“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, February 18, 2010

စားဖားကို ရိုက်ချင်တဲ့ ကင်တာနားကြောင့် .စားဖားတွေ ပြားနေတယ်

Summary

ကုလ သံအရာရှိနှင့် ထောင်ချကြမ်းသည့် တရားသူကြီးများတွေ့
Wednesday, 17 February 2010 19:19 ဇာနည်မာန်
E-mail Print
နိုင်ငံရေးအကျဉ်းသားများကို နှစ်ရှည်ထောင်ဒဏ် ချမှတ်သည်ဟူ၍ နာမည်ဆိုးဖြင့် ကျော်ကြားသော တရားသူကြီး ၂ ဦးနှင့် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာကို စစ်အစိုးရက တွေ့ဆုံစေခဲ့ကြောင်း သိရသည်။

မြန်မာ နိုင်ငံတွင် ဖြစ်ပေါ် နေသော လူ့အခွင့် အရေး ပြဿနာများ၊ နိုင်ငံရေး အကျဉ်းသား ကိစ္စများနှင့် လာမည့် ရွေးကောက်ပွဲ မတိုင်မီ တရားရေး လွတ်လပ်ခွင့်များ ရှိရေးအတွက် ကင်တာနာက တောင်းဆို နေချိန်တွင် နိုင်ငံရေး လှုပ်ရှား တက်ကြွသူ များကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခြင်းဖြင့် နာမည် ကျော်ကြားသော ရန်ကုန်တိုင်း ခရိုင် တရားသူကြီး ဦးသောင်းညွှန့်၊ ဦးညီစိုးတို့နှင့် ရန်ကုန်မြို့တွင် ယမန်နေ့က တွေ့ဆုံရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တရားသူကြီး များသည် နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ထပ်တိုး စီရင်ချက် ချခဲ့သူများလည်း ဖြစ်သည်။

ဦးသောင်းညွန့်သည် မြောက်ပိုင်းခရိုင် အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် ၁၉၉၈ ခုနှစ်မှ စတင်၍ နိုင်ငံရေး တက်ကြွသူ ကျောင်းသားလူငယ် ၆၀ ကျော်ကို ထောင်ဒဏ် ချမှတ်ခဲ့သူဖြစ်သည်။ ထိုစဉ်က သူချမှတ်ခဲ့သော အများဆုံး ထောင်ဒဏ်မှာ နှစ် ၆၀ ဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ဆိုသည်။

ထို့ပြင် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းတွင်လည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး အပါအ၀င် ကျောင်းသားခေါင်းဆောင်များ၊ သံဃာတော်များကို အင်းစိန်ထောင်တွင်း အထူးတရားရုံးမှနေ၍ အမြင့်ဆုံး ထောင်ဒဏ်များ ချမှတ်ခဲ့သူဖြစ်သည်။

ကင်တာနာနှင့် ဦးသောင်းညွန့်တွေ့ဆုံသည့် အကြောင်းကို ယနေ့ထုတ် စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသော်လည်း ဆွေးနွေးပြောဆိုသည့် အကြောင်းအရာများကို ဖော်ပြထားခြင်းမရှိပေ။

အဆိုပါ တွေ့ဆုံခြင်း မတိုင်မီက ကင်တာနာသည် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့် တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထပ်မံချမှတ်ခြင်းသည် ဥပဒေနှင့် မညီညွတ်ကြောင်းနှင့် စစ်အစိုးရ၏ တရားစီရင်ရေးမှာ တရားမျှတမှု မရှိကြောင်း ဝေဖန်ပြောကြားခဲ့သေးသည်။

ကင်တာနာသည် ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်းတောဒေသများသို့ လူ့အခွင့်အရေး ချိုးဖောက်မှုများလေ့လာရန်၊ နိုင်ငံရေး အကျဉ်းသားများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် ယနေ့ရောက်ရှိနေသည်။

သူသည် ကမ္ဘာ့အလုပ်သမားအဖွဲ့ ILO မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ စတိဗ်မာရှယ်လ် နှင့်အတူ ရခိုင် ဒေသသို့ သွားရောက်ခွင့် ရခဲ့ပြီး စစ်တွေအကျဉ်းထောင်၊ ဘူးသီးတောင်၊ မောင်းတောနှင့် ပတ်ဝန်းကျင်ဒေသများသို့ သွားရောက်မည်ဖြစ်ကြောင်း ရန်ကုန်ရှိ ကုလသမဂ္ဂပြန်ကြားရေးရုံးက ဆိုသည်။

ကင်တာနာ သွားရောက်မည့် ဘူးသီးတောင် ထောင်တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၊ သံဃာတော် ၂ ပါးနှင့် တခြားသော နိုင်ငံရေး အကျဉ်းသား ၁၈ ဦးထက်မနည်း ရှိနေသည်။

ဘူးသီးတောင်၊ မောင်းတောနှင့် ပတ်ဝန်းကျင်ဒေသသည် စစ်တပ်ပိုင်မြေများအတွက် လယ်ယာမြေ သိမ်းဆည်းခံရခြင်း၊ စစ်တပ်ပိုင် လယ်မြေများအတွက် အဓမ္မ လုပ်အားပေးခိုင်းစေခံရခြင်း၊ အသက်မပြည့်သေးသည့် ကလေးငယ်များကို စစ်သားစုဆောင်းခြင်းများ မကြာခဏ ဖြစ်ပွားလေ့ရှိသော နေရာဖြစ်သည်။

ဘူးသီးတောင်ထောင်သည် နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများ ထောင်ဝင်စာ တွေ့ဆုံရန် လမ်းပန်းဆက်သွယ်မှု ခက်ခဲသော ဒေသတွင် ရှိနေသည်။

ထို့အတူ ရခိုင်ပြည်နယ်သို့ သွားရောက်ရာတွင် ဘာသာရေး ကန့်သတ်မှုများ ရှိနေသောကြောင့် အစ္စလမ် ဘာသာဝင်များအဖို့ လွတ်လပ်စွာ သွားလာရေး ခက်ခဲသည့် ဒေသဖြစ်၍ ဘူးသီးတောင်ထောင်ရှိ အစ္စလမ် ဘာသာဝင် အကျဉ်းသား မိသားစုများအဖို့ စစ်တွေတွင် ခရီးသွားလာခွင့် လက်မှတ်ယူဆောင်ပြီးမှ သွားရကြောင်း၊ ရန်ကုန်မှ ဘူးသီးတောင် အထိ ၁၀ ရက်တာ ခရီး ကြာမြင့်ကြောင်း ထောင်ဝင်စာ သွားတွေ့သူများကဆိုသည်။

ထို့ပြင် အဆိုပါ ဒေသ၀န်းကျင်ရှိ ရိုဟင်ဂျာ များမှာ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုထားသော စာရွက်စာတမ်း မရှိ၍ ၎င်းတို့ပိုင် လယ်ယာမြေများ သိမ်းဆည်းခံရခြင်း၊ ရွာတရွာမှ တရွာသို့ ကူးသန်းသွားလာခွင့် မရှိခြင်း၊ အာဏာပိုင်များ၏ ခွင့်ပြုချက်မရပါက အိမ်ထောင်ပြုခွင့် မရခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားနေကြရသည်ဟု ဒေသခံများက ဆိုသည်။

ကင်တာနာသည် အင်္ဂါနေ့က စစ်တွေထောင်တွင်းရှိ အကျဉ်းကျ သံဃာတော်တပါး အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၄ ဦးနှင့် တွေ့ဆုံခဲ့ပြီး ဒေသတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်း ၂၁ ခုတို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

သူသည် တနင်္လာနေ့ ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်၊ ဦးလှမျိုးမြင့်တို့နှင့် တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိစ္စ၊ မြန်မာစစ်အစိုးရ ကျင့်သုံးနေဆဲ ဖြစ်သည့် ပယ်ဖျက်ပြီးသော ၁၉၇၅ုခုနှစ် ဥပဒေကိစ္စနှင့် စစ်အစိုးရလက်အောက်မှ တရားစီရင်ရေး စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

ကင်တာနာသည် ရန်ကုန်သို့ ပြန်ရောက်မည့် ကြာသပတေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန်ကိုလည်း စစ်အစိုးရထံ တောင်းဆိုထားသည်။ ထို့ပြင် သူသည် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန် အကျဉ်းထောင်သို့လည်း သွားရောက်မည်ဖြစ်သည်။

အင်းစိန်ထောင်တွင် ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင် ဂွမြို့နယ် လွှတ်တော်အမတ် ဦးညီပုနှင့် ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် လွှတ်တော်အမတ် ဒေါက်တာတင်မင်းထွဋ် အပါအဝင် နိုင်ငံရေးသမားများ အကျဉ်းကျခံနေရသည်။

ထို့ပြင် နေပြည်တော်ရှိ စစ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံရန်၊ မပြန်မီတွင် ပြည်တွင်းရှိ သတင်းထောက်များနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်လည်း စီစဉ်ထားသည်ဟု သိရသည်။
http://www.irrawaddy.org/bur/index.php/news/1-news/2625-2010-02-17-12-22-42

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */