“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, April 30, 2010

အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..

KNU နယ်မြေအတွင်း လှုပ်ရှားနေသော နအဖတပ်များ
သျှမ်းသံတော်ဆင့်သတင်းအရ
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နယ်မြေအတွင်း၌ လက်ရှိအချိန်တွင် မြန်မာစစ်တပ်မှ တိုက်ခိုက် ရေး တပ်ရင်း တစ်ရာကျော်ခန့် နေရာယူလှုပ်ရှားနေကြောင်း မကြာသေးမီကရရှိသည့် စစ်ရေးအစီရင်ခံစာတစ်စောင်အရ သိရသည်။
ကရင်လက်နက်ကိုင်တပ်များရှိရာ မြန်မာနိုင်ငံ အရှေ့တောင်ဘက်ရှိ ကရင်နှင့် မွန်ပြည်နယ် ၊ ပဲခူးနှင့် သနင်္သာရီတိုင်း အတွင်းရှိ နယ်မြေများတွင် မြန်မာစစ်တပ်၏ ပင်မ မြေပြင် တိုက်ခိုက်ရေး တပ်မ၂ ခု နှင့် စကခ (ခေါ်) စစ်ဆင်ရေး ကွပ်ကဲမှု ဋ္ဌာနချုပ် (၈)ခုတို့ ပုံမှန်လှုပ်ရှားကြောင်း သိရသည်။

အဆိုပါ တပ်များတွင် တပ်မ ၂၂ ၊ ၄၄ နှင့် စကခ ၂ ၊ ၄ ၊ ၅ ၊ ၇ ၊ ၈ ၊ ၁၀ ၊၁၉ ၊ ၂၁ စသည့် ကွပ်ကဲမှုတပ်များပါဝင်ပြီး တပ်ရင်းပေါင်း တစ်ရာကျော်ခန့်ရှိကြောင်း သိရသည်။
ကရင်လက်နက်ကိုင်များနှင့်ရင်ဆိုင်နေသည့် လက်ရှိ မြန်မာစစ်တပ်၏ အင်အားသည် ယခင်ထက်စာလျှင် တပ်မ ၂ ခုခန့် လျှော့နည်း နေကြောင်း တရုတ်နယ်စပ်ရှိ စစ်ရေးနိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။
“ကရင်နယ်မြေဘက်မှာ အဓိကကတော့ စကခတွေပဲများတယ် တပ်မ ၂၂ နဲ့ ၄၄ က ပုံမှန်ရှိတယ် တစ်ခုက ခါတိုင်းရှိတဲ့ တပ်မ ၆၆ နဲ့ ၇၇ ကတော့မပါဘူး ထုတ်ထားတဲ့သဘောရှိတာပေါ့ ခါတိုင်းထက် တပ်မ ၂ခုလောက်လျှော့နေတဲ့ သဘောပေါ့ ”

“တရုတ်နယ်စပ်ဘက် လိုရင်လည်းသုံးရအောင်ပေါ့ အရင်ဘင်္ဂလားနယ်စပ်ပြဿနာပေါ်ကတည်းက ထုတ်ထားတာလေ အဲဒီကတည်းက ပြန်မသွင်းတာ တစ်ခုလုံးလိုအပ်ချက်အရ ထုတ်ထားတာဖြစ်နိုင်တယ် ” လို့ သူက ပြောသည်။
လွန်ခဲ့သည့်နှစ်အတွင်းက သျှမ်းပြည်(မြောက်ပိုင်း) ကိုးကန့်အထူးဒေသ (၁) တပ်ဖွဲ့အား ထိုးစစ်ဆင် တိုက်ခိုက်ချိန်မှစ၍ အဆိုပါ ဒေသလုံခြုံရေးအတွက် မြန်မာစစ်တပ်က တပ်မ ၃၃ နှင့် ၉၉ ကို ကိုးကန့်ဒေသတစ်ဝိုက်တွင် အမြဲတမ်းတပ်စွဲထား ရသည်။

မြန်မာစစ်တပ်၌ ပင်မမြေပြင်တိုက်ခိုက်ရေး တပ်မ ၁၀ ခုခန့် ရှိသည့်အနက် နောက်ထပ်ပြောင်းရွှေ့လှုပ်ရှားနိုင်သည့် တပ်မ အနေဖြင့် ၅ ခုခန့်သာရှိကြောင်း သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် ကရင့်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ လက်နက်ကိုင် တပ်ဖြစ်ပြီး ကရင်အမျိုးသားရပိုင်ခွင့်အတွက် နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင်တိုက်ခိုက်နေသည့် အဖွဲ့ဖြစ်သည်။

အပြည့်အစုံသတင်းဖတ်ရန်....

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးနေ့ ကြေညာချက်

Mayday Nld1 http://swenaing.blogspot.com/ မှ

အပြည့်အစုံသတင်းဖတ်ရန်....

နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့ စာရင်းများ

The Political Parties in Myanmar 2010

အပြည့်အစုံသတင်းဖတ်ရန်....

ကြံ့ခိုင်ရေး ပါတီ လာပြီ


မိုးမခအထောက်တော် အမှတ် ၀၀၂
ဧပြီ ၃၀၊ ၂၀၁၀
ယမန်နေ့က ဖွင့်ပွဲတခုတွင် တွေ့ရသည့် ၀န်ကြီးချုပ် ဦးသိန်းစိန်။ ယခင်က စစ်ယူနီဖောင်းဖြင့်သာ တွေ့ရလေ့ရှိသည့် သူ့ကို ယခုအခါ အရပ်ဝတ်ဖြင့်သာ တွေ့နေရသည်။ (ဓာတ်ပုံ-SPDC)
ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအ၀င် ၂၇ ဦးက နိုင်ငံရေးပါတီ ဖွဲ့ရန် ကြာသပတေးနေ့တွင် ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်လိုက် ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ရေးထားသည်။ ၀န်ကြီးချုပ်၏ ပါတီ အမည်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဖြစ်သည်။

ပါတီ၏ အမည်သည် ဗိုလ်ချုပ်ကြီးတို့ ဖွဲ့စည်းထားသည့် ကြံ့ခိုင်ရေးအသင်း အမည်နှင့် ဆင်တူနေသည်။ ပါတီဖွဲ့ရန် လျှောက်လွှာတင်သည့် ၂၇ ဦး အမည်ကို မသိရသေးပါ။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ၀န်ကြီးရာထူးများ ယူထားသည့် စစ်ဗိုလ်ချုပ် ၂၀ ၀န်းကျင်သည် မြန်မာ့တပ်မတော်မှ ထွက်ပြီး အရပ်ဝတ်ဖြင့် ဆက်လက် တာဝန်ထမ်းဆောင်မည့်သတင်း ထွက်ပေါ်ခဲ့သည်။ စစ်အစိုးရက ထိုပုဂ္ဂိုလ်များ အမည်စာရင်းကို ထုတ်ပြန်ခြင်း မရှိပေ။

အရပ်ဝတ်လဲလိုက်သည့် ထိုပုဂ္ဂိုလ်များသည် ကြံ့ခိုင်ရေးပါတီဖွဲ့ရန် လျှောက်လွှာတင်သူများ ဖြစ်ဖွယ်ရှိကြောင်း အများက ယူဆနေကြ သည်။

စစ်အစိုးရက ထိုအပြောင်းအလဲများကို ကြေညာခြင်း မရှိသဖြင့် နိုင်ငံရေး စိတ်ဝင်စားသူများက နေ့စဉ်ထုတ် သတင်းစာများကို ဖတ်ရှုပြီး ခန့်မှန်း လေ့လာနေကြသည်။

ယနေ့ထုတ် သတင်းစာများတွင် စစ်ယူနီဖောင်းချွတ်လိုက်သူ တဦး၏ အမည်ကို တွေ့ရသည်။ ထိုပုဂ္ဂိုလ်မှာ ရန်ကုန်မြို့တော်ဝန် ဦးအောင် သိန်းလင်း ဖြစ်သည်။ စစ်တပ်ရာထူး စွန့်လွှတ်ခြင်း မပြုမီက သူ၏ ရာထူးမှာ ဗိုလ်မှူးချုပ် ဖြစ်သည်။ http://moemaka.com/index.php?option=com_content&task=view&id=6313&Itemid=1

အပြည့်အစုံသတင်းဖတ်ရန်....

နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ

29 April 2010
မြန်မာပြည်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံတကာရဲ့ လူသားချင်း စာနာကူညီရေး လုပ်ငန်းအပေါ် တင်းကျပ်မှုတွေ လုပ်လာနိုင်တယ်လို့ နယူးယောက် အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြပ်မှု အဖွဲ့ကြီးက ပြောပါတယ်။ ဒါ့အပြင် အဖမ်းဆီးခံထားရတဲ့ ဒေသခံ လူမှုကူညီရေး လုပ်သားတွေ ပြန်လွတ်လာဖို့ အတွက်လည်း အလှူရှင် နိုင်ငံတွေက ကြိုးစားသင့်တယ်လို့ HRW အဖွဲ့က ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘန်ကောက်မြို့က FCCT နိုင်ငံခြား သတင်းထောက်များ အသင်းတိုက်မှာ လုပ်တဲ့ HRW ရဲ့ သတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လက်ရှိအားဖြင့် နိုင်ငံတကာက လူသားချင်း စာနာကူညီရေး လုပ်ငန်းတွေမှာ အရင်ကထက် ပိုပြီး အကန့်အသတ် ရှိလာသလို နိုင်ငံခြား က ကူညီရေး လုပ်သားတွေ မြန်မာနိုင်ငံ ဗီဇာရဖို့ အခက်အခဲတွေပါ ကြုံနေရတယ်လို့ HRW အဖွဲ့က ထောက်ပြပါတယ်။ ဒီကနေ့ သတင်း စာ ရှင်းလင်းပွဲမှာပဲ နာဂစ်အလွန် အစိုးရရဲ့ ချုပ်ကိုင်မှုနဲ့ လူထုအခြေပြု အဖွဲ့တွေရဲ့ အခြေအနေဆိုတဲ့ HRW ရဲ့ အစီရင်ခံစာ ထုတ်ပြန်ပါ တယ်။ ဒီအတွက် သူတို့အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ နိုင်ငံတကာ အန်ဂျီအိုတွေရော ပြည်တွင်းက ဒေသခံ ကူညီရေး အဖွဲ့တွေကိုပါ မေးမြန်းပြီး ရေးသားပြုစုခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ မေ နာဂစ်မုန်တိုင်း တိုက်ပြီးပြီးချင်းမှာ ဖွဲ့စည်းပုံ လူထုဆန္ဒခံယူပွဲ ရှိတာကြောင့် နိုင်ငံခြားက အကူအညီပေးရေး လုပ်ငန်း တွေကို အာဏာပိုင်တွေက အထူး တင်းကျပ်ခဲ့သလိုမျိုးပဲ အခု လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာလည်း ကူညီရေး လုပ်ငန်း တွေဟာ နှောင့်နှေးမှုတွေ ကြုံလာရတယ်လို့ HRW အဖွဲ့ကြီးရဲ့ ဒုတိယညွှန်ကြားရေးမှူး အီလိန်း ပီယာစန် (Elaine Pearson) က ဗွီအို အေ မြန်မာပိုင်းကို ရှင်းပြခဲ့ပါတယ်။

“အခုဆိုရင် သူတို့အနေနဲ့ အစိုးရ ဗျူရိုကရေစီ စနစ်ကြောင့် အရင် သဘောတူညီထားတဲ့ လုပ်ငန်းတွေမှာ ပိုလို့ နှေးကွေးမှုတွေ ကြုံနေရ ပါတယ်။ နိုင်ငံကူးဗီဇာ အခက်အခဲ၊ နိုင်ငံခြားက ကူညီရေး လုပ်သားတွေ လာဖို့ အခက်အခဲတွေ ကြုံရပါတယ်။ အရင် ဖွဲ့စည်းပုံ အ တည်ပြုရေး လူထုဆန္ဒခံယူပွဲ မတိုင်ခင်တုန်းက အလားတူ အခြေအနေ အကျပ်အတည်းတွေ ကြုံရတာမို့ အခု ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာလည်း ဒီလို နိုင်ငံခြားသား ကူညီရေး လုပ်သားတွေကို တင်းကျပ်တာမျိုး အခက်အခဲတွေ ကြုံလာရမှာကို စိုးရိမ်မိပါတယ်။”

ဒီအတွက်လည်း သူတို့ထုတ်တဲ့ အခု အစီရင်ခံစာမှာတော့ နိုင်ငံတကာ အလှူရှင်တွေ အနေနဲ့ ဒီလို အကျပ်အတည်း၊ အဟန့်အတားတွေ ဖြစ်နေတာကို စစ်အစိုးရကို ဖိအားပေး ပြောဆို ဖြေရှင်းပေးဖို့ တောင်းဆိုထားတယ်လို့ မစ်စ် ပီယာစန်က ပြောပြပါတယ်။

“မြန်မာနိုင်ငံ အခြားနေရာတွေက လူသားချင်း စာနာကူညီမှု လုပ်ငန်းတွေ အနှောင့်အယှက် ဖြစ်နေတာကို ဖိအားပေး၊ တွန်းအားပေး ဖြေရှင်းကြဖို့ အလှူရှင် နိုင်ငံတွေကို အကြံပြု တိုက်တွန်းလိုပါတယ်။ မြစ်ဝကျွန်းပေါ် ဒေသမှာတော့ တစုံတရာ လုပ်ငန်းအောင်မြင်မှုတွေ တွေ့ရပါတယ်။ ဒါပေမဲ့လို့ မြန်မာနိုင်ငံ အခြားနေရာတွေမှာတော့ ဒီအတိုင်း ဖြစ်မနေပါဘူး။

“ဒါ့အပြင် လူသားချင်း စာနာကူညီရေး လုပ်ငန်းတွေမှာ လူ့အခွင့်အရေးကို အကာအကွယ် ပေးနိုင်တဲ့ စနစ်တရပ် ထားရေး စဉ်းစားဖို့ လည်း အလှူရှင် နိုင်ငံတွေကို တောင်းဆိုပါတယ်။ အစိုးရ အေဂျင်စီ အဖွဲ့တွေနဲ့တင် မဟုတ်ဘဲ ပြည်တွင်းက ဒေသခံ လူမှုကူညီရေး အဖွဲ့တွေကိုလည်း ဆက်ပြီး ကူညီ ပူးပေါင်း ဆောင်ရွက်သွားဖို့ တိုက်တွန်းပါတယ်။”

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ပြည်တွင်း ပြည်ပ အင် တိုက်အားတိုက် လုပ်ခဲ့ကြပေမဲ့လည်း နေရာ အတော်များများမှာတော့ ပြန်လည်အခြေချ နေထိုင်ရေး၊ လုပ်ကိုင်စားသောက်ရေး အပြင် ရေသန့်ရရှိရေးနဲ့ ကျန်းမာရေးလို အခြေခံ လိုအပ်ချက်တွေ ရှိနေတုန်းပဲလို့ HRW က ပြောပါတယ်။ ဒါကြောင့် အခုလို နောက်ပိုင်းမှာ နိုင်ငံတကာ လူသားချင်း စာနာကူညီရေး လုပ်ငန်းတွေ နှောင့်နှေးသွားအောင် လုပ်တာကြောင့် ဒါဟာ ဒုက္ခရောက်နေတဲ့ မြန်မာလူထုကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

နာဂစ်ကယ်ဆယ်ရေး ပြည်တွင်း ပြည်ပ ကြိုးပမ်းဆောင်ရွက်မှုတွေမှာ အတိုင်းအတာ တစုံတရာ အောင်မြင်တာတွေ ရှိပေမဲ့ ပြည်တွင်းက ဒေသခံ လူမှုကူညီရေး လုပ်သူတွေ အခြိမ်းခြောက်ခံ၊ အဖမ်းဆီးခံရတာတွေ ရှိခဲ့တယ်လို့လည်း မစ်စ် ပီယာစန်က ပြောပါတယ်။

“အောင်မြင်မှုတွေ ရှိခဲ့တယ် ဆိုသလိုပဲ အခြားတဘက်မှာ ထိခိုက်နစ်နာမှုမျိုးတွေလည်း ရှိပါတယ်။ အစိုးရက လုပ်နေတဲ့ လုပ်ငန်းတွေ အပေါ် ဝေဖန်တဲ့ လူသားချင်း စာနာကူညီရေး ဒေသခံ လုပ်သားအချို့ ဖမ်းဆီး ထောင်ချခံရတာမျိုးတွေ ရှိပါတယ်။”

ဆိုင်ကလုံးမုန်တိုင်း အပြီး လူမှုကူညီရေး လုပ်ငန်းတွေ ပါဝင်လုပ်ကိုင်ခဲ့ကြတဲ့ အနုပညာရှင် ဇာဂနာ အပါအ၀င် ကူညီရေး လုပ်သားတွေ၊ သတင်းသမားတွေ အနည်းဆုံး ၂၈ ဦး ဖမ်းဆီး ထောင်ချခံခဲ့ရတယ်လို့ မစ်စ် ပီယာစန်က ပြောပါတယ်။ ဒါကြောင့်လည်း ဒီလို အကူအညီ ပေးခဲ့တဲ့ လူမှုလုပ်သားတွေ ပြန်လည်လွတ်မြောက်လာဖို့ နိုင်ငံတကာ အနေနဲ့ စစ်အစိုးရကို တွန်းအားပေးသွားဖို့ လိုမယ်လို့လည်း HRW က ပြောပါတယ်။

နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးတွေနဲ့ ပတ်သက်လို့ TCG လို့ ခေါ်တဲ့ အာဆီယံ၊ ကုလသမဂ္ဂ၊ မြန်မာ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ လုပ်ငန်းတွေ ဟာ အောင်မြင်မှု ရခဲ့တယ်၊ ဒါဟာ ပူးပေါင်းဆောင်ရွက်မှုရဲ့ အသီးအပွင့်တွေ ဖြစ်တယ်လို့ အထူးသဖြင့် အာဆီယံ အသင်းကြီးဘက်က မကြာမကြာ ပြောလေ့ရှိပါတယ်။ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေ၊ လူ့အခွင့်အရေး အဖွဲ့တွေက အခုလို အောင်မြင်မှု တစိတ် တပိုင်းကို အသိအမှတ် ပြုကြပေမဲ့ ငွေကြေးသုံးစွဲမှုပိုင်း၊ အကူအညီ ဖြန့်ဝေမှုပိုင်းတွေမှာတော့ သံသယ မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။

ဒါ့အပြင် အခု HRW က ပြောနေသလို တဘက်မှာ အလှူရှင်တွေ၊ နိုင်ငံတကာ အစိုးရတွေ အနေနဲ့ လူသားချင်း စာနာကူညီရေး လုပ်ငန်း ပိုင်းတွေမှာ လူ့အခွင့်အရေး ကာကွယ်မှုစနစ် ထားရှိရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ရှိမရှိ စောင့်ကြည့် စစ်ဆေးမှုပိုင်းတွေမှာတော့ တစုံတရာ အားနည်းတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/2010-04-29-voa3.cfm

အပြည့်အစုံသတင်းဖတ်ရန်....

စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ

29 April 2010

နိုင်ငံနဲ့ လူမျိုးအတွက် ထမ်းဆောင်ရမယ့် တာဝန်တွေကို ၀တ္တရား ကျေပြွန်အောင် မဆောင်ရွက်ခဲ့တဲ့အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တရားစွဲဆိုလိုက်တယ်လို့ ဒေါ်အောင်ဆန်း စုကြည် ရဲ့ ရှေ့နေအဖွဲ့က ပြောပြပါတယ်။ ဘာအမှုနဲ့ တရားစွဲဆိုလိုက်သလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးကြည်ဝင်းက အခုလို ပြောပြခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် စွဲခိုင်းတဲ့အမှုက တရားမ အထွေထွေ လျှောက်လွှာ။ အင်္ဂလိပ်လိုတော့ Civil Miscellaneous Application၊ အရေးယူတဲ့ ပုဒ်မက၊ စွဲတဲ့ပုဒ်မက သီးခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ ၄၅ နဲ့ ၅၄ တို့အရ စွဲဆိုတာ။ သီးခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ ၄၅ ဆိုတာက အာဏာပိုင်ပဲဖြစ်ဖြစ်၊ ၀န်ထမ်းပဲဖြစ်ဖြစ် ဥပဒေပြဋ္ဌာန်းချက် တရပ်ရပ်အရ လုပ်ရမယ့် တာဝန်ကို မလုပ်ဘဲ ပျက်ကွက် နေရင် အဲဒီဟာကြောင့် နစ်နာသူတယောက်က တရားရုံးကိုသွားပြီး ကဲ ပုဒ်မ ၄၅ နဲ့ အဲဒီအာဏာပိုင်ကို သူ့မှာရှိတဲ့ တာဝန်ကို လုပ်ဆောင် စေဆိုတဲ့ ဒီဂရီအမိန့် ချပေးပါဆိုပြီး လျှောက်တယ်။ အဲဒါက သီးခြားသက်သာခွင့် ဥပဒေ ပုဒ်မ ၄၅။

“ပြန်ပြောရင် အာဏာပိုင် တရပ်ရပ် သို့မဟုတ် ၀န်ထမ်းတဦးဦးသည် ဥပဒေအရ လုပ်ရမယ်ဆိုတဲ့ တာဝန်ကို မလုပ်ဘဲ ပျက်ကွက်နေ လို့ရှိရင် အဲဒီမှာ နစ်နာသူက နေပြည်တော် တရားရုံးကို သွားပြီးတော့ အဲဒီတာဝန်ကို လုပ်ဆောင်ပေးစေဆိုတဲ့ ဒီဂရီကို ချပေးပါ၊ အမိန့် ပေး ပါဆိုပြီး လျှောက်တာ။”

ဒါ့အပြင် ၁၉၉၀ ရွေးကောက်ပွဲ ဥပဒေအရ စစ်အစိုးရ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့လွှတ်တော် ခေါ်ယူရေးကိုလည်း ပျက်ကွက်ခဲ့တာကြောင့် အ ရွေးကောက်ခံ လွှတ်တော်အမတ်တွေ ဖြစ်ကြတဲ့ NLD ဥက္ကဋ္ဌ ဦးအောင်ရွှေနဲ့ CEC အဖွဲ့ဝင် ဦးဉာဏ်ဝင်းအပါအ၀င် အရွေးကောက်ခံ လွှတ်တော်အမတ် ၂၆ ယောက် တို့က စစ်အစိုးရကို ပုဒ်မ ၄၂ နဲ့ တရားစွဲဆိုလိုက်တယ်လို့လည်း ဦးကြည်ဝင်းက အခုလို ဆက်ပြောပြခဲ့ပါ တယ်။

“ဒီတခါကျတော့ ၄၂၊ မြွက်ဟ ကြေညာပေးဖို့ Declaratory Decree ပေါ့၊ အဲဒါကို စွဲတာ။ ဘာကို မြွက်ဟစေချင်တာလဲ ဆိုတော့ သူတို့ သည် ၁၉၉၀ ပြည့်နှစ်က နအဖကပဲ၊ န၀တပေါ့ဗျာ အဲဒီအချိန်က၊ ဒါပေမဲ့ နအဖကပဲ ဆက်ခံတာ၊ အဲတော့ ဒီအစိုးရကပဲ ကျင်းပပြုလုပ်တဲ့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ ပြည်သူတွေက သူ့မဲဆန္ဒနယ်နဲ့သူ ရွေးကောက် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်များ၊ တနည်းအား ဖြင့် ဒီကနေ့ထိအောင် တရားဝင် ကိုယ်စားလှယ်များ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို မြွက်ဟကြေညာပါ။ ဒါပဲ။

“မြွက်ဟကြေညာ ၄၂ အရ စွဲရင် သူက ဆက်ပြီးတော့ နောက်ဆက်တွဲ အကျိုးဆက် သက်သာခွင့်ကို တောင်းရမယ်။ နောက်ဆက်တွဲ အကျိုးဆက် သက်သာခွင့်က လွှတ်တော်ကို ခေါ်ပေးပါ၊ စောစောကပြောတဲ့ ပုဒ်မနဲ့ အဲဒီလို ပြန်ပြီး စွဲထားတယ်။”

ဒီနေ့ အခုလို တရားစွဲဆိုမှုကို ဗဟိုတရားရုံးမှာ တင်သွင်းခဲ့ပြီး ဒီအမှုကို လက်ခံ၊ မခံ ဆိုတာကိုတော့ မနက်ဖြန် သောကြာနေ့မှာ သိရမှာ ဖြစ်တယ်လို့ ဦးကြည်ဝင်းက ပြောပြခဲ့ပါတယ်။ http://www.voanews.com/burmese/2010-04-29-voa6.cfm

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, April 29, 2010

ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျဉ်း နှင့် အသုဘရှုတရားနာ

ကောင်းရာ သုကတိလားပါစေ
* အမည် - ကိုမောင်မောင်ငြိမ်း
* အသက် - (၄၃) နှစ်
* ပညာအရည်အချင်း - အခြေခံပညာအထက်တန်း
* ဇနီးအမည် - မချမ်းလွန် (Internews)
* အဖအမည် - ဦးတင်မောင် (ဗိုလ်မှူးကြီး-ကွယ်လွန်)
* မွေးရာဇာတိ - ရန်ကုန်
* လက်ရှိတာဝန် - အထွေထွေအတွင်းရေးမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)။ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB)။ အယ်ဒီတာချုပ်၊ ရိုးမ ၃ သတင်းဌာန။

၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံ လှုပ်ရှားမှုတွင် တပ်မတော်သားတယောက်အနေဖြင့် ပါဝင်လှုပ်ရှားခဲ့သည်။ ပြည်သူဘက်က ရပ်တည်လှုပ်ရှားခဲ့ပြီး စစ်တပ်မှ အာဏာသိမ်းအပြီးတွင် လွတ်မြောက်ဒေသသို့ ထွက်ခွာလာခဲ့သည်။ မူလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကျောင်းသားတပ်မတော်တွင် တပ်ရင်းမှူးတာဝန်ထိ ဆောင်ရွက်ခဲ့သည်။ ၁၉၉၅ ခုနှစ်ခန့်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းသားတပ်မတော်နှင့် (PDF) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သော ကာလတလျှောက် ရှေ့တန်းစစ်မြေပြင်များတွင် အချိန် အများစု တာဝန်ထမ်းဆောင်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ် တပ်မှူးတာဝန်၊ နိုင်ငံရေး/စစ်ရေးဦးဆောင်ကော်မတီ အထွေထွေအတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်သည် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) ၏ အဖွဲ့ဝင်အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ ကိုမောင်မောင်ငြိမ်းသည် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်နှင့် ပြည်တွင်းလုပ်ငန်းကော်မတီတို့တွင် ပါဝင်ဆောင်ရွက်နေဆဲဖြစ်သည်။

သက္ကရာဇ် ၂၀၀၆ ခုနှစ်မှစ၍ ရိုးမ ၃ သတင်းဌာန၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ဗထူးအမည်ဖြင့် သတင်းများကို ရေးသားခဲ့သည်။ ၂၀၀၉ ခုနှစ်အတွင်း ရိုးမ ၃ သတင်းဌာနမှ ထုတ်ဝေသော 'မြန်မာ့ သားကောင်းများအတွက် ဝမ်းနည်းဖွယ်ရာ ကလေးစစ်သားများ' အမည်ရှိ အစီရင်ခံစာကို ဦးစီးထုတ်ဝေခဲ့သည်။

ကိုမောင်မောင်ငြိမ်းသည် မောင်ငြိမ်းလူ(ဟယ်လ်ပင်) ကလောင်အမည်ဖြင့် ကဗျာများကိုလည်း ရေးသားခဲ့သည့်အပြင် စာပေအသိုင်းအဝိုင်းမှ ကဗျာဆရာ၊ စာရေးဆရာများနှင့် စာပေလှုပ်ရှားမှုများတွင် ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်သည်။

သက္ကရာဇ် ၂၀၁၀ ပြည့်နှစ်၊ ကြာသာပတေးနေ့၊ နံနက် ၃ နာရီအချိန်တွင် ရိုးမ ၃ သတင်းဌာနရုံး၌ အသဲရောဂါ၊ ကျောက်ကပ်ရောဂါတို့ဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ၎င်း၏ ချစ်လှစွာသော ဇနီးသည် မချမ်းလွန် ကျန်ရစ်ခဲ့သည်။
သင်္ဂြီုဟ်မည့်အစီအစဉ်

* အချိန် - နေ့လည် (၁) နာရီ။
* နေ့ရက် - ၂၀၁၀ ပြည့်နှစ်၊ မေလ (၁) ရက် (စနေနေ့)။
* နေရာ - ဘန့်နူရာရပ်ကွက်၊ ဝပ်ဘွန်ယာဝပ်ဘုန်းကြီးကျောင်း။

အသုဘရှုတရားနာ (ယနေ့မှ သင်္ဂြီုဟ်မည့်ရက်အထိ)

* ညနေတရားနာချိန် - (ည ၈ နာရီ)
* နံနက်တရားနာချိန် - (နံနက် ၇ နာရီ)

အပြည့်အစုံသတင်းဖတ်ရန်....

လက်ယားနေသော နစကများ

မောင်တောမြို့တွင်း နစကများ သေနတ်ပစ်ခတ် သဖြင့် မြို့နေလူထု စိုးရိမ်မူပိုခဲ့ရ
4/29/2010

တာကလူး (မောင်တော)
ရခိုင်ပြည်နယ် မောင်တောမြို့တွင်းတွင် နစက တပ်ဖွဲ့ တဖွဲ့မှ ညအချိန်မတော် သေနတ် ပစ်ခတ်မူကြောင့် မြို့တခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ မြို့နေလူထုအတွင်း စိုးရိမ်မူပိုခဲ့ရသည်ဟု သတင်း ရရှိသည်။

မောင်တောမြို့ထဲမှ အမျိုးသမီး တဦးက “ မနေ့ ညဥ့် ၉ နာရီ ခွဲခန့်မှာ သေနတ်သံက လေးချက်တိတိ ထွက်လာတယ်ဆိုတော့ တမြို့လုံး ဆူညံသွားပြီး မြို့နေလူထု အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။ ဘာကြောင့် ခုလို ပစ်ခတ်တယ်ဆိုတာကို အစပိုင်းမှာ မသိတဲ့ အတွက် လူတွေသေနတ်သံကြားတာနဲ့ အထူးကို ထိတ်လန့်သွားခဲ့ကြပါတယ်” ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မူကို မောင်တောမြို့ ရွှေဇားတံတားတွင် ကင်းကျနေသည့် တပ်ဖွဲ့ တဖွဲ့မှ အနီးအနားရှိ မူဆလင် ကျေးရွာသားများနှင့် ပြဿနာ ဖြစ်ပွားစဉ် လူများက တုတ်ဓါးများ ဖြင့် တိုက်ခိုက်ရန် ၀ိုင်းအုံလာသဖြင့် သေနတ်ပစ်ဖေါက်ခဲ့ခြင်း ဖြစ်သည်ဟု အောင်ဗလ ကျေးရွာ သား တဦးက ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်တို့ ကြားသိရသလောက်ဆိုရင် ရွှေဇားတံတားမှာ ကင်းတာဝန်ယူထားတဲ့ နစက တပ်သား ၆ ဦးထဲက ၄ ဦးဟာ အဲဒီ တံတား နားမှာ ရှိတဲ့ ဦးဘိုင်ဂျာဆိုင်ကို ကွမ်းယာနဲ့ ဆေးလိပ် ၀ယ်ဖို့ သွားကြတယ်။ အဲသလို သွားတဲ့ အချိန်မှာ ဘူကာနီလို့ ခေါ်တဲ့ မကောင်းမူ လုပ်ငန်းတွေနဲ့ အသက်မွေး ၀မ်းကျောင်းလုပ်တဲ့ အမျိုးသမီး တဦးကလည်း ဈေးဆိုင်မှာ ဈေးလာဝယ်တော့ နစကတွေက အဲဒီ အမျိုးသ မီးကို အတင်း ဆွဲလား ငင်လားလုပ်တော့ ဦးဘိုင်ဂျာက ၀င်တားတယ်။ အဲသလို ၀င်တားတဲ့ ဦးဘိုင်ဂျာကို နစကတွေက ရိုက်တယ်။ အဲသလို ရိုက်တဲ့အခါ ရွာသားတွေက မခံရပ်နိုင်တာကြောင့် တုတ်တွေ ဓါးတွေကို ဆွဲပီး နစကတွေကို ရိုက်ဖို့ ၀ိုင်းလိုက်လာတဲ့ အခါ နစကတွေက မိုးပေါ်ထောင်ပြီး သေနတ် လေးချက်တိတိ ပစ်ခတ်လိုက်ရပါတယ်။ အဲသလို ပစ်ခတ်သံကြောင့် မြို့အတွင်းမှာ ရုတ်ရုတ် သဲသဲ ဖြစ်သွားခဲ့ရတာ ဖြစ်ပါတယ်။”

နစကများ သေနတ် ပစ်ခတ်မူကြောင့် မူဆလင် လူအုပ်မှာ ပြိုကွဲသွားပြီး ဦးဘိုင်ဂျာကို နစက တပ်ဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သူက ဆက်ပြောသည်။

“အဲဒီ အဖိုးကြီးက အသက် ၆၀ နီးပါးရှိနေပါပြီ။ အခုသူ့ကို သေနတ်လုဖို့ကြိုးစားတယ်ဆိုပြီး နစကတပ်သားတွေက ဖမ်းဆီးသွားပါ တယ်။ အမှုဖွင့်ပြီး တရားစွဲမလား ပြန်လွှတ်လိုက်ပီ လားဆိုတာကိုတော့ သတင်း မရသေးပါဘူး။”

ရွာသားများ၏ အဆိုအရ နစကများ ဆွဲငင်ခဲ့ကြသည့် အမျိုးသမီး ဘူကာနီ အသက် (၃၀) ကိုလည်း ဖမ်းဆီးရန် နစကမှ လိုက်ရှာနေ သည်ဟု သိရသည်။
www.narinjara.com

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင်ရင် ပါတီပျက်ပြယ်သည်ဆိုတဲ့ ဥပဒေအား တားဝရမ်းထုတ်ပေးရန် တရားရုံးချုပ်သို့စာတင်...

ယနေ့ တရားရုံးချုပ်သို့ အမျိုးသားဒီမိုကရေစီချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင်ရင် အလိုလျှောက် ပျက်ပြယ်မည်ဆိုသည့် ဥပဒေအား တားဝရမ်းထုတ်ပေးဖို့ တရားရုံးချုပ်သို့ တားဝရမ်းတင်ကြောင်းသိရပါတယ်. ...။ ဦးအောင်ရွှေအပါအဝင် လက်ရှိထိတွေ့နေတဲ့ ၁၉၉၀ခုနှစ်ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၆ဦးမှလည်း ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရပ်တည်ပိုင်ခွင့်ရှိကြောင်း ကြေငြာပေးဖို့နဲ့ အဲ့ဒီနောက်ပိုင်း လွှတ်တော်ခေါ်ယူ ပေးဖို့ တရားစွဲဆိုခဲ့ကြောင်း အမျိုးသားဒီမိုကရေစီချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။
ဆက်လက်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲကစပြီး ရပ်ဆိုင်းခြင်း ခံထားရတဲ့ နေအိမ်ပြင်ဆင်ခွင့်ကို ယနေ့မနက် ၉နာရီက စည်ပင်မှ ပြန်လည်ပြင်ဆင်ခွင့် ပြုလိုက်ကြောင်း ဆက်လက်ပြောဆိုသွားပါတယ်။

သတင်း ...ဒီမိုဝေယံ မှ

အပြည့်အစုံသတင်းဖတ်ရန်....

စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်

29 April 2010

စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့အတွက် စစ်အစိုးရက နောက်ဆုံးရက် သတ်မှတ်ထားတာ မနေ့တုန်းက ပြည့်သွားပါပြီ။ ဒါပေမဲ့ အင်အားအများဆုံး လက်နက်ကိုင်အဖွဲ့ တခုဖြစ်တဲ့ ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် အပါအ၀င် တိုင်းရင်းသားအဖွဲ့ တချို့က စစ်အစိုးရကို အကြောင်းမပြန်ကြသေးပါဘူး။

ဒီလို အခြေအနေမှာ အစိုးရတပ်တွေက ထိုးစစ်ဆင်လာမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရှမ်းပြည်နယ်ထဲက ၀နဲ့ ကိုးကန့် အပါအ၀င် တိုင်းရင်းသား တော်တော်များများ ထိုင်း၊ မြန်မာ နယ်စပ်ဘက်ကို ထောင်နဲ့ချီပြီး ထွက်ပြေးနေကြပါတယ်။ စစ်တပ်က ထိုးစစ်ဆင်လာရင် ပြန်လည်ခုခံ တိုက်ကြဖို့ အတွက်လည်း ၀ခေါင်းဆောင်ပိုင်းက ၀ပြည်သူတွေကို ပြည်သူ့စစ်သင်တန်းတွေ ပေးနေတယ်လို့လည်း သတင်းတွေ ရပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဝဒေသမှာ ရှိနေကြတဲ့ တိုင်းရင်းသားတွေ သူတို့ကိုယ်ပိုင် ရှိတာလေးတွေကို ဈေးပေါပေါနဲ့ ရောင်းချပြီး ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက စလို့ ထိုင်း၊ မြန်မာနယ်စပ်ကို ထွက်ပြေးနေကြတဲ့ အကြောင်း ရှမ်းသံတော်ဆင့် သတင်းဌာနက ကိုဆိုင်းမွန်းက ပြောပြပါတယ်။

“ထိုင်းနယ်စပ်မှာရှိတဲ့ မိုင်းတုံမြို့နယ်ရဲ့ ကျေးရွာတချို့ပေါ့၊ ဥပမာ မုံးဟန်ရဲ့၊ နားတောင်းကျေးရွာအုပ်စုရဲ့ အရှေ့တောင်ဘက်တွေ ရွာသား ထောင်နဲ့ချီပြီး အခု ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေးလာကြတယ်။ ဘာကြောင့်လဲဆိုတော့ အခု ၂၈ ရက်နေ့မှာ မြန်မာစစ်အစိုးရက ဖိအားပေးထားတဲ့အတိုင်း ၀တပ်ဖွဲ့တွေက စစ်ဖြစ်တော့မယ်ဆိုပြီး အဲလိုမျိုး သတင်းတွေ ထွက်နေတော့ သူတို့မိသားစုတွေက ရွှေ့ပြောင်းနေကြတယ်။
“အရင် သင်္ကြန်မတိုင်ခင်တုန်းကတော့ ၀ရွာသားတွေပဲ ပြောင်းရွှေ့နေကြတာ။ အခု ဒီသုံးလေးရက်အတွင်းမှာ ရှမ်းတွေ၊ လားဟူတွေ၊ အဲဒီဒေသမှာ နေတဲ့ ကိုးကန့် တရုတ်တွေပါ ၀ရွာတွေဆီ ပြောင်းရွှေ့လာကြတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ ချင်းလောင်မြို့နယ်မှာရှိတဲ့ ၀မ်ခုတ်ပုန်းရွာမှာလည်း ရှမ်းတို့၊ ၀တို့ ရာနဲ့ချီပြီး ရောက်ရှိနေကြတယ်။”

စစ်အစိုးရက ၀ဒေသကို ထိုးစစ်ဆင်တော့မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဒေသခံ တိုင်းရင်းသား ပြည်သူတွေ ထိုင်းနယ်စပ်ကို ထွက်ပြေးနေကြတာ ဒါဟာ ဒုတိယအသုတ် ဖြစ်ပါတယ်။ ၀တပ်ဖွဲ့တွေ အနေနဲ့ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်ကို နောက်ဆုံးရက်အဖြစ် စစ်အစိုးရဘက်က သတ်မှတ်ပေးလိုက်တုန်းကလည်း တခါ ထွက်ပြေးကြရပါသေးတယ်။ အဲဒီသတ်မှတ်ရက်ကို ၀တပ်ဖွဲ့တွေဘက်က ပယ်ချပြီးတဲ့နောက် အခု ၂၈ ရက်ကို ရွှေ့ပြီး တခါ သတ်မှတ်ရက် ပေးလိုက်ပြန်တာကြောင့် ဒေသခံ ပြည်သူတွေ ကြောက်လန့်တကြား ထွက်ပြေးကြရပြန်တာ ဖြစ်ပါတယ်။

အခုလည်း တပ်အင်အားတွေဖြည့်ပြီး ရုရှားလုပ် MIG-29 တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်မယ်ဆိုပြီး သတင်းတွေ ထွက်နေတာကြောင့် အခုလို ထွက်ပြေးကြတာလို့ ဆိုပါတယ်။

“တပ်မ ၇၇ က အဲဒီဒေသကို တပ်အင်အားဖြည့်မယ်။ ရုရှားက ၀ယ်ထားတဲ့ MIG-29 လေယာဉ်တွေကို မိနစ်ပိုင်းအတွင်း မိတ္ထီလာက လာရောက် တိုက်ခိုက်နိုင်တယ်ဆိုပြီး ကောလာဟလ သတင်းတွေ ထွက်နေတော့ ၀ပြည်သူတွေ ကြားထဲမှာ ပိုပြီးတော့ စိုးရိမ် ထိတ်လန့်မှုတွေ ဖြစ်နေတယ်။ အဲဒါကြောင့် ၀ဒေသမှာရှိတဲ့ ပြည်သူတွေ ထွက်ပြေးရခြင်း ဖြစ်တယ်လို့ ပြောကြတယ်ခင်ဗျ။”

ဒါ့အပြင် စစ်အစိုးရ တိုက်လေယာဉ်တွေကလည်း ပြီးခဲ့တဲ့လက စပြီး ကျိုင်းတုံဒေသတလျှောက် MIG-29 တိုက်လေယာဉ်တွေ ပျံသန်းပြနေတဲ့ အတွက်လည်း လူထုအကြား ပိုပြီးတော့ စိုးရိမ်မှုတွေ ပေါ်လာနေကြတယ်လို့ ဆိုပါတယ်။ မြန်မာပြည်ဘက်မှာ အခုလို စစ်ဖြစ်တော့မယ့် အရိပ်အယောင်တွေ တွေ့နေတာကြောင့် တရုတ်ပြည်ကလည်း သူတို့ဘက် အခြမ်းမှာ တပ်အင်အား တိုးချဲ့ချထားတာ အပြင် တခြား ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

“တရုတ်ဘက်မှာ ကြားရတာကတော့ ပန်ဆန်းဘက်မှာ ဟိုတလောကတည်းက သူတို့က ၀ပြည်သူတွေကို ပညာပေး ဟောပြောတယ်။ သူတို့က သူတို့ဒေသကို ကာကွယ်ဖို့ အဆင်သင့် ဖြစ်နေပြီ၊ လေကြောင်းနဲ့ နအဖက တိုက်ခိုက်လာမယ် ဆိုရင်လည်း သူတို့က အဆင်သင့်ပဲ ကာကွယ်ဖို့ ကုန်းကြောင်း၊ လေကြောင်း၊ ပြည်သူတွေအနေနဲ့ ထွက်မပြေးဖို့ဆိုပြီး ပြည်သူ့စစ်တွေခေါ်ပြီး စစ်သင်တန်းတွေ ပေးတယ်။ လက်တွဲပြီး သူတို့နယ်မြေတွေ ကာကွယ်ဖို့ဆိုပြီး ၀တွေက အကြိမ်ကြိမ် စည်းရုံးရေး ဆင်းထားတော့ ၀ဘက်ကတော့ ပြည်သူတွေ ထွက်ပြေးတဲ့သတင်း မကြားရပေမဲ့ တရုတ်နယ်ကြော ဘက်မှာတော့ တရုတ်တပ်တွေ တိုးဖြည့်တာ၊ တိုးချထားတာ မြင်ပြီး စစ်ဖြစ်မှာ စိုးရိမ်ပြီး တရုတ်ဘက်ကို ကူးမယ့်သူတွေ၊ ဒုက္ခသည်တွေကို ကူညီဖို့၊ စောင့်ရှောက်ဖို့ တရုတ်အာဏာပိုင်တွေကလည်း စစ်တပ်တွေ တိုးချဲ့ချထားတယ် ပြောတယ်။”

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ကလည်း ၀တပ်ဖွဲ့ကို စစ်အစိုးရ တပ်ဖွဲ့တွေက ပစ်ခတ်မှုတွေ ရှိခဲ့ပေမဲ့ လူမှားပစ်မိတာလို့ စစ်အစိုးရဘက် ကတော့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ၀တပ်ဖွဲ့တွေကတော့ ဒီဒေသမှာ သူတို့ရှိနေတာ ဆယ်စုနှစ်နဲ့ ချီနေပြီဖြစ်လို့ စစ်တပ်က သိသိကြီးနဲ့ တမင်ရန်စတဲ့သဘော ဖြစ်မယ်ဆိုပြီး ၀တပ်မှူးတွေက မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။
http://www.voanews.com/

အပြည့်အစုံသတင်းဖတ်ရန်....

နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခိုး..ဘယ်သူလဲဟဲ့ လူဆိုး

နာဂစ်သင့်ဒေသတွင် အာဏာ အလွဲသုံးစားလုပ် ကိုယ်ကျိုးရှာ
စိုးမိုး/ ၂၉ ဧပြီ ၂ဝ၁ဝ

နာဂစ်ဒဏ်သင့်ကျေးရွာများတွင် တာဝန်ကျရဲများနှင့် ကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌများက အာဏာအလွဲသုံးစားလုပ် ကိုယ်ကျိုးရှာနေကြသောကြောင့် ဒေသခံများ အိုးအိမ်နှင့် စီးပွားရေးလုပ်ငန်းများ ဆုံးရှုံးနေကြကြောင်း သိရသည်။

နာဂစ်ဒဏ်သင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ကျေးရွာများတွင် လောင်းကစားဝိုင်းများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက ဆက်ကြေးယူကာ အကာအကွယ်ပေးထားပြီး နာဂစ်ကြောင့် ပျက်စီးခဲ့သည့် အိမ်ရာများ ပြန်လည်ဆောက်လုပ် အခြေချသူများကိုလည်း ငွေရှင်များနှင့် ကျေးရွာအာဏာပိုင်တို့က ပူးပေါင်းကာ ဆောက်လုပ်ခွင့် ချမပေးကြကြောင်း နာဂစ်လေဘေးဒုက္ခသည်များထံမှ သိရသည်။

“နာဂစ် မဖြစ်ခင်တုန်းက ကျနော့်အဒေါ်ရယ် ကျနော်တို့ မိသားစုရယ် မိသားစု (၂) စုနေခဲ့တာခင်ဗျ။ နာဂစ်ဖြစ်တော့ မိသားစု (၂) ခုလုံးမှာ ကျနော်တယောက်ပဲ အသက်ရှင်ကျန်ခဲ့ပါတယ်။ အဲဒါ ကျနော် အလုပ်လှည့်လုပ် ပိုက်ဆံစုပြီး အခု ကျနော့်ခြံမှာ အိမ်ပြန်ဆောက်တာကို ဘေးခြံချင်းကပ်လျက် အိမ်က သူတို့ခြံပါဆိုပြီး ရွာလူကြီးကလည်း ကျနော့်ခြံမှန်း သိလျက်နဲ့ စာထုတ်ပေးတယ်။ ဥက္ကဋ္ဌ ဦးစိန်လွင်က အိမ်ကို တံဆိပ်တုံးရိုက်ပြီး ဖျက်ပေးရမယ်ဆိုပြီးတော့ အဲလိုတွေ လုပ်နေပါတယ်” ဟု နာဂစ်ဒဏ်သင့် ဘိုကလေးမြို့နယ် ပျဉ်ဖိုးကြီးရွာ ဒေသခံတဦးက ပြောသည်။

ယင်းကဲ့သို့ ဖြစ်ရပ်များ နာဂစ်သင့်ဒေသ ကျေးရွာများတွင် ဖြစ်ပေါ်နေသော်လည်း ဒေသခံ ငွေကြေးချို့တဲ့ အားနည်းသူများမှာ သက်ဆိုင်ရာမြို့နယ် မြေစာရင်းဦးစီးဌာန၊ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ မြို့နယ်တရားရုံးတို့မှ တရားရေးဆိုင်ရာဌာနများသို့ အကူအညီ မတောင်းတတ်ဘဲ ရှိနေသည်ဟု သိရသည်။

“ကျနော် အခု အိမ်ဆောက်ပြီးကာစမှာ ဖျက်ပေးရမယ်ဆိုတဲ့ စာရတော့ ဘာလုပ်ရမှန်း မသိဘူးခင်ဗျ။ ဖျက်တော့မဖျက်ဘူး ဆိုပြီး အခု အသိတွေကို လျှောက်မေးနေတာ။ ဘာလုပ်ရမလဲဆိုတာ။ ရွာလူကြီးကတော့ တံဆိပ်တုံးရိုက်ပြီး အိမ်ဖျက်ရမယ် ပြောတယ်။ ကျနော့်မှာ အဲဒီစာရှိတယ်” ဟု ဘိုကလေးမြို့နယ် ပျဉ်ဖိုးကြီးကျေးရွာ ဒေသခံက ပြောသည်။

ထို့အပြင် နာဂစ်အပြီး ပြန်လည်ထူထောင်ကာစ ကျေးရွာများတွင် တာဝန်ကျ ရဲတပ်ဖွဲ့များက ဆက်ကြေးကောက်ကာ ချဲဒိုင်၊ နှစ်လုံးထီဒိုင် များ လုပ်ကိုင်လာမှုကြောင့် ဒေသခံများက တပိုင်တနိုင် မွေးမြူထားသည့် ကျွဲ၊ နွား၊ ၀က်၊ ဘဲများကို ရောင်းချကာ နှစ်လုံးထီထိုးမှု များပြားလာနေကြောင်း ဘိုကလေးမြို့နယ် ကျွန်းညိုကြီးကျေးရွာအုပ်စု ဒေသခံက ပြောသည်။

၎င်းက “နယ်ထိန်းရဲ ဦးအောင်ဘနဲ့ ရယကပေါင်းပြီး နှစ်လုံးထီ ဒိုင်တခုကို တလ ကျပ် (၄) သောင်း တောင်းတယ်ခင်ဗျ။ ဒိုင် (၅) ခုရှိတယ် ခင်ဗျ။ ရဲတွေကိုယ်တိုင် လုပ်နေတာဆိုတော့ ကျနော်တို့ရွာကလည်း ဘယ်သူ့ကို တိုင်ရမှန်း မသိဘူး” ဟု ပြောသည်။

ယင်းသို့ အာဏာအလွဲသုံးစားလုပ် စီးပွားရှာနေမှုများကို နာဂစ်ဒဏ်မှ ပြန်လည်ထူထောင်ကာစ ကျေးရွာဒေသခံများအနေဖြင့် မြို့နယ်ရဲတပ်ဖွဲ့သို့လည်း မတိုင်ရဲဘဲ အခက်အခဲများ ဖြစ်နေကြောင်း သိရှိရသည်။
www.khitpyaing.org သတင်း

အပြည့်အစုံသတင်းဖတ်ရန်....

စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ

မြန်မာ့ရေတပ် အဓမ္မ စီးပွားရှာ
မိုးစက် Thursday, April 29, 2010


မြန်မာနိုင်ငံ တောင်ပိုင်း မြိတ်မြို့ရှိ ငါးဖမ်းစက်လှေ များထံမှ မြိတ်အခြေစိုက် တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် အရာရှိများနှင့် တပ်သားများက စက်သုံးဆီ ဒီဇယ်များကို အဓမ္မ တောင်းယူ စီးပွားရှာ နေကြောင်း သိရသည်။

တနင်္သာရီ ကမ်းရိုးတန်း ဒေသတွင် ငါးဖမ်းထွက်သည့် ဤသို့သော ပုဂ္ဂလိက ငါးဖမ်းလှေများထံမှ ရေတပ်က ဆီများတောင်းခံလေ့ရှိသည်
ဒေသခံ ပြည်သူများ၏ ပြောဆိုချက်အရ လှေငယ်လျှင် ဒီဇယ် ၅ ဂါလံမှ ၂၀ ဂါလံ အထိ တောင်းခံပြီး ၀ါလတ် စက်လှေ ကြီးများထံမှ ဆီတပီပါ (ဂါလန် ၅၀)၊ ၀ါတန် စက်လှေ ကြီးများထံမှ ဆီ ၂ ပီပါ (ဂါလန် ၁၀၀) အထိ တောင်းယူ နေကြောင်း ငါးဖမ်း စက်လှေ သမားများက ပြောသည်။

ရေတပ် အရာရှိနှင့် တပ်သားများသည် ငါးဖမ်း စက်လှေကို မြင်သည်နှင့် တာဝန်ကျရာ ကျွန်းမှ စက်လှေနှင့် ရောက်ရှိလာကာ ဒီဇယ်များ ကို တောင်းခံပြီး ပြန်လည် ရောင်းစား ကြကြောင်း၊ ဒီဇယ် မပေးပါက ငါးပုံးထဲမှ ဈေးကောင်းသည့် ငါးများကို နှိုက်ယူသွား ကြကြောင်း ငါးဖမ်း စက်လှေဖြင့် အသက် မွေးနေသူ မြိတ်မြို့သား တဦးက ပြောသည်။

“ဘယ်ငါး ဈေးကောင်းတယ် ဆိုတာကို သူတို့က သိတယ်လေ။ ကတ်ကူရံ ငါးဆို တကီလိုကို သောင်းချီ ရနေတာ။ မပေးရင် တခါတလေ လူကိုပါ ပြဿနာရှာတယ်၊ ရိုက်သွားတာမျိုးတွေ၊ ခြိမ်းခြောက်တာ မျိုးတွေရှိတယ်။ မြိတ်ဘက်ကိုရောက်လာတဲ့ ရေတပ်စစ်သားတွေက ကြမ်းတယ်” ဟု သူက ဆိုသည်။

အမှတ် ၄၉ ရေတပ်ကို မလိကျွန်းတွင် ရှေ့တန်းအဖြစ် စခန်းချထားပြီး အနီးပတ်ဝန်းကျင်ဖြစ်သော သင်္ကန်းအော်၊ မွန်တုံးကြီး၊ လင်းလွန်း၊ ကန်မွန် အစရှိသည့် ရွာများတွင်လည်း ရှေ့တန်းရေတပ်စခန်းများ ချထားကာ အဆိုပါ ရွာများ အနားသို့ကပ်လာသော ငါးဖမ်းလှေများကို မြင်လျှင် နောက်မှလိုက်၍ စက်သုံးဆီ တောင်းကြသည်ဟု ဒေသခံများက ပြောပြသည်။

ပုဂ္ဂလိက ငါးဖမ်းစက်လှေများထံမှ တောင်းယူပြီးသော စက်သုံးဆီများကို မြိတ်မြို့တွင်းရှိ လုပ်ငန်းရှင် များထံ ပြန်လည် ရောင်းချ လေ့ရှိ ကြောင်းလည်း သိရသည်။

မြိတ်မြို့အခြေစိုက် လုပ်ငန်းရှင်များနှင့် ရေတပ်သားများသည် စီးပွားရေးအရ ဆက်ဆံမှုများရှိနေပြီး ငါးဖမ်း စက်လှေများကို ဆီလိုက်လံ တောင်းခံရန် စက်လှေများကိုလည်း အဆိုပါ လုပ်ငန်းရှင်များထံမှ တလ ကျပ် ၅ သိန်းဖြင့် ငှားသုံးကြကြောင်း ငါးဖမ်း လုပ်ငန်းရှင် တဦး ကပြောသည်။

“မြိတ် ရေတပ်စခန်းမှာ ၆ လတခါလောက် ဗိုလ်တွေ အလှည့်ကျ ပြောင်းကြတယ်။ ဗိုလ်တစ်ဗိုလ် ပြောင်းတိုင်း မြိတ်ကနေ ကျပ် သိန်းတ ထောင်လောက် လုပ်ကျွေးလိုက်တယ်လေ။ လက်အောက် ငယ်သား လိုက်တောင်း ပေးတဲ့ စစ်သားတွေကို ရှင်းပြီးတာတောင် အဲဒီ လောက် ကျန်တယ်ဗျာ” ဟု သူကဆိုသည်။

မြိတ်မြို့ဒေသခံများ၏ အဆိုအရ မြိတ်မြို့တဘက်ရှိ ဇလိုင်ကျွန်းတွင် ရေတပ်အမြောက်တပ် တပ်ခွဲရှိပြီး ရေရေရာရာ အလုပ်မရှိသော ထိုအမြောက်တပ် တပ်သားများသည် လှေငှားသုံးကာ ဆီတောင်းခံခြင်းတွင် အကြမ်းဆုံးဟုသိရသည်။

“ဆီမပေးလို့ကတော့ တန်ဖိုးရှိတာအကုန်သိမ်းတယ်။ ကင်းမွန်ဖမ်းတဲ့ စက်လှေဆို အနည်းဆုံး ဂါလံ ၈၀ ပေးရတယ်၊ မပေးချင်ရင် သူတို့ ကိုမြင်တာနဲ့ လွတ်အောင်ပြေးရတယ်။ အခုနောက်ပိုင်းတော့ လှေငယ်တွေထက် ကင်းမွန် စက်လှေကြီးတွေကို တောင်းတာပိုများတယ်” ဟု စက်လှေ ရေလုပ်သား တဦးက ဆိုသည်။

မြိတ်မြို့သည် ရေလုပ်ငန်းအဓိကကျသော ဒေသဖြစ်ပြီး နိုင်ငံခြားသို့ ရေထွက်ပစ္စည်းအများဆုံး တင်ပို့ရာ နေရာလည်းဖြစ်သည်။

ထိုဒေသရှိ ဒေသခံအများစုမှာ ရေလုပ်ငန်းဖြင့် အသက်မွေးကြပြီး ငါးဖမ်းစက်လှေငယ်များ ပိုင်ဆိုင်ကြသည်။ အစဉ်အဆက် ရေလုပ် ငန်းဖြင့် အသက်မွေးနေသူများလည်းဖြစ်သောကြောင့် ငါးဖမ်းစက်လှေ အများစုမှာ လုပ်ငန်း မထိခိုက်စေရေးအတွက် မြိတ်ရေတပ်မှ တောင်းဆိုသမျှကို လိုက်လျောရသည်ဟု သိရသည်။ www.irrawaddy.org

အပြည့်အစုံသတင်းဖတ်ရန်....

ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော်သာအဖ..အမိတဲ့

ပေါ်တာဆွဲရန် အာဏာပိုင်များ ကြိုတင်စီစဉ်

နယ်ခြားစောင့်တပ် သတ်မှတ်ရက် နောက်ပိုင်း ဖြစ်ပေါ်လာနိုင်သည့် စစ်ပွဲများအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် အထမ်းသမား ခေါ်ရန်ကိစ္စကို သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်ခရိုင် ကြူကုတ်(ပန်ဆိုင်း) မြို့နယ် မုံးပေါ်ကျေးရွာအုပ်စု အာဏာပိုင်များအတွင်း ဆွေးနွေးထားကြောင်း သတင်းရရှိသည်။
ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းက မုံးပေါ်ရွာ၌ ပြုလုပ်သည့် အစည်းအဝေးတွင် မုံးပေါ်ကျေးရွာအုပ်စုမှ ရဲစခန်း မှူး ဦးဆန်း လွင် ဋ္ဌာနေ ပြည်သူ့ စစ်ခေါင်းဆောင် ဦးမိုက်ကယ်တို့ တက်ရောက်ခဲ့ပြီး အထမ်းသမား ခေါ်ရန်ကိ စ္စ ဆွေးနွေးခဲ့သဖြင့် ဒေသခံ တချို့ ထွက်ပြေး တိမ်းရှောင်မှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးအပြီးတွင် မုံးပေါ်ပြည်သူ့စစ်အင်အား ၂၀ ခန့်သည် မုံးပေါ်ကျေးရွာမှ ကားဖြင့် တစ်နာ ရီကျော်ခန့် သွားရသည့် ကချင်ပြည်လွတ်လပ်ရေး တပ်မတော်(KIA) တပ်မဟာ(၄)လက်အောက်ခံ တပ်စ ခန်းရှိရာ လွယ်ကန်ဒေသသို့ ထွက်ခွာသွားကြောင်း အာဏာပိုင်များနှင့်နီးစပ်သည့် ဒေသခံတစ်ဦးက သျှမ်း သံတော်ဆင့်သို့ ပြောသည်။

“သူတို့က (အာဏာပိုင်) နယ်ခြားစောင့်တပ်လက်မခံလို့ တိုက်မယ်ဆိုရင် ဒေသခံတွေကို ပေါ်တာဆွဲဖို့လို တယ် လို့ အဲဒီ အစည်းအဝေးမှာ ပြောတယ် မနေ့က မနက် ၈ နာရီလောက်မှာ ပြည်သူ့စစ်အဖွဲ့တွေ မထွက် ခင် ပေါ်တာဆွဲမယ်ဆိုပြီး ရွာ မှာ သတင်းထွက်လာတော့ ရွာသားတချို့တော့ ရှောင်သွားကြတယ် ပေါ်တာ ဆွဲတာတော့မရှိပါဘူး” ဟု နီးစပ်သူက ပြောသည်။

ယနေ့နေ့လည်ပိုင်းအထိ တစ်စုံတစ်ရာ ထူးခြားမှုမရှိပဲ ထွက်ခွာသွားသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ယနေ့နံနက်ပိုင်းတွင် ပြန်လည် ရောက်ရှိလာကြောင်း သူကဆိုသည်။

ဧပြီလ ၁၉ ရက်နေ့ခန့်က မြန်မာစစ်တပ် လှုပ်ရှားစစ်ကြောင်းများ ကြူကုတ်(ပန်ဆိုင်း) မြို့နယ် ၀မ့်အင်နှင့် ကျိန်းယန်း ကျေးရွာများတွင် တပ်စွဲလှုပ်ရှားလျှက်ရှိပြီး ပန်ဆိုင်းတစ်ဘက်ကမ်း တရုတ်ခြမ်း ၀မ်တိန်မြို့ဘက် တွင် တရုတ်စစ်တပ်များ တိုးချဲ့နေရာယူနေကြောင်း သိရသည်။ သျှမ်းသံတော်ဆင့် သတင်း

အပြည့်အစုံသတင်းဖတ်ရန်....

အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား

အသိဉာဏ်နိမ့်ကျ နအဖ ပေးသော ဂုရုဘွဲ့ရလို့ ပြောလိုက်သည့် ပခန်း ဝိမလာဘိဝံသ ၏

“မြတ်စွာဘုရားဟောပြ ညွှန်ကြားအပ်သော ရာဇအပရိဟာနိယတရားကို လိုက်နာ ကျင့်သုံးရာရောက်” စသော စကားများသည်

သူကိုးကားသည့် တရားတော်တွင် လုံးဝမပါဝင်ကြောင်း….
ဗုဒ္ဓဓမ္မကို နအဖအလိုကျ ဘယ်လိုဟောလိုက်ကြောင်း…….
ဆရာတပါးလွဲချော်က ဒကာအများ ငရဲခေါ်ရာရောက်သည်မို့……
ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသား ရဟန်းရှင်လူ ပြည်သူလူထုအားလုံး
ကိုယ်ပိုင် သိရှိ ဆုံးဖြတ်နိုင်ဖို့ သူကိုးကားသည့်
အကျယ်တရား မူရင်းများကို တင်ပြလိုက်ပါသည်။
p
တရားစစ်မှန် ကျင့်ကြံကြမှ
ချမ်းသာသုခ ရနိုင်မည်။
တရားတုတွေ ကျင့်နေကြလို့
ဆင်းရဲဒုက္ခရောက်ရသည်။
ယခုတဖန် အမှန်လမ်းသို့
အမြန်လှမ်းဖို့ချိန်တန်ပြီ
သို့မှ တိုင်းပြည်
ဘာသာရေးကြောင့် သာယာအေးချမ်း ရှိလိမ့်မည်။

(တောင်မြို့မဟာဂန္ဓာရုံဆရာတော်)
http://allburmamonksalliance.com/
မှတ်ချက်။ ။ မဟော်သဓာဇာတ်ထဲက နန်းတော်တံခါးပေါ်က ပုတ်သင်ကလေးတောင် အသပြာဖောက်တဲ့ လည်ဆွဲရတဲ့အခါ..ဟုတ်ပြီကွ..ငါ ဆိုတဲ့
မာနထောင်လွှားတဲ့ ပုံပြင်ကို အမှတ်ယူကြပါ။ (အာဇာနည်များ)

အပြည့်အစုံသတင်းဖတ်ရန်....

လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)


အပြည့်အစုံသတင်းဖတ်ရန်....

ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထဲပုန်းတောင် ငလျှင်ဆိုမရဖူး..

5.5-magnitude earthquake hits Myanmar

2010-04-29 06:00:00

An earthquake measuring 5.5 on the Richter scale struck Myanmar, the US Geological Survey said Thursday.
The quake hit at 12:31 a.m. ((2331 IST Wednesday) with a depth of 35 km, 425 km northwest of Yangon, Xinhua reported quoting the USGS.

There were no reports of any damage so far.

http://sify.com/news/5-5-magnitude-earthquake-hits-myanmar-news-international-ke3gadgeidj.html

အပြည့်အစုံသတင်းဖတ်ရန်....

အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..

ခွေးတောင် ချောင်ပိတ်ရိုက်ရင်ကိုက်မှတော့..ပြည်သူငတ်ရင်..နာကျည်းရင်..ဘာမဆို လုပ်ရဲတာပေါ့..
ဒါက..သက်သေပါ..ကိုယ်ကတယောက်..ရဲက လေးယောက်..အင်း ဒီနှုန်းနဲ့ သာဆို.....????

Sucide Bomber in Kayah. ကိုရဲရင့်ငယ် မေတ္တာပြုတာပါဗျ

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, April 28, 2010

ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေးကြပါရန်....

အခုရက်ပိုင်းအတွင်း မြန်မာပြည်မှ အင်တာနက်ဆိုင်များတွင် စစ်အစိုးရရဲ့ စအဖ (စစ်ဖက်ရေးရာ အထူးလုံခြုံရေးအဖွဲ့)မှ အင်တာနက် ဆိုင်များတွင် ဆိုင်ရှင်များအား ဖိအားပေးပြီး ဆိုင်ဝန်ထမ်းပုံစံဖြင့် အမျိုးသမီးငယ်များအား လာရောက်ထည့်သွင်း မြုပ်နှံထားကြောင်း ရန်ကုန်မှ အင်တာနက်ဆိုင်ရှင်တစ်ဦးမှ ဆက်သွယ် ပြောဆိုလာပါတယ်။

ဆိုင်ပိုင်ရှင်မှ ပြောဆိုရာမှာတော့ လာရောက် သုံးစွဲတဲ့ လူငယ်တွေက အမျိုးသမီးဝန်ထမ်းတွေပဲဆိုပြီး သိပ်ပြီးဂရုမစိုက် ကြတဲ့အတွက် အန္တရာယ်များကြောင်း .. စအဖမှ အင်တာနက်ဆိုင်ရှင်များကို ဖိအားပေးပြီး အတင်းလာရောက် ထည့်ထားခြင်းဖြစ်ကြောင်း ဆိုင်တော်တော်များများမှာ ထည့်ထားကြောင်း.. ယခုရက်ပိုင်းအတွင်း လာရောက် ထည့်သွင်းထားတာဖြစ်ကြောင်း ...ဆိုင်ပိုင်ရှင်များလည်း စိတ်ညစ်နေရကြောင်း ဒီသတင်းကို ဆက်လက်ဖြန့်ဝေပေးစေလိုကြောင်း ဆက်သွယ် ပြောကြားသွားပါတယ်။



အီးမေလ်မှ တဆင့်ဖော်ပြပါသည်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကာတွန်းဟန်လေးကို ဆုချပြီ


ကာတွန်းဟန်လေးကို HRW အဖွဲ့ ဂုဏ်ပြု

နယူးယောက် အခြေစိုက် လူ့အခွင့် အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ (HRW) က ချီးမြှင့်သည့် ယခုနှစ်အတွက် ဂုဏ်ပြုဆုရရှိသူ စာပေ အနုပညာရှင် များထဲတွင် ကာတွန်းဆရာ ဟန်လေး ပါဝင်သည်ဟု သိရသည်။
Hellman/Hammett အမည်ရှိသော ဆုအတွက် ဆုရွေးချယ်ရေး ကော်မတီက ကာတွန်းဆရာ ဟန်လေးနှင့် ပတ်သက်ပြီး စဉ်းစား ကြရာတွင် များစွာ ဆွေးနွေးစရာ မလိုဘဲ သဘောတူခဲ့ ကြကြောင်း ကော်မတီဝင် တဦးဖြစ်သူ Marcia Allina က ဧရာဝတီသို့ ပြောသည်။

“အစိုးရ ဖိနှိပ်မှုအကြောင်းတွေ ဖွင့်ချတဲ့အတွက် ပစ်မှတ်ထား ခံရသူကို ပြပါဆိုရင် ကာတွန်း ဟန်လေးကို ပြရမှာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

Hellman/Hammett ဆုသည် လူ့အခွင့်အရေး မြှင့်တင်ရန် အတွက် တက်ကြွစွာ ပါဝင် လှုပ်ရှားသူများကို နှစ်စဉ် ချီးမြှင့်သော ဆုဖြစ် သည်။ လွတ်လပ်စွာ ထုတ်ဖော်နိုင်ခွင့်ကို အလေးထားသည့် စာရေးဆရာ၊ အယ်ဒီတာများ ပါဝင်သော ကော်မတီက ၎င်းတို့ထံ ရောက်ရှိ လာသည့် အဆိုပြုလွှာများကို လေ့လာဆွေးနွေးပြီး ဂုဏ်ပြုဆုရှင်များကို ရွေးချယ်ခြင်းဖြစ်သည်။
ထိုဆုသည် အမေရိကန် ပြဇာတ်ရေးဆရာမတဦးဖြစ်သူ Lillian Hellman ကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။ ယုံကြည် ချက် အမြင်များကို ဖော်ထုတ်သည့် စာပေအနုပညာရှင်များကို ကူညီရေးအတွက် သူ၏ ပိုင်ဆိုင်မှုများကို အသုံးပြုရန် ပြဇာတ်ရေးဆရာမ က သေတမ်းစာ ရေးသား မှာကြားခဲ့သည်။ ဆုပေးသည့် အစီအစဉ်ကို ၁၉၈၉ ခုနှစ်တွင် အစပြုခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အတွက် ဆုရသူ ကာတွန်းဆရာက သူ၏ ကာတွန်းများက လူ့အခွင့်အရေး လှုပ်ရှားမှုကို တဘက်တလမ်းက အထောက်ကူပြု ကြောင်း အသိအမှတ်ပြုခံရသည့် အတွက် ဂုဏ်ယူမိသည်ဟု ပြောပြသည်။

“မြန်မာပြည်သူတွေက လူ့အခွင့်အရေး ဆုံးရှုံးနေကြတာပါ။ လူတိုင်းမှာ မွေးရာပါ အခွင့်အရေး ရှိပါတယ်။ အဲဒီ အခွင့်အရေးတွေကို လူတိုင်း အမြန်ဆုံးရ စေချင်ပါတယ်” ဟု ကာတွန်းဟန်လေးက ပြောသည်။

ယခုကဲ့သို့ နိုင်ငံတကာက အသိအမှတ် ပြုသောဆု ချီးမြှင့်ခံရခြင်းမှာ ပထဆုံး အကြိမ် ဖြစ်ကြောင်း ကာတွန်းဟန်လေးက ပြောသည်။ ဂုဏ်ပြုဆုနှင့် အတူ ငွေသားဆု အမေရိကန် ဒေါ်လာ ၁၀၀၀ ပါဝင်မည်ဟု ဆိုသည်။

ကာတွန်း ဟန်လေးသည် ၁၉၈၈ နောက်ပိုင်းမှ စတင်ပြီး ပြည်ပရှိ စာနယ်ဇင်းများအတွက်ကာတွန်းများ ရေးဆွဲခဲ့သည်။ယခုအခါ ဧရာဝတီ မဂ္ဂဇင်းတွင် ပင်တိုင် ကာတွန်း ဆရာ အဖြစ် မြန်မာပြည်ဆိုင်ရာ နိုင်ငံရေး ကာတွန်းများ၊ သရုပ်ဖော်ပုံများ ရေးဆွဲလျက်ရှိသည်။

Hellman/Mammett ဆုရှင် ကာတွန်းဟန်လေးသည် ပန်းချီပညာကို ၁၉၈၂ ခုနှစ်က ရန်ကုန် ပန်းချီ ပန်းပု အနုပညာကျောင်းတွင် တက်ရောက် သင်ကြားခဲ့သည်။ လက်ဦးဆရာများမှာ ပန်းချီ ဦးသုခ၊ ဦးဘလုံလေး၊ ဦးဘကြည်၊ ဦးတင်အေးတို့ ဖြစ်သည်။

ယခင်နှစ်ကHellman/Mammett ဆု ရရှိသူများထဲတွင် အကျဉ်းကျနေသူ ကဗျာဆရာစောဝေလည်း ပါဝင်သည်။

ထို့ပြင် ကွယ်လွန်သူ ကဗျာဆရာကြီး တင်မိုး၊ ဇာဂနာ၊ နိုင်ငံရေး အကျဉ်းသားများအရေး ဆောင်ရွက်သူ ကိုဘိုကြည်၊ ဘလော့ဂါ နေဘုန်းလတ် စသည့် မြန်မာပြည်သားများလည်း ယခင်နှစ်များက Hellman/Mammett ဆုကို ရရှိခဲ့ကြသည်။
မူရင်းသတင်း http://www.irrawaddymedia.com/bur/

အပြည့်အစုံသတင်းဖတ်ရန်....

ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..

ပါရမီတက္ကစီ ယာဉ်များအား ဗုံးသတိပေးချက်ထုတ်ပြန်
ပါရမီတက္ကစီ ယာဉ်များအား ငှားစီး၍ယာဉ်၏ နောက်ဖုံးအတွင်း(သို့မဟုတ်) ကားထိုင်ခုံအောက်တွင် ဗုံးဖောက်ခွဲရန် စီစဉ်နေကြောင်း သတင်းရရှိထားသည်ဟု သတိပေးချက်ထုတ်ပြန်

ပါရမီတက္ကစီယာဉ်မောင်းများ ယာဉ် အတွင်းလုံခြုံရေး အထူးဂရုပြုရှာဖွေစစ်ဆေး ဆောင်ရွက်မှုများပြုလုပ်လာကြောင်း ပါရမီတက္ကစီ ယာဉ်မောင်းများထံမှသိရှိရသည်။
ယင်းမှာ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက် လက်အောက်ရှိ ပါရမီတက္ကစီယာဉ်ဂိတ် တွင် ပါရမီတက္ကစီယာဉ်များ အားလုံး လုံခြုံရေးသတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရှိရသည်။ ထုတ်ပြန်ထားသော လုံခြုံရေးသတိပေးချက်များတွင် ပြည်သူ့ပျောက်ကျား တပ်ဦးအဖွဲ့မှ ဖောက်ခွဲရေးသမားများသည် ပါရမီတက္ကစီယာဉ်များအား ငှားစီး၍ ယာဉ်၏နောက်ဖုံး အတွင်း(သို့မဟုတ်)ကားထိုင်ခုံအောက်တွင် 'ဗုံး'ဖောက်ခွဲရန် စီစဉ်နေကြောင်း စစ်ဆေးဖော်ထုတ်သတင်း ရရှိထားသဖြင့် လုံခြုံရေးအထူးဂရုပြု၍ ယာဉ်အားရှာဖွေစစ်ဆေးကြရန်နှင့် ခရီးသည်ဆင်းတိုင်း ယာဉ်အတွင်း/အပြင်စစ်ဆေးရန်၊ ခရီးသည် မှတ်တမ်းထားရှိရန် စသည့်အချက် များပါရှိကြောင်း သိရသည်။

အဆိုပါ လုံခြုံရေးသတိပေး ချက်နှင့်ပတ်သက်၍ ပါရမီတက္ကစီယာဉ် မောင်းတစ်ဦးက''အခုလုံခြုံရေးအခြေ အနေအရ ကိုယ့်ကားကို ငှားတဲ့ခရီး သည်တွေမှာ အပိုပစ္စည်းတွေအိတ် တွေ ပါလာတယ် မပါလာဘူး ဆိုတာ အမြဲတမ်းသတိထားပြီး စောင့်ကြည့်ရပါတယ်။ အကယ်၍ အပို ပစ္စည်းတွေ ပါလာရင်လည်း ခရီး သည်ဆင်းသွားတဲ့အခါမှာ သူတို့ပစ္စည်းတွေ စုံမစုံကို စောင့်ကြည့်ရပါတယ်။ အခုအချိန်မှာက ဘယ်သူ့ကိုမှမယုံကြည်ရဘူး။ အဲဒါကြောင့် မို့လို့ ခရီးသည်အားလုံးကို ဂရုစိုက် ပြီးစောင့်ကြည့်နေရတာပါ''ဟုပြောကြားခဲ့သည်။
မူရင်းသတင်း http://www.first-11.com/

အပြည့်အစုံသတင်းဖတ်ရန်....

မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ ပြောဆိုလာသူ

သတင်းစာဆရာကြီး တက္ကသိုလ် ကိုကိုကြီး

ဝါရင့် သတင်းစာဆရာကြီး တက္ကသိုလ် ကိုကိုကြီးနှင့် တွေ့ဆုံခြင်း ၂ဝ၁ဝ ဧပြီ (၁၉)ရက်နေ့တွင် ဝါရင့်သတင်းစာ ဆရာကြီး တက္ကသိုလ် ကိုကိုကြီးနှင့် တွေ့ဆုံခဲ့သည်။ ဆရာ တက္ကသိုလ်ကိုကိုကြီးသည် သတင်းစာ လောကသို့ အသက်(၂ဝ) အရွယ်တွင် ဝင်ရောက်ခဲ့ပြီး သူ၏ သတင်းစာဆရာ ဘဝကို (သတင်းထောက်) ဘဝဖြင့် စတင်ခဲ့သည်။ သတင်းစာလောကတွင် နှစ်ပေါင်း များစွာ ကျင်လည်ခဲ့ပြီး (ဟန်ဂေရီ)နိုင်ငံမှ သတင်းစာ ပညာဒီပလိုမာဘွဲ့ကို (၁၉၇ဝ) ခုနှစ်တွင် ရရှိခဲ့သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲအကြို ပြည်တွင်းထုတ် မီဒီယာ များတွင် နိုင်ငံရေးနှင့် ဆက်နွယ်သောသတင်းများကို ဖော်ပြလာချိန်တွင် နိုင်ငံရေးပါတီ၊ နိုင်ငံရေး သမား နှင့် ပြည်သူလူထုကို အဓိက ဆက်သွယ် ပေးသူမှာ မီဒီယာများဖြစ်သည်။ ယင်းမီဒီယာများသည် ဘက်လိုက်သင့်သလား၊ ကြားနေသင့်သလား၊ အမှန်အတိုင်း တင်ပြသင့်သလား စသော မီဒီယာ၏ အခန်း ကဏ္ဍသည် ယနေ့အချိန်တွင် အရေးကြီးလာသည်ဟု လျှပ်တစ်ပြက် သတင်းဂျာနယ်မှ ထင်မြင်ယူဆမိပါသည်။ မီဒီယာ အခန်းကဏ္ဍနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ဝါရင့်သတင်းစာဆရာ များတွင် တစ်ယောက် အပါအဝင်ဖြစ်သော၊ သတင်းစာဆရာ အဖြစ် ခေတ်လေးခေတ်ကို ဖြတ်သန်းခဲ့သော သတင်းစာဆရာ လုပ်သက် နှစ်(၅ဝ)ရှိခဲ့သော ဆရာ တက္ကသိုလ်ကိုကိုကြီးနှင့် တွေ့ဆုံခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ ဆရာ သတင်းစာဆရာဘဝအစကို အရင်ဆုံးပြောပြပေးပါဆရာ။

ဖြေ။ ။ ၁၉၅ဝ ကျော်ကာလမှာ ကျွန်တော်က အားကစားကို ဝါသနာပါတယ်။ ဘောလုံးပွဲတွေလည်း အတော်လေး ကြည့်တဲ့အချိန်။ အဲဒီအချိန်မှာ မဏ္ဍိုင်သတင်းစာက ဆရာဦးထိန်လင်း၊ ဆရာ ဦးထွေးအောင်တို့နဲ့ ဘောလုံးပွဲကြည့်ရင်း ခင်မင် ရင်းနှီးလာတယ်။ ဘောလုံးပွဲ ကြည့်တဲ့အခါ အတူတူ ကြည့်တယ်။ အတူတူပြန်တယ်။ ရန်ကုန်ဘူတာကြီး ကနေ အတူတူ ပြန်ကြတယ်။ အဲဒီမှာ သူတို့နဲ့ ဘောလုံးပွဲ အကြောင်းတွေ ပြောရင်း ခင်မင်သွားတယ်။ အဲဒီမှာ ဦးထိန်လင်းက မင်း အားကစား ဝါသနာပါတာပဲ။ အားကစားအကြောင်း ဆောင်းပါးလေး ဘာလေး ရေးပါလားဆိုတာနဲ့ ကျွန်တော် မဏ္ဍိုင်သတင်းစာမှာ ဘောလုံးဆောင်းပါးလေးစရေးဖြစ်တယ်။
''ဆိုဗီယက်ပြည်ထောင်စုရဲ့ ဘောလုံးလောကအကြောင်း''စရေးဖြစ်တယ်။ အဲဒီမှာရေးရင်းနဲ့ ပြည်တွင်းအားကစား သတင်းတွေ ရေးဖြစ်တယ်။ နောက်သူတို့နဲ့ အဆက်အသွယ်ရပြီး မဏ္ဍိုင်မှာ အားကစား သတင်းထောက် စလုပ်ခဲ့တယ်။ ၁၉၅၅-၅၆ ကာလတွေမှာပါ။ ကျွန်တော်က တက္ကသိုလ်လည်း တက်နေတဲ့ အချိန်ဆိုတော့ အားကစားသတင်းတွေ ရေးတယ်။ အားကစားဆောင်းပါးတွေရေးပေးတယ်။ နောက်တစ်ခါ ဘွင်းဘွင်း သတင်းစာအတွက် ဘောလုံး သတင်းတွေရေးဖြစ်တယ်။နောက် ၁၉၅၉ ဗန်ကောက်မှာ လုပ်တဲ့ ပထမအကြိမ် ကျွန်းဆွယ် အားကစားပြိုင်ပွဲကို ဘွင်းဘွင်း သတင်းစာ ကိုယ်စားပြုပြီး ကျွန်တော် သွားရတယ်။ ကျွန်တော်ရယ်၊ ဦးထိန်လင်းရယ်၊ ဟံသာ ဝတီက ကိုသန်းညွန့်ရယ် သုံးယောက် သွားကြတယ်။ ကျွန်တော့်ရဲ့ သတင်းစာ ဆရာဘဝ အစကတော့ အားကစား သတင်း ထောက်ဘဝ နဲ့ စခဲ့တယ်။ အားကစားသတင်းကို ကျွန်တော် နှစ်အတော်ကြာကြာ ရေးခဲ့တယ်။ နောက်တံခွန်ဂျာနယ်ကို စထောင်တဲ့ထဲမှာ ပါခဲ့တယ်။ တံခွန်ဂျာနယ် ဆိုတဲ့ အမည်ကိုလည်း ကျွန်တော်ပဲရွေးပြီး ပေးခဲ့တာ။

မေး။ ။ ဆရာ သတင်းစာဆရာ ဘဝနဲ့ ဘယ်ခေတ်တွေကို ဖြတ်သန်းခဲ့ရပါသလဲ ဆရာ။ ဆရာ ဖြတ်သန်းခဲ့ရတဲ့ ခေတ်တွေကို ပြောပြပါဦး။

ဖြေ။ ။ ဖဆပလ နှောင်းပိုင်း၊ ပါလီမန်ဒီမိုကရေ စီခေတ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်။နဝတခေတ်။ နအဖ ခေတ်။ ခေတ်လေးခေတ်ကို ဖြတ်သန်းခဲ့ဖူးပါတယ်။

မေး။ ။ ဆရာ အဲဒီခေတ်တုန်းက နေ့စဉ်ထုတ် သတင်းစာ ဘယ်နှစ်စောင်လောက်ရှိလဲ။

ဖြေ။ ။ ကျွန်တော် မှတ်မိသလောက် နေ့စဉ်ထုတ် သတင်းစာ အစောင်(၂ဝ) လောက်ရှိမယ်။

မေး။ ။ အဲဒီခေတ်တုန်းက အစိုးရကထုတ်တဲ့ သတင်းစာ ဘာတွေရှိခဲ့လဲ။

ဖြေ။ ။ အဲဒီခေတ်တုန်းက အစိုးရက ထုတ်တဲ့ သတင်းစာဆိုတာ မရှိဘူး။ အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ သတင်းစာတော့ ရှိတယ်။ မဏ္ဍိုင်သတင်းစာ ဆိုရင် ဖဆပလကို ကိုယ်စားပြုတယ်။ ဖဆပလရဲ့ အသံကို အဓိကထားတယ်။ ပြည်ထောင်စု သတင်း စာဆိုရင် သန့်ရှင်းဖဆပလကို ကိုယ်စားပြုတယ်။ ၁၉၅၈-၆ဝ ကာလကျတော့ ဦးနုကို ထောက်ခံတဲ့ သတင်းစာရှိတယ်။ အိုးဝေသတင်းစာ ဆိုရင် ဦးနုကို ထောက်ခံတဲ့ သတင်းစာ အနေနဲ့ ရပ်တည်ခဲ့တယ်။ နောက် ဖဆပလဘက်က ဆိုရင် မဏ္ဍိုင်သတင်းစာဟာ ဖဆပလရဲ့ အာဘော်လို့တောင် ပြောလို့ရတယ်။ ဖဆပလအဖွဲ့က ငွေကြေး အကုန်အကျခံပြီး ထုတ်တယ်။ နောက်ပိုင်းကျတော့ ဖဆပလအဖွဲ့ချုပ်က နေပြီး မဏ္ဍိုင်သတင်းစာကို ဦးထွန်းဝင်းကို လွှဲပေးလိုက်တယ်။

မေး။ ။ အဲဒီခေတ်က သတင်းစာပညာနဲ့ ပတ်သက်တဲ့ သင်တန်းတွေအကြောင်း ပြောပြပေးပါဦးဆရာ။

ဖြေ။ ။ အဲဒီခေတ်တုန်းကတော့ သင်တန်းတွေ မတက်ခဲ့ရဘူး။ ဖဆပလခေတ်တုန်းကတော့ ဘာ သင်တန်းမှမရှိဘူး။ ကိုယ့်ဘာသာကို လက်တွေ့ ကွင်းပေါ်မှာ၊ လုပ်ငန်းခွင်ပေါ်မှာပဲ ကိုယ့်လက်တွေ့နဲ့ ကိုယ်ရေးရသားရတယ်။ ကျွန်တော် သင်တန်း တက်တာက ကြေးမုံကို ပြည်သူပိုင်သိမ်းပြီးတော့မှ။ အဲဒီတုန်းက တက္ကသိုလ်မှာဖွင့်တဲ့ သင်တန်းတွေတော့ ရှိတယ်။ နှစ်လည်း သိပ်မကြာလိုက်ဘူး။ ကျွန်တော်က အဲဒီတုန်းက တက္ကသိုလ်တက်နေတော့ သင်တန်းလည်း မတက်ဖြစ်ခဲ့ဘူး။ နောက်ကျတော့ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းက ဖွင့်တဲ့ ကမ္ဘာအေး သင်တန်းမျိုးတော့ ရှိတယ်။ ကျွန်တော် မတက်ဖြစ်ခဲ့ဘူး။ ၁၉၆၆ မှာ ကြေးမုံကို ကျွန်တော် ရောက်တယ်။ ကြေးမုံကို စာမေးပွဲ ဝင်ဖြေရသေးတာနော်။ အဲဒီအချိန်တုန်းက ရပ်သွားတဲ့ သတင်းစာ တွေကနေ အပြင်မှာ ရောက်နေတဲ့ သတင်းစာ ဆရာတွေ ဝင်ဖြေကြရတယ်။ ဝင်ဖြေတော့ ကြေးမုံမှာ ကျွန်တော် အားကစား သတင်းထောက် အနေနဲ့ တာဝန်ယူရတယ်။ အဲဒီနောက်ပိုင်း ၁၉၆၇ မှာ ပြန်ကြားရေး ဝန်ကြီးဌာနကနေ စာပေဗိမာန်မှာဖွင့်တဲ့ သတင်းစာပညာ အတတ်သင်တန်းကျောင်း သင်တန်း ပထမအပတ်မှာ ကျွန်တော်တို့ တက်ခဲ့ရတယ်။

မေး။ ။ အဲဒီခေတ်က သတင်းစာပညာ သင်တန်း ပထမအပတ်မှာ ဆရာနဲ့ အတူတူ တက်ခဲ့တဲ့သူတွေက ဘယ်သူတွေလဲဆရာ။

ဖြေ။ ။ အဲဒီခေတ်က ကျွန်တော်နဲ့အတူတူ သတင်းစာပညာ သင်တန်း တက်ခဲ့တဲ့သူတွေက ကိုခင်မောင်ထွေး (ခင်မောင်ထွေး-ပျဉ်းမနား)၊ နောက်မောင်ပေါ်ထွန်း ချစ်စံဝင်း၊ စာရေးဆရာ မောင်ဝံသ တို့က ကျွန်တော်နဲ့ အတူတူ သတင်းစာ သင်တန်း ပထမအပတ်မှာ တက်ခဲ့တဲ့ သင်တန်းသားတွေဗျ။

မေး။ ။ ဆရာ့ကို ဟန်ဂေရီကိုကိုကြီးလို့ ဘာဖြစ်လို့ခေါ်ကြတာလဲ။

ဖြေ။ ။ ၁၉၇ဝ မှာ အဲဒီသတင်းစာ သင်တန်းကနေ ထပ်ဆင့်ရွေးပြီး ဟန်ဂေရီကို လွှတ်တယ်။ သတင်းစာပညာ သင်တန်းတက်ဖို့။ ကျွန်တော် ရယ်၊ ဦးစောမြင့် (ယခုကွယ်လွန်)ရယ်။ နှစ်ယောက် တစ်နှစ် သင်တန်း တက်ခဲ့ရတယ်။ ဟန်ဂေရီကနေ သတင်းစာ ပညာဒီပလိုမာ ဘွဲ့ရခဲ့တယ်။ အဲဒါကို မူတည်ပြီး သတင်းစာလောကက လူတွေက ကျွန်တော့်ကို ဟန်ဂေရီကိုကိုကြီး၊ ဟန်ဂေရီကိုကိုကြီးလို့ ခေါ်ကြတာပေါ့။

မေး။ ။ ဆရာ့ရဲ့ သတင်းစာဆရာဘဝ တစ်လျှောက် အမှတ်ရစရာလေး တစ်ခုလောက် ရှိရင် ပြောပြပေးပါဆရာ။

ဖြေ။ ။ ကျွန်တော့်သတင်းစာဆရာ ဘဝတစ်လျှောက် အမှတ်ရစရာ တစ်ခုကတော့ ၁၉၈၃ ခုနှစ်၊ အာဇာနည်ကုန်း ဗုံးပေါက်မှုပါပဲ။ အဲဒီတုန်းက တောင်ကိုရီးယား သမ္မတချန်ဒူးဝမ် မြန်မာပြည်ကိုလာလည် တယ်။ သမ္မတနဲ့အတူ ဝန်ကြီးအဖွဲ့တွေ၊ စီးပွားရေး လုပ်ငန်း ရှင်တွေ တော် တော်များများပါတယ်။ အဲဒီ အဖွဲ့လာတော့ သူတို့ အစီအစဉ်ထဲမှာ အာဇာနည် ကုန်းကို အလေးလာပြုဖို့ အစီအစဉ် ရှိ တယ်။ ကျွန် တော်က လည်း တောင်ကိုရီးယား သတင်းစာဆရာတွေကို ဆက်သွယ်ရေး တာဝန်ယူထားရတယ်။ အဲဒီတုန်းက ဆက်သွယ် ရေးတာ ဝန်ကို ကျွန်တော်နဲ့ အတူတူ ယူရတာက ဦးစပ်ကိုင်ဖ။ နောက်မြန်မာ့ သတင်းစဉ်က ဦးခင်မောင်မြင့်။ ဦးဇော်မြင့်။ အဲဒီနေ့မှာ ကျွန်တော် တို့က အင်းယားလိတ် ဟိုတယ်မှာ ရှိနေတယ်။ တောင်ကိုရီးယား သတင်းစာဆရာတွေ ကိုလည်း အင်းယားလိတ်မှာပဲ ထား တယ်။ တောင်ကိုရီးယား သတင်းစာဆရာ အဖွဲ့က ကြိုတင်ရောက် နေကြတယ်။ ကျွန်တော်က မြန်မာ့အလင်း သတင်းစာမှာ အလုပ် လုပ်နေ ချိန်။ မနက် ပိုင်းကျတော့ တောင်ကိုရီးယား သတင်းစာ ဆရာအဖွဲ့နဲ့ ကျွန်တော်တို့တွေ အာဇာနည်ကုန်းကို ထွက်ခဲ့ကြတယ်။ အာဇာ နည်ကုန်းကို ရောက်တော့ အာဇာနည်ကုန်းက အခြေအနေတွေ၊ ပတ်ဝန်းကျင် အခြေအနေတွေ သူတို့ကို လိုက်ပြကြတယ်။ လိုက်ပြပြီး တော့ ကျွန်တော်တို့ တွေ တောင်ကိုရီးယားသမ္မတအဖွဲ့လာမှာကို စောင့်နေကြတယ်။

အဲဒီမှာ ကားတန်းတစ်တန်းက ဦးဝိစာရလမ်း အတိုင်းတက်လာပြီးတော့ အာဇာနည်ကုန်း ကိုပတ်။ မပတ်ခင်မှာ ကျွန်တော်ရယ်၊ ကိုဇော် မြင့်က ဗိုလ်စိန်မှန်ဂူနားမှာ ရပ်စောင့် နေကြ တယ်။ ကိုတင်ကြိုင် (ဓါတ်ပုံသတင်းထောက်) ကြေးမုံကိုတင်ကြိုင် ပေါ့။ ကျွန်တော်တို့နဲ့ စကား ပြောပြီး ဓါတ်ပုံရိုက်ဖို့ နေရာ ကောင်းယူ ဦးမယ် ပြောပြီး ကျွန်တော်တို့နားက ထွက်သွားတယ်။ ကားတန်းကလည်း အာဇာနည် ကုန်း အဆောက်အဦအတွင်းလည်း ရောက်ရော ဗုံးထပေါက်တာပဲ။ ကျွန်တော်နဲ့ ဗုံးပေါက်တဲ့နေရာက ပေ ၁၅ ပေ ၂ဝ လောက်ပဲ ဝေး မယ်။ ဗုံးပေါက်တဲ့ အချိန်မှာ ကျွန်တော်နဲ့ ကိုဇော် မြင့်နဲ့က ဗိုလ်စိန်မှန် ဂူနားမှာ မှောက်လိုက်ကြတယ်။ မှောက်လိုက်ပြီး ခေါင်းပေါ် မော့ကြည့်လိုက်တော့ အာဇာနည်ကုန်း ခေါင် မိုးကြီးက ဘာမှမရှိတော့ဘူး။ ပွင့်သွားပြီ။ ကျွန်တော်လည်း ဗုံးပေါက်တဲ့ နေရာနားကို အပြေးအလွှား သွားချိန်မှာ ဝန်ကြီးဦးအောင်ကျော်မြင့်၊ ကိုတင်ကြိုင် (ဓါတ်ပုံသတင်းထောက်)တို့ လဲပြိုနေတာတွေ့ရတယ်။ တခြားသူတွေလည်း လဲနေတာ တွေ့ရတယ်။ ကျွန်တော်လည်း ရှိတဲ့ကားတွေနဲ့ လဲပြိုနေတဲ့သူတွေကို ခေါ်ပြီး စစ်ဆေးရုံ(၂)ကို ပို့ပေးခဲ့တယ်။ ဆေးရုံအထိလိုက်ပြီး လိုအပ်တာတွေ ကူညီပေးခဲ့တယ်။ နောက် သတင်းစာတိုက်ကို ပြန်ရောက်တော့ ဖြစ်ရပ်တွေကို ပြန်ပြောပြတယ်။ အဲဒီ ဖြစ်ရပ်ကတော့ ကျွန်တော့် သတင်းစာသမားဘဝ တစ်လျှောက်မှာ မှတ်မှတ်ရရ အဖြစ်ဆုံးပါပဲ။

မေး။ ။ ဆရာက အဲဒီတုန်းက မြန်မာ့အလင်း သတင်းစာမှာဆိုတော့ အဲဒီ ဖြစ်ရပ်တွေကို သတင်းစာထဲမှာ ပြန်ရေးခဲ့သေးလား။

ဖြေ။ ။ ရေးလို့မရဘူး။ ကျွန်တော်တို့ အစစ်ခံရတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစစ်ခံရတယ်။ နိုင်ငံတော်က ဖွဲ့စည်းပေးထားတဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့မှာ ဖြစ်ရပ်အားလုံးကို ပြန်အစစ်ခံရတယ်။ ဘယ်လိုဖြစ်တာလဲဆိုတာကို ကျွန်တော်တို့ကို ပြန်စစ်တယ်။ ဖြစ်ရပ်အမှန် ကိုပေါ့ဗျာ။ ဖြစ်ရပ်ကိုပေါ့။

မေး။ ။ ဆရာက အဲဒီတုန်းက ဗုံးပေါက်ကွဲမှုမှာ သတင်းစာဆရာတွေ ဘယ်သူတွေ ဆုံးသွားလဲ။

ဖြေ။ ။ ကိုတင်ကြိုင် (ဓါတ်ပုံသတင်းထောက်) အဲဒီနေရာမှာပဲ ဆုံးသွားတယ်။ နောက်ရုပ်ရှင်ကော်ပိုရေးရှင်းက ကိုအုန်းကျော် ဆိုတဲ့လူ လည်း အဲဒီမှာပဲဆုံးသွားတယ်။ ကျွန်တော်တို့က အဆောက်အဦ အပြင်မှာ ဆိုတော့ ကျွန်တော်တို့က လွတ်သွားတယ်။ သူတို့က အဆောက် အဦအထဲမှာ မလွတ် တော့ဘူးပေါ့။

မေး။ ။ ဆရာ မီဒီယာသမား တစ်ယောက်ဟာ ဘက်လိုက်သင့်ပါသလား။

ဖြေ။ ။ ဒီနေရာမှာတော့ နှစ်ပိုင်းပြောရမယ်။ ဘယ်နေရာမှာမဆို ဘက်လိုက်မှုနဲ့ ကင်းတယ်ဆိုတာ မရှိပါဘူး။ သို့သော် သတင်းစာသမား၊ မီဒီယာသမား ကတော့ ကြားမှာနေသင့်တယ်လို့ ကျွန်တော်ထင်တယ်။ မီဒီယာသမားဆိုတာက နိုင်ငံတော်နဲ့ ပြည်သူကြားမှာ ပေါင်းကူးပေးတဲ့ သူတွေလေ။ နိုင်ငံတော်နဲ့ ပြည်သူကြားမှာ ပြည်သူရဲ့ဆန္ဒ၊ သဘောထား၊ အမြင်တွေကို တင်ပြပေးရသလို၊ နိုင်ငံတော်က ပြည်သူကို သိစေချင်တဲ့၊ ပြည်သူအတွက် လုပ်ဆောင်ပေးနေတဲ့ ကိစ္စတွေကို ပေါင်းကူး ဆက်ဆံပေးရတဲ့ အနေအထားလေ။ အဲဒီကြားမှာ ဘက်မလိုက်သင့်ဘူး ဆိုတဲ့ ခံယူချက်ကိုတော့ မီဒီယာသမားက စွဲကိုင်ထားဖို့တော့ လိုတာပေါ့။ ပြည်သူ့ အကျိုးစီးပွားအတွက် ဆိုရင်တော့ မီဒီယာသမားက ပြည်သူ့ဘက်က ဘက်လိုက်သင့်တယ်၊ ရပ်တည် ပေးရမယ်လို့ ကျွန်တော်ထင်တယ်။ ပြည်သူ့အကျိုး စီးပွားအတွက် ဆိုရင်တော့ ပြည်သူ့ဘက်က မီဒီယာသမားတွေ အနေနဲ့ ဘက်လိုက်သင့်တယ်။

မေး။ ။ မီဒီယာက အမှန်ကိုအမှားဖြစ် အောင်ပြောနေရင် အကျိုးဆက်က ဘာတွေ ဖြစ်လာနိုင်မလဲဆရာ။

ဖြေ။ ။ မီဒီယာက အမှန်ကို အမှားဖြစ်အောင် ပြောနေတယ်ဆိုတာက ဘယ်လို မီဒီယာမျိုးလဲဆို တာပေါ် မူတည်တာပေါ့။ အမှားကြီးပဲ ပြောလာရင် အမှားကို အမှန်ထင်တဲ့သဘောသဘာဝက ရှိတယ် လေ။ အမှားတွေကိုများများ ပြောလာပါများရင် ကြာလာတော့ ဒါတွေဟာ မှန်များမှန်မလားမသိဘူး ဆိုပြီး တွေးလာတတ်တယ်လေ။ ဒါတွေက မဖြစ်သင့် တဲ့၊ မလုပ်သင့်တဲ့ ကိစ္စတွေပဲ။ မြောက်မြားစွာသော အမှားတွေကို အမှန်ထင်လာအောင်၊ ခေါင်းထဲ စွဲသွားအောင် လုပ်တာမျိုးကတော့ မပြုသင့် မပြုအပ်တဲ့ လုပ်ရပ်ပဲ။ သတင်းစာသမား၊ မီဒီယာသမား တစ်ယောက် အဖြစ် အသက်မွေးဝမ်းကျောင်း ပြုမယ့်သူ တစ်ယောက် အနေနဲ့ကတော့ ကိုယ်လုပ်တဲ့ အလုပ်က မှန်သလား၊ မှားသလားဆိုတာကတော့ ချင့်ချိန် ဖို့လိုတာပေါ့။ အဓိကအားဖြင့် ပြည်သူနဲ့ နိုင်ငံတော်ကြားမှာ ပေါင်းကူးပေးရတဲ့ မီဒီယာရဲ့ အခန်းကဏ္ဍဟာ အမှန်ကို အမှန်ပဲ ပြောသင့်တယ်။ အမှန်ကို အမှန်ပဲ ဖော်ပြသင့်တယ်။ အမှန်ကိုပဲသိအောင် ဆောင်ရွက်သင့်တယ်။ ဒါမှသာလျှင် သမာသမတ်ကျတဲ့ သတင်းစာသမား၊ မီဒီယာသမား တစ်ယောက် ဖြစ်မှာပေါ့။ မဟုတ်ဘဲနဲ့အမှားကိုပဲ ဆက်ကာဆက်ကာ ဖော်ပြပေးနေတယ်ဆိုရင် ပြည်သူ အပေါ်မှာ မှန်ကန်တဲ့ ပြုကျင့်မှု မဟုတ်ဘူးလေ။ သတင်းစာ၊ မီဒီယာဆိုတာက ပြည်သူတွေ ခံစားနေရတဲ့ အနေအထား၊ ပြည်သူတွေ ရင်ထဲမှာ ရှိနေတဲ့ ခံယူချက်၊ ပြည်သူတွေရဲ့ လိုလား တောင့်တချက်တွေကို ဖော်ပြပေးသင့်တာပေါ့။ ဒါမှသာလျှင် သတင်းစာသမား ကျင့်ဝတ်နဲ့အညီ သတင်းစာသမားကောင်း တစ်ယောက် ပီသမှာပေါ့။

မေး။ ။ သတင်းစာသမား တစ်ယောက်ရဲ့ ကျင့်ဝတ်တွေက အချက် ဘယ်လောက်လဲရှိလဲ။

ဖြေ။ ။ အချက်ရယ်လို့ ပြောရရင်တော့ အများကြီး ပဲဗျ။ ဒီအပေါ်မှာ ပြုကျင့်တဲ့အနေအထား၊ ရပ်တည် တဲ့ အနေအထား။ သူဘယ်လိုပေါ်မှာ ရပ်တည်သလဲ။ ဘယ်သူ့ဘက်က ရပ်တည်သလဲ။ ဘယ်ရပ်တည်ချက် နဲ့ သူလုပ်ကိုင်နေသလဲ။ ဒီအပေါ်မှာ တည်နေတာ ကို။ သူ့အကျင့်စာရိတ္တပေါ်နဲ့ရပ်တည်ချက် ကောင်း သလား။သူဦးတည်တဲ့ လမ်းကြောင်းကကော မှန်ကန်သလား။ ဒါတွေကိုကြည့်ပြီး၊ ရပ်တည်ချက် ကိုကြည့်ပြီး သတင်းစာသမားကောင်းတစ်ယောက် ဆိုတာကို ပြောရမှာပါ။ သတင်းစာဆိုတာ ပြည်သူ တွေရဲ့ နားမျက်စိဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ မျက်စိထဲမှာ အမှန်ကိုမြင်အောင်၊ ပြည်သူတွေရဲ့ နားထဲမှာ အမှန်ကို ကြားအောင် ကိုယ်ကလုပ်ပေးရ မယ်။ ဒါကိုမှ လုပ်မပေးဘူး၊ ဒါကိုမှ လမ်းလွှဲတဲ့ အနေအထားကို တွန်းပို့မယ်ဆိုရင်တော့ ဒါဟာ သတင်းစာဆရာကောင်းတစ်ယောက်လို့ ပြောလို့ မရဘူး။

မေး။ ။သတင်းစာဆရာ စစ်စစ် မြန်မာပြည်မှာ ရှိလားဆရာ။

ဖြေ။ ။ အများကြီးရှိပါတယ်။ သတင်းစာဆရာ ကောင်းတွေ မြန်မာပြည်မှာ အများကြီးရှိပါတယ်။ သတင်းစာဆရာစစ်စစ်တွေ အများကြီးရှိနေပါတယ်။ ရပ်တည်နေကြပါတယ်။ သူတို့ရဲ့ရပ်တည်ချက်တွေ မှန်တယ်မမှန်ဘူးဆိုတာ သူတို့ရဲ့သမိုင်းက အဆုံး အဖြတ်ပေးသွားမှာပါ။

မေး။ ။ သတင်းစာဆရာတစ်ယောက် အနေနဲ့ ဒီနေ့ခေတ် လူငယ်သတင်းသမားတွေ ကို ဘာပြောချင်လဲဆရာ။

ဖြေ။ ။ မီဒီယာသမားကောင်း တစ်ယောက်ဖြစ်ဖို့ ဆိုတာက ပထမဦးဆုံးကိုယ့်ရဲ့ရပ်တည်ချက် မှန်ကန် ဖို့လိုတယ်။ ကိုယ့်ရဲ့ ရပ်တည်ချက် မှန်ကန်မှသာလျှင် ကိုယ့်ရဲ့လုပ်ဆောင်ချက်က မှန်ကန်မှာလေ။ ကိုယ့် လုပ်ဆောင်ချက် မှန်မှသာလျှင် ကိုယ်လမ်းညွှန်တဲ့၊ ကိုယ်ဦးဆောင်မှုပေးတဲ့ ပြည်သူကို အသိပေးတဲ့ နေရာမှာ ကိုယ်မှန်မှန်ကန်ကန် သတင်းတွေပေးနိုင်မယ်။ မှန်မှန်ကန်ကန် သဘောထားတွေကို ပေးနိုင်မယ်။ မှန်ကန်တဲ့ ယူဆချက်တွေကို တင်ပြပေးနိုင်မယ်။ ပြည်သူတွေရဲ့ ဆန္ဒအမှန်တွေကို ဖော်ထုတ်ပေးနိုင်မယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ ကြိုးစား ဆောင်ရွက်သွားမယ် ဆိုရင် အနာဂတ် လူငယ်သတင်းသမားတွေ အနေနဲ့ အများကြီး တိုးတက်သွားမှာပါ။ ဒါမှသာ အားလုံးရိုသေလေးစားတဲ့ မီဒီယာ လောကကြီး ဖြစ်မှာလေ။

မေး။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲ အကြိုကာလမှာ မီဒီယာအခန်းကဏ္ဍက ဘယ်လောက် အရေးပါသလဲဆရာ။

ဖြေ။ ။ တကယ်အရေးပါပါတယ်။ ရွေးကောက်ပွဲ တစ်ခုဟာ နိုင်ငံတော်မှာ မရှိမဖြစ် ဖြတ်သန်းသွားရမယ့် ကာလတစ်ခုပါ။ ဒီမိုကရေစီ လမ်းကြောင်းကို သွားမယ်ဆိုရင် ရွေးကောက်ပွဲဟာ မပါမဖြစ်ဘဲ။ ဒီရွေးကောက်ပွဲမှာ မီဒီယာတွေ က ရွေးကောက်ပွဲ အနှစ်သာရ၊ ဒီမိုကရေစီရဲ့ဦးတည်ချက်တွေကို မီဒီယာသမားတွေကပဲ ပြည်သူတွေကို လမ်းညွှန် ပေးနိုင်မယ်။ ရှင်းပြနိုင်မယ်။ သတင်းပေးနိုင်မယ်။ ဒီလိုပဲ နိုင်ငံတော်က ထားရှိတဲ့ သဘောထားတွေ ကိုလည်း ပြည်သူတွေ လေ့လာနိုင်အောင်၊ ဝေဖန် အကဲဖြတ်နိုင်အောင် မီဒီယာသမားတွေကပဲ ပေးရမှာ ဖြစ်တဲ့အတွက် ဒီသတင်းစာ၊ မီဒီယာဟာ ရွေး ကောက်ပွဲအကြိုကာလမှာ အရေးကြီးသလို ရွေး ကောက်ပွဲပြီးတဲ့ ကာလမှာလည်း အရေးပါတဲ့နေရာ မှာ ရှိနေပါတယ်။ မီဒီယာတွေက ရွေးကောက်ပွဲ ကာလမှာရှိနေတဲ့နိုင်ငံရေးအနေအထား၊ တိုင်းပြည်ရဲ့ လက်ရှိအနေအထား၊ သွားရမယ့်ဦးတည်ချက် ဒါတွေကို အများပြည်သူ ချင့်ချင့်ချိန်ချိန်နဲ့ စဉ်းစား တွေးခေါ် ရွေးချယ်နိုင်ဖို့အတွက် လုပ်ဆောင်ပေးရ မှာက မီဒီယာသမားတွေပါ။ ဘယ်ပါတီ၊ ဘယ် အဖွဲ့အစည်း၊ ဘယ်သူတွေရဲ့ ချုပ်ကိုင်မှုကို မခံရဖို့ မီဒီယာသမားတွေ သတိထားရမယ်။ ပါတီတွေနဲ့တော့ တွေ့ရမှာပေါ့။ ပါတီတွေရဲ့ တင်ပြပေးတာတွေကို ဖော်ပြပေးသင့်တယ် ထင်တာကို ဖော်ပြပေးရမယ်။ သို့သော် ပါတီတွေရဲ့ ကြိုးဆွဲရာကို မခံရဖို့ အရေး ကြီးတယ်။ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍဟာ ရွေးကောက်ပွဲကို ဖြောင့်ဖြောင့်တန်းတန်း ချောချော မွေ့မွေ့ဖြစ်သွားအောင် လုပ်ပေးနိုင်တယ်။ လမ်းခင်းပေးနိုင်တယ်။ ဆိုတော့ ၁၉၆ဝ ကျော်လောက်က တည်မြဲသန့်ရှင်း အဓိကပြိုင်ကျတဲ့ကာလမှာ သတင်းစာသမားက အများကြီး လုပ်ခဲ့ရတယ်။ ဥပမာအားဖြင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ရွေးကောက်ပွဲ အခြေအနေကို လှည့်လည် သွားပြီးတော့မှ ဝေဖန် တယ်။ အကဲဖြတ်တယ်။ သဘောထားဆန္ဒ တွေကို လိုက်တောင်းခံတယ်။ အထောက်တော် သတင်းစာ ဆိုရင် မြန်မာပြည်တစ်နံ တစ်လျားကိုသွားပြီး ဘယ်မြို့နယ်ကတော့ဖြင့် ဘယ်သူကတော့ဖြင့် အလားအလာ ကောင်းတယ်။ ဘယ်မြို့နယ်ကတော့ ဖြင့် ဘယ်အင်အားစု ကတော့ဖြင့် ဘယ်လိုအခြေ အနေရှိတယ်။ အဲဒါမျိုးတွေကိုတောင် တိုင်းပြည်ကို အချိန်မီတင်ပြနိုင်ခဲ့တယ်။ အခုလို အနေအထား ဆိုရင် မီဒီယာတွေက ဒီလိုဟာမျိုးတွေကို လုပ်နိုင် တာပေါ့။ ဒါအမှန်တွေပဲလေ။ ဘယ်သူ့ဘက်မှ လိုက်တာမှ မဟုတ်ဘဲ။ လက်ရှိအနေအထားအရ ပြည်သူတွေရဲ့ ဆန္ဒဘယ်လို ရှိတယ်။ ပြည်သူတွေ ဘယ်ဘက်ကို ယိမ်းယိုင်နေတယ်။ ဦးတည်နေတယ်။ စတဲ့ ပြည်သူရဲ့ ထင်မြင်ချက်၊ အလားအလာတွေကို မီဒီယာတွေက လုပ်ပေးလို့ ရတယ်လေ။ ဒါတွေကို လုပ်ပေးနိုင်ရင် ပြည်သူတွေက ဒီ ၂ဝ၁ဝ ရွေး ကောက်ပွဲ အလားအလာကို ခန့်မှန်းလို့ရမယ်။ တွက်ဆလို့ရမယ်။ အကဲဖြတ်လို့ရမယ်။

မေး။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ကာလတွေမှာ မြန်မာနိုင်ငံရဲ့ သတင်းစာ လွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့် ဘယ်လို ဖြစ်လာနိုင်မလဲလို့ ဆရာထင်ပါသလဲ။

ဖြေ။ ။ မီဒီယာတွေဟာ ရွေးကောက်ပွဲ အကြို ကာလမှာ အရေးပါသလို၊ ရွေးကောက်ပွဲပြီးတဲ့ ကာလမှာလဲ မီဒီယာရဲ့အခန်းကဏ္ဍက အရေးပါတဲ့ နေရာမှာ ရှိနေပါတယ်။ ဦးဆောင်မှုပေးတဲ့ အနေအထားမှာရှိတယ်။ လမ်းညွှန်မှုပေးတဲ့ အနေ အထားမှာရှိတယ်။ ပွင့်လင်းတဲ့ အနေအထားမျိုး ရောက်အောင် မီဒီယာတွေက လုပ်ဆောင်ပေးရမယ်။ ဖော်ပြပေးရမယ်။ စတုတ္ထမဏ္ဍိုင်အနေနဲ့ ပီပီပြင်ပြင် ရပ်တည်ဖို့တော့ လိုတယ်။ ရွေးကောက်ပွဲ အပြီးကာလမှာလည်း ပြည်သူယုံကြည်တဲ့ မီဒီယာ တွေဖြစ်ဖို့လိုတယ်။

မေး။ ။ သတင်းစာလွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့် ဘယ်လိုဖြစ်လာနိုင်မလဲလို့ ဆိုတဲ့ မေးခွန်းကိုလဲ ဖြေပါဦးဆရာ။

ဖြေ။ ။ အဲဒါကတော့ ထွက်ပေါ်လာတဲ့ ရလဒ် အပေါ်မှာ မူတည်တယ်။ ထွက်ပေါ်လာတဲ့ ရလဒ်အပေါ်မှာ ဘယ်လိုအစိုးရမျိုးဖြစ်လာမလဲ။ ဘယ်လို ပုံသဏ္ဍာန်နဲ့ ဖွဲ့စည်းမယ့် အစိုးရမျိုးဖြစ်မလဲ ဆိုတာ မူတည်တယ်။ ပွင့်လင်းမှုကိုပေးမယ့် အလားအလာမျိုး ရှိမလား။ ဒါဆိုရင် သတင်းစာလွတ်လပ်ခွင့် ရှိလာနိုင်မယ်လေ။ ကျယ်ကျယ်ပြန့်ပြန့် ရေးလာနိုင် မယ်လေ။ သို့မဟုတ်ဘဲနဲ့ စည်းတွေကမ်းတွေ ဘောင်တွေနဲ့ သွားမလား ဆိုတာ မသိနိုင်သေးဘူးလေ။ ဘာမှ ကြိုတင်ပြီး ပြောလို့မရသေးဘူး။

မေး။ ။ ဆရာ ဘာများပြောချင်သေးလဲ။

ဖြေ။ ။ အဓိကကတော့ဗျာ မီဒီယာသမားတွေ အနေနဲ့ ကိုယ့်ရဲ့ရပ်တည်ချက် မှန်မှန်ကန်ကန်နဲ့ ပြည်သူ့ အကျိုးစီးပွားကို လုပ်ဆောင်ပေးကြဖို့၊ ရပ်တည်ပေးကြဖို့ပဲ လိုလိမ့်မယ်လို့ ပြောချင်ပါတယ်။ အွန်လိုင်း-ဝဏ္ဏ
လျှပ်တစ်ပြက် သတင်းဂျာနယ်မှ

အပြည့်အစုံသတင်းဖတ်ရန်....

တံဆိပ်တပ်တဲ့ ၀ါသနာ…

လူထုဦးစိန်ဝင်း

တပည့်ကျောင်းသားဟောင်း တစ်ယောက်က နယ်မှာ ကျောင်းဆရာ လုပ်ပါတယ်။ သူ့ကျောင်းက စာကြည့် တိုက်အတွက် အလှူခံလို့ စာအုပ်တချို့နဲ့ ဂျာနယ်များ လှူလိုက်ပါတယ်။ လှူတဲ့အထဲမှာပါတဲ့ ဂျာနယ်တစ် စောင်ကိုတွေ့တော့ သူက အံ့သြတဲ့မျက်နှာ နဲ့ “ဒီ ဂျာနယ်လဲ ဖတ်တာပဲလားဆရာ” လို့ မေးလိုက်ပါတယ်။ ပြီးတော့ တစ်ဆက်တည်း “ဆရာနဲ့ အယူအဆ ပြဒါးတစ်လမ်း သံတစ်လမ်း မဟုတ်လား”လို့လည်း ပြော လိုက်ပါတယ်။
မတူတာ ပိုဖတ်သင့်တယ်…

သူပြောတဲ့ ဂျာနယ်နဲ့ အယူအဆချင်းက တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလောက် ခြားနားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့်လို့ အယူအဆတူတဲ့ စာမျိုးထက် မတူတဲ့ စာမျိုးကို ပိုပြီးတောင် ဖတ်သင့်တယ် ထင်ပါတယ်။ မတူတဲ့ ရှုထောင့်ကကြည့်တဲ့ မတူတဲ့ အမြင် ကနေ ပေါ်ထွက်လာတဲ့ မတူတဲ့ အတွေးတွေ မတူတဲ့ အကြံအစည်တွေကို သိရတာ ကိုယ့်အတွက်လည်း အကျိုးမရှိနိုင်ဘူးလား။ ကိုယ်နဲ့ အကြိုက်ချင်းမတူတာနဲ့ အယူအဆချင်း မတူတာနဲ့ မကောင်းဘူး။ မမှန်ဘူးလို့ သဘောမထားအပ်ပါဘူး။ အယူအဆ မတူပေမယ့်လို့ ကိုယ်ကျိုးစီးပွားနဲ့ ရပေါက်ရလမ်း အခွင့်အရေးကို မျှော်ကိုပြီး ရေးသားတာမျိုး မဟုတ်ဘဲ၊ သူကိုယ်တိုင် အမှန်တကယ် ယုံကြည်လို့ ရေးတာမျိုးဆိုရင် ဘယ်လောက်ပဲ အယူအဆ ကွဲနေနေ တလေးတစား သဘောထားရမှာပါပဲ။ စာကိုသာ မဟုတ်ဘူး။ လူကိုလည်း လေးစားရမှာပဲဖြစ်တယ်။ ကိုယ့်အတွက် ရပေါင်းရလမ်း အကျိုးအမြတ်ကို မျှော်ကိုးပြီး ရေးတဲ့သူနဲ့ သူရေးတဲ့ စာကိုတော့ သိဖို့ လောက် သာဖတ်ပြီး လေးစားစရာ မလိုပါဘူး။ လေကုန်ခံပြီး ပြောနေစရာလည်း မလိုပါဘူး။ ခေတ်အမျိုးမျိုးကို ဖြတ်သန်းလွန်မြောက် လာခဲ့ပြီး အဖြစ်မျိုးစုံ ကြုံတွေ့ခဲ့ဖူးတဲ့ မြန်မာစာဖတ်ပရိသတ်က အင်မတန် အကင်းပါးပါတယ်။ “ပါးစပ် ဟ လိုက်တာနဲ့ အထဲမှာ အူ ဘယ်နှစ် ခွေရှိတယ်”ဆိုတာ ကောင်းကောင်းမြင်တတ်ပါတယ်။ စာဖတ်ပရိသတ်က အလေးမလုပ်တော့လို့ စာပေသင်္ချိုင်းကို အသက်ရှင်လျက် ရောက်သွားတဲ့ သူတွေ ခေတ်အဆက်ဆက်မှာ မနည်းလှပါဘူး။ ကိုယ့်သမိုင်း ကိုယ်ရေးတယ်ဆိုတာ စာရေးဆရာမှ စာက မဟုတ်တာ။
သမိုင်းရဲ့ အမှိုက်ပုံကြီးထဲ ရောက်သွားသူတွေ…
နိုင်ငံရေးသမား အပြောမှားတာက ငြင်းလို့ရသေးတယ်။ နောက်မှ ပြင်ပြောလို့ရသေးတယ်။ ကျနော်က ဒီအဓိပ္ပါယ်နဲ့ ပြောတာ မဟုတ် ပါဘူးဆိုပြီး ဖာလို့ ထေးလို့ ရသေးတယ်။ ဒါတောင်မှ သွေးနာထင် အရောက်လွန်ပြီး နှုတ်မစောင့်စည်းမိတာကြောင့် မနက်ကတင် ဟီးရိုး ဖြစ်နေရာက ညနေကျတော့ ချက်ချင်းကြီး ဗီလိန်ဘ၀ ရောက်သွားပြီး ပရိသတ်ရဲ့ ရွံရှာပစ်ပယ်ခြင်း ခံလိုက်တဲ့ သာဓကတွေလည်း ရှိ သေးတယ်။ နှုတ်ကြောင့်သေတဲ့ အဖြစ်ပေါ့လေ။ စာရေးဆရာကျတော့ စာရွက်ပေါ်မှာ အဖြူအမည်းနဲ့ မှတ်တမ်းတင်ကျန် ရစ်ခဲ့တာ ဆိုတော့ လိမ်လို့လည်းမရ ငြင်းလို့လည်းမရ တော့ဘူး။ ဒီလိုနဲ့ပဲ စာအရေးအသား အင်မတန်ကောင်းပြီး၊ စာကောင်းတချို့ ရေးသား နိုင်ခဲ့တဲ့ စာရေးဆရာ အတော်များများ “သမိုင်းရဲ့ အမှိုက်ပုံကြီး”ထဲရောက်ရှိသွားတာမျိုးတွေလည်း တွေ့ရပါတယ်။ စိတ်မကောင်းစရာလည်းဖြစ်၊ နှမြောစရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လို့ မြန်မာလူမျိုးများရဲ့ စိတ်ယဉ်ကျေးမှု အထက်တန်းကျပုံက၊ မှားခဲ့မိတာကို အမှန်တကယ် သိမြင်ပြီး ရိုးသားစွာနဲ့ မှားခဲ့မိကြောင်း တောင်ပန်းပြုပြင်လိုက်ရင်ဖြင့်၊ အာဃာတ လုံးဝမထားပဲ ခွင့်လွတ် လက်ခံ ဆက်ဆံနိုင်ကြတာပဲဖြစ်တယ်။ အမှန်တကယ် ရိုးသားတယ်လို့ ယုံကြည်ဖို့သာရှိပါတယ်။
တံဆိပ်တပ်တဲ့ ၀ါသနာ…
“ကျနော် တော့ ဒီဂျာနယ်လဲ မဖတ်ဘူး။ ဟိုစာရေးဆရာလဲ မဖတ်ဘူး။ သူတို့က အလိုတော်ရိတွေမှန်း သိသာနေတာပဲ ဆရာရဲ့” ကျောင်းသားဟောင်း ဆရာလေးက သူ့အမြင် သူ့သဘောထားကို ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။ ဒါက စာဖတ်ပရိသတ်ရဲ့ အခွင့်အ ရေးပဲလေ။ ကြိုက်တာကိုဖတ်မယ်၊ မကြိုက်တာကို မဖတ်ဘူးပေါ့။ စာနယ်ဇင်းသမားကျတော့ စာဖတ်ပရိသတ်လို ရွေးချယ်ခွင့် မရှိဘူး။ ကြိုက်လည်းဖတ်၊ မကြိုက်လည်းဖတ်ပဲ။ မကောင်းတာကိုလည်း ဘာကဘယ်လို မကောင်းတာလဲဆိုတာကို စာဖတ်ပရိသတ်အတွက် ပြောဖို့ လိုအပ်လာတဲ့အခါ ပြောနိုင်ဖို့အတွက် ဖတ်ရတာပဲ၊ ဆရာလေးပြောတဲ့ ဂျာနယ်ရဲ့ အယူအဆတွေဟာ လုံးဝ ဆန့်ကျင်ဖက်ဖြစ်တာ မှန်ပေမယ့် ဒါက သူတို့ရဲ့ ယုံကြည်မှုပဲ။ လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ခွင့် ရှိပါတယ်။ ကိုယ်နဲ့ မတူတာနဲ့ပဲ မမှန်ဘူး။ မကောင်းဘူးလို့ ဘယ်ပြောလို့ ရမှာလဲ။ ကိုယ်က သူ့ကို မှားတယ်လို့ ပြောရင်သူကလည်း သူမှန်ပြီး ကိုယ်မှားတယ်လို့ ပြန်ပြောမှာပဲလေ။ အယူအဆ ဘယ်လိုပဲကွဲကွဲ၊ သူတို့ ဂျာနယ်ဟာ ဂျာနယ်ကောင်းတစ်စောင်ပဲ။ လူပြိန်းကြိုက် သည်းခြေခိုက်စာတွေနဲ့ စာဖတ်ပရိသတ်ကို မစော်ကား ဘူး။ ပြီးတော့ သတင်းတွေလည်း စုံတယ်။ တင်ပြပုံ တင်ပြနည်းတွေလည်း ကောင်းတယ်။ သိက္ခာရှိပါတယ်လို့ တပည့်ဟောင်းကို ရှင်းပြလိုက်ပါတယ်။ ပြီးတော့မှ ဘယ်သူ့ကို ဖြစ်ဖြစ်အလွယ်တကူ “တံဆိပ်တပ်” တာမျိုး မလုပ်ဖို့လည်း ပြောလိုက်ရပါသေး တယ်။ “အလိုတော် ရိ”လို့ သူက ပြောခဲ့တာကိုး။
တံဆိပ်တိုင်း မှန်တာမဟုတ်…
“တံဆိပ်တပ်”တဲ့ အလုပ်ကို ကျနော်တို့ လူမျိုးက တော်တော် ၀ါသနာပါပုံ ရပါတယ်။ သူက လက်ဝဲသမားပဲ၊ လက်ယာသမားပဲ၊ အချောင်သမားပဲ၊ ပရိုပဲ၊ အန်တီပဲ၊ ဂန္တ၀င်တွေပဲ၊ ပို့စ်မော်ဒန်သမားပဲ၊ အရက်သမားပဲ၊ ဆေးသမားပဲ၊ လမ်းသရဲပဲ၊ ပုံစံခွက်သမားပဲ၊ တိုးတက်တဲ့သူပဲ၊ စတဲ့ စတဲ့ အခေါ်အဝေါ်တွေ “တံဆိပ်”တွေ မနည်းပါဘူး။ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တစ်ခု၊ တဆင့်ကြား စကား တစ်ခု၊ ကောလဟာလတခုကို အခြေပြုပြီး အလွယ်တကူ တံဆိပ်တပ်ပေးလိုက်ကြတာ ပါပဲ။ အသက် (၇၀)တန်း ရောက်နေပြီဖြစ်တဲ့ ကိုယ်တွေ့တွေအရ ပြောရမယ်ဆိုရင် အဲဒီလို “တံဆိပ်တပ်”မှု အတော်များများဟာ လုံးဝ မမှန်တာတွေ ဖြစ်တယ်ဆိုတာပါပဲ။ လူအတော်များများက လက်ဝဲသမားပဲ၊ ကွန်မြူနစ်ပဲ၊ မတ်ဝါဒီပဲလို့ “တံဆိပ်တပ်”ပေးထားကြသူ အများစုဟာ လုံးဝ လက်ဝဲတွေမဟုတ်။ ကွန်မြူနစ် မတ်ဝါဒီတွေ မဟုတ်ဘူးဆိုတာကို၊ နောက်ပိုင်း သူတို့ရေးသားတဲ့ (နိဗိန္ဒ)စာတွေ ဖတ်ရတော့ သိလာကြရတာပဲ။ လူတွေက သူရဲကောင်းကြီးပဲ ဒါမှမဟုတ် သူတော်ကောင်းကြီးပဲလို့ “တံဆိပ်တပ်”ပေးခဲ့ကြသူ တချို့ဟာလည်း နောက်ပိုင်းကျတော့မှ “တံဆိပ်တပ်” ထားသလို မဟုတ်ကြောင်း ပေါ်လာကြတာပဲ။ ထောင်ထဲမှာ အကြာကြီး နေခဲ့ဖူးလေတော့ အင်မတန်ဆိုးတဲ့ တံဆိပ်တစ်မျိုးကို နေ့စဉ်လိုလို ကြားနေခဲ့ရပါတယ်။ “အင်ဖေါ်မာ”(informer)ဆိုတဲ့ တံဆိပ်ပါ။ တစ်ဦးတစ်ယောက်ကို ကိုယ့်စိတ်က မသင်္ကာ ဖြစ်လာတာနဲ့၊ သူက “အင်ဖေါ်မာ” ပဲ “သတင်းပေး”ပဲလို့ တံဆိပ်တပ် ပေးလိုက်တော့ တာပါပဲ။
လွယ်လွယ်တံဆိပ် မတပ်နဲ့….
ထောင်ထဲမှာ အကြာကြီး နေခဲ့ဖူးလေတော့ အများက “သူရဲကောင်း”လို့ တံဆိပ်တပ်ပေးထားသူတွေက တကယ်တမ်းကျ “အင်ဖေါ်မာ”ဖြစ်လို့ဖြစ်၊ အများက “အင်ဖေါ်မာ”တံဆိပ်တပ်ပေးထားသူက အမှန်တကယ် ရိုးသားသူ ဖြစ်လိုဖြစ်ဆိုတဲ့ အဖြစ်မျိုးတွေ အများကြီး ကြုံခဲ့ရပါတယ်။ ကိုယ်က သူရဲကောင်းထင်သူက အင်ဖေါ်မာ ဖြစ်နေခြင်းဟာ ကိုယ့်အတွက် အခိုက်အတန့်သာ ထိခိုက်တာ ဖြစ်ပေမယ့်လို့၊ ရိုးသားသူကို “အင်ဖေါ်မာ”ဆံဆိပ်တပ်လိုက်တဲ့အတွက်အတပ်ခံရသူရဲ့တစ်ဘ၀လုံးထိခိုက်သွားပြီး ရောက်လေရာအရပ်မှာ လူတကာက သံသယမျက်လုံးနဲ့ ကြည့်တာကို ခံသွားရလေ့ရှိပါတယ်။ အဲဒါကြောင့် တစ်ဖက်သားကို လက်လွတ် စပယ်နဲ့ “တံဆိပ်တပ်”တာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်စိတ်ထဲမှာ တစ်ခုခု မသိုးမသန့် ဖြစ်နေရင် တိတ်တဆိပ် စောင့်ကြည့်အကဲခတ် သင့်ပါတယ်။ ကိုယ်တိုင် အခိုင်အမာ အသေအချာ သိရတာမျိုး မဟုတ်ဘဲနဲ့ အခြားသူကို ထုတ်မပြောသင့်ပါဘူး။ ရိုးသားသူတစ်ယောက်ကို မှားပြီး စွပ်စွဲမိရင် သူ့ခမြာ တစ်ဘ၀လုံး ခေါင်းမဖေါ်ရဲ၊ လူတောမတိုးရဲ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်ရင် ကိုယ် လည်း ကြီးစွာ စိတ်မကောင်း ဖြစ်ရတတ်ပါတယ်။
အဲ၊ တချို့ကျတော့ သူများက တံဆိပ်တပ်တာ မဟုတ်ဘဲ ကိုယ့်ဟာကိုယ် တံဆိပ်တပ်ကြတာ ဖြစ်တယ်။ ဒီလူမျိုးကိုတော့ “လူပြောမသန် သူသန်မပြော”လို့ပဲ သဘောထားလိုက်ပါ။ သူတော်စင် သူတော်ကောင်းများဟာ ကိုယ့်ကိုယ်ကိုယ် ရဟန္တာပဲ။ အနာဂစ်ပဲ၊ သောတာပန်ပဲလို့ ထုတ်ဖေါ်မြွတ်ကြားလေ့ မရှိဘူးလို့ မှတ်သားရဖူးပါတယ်။ “ကိုယ့်ကိုယ်ကိုယ်ဖေါ် မသူတော်”လို့ ဆိုတဲ့ ရှေးလူ သူမတို့ စကား အရှိသား မဟုတ်လား။
http://jacbaburma.blogspot.com/မှ

အပြည့်အစုံသတင်းဖတ်ရန်....

လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး

နှောင်းလှိုင်/ ၂၇ ဧပြီ ၂၀၁၀။ ktimes.org


ကရင်နီပြည် လွိုင်ကော်မြို့ (သီရိဒေါ) နာရီစင်အောက်မှ ရဲစခန်းတွင် ယနေ့နံနက် ၁၀ နာရီခွဲ အချိန်၌ ဗုံးတလုံး ပေါက်ကွဲ၍ လူတဦး သေဆုံးသွားခဲ့သည်ဟု မြို့ခံတဦးက ပြောသည်။


တောင်ဈေးထဲ၌ ဗုံးထောင်ရန် ကြိုးစားနေသူ လူ ၂ ဦးကို ရဲများက ရိပ်မိသွား၍ ဖမ်းဆီးရမိကာ ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး၊ ဖမ်းမိသော ထိုလူနှစ်ဦးအနက် တဦးမှာ ၎င်းနှင့်အတူ ဗုံးတလုံး ပါလာသေးသောကြောင့် ရဲစခန်း၌ ပေါက်ကွဲပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။


“လွိုင်ကော်မှာ တခါမှ မဖြစ်ဖူးဘူး။ စောစောက နေ့လည် ၁၀း၃၀ လောက်မှာ လူနှစ်ယောက်ကို တောင်ဈေးထဲမှာ မိုင်းထောင်ဖို့ လုပ်နေ တော့ ရဲတွေက မိသွားတယ်။ အဲဒါ အဲဒီလူကို ရဲစခန်းခေါ်သွားတော့ သူ့ဆီမှာ ဗုံးတလုံး ပါသေးတော့ ရဲစခန်းမှာ ကွဲသွားတယ်တဲ့။ ဘယ်နှစ်ယောက် သေလဲတော့ မသိဘူး” ဟု လွိုင်ကော်မြို့ခံက ပြောသည်။


ဗုံးပေါက်ကွဲမှုကြောင့် ၎င်းနှင့်အတူ ပါလာသော ဗုံးပိုင်ရှင်တဦးမှာ သေဆုံးသွားသော်လည်း သူ့အဖော်တဦးက ပြန်လည်ထွက်ပြေး လွတ်မြောက်ကြောင်း၊ အခြားသူများ မည်မျှ ထိခိုက်ဒဏ်ရာ ရရှိသည်ကို အတိအကျ မသိရှိရသေးကြောင်း ဆိုသည်။


လွိုင်ကော်မြို့ခံတဦးက “တစ်ယောက်က သေသွားတယ်။ တစ်ယောက်က လွတ်သွားတယ်လို့ ပြောတယ်။ အခုထိ သွားတာက ရဲတွေပဲ။ ရဲစခန်းမှာဆိုတော့ ဘယ်နှစ်ယောက်လဲ မသိသေးဘူး” ဟု ပြောပါသည်။


ဗုံးပေါက်ကွဲပြီးနောက် အခင်း ဖြစ်ပွားသည့် လွိုင်ကော်မြို့ ရဲစခန်းသည် ယခုလောလောဆယ်တွင် ယာယီပိတ်ထားကြောင်း မြို့ခံများ ပြောပြချက်အရ သိရသည်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, April 27, 2010

လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့

ခိုင်စု | တနင်္လာနေ့၊ ဧပြီလ ၂၆ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၈ မိနစ် (ကျော်သူနှင့် ဆက်သွယ်မေးမြန်းချက်)

နယူးဒေလီ (မဇ္ဈိမ)။ ။ နာရေးကူညီမှုအသင်းကို ၂ဝဝ၁ ခုနှစ်ကတည်းက တည်ထောင်ခဲ့သူ ရုပ်ရှင်မင်းသား ဦးကျော်သူကို ပြည်တွင်း ပြည်ပရောက် မြန်မာများက အွန်လိုင်းမှတဆင့် ပြည်သူ့ဂုဏ်ရည်ဆုပေး ရွေးချယ်လိုက်ကြသည်။

အမေရိကန်နိုင်ငံ မြို့ပေါင်း ၁၄ မြို့မှ မြန်မာမိသားစုများက မြန်မာပြည်တွင်းရှိ လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာ လုပ်ကိုင်နေသူများ အား ပြည်ပရောက် မြန်မာများ၏ ဆန္ဒမဲများဖြင့် ဧပြီ ၂၄ ရက်နေ့က ရွေးချယ်ချီးမြှင့်သည့်ဆုဖြစ်သည်။

ဆုရတဲ့အပေါ် ခံစားချက် ပြောပြပေးပါ။

“ပြည်တွင်းက လူမှုရေးသမားတွေကို ပြည်ပမှာရောက်နေတဲ့ မြန်မာလူမျိုးတွေက အခုလို အသိအမှတ်ပြု အား ပေးလို့ ဝမ်းသာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ကျနော် ဆုရတဲ့အကြောင်း မူဆယ်နာရေးကူညီမှု အသင်းက ဖုန်းဆက်ပြီး ဝမ်းသာ ကြောင်းပြောလို့ သိရပေမယ့် သိပ်မယုံခဲ့သေးဘူး။ အိမ်ပြန်လို့ အီးမေးလ် ဖွင့်ကြည့်တော့မှ တကယ်ရတာကို သိရတာ။ ညနေလောက်ကျမှ ဖုန်းဆက်ပြီး အကြောင်းကြားတယ်”

ဘာကြောင့်ချီးမြှင့်ခံရတယ်လို့ ယူဆလဲရှင့်။

“ကျနော်ကတော့ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ်တာဝန်ကျေအောင် လုပ်တာပဲ။ ကိုယ့်သီလ ကိုယ်လုံအောင် နေပြီးတော့မှ လုပ်တဲ့အတွက် ချီးမြှင့်ခံရတယ်လို့ ထင်ပါတယ်။ ဆုရတဲ့အတွက် ကျနော့်စိတ်ကိုလည်း အားဖြစ်စေပါတယ်။ ထက်မြက်တဲ့ အားဆေးတခွက် သောက်လိုက်ရသလိုပါပဲ။ လူမှုရေးအလုပ်ကို ပိုပြီး ဇောက်ချပြီး လုပ်ဖို့ ဖြစ်စေပါတယ်”

ပြည်သူ့ဂုဏ်ရည်ဆုနဲ့ ရုပ်ရှင်အကယ်ဒမီဆုအပေါ် ဘယ်လိုများ ခွဲခြားပြီး မြင်မိလဲ။

“အကယ်ဒမီဆုနဲ့ ပြည်သူ့ဂုဏ်ရည်ဆုက မိုးနဲ့ မြေလို ကွာပါတယ်။ အကယ်ဒမီဆုက ကိုယ့်အတ္တအတွက် လုပ်လို့ ရတဲ့ ဆု၊ အခု ပြည်သူ့ဂုဏ်ရည်ဆုက ပရဟိတလုပ်ငန်းအတွက် ရတဲ့ ဆုပါ”

ပြည်သူ့ဂုဏ်ရည်ဆု မဲပေးရွေးချယ်တဲ့ စနစ်ကိုရော ဘယ်လိုမြင်လဲ။

“အင်မတန်ကောင်းတဲ့ စနစ်ပါ။ ကမ္ဘာမှာလည်း ဒီလိုစနစ်ကို ကျင့်သုံးတာပါ။ မြန်မာပြည်တခုထဲမှာ မရှိတာပါ။ ဥပမာ - ကျနော်တို့ အကယ်ဒမီပေးပွဲပေါ့၊ အော်စကာဆုပေးတဲ့ စနစ်အတိုင်း ကျင့်သုံးသင့်တယ်။ အကယ်ဒမီ ပေးတဲ့အခါမှာ ပေးချင်တဲ့လူကို ကောက်ပေးတာပေါ့။ အခုက ၂၄ ဦးထဲက ပရိသတ်ကို မဲပေးခိုင်းပြီး ဆန်ကာတင် ၅ ဦး ရွေးခိုင်းတယ်။ အဲဒီထဲက တဦးကို မဲပေးရွေးတာပေါ့လေ”

ဒီဆုရတဲ့အတွက် ဘယ်သူတွေကို ကျေးဇူးတင်စကား ပြောချင်လဲ။

“ကျနော် ဒီလူမှုရေးလုပ်ငန်း လုပ်ဖြစ်ခဲ့တာ ကျနော့်ဇနီး ရွှေဇီးကွက်က လုပ်ချင်လို့ ရုပ်ရှင်မင်းသား ဘဝက ဒီဘက်ကို ပြောင်းလာတာ။ ကျနော် ဘာသာရေးနဲ့ လူမှုရေးတွေ လုပ်ဖြစ်လာအောင် ကျနော့်သား ပြည်သိမ်းကျော်နဲ့ ကျနော့်သမီး မြင့်မိုရ်ကျော်သူတို့ကြောင့် စိတ်ဝင်စားလာပြီး လုပ်ဖြစ်သွားတာ။ ဒါကြောင့် သူတို့ကို ကျေးဇူးတင်ပါတယ်။ ကျနော့်ကို မဲပေးရွေးချယ်ကြတဲ့ ပြည်သူတွေ၊ ဆုပေးနိုင်အောင် စီစဉ်ကြတဲ့ ပြည်ပရောက် မြန်မာလူမျိုးတွေ အားလုံးကို ကျေးဇူးတင်ပါတယ်”

ဦးကျော်သူ လုပ်ကိုင်နေတဲ့ လူမှုရေး လုပ်ငန်းတွေကိုလည်း တဆက်ထဲ မေးလိုပါတယ်။ ပြောပြပေးပါအုံး။

“၇ ရက်သားသမီး ဆင်းရဲချမ်းသာမရွေး အခမဲ့ ကူညီလိုက်ပါဆောင်ရွက်နေတဲ့ နာရေးကူညီမှုအသင်း။ ဆရာတော် သံဃာတော်တွေ ပျံလွန်တော်မူရင်လည်း ဆောင်ရွက်ပေးတယ်။ နောက်ပြီး ဆင်းရဲနွမ်းပါးတဲ့ ၇ ရက် သားသမီးတွေ ဆေးဝါးကုသနိုင်တဲ့ သုခ ကုသိုလ်ဖြစ်ဆေးခန်း ဖွင့်ထားပါတယ်။ နောက်ပြီး ကလေးတွေအတွက် နွေရာသီ အင်္ဂလိပ်စာ သင်တန်းတွေလည်း ဖွင့်ပေးပါတယ်။ နောက်ပြီး လူငယ်တွေ ဘဝတက်လမ်းအတွက် စာပေတွေ လေ့လာနိုင်ဖို့ သုခအလင်း စာကြည့်တိုက် ဖွင့်ထားပါတယ်”


ကျော်ကြားတဲ့ ရုပ်ရှင်မင်းသားအဖြစ်ကနေ လူမှုရေးလုပ်ငန်းဘက် လှည့်လာတာလဲ။

“ကျနော် ရုပ်ရှင်မင်းသား လုပ်နေစဉ်မှာ လူပေါင်းစုံနဲ့ ဆက်ဆံရတဲ့အတွက် စိတ်ညစ်လာတယ်။ အဲဒီအခါမှာ ဘဘ ဦးသုခဆီ သွားပြီး စိတ်ညစ်တဲ့အကြောင်း သွားပြောတယ်။ အဲဒိအခါမှာ ဘဘက 'မောင်ကျော်သူ .. မင်းကို ဘဘ မေးချင်တယ်။ ပြင်သစ်ဝန်ကြီးချုပ်နာမည် သိလားဆိုတော့ ကျနော်က မသိပါဘူး။ အီတလီ ဝန်ကြီချုပ်နာမည် သိလားဆိုတော့ မသိပါဘူ။ ဒါဆို ချာလီချက်ပလင်ကို သိလားဆိုတော့ သိတယ်ဆိုတော့ .. ဒါ အဖြေပဲ' တဲ့။ 'နိုင်ငံကျော် သရုပ်ဆောင်တယောက်က အများအတွက် အကျိုးရှိတဲ့လုပ်ငန်း လုပ်ရင် ပိုပြီး လူသိတယ်။ အောင်မြင်တယ်' လို့ ပြောခဲ့တယ်။ အဲဒီကတည်းက အနုပညာရှင်အဖြစ် အောင်မြင်နေတဲ့ ကျနော့်နာမည်ကို ခုတုံးလုပ်ပြီး လူမှုရေးလုပ်ငန်းကို ဇောက်ချလုပ်နေတာ ဖြစ်ပါတယ်”

“ကျနော့်မိဘတွေက ရုပ်ရှင်လုပ်ငန်း လုပ်ပါတယ်။ ဒါရိုက်တာတွေနဲ့လည်း သိနေတော့ အိမ်ထောင်ကျပြီးနောက် 'ချစ်ကြိုးလေး တမျှင်' ကားနဲ့ အောင်မြင်လာတာ။ ကျနော် ရုပ်ရှင်ရိုက်လာတာ နှစ်အစိတ်လောက်ကြာတော့ ငြီးငွေ့လာတယ်။ ကျနော့်သားသမီးတွေ ၄-၅ တန်းလောက်မှာ အင်းစိန်က အောင်ဆန်းတောရ ဆရာတော်ဆီမှာ တရားစခန်း သွားနာပြီး၊ ရုပ်ရှင်သရုပ်ဆောင်လုပ်တဲ့ လူတွေက ငရဲကျလားလို့ မေးတာကို ကြားပြီး တုန်လှုပ်သွားပြီး ဘာသာရေး လုပ်ဖြစ်ခဲ့တယ်။ ဆရာတော်ကြီးရဲ့ စာအုပ်တွေ ဖတ်၊ ဆရာတော်ကြီးရဲ့ ဆုံးမမှုတွေကြောင့်၊ နောက်ပြီး ဘဘ ဦးသုခရဲ့ ညွှန်ပြမှုတွေကြောင့် လူမှုရေးထဲကို ဝင်လာတာ”

ဒီလို ပရဟိတလုပ်ငန်းတွေ လုပ်နေတုန်း ဘယ်လိုအခက်အခဲတွေ ကြုံရလဲရှင့်။

“အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ ကျနော်တို့ လူမှုရေးအလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း မလုပ်ရဘူး၊ ကျနော်တို့ နိုင်ငံရေးလုပ်နေတာ မဟုတ်ပါဘူး။ တချို့က ကျနော်တို့ကို အငြိအစွန်းတွေ လုပ်နေတာလို့ မြင်ကြတယ်။ ပြောရရင်တော့ အများကြီးပါပဲ။ အနှောင့်အယှက်ပေးတာတွေ၊ တရားစွဲမယ့်အဆင့် ထောင်ချခံရမယ့် အဆင့်တွေတောင် ရောက်ခဲ့ပါတယ်။ ဒါကို ကျနော်တို့က ကြံ့ကြံ့ခံပြီး မှန်တဲ့အတိုင်း လုပ်တဲ့အတွက် အခုအချိန်ထိ ရှိနေတာပါ။ ၂ဝဝ၁ ခုနှစ် ကတည်းက လူမှုရေးကို လုပ်လာတဲ့အခါ အလှူငွေထဲက ပိုက်ဆံတပြားမှ မယူပါဘူး။ ကျနော်တို့က နာရေးအသင်းရှိတဲ့ နေရာကို ကိုယ့်စရိတ်နဲ့ ကိုယ်သွားတယ်။ ရောက်ရင် အလုပ်လုပ်ပြီး ကိုယ်စရိတ်နဲ့ကိုယ် ထမင်းဝယ်စားတာပါ။ လခစား ဝန်ထမ်းတွေလောက်ပဲ လစာပေးပါတယ်”

၁ဝ နှစ်တာကာလ အောင်မြင်တိုးတက်မှု အခြေအနေကို ဘယ်လိုမြင်မိလဲ။

“ကျနော်တို့ စစလုပ်တုန်းက လူ ၂ဝ ၊ အစိတ်လောက်နဲ့ စခဲ့တာ။ အခုဆိုရင် စေတနာ့ဝန်ထမ်း အပါအဝင် အယောက် ၂ဝဝ ကျော် ရှိသွားပြီ။ နိဗ္ဗာန်ယာဉ်ဆိုရင်လည်း အရင်က တစီးနှစ်စီးကနေ အခု ၁၇ စီး၊ ၁၈ စီး ဖြစ်နေပါပြီ။ အသင်းကလည်း အခုဆိုရင် စနစ်တကျနဲ့ လုပ်နေပါပြီ။ မော်တော်ယာဉ်ဌာန၊ ဆေးဌာန စသဖြင့် လုပ်ဆောင်နေပါတယ်”

ရန်ပုံငွေကိုရော ဘယ်လို ရှာလဲရှင့်။

“ကျနော်တို့က ရန်ပုံငွေ မရှာပါဘူး။ ကျနော်တို့က အလှူရှင်တွေက လာလှူတဲ့ ငွေနဲ့ပဲ သုံးတာပါ။ ကျနော်တို့ NGO က နိုင်ငံခြားမှာ လုပ်တဲ့ NGO လို Proposal တင်ပြီး လုပ်တာ မဟုတ်ဘူး။ ဘယ်မှာ Proposal မတင်ပါဘဲ လာလှူတဲ့ လူတွေရဲ့ ငွေနဲ့ပဲ စနစ်တကျ လုပ်တာပါ”

ဒါဆို စစတုန်းက ဘယ်လိုမတည်ခဲ့ကြလဲ။

“စလုပ်တုန်းက ပါတဲ့လူတွေကပဲ ငွေကြေးစိုက်ထုတ် မတည်ပြီး၊ နိဗ္ဗာန်ယာဉ် ဝယ်ပြီး လုပ်ခဲ့တာပါ။ နောက်ပိုင်း ပြည်တွင်းပြည်ပက အလှူရှင်တွေက လှူတဲ့ငွေနဲ့ လုပ်ဖြစ်ပါတယ်။ ပြည်တွင်းနဲ့ ပြည်ပက အလှူတွေက မျှမျှတတပဲ ရှိပါတယ်။ ပြည်ပကတော့ တနှစ်တခါ စုပေါင်းလှူတာတို့၊ ဓာတ်မှန်ခန်း ဆောက်မယ်ဆိုရင် စုပေါင်းပြီး လာလှူတာတို့ ရှိပါတယ်။ နောက်ပြီး သင်္ဘောသားတွေ ပြန်တက်လာတဲ့အခါ လာလှူကြတာတို့ ရှိပါတယ်”

လစဉ်၊ နှစ်စဉ် ကုန်ကျစရိတ်တွေကိုရော သိလို့ရမလား။ အလှူငွေ လုံလောက်မှု ရှိမရှိ အခြေအနေလေးပါ သိချင်ပါတယ်။

“နာရေးကူညီမှုအသင်းနဲ့ ဆေးခန်းအတွက်ပဲ တလကို သိန်း ၃ဝဝ ကျော် ရှိပါတယ်။ တနှစ်ကို သိန်း ၃၆ဝဝ ကျော် ရှိပါတယ်။ လုံလောက်မှု ရှိပါတယ်။ မျှတအောင် ကုန်သင့်ကုန်ထိုက်တာကိုပဲ အကုန်ခံတယ်။ မလိုအပ်တဲ့ နေရာမှာ အကုန်မခံပါဘူး။ အခုချိန်ထိတော့ အချိုးညီပါတယ်”

လတ်တလောမှာ ဘာလိုအပ်ချက်တွေ ရှိနေလဲ။

“အဆောက်အဦးတွေ ပြန်ဆောက်နေတာ ရှိတယ်။ ဓာတ်မှန်ခန်းက ဇွန်လဆိုရင် ဖွင့်နိုင်ပြီ။ နာရေးရုံးခန်း မရှိသေးဘူး။ ဆေးခန်းထဲမှာ အခန်းတခန်းယူပြီး ဖွင့်နေရတယ်။ လူနာ နားနေဆောင် ပြန်ဆောက်ရမယ်။ ကားဂိုဒေါင်ရုံ ဆောက်ဖို့ရှိမယ်။ မီးစက်ဝယ်ရမယ်။ အဝီစိရေတွင်း တူးရမယ်။ အဲဒါတွေအတွက် လိုအပ်နေပါသေးတယ်”

ပိတ်ပင်ခံထားရတဲ့ အနုပညာလုပ်ငန်း ပြန်လုပ်ခွင့် ရမယ်ဆိုရင်ရော … ။

“ကျနော့်ကို ၂ဝဝ၇ ခုနှစ်ကတည်းက ပိတ်ထားတာ၊ သရုပ်ဆောင်ခွင့် စာရေးခွင့် ဘာမှ လုပ်ခွင့် မရပါဘူး။ ပြန်လုပ်ခွင့် ရရင်တောင် မလုပ်တော့ပါဘူး။ အဲဒီအလုပ်ကိုလည်း မနှစ်မျို့တော့ဘူး။ အများနဲ့လုပ်ရတဲ့ ကိစ္စ၊ ကုသိုလ်မရတာ များတယ်။ ကုသိုလ်ရတဲ့ အလုပ်ပဲ လုပ်တော့မယ်။ အခြေအနေ ပေးလာခဲ့ရင် သမိုင်းအဖြစ်မှန်တွေကို ဒါရိုက်တာအဖြစ် ရိုက်ကူးဖြစ်မယ်။ ပရဟိတ အလုပ်ကိုပဲ ဇောက်ချလုပ်တော့မယ်”

ဦးကျော်သူရဲ့ Facebook က သုံးရတာ အခက်အခဲ ရှိနေတယ်လို့ ကြားမိတယ်။

“ဟုတ်တယ်။ ကျနော် လုပ်ထားတာတော့ မဟုတ်ဘူး။ ကျနော့်မိတ်ဆွေ အင်္ဂလန်က တယောက်၊ စင်္ကာပူက တယောက်ရယ် လုပ်ပေးတာ။ ကျနော်လည်း အဲဒီမှာ ကျနော့်လုပ်ဆောင်ချက်တွေကို ရေးပြီး တင်တယ်။ fan ပရိသတ် တသောင်းကျော်လာတဲ့အခါမှာ ဘယ်သူက သွားပြီး Facebook ကုမ္ပဏီကို ပြောလိုက်တယ်မသိဘူး။ ပိတ်လိုက်တယ်။ ကျနော်ရေးချင်တဲ့ ဆောင်းပါးတွေ ရေးမရတော့ဘူး။ comment ပေးလို့ မရတော့ဘူး။ အခုတော့ comment ပေးလို့ ရတယ်။ ဒါပေမဲ့ ကျနော် ရေးချင်တဲ့ အကြောင်းအရာ အသစ်တွေတော့ တင်လို့ မရသေးဘူး။ အခမဲ့ နာရေးကိစ္စ ကူညီနေတဲ့၊ အခမဲ့ ဆေးကုသပေးနေတဲ့ လူတွေကို ဒီလိုလုပ်တာ မကောင်းပါဘူး။ မလုပ်သင့်ပါဘူး”

Facebook စာမျက်နှာက ကိုကျော်သူရဲ့ ပရဟိတ လုပ်ငန်းကို တစုံတရာ အကျိုးဖြစ်စေလား။

“အများကြီး ဖြစ်စေပါတယ်။ Facebook ကပဲ အလှူငွေတွေ တက်လာတာပါ။ ကမ္ဘာအနှံ့မှာ ရောက်နေတဲ့ မြန်မာပြည်နဲ့ အဆက်အသွယ်ပြတ်နေတဲ့ မြန်မာတွေက Facebook စာမျက်နှာကို ကြည့်ပြီး နာရေးကူညီမှု အသင်းရဲ့ လူမှုရေးလုပ်ငန်း လုပ်နေတာကို သိကြပြီး လှူကြတာ။ ထို့နည်တူစွာ ပြည်သူဂုဏ်ရည်ဆုကလည်း Facebook ကြောင့် လူသိများလာတာလို့ ထင်ပါတယ်။ ဒါကြောင့် ကျနော့်ကို စာမျက်နှာလုပ်ပေးတဲ့ အင်္ဂလန်နဲ့ စင်္ကာပူက မိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ်”

နာရေးကူညီမှုအသင်းက ရန်ကုန်အပြင် တခြားမြို့တွေမှာ ရှိသေးလား။

“တခြားမြို့က အသင်းတွေက ကျနော်တို့နဲ့ ပတ်သက်မှုတော့ မရှိဘူး။ သက်ဆိုင်ရာ မြို့တွေမှ ကျနော်တို့ကို အားကျပြီး ဖွဲ့တာတွေ ရှိပါတယ်။ အသင်းဖွင့်ပွဲတွေမှာ ကျနော့်ကို ဖိတ်လို့ ၂ဝဝ၇ မတိုင်ခင်က မြို့ပေါင်း ၅ဝ ကျော်မှာ ဖွင့်ပေးခဲ့တယ်။ ၂ဝဝ၇ နောက်ပိုင်းတော့ ခရီးသွားခွင့် အခက်အခဲရှိလို့ မသွားဖြစ်တော့ဘူး။ ညဘက်တွေဆိုရင် အယူသီးတာတွေ ပပျောက်အောင် ဟောပြောပွဲတွေ လုပ်ပါတယ်။ ကျနော်ကိုယ်တိုင် ကားမောင်းပြီး အလောင်းတွေ လိုက်ပို့ပေးပါတယ်”


ပရိသတ်ကို ပြောချင်တာရှိရင် ပြောပြပေးပါ။

''ကျနော် ဒီအလုပ်ကို တသက်လုံး လုပ်သွားမှာပါ။ ဒီအလုပ်က ၃၁ ဘုံမှာ ဘယ်ဘုံမှာမှ လုပ်လို့ မရဘဲ လူ့ဘုံမှာမှ လုပ်လို့ရတဲ့ အလုပ်ပါ။ အဲဒါကြောင့် ဒီအလုပ်ကို ဇောက်ချလုပ်သွားမှာပါ။ ကျနော်တို့ နာရေး အလုပ်လုပ်တဲ့အခါ အယူသီးမှုတွေကို အများကြီး ကြုံရတယ်။ အဲဒါတွေကို ချွတ်ပေးကြပါ။ လမ်းထဲကို နိဗ္ဗာန်ယာဉ်ဝင်ရင် ဒီဘက်ထိပ်က မဝင်ရဘူး၊ ဟိုဘက်ထိပ်က မဝင်ရဘူး။ မင်္ဂလာမရှိဘူးလို့ ယူဆကြတယ်။ တချို့က လမ်းခင်းထားတာ အသစ်မို့လို့ မဝင်ခိုင်းတာတို့ ရှိတယ်။ ဒါတွေက မလုပ်သင့် မလုပ်ထိုက်တာတွေပါ။ ဒါဆိုရင် အဲဒီလမ်းက လူတွေရော မသေကြတော့ဘူးလား။ သေတဲ့လူတွေ ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်အောင် ကူညီပေးကြပါ။ တိရစ္ဆာန် မသာတွေကျတော့ ခုတ်ထစ်ပြီး ပါးစပ်ထဲ ထည့်ကြတယ်။ လူမသာတွေကျတော့ ရပ်ကွက်ထဲ၊ လမ်းထဲ အဝင်မခံဘူးဆိုတာမျိုး မလုပ်ကြပါနဲ့လို့ ပြောချင်ပါတယ်''
http://www.mizzimaburmese.com/interview/5275-2010-04-26-14-08-15.html

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ “ပြည်သူ့ဂုဏ်ရည် ဦးကျော်သူ” နှင့် ဘားမားပါပါရာဇီ တွေ့ဆုံမေးမြန်းခြင်း
ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ဆုရရှိသွားသော နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ
" ပြည်သူ့ဂုဏ်ရည် ဦးကျော်သူ" နှင့် ဘားမားပါပါရာဇီ တွေ့ဆုံမေးမြန်းခြင်း
~~~~~~~~~~~~~~~~~~
ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ပြည်ပရောက် မြန်မာနိုင်ငံသားများ စုစည်း၍ မြန်မာနိုင်ငံအတွင်း လူမှုရေးလုပ်ငန်းများ၊ ထူးထူးချွန်ချွန် ဆောင်ရွက်နေကြသူများအား ကျေးဇူးတင် ဂုဏ်ပြုသည့် အခမ်းအနား တစ်ရပ်ကို လော့စ်အိန်ဂျယ်လိစ်မြို့၊ အမေရိကန်ပြည်ထောင်စုတွင် ၂၄.၄.၂၀၁၀ (စနေနေ့) ညနေ (၅း၀၀)နာရီမှ (၇း၀၀)နာရီအတွင်း ကျင်းပခဲ့ရာ ၂၀၁၀ ခုနှစ်ရဲ့ Citizen of Burma ပြည်သူ့ဂုဏ်ရည်ဆုကို မြန်မာနိုင်ငံမှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှ ရရှိသွားခဲ့ပါသည်။

ဆုရရှိမှုနှင့် ပတ်သက်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူအား သွားရောက်ပြီး မေးမြန်းခဲ့ရာ ဦးကျော်သူမှ အောက်ပါအတိုင်း ပြန်လည် ဖြေကြားသွားခဲ့ပါသည်။

Burma : မင်္ဂလာပါ ဦးကျော်သူ ။ အခု Citizen of Burma အဖွဲ့အစည်းက ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိသွားတယ်လို့ ကျွန်တော်တို့ သတင်းကြားသိရပါတယ်။ အဲဒီ သတင်းက မှန်ပါသလား ခင်ဗျာ။

ကျော် : သတင်းမှန် မမှန်တော့ ကျွန်တော်လည်း မသိသေးဘူး။ ခုနကတော့ မူဆယ် နာရေးကူညီမှုအသင်း ကနေပြီးတော့ ကျွန်တော်ကို ဖုန်းဆက်အကြောင်းကြားတယ်။ အင်တာနက်မှာ ပါနေပြီလို့ ပြောတယ်။ ကိုကျော်သူ ၀မ်းသာပါတယ်ဆိုပြီးတော့ အကြောင်းကြားတယ်။ အိမ်ရောက်တော့ အိမ်မှာပြန်ကြည့်တော့ ကျွန်တော် အီးမေးလ်ထဲမှာ ဘယ်သူဆီကမှ ဘာမှ မရောက်သေးပါဘူး။ ဒါပေမယ့် Citizen of Burma ဆိုဒ်ကို ကျွန်တော် ဖွင့်ကြည့်လိုက်တော့ အဲဒီမှာ “ ကျော်သူဆုရတယ် ” ဆိုပြီးတော့ စာတစ်ကြောင်းပဲ တွေ့တယ်။

Burma : ဆုရတယ်လို့ အဲဒီ စာကြောင်းလေး တွေ့လိုက်ရတဲ့အခါမှာ ဦးကျော်သူအနေနဲ့ ဘယ်လိုခံစားရပါသလဲ။

ကျော် : ဘယ်လိုခံစားရသလဲဆိုတော့ ကျွန်တော် ပိုပြီးတော့ တာဝန်ရှိသွားပြီ။ ပိုပြီးတော့ ဒီထက်မက အများကြီး ပြည်သူတွေကို ပေးဆပ်ဖို့ တာဝန်တွေ ပိုလာပြီလို့ ကျွန်တော် သတ်မှတ်ပါတယ်။

Burma : အရင်တုန်းကလည်း ပြည်သူ့ဘက်သား အနုပညာသမားဆိုပြီးတော့ ဆုကို ဦးကျော်သူ ရခဲ့သေးတယ်နော်။ အဲဒီိဆုကို ဘယ်ခုနှစ်က၊ ဘယ်ဌာနကနေ ပေးတယ်ဆိုတာကို မှတ်မိပါသေးလား။

ကျော် : ပြည်သူ့ဘက်သား အနုပညာသမားက ၂၀၀၉ ခုနှစ်က ပေးတာပါ။ အင်္ဂလန်ရောက် မြန်မာပြည်သူတွေ ပြည်သားတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့ကနေပြီးတော့ ချီးမြှင့်တာပါ။ အဲဒါ သူတို့ သင်္ကြန်ပွဲလုပ်ရင်းနဲ့ အဲမှာ ပြည်သူ့ဘက်သား အနုပညာသမားဆိုပြီးတော့ ဆုရွေးချယ်မယ်ဆိုပြီးတော့ ကျွန်တော်ကို ချီးမြှင့်လိုက်တာပါ။

Burma : အရင်တုန်းက ဦးကျော်သူက ရုပ်ရှင်သရုပ်ဆောင် အနုပညာသမားတစ်ယောက် ဖြစ်ခဲ့တယ်။ အဲဒီ ရုပ်ရှင်သရုပ်ဆောင် အနုပညာသမား ဖြစ်ခဲ့တဲ့အချိန်မှာ အကယ်ဒမီဆုတွေလည်း ရရှိခဲ့တယ်။ ဒါရိုက်တာဆုတွေလည်း ရရှိခဲ့တယ်။ အဲဒီ အကယ်ဒမီဆုတွေရလို့ ပျော်ရွှင်မှုနဲ့ အခု လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်လို့ ရရှိတဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရတဲ့အခါမှာ ဘယ်လို ကွာခြားသလဲ။ ခံစားချက်ပေါ်မှာပေါ့။
ကျော် : ရုပ်ရှင်အကယ်ဒမီဆု ဆိုတာကတော့ ကျွန်တော် ရုပ်ရှင်ကား တစ်ကားရိုက်တယ်ဆိုရင် သရုပ်ဆောင်မှုကို ပီပြင်အောင် သရုပ်ဆောင်တဲ့ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်ရပါတယ်။ အဓိက ကတော့ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်တယ်ဆိုတာ အကယ်ဒမီဆုဆိုတာကြီးကို ရည်မှန်းပြီး သရုပ်ဆောင်ကြတာများတယ်။ ဒီ ဆုရရှိရေးအတွက် သရုပ်ဆောင်ကြတာများတယ်။ ဒီ အခု လူမှုရေးဆုဆိုတာကတော့ ဒါဟာ ကျွန်တော်တို့ ဘယ်လိုမှ ရည်မှန်းလို့ မရပါဘူး။ ရည်မှန်းလို့ မရဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ခဲ့တယ်။ ကိုယ့်တာဝန် ကိုယ်ကျေခဲ့တယ်။ အဲဒီအတွက် ပြည်သူကနေပြီးတော့ အသိအမှတ်ပြုပြီးတော့ ဒီ မဲစနစ်နဲ့ ရွေးချယ်ခံရတာ။ အဲဒီတော့ ဒီ ပြည်သူ့ဂုဏ်ရည်ဆုကတော့ မြန်မာရုပ်ရှင် အကယ်ဒမီဆုနဲ့ အရမ်းကို ကွာဟလွန်းပါတယ်။ အကယ်ဒမီဆုနဲ့လည်း မနှိုင်းယှဉ်အပ်ဘူး။ ဒီ ပြည်သူ့ဂုဏ်ရည် ဆုဆိုတာ အင်မတန်ကို အမြတ်တနိုး၊ ကိုယ့်ဘ၀ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် အမြတ်တနိုး ထားရှိရမယ့် ဆုလို့ ကျွန်တော်မြင်တယ်။ ပြီးတော့ အခုပေးတဲ့ ပြည်သူ့ဂုဏ်ရည်ဆုဆိုတာ နိုင်ငံတကာ အော်စကာဆုပေးပွဲလို အဲလို ပုံစံမျိုးနဲ့ ပေးတာကို ကျွန်တော် သဘောကျတယ်။ ဥပမာ - ဒီ ပထမဦးဆုံး စာရင်းအရ (၂၄)ဦးပေါ့လေ။ အသင်းအဖွဲ့အစည်းရော၊ လူပုဂ္ဂိုလ်တွေရော၊ ရဟန်းသံဃာတွေရော (၂၄) ဦးကို ရွေးထားတယ်.။ နောက်ဆုံး ဆန်ကာတင် (၅)ဦးကို ထပ်ရွေးချယ်တယ်။ ဒီ ဆန်ကာတင် (၅) ဦးကိုမှ အခမ်းအနားနေ့မှာ ဆုပေးရမယ့် သူကို ဆန္ဒမဲပေးပြီး ဆုံးဖြတ်လိုက်တယ်။ ဒါက အော်စကာဆုပေးတဲ့ ပုံစံမျိုး၊ အော်စကာဆုဆိုတာကလည်း ဆန်ကာတင် ဇာတ်ကား (၅) ကား ရွေးတယ်။ ဘယ်ကား ဘယ်ကားတွေပါလဲ။ ဒါ မျှော်လင့်ချက် ပေးလိုက်ပြီ။ အဲဒီ မျှော်လင့်ချက်တွေထဲမှာ ဒီကားကတော့ ဟိုကားထက် ဘယ်လိုသာလို့ ဓါတ်ပုံတော်လို့ သရုပ်ဆောင် တော်လို့ဆိုပြီးတော့ ပေးလိုက်တာ။ ဒါကတော့ အင်မတန် မြင့်မြတ်တဲ့ ဆုပေးခြင်း ရွေးကောက်တယ်လို့ ကျွန်တော်မြင်ပါတယ်။

Burma : အခု Citizen of Burma ကပေးတဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိတဲ့အခါမှာ ဦးကျော်သူအနေနဲ့ ဒီလူမှုရေး လုပ်ငန်းဆိုတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ လုပ်ဆောင်ချက်တွေ အောင်မြင်တယ်လို့ ထင်ပါသလား။

ကျော် : ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်ပေါ်မှာ ကျွန်တော်တစ်ဦးတည်း လုပ်တာလည်း မဟုတ်ဘူး။ ကျွန်တော်အနောက်မှာ ရှိတဲ့ အသင်းသူ အသင်းသားတွေ၊ အလုပ်အမှုဆောင်တွေအားလုံး တက်တက်ကြွကြွ လုပ်ကြတယ်။ အလှူရှင်တွေကလည်း တကယ့်ကို နှစ်နှစ်ကာကာနဲ့ လှူဒါန်းကြတယ်။ လှူဒါန်းကြတဲ့ အတွက်လည်း ကျွန်တော်တို့ လုပ်ငန်းဟာ အောင်မြင်လာတယ်။ အောင်မြင်တဲ့ အတိုင်းအတာမှာ ကျွန်တော်တို့ကလည်း ထိထိမိမိနဲ့ နာရေးရှင်တွေ ဥပမာ - သုခကုသိုလ်ဖြစ်ဆေးခန်းဆိုရင် ရောဂါဝေဒနာရှိတဲ့ ဝေဒနာရှင်တွေ နောက်အခုဆိုရင် သုခအလင်းစာကြည့်တိုက် စာကြည့်ခန်းတွေ ဖွင့်ထားတယ်။ နောက် ကလေးစာသင်တန်း အင်္ဂလိပ်စာသင်တန်းတွေက အင်မတန်ကို အားတတ်စရာကောင်းပါတယ်။ ကလေးတွေအတွက် အင်္ဂလိပ်စာ သင်တန်းဆိုတာကလည်း ကျွန်တော်က ၁၉၅၉ ခုနှစ်မှာ မွေးလာတယ်။ ၁၉၆၂ ခုနှစ် ဦးနေ၀င်း အစိုးရလက်ထက်မှာ ကျွန်တော်တို့က ကြီးပြင်းလာတယ်။ ကျွန်တော် အင်္ဂလိပ်စာကို အတော်လေး အားနည်းတယ်။ ကျွန်တော် မိဘ အဖေ၊ အမေတို့က အင်္ဂလိပ်စာ ဆရာ ဆရာမကြီးတွေ ဖြစ်တယ်။ ကျွန်တော် ညီဆိုလည်း အခု အမေရိကားရောက်နေတယ်။ ကျွန်တော် အမဆိုလည်း ဆရာဝန်မကြီးပါ။ နောက်မျိုးဆက်သစ်ကလေးတွေ အင်္ဂလိပ်စာ တတ်စေချင်တဲ့ ဆန္ဒနဲ့ ကျွန်တော် ဒီအင်္ဂလိပ်စာ အခြေခံနွေရာသီ သင်တန်းလေးကို ကျွန်တော် အမျိုးသမီး ရွှေဇီးကွက်ကနေပြီးတော့ ဖွင့်လှစ်ပေးခဲ့တာကို ကျွန်တော်က တဖက်တလမ်းကနေ အားပေးမှုတွေ ကျွန်တော် လုပ်ပေးနိုင်ခဲ့ပါတယ်။

Burma : ဦးကျော်သူအနေနဲ့ ဒီ နာရေးကူညီမှုလုပ်ငန်းရယ်၊ သုခကုသိုလ်ဖြစ်ဆေးခန်းရယ်၊ သုခအလင်း စာကြည့်တိုက်တို့အပြင် နောက်ထပ် ဘယ်လိုလူမှုရေး ၀န်ဆောင်မှုလုပ်ငန်းတွေ ထပ်ပြီးတော့ လုပ်ဆောင်သွားမလဲ ဆိုတာလေး သိပါရစေ။

ကျော် : လူမှုရေး ၀န်ဆောင်မှုဆိုတာ မြန်မာပြည်မှာ လိုအပ်တာတော့ အများကြီးပါပဲ။ ဒါ အတိုင်းအတာ တစ်ခုအရ ခွင့်ပြုချက်ရှိမှ ကျွန်တော်တို့လည်း လုပ်ဆောင်နိုင်တယ်။ အခု နာရေးကိစ္စတို့၊ ဆေးခန်းကိစ္စတို့၊ ကလေးတွေ ပညာသင်တဲ့ သင်တန်းကိစ္စတွေဆိုလည်း သက်ဆိုင်ရာကနေပြီးတော့ အမြဲတမ်း လာပြီးတော့ စစ်ဆေးတာတွေ ဘာတွေရှိတယ်။ ဒါတွေက ကျွန်တော်တို့က ထိထိမိမိ လွတ်လွတ်လပ်လပ် ပံပိုးမှု မရနိုင်ဘူး။ မရနိုင်တဲ့ အတိုင်းအတာမှာ ရတဲ့ အခွင့်အရေးတိုင်း ထိထိမိမိ အကျိုးရှိအောင် ဆုံးဖြတ်ပြီးတော့ လုပ်ဆောင်ပေး အုံးမှာပဲ။ နောက်ထပ် ဖွင့်လှစ်မယ့် သင်တန်းတွေ ဆိုတာတော့ ကျွန်တော်လည်း လောလောဆယ် မပြောနိုင်သေးဘူး။

Burma : အခု ဦးကျော်သူ လက်ရှိလုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်းတွေကို ရုပ်ရှင်မင်းသား ဘ၀မှာရော၊ အခုလက်ရှိ ရုပ်ရှင်ရိုက် နားထားတဲ့ ဘ၀မှာရော လုပ်ဆောင်လာနိုင်တာက အချိန်ပိုပေးနိုင်တဲ့ အတွက်လား။ အစကတည်းက လူမှုရေးလုပ်ငန်းကို လုပ်ဆောင်ဖို့ ရည်ရွယ်ချက် ရှိခဲ့လို့ အားသွန်ခွန်စိုက် လုပ်ဆောင်ပေးနိုင်တာ လား ဆိုတာလေး ပြောပြပေးပါအုံး။

ကျော် : ကျွန်တော် ၂၀၀၁ ခုနှစ်ကတည်းက ကျွန်တော် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာတစ်ယောက်ပေါ့လေ။ အဲဒီ အချိန်ကတည်းက ဒီ နာရေးကူညီမှုအသင်းဆိုတာကို စတင်ခဲ့တယ်။ အဲတော့ ဒီ အနုပညာကို ရှင်းရှင်းပြောရရင် ကျွန်တော်အခုဆိုရင် ဒီ အနုပညာကို ခုတုံးလုပ်ပြီးတော့ အနုပညာနဲ့ အောင်မြင်ခဲ့တဲ့ “ကျော်သူ” ဆိုတာကြီးကို ကျွန်တော် ပြန်အသုံးချပြီး ပြည်သူတွေအတွက် ကျွန်တော် ပေးဆပ်နေခဲ့ပါတယ်။ အဲဒီလို ပေးဆပ်နေတယ် ဆိုတာကလည်း ကျွန်တော်ကို ဆရာတော်ကြီးတွေက “ ကျော်သူ မင်း .. ဒီဟာကို လုပ်ရမယ်။ ငါတို့ ဘုန်းကြီးတွေလည်း စာအောင်ဘွဲ့တွေ ရတယ်။ ဒီ ဘွဲ့တွေ ရပြီဆိုရင် သာသနာပြုတာ ပိုပြီး ထိရောက်တဲ့အတွက် မောင်ကျော်သူ မင်းကလည်း ဒီဟာကို လုပ်ပါ ” ဆိုပြီး ဆရာတော်ကြီးတွေကလည်း ကျွန်တော်ကို အားပေးပါတယ်။ ဘဘ ဦးသုခကလည်း ကျွန်တော်ကို အမြဲတမ်း တိုက်တွန်းတယ်။ “ မင်း .. ပြင်သစ်ဝန်ကြီးချုပ်ကို သိလား။ မသိပါဘူး။ အီတလီ သမ္မတကို သိလား။ မသိပါဘူး။ ချာလီချာပလင်ကို သိလား။ သိပါတယ်။ အေး .. ဒါပဲ။ အနုပညာသမားဆိုတာ ဘယ်လုပ်ငန်းပဲလုပ်လုပ် အောင်မြင်တယ်။ ဒါပေမယ့် လုပ်တဲ့လုပ်ငန်းက လူသားအကျိုးပြု လုပ်ငန်းဖြစ်ဖို့က အရေးကြီးတယ် ” ဆိုတဲ့ ဘဘရဲ့ ဆုံးမ သြ၀ါဒကို ကျွန်တော် အခုထက်ထိ လက်ဆုပ်လက်ကိုင်ပြုပြီးတော့ လုပ်ဆောင်နေခဲ့ပါတယ်။

Burma : ဦးကျော်သူက ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်းမှာ ရုပ်ရှင်ရိုက်တာ အပိတ်ခံထားရတယ်။ တကယ်လို့များ လက်ရှိအခြေအနေမှာ နိုင်ငံရဲ့ ပေါ်လစီအပြောင်းအလဲကြောင့် ဦးကျော်သူ ရုပ်ရှင်ရိုက်ခွင့် ပြန်ရခဲ့လို့ရှိရင် ရုပ်ရှင် ပြန်ရိုက်အုံးမှာလား။ ဒါမှမဟုတ် လူမှုရေးလုပ်ငန်းတွေကိုပဲ ဆက်လက်လုပ်ဆောင် သွားမှာလား ဆိုတာလေး သိပါရစေ။

ကျော် : အခုချိန်မှာ ကျွန်တော်ကို ရိုက်ခွင့်ပေးတယ် ဆိုရင်လည်း မရိုက်တော့ဘူး။ ကျွန်တော် မရိုက်ဘူးဆိုတာ အခုလောလောဆယ် မြန်မာပြည်မှာ ဖြစ်နေတဲ့ ရိုက်ကူးနေတဲ့ ရုပ်ရှင်ကားတွေ၊ ဇာတ်လမ်းတွေ ပရိတ်သတ်ကို ချပြနေတဲ့ ဇာတ်လမ်းတွေက ပရိတ်သတ်အတွက် ဘာ အကျိုးပြုတာမှ မရှိဘူး။ ပရိတ်သတ်အတွက် အကျိုးရှိမယ့် ဥပမာ - အတ္ထုပတ္တိဇာတ်လမ်းမျိုး၊ သမိုင်းကြောင်းအမှန် ဇာတ်လမ်းမျိုးတွေတော့ အချိန်ပေးပြီး ရိုက်ပေးနိုင်ရင် ကျွန်တော် ရိုက်ချင်ပါတယ်။ ၂၀၀၇ ခုနှစ်က စပြီးတော့ အခုချိန်ထိဆိုရင် (၃) နှစ်ရှိပြီပေါ့။
အဲလို ပိတ်လိုက်တဲ့အတွက်လည်း ကျွန်တော်ကို ပိတ်လိုက်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ (ဦးကျော်သူမှ နှုတ်ခမ်းတွန့်ရုံ တစ်ချက်ပြုံးပြီး) ဘာဖြစ်လို့လည်းဆိုတော့ သူတို့ ကျွန်တော်ကို ဒီလို ပိတ်ပင်လိုက်တဲ့အတွက် လူမှုရေး လုပ်ငန်းတွေ ပိုပြီးတော့ ဇောက်ချပြီး လုပ်နိုင်ခဲ့တယ်။ အဲဒီအတွက် ကျေးဇူးအများကြီး တင်ပါတယ်။

Burma : ဦးကျော်သူရဲ့ နာမည်နဲ့ Facebook မှာ kyaw thu`s fans ဆိုပြီးတော့ ဆိုဒ်တစ်ခုဖွင့်ထားတာကို တွေ့ရပါတယ်။ အဲဒီ ဆိုဒ်ဟာ ဦးကျော်သူတို့ ပြုလုပ်ခဲ့သမျှ၊ လူတွေကို ကူညီပေးခဲ့တဲ့ လူမှုရေးလုပ်ငန်း ဆောင်ရွက်ချက် အားလုံးကို ပြည်သူအားလုံး သိရှိအောင်၊ ကမ္ဘာနဲ့ အ၀န်းကို ရောက်ရှိနေတဲ့ မြန်မာပြည်သူ ပြည်သားတွေကိုရော၊ ကမ္ဘာလူသားတွေကိုရော တင်ပြပေးထားတဲ့ အဲဒီ Fans ဆိုဒ်ကိုလည်း အပိတ်ခံ ထားရတယ်လို့ ကြားပါတယ်။ အဲဒါရော ဟုတ်ပါသလား။

ကျော် : ဟုတ်ပါတယ်။ ပိတ်ထားပါတယ်။ ပိတ်ထားတာကလည်း ဘယ်လိုရည်ရွယ်ချက်နဲ့ ပိတ်လည်းတော့ မသိဘူး။ ဒါ ကျွန်တော် Facebook ပေါ်မှာ တင်တဲ့ကိစ္စတွေက နာရေးအခမဲ့ ကူညီပေးခြင်း၊ အခမဲ့ ဆေးကုသ ပေးခြင်း၊ အခမဲ့ ပညာသင်ကြားပေးခြင်း ဒီကိစ္စရပ်တွေပဲ ကျွန်တော် တင်ထားတာပါ။ ကျွန်တော်တို့ လုပ်ငန်း သဘောအရ လုပ်ငန်းမှာ တွေ့ထိတဲ့ အတိုင်းအတာ ကိစ္စတွေကို ကျွန်တော်တင်တာပါ။ နိုင်ငံရေး လှုံ့ဆော်မှု တွေလည်း မဟုတ်ဘူး။ ဒါပေမယ့် ဒီလို အလကား အခမဲ့ လုပ်ပေးနေရတဲ့ ကိစ္စကို အဲလို ပိတ်ဆို့မှု ဟန့်တားမှုတွေ လုပ်တာတော့ တော်တော်ကို ကျက်သရေ တုံးတဲ့ကိစ္စပါ။ ဒါကလည်း ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမှာပါ။

Burma : ဦးကျော်သူ အခု ပြည်သူ့ဂုဏ်ရည်ဆုကို ရသွားပါပြီ။ Citizen of Burma ဆိုတဲ့ အဖွဲ့အစည်း ဖြစ်မြောက်လာအောင် ၀ိုင်းပြီးတော့ ထူထောင်ပေးကြတဲ့၊ လှုံ့ဆော်ပေးကြတဲ့ နိုင်ငံရပ်ခြားကို ရောက်နေကြတဲ့ မြန်မာပြည်သူ ပြည်သားတွေနဲ့ ဦးကျော်သူကို အားပေးနေကြတဲ့ မြန်မာပြည်သူ ပြည်သားတွေရော၊ အလှူရှင်တွေ ရော၊ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းမှာ စေတနာ့ဝန်ထမ်း ကူညီလုပ်အားပေးနေကြတဲ့ အသင်းသူ အသင်းသားတွေရော သက်ဆိုင်သူ အားလုံးကို ဦးကျော်သူအနေနဲ့ ဘယ်လိုစကားမျိုးနဲ့ ကျေးဇူးတုံ့ပြန် ချင်ပါသလဲ။

ကျော် : ဒါက ကျွန်တော် လေးလေးနက်နက် ပြောရမယ့် ကိစ္စပါ။ ကျေးဇူးတင်ရမယ့် လူတွေကတော့ အများကြီးပဲ။ အခုလို ပြည်ပကနေပြီးတော့ ကျွန်တော်တို့ မြန်မာပြည်တွင်းမှာ ဒီလို ပြည်သူလူထုအတွက် လုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ လူတွေကို အခုလို ဆုချီးမြှင့်ခြင်း ပြုလုပ်ပေးနေတာလဲ။ အင်မတန်ကို တန်ဖိုးထားရတဲ့ ကိစ္စပါ။ မြန်မာလူမျိုးအတွက် မြန်မာပီသတဲ့ အလုပ်တစ်ခုလို့ ကျွန်တော် ထင်တယ်။ ဒါ ကိုယ့်လူမျိုးအတွက် အခုလို အဖက်ဖက်ကနေပြီးတော့ ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်ဆောင်ရွက် ပေးနေတဲ့ လူမှုရေးသမားတွေလည်း အများကြီးရှိပါသေးတယ်။ အခြေအနေ အမျိုးမျိုးနဲ့ ပြည်ပရောက် မြန်မာလူမျိုးများက ပြည်တွင်းမှာ ရှိနေတဲ့ မြန်မာလူမျိုးများကို မြန်မာ ပီသစွာဖြင့် မျိုးချစ်စိတ်ဓါတ် ထက်သန်စွာ လေးလေးနက်နက် အသိအမှတ်ပြုခြင်းကို များစွာကျေးဇူးတင် လေးစားဦးညွှတ်လိုက်ပါတယ်။ ကျွန်တော် ဆိုလည်း ကျွန်တော်ရဲ့ သားနဲ့ သမီးကို ဒီ ၂၀၀၇ ခုနှစ်က စပြီးတော့ တွေ့ခွင့်မရတော့ဘူး။ ကျွန်တော်တို့ ပက်စပို့စ်တွေလည်း အပိတ်ခံထားရတယ်။ သားရော သမီးရော ဒီကို ပြန်မလာရဲကြဘူး။ ကျွန်တော်တို့ကလည်း မလာခိုင်းတော့ဘူး။ အဲတော့ မိသားစုကလည်း တစ်ကွဲတစ်ပြား ကိုယ့် အနုပညာလုပ်ငန်းကလည်း လုပ်ခွင့်မရ၊ အဲဒီတော့ နေ့စဉ်နဲ့ အမျှ မိုးလင်းတာနဲ့ ကိုယ့် ပိုက်ဆံနဲ့ ကိုယ် ဓါတ်ဆီထည့် ပြီးတော့ အသင်းကိုလာ။ အသင်းမှာ နာရေးကိစ္စတွေ ကူညီပြီးလုပ်ပေး။ ကိုယ့် ထမင်းကို ကိုယ့်ပိုက်ဆံနဲ့ ပေးဝယ်စား။ အဲလို လုပ်နေရပါတယ်။ အဖက်ဖက်က အခက်အခဲတွေ ကြားကနေပြီးတော့ လုပ်ဆောင်နေကြတဲ့အထဲမှာ အခုလို ပြည်သူ့ဂုဏ်ရည်ဆု ဆိုတဲ့ ဆုကြီးကို ဖန်တီးပေးခဲ့တဲ့ အသင်းအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ၊ ရဟန်းသံဃာတွေ အားလုံး၊ ဆန္ဒမဲပေးကြတဲ့ ပုဂ္ဂိုလ်အသီးသီး၊ ကျွန်တော်တို့ မျိုးရိုးထဲမှာလဲ သုဘရာဇာဆိုတဲ့ မျိုးရိုးလည်း မပါ ပါဘူး။ ဒီကမ္ဘာမြေပြင်ပေါ်ကို ကျွန်တော်ကို ရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ ကျွန်တော်ရဲ့ ဖခင် ဦးစိန်တင်နှင့် ကျွန်တော်ရဲ့ မိခင် ဒေါ်မြသန်း မြင်အပ် မမြင်အပ် ပုဂ္ဂိုလ်အသီးသီး ကျွန်တော်ရဲ့ ဘ၀မှာ အခုလို (၃) နှစ် (၃) မိုး ၀င်ငွေမရှိပဲ လူမှုရေး လုပ်ငန်းကို သစ္စာရှိရှိ သီလလုံခြုံစွာ ထမ်းရွက်ပေးမှုကို တဖက်တလမ်းမှ အားပေးကူညီ ခဲ့တဲ့ ကျွန်တော်ရဲ့ မဟေသီ ရွှေဇီးကွက်နဲ့ ဘာသာရေးနယ်ပယ်မှ တစ်ဆင့် လူမှုရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လမ်းကြောင်းပေးခဲ့သော ကျွန်တော်ရဲ့ သား ပြည်သိမ်းကျော် (U.S.A)၊ သမီး မြင့်မိုရ်ဦး (Austrilia) တို့ကိုလည်း ရင်ထဲမှာ နှစ်နှစ်ကာကာ အထူးကျေးဇူးတင် ဦးညွှတ်မိပါတယ်။ (၃) နှစ် (၃) မိုး ၀င်ငွေ မရှိပဲနဲ့ ဘယ်လို ရပ်တည်နိုင်သလဲလို့ မေးရင် (၂၅) နှစ် အနှစ် (၃၀) ကြိုးစားခဲ့ရတဲ့ အနုပညာလောကမှ ပြည်သူပေးခဲ့တဲ့ သရုပ်ဆောင်ကြေးများကို စနစ်တကျ သိမ်းဆည်း တိုးပွားအောင် လုပ်ပေးခဲ့တဲ့ ကျွန်တော် ဇနီး ရွှေဇီးကွက်ကိုပဲ ထပ်မံပြီး ကျေးဇူးတင်ရမှာပါ။ မောင်တစ်ထမ်း မယ်တစ်ရွက်နဲ့ လုပ်ကိုင်ရင်း ကျွန်တော် မသေမီ အချိန်ထိ ဒါမှမဟုတ် လူသားတွေ ဘယ်တော့မှ မသေနိုင်တော့မယ့် အချိန်ထိ ကျွန်တော်ကတော့ ဒီ နာရေးကူညီမှု လုပ်ငန်းကို ဆက်လက်လုပ်သွားမှာပါ။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့ (၃၁) ဘုံမှာ ဘယ်ဘုံမှာမှ မရနိုင်တဲ့ ကုသိုလ်ကောင်းမှုကြီး ဖြစ်နေလို့ပါပဲ။ ဟု နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှ ၄င်း၏ ရင်တွင်းမှ စကားသံများကို လှိုက်လှိုက်လှဲလှဲ ပြောကြားသွားခဲ့ပါသည်။

-ဘားမားပါပါရာဇီ

အပြည့်အစုံသတင်းဖတ်ရန်....

force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ

နေပြည်တော် ၀န်ထမ်းများ မိသားစုစရိတ် မဖြေရှင်းနိုင်
အောင်ထက်/၂၇ ဧပြီ ၂ဝ၁ဝ

နေပြည်တော် တာဝန်ကျ ဌာနဆိုင်ရာ ၀န်ထမ်းအားလုံးနီးပါးခန့်သည် ရရှိလစာငွေနှင့် မိသားစုစရိတ် လောက်ငမှုမရှိသည့် ၀မ်းရေး ပြဿနာနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

အထူးသဖြင့် ၀န်ထမ်းများအား ပြင်ပစီးပွားရေးလုပ်ကိုင်ခွင့် ကန့်သတ်တားမြစ်ထားခြင်းကြောင့် ၀န်ထမ်းအများစု၏ မိသားစု စားဝတ်နေရေး ပိုမိုခက်ခဲရသည်ဟု နေပြည်တော်မှ ၀န်ထမ်းများက ပြောဆိုသည်။

နေအိမ်၊ ရေ၊ မီး အပြည့်အစုံ နအဖမှ စီစဉ်ဆောင်ရွက်ပေးထားသော်လည်း လုပ်ငန်းခွင်၌ ပျော်မွေ့ခြင်းမရှိဟု နေပြည်တော်တာဝန်ကျ ၀န် ထမ်းတို့က ဆိုကြသည်။

“မတတ်သာလို့သာ နေပြည်တော်မှာ လာနေရတာ။ မိဝေး၊ ဖဝေး ဘယ်သူမှ မနေချင်ကြဘူး။ ၀န်ထမ်း (၁၀၀) မှာ (၉၉) ယောက်က ရန်ကုန် ရုံးတွေမှာပဲ နေချင်ကြတယ်။ ဒီမှာ တယောက်မှ မပျော်ကြဘူး” ဟု ရုံးအမှတ် (၃၀) စက်မှု (၂) ၀န်ထမ်းတဦးက ပြောသည်။

ဌာနလုပ်ထုံးလုပ်နည်းများအရ စီမံကိန်းများ၊ စီးပွားရေးလုပ်ကွက်များကို ရန်ကုန်ရုံးချုပ်သို့တင်ပြရပြီး ညွှန်ချုပ်၊ ၀န်ကြီးအဆင့် ထောက်ခံ ချက်များကို နေပြည်တော်ရုံးအဖွဲ့များမှ ရယူကြရသည်။

ထို့အတွက် ရန်ကုန်ရုံးချုပ်အဖွဲ့သည် အပိုဝင်ငွေ ထိုက်သင့်သလောက်ရရှိကြပြီး နေပြည်တော်ရုံးအဖွဲ့သည် ၀န်ထမ်းလစာငွေ သက်သက် ဖြင့်သာ လတ်တလော ရပ်တည်နေကြရသည်ဟု သိရသည်။

ထို့ကြောင့် လစာနည်း ၀န်ထမ်းအချို့သည် အပ်ချုပ်ဆိုင်၊ မီးဖိုချောင်သုံးပစ္စည်းများ၊ မုန့်ပဲသရေစာများ ရောင်းချခြင်း စသည့် မိသားစု တပိုင်တနိုင် အလုပ်များကို မိမိတို့တိုက်ခန်းများအတွင်း သိုသိပ်လျှို့ဝှက်စွာ ခင်းကျင်းရောင်းချကာ ၀မ်းရေးအတွက် အပိုဝင်ငွေ ရှာကြ ရသည်။

အချို့ဝန်ထမ်းတို့က ဆိုင်ကယ်ဝယ်ယူကာ တနေ့ (၂,၅၀၀) ကျပ်ဖြင့် အငှားပေးထားခြင်း၊ ရုံးချိန်လွတ် ပြင်ပ၌ ဆိုင်ကယ်ကယ်ရီ အငှား လိုက်ခြင်းဖြင့် ၀မ်းရေးဖြေရှင်းနေရသည်ဟု ဘောဂသိဒ္ဓိရပ်ကွက်နေ ၀န်ထမ်းတို့က ပြောသည်။

ဗလသိဒ္ဓိရပ်ကွက်နေ ၀န်ထမ်းတဦးကမူ “မီးဖိုချောင်စရိတ် ခုမိအောင် အိမ်ခန်းထဲမှာ လက်ဖက်ရည်ဆိုင်လေး ဖွင့်ပါတယ်။ ၀န်ထမ်း အချင်းချင်း ထဲကပဲ ဌာနလူကြီးကို တိုင်လို့ ပိတ်ပေးလိုက်ရတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်းက သာသနာရေးဝန်ကြီးမှ အလှစိုက် ပန်းပျိုးပင်များ စိုက်ပျိုးကာ ၎င်း၏ ရုံးတွင်း သာရေးနာရေးရန်ပုံငွေ ရရှိရန် ကြိုးစားခဲ့ဖူးသည်။

သို့သော် နေပြည်တော် နယ်စပ်စည်ပင်မှ တားမြစ်ခဲ့ခြင်းကြောင့် ၀န်ကြီးဌာန အ၀င်လမ်း၊ ပျိုးပင်စိုက်ပျိုးထားရှိရန် အဆောက်အအုံ ဆောက်လုပ်စရိတ် သိန်း (၂၀) ကျော် ဆုံးရှုံးခံရသည်ဟု ယင်းဌာန ၀န်ထမ်းများက ပြောသည်။

“၂၀၀၆ ခုနှစ် ရောက်စကဆို ရေမီးအပြည့်အစုံ၊ အိမ်ခန်းအသင့်ပေါ့။ အခု ရန်ကုန်နှုန်းထားအတိုင်း လျှပ်စစ်မီတာခ ကောက်ခံတာ (၆) လကျော်သွားပြီ။ မကြာခင် ရေဖိုး၊ အိမ်ခန်းလခတွေ ကောက်လာနိုင်တယ်။ နောက်ပြီး နေပြည်တော် သောက်ရေက မသန့်တော့ ရေ သန့်ဘူး ၀ယ်သုံးကြရတယ်။ စားသောက်ကုန်တွေက ရန်ကုန်ထက် ဈေးမြင့်တယ်။ ဈေးသွား၊ ကျောင်းသွား လိုင်းကား၊ ဆိုင်ကယ်ကယ်ရီ စီးရတယ်။ အဲလို အသုံးစရိတ် ထွက်ငွေတွေများနေတော့ လစာနဲ့ ဘယ်လောက်တော့မှာလဲ” ဟု ဧက (၅၀၀) သာသနာရေးဝန်ထမ်းတ ဦးက ပြောသည်။

ရုံးအမှတ် (၃၅) ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ထမ်းတဦးကလည်း “၀န်ထမ်းအများစု ကျပ်တည်းကြတယ်။ ကျမဆို လစာနည်း ၀န်ထမ်း လည်းဖြစ်၊ အပိုဝင်ငွေလည်း မရှိ၊ အိမ်ထောင်သည်လည်း ဖြစ်ပြန်ဆိုတော့ ခုလို ရုံးက ပြန်တာနဲ့ မုန့်တီအသုပ် ရောင်းနေရတယ်။ ဌာန လူကြီးက နားလည်မှုနဲ့ ခွင့်ပြုထားပေမယ့် သူတို့ပိတ်ခိုင်းရင် ပိတ်ပေးရမယ်” ဟု ပြောသည်။

ရုံးအမှတ် (၂၈) သစ်တောဝန်ထမ်း၏ ဇနီးဖြစ်သူက “ကျမက မူကြိုစာပြနေတာ အဆင်ပြေတယ်။ ၀န်ထမ်းတွေက သားသမီးငယ်တွေကို ရုံးခေါ်သွားလို့မသင့်ဘူး။ ဒီတော့ ကျမတို့မူကြိုကို ကလေးတွေ အပ်ခဲ့ရတယ်။ အမျိုးသားရဲ့ ဌာနလူကြီးက ခုထိတော့ မတားမြစ်သေး ဘူး” ဟု ရှင်းပြသည်။

လက်ရှိတွင် နေပြည်တော် တာဝန်ကျ ငယ်ရွယ်သူဝန်ထမ်းများသည် ၀န်ထမ်းရရှိ လစာငွေနှင့် မိသားစုသုံးစွဲငွေ မညီမျှမှုကြောင့် နုတ်ထွက် ရန် ၀န်မလေးကြသော်လည်း လုပ်သက်ရင့် သက်ကြီးဝန်ထမ်းများအနေဖြင့် ဆက်လက် တာဝန်ထမ်းဆောင်ရန် သင့် မသင့် ဆုံးဖြတ်ရ ခက်ခဲနေသည်ဟု သိရသည်။
http://www.khitpyaing.org/news/April2010/27410a.php

အပြည့်အစုံသတင်းဖတ်ရန်....

အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏာပိုင်များ လာဘ်စားမှု များပြားနေ

Tuesday, 27 April 2010 12:00 ကောင်းမြတ်ကျော် .

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဗုံးဖောက်ခွဲမှုများနှင့် ကျေးရွာအာဏာပိုင်များမှလည်း ငွေကြေးကောက်ခံ လာဘ်စားမှုများ များပြားနေကြောင်း ဒေသခံရွာသာတဦးက ပြောသည်။

“(၁၀-၂-၁၀) ရက်နေ့၊ ည (၇း၃၀) လောက်က စေတီကုန်းအုပ်စု၊ ဆုံးပင်ချောင်းရွာက ကိုဖိုးလုံးဆိုသူက ရွာနဲ့ ၁၀ မိုင် ဝေးတဲ့ Asia World Company ကျောက်ထုတ်လုပ်ရေးစခန်းကနေပြီး ဗုံးကို ယူလာတယ်။ ပြီးတော့ ရွာလယ်မှာ ခွဲလိုက်ပါတယ်။ ဗုံးမခွဲခင်ကတော့ ရွာကို အသိပေးထားတယ်လို့ တခြားသူတွေ ပြောတာပဲ။ ဒါပေမယ့် ဘာရည်ရွယ်ချက်နဲ့ ခွဲတာလဲတော့ မသိဘူး” ဟု အဆိုပါ ရွာသားက ပြောသည်။

ကိုဖိုးလုံးသည် အဆိုပါ ကျောက်ထုတ်လုပ်ရေးစခန်းမှ အလုပ်သမားတဦးဖြစ်ပြီး ထိုသို့ ဖောက်ခွဲရာတွင် တရွားတည်းနေ ဒေါ်ခွေးမဆို သူ၏ ခြေထောက်နှစ်ဖက်စလုံးတွင် ဗုံးစများ ထိမှန်သွားခဲ့ကြောင်း သူက ဆက်ပြောသည်။

“စေတီကုန်းအုပ်စု ဥက္ကဌ ဦးခိုင်မောင် ကိုဖိုးလုံးနဲ့ Asia World Company တို့ကို ဒဏ်ငွေ ကျပ် ၂ သိန်း ရိုက်ပြီး ဒီကိစ္စကို ဖျောက်ထား လိုက်တယ်။ ဒါပေမယ့် ဒီငွေတွေကို ဒေါ်ခွေးမကို တပြားမှ မပေးဘူး၊ ဒါကို မကျေနပ်လို့ ဒေါ်ခွေးမနဲ့ ရွားသားတချို့က မယကနဲ့ မြို့နယ် မှူးတွေဆီ တိုင်ထားတာလည်း အခုထိ ဘာအရေးယူမှုမှ မရှိသေးဘူး” ဟု ပြောသည်။

ထို့အပြင် ကျေးရွာအုပ်စုဥက္ကဌ ဦးခိုင်မောင်၊ စာရေးနှင့် တိုင်းဗဟို အမှတ် (၅) စစ်သင်တန်းကျောင်းမှ အရာရှိများ ပူးပေါင်း၍ အခြား ငွေကြေးကောက်ခံ လာဘ်စားမှုများလည်း ရှိနေကြောင်း သိရသည်။

ထို့သို့ ငွေကြေးကောက်ခံ လာဘ်စားမှုများတွင် (၁၇-၃-၁၀) ရက်နေ့မှစ၍ ပြည်သူ့စစ်သင်တန်းကြေးဟုဆိုကာ တအိမ်ထောင်ကို ၁၅၀၀ ကျပ်နှင့် (၈-၄-၁၀) ရက်နေ့မှစတင်၍ အိမ်ထောင်စုစာရွက်တရွက်ကို ၁၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချကောက်ခံခြင်းများလည်း ပါဝင် ကြောင်းနှင့် အင်္ဂပူမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၇၂ အုပ်စု ရှိကြောင်း ဒေသခံရွာသားက ဆက်လက်ပြောဆိုသွားခဲ့သည်။
http://www.yoma3.org/index.php?option=com_content&view=article&id=536:2010-04-27-05-02-50&catid=41:2008-09-21-07-44-45&Itemid=124

အပြည့်အစုံသတင်းဖတ်ရန်....

ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသား အားလုံးပိုင်တဲ့ ငွေတွေ

သဘာဝဓာတ်ငွေ့လုပ်ငန်း ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းရန် ERI တောင်းဆို
ဘစောတင် Tuesday, April 27, 2010 .ရတနာ သဘာဝ ဓာတ်ငွေ့ တူးဖော်ရေးတွင် မြန်မာစစ်အစိုးရနှင့် ပူးပေါင်းလုပ်ကိုင်နေသော နိုင်ငံခြား ကုမ္ပဏီ များ၏ ငွေပေးချေမှု ဘဏ္ဍာရေးဆိုင်ရာများကို လူသိရှင်ကြား ထုတ်ဖော်ကြေညာပေးရန် Earth Right International(ERI)အဖွဲ့က ယနေ့ တောင်းဆိုလိုက်သည်။

ERI က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT)တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ယင်းကဲ့သို့ တောင်းဆိုခြင်းဖြစ်သည်။

ERI ကိုယ်စားလှယ်ဖြစ်သူ ကိုနိုင်ထူးက“မြန်မာနိုင်ငံသားတွေ အနေနဲ့ နိုင်ငံခြားရေနံကုမ္ပဏီတွေက ပြုလုပ်တဲ့ ငွေကြေးပေးချေမှုတွေ အပါအ၀င် နိုင်ငံရဲ့ သယံဇာတတွေကနေရရှိတဲ့ ဘဏ္ဍာရေးဆိုင်ရာ အသေးစိပ် အချက် အလက်တွေကို သိခွင့်ရှိပါတယ်၊ မြန်မာနိုင်ငံမှာ လာရောက် အလုပ်လုပ်နေကြတဲ့ ကုမ္ပဏီတွေအနေနဲ့ စစ် အစိုးရ ကို ပေးချေနေတဲ့ ငွေကြေးနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း လူထုကို အသိပေးလာမယ်လို့ မျှော်လင့် ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံ တနင်္သာရီတိုင်းရှိ ရတနာ သဘာဝ ဓာတ်ငွေ့တူးဖော်ရေးနှင့် ပိုက်လိုင်းသွယ်တန်းမှု လုပ်ငန်း တွင် ပြင်သစ် ကုမ္ပဏီ TOTAL, အမေရိကန်က CHEVRON နှင့် ထိုင်းနိုင်ငံက PTTEP ကုမ္ပဏီကြီးများ ပါဝင် လုပ်ကိုင်နေကြကြောင်း၊ ယင်း ရတနာသဘာဝ ဓာတ်ငွေ့ တူးဖော်ခြင်းလုပ်ငန်းကို ၁၉၉၂ ခုနှစ်က စတင် လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ERI ၏ ယနေ့ထုတ်ပြန်ချက်ထဲတွင်“မြန်မာစစ်အစိုးရသည် TOTAL, CHEVRON, PTTEP များထံမှ သဘာဝ ဓာတ်ငွေ့ရောင်းချငွေ ဒေါ် လာ ဘီလျံပေါင်းများစွာကို ရရှိပြီးဖြစ်သည်။ ယင်းငွေများကြောင့် ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် နိုင်ငံတကာမှ ဖိအားပေးမှုများကို ဥပေက္ခာ ပြုနိုင်ခဲ့သည်။ စီးပွားရေး ဒဏ်ခတ်မှုများ ကို မမှုဘဲနေနိုင်ခဲ့သည်။ အရှေ့ တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံတနိုင်ငံဖြစ်သော မြန်မာနိုင်ငံ၏ သဘာဝ ဓာတ်ငွေ့ မှ ရရှိသည့် ၀င်ငွေများကို မီးမောင်းထိုးပြနိုင်ခြင်းဖြင့် အနာဂတ် မြန်မာနိုင်ငံ တိုးတက်ရေးအတွက် များစွာ အထောက်အကူပြုပေမည်။ အလားတူ တိုင်းပြည်မှ ထွက်ရှိသော သဘာဝ အရင်းအမြစ် သယံဇာတ များကို စနစ်တကျ စီမံခန့် ခွဲရန်လိုအပ်သည်”ဟု စသည်ဖြင့် ဖော်ပြပါရှိသည်။

၂၀၀၉ ခုနှစ် တနှစ်တည်းတွင်ပင် စစ်အစိုးရသည် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းမှ တဆင့် ထိုင်းကိုရောင်းချ ရာမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ ဘီလျံ ရရှိမည်ဟု ERI က ခန့်မှန်း ပြောဆိုသည်။

ယင်းငွေများကို နိုင်ငံဖွံ့ ဖြိုးတိုးတက်မှု၊ လူမှုရေး ကယ်ဆယ်ရေးတို့ အတွက် သုံးစွဲခြင်းမရှိဘဲ စင်္ကာပူနိုင်ငံရှိ စစ်ဗိုလ်ချုပ်ကြီးများ၏ ဘဏ် စာရင်းများသို့သာ ရောက်ရှိသွားသည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။

ရတနာ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းဖောက်လုပ်စဉ်က အဓမ္မ လုပ်အားပေးစေခိုင်းခြင်း၊ ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခြင်းနှင့် အခြားလူမှုရေးဆိုင်ရာ ချိုးဖောက်မှု များစွာရှိခဲ့ကြောင်း သတင်းများတွင် ရေးသား ဖော်ပြသည်။

“နာဂစ် သဘာဝ ကပ်ဘေးဆိုက်တုန်းက စစ်အစိုးရဟာ ဒီကရတဲ့ပိုက်ဆံတွေကို တပြားမှ မသုံးခဲ့ဘူး၊ အလား တူ ချင်းပြည်နယ်မှာ အငတ် ဘေးဆိုက်တော့လည်း ဘာမှ ထုတ်မသုံးဘူး”ဟု ကိုနိုင်ထူးက ထောက်ပြသည်။

ယနေ့ သတင်းစာရှင်းလင်းပွဲတွင် တက်ရောက် ရှင်းလင်းပြောဆိုသည့် ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့တာဝန်ခံ ကိုဝင်းအောင် လည်း“ဒီမှာ လုပ်နေတဲ့ ကုမ္ပဏီတွေက သူတို့ ပေးရတဲ့ ငွေကြေးကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ကြေညာဖို့  မလွဲမသွေလိုပါတယ်၊ ပြည်သူတွေက လည်း ရှင်းရှင်းလင်းလင်း သိဖို့ လိုတယ်၊ ဒါမှသာ မြန်မာ နိုင်ငံသားတွေအနေနဲ့ သဘာဝဓာတ်ငွေ့ ကရတဲ့ ပိုက်ဆံတွေကို ဘယ်မှာသုံး နေသလဲ၊ ဘာလုပ်နေသလဲ ဆိုတာကို စောင့်ကြည့်လေ့လာနိုင်မယ်၊ အဲဒီအချက်အလက်တွေကို အခြေခံပြီး စစ်အစိုးရကို တာဝန်ယူဖို့ တောင်းဆိုလာနိုင်မယ်”ဟုပြောသည်။

ERI အဖွဲ့ မှ တောင်းဆိုသော ယင်း ထုတ်ပြန်ကြေညာချက်ကို အလုပ်သမား သမဂ္ဂများ၊ တတ်သိပညာရှင် များ၊ နော်ဝေး နိုင်ငံ ၀န် ကြီး ချုပ် ဟောင်း၊ အိုင်ယာလန် သမ္မတဟောင်းနှင့် မြန်မာ အဖွဲ့ အစည်းများ စုစုပေါင်း (၁၁၆) ဖွဲ့ က ထောက်ခံလက်မှတ်ထိုး ထားကြသည်။

သဘာဝ ဓာတ်ငွေ့ လုပ်ငန်းများအတွက် ပေးဆောင်ရသော ငွေကြေးများကို ထုတ်ပြန်ကြေညာခြင်းမှာ သက်ဆိုင်ရာ နိုင်ငံများ ကုမ္ပဏီ များအတွက် တာဝန်ကြီးသော အလုပ်တခုမဟုတ်ကြောင်း ERI ကိုယ်စားလှယ် တဦးဖြစ်သူ Mathew Smith ကဆိုသည်။

“သက်ဆိုင်ရာ ကုမ္ပဏီတွေ အစိုးရတွေအနေဖြင့် ရေနံ သဘာဝဓာတ်ငွေ့ လုပ်ငန်းအတွက် ပေးချေရတဲ့ ငွေ စာရင်းကို ပွင့်ပွင့်လင်းလင်း တင်ပြတာဟာ ဘာမှ အပန်းကြီးတဲ့အလုပ်မဟုတ်ပါဘူး၊ လုပ်ငန်းစဉ်ကြီးရဲ့ အင်မတန် မှ သေးငယ်တဲ့ အစိတ်အပိုင်း ကလေး သာဖြစ် တယ်၊ ဒီကိစ္စအတွက် အကျောက်အကန် ငြင်းဆန် ပြောဆိုနေ စရာ လိုမယ်မထင်ပါဘူး”ဟု ၎င်း က ပြောသည်။

ယခုတောင်းဆို တိုက်တွန်းချက်များကို သက်ဆိုင်ရာ အစိုးရများ၊ ကုမ္ပဏီများက ပူးပေါင်းဆောင်ရွက် လိမ္မည် ဟု ERI က ယုံကြည် ကြောင်း၊ အကယ်၍ ပွင့်လင်းမြင်သာသော ထုတ်ဖော်ကြေညာချက်များကို မပြုလုပ်ပါ က အောင်မြင်မှုရသည်အထိ ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်းလည်း ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ http://www.irrawaddy.org/bur/index.php/news/1-news/3058----eri-

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */