“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, February 20, 2010

သန်းရွှေနဲ့  သေဘေး နီးလာပြီ..

နောက်ဆုံးတော့ အန္တရာယ်ကင်း ပရိတ်ရွတ်တာ ဒုတ်နဲ့ တုန့် ပြန်တဲ့ ဘဘလေ..သူ့ ရွှေမြို့ တော် ၀က်တုတ်ကွေးကျရင် မြို့ သစ် ပျက်တော့မယ်..နေပြည်တော်ကနေ..သေပြည်တော်ဖြစ်တော့မယ်။
လူကြားဖြစ်တဲ့ရောဂါ..ကျည်ဆံနဲ့  ကာမရဖူး..
ဘဘ ဘုရားလည်း..၀က်တုတ်ကွေးရပြီး..ချောင်းဆိုးတိုင်း မဆန့် မပြဲ ဖင်ခေါင်းကျယ် စားထားတဲ့ အီးအီးပါထွက်ကျတော့မှာ..
တူသော ကံအကျိုးသည်...သံသရာ မဆိုင်းမီ ပေးမြဲဖြစ်၏။
သေဘေးသည် ပြေးမရ..ဘာလက်နက်နဲ့ မှ ခုခံမရ..
မသေခင်...ခွေးနက်ကြီးအလိုက်...ပြေးနိုင်သလောက်သာ ပြေးထားသန်းရွှေ...ငရဲမင်းက ဆီဖြည့်စောင့်နေတယ်..ဘဘအတွက် ရှယ်တဲ့..
ရိုးရိုးဆီနဲ့  သနလို့  ဘဘအကြိုက် ကြက်ဆူဆီနဲ့  ကြွတ်ကြွတ်ကလေးကြော်ပေးပါမယ်တဲ့ ခင်ဗျား..သ၀ဏ်လွှာပါထားပါတယ်။

နေပြည်တော်တွင် ၀က်တုပ်ကွေးဖြစ်
Friday, 19 February 2010 18:08 ၀ါးရှီးဖော
နေပြည်တော် မြို့တော်သစ်၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း A (H1N1) ၀က်တုပ်ကွေး ရောဂါပိုး ကူးစက်ခံသူ တချို့ကို တွေ့ရှိကြောင်း သတင်းရရှိသည်။

နေပြည်တော်ရှိ အစိုးရ၀န်ထမ်း အပါအ၀င် အရပ်သား တချို့ ၀က်တုပ်ကွေး ကူးစက်ခံနေရပြီး အစိုးရက ဆေးဝါးကုသမှု ပေးနေသည်ဟု ရန်ကုန်မြို့ရှိ စာနယ်ဇင်းသမား တဦးက ဧရာဝတီသို့ ပြောသည်။


ထို့အပြင် နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်သော တိုင်းရင်းသား ခေါင်းဆောင်တချို့ A (H1N1) ၀က်တုပ်ကွေး ရောဂါပိုး ကူးစက်ခံရသဖြင့် ဆေးကုသမှုခံယူ နေရသည်ဟု သိရသည်။

စစ်အစိုးရက နေပြည်တော်တွင် ရောဂါပိုးကူးစက်ပျံနှံ့သည့် သတင်းနှင့် ပတ်သက်၍ တစုံတရာ ထုတ်ပြန်ခြင်းမရှိသဖြင့် ရောဂါကူးစက်ခံရသူ မည်မျှရှိကြောင်း အတိအကျ မသိရပေ။

၂၀၁၀ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ ရန်ကုန်မြို့တွင် အဆိုပါ ရောဂါကူးစက်ခံရသူ ၂၇ ဦးရှိပြီး ၎င်းတို့ အားလုံးသည် ဒဂုံမြို့သစ် မြောက်ပိုင်းမှ ကျောင်းသူ ကျောင်းသားများ ဖြစ်ကြသည်။

“မြန်မာနိုင်ငံမှာက ရောဂါကြိုတင် ကာကွယ်ကြတာမရှိဘူး၊ တကယ်လို့များ ရောဂါပိုး ဗီဇအသွင်ပြောင်းပြီး ကူးစက်လာရင်တော့ စိုးရိမ်စရာ အခြအနေ ရှိတယ်”ဟု ရန်ကုန်မှ တိရစ္ဆာန်ကု ဆရာဝန် ဦးဇော်ရဲမြင့်က ပြောသည်။

သို့သော် ယခုလအတွင်း A(H1N1) ရောဂါပိုးရှိသူများကို ရန်ကုန်တိုင်း ဒဂုံမြို့သစ်ရှိ ပြင်ပ စာသင်ကျောင်းတခုတွင် ၂ဦး၊ ရွှေပြည်သာမြို့နယ်ရှိ စက်ရုံတခုတွင် ၃ဦး၊ မှော်ဘီမြို့နယ်ရှိ ဘာသာရေးကျောင်း တကျောင်းတွင် ၆ဦး ထပ်မံ တွေ့ရှိပြီး တခြား ပြည်နယ်နှင့် တိုင်းများတွင် ရောဂါဖြစ်ပွားမှု ဖြစ်စဉ် ထပ်မံ မတွေ့ရှိရသေးကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ထို့အပြင် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် ဆေးတက္ကသိုလ် (D.S.M.A)၌ ကျောင်းသား ၃ဦးတွင်လည်း ရောဂါပိုးတွေ့ရှိသဖြင့် ဆေးကုသမှုခံနေကြောင်း၊ အဆိုပါ ကျောင်းသား ၃ဦးတွင် လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်း ၏ သားလည်းပါဝင်ကြေားင်း စစ်အစိုးရ အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တဦးက ပြောသည်။

မြန်မာနိုင်ငံမှ A(H1N1) ၀က်တုပ်ကွေး ရောဂါပိုးကို စင်္ကာပူ လေကြောင်းလိုင်းဖြင့် ၂၀၀၉ခုနှစ် ဇွန်လတွင် ပြန်လာသော အသက် ၁၃နှစ်အရွယ်ရှိ ကျောင်းသူတဦး ထံမှ စတင်တွေ့ရှိခဲ့သည်။

A(H1N1) ၀က်တုပ်ကွေး ရောဂါပိုးကို၂၀၀၉ခုနှစ် ဧပြီလတွင် မက္ကဆီကို နိုင်ငံရှိ ၀က်များမှ စတင်တွေ့ရှိပြီးနောက် လူများသို့ ကူးစက်ဖြစ်ပွားခဲ့သည်။ ထို့နောက် ကမ္ဘာအနှံ့သို့ ရောဂါကူးစက်ပျံ့ပွားခဲ့ရာ ၇၁ရက် အကြာတွင် မြန်မာနိုင်ငံ၌ စတင်တွေ့ရှိခဲ့သည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */