“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, February 22, 2010

စစ်တွေ ၏ ကျောင်းသားသပိတ်ကြီး

ရခိုင်ပြည်နယ်က တိုက်ပွဲခေါ်သံ မနေ့ ညက စစ်တွေ မှာ ကျောင်းသားသပိတ်ကြီးက ညကြီးသန်းခေါင်မှာ စတင်ဖြစ်ပွားသွားတယ်လို့ သိရတယ်။ စစ်တွေမြို့ ဝေသာလီကွင်း ဗျိုက်တော ဆရာတော်ဦးသုမင်္ဂလာ တရားပွဲအပြီးမှာ တက်ရောက်လာတဲ့ လူထုပရိတ်ဿတ် က မခံမရပ်နိင်ဖြစ်ပြီး ဆန္ဒပြပွဲဖြစ်ပွားသွားရခြင်းဖြစ်ပါတယ်။ ဆရာတော်က သန်းရွှေမိသားစု နဲ့ လက်တဆုပ်စာလူတစုက မြန်မာ တနိင်ငံ လုံးက သံယံဇာတတွေကိုဂုတ်သွေးစုတ်နေမှုတွေကို ထုတ်ဖေါ်ပြောဆိုသွားတယ်။ ရခိုင်ပြည်နယ်က သဘာဝဓါတ်ငွေ့ တွေထွက်ပြီး ရခိုင်ပြည် နဲ့ တပြည်လုံးမှာ မီးမရှိ၊ရေမရှိ၊လောင်စာမရှိတဲ့အခြေအနေတွေကိုဟောကြားသွားတယ်လို့ ဆိုပါတယ်။ ကျောင်းသားလူငယ်တွေအနေနဲ့ ၈၈ တုံးကကျောင်းသားတွေ ကိုအတုယူကြဖို့  ဟောကြားသွားတယ်။ တရားပွဲအပြီးမှာ ကျောင်းသား ၁၀ ဦးနှင့်သံဃာ ၂ ဦးက စတင်လှုံ့ ဆော်လိုက်ရာက ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပါတယ်။ ကျောင်းသား ရွှေစေတီဘုရားအထိ ချီတက်တယ်။ ရဟန်းပျိုသမဂနဲ့ ကျောင်းသားသမဂက ဦးဆောင်တယ်။ တဖြေးတဖြေးနဲ့ လမ်းဘေးကကြည့်နေတဲ့ သူတွေကပါပူးပေါင်းလာတဲ့အတွက် အင်အား သုံးထောင်ခန့် ဖြစ်သွားတယ်လို့ သိရတယ်။ ဆန္ဒပြနေစဉ်မှာ ကျောင်းသားများက လျပ်စစ်မီး-ရရှိရေး ဒို့ အရေး၊ နအဖ စစ်အစိုးရအလိုမရှိ၊ ၂၀၁၀ အလိုမရှိ လို့ ကြွေူးကြော်ဆန္ဒပြကြတယ်။ နအဖ ၊ ကြံဖွတ်နဲ့ ရဲ များက ဆန္ဒပြသမားများကိုနိမ်နင်းရန် ရောက်လာကြတယ်။ ဦးဝိစာရ ပန်းခြံနဲ့  မီင်္းစက်ဂွဆုံတွေမှာ နေရာယူပြီးလူစုခွဲခိုင်းတယ်။ ဆန္ဒပြသမားများက သွေးထွက်သံယိုမှုမရှိခင်မှာ အောင်မြင်စွာ ဆုတ်ခွာပေးလိုက်တယ်လို့ သိရတယ်။ မနက်ဖန် က ပြန်စမယ်၊ မကြာခင်ပြန်ဆုံကြမယ်။ မကြောက်ကြနဲ့  ရခိုင်သွေး နီတယ်ဟေ့ စသဖြင့် တဦးနဲ့ တဦးအချိန် အချက်ပေးသွားကြတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ် လူထုဆန္ဒပြပွဲနဲ့ ပတ်သက်လို့ မြန်မာနိင်ငံလုံးဆိုင်ရာ ရဟန်းပျို သမဂ္ဂ ဥက္ကဌ - ဆရာတော် အရှင်ခေမာစာရ က '' ဒီဆန္ဒပြပွဲကြီးဟာ ၂၀၁၀ အတွက် ပထမဆုံး လှုပ်ရှားမှုကြီး ဖြစ်ခဲ့ပြီ၊ ဒီလိုလှုပ်ရှားမှုတွေဆက်တိုက်ဖြစ်လာလိမ့်မယ်။

ဘာဖြစ်လို့လည်းဆိုတော့ စစ်အစိုးရလက်အောက်မှာမြန်မာ တပြည်လုံးဟာ ဒုက္ခအတိကိုရောက်နေကြရပြီ။ ပြည်သူတွေဒုက္ခတွေ ပင်လယ်ဝေနေရတာ၊ ပြည်သူတွေကပ်တဲ့ ဆွမ်းပူကွမ်းပူ ကို ဒို့ ရဟန်းတွေဘယ်မှာ မျိုလို့ ကြမလဲ ။ သံဃာတွေက တိုက်ပွဲဝင်ဖို့  ပိုင်းဖြတ်ထားပြီးပါပြီ '' လို့ အမိန့် ရှိပါတယ်။ ဆရာတော်ဟာ ၁၉၈၈ ခုနစ် ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ တက်ကြွစွာခေါင်းဆောင်ခဲ့တဲ့ သံဃာတပါးဖြစ်ပြီး ၈၈ တုံးက ထင်ရှားခဲ့တဲ့ အထွေထွေ သပိတ် ကော်မတီ မှာ နယာက ဆရာတော်တပါး ဖြစ်ခဲ့ပါတယ်။ မနပုလော တော်လှန်ရေးနယ်မြေမှာ ကရင်များ၊ကျောင်းသားများနှင့်အတူ တလျောက်လုံးလက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ ဆရာတော်တပါးဖြစ်ပါတယ်။

cbox သတင်း< /span>

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */