုပြီး မုဒုံမယကက ဥက္ကဌတွေကို အစည်းအဝေးခေါ်ရာမှာ ပြောထားတယ်၊ သူတို့ပြောတာ စရဖကလာတဲ့သတင်းအရပေါ့တဲ့ ဒါပေမယ့် ဖမ်းတာ ဆီးတာတော့ နောက်ထပ်မကြားရသေးဘူး၊ တချို့သံဃာတွေကျတော့ ကြောက်လို့ ရှောင်နေကြတာတော့ရှိတယ်” ဟု ကျောင်းထိုင် ဆရာတော်တစ်ပါးက မိန့်သည်။

ထိုသံဃာတော်သည် ဖမ်းဆီးခံထားရသည့်နေ့မှစပြီး ယနေ့ထိ မိသားစုအပါအဝင် သူနှင့်နီးစပ်သည့် သံဃာများလည်း တွေ့ဆုံခွင့်မရှိကြောင်း၊ မည်သည့်နေရာ မည်သည့်ဒေသဆီသို့ ပို့လိုက်ကြောင်းကိုလည်း မြန်မာစစ်အစိုးရဘက်မှ သတင်းပိတ်ပင်ထားသည်။

“အခုလိုမျိုး သံဃာတော်တွေကို ဖမ်းမယ်၊ စစ်ဆေးမယ်၊ ဟိုကျောင်းတွေဝင်လို ဒီကျောင်းတွေဝင်လိုက်လုပ်နေတာဟာ နောက်ထပ်သံဃာတော်တွေ မလှုပ်ရှားနိုင်အောင် မလှုပ်ရှားရဲအောင် လုပ်တာပဲ” ဟု နိုင်ငံရေးသုံးသပ်သူတစ်ဦးက ဝေဖန်ပြောဆိုလိုက်သည်။

ထိုသံဃာတော်ကို ဖမ်းဆီးလိုက်ပြီးနောက် ဝါခရူကျေးရွာရှိဘုန်းကြီးကျောင်းတစ်ကျောင်းကိုလည်း ရဲများ နှစ်ကြိမ်နှစ်ခါ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

နှစ်လပြည့်လုနီးပါးရှိသော်လည်း ထိုသံဃာတော်ကို မည်သည့်အမှုဖြင့်ဖမ်းဆီးထားပြီး မည်သည်အရပ်ဒေသမှာ ချုပ်နှောင်ထားသည်ကို စုံစမ်းသော်လည်း မြန်မာစစ်အစိုးရဘက်မှ သတင်းတစုံတရာထွက်ပေါ်လာခြင်းမရှိသေးပါ။

အရှင်ဥက္ကံသကို ဇန်နဝါရီလ ၇ ရက်နေ့မှာ သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်မှာ လက်ဆွဲကွန်ပျူတာတစ်လုံး၊ ဗွီဒီယိုကင်မရာတစ်လုံး၊ ဒစ်ဂျစ်တယ်အိတ်ဆောင်ကင်မရာ တစ်လုံးနှင့်အတူ ၂၀၁၀ ရွေက်ကောက်ပွဲဆန့်ကျင်စာရွက်များနှင့်အတူ ရဲများ ဖမ်းဆီးလိုက်သည်။
http://www.monnews-imna.com/burmese/newsupdate.php?ID=609

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ကင်တားနား၏ မြန်မာနိုင်ငံ ခရီးစဉ် ထုတ်ပြန်ချက်ကို သဘောတူဟုပြော

ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ နှစ်နာရီကြာ တွေ့ဆုံခဲ့သူ သူမ၏ရှေ့နေနှင့် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်း စုကြည်အနေနှင့် ပြီးသောသောကြာနေ့က မြန်မာနိုင်ငံသို့ ၅ရက် ခရီးစဉ် အပြီးတွင် မစ္စတာ ကင်တာနား၏ ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက် ကို အပြည့်အဝ သဘောတူသည်ဟု ပြောပြခဲ့ ပါသည်။

ထိုထုတ်ပြန်ချက်တွင် မစ္စတာ ကင်တားနားက နိုင်ငံရေးယုံကြည်ချက်တွေကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ တို့ ပါဝင်ပါတ်သက်ခွင့်မရှိပဲ၊ နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီရဲ့ စည်းရုံးလှုပ်ရှားခွင့်တွေ ပြုလုပ်ခွင့် ပေးခြင်းမရှိပဲ ကျင်းပမယ်ဆိုရင် စစ်အုပ်ချုပ်သူတွေ ကျင်းပမယ့် အဲဒီရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတမှု ရှိမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တိုင်တွေ့ဆုံခဲ့သူ ဦးဥာဏ်ဝင်းက “ကျွန်တော်တို့ရဲ့ ပါတီခေါင်းဆောင်က မြန်မာ နိုင်ငံမှာ ၅ရက်ခရီးစဉ်ပြီးဆုံးတဲ့ သောကြာနေ့က မစ္စတာ ကင်တားနားရဲ့ စစ်အုပ်ချုပ်သူတွေကို ဝေဖန်ပြောဆို ခဲ့တာဟာ မှန်ကန်ပြီး ဆီလျှော်မှု ရှိတယ်လို့ ပြောခဲ့ပါတယ်” ဟု ပြန်လည် ပြောပြခဲ့ကြောင်း သိရပါသည်။
ဥိးဥာဏ်ဝင်းကပဲ ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဖေဖေါ်ဝါရီလါ ၁၃ ရက်နေ့က လွတ်မြောက် လာတဲ့ NLD ဒုဥက္ကဌ ဦးတင်ဦးဟာ သူရဲ့ တာဝန် ဝတ္တရားတွေကို နောက်ရက်မှာပဲ စတင်ထမ်းဆောင်ခဲ့တာနဲ့ ၊ NLD ရဲ့ အီးစီ ၁၁ ဦးကနေ ၂၀ဦးအထိ တိုးချဲ့မယ့် အစီအစဉ်ကိုလဲ အပေါ် ကျေနပ်အားရမိတယ်လို့ သူ့ကို ပြောပြ ခဲ့တယ်လို့ ဆိုပါတယ်။
ဦးဥာဏ်ဝင်းကပဲ NLD ပါတီဟာ အလုပ်အမှုဆောင် ၁၀၀နဲ့ ဗဟိုကော်မတီ ၂၀ ရှိမယ့် အလုပ်အမှုဆောင် ကော်မတီ တိုးချဲ့ဖွဲစည်းရေးအတွက် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
http://saffrontoward.blogspot.com/2010/02/blog-post_24.html

အပြည့်အစုံသတင်းဖတ်ရန်....

စိုင်းစိုင်းခမ်းလှိုင်ရေ မင်းသတိထား

ကြာကူလီ စိန်မျောက်မျောက်..နေရွှေသွေးအောင် (ခ) ဖိုးလပြည့်


ပြည်သူချစ်တဲ့အနုပညာရှင် တစ်ယောက် ရေတိမ်နစ်တော့မှာ တွေးပူနေမိတယ်။ လိုချင်ရမ္မက်ကြီးပြီး စိတ်ဓါတ်အဆင့်တန်းနိမ့်လွန်းလှတဲ့ သန်းရွှေတို့မိသားစုဟာသူတို့မနာလိုတဲ့လူတွေ ပေါ်မှာ အောက်လမ်းနည်းတွေ သုးံပြီးအနိုင်ယူလေ့ရှိတာကြောင့်ပါ။ ခုတစ်ခါတော့ စိုင်းစိုင်းအလှည့် ရောက်လို့ပါပြီ။ ပြီးခဲ့တဲ့ဖြစ်စဉ်တချို့ ပြန်ကြည့်ကြည့်ရအောင်။

၁. ကွယ်လွန်သူ အတွင်းရေးမှုး ၂ ဟောင်းတင်ဦးရဲ့သား၊ မြို့တော်ဝန်ဟောင်း ဦးကိုလေးရဲ့သမက်ဟာ ဘိုးတော် ၏ သမီး ၀က်ပုပ်မ..သန္တာရွှေကို အပျော်ကြံတယ်လို့ တစ်ဖက်သပ်စွပ်စွဲပြီးကားနဲ့တိုက်သတ်ခဲ့ ပြီး မတော်တစ်ဆမှုပါ လို့အကြောင်းပြခဲ့တယ်။ ကံကောင်းထောက်မစွာ အသက်မဆုးံရှုးံခဲ့ရပေမယ့် အဖြစ်မှန် ကို ရေလုံနှုတ်ပိတ်ပြီး နိုင်ငံခြားရေးရုးံမှလည်း အလုပ်ဖြုတ်ခံရကာ ဒုက္ခိတဘဝနဲ့ အရိုးထုပ်နေရပါတယ်။

၂. စိမ်းလဲ့ကန်သာ၅လောင်းပြိုင်လူသတ်မှု ယနေ့ထိမဖော်ထုတ်နိုင်သေးပါဘူး။ သန္တာရွှေ ရဲ့ မင်္ဂလာပွဲ အတွက် မိုးကုပ်မြမောင် မိသားစုသာလျှင် ပိုင်ဆိုင်တဲ့ ဖိတ်ဖိတ်တောက် စိန်တွေ ဌား။ အရှက်မရှိ သူ့ ဟာလိုကြွား လောဘတက် ပြန်မပေးချင်တော့ မိသားစုတစ်စုလုံး အသေသတ်ပြီး.သတင်းအမှောင်ချပြီးတော့ မီဒီယာတွေ မေ့ပျောက် သွားအောင် လှည့်စားနေပါတယ်။ အမေရိကန်သံရုးံက CCTV မှတ်တမ်းခွေပေးခဲ့တော့ ဗိုလ်ချုပ် မောင်ဘို ကိုယ်တိုင်ပြည်ထဲရေးဝန်ကြီးရုးံမှာ လာသိမ်းသွားခဲ့ပါသတဲ့။ ဘာလို့လဲဆိုတော့အဲဒီအိမ်ထဲကို နောက်ဆုးံ ဝင်သွားတဲ့ ပါရာဒိုအနက်ရောင်ကားဟာ ကြိုင်သန်းရွှေရဲ့ကားဖြစ်နေလို့ပါတဲ့။

သာမန်လူတမ်းစားတွေဒီလိုရာဇဝတ်မှုမျိုးကျုးလွန်ချင်ပါတယ် ဆိုရင်တောင် ကျုးလွန်နိုင်လောက်တဲ့ လက်နက်အင်အားမရှိပါဘူး။ ဒါကြောင့်ဗိုလ်ချုပ်ရဲမြင့်သား အောင်ဇော်ရဲမြင့် ကို စိတ်ကြွဆေးပြားတွေ ထုတ်လုပ် တာမိတော့ တရားရုးံတင်ဖို့နေနေသာ သာဖမ်း တောင်မဖမ်းရဲပါဘူး။ ဆေးသမားက သူတို့ထက်ကြမ်းတယ် ဖမ်းရဲဖမ်းကြည့် ၅ လောင်းပြိုင်ကိစ္စဖော်လိုက်မယ် ဆိုတာနဲ့သန်းရွှေကြီး အမြှီးကုပ်သွားရပါတယ်တဲ့။

၃. မေ ၃၀ ဒီပဲယင်းလူသတ်ပွဲကြီးကတော့ ကမ္ဘာသိမို့အထူးမပြောတော့ပါဘူး။ပုဂ္ဂိုလ် ရေးမနာလိုစိတ်ရယ် မိသားစု ကောင်းစားရေး အတွက် သန်းရွှေခြေကုန်ထုတ်ရမ်းခဲ့တဲ့ ရာဇ၀တ် ပွဲပါ။

၎. မကြာခင်ကမှဖြစ်သွားတဲ့နောက်တစ်ခုကတော့ 7 CORNER ဆိုတဲ့အတွင်းရေး မှုး ၁ တင်အောင်မြင့်ဦးသား နဲ့ စီမံကိန်းဝန်ကြီးစိုးသာ သာ တို့ပိုင်တဲ့ဆိုင် ကယိုးဒယားက စားဖိုမှုး၊ ကြိုးမဲ့အင်တာနက်တွေနဲ့ ရန်ကုန် လူငယ်တွေကြား ရေပန်းစားလာတော့စိန်မျောက်မျောက်က ဘူဒိုဇာနဲ့ထိုးပြီး ဖျက်ဆီးခိုင်းတဲ့ထိမ နာလိုစိတ်ပြင်း တဲ့ မိသားစုတွေပါ။ မြေးကမရင့်ကျက်သေးလို့လုပ်တယ် ဆိုရင်တောင် သေခါနီး အဘိုးနဲ့အဖွားက မဆုးံမကြဘူး လား။ မြေးတစ်ယောက်ကိုတောင်နိုင်အောင် မအုပ်ထိမ်းနိုင်တဲ့အဘိုးက ၅၅ သန်းရှိတဲ့တိုင်းပြည်ကို အုပ်ချုပ်လို့ တိုင်းပြည်ပျက်တာ ဆန်းသလားဗျာ။

ခုလက်တလောစိန်မျောက်မျောက် အရူးရောဂါ နှာဘူးရောဂါ ထနေပြီး။နိုင်ငံတော်အုပ်ချုပ်ရေးပိုင်းမှာတောင်ဝင် စွက်လာပြီ။ နေမြင့်လေ အရူးရင့်ဆိုသလို။ အောက်ကသတင်းလေး ဖတ်ကြည့်ကြပါအုးံ။

အနုပညာရှင်တစ်ယောက်ရဲ့တွေရဲ့ဓါတ်ပုံဖော်ပြခွင့်ကိုအဘိုးရဲ့အာဏာသုးံပြီးပိတ်ပင်တယ်ဆိုတော့ဒီနိုင်ငံဟာဘယ်အခြေနေရောက်နေပြီလဲ။ တရားတဲ့ဥပဒေဆိုတာကောရှိသေးရဲ့လား။
မကြာခင်မှာ ဒီထက်တဆင့်တက်ပြီးမနာလိုစိတ်နဲ့ အကောက်ကျစ်ဆုးံအောက်လမ်း ပေါင်းစုံနဲ့ စိုင်းစိုင်းကို တိုက်ခိုက်တော့မယ် ဆိုတာ မြေကြီး လက်ခက်မလွဲပါဘဲ။ ဘယ်ပုံဘယ်နည်းနဲ့ယုတ်မလဲရယ်။ ဘယ်တော့လည်း ဆိုတာကိုတော့ မကြာခင် အဖြေထွက်မှာပါ။

ဒီမိသားစုတစ်စုကြောင့် ၅၅ သန်းသော ပြည်သူတွေ မှီတင်းနေထိုင်တဲ့မြန်မာနိုင်ငံမှာ
အပြစ်မဲ့ ပြည်သူဘယ်လောက်သေခဲ့ရပြီးပြီလဲ၊
အပြစ် မဲ့ပြည်သူ ဘယ်လောက် ဘဝတွေပျက်ခဲ့ရပြီလဲ၊
အပြစ်မဲ့ပြည်သူ ဘယ်လောက် အကျဉ်းကျခဲ့ကြပြီးပြီလဲ၊
အပြစ်မဲ့ပြည်သူ မည်မျှငတ်ပြတ်ခဲ့ရပြီလဲ.
မိသားစုတွေ ဘယ်လောက်ငိုကြွေးနေရဆဲလဲ။
ဒါကြောင့်နောက်ထပ်ပြည်သူချစ်တဲ့အနုပညာရှင် တစ်ယောက်အကြောင်းမဲ့ မဆုးံရလေအောင် စိုင်းစိုင်းရေ သတိထားပါ၊

မြန်မာပြည်မှာ
ငရဲခွေးတွေလွတ်နေတယ် လို့သတိပေးလိုက်ပါရစေ။
ရန်နောင်
၂၄၊၀၂၊၂၀၁၀

မှတ်ချက်။။

စိန်မျောက်မျောက် အနေဖြင့် မိမိထက် အဆများစွာသာလွန်သော ငွေပေးဝယ်မရသော အာဏာဖြင့် ၀ယ်မရသော စိုင်းစိုင်း၏ ရုပ်ရည်သာခြင်း။ ကျော်ကြားခြင်း။ ပြည်သူချစ်ခင်ခြင်း။ ဂီတ အနူပညာ စမ်း။ မိန်းကလေး၏ အချစ် အားမနာလိုမရှုစိမ့်သည်မှာ..မြေကြီးလက်ခတ်မလွဲပါ။
မယားလိုချင်...လင်ကိုလှံနဲ့ ထိုးရိုး စကားပုံ အရ..ရနောင် မောင်မောင်တုတ်လို တဏှာထုတ် စိန်မျောက်မျောက်..မျက်ထောင့် နီနေပါ သည်။.ဆင်ရိုင်းလို မုန်ယိုနေပါသည်။ ရှက်ရမ်းရမ်း..အာဏာ ဖြင့် ဆင်ခိုးမလေးကို သိမ်းပိုက်ရန်ကြံနေသည်။ သူ၏ ရုပ်ကြမ်းကြီးဖြင့်...ရည်းစားဒါးမြ..လုပ်ချင်နေသည်။ အချစ်ကို ငွေပေးဝယ်မရ..စမ်းကို ငွေပေးဝယ်မရ။ သကောင့်သားလေးကဖြင့် မသိရှာ။
သူ ၏ ဘမျိုးဘိုးတူ အဖိုး၏ မိုက်မဲမှုကို အမွေရသည်။ အဖိုးက ဒေါ်အောင်ဆန်းစုကြည်ကို မိန်းမ တယောက် ငါနှိပ်ကွပ်ရင်ရမည် ဟုထင်သည်။ နှိပ်ကွပ်သည်။ ပြည်သူုက သူကြမ်းလေ..ဒေါ်အောင်ဆန်းစုကြည်ကို ပို ဂရုဏာသက်လေ။ သူ ရမ်းလေ..ကမ္ဘာ့တန်းဝင်..သူ၏ မိသားစု ၀င်များ.တသက်လုံး အိမ်မက်ထဲတောင် မမြင်ဖူးသည့် ဆုတံဆိပ် တွေ တခုပြီးတခု ချီးမြှင့်ခံရသည်။ စုန်းမကြီး မယ်အိုဇာ ဒေါ်ကြိုင်ကြိုင် ဖင်ဆောင့်လေသည်။ သန်းရွှေ သည် ပိုမို၍ လူဆိုးတန်းဝင်..လူယုတ်မာ ဖြစ်လေလေ ဖြစ်သည်.
ယခု ကြာကူလီ စိန်မျောက်မျောက်..လက်မ၀က် လက်တောက်လောက်ကလေးနှင့်..ပုဆိုးထဲက လက်သီး ထောင် တော့သည်။ ကောင်မလေးလှလာလေလေ..စိုင်းစိုင်းရဲ့ စမ်းထလေလေ..လူယုတ်မာသွေး က ကြွလာလေလေဖြစ်သည်။
သူ မသိသောအရာမှာ..စိုင်းစိုင်းကို သေအောင်သတ်နိုင်လျှင် သတ်နိုင်မည်ဖြစ်သော်လည်း.ကောင်မလေးအချစ်ကို သူဘယ်တော့မှ ကြောင်တောင်နှိုက်မရ မည်က သေချာသည်။
သေချာစဉ်းစား စိန်မျောက်မျောက်..ပြည်သူလက်မခံ၍ ဆာဒန်နှင့် သူသားတွေ မည်သို့  ပိုးလိုးပက်လက်သေပါသနည်း။
ကြာကူလီ ရနောင်မောင်မောင်တုတ် နောက်ဆုံးတွင်..မည်သို့ သေပါသနည်း။
ကျော်နေ၀င်း တို့  တောင် ပြုတ်ကျမှ မင်းက ဘာမို့ လည်း စိန်မျောက်မျောက်..တနေ့ ကျ သဘက်က သရဲကို ပြန်ခြောက်မှာပါ။
သတိထားဟေ့ ကိုယ်လူ..မင်း လူစဉ်မမီတဲ့  မင်းအဝှါ ကို ဒေါက်မပြုတ်စေချင်...ကြားလား..နောက်ဆုတ်..
စိုင်းစိုင်း..ကောင်မလေးကို ခု လွှတ်လိုက်...

အာဇာနည်


ဒီအကောင်ဘာကောင် သိချင် ဒီမှာဆက်ဖတ်

အပြည့်အစုံသတင်းဖတ်ရန်....

ဗမာပြည်မြေပုံအစစ် True Burma Map

တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့  သူ့ တို့ ကိုယ်ပိုင် နယ်မြေတွေအကြောင်းစဉ်းစားဖြစ်ရင်းနဲ့  ဗမာပြည်မြေပုံ ကို အစိတ်စိတ်အမွှာမွှာ လုပ်ကြည့်ဖြစ်ပါတယ် ။ သဘောကတော့ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးရပြီးရင် ကတိအတိုင်း ပေးရမယ့်  လွတ်လပ်ရေးနယ်မြေတွေပါ။ ဗိုလ်ချုပ်အောင်ဆန်း အနေနဲ့  ဗမာနဲ့ တိုင်းရင်းသား စည်လုံး ညီညွတ်စွာတိုက်ခိုက်နိုင်မှ ဗမာပြည်လွတ်လပ်ရေးရမယ်ဆိုတာ သိခဲ့လို့ ပါဘဲ ။ တကယ်တမ်း တိုင်းရင်းသား ပြည်နယ်ပေါင်းစုံနဲ့ တိုက်ခိုက် အောင်မြင်ပြီး ဗမာပြည်လွတ်လပ်ရေးရခဲ့ ပေမယ့် အာဏာရှင်နေ၀င်းရဲ့ စစ်တပ်အာဏာမက်မောမှုကြောင့်  ဗိုလ်ချုပ်ပေးခဲ့တဲ့ ကတိ ဟာ ပျက်ပြားခဲ့ရပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ ပေါ်ပေါက်ခဲ့ ကာ ဗမာပြည် အစိုးရကို တော်လှန်တာ မဆန်းပါဘူး ၊ကလေးစကားနဲ့ ပြောရရင် မင်း ကတိမတည်တဲ့ ကောင် ငါချ မယ် ပေါ့။ တကယ်လို့ ဗမာပြည် တကယ်လွတ်လပ်ရေးရပြီး သစ္စာရှိစွာနဲ့ ပြည်နယ်တွေ ပေးခဲ့ မယ်ဆိုရင် ဤပုံအတိုင်းဗမာပြည်ဟာ ယ္ခုလိုတွေ့ မြင်ရမှာပါ။




သန်းရွှေကို ဒီအတိုင်းလွှတ်မထားကြဖို့  တိုက်တွန်းပါရစေ။

ခွေးညိုကြီးလွတ်နေသည်ပေါ့ဗျာ။

အပြည့်အစုံသတင်းဖတ်ရန်....

ပထွေးမှာသမျှ ဗြောင်လိမ်ပြနေရသော ပြောင်ကြီး..ဟုတ်မှလည်းဖြီးပါ ဦးအ၀ှါ



အတုအယောင် မြန်မာ မဖြစ်ရဟု ၀န်ကြီးချုပ် သိန်းစိန်ပြော
Wednesday, 24 February 2010 15:36 ကိုထွေး .

“မြန်မာသည် မြန်မာ ယောင်ဆောင် ထားသော တိုင်းတပါး အလိုတော်ရိ မဖြစ်စေရ”ဟု ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ကချင်ပြည်နယ် ခရီးစဉ်တွင် တိုက်တွန်း ပြောကြား လိုက်သည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် (ဓာတ်ပံ - ရိုက်တာ)
ဗန်းမော်မြို့ မြို့တော်ခန်းမ၌ မြို့မိ မြိုဖများ၊ ခရိုင်နှင့် မြို့နယ် အဆင့်ရှိ ဌာန ဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့များကို ယမန်နေ့က ယင်းသို့ ပြောကြား ခဲ့ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

တစုံတဦးကို ရည်ရွယ် ပြောဆိုခြင်း မရှိသော်လည်း ဗြိတိန် နိုင်ငံသား မိုက်ကယ် အဲရစ်နှင့် လက်ထပ်ခဲ့သော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ် သူများက ဆိုသည်။

ယင်းပြောကြားချက်သည် စစ်အစိုးရ၏ သဘောထားကို လှစ်ဟ ဖော်ပြလိုက်ခြင်းဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦး ဖြစ်သူ ဦးဝင်းတင်က သုံးသပ်သည်။

“ပြေလည်ချင်တဲ့ သဘော မရှိခြင်းကို ပြတာပဲ၊ ရွေးကောက်ပွဲမတိုင်ခင် ကာလမှာ နိုင်ငံရေး အင်အားစုတွေနဲ တတ်နိုင် သမျှ ပြေပြေလည်လည် ဖြစ်ဖို့ မရှိဘူး၊ တင်းတင်းမာမာပဲ ဆက်ဆံသွားမယ်၊ ရွေးကောက်ပွဲကို လုပ်သွားမယ်ဆိုတာကို ပြလိုက်တဲ့ သဘောပဲ”ဟု ဦးဝင်းတင်က ပြောသည်။

အစိုးရပိုင် သတင်းစာများက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီကို အနောက်အုပ်စု ၏ သြဇာခံအဖြစ် မကြာခဏ ရှုတ်ချ ရေးသားမှုများ ရှိခဲ့သည်။

ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ၂၀၀၉ ခုနှစ် စက်တင်ဘာလ မှ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ အထိ ပြည်နယ်နှင့်တိုင်း များတွင်ရှိသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဝင် ၁၆ ဦးနုတ်ထွက်သည့် သတင်းကို ရေးသား ဖော်ပြထားသည်။

NLDတည်ထောင်စဉ် ကတည်းက အစိုးရက ယင်းသို့ လုပ်ဆောင်နေခြင်းဖြစ်ပြီး ယခင်က နုတ်ထွက်သည့် စာရင်းကို အချိန်နှင့် အညီ သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ အခြေအနေ အရပ်ရပ်ကြောင့် နုတ်ထွက်သူများကို ပြစ်တင် ရှုတ်ချ ပြစ်ပယ်ခြင်း မပြု လုပ်သကဲ့သို့ ရန်သူကဲ့သို့လည်း သဘောမထားကြောင်း ဦးဝင်းတင် က ဆိုသည်။

ဦးဝင်းတင်က“ပါတီဝင်တွေနုတ်ထွက်တယ်ဆိုတာက နိုင်ငံရေး ကစားမှုသက်သက်ပဲ၊ ကျနော်တို့ ပါတီဟာ သူတို့ ထင်သလို ပါတီဝင်တွေ နုတ်ထွက်တာ နှစ် ၂၀လုံးလုံး ရှိလာခဲ့ပြီဗျာ၊ ဒီနေ့ ပါတီမှာ လူတယောက်မှတောင် ကျန်စရာ အကြောင်းမရှိတော့ဘူး၊ နုတ်ထွက်တာနဲ့ ပတ်သက်ပြီးတော့ ကျနော်ကတော့ အယုံအကြည် မရှိဘူး”ဟု ပြောသည်။

NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေကလည်း“ငွေပေးလို့ပဲဖြစ်ဖြစ်၊ အတင်းအကျပ် လုပ်ခိုင်းလို့ပဲ ဖြစ်ဖြစ် လုပ်တာဖြစ်နိုင် တယ်၊ ဒါဟာ သွေးရိုးသားရိုး ကိစ္စ မဟုတ်ဘူး”ဟု ဆိုသည်။
http://www.irrawaddy.org/bur/index.php/news/1-news/2668-2010-02-24-08-38-19

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */