“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, February 24, 2010

ရေမြုပ် သင်္ဘောစီးရဲကြသလား..

နာဂစ်ကြောင့်နစ်မြုပ်ခဲ့သောသင်္ဘောနှစ်စင်း ပုံစံပြောင်းတည်ဆောက်ပြီး၍ ဒလ-ပန်းဆိုးတန်းကူးတို့ စတင်ပြေးဆွဲ
ရန်ကုန်၊ နာဂစ်ကြောင့်နစ်မြုပ်ခဲ့သော ပြည်တွင်းရေကြောင်းပိုင်သင်္ဘောနှစ် စင်းအား ပုံစံသစ်ဖြင့်တည်ဆောက်၍ ကူးတို့သင်္ဘော အဖြစ် ပြေးဆွဲစေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါသင်္ဘောနှစ်စင်းမှာ ထီး လှိုင်ရှင်နှင့် ကျန်စစ်သားသင်္ဘောများ ဖြစ်ကာ မုန်တိုင်းဒဏ်ကြောင့်နစ်မြုပ် ပျက်စီးခဲ့၍ ဖျက်သိမ်းရမည့် ရေယာဉ် များအား အလုံသင်္ဘောကျင်းနှင့် ဒလ သင်္ဘောကျင်းများတွင် ပုံစံပြောင်း တည်ဆောက်ကာနှင်းမြူထူထပ်သော ရာသီများတွင်ပါ ပြေးဆွဲနိုင်ရန်ရေဒါ များတပ်ဆင်ထားပြီး ဖေဖော်ဝါရီ ၁၆ ရက်တွင်စတင်၍ ဒလ-ပန်းဆိုးတန်း နှင့် ရန်ကုန်-ဆိပ်ကြီး-ခနောင်တို ကူး တို့ များ အဖြစ် ပြေးဆွဲပေးလျက်ရှိပြီ ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ ဆောင်ရေးမှ ဦးဆောင်ညွှန်ကြားရေး မှူးဦးစိုးတင့်က ပြောသည်။

"ထီးလှိုင်ရှင်ရေယာဉ်မနစ်မြုပ် ခင်က ဒလနဲ့ ကီလီပြေးဆွဲပေးနေတဲ့ ရိုရို-၁ မော်တော်ယာဉ်ကူးတို့ရေ ယာဉ်(မောင်းတက်မောင်းဆင်းရေ ယာဉ်)ပါ။ ကျန်စစ်သားရေယာဉ်က လည်း အရင်ကဒလ-ပန်းဆိုးတန်း ကူး တို့ရေယာဉ်ပါ။ နာဂစ်ကြောင့် ရေ ယာဉ်အစင်း၄၀ နစ်မြုပ်ခဲ့ တာမှာ အ စင်း ၄၀ကိုပြန်ဆယ်ယူနိုင်ခဲ့ပါတယ်။ အဲဒီမှာလဲ ဒီနှစ်စင်းက ဖော်ဖို့အခက် အခဲဖြစ်နေတာကြောင့် ဂျပန်နိုင်ငံက ကုမ္ပဏီ ကို ခေါ်ပြီး ဆယ်ယူပေမယ့် သူ တို့လည်းလက်လျှော့ပြီးလျော်ကြေးပေး ပြန်သွားတာမို့လို့ ဌာနအစီအစဉ်နဲ့ပဲ ကြိုးစားပြန်ဆယ်ယူခဲ့ရ တာပါ။ ဆယ် ယူပြီးတော့ထီးလှိုင်ရှင်ကို ဒလသင်္ဘော ကျင်းမှာ ပုံစံပြောင်းတည်ဆောက်ပေး ခဲ့တာပါ"ဟုဦးစိုးတင့်ကပြောသည်။
http://yangonmedia.com/news/news_detail.asp?nid=1685

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */