“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, February 20, 2010

သက်သေခံပစ္စည်းရောင်းစား..အချိန်ရှိခိုက်လုံ့ လစိုက်သော နအဖ ပင်လယ်ဒမြ

လူသတ်မူနှင့် ဖမ်ဆီး ပစ္စည်းများ အလွဲသုံးစားမူကြောင့် အဖမ်းခံထားရသူများအမူကို ရုံးမတင်
2/12/2010

မောင်အေး(နိရဉ္စရာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ် နတ်မြစ်အတွင်း နစက တပ်ဖွဲ့တဖွဲ့၏ ပစ်ခတ် ဖမ်းဆီးခြင်းကို ခံရသူ ရခိုင် အမျိုးသား နှစ်ဦးကို နှစ်လကျော် ကြာလာသည့် တိုင်အောင် ရဲလက်သို့ လွဲပြောင်းပေးအပ်ခြင်း မရှိဘဲ နစကမှ ထိန်းသိမ်းထားသည်ဟု အမည်မဖေါ်လိုသူ ရဲအရာရှိ တဦးက ပြောသည်။

သူက “ အမူက ၂၀၀၉ ခုနှစ် နိုဝင်္ဘာလ ၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ သေမူ သေခင်း ဖြစ်ပါတယ်။ အဲဒီ ဖြစ်စဉ်မှာ တောင် ကုတ်က ရခိုင်အမျိုးသား တစ်ဦးပွဲချင်းပီး သေဆုံးပီး နှစ်ဦးက ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဲဒီလူတွေဟာ သစ်ဘုတ်တစီးနဲ့ နတ်မြစ်ကို ဖြတ်ပြီး ဘင်္ဂလာဘက်ကို အကူးမှာ အမှတ် (၇) နစက နယ်မြေ တပ်ဖွဲ့ တခုက ပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ သေဆုံးသူကို မောင်းတော ဆေးရုံကို ပို့ပီး ဒဏ်ရာ ရသူ နှစ်ဦးကို စစ်တွေ စစ်ဆေးရုံ အမှတ် ၁၇ မျဉ်းစောင်း ၁၀၀ကို ဆေးကုသဖို့ ပို့ပေးခဲ့ပါတယ်။ အခုဆိုရင် အဲဒီမူခင်း ဖြစ်တာ နှစ်လကျော် ရှိလာပြီး ဖြစ်ပေမယ့် ရဲလက်ကို မအပ်သေးတဲ့ အတွက် အမူကို ရုံးမတင်နိုင်ဘဲ ဖြစ်နေ ရပါတယ်” ဟု ပြောသည်။

၂၀၀၉ ခုနှစ် နိုဝင်္ဘာလ ၈ ရက်နေ့က တောင်ကုတ်မြို့နယ် ဘိုကုတ် ကျေးရွာမှ စကားဝါ သစ်တန်ချိန် ၃၀၀ ကို တင်ဆောင်ပြီး ဘင်္ဂလား ဒေခ်ျ့ နိုင်ငံ ခုတ်မောင်းလာသော သစ်လှေ တစီးကို နစက နယ်မြေ (၇) မှူး ဗိုလ်မှူး ကျော်အောင်မှ ပစ်ခတ် ဖမ်းဆီးခဲ့သည်။ အဆိုပါ ပစ်ခတ်ဖမ်းဆီးမူတွင် လူ တဦးသေပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ သစ်ဘုတ်ကို ဖမ်းဆီးရမိပြီးနောက် ဗိုလ်မှူးကျော်အောင်မှ ဘုတ်ပေါ်တွင် ပါလာသော သစ်တန်ချိန် အများအပြားကို ဒေသအ တွင်းက စီးပွားရေး သမားများနှင့် ပူးပေါင်းပြီး ကိုယ်ကျိုး အတွက် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ တင်ပို့ ရောင်းချခဲ့သည်။

၎င်းပြင် သစ်တတန် မနိုင်သည့် ကရိန်းတခုနှင့် ၁၀ ကီလို ဒိုင်နမို တလုံးကိုလည်း အပြင်သို့ ရောင်းစားခဲ့သည် အဆိုပါ ရဲအရာရှိက ပြောသည်။

“ အခု သူတို့ ပို့တဲ့ အစီရင်ခံစာမှာ သစ်တန်ချိန် ၃၀ ကိုဘဲ ဖမ်းမိတယ် ဆိုပီး တင်ထားတာကို တွေ့ရတယ်။ ကျွန်တော်တို့ ရဲဌာနက သတင်း စုံစမ်းချက်အရ အဲဒီ ဘုတ်ပေါ်မှာ စကားဝါ သစ်တန်ချိန် ၃၀၀၊ ကုန်တင် ကုန်ချလုပ်တဲ့ ကရိန်းတခုနဲ့ မီးစက်တွေ မိုတာတွေ ပါတယ်လို့ သိရတယ်။ ဒါတွေ အကုန်လုံးကို နစက ဗိုလ်မှူး ကျော်အောင်က ရောင်းစားထားတယ်။ ၀ယ်တဲ့ သူတွေကိုလည်း ကျွန်တော် တို့ စုံစမ်း ရရှိထားပြီ ဖြစ်ပါတယ်။” ဟု သူက ဆက်ပြောသည်။

အဆိုပါ ဖမ်းမိ သစ်များကို ရောင်းစားထားသည့် အပြင် ပစ်ခတ်မူတွင် ပြည်သူ တဦးပါ သေဆုံးနေသဖြင့် အမူကို ရုံးတင်ပါက ပြဿနာ များ တက်လာနိုင်သဖြင့် အဆိုပါ အမူကို ရုံးမတင်ဘဲ ဖျောက်ဖျက် ရန်ကြိုးစားနေသည်ဟု သိရသည်။

“ အခု ဒဏ်ရာ ရရှိခဲ့တဲ့ သစ်ဘုတ်သမားတွေကို လျော်ကြေးနည်းနည်းပေပြီး မသိမသာ ပြန်လွှတ် ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ လက်ရှိ အချိန်ထိတော့ ဘုတ်သမားတွေဟာ စစ်တွေ ဆေးရုံမှာဘဲလား။ နစက ဌာနချုပ်မှာဘဲလားဆိုတာကို သဲကွဲစွာ မသိရသေးဘူး။ သူတို့ကို တနေရာရာမှာ နစကက ထိန်းသိမ်း ထားတယ်ဆိုတာကိုတော့ တိတိကျကျ သိထားရပါတယ်” ဟု သူကဆက် ပြောသည်။

ယခုအခါ ဗိုလ်မှူးကျော်အောင်ကို အဆိုပါ မူခင်း ဖြစ်ပွားပြီးနောက် မောင်တောမြို့နယ် တောင်ပိုင်းတွင် တည်ရှိသော အမှတ် (၇) နစက နယ်မြေမှ မောင်တောမြောက်ပိုင်းတွင် ရှိသော နစက နယ်မြေ (၃) သို့ ပြောင်းရွှေ့ထားသည်ဟု သိရသည်။

ကျေးရွာသား တဦးကလည်း ဗိုလ်မှူး ကျော်အောင် ပြောင်းရွှေ့သွားသည်ကို အတည်ပြု ပြောကြားပြီး ယခုအခါ ဗိုလ်မှူး နေမျိုးဆိုသူ တဦး အသစ် ရောက်နေကြောင်း ပြောသည်။

၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲပြီးပါက နစက တပ်ဖွဲ့ကို နယ်ခြားစောင့်တပ်ဖြင့် အစားထိုးနိင်သဖြင့် အသစ်ရောက်ရှိလာသော နစက ဗိုလ်မှူး နေမျိုးမှာလည်း အချိန်ရှိခိုက် လုံလစိုက် သဘောဖြင့် စက်လှေ တစီးဖြင့် ပင်လယ်ပြင်ကို ဆင်းကာ အပြင်းအထန် ငွေရှာနေသည်ဟု အဆိုပါ ကျေးရွာသားက ပြောသည်။
http://www.narinjara.com/detailsbur.asp?id=2319

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */