“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, February 25, 2010

ရဟန်းသံဃာများလည်း လွတ်လပ်ခွင့် မရှိတော့

တင်ကျော်ကျော်စိုး

မော်တော်ကားတွယ်စီး၍ဆွမ်းခံထွက်နေရသည့် ကိုယ်တော်များ

ရန်ကုန်၊၊လက်ရှိ သံဃမဟာနာယက အဖွဲ့ မှ နိုင်ငံတ၀ှမ်းရှိ သံဃာတော်များ အားပိုမိုတင်းကျပ်သည့် အမိန့် များထုတ်
ပြန်သွားရန်စီစဉ်လျှက် ရှိကြောင်း သိရသည်။ သံဃမဟာ နာယက အဖွဲ့ မှ သံဃာတော်များ အား မကြာခင်
ထုတ်ပြန်မည့် အမိန့် များတွင် လက်ကိုင်ဖုန်း ကိုင်ဆောင်ခြင်း၊ကွန်ပျူတာ နှင့် ပရင်တာ စာကူးစက်များ သုံး
ခြင်း၊နိုင်ငံခြားခရီးသွားလာခြင်း အပါအ၀င် တစ်နေ့ လျှင် ခြောက်နာရီခန့် သာ ကျောင်းတိုက်ပြင်ပ ထွက်ရှိ ခြင်းတို့ ပါဝင်သည်။

မန္တလေးမြို့ မြတောင်တိုက်မှ အမည်မဖော်လိုသော သံဃာတော် တစ်ပါးက မူ ဒါဘုန်းကြီးတွေ ကို အကျယ်ချုပ်
လုပ်တာပဲ ဘာပဲဖြစ်ဖြစ်လေ ဘယ်ဘုန်းကြီးမှ လိုက်နာမှာ မဟုတ်ဘူး ဟု Freedom News Group သို့ ပြောသည်။

သံဃာမဟာနယက အဖွဲ့ မှ ယခုလို သံဃာထု အပေါ်တင်းကျပ်သော စည်းမျဉ်းများ ထုတ်ရန်ရေးဆွဲနေခြင်းမှာ
မကြာခင် ရွေးကောက်ပွဲ ကျင်းပတော့မည် ဟု ကြိမ်ဖန်များစွာ ပြောနေသည် မြန်မာစစ်အစိုးရ၏ ဖိအားပေးမှု
ကြောင့်သာ ဖြစ်ကြောင်း သာသနာရေး ၀န်ကြီး ဌာန မှ အရာရှိ တစ်ဦးကပြောသည်။

မြန်မာ နိုင်ငံတွင် ၂၀၀၇ ခုနှစ် သြဂုတ်၊စက်တင်ဘာ လ သံဃာတော်များဦး ဆောင် သော ရွှေဝါရောင် တော်လှန်
ရေးနောက်ပိုင်း တွင် စစ်အစိုးရ က သံဃာတော်များအားဖမ်းဆီးထောင်ချခြင်း ၊ကျောင်းတိုက်
များအားပိတ်ပြစ်ခြင်း၊ အတင်းအကျပ်လူဝတ်လဲစေခြင်း၊နိုင်ငံခြားခရီးသွားလာခွင့် ကန့် သတ်ခြင်း တို အား
အတင်းအကျပ် လုပ်ဆောင်ခဲ့သည်။

ယခင် သီတင်းပတ်က ကုလ အထူးသံ သောမတ်စ် ဟိုဂျေ ကွင်တားနားရောက်ရှိ နေချိန်တွင် ဗားကရာ
ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးဃောသိတ အား နာဂစ် လေဘေး ဒုက္ခသည်များ အား ကူ
ညီမှု ဖြင့် ထောင်ဒဏ် ခုနှစ် ချမှတ်ခဲ့သည်။

ရန်ကုန်မြို့ နှင့် မန္တလေးမြို့ တွင် သံဃာတော်များ သီတင်း သုံးရာ ကျောင်းတိုက် အချို့ အား စစ်အစိုးရ
လက်ကိုင်တုတ်များ ဖြစ်သည့် ရဲ၊ထောက်လှမ်းရေး နှင့် ကြံဖွတ်များက အချိန်ပြည့် ထောက်လှမ်းစောင့်ကြည့်
မှုများပြုလုပ်သည်။
(ဖေါ်ပြခြင်းနှင့်ပါတ်သက်၍ဝေဖန်နိုင်ပါသည်-ဒေါင်းတမာန်)ကူးယူရာလိတ်စာ
http://freedomnewsgroup.com/2010/02/25/%E1%80%9E%E1%80%B6%E1%80%83%E1%80%AC%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%86%E1%80%BC%E1%80%99%E1%80%B9%E1%80%B8%E1%80%81%E1%80%B6%E1%80%91%E1%80%BC%E1%80%80/

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */