“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, February 24, 2010

အခုကျမှ လာလွမ်းပြနေ..( မဲလေးများ တဖတ်လာ ထည့်ကြမလားလို့ )

ဗိုလ်ချုပ်အောင်ဆန်းအကြောင်းစာအုပ် သုတစွယ်စုံစာပေဆုရရှိ
တက်လူ/ ၂၃ ဖေဖော်ဝါရီ ၂ဝ၁ဝ
ယခုနှစ် သုတစွယ်စုံစာပေဆုတွင် “မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်းများနှင့် ဗိုလ်ချုပ်အောင်ဆန်း” စာအုပ်ကို ရွေးချယ် ပေးသွား မည်ဖြစ်ကြောင်း စစ်အစိုးရပိုင်သတင်းစာတွင် ဖော်ပြသည်။

ယင်းစာအုပ်ကို တက္ကသိုလ်စိန်တင် ရေးသားခြင်းဖြစ်ပြီး သုတစွယ်စုံစာပေဆု ပေးရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် Swesone Media Group ၏ သုတစွယ်စုံစာအုပ်တိုက်က ချီးမြှင့်မည်ဟု သိရသည်။

“ကျနော်လည်း ဒီနေ့မြန်မာ့အလင်းမှာ သုတစွယ်စုံစာပေဆုကို တွေ့လို့ ဒီနှစ် ဘယ်သူတွေကို ရွေးချယ်ထားလဲဆိုတာ သိချင်ဇောနဲ့ ဖတ်မိတယ်။ ဗိုလ်ချုပ်စာအုပ်ကို ဆုစာရင်းရဲ့ ထိပ်ဆုံးမှာ ဖော်ပြထားတာ တွေ့ရတယ်ဗျ။ သုတစွယ်စုံစာပေဆုကို ပြန်ကြားရေးဝန်ကြီးနဲ့ အလွန်ပနံသင့်တဲ့ ဒေါက်တာ တင်ထွန်းဦးက ပေးတာဖြစ်လို့ ဒီနှစ်မှာ ဒီစာအုပ်ကိုဆုပေးတာ တကယ့်ကို အံ့သြ၀မ်းမြောက်စရာပါပဲ” ဟု ပြည်တွင်းဝါရင့်သတင်းအယ်ဒီတာတဦးက ပြောသည်။

သုတစွယ်စုံ စာပေဆုပေးသည်မှာ ပဉ္စမမြောက်ဖြစ်ပြီး ယခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သောစာအုပ် ပါဝင်လာသည့်အတွက် ပြည်တွင်းစာနယ်ဇင်းများက အံ့သြနေကြကြောင်း ရန်ကုန်အခြေစိုက် မီဒီယာများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ စာအုပ်အား ဆုပေးရန် ရွေးချယ်ရခြင်းနှင့် ပတ်သက်၍ စွယ်စုံမီဒီယာပိုင်ရှင် ဒေါက်တာတင်ထွန်းဦးက “ကျနော်တို့က ဆုရွေးချယ်ရေးအဖွဲ့ဖွဲ့ပြီးတော့ စနစ်တကျ ရွေးချယ်ပါတယ်။ ဘာလို့ ဒီစာအုပ်ကို ရွေးလဲဆိုတော့ ဒီစာအုပ်က အချက်အလက် ပြည့်စုံတယ်၊ နောက်အကြောင်းအရာက လေးနက်တယ်၊ နောက် မြန်မာ့လွတ်လပ်ရေးသမိုင်းကြောင်းဆိုတော့ တနိုင်ငံလုံးနဲ့လည်း ဆိုင်တယ်၊ နောက်တချက်ကတော့ တင်ပြပုံကလည်း စနစ်ကျတယ်။ အဲဒီအချက် (၄) ချက်ကြောင့် ကျနော်တို့ရွေးတာ ဖြစ်ပါတယ်” ဟု ခေတ်ပြိုင်သို့ပြောသည်။

ဆုရွေးချယ်ရေးအဖွဲ့တွင် စာပေစာနယ်ဇင်းအဖွဲ့မှ ပုဂ္ဂိုလ်များ၊ ၀ါရင့်စာပေပညာရှင်ကြီးများ၊ စာပေဆုအလှူရှင်များ ပါဝင်ကြောင်း ၎င်းက ပြောသည်။

ယခုနှစ်ပေးသည့် သုတစွယ်စုံစာပေဆုများမှာ သုတစွယ်စုံဝိဇ္ဇာဘာသာရပ်အတွက် တက္ကသိုလ်စိန်တင်၏ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုမှတ်တမ်းများနှင့်ဗိုလ်ချုပ်အောင်ဆန်း၊ စာပဒေသာဘာသာရပ်အတွက် ကိုကို(စက်မှုတက္ကသိုလ်) ၏ အွန်စောတို့ဌာနေ ကိုယ်တွေ့ ကိုရီးယားခရီးသွား ဆောင်းပါးများ၊ လူမှုစီးပွားဘာသာရပ်အတွက် ဒေါက်တာချစ်၏ လူမှုဆက်ဆံရေးဆိုင်ရာ ကမ္ဘာ့ထုံးတမ်းစဉ်လာများ၊ ဘာသာပြန်ဘာသာရပ်အတွက် ကြည်မင်း၏ ဦးဆောင်စွန့်စား စီးပွားတည်ဆောက်ခြင်း၊ ရည်ညွှန်းစာပေဘာသာရပ်အတွက် ကျော်ဝင်း၏ စာအုပ်များဖြင့်နှစ်ပေါင်းများစွာ၊ လူငယ်စာပေဘာသာရပ်အတွက် ပါမောက္ခ ဒေါက်တာတင်စိုး၏ ဘာလဲဟဲ့ဒေါက်တာဘွဲ့၊ နိုင်ငံတကာရေးရာဘာသာရပ်အတွက် ရဲထွဋ်၏ သမိုင်းစာမျက်နှာပေါ်က အင်ပါယာနိုင်ငံများနှင့် နီယိုကွန်တိုနေ၀င်ချိန်၊ အသုံးချသိပ္ပံဘာသာရပ်အတွက် ဒေါက်တာစိုးလွင်၏ လူနာဖြစ်သွားသော ဆရာဝန်နှင့် ဆေးလောကဇာတ်ခုံပေါ်က အတွေ့အကြုံများ တို့ဖြစ်ကြကာ သုတစွယ်စုံတသက်တာစာပေဆုကို စာရေးဆရာ ချစ်စံဝင်းက ရရှိသွားကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယင်းစာပေဆုများအတွက်၂၀၀၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့သောစာအုပ်များကို အခြေခံရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆုတဆုစီ အတွက် ငွေကျပ် (၃) သိန်းစီနှင့် တသက်တာစာပေဆုအတွက် ငွေကျပ် (၅) သိန်းစီ ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ဆုပေးပွဲကို မတ်လ (၁) ရက် နေ့လယ် (၁) နာရီတွင် ကုန်သည်ကြီးများ ဟိုတယ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

သုတစွယ်စုံစာပေဆု၏ တသက်တာစာပေဆုများကို သိပ္ပံမှူးတင်၊ ပါရဂူ၊ မောင်ဆုရှင် (ကွယ်လွန်)၊ ဒေါက်တာခင်မောင်ညွန့်တို့ ရရှိခဲ့ဖူးကြကြောင်း သိရသည်။
http://www.khitpyaing.org/news/February%2010/23210b.php

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */