“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, February 24, 2010

သူခိုးချတဲ့ ရေစက်..ဘယ်သူသာဓု ခေါ်ရဲသလည်း

ခိုးထားတဲ့ ပြည်သူငွေတွေ ကို ရေစီးကမ်းပြို ဟန်ဆောင်လှူပြနေပြန်ပြီ သွပ်သွပ်....တနားဒယ်...

ရန်ကုန် အကျိုးပြု လုပ်ငန်းများအတွက် ကြံ့ဖွံ့က ပြည်သူတွေဆီမှခီုးယူထားတဲ့မြန်မာငွေသန်း ၁၂၀၀ သုံးမည်
၂၀၁၀ ပြည့်နှစ် အတွင်း ရန်ကုန် မြို့တွင်းရှိ လမ်းများခင်းခြင်း အပါအ၀င် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) အနေနှင့် ကျပ်ငွေ ၁၂ ဘီလီယံ ကျော် သုံးစွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြောသည်။

ကြံ့ဖွံ့အသင်း ဆိုင်းဘုတ်ထူ၍ လမ်းခင်းစဉ် (ဓာတ်ပုံ - ဧရာဝတီ) (ဒီနေ့ ခင်း မနက်ဖြန်ပျက်တဲ့လမ်း)
ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်း တာဝန်ခံဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်ကာ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့အသင်းကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံမည့်သူဟု နာမည် ကြီးနေသူလည်း ဖြစ်သည်။ (ဂလိုကြောင့်ကိုး)

ရန်ကုန်မြို့နေ ပြည်သူများအတွက် အကျိုးပြုလုပ်ငန်းများကို ကြံ့ဖွံ့အသင်းက အာရုံစိုက် လုပ်ဆောင် လျက်ရှိကြောင်း၊ လမ်းခင်းခြင်း လုပ်ငန်းများတွင် ပြည်သူများ ငွေကြေးထည့်ဝင်စရာမလိုဘဲ ကြံ့ဖွံ့အသင်းက တာဝန်ယူ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်နေ့က သတင်းထောက်များအား မြို့တော်ဝန်က အသိပေးပြောဆိုခဲ့ခြင်း ဖြစ်သည်။

“စည်ပင်ကစိုက်ထုတ်တဲ့ ငွေနဲ့ ကြံ့ဖွံ့က နာမည်ခံထားတဲ့ လမ်းခင်းတာတို့၊ ရေသွယ်တာတို့၊ တခြား သာရေး၊ နာရေး၊ ကျန်းမာရေး အခမဲ့ ၀န်ဆောင်ပေးတဲ့ လုပ်ငန်းတွေမှာ ငွေကြေးတောင်းခံရင် သူ့ဆီတိုက်ရိုက် တိုင်လို့ ရတယ်ဆိုပြီး ဗိုလ်မှုးချုပ် အောင်သိန်းလင်း က ပြောတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ဆိုသည်။ (တိုင်ချင်ရင်...သူ့ ကို ဘယ်အနှိပ်ခန်းလိုက်ရှာရမလည်း)

၂၀၀၇ ခုနှစ်က ရွှေဝါရောင်တော်လှန်ရေးတွင် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြသူ သံဃာများနှင့် ပြည်သူများ ကို ဖမ်းဆီးနှိပ်စက် စစ်ကြောရာ စခန်းဖြစ်ခဲ့သော အင်းစိန် GTI ကျောင်းကိုလည်း ကြံ့ဖွံ့အသင်း၏ ပြည်သူ့ဆေး ရုံအဖြစ် ပြောင်းလဲ တည်ဆောက် နေကြောင်း မြို့တော်ဝန်က ဆိုသည်။

အခြေခံပညာ အဆင့်မြင့်တန်း (ဆယ်တန်း) စာမေးပွဲများနီးကပ်ချိန်တွင်လည်း ကြံ့ဖွံ့အသင်းက အနီးကပ် ကျုရှင်များ ဖွင့်လှစ်ပြီး အခမဲ့ ပညာသင်ကြား ပေးသည်ဟု မြို့တော်စည်ပင် သတင်း ရပ်ကွက်မှ သိရသည်။
(သူတို့ တောင် သုံးယောက်ပေါင်း လို့  ၁၀ တန်းရောက်ဖူးလားမေးကြည့်ပါဦး)
ကြံ့ဖွံ့အသင်းသည် ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို ၂၀၁၀ ပြည့်နှစ် ရောက်ရှိလာချိန်မှ ပိုမို အရှိန်အဟုန်မြှင့် လုပ်ဆောင် လာသည်ကို ကြည့်ခြင်းဖြင့် ရွေးကောက်ပွဲဝင်ရန် ရည်ရွယ်ချက်ရှိသည်မှာ အလွန်သိသာ ထင်ရှား နေကြောင်း၊ အဆိုပါ အကျိုးပြု လုပ်ငန်းများ သည်လည်း ရွေးကောက်ပွဲတွင် မဲဆွယ်သည့်အနေဖြင့် လုပ်ကိုင် နေခြင်းသာ ဖြစ်ကြောင်း ရန်ကုန်နေ ပြည်သူများက သုံးသပ်နေကြသည်။

“အစိုးရ တရပ် လုပ်ရမယ့် အလုပ်တွေကို ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီဖြစ်လာမယ့် ကြံ့ဖွံ့က နာမည်ခံ လုပ်တယ်ဆိုရင် မမှား ပါဘူး။ ရွေးကောက်ပွဲမှာ ဘယ်သူပဲဝင်ပြိုင်ပြိုင် သူတို့ ကြံ့ဖွံ့တွေပဲ အနိုင်ရအောင် လုပ်ကြမှာ” ဟု အငြိမ်းစား တက္ကသိုလ်ဆရာ တဦးက ပြောသည်။

နအဖ စစ်အစိုးရသည် ၂၀၁၀ ပြည့်နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဟု အကြိမ်ကြိမ် ကြေညာနေ သော်လည်း ကျင်းပမည့် ရက်ကို အတိအကျ ကြေညာခြင်း မရှိသကဲ့သို့ ရွေးကောက်ပွဲ ဥပဒေကိုလည်း ယခု အချိန်အထိ ထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်အစိုးရအနေဖြင့် နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုများကို ဆက်လက် တင်းကျပ်စွာ ထိန်းချုပ်နေသော်လည်း စစ်အစိုးရ နာက်ခံပြုပေးထားသည့် ကြံ့ဖွံ့အသင်းကမူ နိုင်ငံအနှံ့အပြား၌ စတင် မဲဆွယ်သည့် လုပ်ငန်းများ လုပ်ဆောင်နေကြောင်း တွေ့ရသည်။
Ref: Irrawaddy

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */