“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, February 24, 2010

စားပါရစေခမျ..ငတ်ကြီးကျ လွန်းလို့ ပါ

တေဇချေးတုံး ဓါတ်တိုင်လောက်အလုံးကြီးတော့မယ် ..အစားကြီးဖင်ဂေါင်းကျယ်..အီးအီးတုံးကြီးကြီးပါ တော့မယ်.

ကျပ်ငွေ ဘီလီယံ (၃၀၀) ထက်မနည်း ဦးတေဇ ရမည်
မျိုးဝင်းဇော်/ ၂၃ ဖေဖော်ဝါရီ ၂ဝ၁ဝ


(၅) သိန်းတန် စီဒီအမ်အေဖုန်းကို ရန်ကုန်တမြို့တည်း၌ပင် အလုံးရေ (၅) သိန်းအထိ ထူးကုမ္ပဏီလက်အောက်ခံ အီလိုက်တက် (Elite) ကုမ္ပဏီက ရောင်းချခွင့် ရရှိမည်ဖြစ်သဖြင့် အကျိုးအမြတ်အားဖြင့် ကျပ်ငွေ ဘီလီယံပေါင်း (၃၀၀) ကျော်ထက်မနည်း ရရှိသွားမည်ဖြစ်သည်။

ဆင်းကတ် (၅) သိန်း ရောင်းချခွင့်ရခြင်းသည် တန်ဖိုးအားဖြင့် ကျပ်ငွေ ဘီလီယံ (၂၅ဝ) နှင့် ညီမျှကြောင်း၊ အထိုင်ဖုန်း တလုံးလျှင် ကျပ် (၅) သောင်းမှ (၁) သိန်းကြား ရှိသည့်အတွက် အနည်းဆုံး ကျပ်ငွေ (၂၅) ဘီလီယံဖိုးရှိကြောင်း၊ နောက်ထပ် တယ်လီဖုန်းပြောခများ လစဉ်ရမှာလည်း ရှိနေသေးကြောင်း ရန်ကုန်မြို့ခံ မိုဘိုင်းဖုန်း အရောင်းဆိုင်ပိုင်ရှင်တဦးက ပြောကြားသည်။

“ထူးကုမ္ပဏီက ဒီဆက်သွယ်ရေးလုပ်ငန်းကို ဘယ်လောက်အထိ လုပ်ခွင့်ရသလဲဆိုရင် စီဒီအမ်အေ ဆင်းကတ်တွေကို သူတို့ဆိုင်ကနေပဲ ထုတ်ပေးတယ်။ အဲဒီ ဆင်းကတ်တွေနဲ့ သုံးမယ့် အထိုင်ဖုန်းတွေ၊ လက်ကိုင်ဖုန်းတွေကိုလည်း တရုတ်ကုမ္ပဏီတခုနဲ့ ရတနာပုံဆိုင်ဘာ စီးတီးထဲမှာပဲ တပ်ဆင်ထုတ်လုပ်ပြီး သူတို့ပဲ ရောင်းတယ်။ ဒါတင်မက တယ်လီဖုန်း ပြောဆိုခ ပရီပေးကတ်တွေကိုလည်း ခုအချိန်ကနေစ သူတို့ကုမ္ပဏီက ပဲ ရောင်းချသွားလိမ့်မယ်။ ဆိုတော့ အမြတ်အစွန်း အလွန်ကြီးတဲ့လုပ်ငန်းကို အစအဆုံး လုပ်ခွင့်ရတာပဲ။ အခြား ဘယ်သူ မှ ဒါမျိုးလုပ်ခွင့်မရဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါကိစ္စ အီလိုက်တက် ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာ ၎င်းတို့ကုမ္ပဏီက ချပေးနေသည့် (၈ဝဝ) မဂ္ဂါဟက်စ် စီဒီအမ်အေ ဖုန်းများ ကို ယခင်က ရန်ကုန်တွင် (၁) သိန်း၊ မန္တလေးတွင် (၅) သောင်း လျာထားသော်လည်း ယခုနောက်ပိုင်း လိုသလောက် ထုတ်ရောင်းပေးမည်ဖြစ်ကြောင်း၊ စီဒီအမ်အေ (၄၅ဝ) မဂ္ဂါဟပ်စ် ဖုန်းများကိုမူ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း အပါအဝင် ပြည်နယ်နှင့် တိုင်း (၉) ခုတွင် ချပေးမည်ဖြစ်ပြီး အလုံးရေ (၅) သိန်းပင် ကျော်သွားနိုင်ကြောင်း အတည်ပြုပြောဆိုသည်။

ကျပ် (၅) သိန်းတန် စီဒီအမ်အေ (၈၀၀) မဂ္ဂါဟက်စ် ဖုန်းများကို ရန်ကုန်မြို့တွင် ယခင်သတ်မှတ်ထားသောအလုံးရေ (၁) သိန်းမှ (၅) သိန်းအထိ တိုးချဲ့ငှားရမ်း တပ်ဆင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ မန္တလေးတွင်လည်း ထပ်မံတိုးမြှင့် ချထားသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ ပြောကြားချက်ကို ကိုးကား၍ ဖေဖော်ဝါရီလအတွင်း ထုတ်ဝေသော အပတ်စဉ်ထုတ် ပြည်တွင်း သတင်း ဂျာနယ်များတွင် ဖော်ပြသည်။

ယခုကဲ့သို့ ရောင်းချခွင့်ပေးလိုက်ခြင်းသည် စစ်အစိုးရလက်ထက် တန်ဖိုးပမာဏ အကြီးမားဆုံး လုပ်ပိုင်ခွင့် ပေးလိုက်ခြင်း ဖြစ်ကြောင်း မရမ်းကုန်းအိပ်ခ်ျချိန်းမှ ဆက်သွယ်ရေးအင်ဂျင်နီယာတဦးက ပြောသည်။

၎င်းက “လက်ရှိ တနိုင်ငံလုံး သုံးနေတဲ့ ဂျီအက်စ်အမ်၊ စီဒီအမ်အေ (၄၅ဝ)၊ တီဒီအမ်အေ မိုဘိုင်းဖုန်း အားလုံးပေါင်းရင် အလုံးပေါင်း (၄၈ဝ,ဝဝဝ) ပဲရှိတယ်။ ထူးကုမ္ပဏီကိုတော့ စီဒီအမ်အေ (၈ဝဝ) အထိုင်ဖုန်းနဲ့ (၄၅ဝ) မဂ္ဂါဟက်စ်ဖုန်း (၅) သိန်းအထိ ထုတ်ရောင်းခွင့်ပေး လိုက် တော့ ဒါဟာ တန်ဖိုးအကြီးမားဆုံး လုပ်ပိုင်ခွင့်ပေးတာလို့ ပြောနိုင်ပြီ” ဟု ဆိုသည်။

နအဖစစ်အစိုးရသည် ၂ဝဝ၉ ခု သြဂုတ်လ (၁၇) ရက်မှစပြီး အစိုးရကသာ လုပ်ကိုင်နိုင်သည့် အင်တာနက်အပါအဝင် ဆက်သွယ်ရေး လုပ်ငန်းများကို ရတနာပုံ တယ်လီပို့ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပြုခဲ့ပြီး အဆိုပါ ရတနာပုံ တယ်လီပို့ကုမ္ပဏီထဲတွင် ထူးကုမ္ပဏီသည် ဦး ဆောင်ကုမ္ပဏီအဖြစ် ပါဝင်သည့်အတွက် ယခုကဲ့သို့ (၈ဝဝ) မဂ္ဂါဟပ်စ် စီဒီအမ်အေ တယ်လီဖုန်း ချပေးရေးလုပ်ငန်းကို လက်ဝါး ကြီးအုပ် လုပ်ကိုင်ခွင့်ရခြင်းဖြစ်သည်။

လွန်ခဲ့သည့် (၃) နှစ် နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှု ပြင်းထန်နေချိန် ရန်ကုန် ကုန်သည်ကြီးများဟိုတယ်တွင် ပြုလုပ်သည့် အဲပုဂံ နှစ်ပတ်လည် ပွဲတခုတွင် ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇက ၎င်းသည် နိုင်ငံတကာ သူဌေးကြီးများကဲ့သို့ ငွေရလွယ်သည့် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ပြီး ချမ်းသာလာသူ မဟုတ်ကြောင်း၊ သွင်းကုန် ထုတ်ကုန်လုပ်ငန်းကိုသာ ရိုးရိုးသားသား လုပ်ကိုင်သူဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။

ယခုအချိန်တွင်မူ နိုင်ငံတကာမှာထက် ဆိုးသည့် ဆက်သွယ်ရေးလုပ်ငန်းကို လက်ဝါးကြီးအုပ် လုပ်ကိုင်လာပြီဖြစ်ကြောင်း ရန်ကုန်မြို့ခံ စီးပွားရေးသမားများအကြား ဝေဖန်နေကြသည်။

မြန်မာ့ဆက်သွယ်ရေးဌာနက ထုတ်ပြန်သည့် စာရင်းများအရ မြန်မာတနိုင်ငံလုံးတွင် လက်လှည့်နှင့် အော်တိုတယ်လီဖုန်း အလုံးရေ (၄) သိန်းခွဲနီးပါး၊ မိုဘိုင်းဖုန်းအလုံးရေ (၄) သိန်း (၈) သောင်းကျော် ချထားပြီးဖြစ်ကြောင်း၊ ၂ဝ၁ဝ -၂ဝ၁၁ ဘဏ္ဍာရေးနှစ်အတွက် လျာထားချက်မှာ အော်တိုတယ်လီဖုန်း အလုံး (၄) သောင်းကျော်နှင့် မိုဘိုင်းဖုန်း အလုံးပေါင်း (၁) သိန်း (၃) သောင်း တပ်ဆင်ပေးရန်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
http://www.khitpyaing.org/news/February%2010/23210e.php

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */